← Chapters

ကျောက်ဝေပြောသည့် အခွင့်အရေး

Vol. 28 Ch. 418

ကျောက်ဝေပြောသည့် အခွင့်အရေး

Vol. 28 Ch. 418

ကျောက်ဝေ လင်းရီ ပေးသည့် ဟွာရှန့်တိုင်းရင်းဆေး ပိုင်ဆိုင်မှုနှင့် ဓာတ်ခွဲခန်း စမ်းသပ်ချက်တို့ကို သယ်ဆောင်လျက် ဟိုတယ်သို့ အသက်မရှိသည့် အမူအရာဖြင့် ပြန်လာခဲ့လေသည်။

ယနေ့ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးမှာ သူမအတွက်တော့ အိပ်မက်ဆိုးကြီးအလား ခံစားနေရပြီး သူမ၏ သက်တမ်း တစ်လျှောက် အကြီးမားဆုံး ဆုံးရှုံးမှုကြီးလည်း ဖြစ်၏။

လင်းရီကဲ့သို့ အသုံးမကျသည့် လူ၏ လက်ထဲတွင် ရှုံးနိမ့်သွားခဲ့ရလိမ့်မည်လို့ သူမ မည်သို့မျှ ထင်မှတ်မထားခဲ့ချေ။

"ဒါရိုက်တာကျောက်.. ကျွန်တော်တို့ ဒီကိစ္စကို ရုံးချုပ်ဆီ သတင်းပို့မှ ရမယ်.. မဟုတ်ရင် ကိစ္စတွေက လွဲချော်ကုန်လိမ့်မယ်...."

ကျောက်ဝေဘေးတွင် ရပ်နေရင်း မုန့်ဟိုင်ချင်းမှ ပြောလိုက်သည်။

"ငါသိတယ်...."

တစ်ခဏမျှ စိတ်အနည်ထိုင်အောင် ပြုလုပ်ပြီးနောက် ကျောက်ဝေ လော့ရီထံ ဗွီဒီယိုကော ခေါ်ဆိုလိုက်၏။

"ညှိနှိုင်းတာက ပြီးသွားပြီပေါ့.. မင်းတို့ ဘယ်အချိန်ကျမှ ဟွာရှကနေ ပြန်လာခဲ့မှာ... အောင်ပွဲခံတဲ့ အနေနဲ့ ပါတီလုပ်ပေးမလို့..."

"ဥက္ကဌကျောက်.. ကျွန်မတောင်းပန်ပါတယ်... ဒီနေ့ မထင်မှတ်ထားတာလေးတွေ ပေါ်လာခဲ့လို့ အခြေအနေတွေက တစ်မျိုးပြောင်းသွားခဲ့ပြီ..."ကျောက်ဝေ တောင်းပန်သည့် လေသံဖြင့် ပြောဆိုလိုက်၏။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."လော့ရီ၏ မျက်နှာထက်တွင် မယုံကြည်နိုင်မှုတို့က ရေးထိုးထားပြီး "ငါတို့ အားလုံးကို ပြီးပြည့်စုံအောင် အကွက်ချထားပြီးသားလေ...ဘာပြဿနာမှ မရှိရဘူးမဟုတ်လား...."

"ပြဿနာက ဟွာရှက လူတွေက ကျွန်မတို့ရဲ့ ibuprofen နဲ့ အာနိသင်တူတဲ့ ဆေးကို တီထွင်လိုက်တာပဲ...ကျွန်မ သူတိူ့ရဲ့ ဆေးဝါးကို စမ်းသပ်ပြီးတော့မှ ရလဒ်တွေကလည်း တိကျတယ်... အမှန်အတိုင်း ၀န်ခံရရင် သူတို့ရဲ့ ဟွာရှန့်ဆေးက ကျွန်မတို့ရဲ့ ibuprofenကို လုံး၀ အစားထိုးလို့ရတယ်...."

"တကယ်ကြီး ဒီလိုကိစ္စ ရှိလာသေးတယ်ပေါ့...."

ဘန်း...

ရုတ်ချည်း စိတ်ခြောက်ခြားတုန်လှုပ်သွားတောကြောင့် လော့ရီ ဖုန်းကို သတိလက်လွှတ် ပစ်ချမိလိုက်သည်။ "ဒါ ဘယ်လိုမှ မဖြစ်နိုင်ဘူး.. သူတို့တွေ အချိန်တိုတိုလေးနဲ့ ဘယ်လိုလုပ်ပြီး ibuprofen နဲ့ အာနိသင်ကိုတူတဲ့ ဆေးကိုတီထွင်နိုင်သွားတာ... ဒါလုံး၀ မဖြစ်နိုင်တဲ့ ကိစ္စကြီးလေ... "

“ ကျွန်မကတော့ သူလိမ်နေတယ်လို့ မထင်ဘူး… ဘာလို့လဲဆိုတော့ ဖော်ထုတ်ဖို့အရမ်းလွယ်ကူလို့လေ…. ဒီတော့ လိမ်စရာအကြောင်းတော့ မရှိဘူး….” ကျောက်ဝေ သူမ၏ အတွေးများကို ထုတ်ပြောလိုက်သည်။

“ ပြီးတော့ သူ့ရဲ့ သဘောထားက လုံးဝကို မြဲမြံတယ်… 289ယွမ်ဆိုတဲ့ဈေးနှုန်းကို လုံးဝလက်မခံဘူး…”

“ အဲ့လိုဆိုရင်တော့ ငါတို့ဒီကိစ္စကို လေးလေးနက်နက်ကိုင်တွယ်မှ ရတော့မှာ…” လော့ရီ သူတစ်ခုခု အကြံထုတ်တော့မည့်အချိန်တွင် ပြုလုပ်နေကြ ကိုယ်နေဟန်ထားအတိုင်း လက်နှစ်ဖက်ကို စားပွဲပေါ်တွင် စုလိုက်သည်။

“ ဒီရဲ့ ဟွာရှန့်တွေက သောက်ရမ်းအာရုံနောက်ဖို့ကောင်းလွန်းတယ်… ကြည့်ရတာတော့ သူတို့ကို နိုင်ငံတကာအသိုင်းအဝိုင်းကနေပြီးတော့ ဖိအားတချို့ ပေးမှ ဖြစ်တော့မယ်နဲ့တူတယ်….”

ကျောက်ဝေ သူမခေါင်းကို ခါရမ်းလိုက်ပြီး “ အဲ့တာလည်း အလုပ်ဖြစ်မှာ မဟုတ်ဘူး….”

“ဘာလို့တုန်း..”

“ အခု သူတို့ ဖန်တီးထားတဲ့ဆေးက ဟိုး….အရင်ကတည်းကနေ စီစဉ်ထားတဲ့ဟာ မဟုတ်ဘူး…. ဒီရဲ့ ညှိနှိုင်းဆွေးနွေးတဲ့ သုံးရက်လေးအတွင်းမှာ ဖန်တီးလိုက်တာ… အဓိက ကုမ္ပဏီကြီး ခြောက်ခုက ဆေး 25 မျိုးကိုတော့ ဟွာရှက တင်သွင်းဖို့ အစီအစဉ်တောင် မရှိတော့ဘူးနဲ့တူတယ်… သူတို့က အစားထိုးတိုင်းရင်းဆေးတွေကို ကိုယ်တိုင်ဖန်တီးဖို့ လုပ်နေကြပြီ…”

ကျောက်ဝေ လော့ရီကို ကြည့်လိုက်ပြီး “ ဒါကြောင့်မို့လို ကျွန်မတို့ဆီမှာ အချိန်တွေအများကြီး မကျန်တော့ဘူး… သူတို့ ဆေး 25 မျိုးကို ဖန်တီးလို့ပြီးသွားတာနဲ့ အဓိက ကုမ္ပဏီကြီးခြောက်ခုရဲ့ ရင်းနှီးမြုပ်နှံမှုတွေက အကြီးစားပေါက်ကွဲမှုတွေ ဖြစ်လာနိုင်တယ်…”

“ ဒါ ဒါကြီးက မယုံနိုင်စရာ ကောင်းလောက်အောင်ပဲ…” လော့ရီ၏ အမူအအရာမှာ ရူးသွပ်တော့မည့်အသွင် ဖြစ်နေပြီး နှုတ်မှအလိုလို ရွတ်နေမိတော့၏။

“ ငါတို့ရဲ့ ဆေးတစ်ခုချင်းဆီတိုင်းက ခွင့်ပြုချက်ရဖို့ သုတေသနပြုရတာတွေ…ဆေးပညာရှုထောင့်ကနေ သက်သေပြရတာတွေ ဒါတွေအားလုံး ပြီးမြောက်ဖို့ဆိုရင် အနည်းဆုံး နှစ်နှစ်ကနေ သုံးနှစ်လောက်အထိ အချိန်ပေးရတယ်…သူတို့က သုံးရက်တည်းနဲ့ ဘယ်လိုလုပ်ပြီး ဆေးထုတ်လို့ရသွားတာလဲဟ…..”

“ ဘာလို့လဲဆိုတော့ ကျွန်မတို့ အနောက်တိုင်းဆေးတွေရဲ့ ပြုလုပ်မှုဖြစ်စဉ်ကြောင့်ပဲ… ကျွန်မတို့က ပြောင်းလဲမှု တစ်ဆင့်ချင်းစီတိုင်းရဲ့ အမှားတွေနဲ့ ဆေးဝါးသုတေသနရလဒ်တွေကို တအားဂရုစိုက်ရတယ်… အဲ့တာကြောင့်လည်း အဲ့ဒီဖြစ်စဉ်တွေကို ပြီးမြောက်ဖို့ အချိန်အများကြီး ပေးရတာ….”

ကျောက်ဝေ ပြောလိုက်ပြီး “ ဒါပေမယ့် တစ်ဖက်မှာကျတော့ ဟွာရှန့်တိုင်းရင်းဆေးတွေမှာက ဘေးထွက်ဆိုးကျိုးတွေ မရှိသလောက်နည်းတယ်… သူတို့ရဲ့ ဆေးကအလုပ်မဖြစ်ခဲ့ရင်တောင်မှ ကုသတဲ့အချိန်မှာ ဘာမှဆိုးဆိုးဝါးဝါးကြီးတွေ ဖြစ်လာမှာ မဟုတ်ဘူး….အဲ့ဒါက သူတို့ရဲ့ အားသာချက်ကြီးပဲ….”

“ ငါလည်း ဟွာရှန့်တိုင်းရင်းဆေးတွေအကြောင်း နည်းနည်းပါးပါးတော့ သိပါတယ်ဟ… ဒါပေမယ့် ဒီလောက်အချိန်တိုလေးအတွင်းမှာ ဆေးတစ်ခွက်ကို ဖော်စပ်လိုက်တယ်ဆိုတာ ငါအံ့ဩလို့ကို မဆုံးဘူး…”

“ အမှန်အတိုင်း ဝန်ခံရရင် ကျွန်မလည်း မယုံကြည်ဘူး….”

"အဲ့တာဆို လောလောဆယ် မင်းမှာ ဘာဆက်လုပ်ဖို့ နည်းလမ်းရှိလဲ....."

"အခု ဟွာရှရဲ့ ထိပ်တန်းဆေးရုံကြီးသုံးခုက တိုးမြင့်ထားတဲ့ ဈေးပမာဏမှာ အော်ဒါတွေ အများကြီး တောင်းဆိုထားတယ်မလား...အဲ့ဒီ အော်ဒါတွေကို သင်္ဘောနဲ့ပို့မယ့်အစား လေကြောင်းကနေ တိုက်ရိုက်ပို့ပြီးတော့ ဟွာရှကို တတ်နိုင်သလောက် မြန်မြန်ရောက်အောင် ပို့ပေးဖို့လိုတယ်.....အဲ့လိုမှ ကျွန်မတို့ ပိုက်ဆံတွေကို ချက်ချင်း အိတ်ကပ်ထဲထည့်နိုင်မှာ...ကျွန်မ စိုးရိမ်မိတာက ဒီတစ်ခေါက် ထင်မှတ်မထားတဲ့ ကိစ္စတွေ ဖြစ်လာပြီးတော့ ကျွန်မတို့ကို ပိုပြီး ဆုံးရှုံးသွားစေမှာကိုပဲ...."

"ကောင်းတယ်...လေကြောင်းကနေ တိုက်ရိုက် ပို့လိုက်မယ်တိုရင် ငါတို့အတွက် အချိန်တွေအများကြီး သက်သာလိမ့်မယ်...ငါသူတို့ကို ခေါ်ပြီးတော့ ခုချက်ချင်း စီစဉ်လိုက်တော့မယ်...."

"‌ကောင်းပါပြီ...."

လော့ရီနှင့် ဗွီဒီယိုကော ခေါ်ဆိုပြီးနောက် ကျောက်ဝေ သူမဖုန်းကို နွမ်းနယ်စွာ ချလိုက်၏။ ထို့နောက် ရင်ဘက်ကို လက်တစ်ဖက်ဖြင့် ဖိထားကာ အသက်ရှူရန် ခက်ခဲနေကြောင်း ခံစားနေရတော့သည်။

"ဥက္ကဌကျောက်... အဆင်ပြေရဲ့လားဗျ....ဆေးရုံလိုက်ပို့ပေးရဦးမလား...."

"မလိုဘူး.. ဒီတိုင်း ရောဂါဟောင်းလေးပါပဲ..."

သူမ တက္ကသိုလ်မှ ဘွဲ့ရပြီး ပထမနှစ်တွင် ကုမ္ပဏီ၌ ခိုင်မြဲစွာ အခြေကုပ် ရယူနိုင်စေရန် အများထက်ပိုပြီး ကြိုးစားခဲ့၏။

သူမ၏ ကြိုးစားမှုကြောင့် နေရာတစ်နေရာ ရလာခဲ့သော်လည်း ပြန်ပေးဆပ်လိုက်ရသည်ကတော့ သူမ၏ ကျန်းမာရေးပင်။ ပုံမှန်အတည်တကျမရှိသည့် အချိန်စာရင်းတို့ကြောင့် သူမ၏ နှလုံးမှာ တဖြည်းဖြည်း ထုံထိုင်းလာခဲ့လေသည်။ သိူ့သော်လည်း ပြင်းထန်သည့် အခြေအနေမဟုတ်၍ နှစ်ရှည်လများစွာ ဆေးတို့ မှီဝဲသုံးဆောင်ပြီးနောက် တဖြည်းဖြည်း ပြန်သက်သာလာခဲ့၏။

သို့သော်လည်း ယနေ့ ဖြစ်ရပ်က သူမ၏ နှလုံးကို အသေးစားထိခိုက်မှုလေးများ ဖြစ်ပွားသွားစေခဲ့သည်။

မုန့်ဟိုင်ချင်း ဘာမျှ ဆက်မပြောတော့ပဲ သူ၏ အာရုံကို လက်ရှိ ဖြစ်နေသည့် ပြဿနာထံသို့ ပြန်ပို့လိုက်၏။

"ဒါရိုက်တာကျောက်... ကျွန်တော်တို့ ခု ဘာလုပ်ကြမလဲ... ခုလက်ရှိ အခြေအနေက ကျွန်တော်တို့အတွက် သိပ်မကောင်းဘူးနော်... ဒီဟွာရှကကောင်တွေ ကျုပ်တို့ထက် နှာတစ်ဖျားသာသွားတယ်...."

"အခြေအနေက အဲ့လောက် အဆိုးကြီးလည်း မဟုတ်သေးဘူး...ငါ့အထင် လျန်ရူရွှယ်နဲ့ လင်းရီတို့က အဓိက ထိပ်တန်းဆေးရုံကြီး သုံးခုကနေ အော်ဒါတွေ အများကြီး မှာယူထားမယ်လို့ မျှော်လင့်မထားလောက်ဘူး...ကုန်ကြမ်းတစ်ချို့နဲ့ ဆေးဝါးတွေက ငါတို့ ကုမ္ပဏီကနေ ထုတ်တာဆိုတော့ ဒီတစ်ခေါက် ဈေးတိုးမြင့်တာကနေ ငွေကြေးတစ်ချို့တော့ ရမှာပါ...."

"နားလည်ပါပြီ...."မုန့်ဟိုင်ချင်း ဆင်ခြင်ဉာဏ်ရှိစွာဖြင့် ခေါင်းညိမ့်လိုက်ပြီး

"ဒီရဲ့ ပြဿနာက ကျွန်တော်တို့အပေါ် သက်ရောက်မှု ကြီးမားသွားတယ်ဆိုရင်တောင် အော်ဒါတွေ အများကြီး မှာလာခဲ့တာက အသက်ရှူချောင်သွားစေတယ်လို့ ပြောရမယ်...ဒီလိုနဲ့ ကျွန်တော်တို့ရဲ့ အကျိုးအမြတ်ကို အကျိုးသက်ရောက်မှုရှိစေမှာ မဟုတ်ဘူး...ဒါကြောင့်မို့လို့ ဒီကိစ္စကို သေချာလေး ကိုင်တွယ်ဖို့ အချိန်တစ်ချို့လောက်တော့ ရမှာ အသေအချာပဲ.... "

"ဟမ့် ဒါ လျန်ရူရွှယ်၍ အမှားလေ... ငါတို့ပြန်ပြီး အသက်ရှူချောင်လာလိမ့်မယ်လို့ ထင်ထားမှာတောင် မဟုတ်လောက်ဘူး.... "

ကျောက်ဝေ ပြောလိုက်ပြီး "ငါတို့ ဒီနေ့ အရှက်ရခဲ့တယ် ဆိုရင်တောင်မှ ပိုက်ဆံက ငါတို့အိတ်ထဲ ၀င်လာခဲ့မှာပဲ....အကျိုးသက်ရောက်မှု မရှိဘူး..."

.......

တုန်းဟန့် ဆေးဝါးဖြန့်ဖြူးရေး ကုမ္ပဏီ၊ ဥက္ကဌ ရုံးခန်း။

"ငိုးပဲကွာ..."

ဖန်တုန်းဟွေ့ ဒေါသကြီးစွာဖြင့် စားပွဲပေါ်ရှိ စာရွက်စာတမ်းများကို ကြမ်းပြင်ပေါ်သို့ ဖယ်ချပစ်လိုက်ပြီး အနီးရှိ အတွင်းရေးမှူးမလေးများကို ထိတ်လန့်သွားစေခဲ့၏။ သူမတို့ ချောင်တစ်ခုတွင် ကုပ်နေကြပြီး အသက်ပင် ဝ၀ မရှူမရဲကြချေ။

"အဖေ... စိတ်တိုပြီး ပစ္စည်းတွေ ကောက်ပစ်နေလို့ ဒီပြဿနာက ပြေလည်သွားမယ့်အရာ မဟုတ်ဘူးနော်..."ဖန်ချီနန် ဆိုဖာပေါ်တွင် ထိုင်လျက်ပြောလိုက်၏။ သူ၏ ခြေထောက်ကိုတော့ ရှေ့ရှိ ကော်ဖီစားပွဲပေါ်တွင် တင်ထားပြီး ဦးခေါင်းနောက်သို့ လက်တစ်ဖက်ဖြင့် မှီထားလေသည်။

"ဒီနေ့ အခြေအနေကနေ ဆုံးဖြတ်ကြည့်ရသလောက်တော့ သူတိူ့သာ 9.99 ယွမ်ဆိုတဲ့ ဈေးနှုန်းကို သဘောမတူဘူးဆိုရင် ဟွာရှဈေးကွက်ထဲကို အခြေချဖို့ အတော်လေး ခက်ခဲလောက်တယ်....."

"သူတိူ့ တကယ်ကြီး 9.99 ယွမ်နဲ့ ရောင်းမယ်ဆိုလို့ကတော့ ငါတို့လည်း သူတို့ အေးဂျင့်(ကိုယ်စားလှယ်) လုပ်စရာ မလိုတော့ဘူး..."ဖန်တုန်းဟွေ့ ပြတ်သားစွာ ဆိုလိုက်ပြီး

"ငိုးပဲကွာ.. အစကတည်းကနေ လွယ်လွယ်နဲ့ ပြီးရမယ့် ကိစ္စကို အဲ့သောက်ကလေး ဂြိုဟ်မွှေသွားတာနဲ့ အကုန် -ီးတွေ ဖြစ်ကုန်ပြီ...တစ်ယောက်ယောက် သူ့အကြောင်း စုံစမ်းလိုက်စမ်း..."

"မလိုဘူး.. ကျွန်တော် သူ့အကြောင်း သိပြီးသား..."ဖန်ချီနန်ပြောလိုက်ပြီး "အဖေ ဒီကိစ္စကို စိတ်ပူနေစရာ မလိုဘူး.. ကျွန်တော်ပဲ ကိုင်တွယ်လိုက်မယ်...."

"မင်းသူ့ကို သိတယ်ပေါ့..."ဖန်တုန်းဟွေ့ အံ့အားသင့်သွားခဲ့၏။

"သူ့ရဲ့ နောက်ခံက သာမန်တော့ မဟုတ်ဘူး... ချင်းဟန်နဲ့ ညီကိုကောင်းတွေလည်း ဖြစ်နေတယ်ဆိုတော့ သူ့ကို ထိဖို့ဆိုတာ လွယ်တော့မလွယ်ကူဘူး...."

"အဲ့လိုဆိုရင်တော့ ဒီကိစ္စက ခက်ခဲတော့မှာပဲကွ.. ငါတို့ ဒီတိုင်း အရှုံးကို လက်ခံလိုက်ရုံပဲထင်တယ်..."

"အဲ့လိုဖြစ်မှာ မဟုတ်ဘူး..."ဖန်ချီနမ်ပြောလိုက်ပြီး "လွန်ခဲ့တဲ့ တစ်လလောက်တုန်းက ၀မ်မာဇီရဲ့ လက်အောက်က ကျန်းအောက်နဲ့ လင်းရီနဲ့ နိုက်ကလပ်မှာ အချင်းများခဲ့ကြသေးတယ်... လင်းရီ က ကျန်းအောက်ကို ဆော်ပလောတီးခဲ့တာဆိုတော့ ၀မ်မာဇီရဲ့ မျက်နှာကို ဖြတ်ရိုက်လိုက်တာနဲ့ အတူတူပဲလေ..."

"တကယ်ကြီးလားကွ..."ဖန်တုန်းဟွေ့ အံ့အားသင့်သွားခဲ့ပြီး "ငါ ၀မ်မာဇီအကြောင်း ကောင်းကောင်ူသိတယ်... ကျန်းအောက်ဆိုတာက သူ့ရဲ့ ညာလက်ရုံး..... သူဒီကိစ္စကို အေးဆေး မလွှတ်ပေးလောက်ဘူး...."

"အမှန်ပဲ... ဒါပေမယ့် အဲ့ဒီ အချိန်တုန်းက ကျောက်မိသားစုနဲ့ ၀မ်မာဇီက မြို့ဆင်ခြေဖုံးနားမှရှိတဲ့ လေလံတင်မယ့် မြေကွက်တစ်ခုကို မျက်စိကျနေကြတယ်လေ....သူတို့ရဲ့ ပရောဂျက် နှောင့်နှေးသွားမှာဆိုးလို့ ၀မ်မာဇီက အဲ့ကိစ္စကို ခေတ္တသည်းခံထားတာ......... "

"အဲ့နောက်ကော... ခု အဲ့ဒီ မြေကွက်ကို လေလံတင်တာက ပြီးသွားပြီ မဟုတ်လား..."

"ပြီးသွားတာအမှန်ပဲ....ဒါပေမယ့် ကျောက်မိသားစုကော ၀မ်မာဇီကော လေလံမအောင်လိုက်ပဲ လင်းရီကပဲ ယူသွားခဲ့တာ...."

"အဲ့ကောင်က ဒီကိစ္စမှာလည်း ပါနေပြန်သေးတာလားဟ...."

"အဟုတ်ပဲ..."ဖန်ချီနန်ပြောလိုက်ပြီး

"ခု ၀မ်မာဇီရဲ့ ပန်းကန်ပြားထဲမှာ ဘာမှ မကျန်တော့ဘူး ဆိုတော့ သူလင်းရီကို ကိုင်တွယ်ဖို့ စီစဉ်ရင်းနဲ့ အလုပ်ရှုပ်နေလောက်ပြီ... ကျွန်တော်တို့က လက်လေးတစ်ချောင်းတောင် ရွေ့ဖို့မလိုဘူး... ၀မ်မာဇီဘက်က လှုပ်ရှားလာတာကို စောင့်နေရုံပဲ....”

All Chapters