← Chapters

ကြယ်အလင်းရောင် နတ်ဘုရားစွမ်းရည်

Vol. 34 Ch. 457

ကြယ်အလင်းရောင် နတ်ဘုရားစွမ်းရည်

Vol. 34 Ch. 457

ဦးတည်ရာမဲ့ကြယ် ဓားသိုင်းရဲ့ အလုံးစုံ တတ်သိ နားလည်ခြင်း ပဆင့်က လျူကန်းကို ကြယ်တာရာ သိုင်းတက္ကသိုလ် စွမ်းအင် သတ်မှတ်ချက် ဇယားရဲ့ အဆင့်၁၁ ဖြစ်ဖို့အတွက် မလုံလောက်သေးပါဘူး။

လျူကန်းက ဦးတည်ရာမဲ့ကြယ် ဓားသိုင်းအပြင် မြေကမ္ဘာ အလယ်အလတ် အဆင့် ချီအတွင်းအား ကျင့်စဉ်ဖြစ်တဲ့ မိုးသောက်ကြယ် အတွင်းအား ကျင့်စဉ်ကိုလည်း အဆင့်၂၅အထိ ရောက်အောင် လေ့ကျင့်ထားခဲ့ ပြီးပါပြီ။

ဒီအတောအတွင်းမှာ သူ့အနေနဲ့ မဟူရာဘုရင် လျှို့ဝှက်နယ်မြေကို မကြာခဏ လာနေရတာက မိုးသောက်ကြယ် ချီအတွင်းအား ကျင့်စဉ်ရဲ့ အဆင့်၂၆နဲ့ အဆင့်၂၇အတွက် လိုအပ်တဲ့ ထောက်ပံ့ရေး ရမှတ်တွေကို စုဆောင်းဖို့ပါပဲ။

လျူကန်းရဲ့ ဓားချက် သူ့ဆီကို ရောက်ခါနီးမှ လီဖူချန်းက လှုပ်ရှား လိုက်ပါတယ်။

“သွားစမ်း”

လီဖူချန်းရဲ့ လက်သီးချက်ကနေ ထွက်ပေါ်လာတဲ့ မဟာကျားဝိညာဉ်က လျူကန်းရဲ့ လှုပ်ရှားမှုတွေကို တုံ့ဆိုင်း သွားစေခဲ့ပါပြီ။

ဘန်း …

လျူကန်းရဲ့ ရှေးဟောင်း ရတနာဓားက လက်သီးချက်ကြောင့် အနည်းငယ် ကွေးကောက်သွားပြီး ပြန်ဆန့်သွားတဲ့ အခါမှာတော့ လျူကန်းဟာ ဓားနဲ့အတူ လွင့်ထွက် သွားပါတော့တယ်။

“မင်း … မင်း”

ဝေါ့ …

လျုကန်းက စကားကိုတောင် ဆုံးအောင် မပြောနိုင်ဘဲ သွေးတစ်လုတ် အန်ထုတ် လိုက်ရပါတယ်။ သူက  လီဖူချန်းရဲ့ လက်သီးချက် တစ်ချက်ကိုတောင် တောင့်မခံနိုင်ဘူး ဆိုတာ  အသိသာကြီးပါပဲ။

“ဘာ … ဘာဖြစ်သွားတာလဲ”

လျုကျင်းရဲ့ မျက်လုံးတွေကတော့ ပေါက်ထွက်လုမတတ် ပြူးကျယ်နေခဲ့ပါပြီ။ လျူကန်းက ကြယ်တာရာ သိုင်းတက္ကသိုလ် စွမ်းအင် သတ်မှတ်ချက် ဇယားရဲ့ အဆင့်၁၁ မဟုတ်ဘူးလား။  သူက ဘာဖြစ်လို့  လီဖူချန်းရဲ့ လက်သီးချက် တစ်ချက်ကိုတောင် တောင့်မခံနိုင်ဘဲ လွင့်ထွက် သွားတာပါလိမ့်။

နောက်ဆုံးမှာတော့ လျုကျင်းက ဖြစ်နိုင်ချေရှိတဲ့ အကြောင်းအရာ တစ်ခုကို စဉ်းစား လိုက်မိပါတယ်။ သူ့ရဲ့ ဝမ်းကွဲအစ်ကို လျူကန်းက သတိလက်လွှတ် ဖြစ်သွားတာပဲ ဖြစ်ရပါမယ်။ အဲဒီနောက်မှာတော့ သူက အသံကျယ်ကြီးနဲ့ အော်ဟစ် လိုက်ပါတယ်။

“အစ်ကိုကန်း … အစ်ကိုကန်း …။ ပညာတွေကို လျှိုမထားနဲ့လေ။ အစ်ကိုရဲ့ သာလွန်ထူးကဲ စွမ်းအားတွေကို ဘာဖြစ်လို့ ထုတ်မသုံးသေးတာလဲ”

“အဲလောက်ထိ အော်မနေနဲ့။ ငါ ဘာလုပ်ရမလဲ ဆိုတာကို ငါသိတယ်”

လျုကန်းက ကုန်းရုန်းပြီး ပြန်ထ လာခဲ့ပါပြီ။

သူ့ရဲ့ မျက်နှာကတော့ သိပ်မကောင်းလှပါဘူး။ သူ့ရဲ့ ဝမ်းကွဲညီဖြစ်တဲ့ လျူကျင်း တစ်ယောက် အကူအညီ လာတောင်းတုန်းက သူဟာ လီဖူချန်းကို ဆုံးမ ပေးမယ်လို့ အာမခံခဲ့တာပါ။ အခုတော့ သူက ဘာမှ မလုပ်ရသေးခင်မှာပဲ တစ်ဖက်လူရဲ့ လက်သီးချက်ကြောင့် လွင့်ထွက် သွားခဲ့ရပါတယ်။ ဒါက တကယ့်ကို ရှက်ဖွယ်ပါပဲ။

“ကောင်းတယ်  … အရမ်းကောင်းတယ်။ အစောပိုင်းတုန်းက ငါနည်းနည်း သတိလက်လွှတ် ဖြစ်သွားလို့ မင်း ကံကောင်းတယ် မှတ်လိုက်။ ဒါပေမဲ့ ဒီတစ်ကြိမ်တော့ ငါ သတိလက်လွှတ် ဖြစ်တော့မှာ မဟုတ်ဘူး။ မင်းကိုငါ တစ်ချက်တည်းနဲ့ ပွဲသိမ်း ပေးလိုက်မယ်”

ယား …

စကားအဆုံးမှာတော့ လျူကန်းက မာန်သွင်းလိုက်ပြီး သူ့ရဲ့ ကြယ်အလင်း စွမ်းအားတွေကို ထုတ်ဖော်လိုက်ပါပြီ။ အဲဒီကြယ်အလင်း စွမ်းအားတွေက သူ့ရဲ့ ချီအရှိန်အဝါ တွေကို တိုးမြှင့်ပေး စေပါတယ်။

သူ့ရဲ့ ကြယ်အလင်း စွမ်းအားကတော့ ကြယ်အလင်း အရိုးတည်ဆောက်ပုံကနေ လာတာပါ။ ဒီအရိုး တည်ဆောက်ပုံက ပထမတန်းစား အထူးအရိုး တည်ဆောက်ပုံ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း အထူးအရိုး တည်ဆောက်ပုံတော့ ဖြစ်နေဆဲပါပဲ။ ပြီးတော့ သူ့ရဲ့ ကြယ်အလင်း အရိုးတည်ဆောက်ပုံဟာ အခြားသော အထူးအရိုး တည်ဆောက်ပုံတွေ ထက်လည်း အစွမ်းထက် ပါသေးတယ်။

“ဦးတည်ရာမဲ့ကြယ် ကြွေဆင်းခြင်း”

သူ့ရဲ့ ချီအရှိန်အဝါတွေ တိုးမြှင့်လာပြီး နောက်မှာတော့ လျူကန်းက သူ့ရဲ့ အားအထားရဆုံး ဓားကွက်ကို ထုတ်လိုက် ပါတော့တယ်။

ချွမ် … ချွမ် … ချွမ် …

ဓားကွက်နဲ့အတူ တောက်ပလှတဲ့ ကြယ်အလင်းတန် းတွေဟာ လီဖူချန်းကို လွှမ်းခြုံလာခဲ့ပါပြီ။

“ဒီကောင်က ကြယ်တာရာ သိုင်းတက္ကသိုလ်ရဲ့ အဆင့်၁၁ ဖြစ်ထိုက်သားပဲ။ ဒီကောင့်ရဲ့ ဓားကွက်က အတော်လေးလည်း သေသပ်တယ်။ ဒါပေမဲ့ မလုံလောက်သေးဘူး”

လီဖူချန်းက တစ်ချက် ကြည့်လိုက်တာနဲ့ လျူကျန်းရဲ့ အစွမ်းကို ခန့်မှန်း လိုက်နိုင်ပါတယ်။ လျူကျန်းရဲ့ အစွမ်းက သာမန် ပြန်လည်ဝင်စားခြင်း နယ်ပယ် အဆင့်၁၆ ပညာရှင် နီးပါးပါပဲ။ ပြီးတော့ သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်းက ရှင်းတိကောဝမ်နဲ့တောင် သိပ်မကွာလှပါဘူး။

ဒါပေမဲ့လည်း ဝမ်းနည်းစရာ ကောင်းတာကတော့ သူ့ရဲ့ ပြိုင်ဘက်က လီဖူချန်း ဖြစ်နေတာပါပဲ။

“သွားစမ်း”

ဘန်း  ...

မဟူရာ ကျားဝိညာဉ်နဲ့အတူ ထွက်ပေါ်လာတဲ့ လီဖူချန်းရဲ့ လက်သီးချက်က လျူကန်းကို နောက်ထပ်တစ်ကြိမ် လွင့်ထွက်သွားစေခဲ့ ပြန်ပါပြီ။

“ခွေးမသား … မျိုးမစစ်ကောင်။ ဘယ်လိုလုပ်ပြီး မင်းရဲ့ ခွန်အားက ငါ့ရဲ့ ဓားသိုင်းထက် ကောင်းနေရတာလဲ။ ဘယ်လိုမှ မဖြစ်နိုင်ဘူးကွ”

လျူကန်းက လီဖူချန်းကို ဆဲရေးတိုင်းထွာပြီး ကုန်းရုန်း ထလာ ပြန်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ သူက မားမားမတ်မတ် မရပ်နိုင်တော့ပါဘူး။ သူ့ရဲ့ ဒူးတွေကလည်း တဆတ်ဆတ် တုန်ယင်နေခဲ့ပါပြီ။ ဒါပေမဲ့လည်း သူက လီဖူချန်းကို တိုက်ခိုက်ဖို့ စိတ်အား ထက်သန် နေဆဲပါပဲ။

“သေစမ်း”

လျူကန်းက လီဖူချန်းဆီကို ပြေးဝင်လာခဲ့ ပြန်ပါပြီ။

“အတော် စိတ်ရှုပ်ဖို့ ကောင်းလိုက်တဲ့ ကောင်ကွာ”

လီဖူချန်းရဲ့ ခန္ဓာကိုယ် အပြင်အား ကျင့်ကြံမှုက သာမန် ပြန်လည်ဝင်စားခြင်း နယ်ပယ် အဆင့်၁၇ ပညာရှင်လောက်ပဲ ရှိတာပါ။ သူရဲ့ ခွန်အားက လျူကန်းထက် တစ်ဆင့်ပဲ မြင့်တာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်း ကတော့ အဲဒီထက်ကို ပိုပါသေးတယ်။ တိုက်ခိုက်နိုင်စွမ်း ဆိုတာက ခြုံငုံပြီး သုံးသပ်ထားတဲ့ ပျမ်းမျှစွမ်းရည်နဲ့ မဆိုင်ပါဘူး။ ဒါက ထင်ထားတာထက် ပိုရှုပ်ထွေး ပါတယ်။

လီဖူချန်းရဲ့ ကျားဝိညာဉ် လက်သီးက တစ်ဖက်ကမ်းခတ် တတ်မြောက်ခြင်း အဆင့်ကို ရောက်နေပါပြီ။ ကျားဝိညာဉ် လက်သီးကနေ ထွက်ပေါ်လာတဲ့ မဟာကျားဝိညာဉ်ရဲ့ အလုပ်လုပ်ပုံက သိုင်းစက်ကွင်းတွေရဲ့ အလုပ်လုပ်ပုံနဲ့ ဆင်တူပါတယ်။

အဲဒီအတွက် မဟာကျားဝိညာဉ်ရဲ့ ဖိအားအောက်ကို ရောက်သွားတဲ့  လျူကန်းဟာ သူ့အစွမ်းရဲ့ ၇၀ရာခိုင်နှုန်းကို ထုတ်သုံးနိုင်ရင် ကံကောင်းပါပဲ။ ဒါကြောင့်လည်း သူဟာ လီဖူချန်းကို လုံးဝ မယှဉ်နိုင်တာ ဖြစ်ပါတယ်။

“သွားစမ်း  … ဒီတစ်ကြိမ် ပြန်မထလာနဲ့တော့”

အတော်လေး စိတ်ရှုပ်နေပြီဖြစ်တဲ့ လီဖူချန်းဟာ ဒီတစ်ကြိမ်မှာတော့ သူ့ရဲ့ ကျားဝိညာဉ် လက်သီးအားကို ၉၀ရာခိုင်နှုန်းအထိ မြှင့်တင် လိုက်ပါတယ်။

ဘန်း  ...

ဖရူး …

လျူကန်းကတော့  လည်ချောင်းထဲက သွေးတွေကို မှုတ်ထုတ်ရင်း ကောင်းကင်ပေါ်ကို ဓားတခြား၊ လူတခြား မြှောက်တက် သွားခဲ့ပါပြီ။

“ကြယ်အလင်း ဓားချီ”

ဒါပေမဲ့လည်း လျူကန်းက သတိကင်းလွတ် မသွားခဲ့ပါဘူး။ သူက လီဖူချန်းရဲ့ လက်သီးချက်ကို မိသွားတဲ့ကြားကနေ မရရအောင် ပြန်လည် တိုက်ခိုက် လိုက်ပါသေးတယ်။

ရွှီး …

ဓားချီတစ်ခုက လီဖူချန်းဆီကို တစ်ဟုန်ထိုး တိုးဝင် သွားခဲ့ပါပြီ။

ဒီဓားချီက  သာမန် ဓားချီတွေနဲ့ မတူပါဘူး။ ဒီဓားချီထဲမှာ ထူးဆန်းပြီး အမျိုးအမည် မသိရတဲ့ အင်းကွက်တွေ ပါဝင်နေပါတယ်။ အင်းကွက်တွေရဲ့ အထောက်အပံ့ ပေးမှုကြောင့် ဓားချီက ပိုအစ်အမှန် ဆန်လာပြီး သတ်ဖြတ်ခြင်း အငွေ့အသက် တွေကလည်း ပိုပြီး အားကောင်း လာပါသေးတယ်။ ဒီအရာက သတ္တုတွေကိုတောင်မှ တစ်ချက်တည်းနဲ့ ပိုင်းဖြတ်ပစ်မယ့် ပုံပါပဲ။

ကြယ်အလင်း ဓားချီ  ...

ဒါကတော့ လျူကန်း နိုးထ ထားနိုင်တဲ့ နတ်ဘုရားစွမ်းရည် ဖြစ်ပါတယ်။

လီဖူချန်းက လျူကန်းရဲ့ သာမန် စွမ်းအားတွေကို ဖိနှိပ်နိုင်ကောင်း ဖိနှိပ် နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ လီဖူချန်းက  သူ့ရဲ့ နတ်ဘုရား စွမ်းရည်ကိုတော့ ဖိနှိပ်နိုင်စရာ အကြောင်း မရှိပါဘူး။

ကြယ်တာရာ သိုင်းတက္ကသိုလ်က ပါရမီရှင်တွေ ပြည့်နှက်နေတဲ့ နေရာ တစ်ခုပါပဲ။ ဒါပေမဲ့လည်း စွမ်းအင် သတ်မှတ်ချက် ဇယားက  ကျောင်းသားတိုင်းဟာ နတ်ဘုရား စွမ်းရည်ကို နိုးထထားနိုင်တာ မဟုတ်ပါဘူး။ ကြယ်တာရာ သိုင်းတက္ကသိုလ်ရဲ့ အတွင်းစည်း ကျောင်းသား တွေထဲမှာဆိုရင် နတ်ဘုရားစွမ်းရည်ကို နိုးထထားနိုင် သူတွေက လျူကန်းအပါအဝင်မှ ၇ယောက်သာ ရှိတာပါ။

လျူကန်းက သူ့ရဲ့ ကြယ်တာရာ နတ်ဘုရား စွမ်းရည်ဖြစ်တဲ့ ကြယ်အလင်း ဓားချီကြောင့် စွမ်းအင် သတ်မှတ်ချက် ဇယားရဲ့ အဆင့်၁၁ကို ရခဲ့တာ ဆိုရင်လည်း မမှားပါဘူး။ သူက ကြယ်အလင်း ဓားချီနဲ့ဆိုရင် သိုင်းတက္ကသိုလ် ၂၄ခုရဲ့ နံပါတ်၁ ကျောင်းသား တစ်ဝက်လောက် ကိုတောင် အနိုင်ယူနိုင်လိမ့်မယ်လို့ ယုံကြည်မှု ရှိပါတယ်။

လီဖူချန်းဟာ ဒီလောက်အထိ အစွမ်းထက်မယ်မှန်း  ကြိုသိခဲ့မယ် ဆိုရင်တော့ လျုကန်းဟာ တိုက်ပွဲ အစကတည်းကနေ သူ့ရဲ့ ကြယ်အလင်း ဓားချီကို ထုတ်သုံးခဲ့မှာပါ။ အဲဒါဆိုရင်တော့ သူ့အနေနဲ့ အခုလို ဒဏ်ရာ အကြီးအကျယ်ရတဲ့ အခြေအနေမျိုးနဲ့ ကြုံရမှာ မဟုတ်ပါဘူး။

“နတ်ဘုရားစွမ်းရည်”

အန်ရှင်းမိန်က အံ့သြမင်တက်စွာနဲ့ ရေရွတ် လိုက်ပါတယ်။

အန်ရှင်းမိန်က နတ်ဘုရား စွမ်းရည်တွေရဲ့  အစွမ်းထက်မြက်မှုကို မသိစရာ အကြောင်း မရှိပါဘူး။ တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်ရဲ့ နံပါတ်၁ဖြစ်တဲ့ စီးတုတောင်းက  သူ့ရဲ့ ရေစေး နတ်ဘုရား စွမ်းရည်ကို သုံးပြီး  အတွင်းစည်း နည်းပြဆရာ တစ်ယောက်ကို တစ်ကွက်တည်းနဲ့ ဒဏ်ရာ အကြီးအကျယ် ရစေခဲ့တာ မဟုတ်ပါလား။ အဲဒီနည်းပြဆရာက ပြန်လည် ဝင်စားခြင်းနယ် အဆင့်၈ဖြစ်ပြီး မြေကမ္ဘာ အလယ်အလတ်အဆင့် သိုင်းပညာနဲ့ ချီအတွင်းအား ကျင့်စဉ်ကိုလည်း လေ့ကျင့် ထားပါသေးတယ်။ အဲဒါကိုတောင်မှ နည်းပြဆရာဟာ စီးတုတောင်းရဲ့ ရေစေး နတ်ဘုရား စွမ်းရည်ကို တောင့်မခံနိုင်ခဲ့ပါဘူး။

အခုတော့ လျူကန်းကလည်း သူ့ရဲ့ နတ်ဘုရားစွမ်းရည်ကို နိုးထ ထားနိုင်တဲ့သူ ဖြစ်နေပါတယ်။ ကြယ်တာရာ သိုင်းတက္ကသိုလ်ရဲ့ စွမ်းအင် သတ်မှတ်ချက် ဇယားက ကျောင်းသားတွေ အကုန်လုံးဟာ တကယ်ကြီး အစွမ်းထက် နေကြတာလား။

“ဟီး … ဟီး …။ အစ်ကိုကန်းက လွန်ခဲ့တဲ့ နှစ်ဝက် ကတည်းက သူ့ရဲ့ ကြယ်အလင်း နတ်ဘုရားစွမ်းရယ်ကို နိုးထနိုင်ခဲ့ပြီးပြီကွ။ လီဖူချန်း  … မင်းသေရမယ့် အချိန်ရောက်ပြီ”

လျူကျင်းက စိတ်ထဲကနေ ကြိမ်းဝါး လိုက်ပါတယ်။

“ဟမ့် … နတ်ဘုရား စွမ်းရည် ဖြစ်တော့ကော ဘာအရေးလဲ”

ဒါက လီဖူချန်းရဲ့  ဒုတိယအကြိမ်မြောက် နတ်ဘုရားစွမ်းရည် နိုးထ ထားနိုင်သူနဲ့ ထိပ်တိုက် တွေ့ဆုံခြင်းပါပဲ။

ဆိုတာနဲ့ နတ်ဘုရားစွမ်းရည် တစ်ခုရဲ့ အစွမ်းထက်မြက်မှုဟာ အရိုးတည်ဆောက်ပုံ အင်းကွက် အပေါ်မှာ ဘယ်လောက် နားလည်သလဲ သက်ဆိုင်ပါတယ်။ အရိုးတည်ဆောက်ပုံ အင်းကွက် အပေါ်မှာ ပိုပြီး နားလည်လေလေ၊ နတ်ဘုရားစွမ်းရည်က ပိုပြီး အစွမ်းထက်လေလေပါပဲ။

ပြီးတော့  နတ်ဘုရားစွမ်းရည်က ကျင့်ကြံခြင်း အဆင့်အပေါ်မှာလည်း မူတည် ပါသေးတယ်။ ကျင့်ကြံခြင်းအဆင့် မြင့်လာလေလေ၊ လူရဲ့ ခန္ဓာကိုယ် အတွင်းက သွေးကြောတွေ ပွင့်လာလေလေ ဖြစ်ပြီး သွေးကြောတွေ ပိုပွင့်လာတာနဲ့အမျှ နတ်ဘုရား စွမ်းရည်ဟာ ပိုပေါက်ကွဲနှုန်း အားကောင်း လာနိုင်ပါတယ်။

နောက်ဆုံးအနေနဲ့ သက်ဆိုင်တာကတော့ ချီအတွင်းအား ကျင့်စဉ်တွေရဲ့ အဆင့်အတန်းပါပဲ။ အဆင့်အတန်းမြင့်တဲ့ ချီအတွင်းအား ကျင့်စဉ်တွေက  သွေးကြောတွေကို ပိုပွင့်စေ နိုင်ပါတယ်။

လျူကန်းရဲ့ ကြယ်အလင်းဓားချီ နတ်ဘုရား စွမ်းရည်ကတော့ ရှင်းတိကောဝမ်ရဲ့  နတ်ဆိုးမိုးကြိုး နတ်ဘုရားစွမ်းရည်နဲ့ ယှဉ်လို့ ရနေပါပြီ။

ရှင်းတိကောဝမ်က လျူကန်းထက် ကျင့်ကြံခြင်း အဆင့်၃ဆင့် မြင့်ပေမဲ့လည်း လျူကန်းရဲ့ ချီအတွင်းအား ကျင့်စဉ် အဆင့်အတန်းက အဲဒီ ကွာဟမှု ကွက်လပ်ကို ညီမျှသွားအောင် ပြန်ဖြည့် ပေးပါတယ်။

ရှင်းတိကောဝမ်နဲ့ တိုက်ခိုက်ခဲ့တုန်း ကတော့ လီဖူချန်းဟာ ပြန်လည်ဝင်စားခြင်း နယ်ပယ် အဆင့်၃မှာသာ ရှိနေသေးတာပါ။ အဲဒီအတွက် သူက ရှင်းတိကောဝမ်လောက် သွေးကြောတွေ မဖွင့်ခဲ့ရ သေးပါဘူး။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ လီဖူချန်းက မီးလျှံ အင်းကွက်ရဲ့ ၅၅ရာခိုင်နှုန်းကို နားလည် သဘောပေါက်ခဲ့ပါပြီ။ အဲဒီအတွက် သူက ရှင်းတိကောဝမ်ထက်ကို အနည်းငယ်သာ နိမ့်ကျပါတော့တယ်။

“မဟာဝိညာဉ်နှစ်ပါး လာစမ်း”

လီဖူချန်းရဲ့ ဦးခေါင်း အထက်မှာတော့ ရွှေရောင်ဆင်ဝိညာဉ် တစ်ခုနဲ့ မဟူရာ ကျားဝိညာဉ် တစ်ခုဟာ တစ်ချိန်တည်း ဖြစ်တည် လာခဲ့ပါပြီ။ အဲဒီနောက်မှာတော့ လီဖူချန်းဟာ ကျားဝိညာဉ် လက်သီးကို အမြင့်ဆုံးအဆင့်အထိ မြှင့်တင်လိုက်ပြီး ကြယ်အလင်း ဓားချီကို  ထိုးထည့် လိုက်ပါတော့တယ်။

ဘန်း …

ကြယ်အလင်းဓားချီနဲ့ အားကောင်းလှတဲ့ လက်သီးတို့ ထိပ်တိုက် အတွေ့မှာတော့ ပတ်ဝန်းကျင် လေဟာနယ် တစ်ခုလုံးဟာ စွမ်းအင်လှိုင်းတွေကြောင့် တွန့်လိမ် သွားခဲ့ပါပြီ။

ခရပ် … ခရပ် …

အဲဒီနောက်မှတော့ ကြယ်အလင်းဓားချီဟာ စတင် အက်ကွဲစ ပြုလာပါတယ်။  ဒါက ရေပူနဲ့ရေအေး ရောထည့်ခံလိုက်ရတဲ့  ဖန်ခွက် တစ်လုံးလိုပါပဲ။

“ဒီဓားချီက မပျက်စီးသေးဘူးလား”

လီဖူချန်းက အလိုမကျဟန်နဲ့ မျက်မှောင်ကြုတ် လိုက်ပါတယ်။

သာမန်ဓားချီတွေ ဆိုရင်တော့ စွမ်းအား ပျက်ပြယ်သွားပြီး ဆိုတာနဲ့ တစ်ပြိုင်နက် ပျက်စီးသွားလေ့ ရှိပေမဲ့ ဒီကြယ်အလင်း ဓားချီကတော့ စွမ်းအား ပျက်ပြယ် သွားတာတောင်မှ မပျက်စီးသေးပါဘူး။

“ပျက်စီးစမ်း”

လီဖူချန်းက လက်သီးကို ဆုပ်လိုက်ပြီး  နောက်ထပ်တစ်ကြိမ် ထိုးလိုက်ပါတယ်။

ဝုန်း …

ဒီတစ်ကြိမ်မှာတော့ ကြယ်အလင်း ဓားချီဟာ တစ်စစီ ပြန့်ကျဲသွားခဲ့ပါပြီ။ ဒါပေမဲ့လည်း အဲဒီပြန့်ကျဲသွားတဲ့ ဓားချီဟာ အစိတ်အပိုင်းလေးတွေ အဖြစ်နဲ့ လီဖူချန်းအပေါ်ကို ကျရောက်လာခဲ့ ပြန်ပါတယ်။ ဒါက ဓားချီပိုက်ကွန်တစ်ခု အုပ်မိုး လာသလိုပါပဲ။

“နတ်ဘုရားစွမ်းရည်က လျော့တွက်လို့ မရဘူးပဲ”

လီဖူချန်းက သက်ပြင်းချလိုက်ပြီး သူ့ရဲ့ ဘယ်လက်လက်ညှိုးနဲ့ လက်ခလယ်ကို ပူးလိုက်ပြီး ဓားချီပိုက်ကွန်ကို ချိန်ရွယ် လိုက်ပါတယ်။

ရွှီး …

အစိမ်းရောင် ရောင်ခြည် တစ်ခုဟာ အားကောင်းစွာနဲ့  ဖြာထွက်လာခဲ့ပါပြီ။ အဲဒီ အစိမ်းရောင် ရောင်ခြည်နဲ့ အတွေ့မှာတော့ ဓားချီပိုက်ကွန်ဟာ ရေပူစမ်းထဲကို ပျော်ဝင်ကျသွားတဲ့ နှင်းပွင့်တွေလို ဖြစ်သွား ပါတော့တယ်။

မြေကမ္ဘာအဆင့်မြင့် ဓားသိုင်း၊ နေဝန်းစိမ်း ဓားဆန္ဒ  …

တကယ်လို့ မြေကမ္ဘာ အလယ်အလတ် အဆင့်ဖြစ်တဲ့ အထက်ကောင်းကင်ဘုံ ဓားသိုင်းက လီဖူချန်းရဲ့ ချီအတွင်းအား ကျင့်ကြံခြင်းကို အဆင့်ငါးဆင့် မြှင့်တင်ပေး နိုင်တယ်ဆိုရင် နေဝန်းစိမ်း ဓားဆန္ဒ ဓားသိုင်းက လီဖူချန်းရဲ့ ချီအတွင်းအား ကျင့်ကြံခြင်းကို အဆင့်၈ဆင့် မြှင့်တင် ပေးနိုင်ပါတယ်။ အဲဒီထက် ပိုအရေးကြီးတာက နေဝန်းစိမ်း ဓားစက်ကွင်းပါပဲ။

အချက်အလက်တွေအရ ဆိုရင်တော့ နေဝန်းစိမ်း ဓားစက်ကွင်းဟာ တစ်ဖက်လူရဲ့ လှုပ်ရှားမှုတွေကို တုံ့ဆိုင်း သွားစေတဲ့အပြင် တိုက်ခိုက်မှု အရှိန်ကိုပါ ပျက်ပြယ်စေနိုင်စွမ်း ရှိပါတယ်။

မြေကမ္ဘာ အဆင့်မြင့် ဓားသိုင်းထဲမှာ ခိုဝင်ကိန်းအောင်း နေတဲ့ ဓားတာအို ဥပဒေသက  ဟာသ မဟုတ်ပါဘူး။ အဲဒါက မြေကမ္ဘာ အလယ်အလတ်အဆင့် ဓားသိုင်းထဲမှာ ခိုဝင်ကိန်းအောင်း နေတဲ့ ဓားတာအို ဥပဒေသထက် အများကြီး ပိုသိပ်ဒီးပါတယ်။

***

All Chapters