← Chapters

သိုင်းတက္ကသိုလ်ရဲ့ ပြောင်းလဲမှု

Vol. 34 Ch. 452

သိုင်းတက္ကသိုလ်ရဲ့ ပြောင်းလဲမှု

Vol. 34 Ch. 452

နတ်ဆိုးဆယ်ပါး နယ်မြေကို သမိုင်းထဲမှာ ချန်ထားနိုင်ခဲ့ပြီးတဲ့ နောက်မှာတော့ အရှေ့ယူနီကွန်း တိုက်ဟာ တည်ငြိမ်အေးချမ်း သွားခဲ့ပါပြီ။

ဒါပေမဲ့လည်း ဒီမျိုးဆက်မှာ ဖြစ်ခဲ့တဲ့ အကြောင်းအရာတွေ မှန်သမျှကို လူတွေဟာ စားမြုံ့ ပြန်နေကြဆဲပါပဲ။ ရာဇဝင် ဆရာ တစ်ယောက်ကတော့ ဒီဘက်ခေတ်မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက် မှန်သမျှကို ကျမ်းစာအုပ် တစ်တွဲအဖြစ် မှတ်တမ်း ပြုစုခဲ့ပါတယ်။ နောက်ထပ် နှစ်ပေါင်းရာချီ ကြာသွားတဲ့ အခါကျရင်တော့ အဲဒီကျမ်း စာအုပ်တွဲကြီးဟာ  ခေတ်ကို ဖော်ပြတဲ့ ဂန္တဝင်မှတ်တမ်း စာအုပ်တွဲကြီး ဖြစ်သွားမှာ အသေအချာပါပဲ။

ကျမ်းစာအုပ် တွဲထဲမှာ ဆိုရင်တော့ အရေးအကြီးဆုံး ဇာတ်ကောင် နှစ်ဦးဖြစ်တဲ့ ရှင်းတိကောဝမ်နဲ့ လီဖူချန်းတို့ရဲ့ အကြောင်းတွေ ပါဝင်ပါလိမ့်မယ်။

ရှင်းတိကောဝမ်က အရှေ့ယူနီကွန်း တစ်တိုက်လုံးကို လွှမ်းမိုး နိုင်ခဲ့ပြီး နတ်ဆိုးဆယ်ပါး နယ်မြေနဲ့ ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ် အဖွဲ့ကို အကြောက်တရားတွေ နေစေခဲ့တယ်။ ဒါပေမဲ့လည်း ရှင်းတိကောဝမ်ရဲ့ ပေါ်ပေါက်လာမှုကပဲ  အရှေ့ယူနီကွန်း တိုက်ကို မျှခြေတစ်ခုမှာ ရောက်ရှိ သွားစေခဲ့ပြီး   မဟာစစ်ပွဲကြီး ဆင်နွှဲရမယ့် အရေးကို ရှောင်လွဲ နိုင်စေခဲ့တယ်။

ရှင်းတိကောဝမ်က အမှောင်လမ်းစဉ်က မကောင်းဆိုးဝါးလို လူတစ်ဝက်ပါပဲ။ ဒါပေမဲ့လည်း သူက အရှေ့ယူနီကွန်း တိုက်ရဲ့ ဆိုးဝါးလှတဲ့ အခြေအနေတွေကို  ခေတ္တ ခဏတော့ ထိန်းသိမ်းပေးထား နိုင်ခဲ့ပါတယ်။ သူ့ကြောင့်လည်း နတ်ဆိုး ဆယ်ပါးနယ်မြေက အရှေ့ ယူနီကွန်း တိုက်ကို လုပ်ချင်တိုင်း လုပ်လို့ မရခဲ့တာပါ။

ရှင်းတိကောဝမ်သာ ထွက်ပေါ် မလာလို့ကတော့ နတ်ဆိုးဆယ်ပါး နယ်မြေဟာ ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ်အဖွဲ့ကို အနိုင်ယူပြီး လူသားမျိုးနွယ်ကို ပျက်သုဉ်းသွားစေ ပါလိမ့်မယ်။

လီဖူချန်း …

တကယ်လို့ ရှင်းတိကောဝမ်ကို အမှောင်ထုလို့ တင်စားခေါ်ဝေါ် ကြမယ်ဆိုရင် လီဖူချန်းက အလင်းရောင်ကို ကိုယ်စားပြု သူပါပဲ။ ရှင်းတိကောဝမ် စတင်ခဲ့တဲ့ အမှောင်ခေတ်ဦး တစ်ခုကို  အဆုံးသတ်ပြီး အလင်းရောင်ကို ဆောင်ကြဉ်း ပေးခဲ့သူက လီဖူချန်း ဖြစ်ပါတယ်။

ဟိုးရှေးခတ် အချိန်တွေကစပြီး ယခုခေတ် မတိုင်မီအထိ  ပေါ်ပေါက်ခဲ့တဲ့ ဒဏ္ဍာရီလာ သူရဲကောင်းတွေဟာ လီဖူချန်းနဲ့ ယှဉ်လို့ မရနိုင်ပါဘူး။

ဒါက လီဖူချန်းရဲ့ အစွမ်း ထက်မြက်မှုနဲ့ ပတ်သက်ပြီး နှိုင်းယှဉ် ထားတာမျိုး မဟုတ်ပါဘူး။ လီဖူချန်းက ဘယ်လောက်ပဲ အစွမ်းထက်တယ် ပြောပြောပါလေ။ သူက အခုမှ ပြန်လည်ဝင်စားခြင်း နယ်ပယ်မှာသာ ရှိနေပါသေးတယ်။ အစွမ်းထက်မှု အပိုင်းမှာတော့ သူဟာ တိုက်ပွဲ ဝိညာဉ်နယ်ပယ် ဆရာသခင်တွေနဲ့ မူလပင်လယ် နယ်ပယ် ဘုရင်တွေကို ယှဉ်နိုင်စရာ အကြောင်း မရှိပါဘူး။ အခု နှိုင်းယှဉ်ချက်က လီဖူချန်းရဲ့ ကျင့်ကြံခြင်း အရာမှာ တိုးတက်မှုနှုန်းနဲ့ တွေ့ကြုံခဲ့ရတဲ့ အကြောင်းအရာ တွေကို မူတည်ပြီး  နှိုင်းယှဉ်ထားတာ ဖြစ်ပါတယ်။

အစပိုင်းမှာတော့ လီဖူချန်းဟာ သာမန် အရိုးတည်ဆောင်ပုံ ပိုင်ရှင် တစ်ယောက်သာ ဖြစ်ခဲ့တာပါ။ အဲဒီအတွက် သူ့ကို ဘယ်သူမှ မျှော်လင့် မထားခဲ့ပါဘူး။

ဒါပေမဲ့လည်း မိုးပြာရောင်ဂိုဏ်းကို ဝင်အပြီးမှာတော့ သူဟာ သူ့ရဲ့ ဒဏ္ဍာရီဆန်တဲ့ ဘဝလမ်းကြောင်းကို စတင်တော့တာပါပဲ။

အသက်၁၆နှစ်မှာ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်။ အသက်၁၉နှစ်မှာ မြေကမ္ဘာနယ်ပယ်။ အသက်၂၁နှစ်မှာ ကောင်းကင်နယ်ပယ်။ အသက်၂၇နှစ်မှာ ပြန်လည်ဝင်စားခြင်းနယ်ပယ် အဆင့်၃။

အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ လီဖူချန်းဟာ တာထွက် မကောင်းခဲ့ပါဘူး။ အသက်၁၆နှစ်မှ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်ကို  ဝင်နိုင်ခဲ့တဲ့သူဟာ အခြားသော လူငယ် ပါရမီရှင်တွေ ထက်တောင်မှ  တာထွက် နောက်ကျတယ်လို့ ဆိုနိုင်ပါတယ်။ ပြီးတော့ မြေကမ္ဘာနယ်ပယ်ကို ဝင်ရောက်နိုင်ခဲ့တဲ့ လီဖူချန်းရဲ့ အသက် အပိုင်းအခြားကလည်း ဘာမှ ထွေထွေထူးထူး ချွန်ထွက်နေတာမျိုး မရှိပါဘူး။

အရှေ့ယူနီကွန်း တိုက်မှာဆိုရင် တကယ့်ကို ပါရမီ ပါလှပါပြီဆိုတဲ့ ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေ ရှိပါတယ်။ သူတို့တွေဟာ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်ကို အသက်၁၃နှစ် ကတည်းက ချိုးဖောက် ဝင်ရောက်နိုင်သလို မြေကမ္ဘာ နယ်ပယ်ကိုလည်း အသက်၁၆နှစ်မှာ ချိုးဖောက် ဝင်ရောက်နိုင် သူတွေပါ။

ဒါပေမဲ့လည်း အသက်၂၁နှစ်မှာ ကောင်းကင်နယ်ပယ်ကို ချိုးဖောက်ဝင်ရောက် နိုင်တာကတော့ တကယ့် လက်ရွေးစင် ထွတ်ခေါင် ပါရမီရှင်တွေရဲ့ အဆင့်အတန်းလို့တောင် သတ်မှတ် နေနိုင်ပါပြီ။

အဲဒါက လက်ရွေးစင် ထွတ်ခေါင် ပါရမီရှင်တွေ ကြားမှာတောင်မှ ချွန်ထွက် နေတယ်လို့ သတ်မှတ်နိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။

ပြီးတော့ အသက်၂၇မှာ ရောက်ခဲ့တဲ့  ပြန်လည်ဝင်စားခြင်းနယ်ပယ်  အဆင့်၃။ ဒါကတော့ အရှေ့ယူနီကွန်းတိုက်ရဲ့ သမိုင်းတစ်လျှောက်မှာ တစ်ခါမှ မဖြစ်ဘူးခဲ့တဲ့ အရာပါ။

ဒီအချက်တွေ ကြည့်တာနဲ့ သိနိုင်တာကတော့ လီဖူချန်းရဲ့ ကျင့်ကြံမှုနှုန်းဟာ မြန်သထက် ပိုမြန်လာတယ် ဆိုတာပါပဲ။

အခြားသော သူတွေ ဆိုရင်တော့  ကျင့်ကြံခြင်း နယ်ပယ်နဲ့ အဆင့်တွေ နောက်ပိုင်းရောက်လာလေလေ  အဆင့်တက်တာ နှေးလေလေ  ဖြစ်ပါတယ်။  ဒါပေမဲ့လည်း လီဖူချန်း ကတော့ တခြားသူတွေနဲ့ မတူပါဘူး။ သူက သူ့ရဲ့ နှစ်အနည်းငယ် ကြာတိုင်း ကျင့်ကြံခြင်း နယ်ပယ် တစ်ခုကို ချိုးဖောက် ဝင်ရောက်နိုင်တဲ့ သူ့ရဲ့ စံနှုန်းကို ထိန်းသိမ်း ထားနိုင်ဆဲ ဖြစ်ပါတယ်။ စိတ်တန်ခိုး ဖွဲ့စည်းခြင်းနယ်ပယ်၊ မြေကမ္ဘာနယ်ပယ် ဒါမှမဟုတ် ကောင်းကင်နယ်ပယ်ပဲ ဖြစ်နေပါစေလေ။ လီဖူချန်း အတွက်တော့ အားလုံးဟာ အတူတူပါပဲ။

တကယ်လို့ လီဖူချန်းက ကျင့်ကြံခြင်းမှာပဲ ပါရမီ ပါခဲ့တယ်ဆိုရင် ခံသာပါသေးတယ်။ ခက်တာက သူဟာ ဘဝရဲ့ အောင်မြင်မှု တွေမှာလည်း ဒဏ္ဍာရီဆန်ဆန် မှတ်တိုင်တွေ စိုက်ထူခဲ့သေးတာပါပဲ။

မိုးပြာရောင်ဂိုဏ်းရဲ့ နံပါတ်တစ် အပြင်စည်းတပည့်၊ နံပါတ်တစ် အတွင်းစည်း တပည့်၊ ကောင်းကင်နတ်ဆိုးဂိုဏ်း အပါအဝင် ဂိုဏ်းလေးဂိုဏ်းကို ဆေးပင်တစ်ရာ လျှို့ဝှက်နယ်မြေထဲမှာ ဖိနှိပ် အနိုင်ယူခဲ့တဲ့ နံပါတ်တစ် တိုက်ရိုက်တပည့်၊ ကျားနဂါး ပြိုင်ပွဲရဲ့ သမိုင်းတစ်လျှောက် အတော်ဆုံး ကြယ်ဘုရင်။ အဲအရာတွေက  လွယ်လွယ်နဲ့ စိုက်ထူနိုင်တဲ့ မှတ်တိုင်တွေ မဟုတ်ပါဘူး။

ပြီးတော့ လီဖူချန်းဟာ သူ့ရဲ့ ဘဝ တစ်လျှောက်လုံးမှာ ဘယ်လူငယ် မျိုးဆက်ကိုမှ  မရှုံးနိမ့်ခဲ့တဲ့ လူဖြစ်ပါတယ်။ ဘယ်လူငယ် ပါရမီရှင်မှ လီဖူချန်းရဲ့ တောက်ပမှုကို မကာဆီး နိုင်ခဲ့ကြပါဘူး။ သူထွက်ပေါ်လာပြီ ဆိုတာနဲ့ တစ်ပြိုင်နက် သူက အတောက်ပဆုံး ကြယ်တစ်ပွင့် ဖြစ်သွားတာ ချည်းပါပဲ။

သူ့ရဲ့ နှုန်းအတိုင်း  တိုးတက်နေဦးမယ် ဆိုရင်တောင်မှ လီဖူချန်းဟာ ဝါစဉ်ကြီး မျိုးဆက်ကို မီဖို့အတွက် အနည်းဆုံးတော့ နှစ်ပေါင်းဆယ်ချီ လေ့ကျင့်ရဦးမှာပါ။ ဒါပေမဲ့ သူက  မဖြစ်နိုင်တဲ့ အရာတစ်ခုကို ထပ်လုပ်ပြ နိုင်ခဲ့ပါတယ်။

အဲဒါကတော့ ၂နှစ်နီးပါး ပျောက်သွားပြီး ပြန်လာတဲ့ အချိန်မှာ ကြောက်စရာ ကောင်းလှတဲ့ စွမ်းအားတွေနဲ့ ပြန်လာခဲ့တာပါပဲ။ သူက ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ်အဖွဲ့ကို ဖိနှိပ်ပြီး ခေါင်းဆောင်နေရာ ရယူခဲ့သလို  နတ်ဆိုးဆယ်ပါး နယ်မြေက ခေါင်းဆောင်တွေ အကုန်လုံး နီးပါးကိုလည်း သတ်ပစ်ခဲ့ ပါသေးတယ်။ ပြီးတော့ ရှင်းတိကောဝမ် ဦးဆောင်တဲ့ မိစ္ဆာတာအို အင်အားစုကိုလည်း အမြီးကုပ်ပြီး ထွက်ပြေး စေခဲ့ပါတယ်။ အခုဆိုရင် သူဟာ အရှေ့ ယူနီကွန်းတိုက် တစ်ခုလုံးကို လွှမ်းမိုး ချုပ်ကိုင်နိုင်သူလည်း ဖြစ်နေခဲ့ပါပြီ။

ဒါကြောင့်လည်း ရာဇဝင် ဆရာတွေက အရှေ့ယူနီကွန်းတိုက် တစ်ခုလုံးရဲ့  သမိုင်းတစ်လျှောက်မှာ လီဖူချန်းကို ယှဉ်နိုင်တဲ့ ဒဏ္ဍာရီလာပုဂ္ဂိုလ် မရှိဘူးလို့  တညီတညွှတ်တည်း အခိုင်အမာ ဆိုကြတာပါ။

လီဖူချန်းလို ဒဏ္ဍရီလာ ပုဂ္ဂိုလ်ဟာ အရင်က မရှိဖူးသလို နောင်လည်း ရှိလာမှာ မဟုတ်ပါဘူး။

***

လီဖူချန်းရဲ့ ကြီးမြတ်တဲ့ ဂုဏ်သတင်းတွေဟာ ကျန်ရှိနေတဲ့ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တွေ အကုန်လုံးကို မှေးမှိန်ပျောက်ကွယ် စေပါတယ်။ အရှေ့ယူနီကွန်း တိုက်ရဲ့ စားသောက်ဆိုင်တွေ၊ ဧည့်ဂေဟာတွေနဲ့ တည်းခိုခန်းတွေမှာ ကျင်လည် ကျက်စားကြတဲ့ ပုံပြင်ပြောသူတွေရဲ့ အမွှန်းတင် ပြောဆိုမှုတွေ အောက်မှာတော့ လီဖူချန်းရဲ့ ဂုဏ်သတင်းတွေဟာ နတ်ဘုရား တစ်ပါးအလားပါပဲ။ သူတို့တွေက လီဖူချန်း တစ်ယောက် ယုံဝူးမြို့ကနေ ဘယ်လိုစတင်ပြီး အရှေ့ယူနီကွန်း တိုက်ရဲ့ ကြီးမြတ်သူ တစ်ယောက် ဘယ်လို ဖြစ်လာခဲ့သလဲ ဆိုတာကို ပုံပြင်တစ်ခုအဖြစ် ဇာတ်လမ်းဆင်ပြီး ပြောဆိုကြပါတယ်။

သူတို့ဟာ လီဖူချန်းရဲ့ ဘဝဖြစ်စဉ်ကို တိတိကျကျ မသိကြတဲ့အတွက် ကိုယ်ပိုင် ဇာတ်လမ်းတွေ အဖြစ် ဖန်တီးပြီး ပြောဆိုကြတာကိုတော့ အပြစ်ပြောလို့ မရပါဘူး။ အဲဒီ အတွက် ပုံပြင်ပြော သူတိုင်းရဲ့ ပါးစပ်ဖျားက လီဖူချန်းရဲ့ ဘဝဖြစ်စဉ်တွေဟာ တစ်ခုနဲ့တစ်ခု မတူညီဘဲ ကွဲပြား ခြားနားနေလေ့ ရှိပါတယ်။ သိုင်းတာအို လမ်းစဉ်ကို  လျှောက်လှမ်းတဲ့ သူတွေကလည်း အဲအရာကို အပြစ်မမြင်ကြပါဘူး။ သူတို့က ပုံပြင်ပြောသူတွေရဲ့ ဇာတ်လမ်းတိုင်းကို နှစ်ခြိုက်စွာ  နားထောင်ကြလေ့ ရှိပါတယ်။

လီဖူချန်းတစ်ယောက် ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့ပြီးတဲ့ နောက်မှာတော့ သူမွေးဖွားရာဖြစ်တဲ့ ယုံဝူးမြို့ဟာလည်း ဒဏ္ဍာရီဆန်တဲ့ မြို့တစ်မြို့ ဖြစ်လာခဲ့ပါတယ်။ ဒါကလည်း အံ့သြစရာတော့ မရှိပါဘူး။

မရေမတွက်နိုင်တဲ့ သိုင်းတာအို လမ်းစဉ်ကို လျှောက်လမ်း သူတွေဟာ  နေ့စဉ် ယုံဝူးမြို့ကို လာရောက်ကြပြီး စူးစမ်း ရှာဖွေမှုတွေကို ပြုလုပ်ကြပါတယ်။ လီဖူချန်းရဲ့ သိုင်းတာအိုလမ်းစဉ် အငွေ့အသက်လေးများ ရလိုရငြား ဆိုပြီးတော့ပေါ့။

အရှေ့ယူနီကွန်းတိုက် တစ်ခုလုံးက လီဖူချန်းကို လေးစားအားကျပြီး ကိုးကွယ် နေကြချိန်မှာ သူကတော့ ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီးကို  ပြန်ရောက်နေခဲ့ပါပြီ။

သူက ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီးကို အတည်တကျ ပြန်ဖို့ မလုပ်ခင်မှာပဲ တိုက်ကြီး နှစ်ခုကို ခေါက်တုံ့ခေါက်ပြန် လုပ်ပြီး များပြားလှတဲ့ မြေကမ္ဘာအဆင့် လက်နက်တွေကို ယူပေး ခဲ့ပါသေးတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ သူဟာ အရှေ့ယူနီကွန်းတိုက်ကို အချိန်အတိုင်းအတာ တစ်ခုအထိ ပြန်တော့မှာ မဟုတ်လို့ပါပဲ။

***

တောပိုင်းတောအုပ်  အတွင်းစည်း သိုင်းတက္ကသိုလ် …

"လီဖူချန်း … နင်ဘယ်တွေ ရောက်နေတာလဲ။ ဘာဖြစ်လို့ ဒီလောက် အကြာကြီး ပျောက်သွားတာလဲ"

အန်ရှင်းမိန်က သိချင်စိတ် ပြင်းပြစွာနဲ့ လီဖူချန်းကို မေးလိုက်ပါတယ်။ သူ့ကို ကြည့်ရတာက လီဖူချန်း ဘယ်ပျောက်သွားတာလဲ ဆိုတာကို အတော်လေး သိချင်နေပုံပါပဲ။ လီဖူချန်းက ပြုံးလိုက်ပြီး ပြန်ဖြေလိုက်ပါတယ်။

"ငါက ကိစ္စနည်းနည်းရှိလို့ ပျောက်သွားတာ"

"အဲဒါဆိုရင်တော့ နင်နောင်တ ရနေတော့မှာပဲ။ နင်ကိစ္စ အကြောင်းအရာတွေ အများကြီးကို လွတ်သွားပြီ"

အန်ရှင်းမိန်က ရယ်ပြီး ပြန်ပြောလိုက်ပါတယ်။

လီဖူချန်းက တစ်လ၊ နှစ်လလောက်တင် ပျောက်သွားတာ မဟုတ်ပါဘူး။ သူက နှစ်ဝက်လောက်ကို ပျောက်သွားတာပါ။ ပြီးတော့ အဲဒီ အချိန်တုန်းကဆိုရင် လီဖူချန်းကို ဘယ်နေရာမှာမှ ရှာလို့ မတွေ့ခဲ့ပါဘူး။

လီဖူချန်းက နှုတ်ခမ်းကို တွန့်ရုံ ပြုံးလိုက်ပြီး မေးလိုက်ပါတယ်။

"လုပ်စမ်းပါဦး … အန်ရှင်းမိန်။  ငါမရှိတဲ့ အတောအတွင်း တောင်ပိုင်း တက္ကသိုလ်မှာ ဘာတွေဖြစ်ပျက် ကုန်လို့လဲ"

သူက သိုင်းတက္ကသိုလ်ကနေ အချိန်အကြာကြီး ထွက်သွားခဲ့တာပါ။ သူက ဒီကြားထဲမှာ ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီးကို ပြန်လာခဲ့သေးတယ် ဆိုပေမဲ့လည်း မြို့အများအပြားကို လျှောက်သွားပြီး    မြေကမ္ဘာအဆင့်နိမ့် လက်နက်ပစ္စည်းတွေ ဝယ်ယူနေရတာနဲ့တင် အချိန်ကုန် နေခဲ့ရတာပါ။ အဲဒီအတွက် သူ့အနေနဲ့ တောင်ပိုင်း တောအုပ် သိုင်းတက္ကသိုလ်မှာ ဘာတွေ ဖြစ်နေသလဲ ဆိုတာကို စုံစမ်းဖို့အတွက် အချိန် မရခဲ့ပါဘူး။

"နှစ်ဝက်ဆိုတာက ကြာရှည်တဲ့ အချိန်တစ်ခုပဲ။ အဲဒီတော့ ကိစ္စတွေ အများကြီး ဖြစ်ပျက်ခဲ့တာပေါ့။ ဥပမာ ပြောရရင် နင့်လို ကျောင်းအုပ်ကြီးရဲ့ သီးသန့် တပည့်ဖြစ်တဲ့ ဝမ်ဟိုင်လုံက စွမ်းအင် သတ်မှတ်ချက် ဇယားရဲ့ နံပါတ်သုံးကို ရောက်သွားပြီ။ သူက သူ့ရဲ့ အမှောင်ထု နတ်ဘုရား စွမ်းရည်ကို နိုးထလိုက်နိုင်ပြီလေ။ အမှောင်ထု နတ်ဘုရား စွမ်းရည်က တကယ် အစွမ်းထက်တယ် သိလား။ အမှောင်ထု နတ်ဘုရားစွမ်းရည် အစကနဦး အဆင့်မှာပဲ ရှိနေသေးတဲ့ ဝမ်ဟိုင်လုံကို ဝါစဉ်ကြီးအစ်ကို ကျိုးဟန်တောင်မှ မနိုင်တော့ဘူး"

“အိုး … ဝမ်ဟိုင်လုံက အစွမ်း အဲလောက်တောင် ထက်သွားပြီလား"

အန်ရှင်းမိန်းရဲ့ စကားကို ကြားလိုက်ရပေမဲ့လည်း လီဖူချန်းရဲ့ မျက်နှာဟာ ဘာမှသိပ်ပြီး ထူးထူးခြားခြား မပြောင်းလဲသွား ခဲ့ပါဘူး။ သူ့ကိုကြည့်ရတာက အေးအေးဆေးဆေးပါပဲ။

လီဖူချန်းက ကျိုးဟန်ရဲ့ အစွမ်းကို ကောင်းကောင်းကြီး သိပါတယ်။ ကျိုးဟန်က သာမန် ပြန်လည် ဝင်စားခြင်းနယ်ပယ်  အဆင့်၁၁ ဒါမှမဟုတ် အဆင့်၁၂ ပညာရှင်လောက်ပဲ အစွမ်းထက်တာပါ။ ဒီနှစ်ဝက် အတွင်းမှု တိုးတက်လာတယ် ဆိုရင်တောင်မှ အလွန်ဆုံး အဆင့်၁၃ပါပဲ။ အဲထက် ပိုပြီး အစွမ်းထက်စရာ အကြောင်းတော့ မရှိပါဘူး။ အဲဒီ အတွက် ဝမ်ဟိုင်လုံရဲ့ အစွမ်းက သာမန် အဆင့်၁၂ ပြန်လည်ဝင်စားခြင်း နယ်ပယ် ဒါမှမဟုတ် အဆင့်၁၃ ပြန်လည်ဝင်စားခြင်း နယ်ပယ်မှာ ရှိရပါမယ်။ ဒါကြောင့်လည်း သူက အမှောင်ထု နတ်ဘုရားစွမ်းရည်ကို သုံးလိုက်တဲ့အခါမှာ ကျိုးဟန်ကို အနိုင်ယူသွား နိုင်တာပါ။

လီဖူချန်းကတော့ ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီးမှာ သူ့ရဲ့ ကြယ်၆ပွင့်အဆင့် လျှို့ဝှက်နည်း စနစ်ဖြစ်တဲ့ ကြေးဝါဓား အဆီအနှစ်ကို ထုတ်ပြလို့ မရပါဘူး။ အဲဒီအတွက် သူ့ရဲ့ အစွမ်းဟာ အရှေ့ယူနီကွန်း တိုက်ကထက် ၃ဆင့်လောက် နိမ့်ကျသွားမှာပါ။

အစွမ်းထက်မြက်မှု အပိုင်းမှာ အဆင့်၃ဆင့် နိမ့်ကျသွားတယ် ဆိုတာက တခြားလူတွေ အတွက်တော့ စိတ်ဓာတ်ကျစရာပါပဲ။ ဒါပေမဲ့လည်း လီဖူချန်းကတော့ စိတ်ဓာတ်ကျနေမှာ မဟုတ်ပါဘူး။ သူက   ကြေးဝါဓား အဆီအနှစ်ကို ထုတ်မသုံးရင်တောင်မှ စွမ်းအင် သတ်မှတ်ချက် ဇယားက လူတွေကို အနိုင်ယူနိုင်မယ်လို့  ယုံကြည်ချက် အပြည့်ရှိပါတယ်။

လီဖူချန်းရဲ့ အမူအယာ ဘာမှ ထူးထူးခြားခြား ပြောင်းမသွားတာကို  မြင်တွေ့ လိုက်ရပြီးတဲ့ နောက်မှာတော့ အန်ရှင်းမိန်ရဲ့ စူးစမ်းချင် စိတ်တွေဟာ အရင်ကထက် ပိုပြီး ပြင်းပြ လာခဲ့ပါပြီ။ မတွေ့ရတဲ့ အချိန်အတွင်းမှာ လီဖူချန်းရဲ့ ချီအရှိန်အဝါတွေ ပိုအားကောင်းလာတယ် ဆိုတာကိုတော့ သူ့အနေနဲ့ သတိ မပြုမိစရာ အကြောင်းမရှိပါဘူး။ လီဖူချန်းက အရင်ကထက် ပိုပြီး အစွမ်းထက်လာတယ် ဆိုတာကို သူ့ရဲ့ ချီအရှိန်အဝါ တွေက ဖော်ပြနေပါတယ်။ အဲဒီအတွက်  အန်ရှင်းမိန် သိချင်တာက လီဖူချန်း တစ်ယောက် ဘယ်လောက်အထိ အစွမ်းထက်လာသလဲ ဆိုတာနဲ့ စွမ်းအင် သတ်မှတ်ချက် ဇယားက ထိပ်ဆုံးသုံးယောက်ကို ယှဉ်နိုင်မလား ဆိုတာပါပဲ။

ဒါပေမဲ့လည်း သူက သိချင်စိတ်တွေကို မျိုသိပ် ထားလိုက်ပြီး စကားကို ဆက်ပါတယ်။

"ပြီးတော့ စွမ်းအင် သတ်မှတ်ချက် ဇယားရဲ့ နံပါတ်တစ်ဖြစ်တဲ့ ဝါစဉ်ကြီး အစ်ကို စီးတုသောင်းကလည်း သူ့ရဲ့ ရေစေး နတ်ဘုရားစွမ်းရည်ကို နိုးထ သွားနိုင်ခဲ့ပြီ။ သူ့ရဲ့ သိုင်းကွက် တစ်ကွက်က အတွင်းစည်း နည်းပြဆရာ တစ်ယောက်ကိုတောင်မှ အကြီးအကျယ် ဒဏ်ရာ ရသွားစေနိုင်တယ်လို့လည်း ပြောနေကြတယ်"

စီးတုသောင်း အကြောင်းကို ပြောတဲ့အခါမှာတော့ အန်ရှင်းမိန်ဟာ သူ့ရဲ့ လေးစား အားကျမှုတွေကို မျက်နှာပေါ်မှာ ပေါ်မလာအောင် ထိန်းမထား နိုင်ခဲ့ပါဘူး။

စီးတုသောင်း …

စီးတုသောင်း ဆိုတာက တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်ရဲ့ နံပါတ်တစ် အတွင်းစည်း တက္ကသိုလ်ကျောင်းသား ဖြစ်ပါတယ်။ သူက အဆင့်၆ ပြန်လည်ဝင်စားခြင်း နယ်ပယ် ပညာရှင် ဖြစ်သလို အစွမ်းထက်လှတဲ့ ရေစေး နတ်ဘုရား စွမ်းရည်ကိုလည်း နိုးထနိုင်ခဲ့ ပြီးပါပြီ။ အဲဒီအတွက် ဘယ်အပိုင်းကို ကြည့်ကြည့် သူက ထိပ်တန်းမှာ  ရှိနေမှာပါပဲ။

တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်ရဲ့ အတွင်းစည်း နည်းပြဆရာတွေဟာ ဆိုရင် ပြန်လည်ဝင်စားခြင်း နယ်ပယ် အဆင့်မြင့်ပိုင်းက ပညာရှင်တွေပါ။ သူတို့ဟာ အပြင်လောကမှာ ကျင်လည် ကျက်စားနေကြတဲ့ အဆင့်မြင့် ပြန်လည်ဝင်စားခြင်း ပညာရှင်တွေထက် အဆပေါင်း များစွာလည်း အစွမ်းထက်ပါတယ်။ စီးတုလေ့နဲ့ လက်ရည်စမ်းတဲ့ နည်းပြဆရာဆိုရင် မြေကမ္ဘာ အလယ်အလတ်အဆင့် ချီအတွင်းအား ကျင့်စဉ်နဲ့ မြေကမ္ဘာ အလယ်အလတ်အဆင့် သိုင်းပညာကိုတောင်မှ လေ့ကျင့် ထားပါသေးတယ်။ ဒါပေမဲ့လည်း သူက စီးတုလေ့ရဲ့ သိုင်းတစ်ကွက်ကိုတောင်မှ မခုခံနိုင် ခဲ့ပါဘူး။

"စီးတုသောင်း ဟုတ်လား။ နင်ပြောသလိုဆိုရင် သူက တော်တော်  အစွမ်းထက်မယ့်ပုံပဲ"

လီဖူချန်းက  မှတ်ချက် ပေးလိုက်ပါတယ်။

လီဖူချန်းက   စီးတုသောင်းရဲ့ အကြောင်းတွေကို ကြားခဲ့ဖူးပါတယ်။ စီးတုသောင်း ကလည်း  မြေကမ္ဘာ အလယ်အလတ် အဆင့် ချီအတွင်းအား ကျင့်စဉ်ကို လေ့ကျင့်ထားတဲ့ သူပါပဲ။ ပြီးတော့ သူ့ရဲ့ ကျင့်ကြံမှု အဆင့်ကလည်း လီဖူချန်းထက် ၃ဆင့်တိတိ မြင့်နေတာပါ ။ အဲဒီအတွက် စီးတုသောင်းက သူ့ရဲ့ ပြိုင်ဖက် ဖြစ်ထိုက်သူလို့ သတ်မှတ်နိုင်ပါတယ်။

"တော်တော် အစွမ်းထက်မယ့်ပုံပဲ  ဟုတ်လား။ တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်ရဲ့ ထိပ်ပိုင်း အုပ်ချုပ် သူတွေက စီးတုလေ့ကို သိုင်းတက္ကသိုလ် ၂၄ခု ပြိုင်ပွဲမှာ ဝင်ပြိုင်ခိုင်းဖို့ အတွက်တောင်မှ ဆုံးဖြတ်ထားခဲ့ပြီးပြီ။ ဒါကို နင်က သူ့ရဲ့အစွမ်းကို သံသယ ဝင်နေတာလား"

အန်ရှင်းမိန်က လီဖူချန်းကို မကျေနပ်တဲ့ပုံနဲ့ ကြည့်ရင်း ပြောလိုက်ပါတယ်။

"ဟား … ဟား …”

လီဖူချန်းက ရယ်ရုံသာ ရယ်နေလိုက်ပြီး ဘာမှ ပြန်မပြောတော့ပါဘူး။

***

All Chapters