← Chapters

အဘိုးကြီး၊ ခဗျား ဘယ်သူ့အကြောင်းပြောနေတာလဲ

Vol. 71 Ch. 988

အဘိုးကြီး၊ ခဗျား ဘယ်သူ့အကြောင်းပြောနေတာလဲ

Vol. 71 Ch. 988

ပြည်ထောင်စုကြီးတစ်ခုလုံးမှာ စိတ်လှုပ်ရှားနေ၏။ ကျင့်ကြံသူပေါင်း မြောက်မြားစွာမှာ လေပေါ်သို့ ပျံတက်လာကြပြီး ကောင်းကင်ယံထဲရှိ သက်တံ့ကြီးအား စိုက်ကြည့်နေကြသည်။ သူတို့၏ နှလုံးသားထဲတွင် ခံစားချက်မျိုးစုံဖြင့် ဗြောင်းဆန်နေပြီ ဖြစ်သည်။ လူ ထောင်သောင်းများစွာ နေအဖွဲ့အစည်း မန္တန်အစီအရင်ကြီးထဲမှ တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်အား ကြည့်ရှုနေကြစဉ် ဝမ်ပေါင်လဲ့မှာ မြန်ဆန်လွန်းနေသောကြောင့် ကမ္ဘာဂြိုဟ်၏ အပြင်ဘက်သို့ ချက်ချင်းရောက်ရှိသွား၏။ သူသည် စကြဝဠာကြီးထဲသို့ ခြေတစ်လှမ်း လှမ်းသွားလိုက်ပြီး ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီးဆီမှ ထွက်ပေါ်လာသော အလင်းတန်းကြီး၏ နောက်သို့ ပါသွားသည့် သဲ့ယွင်ကျစ်အား လိုက်လံဖမ်းဆီးနေပြီဖြစ်သည်။

သဲ့ယွင်ကျစ်၏ နတ်ဘုရားဝိညာဥ်မှာ ဖမ်းဆီးခံရတော့မည်ဖြစ်ကြောင်း သိလိုက်ရသောအခါ တုန်ရီသွားသည်။ သူသည် မျက်ဝန်းများထဲတွင် ကြောက်စိတ်များဖြင့် ပြည့်နှက်နေပြီး အသံကုန်အော်ဟစ်လိုက်၏။

" ဂိုဏ်းတူအစ်ကိုကြီး။ ကယ်ပါဦးဗျ "

သူ ထိုသို့ အော်ဟစ်လိုက်စဉ်မှာပင် ဝမ်ပေါင်လဲ့၏ လူရိပ်မှာ ထိုအလင်းတန်းကြီး၏ အနီးသို့ အလျင်အမြန် ရောက်ရှိလာ၏။ သူ၏ ဘေးရှိ ဟင်းလင်းပြင်ကြီးထဲတွင်လည်း အက်ကွဲကြောင်းတစ်ခု ရုတ်တရက်ဆိုသလို ပေါ်ပေါက်လာသည်။ ထို့နောက် ထိုအက်ကွဲကြောင်းကြီးထဲမှ လက်ကြီးတစ်ဖက် ဆန့်ထွက်လာ၏။ ထိုလက်ကြီးမှာ မှုန်ဝါးဝါး ဖြစ်နေပါသော်လည်း အလွန်အင်မတန်မှ မြန်ဆန်နေဆဲပင်။ ထို့အပြင် ထို လက်ကြီးထဲ၌ သဲ့ယွင်ကျစ်၏ ဂြိုဟ်ထက် ပို၍အစွမ်းထက်သည့် ဂြိုဟ်တစ်လုံး၏ စွမ်းအားများ ကိန်းအောင်နေ၏။ ၎င်းမှာ အလယ်အလတ် ဂြိုဟ်အဆင့် စွမ်းအားများမဟုတ်ဘဲ ဂြိုဟ်ထိပ်ဆုံးအဆင့်တွင် ရှိနေသည့် စွမ်းအားများဖြစ်သည်။

ထိုလက်ကြီးမှာ ပေါ်ပေါက်လာသည်နှင့် ဝမ်ပေါင်လဲ့အား လှမ်း၍ ဖမ်းဆုပ်လိုက်၏။

" သတိပြန်ရလာတာ တစ်ယောက်တည်း မဖြစ်နိုင်ပါဘူးလို့ အခုလေးတင်ပဲ ငါတွေးနေတာ " ထို ဧရာမလက်ကြီး သူ့ဆီသို့ ဦးတည်လာသောအခါ ဝမ်ပေါင်လဲ့မှာ အေးစက်စက် လေသံဖြင့် ရယ်မောလိုက်၏။ ထို့နောက် သူသည် သူ၏ ညာဘက်လက်ကို မြှောက်ကာ အောက်သို့ လက်ညှိုးထိုးချလိုက်သည်။ ထိုအခါ မြူခိုးအမြောက်အမြား ထွက်ပေါ်လာပြီး သူ၏ရှေ့တွင် ဧရာမ လက်ချောင်းကြီး တစ်ချောင်းအသွင် ပြောင်းလဲသွား၏။ ၎င်းမှာ တိမ်လွှာလက်ချောင်းဖြစ်ပြီး ဧရာမ လက်ကြီးဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်သွားနေပြီဖြစ်သည်။

ခဏအကြာတွင် အုန်းခနဲမြည်သံကြီးတစ်သံမှာ အရပ်မျက်နှာအနှံ့၌ ပဲ့တင်ထပ်သွားသည်။ ဝမ်ပေါင်လဲ့၏ တိမ်လွှာလက်ချောင်း ဧရာမလက်ကြီးအား ဝင်တိုက်သွားချိန်တွင် အားကောင်းသော စွမ်းအင်လှိုင်းတစ်မျိုးမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွား၏။ ထို့နောက် လူရိပ်တစ််ခုမှာ ဟင်းလင်းပြင်ကြီးထဲရှိ အက်ကွဲကြောင်းထဲမှ ထွက်လာတော့သည်။

သူသည် အသက်အရွယ် အိုမင်းနေသည့်ပုံ မပေါ်ဘဲ သက်လတ်ပိုင်းလူကြီးတစ်ယောက် ဖြစ်ပြီး မျက်စိမျက်နှာ ပျက်နေ၏။ သူသည် အပြင်ဘက်သို့ ထွက်လာသည်နှင့် သူ၏ လက်နှစ်ဖက်ကိုမြှောက်ကာ အားပါပါ ဝှေ့ယမ်းလိုက်သည်။ ထို့နောက် သူသည် မန္တန်လက်ကွက်များ ဖော်လိုက်သဖြင့် သူ၏ရှေ့တွင် လက်ဖွဲ့အဆောင်တစ်ခု ပေါ်ပေါက်လာ၏။ ထို လက်ဖွဲ့အဆောင်မှာ အပြင်ဘက်၌ ပေါ်ပေါက်လာသည်နှင့် ချက်ချင်းဆိုသလိုပင် အရွယ်အစားကြီးမားလာပြီး ဝမ်ပေါင်လဲ့ဆီသို့ တန်းတန်းမတ်မတ် ဦးတည်လာတော့သည်။

အလင်းတန်းကြီးထဲမှတစ်ဆင့် အဝေးသို့ ထွက်ပြေးနေသည့် သဲ့ယွင်ကျစ်မှာလည်း အံကြိတ်ကာ သူ၏ခြေလှမ်းများကို ရပ်တန့်လိုက်၏။ ထို့နောက် သူသည် အလင်းတန်းကြီးထဲမှ ပြေးထွက်လာကာ လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်တစ်ခု ဖော်လိုက်ပြီး အသံကုန်ဟစ်လိုက်တော့သည်။

" ချုပ်နှောင်စေ "

သူ ထိုသို့ အော်ဟစ်လိုက်သည်နှင့် သူ၏ရှေ့တွင်လည်း မှုန်ဝါးဝါး လက်ဖွဲ့အဆောင်တစ်ခု ပေါ်ပေါက်လာ၏။ ၎င်းမှာလည်း သူ၏ ဂိုဏ်းတူအစ်ကိုကြီး၏ လက်ဖွဲ့အဆောင်နှင့်အတူ ဝမ်ပေါင်လဲ့ဆီသို့ ဦးတည်သွားပြန်သည်။

ဝမ်ပေါင်လဲ့မှာမူ သူတို့နှစ်ယောက် ပူးပေါင်းတိုက်ခိုက်လိုက်သည်ကို မြင်လိုက်ရသောအခါ အမူအရာ ပြောင်းလဲသွားခြင်း မရှိပါသော်လည်း မျက်လုံးများ မှေးသွား၏။ သူသည် လက်ဖွဲ့အဆောင်နှစ်ခုအား လျစ်လျှူရှူထားလိုက်ပြီးနောက် နောက်သို့ ချာခနဲလှည့်သွားပြီး သူ၏နောက်တွင် ရှိနေသည့် ဟင်လင်ပြင်ကြီးအား လှမ်းကြည့်လိုက်သည်။ ထို့နောက် သူသည် သူ၏ ညာဘက်လက်ကို မြှောက်ကာ အောက်သို့ ဖိချလိုက်တော့သည်။

ထိုအခါ ရှေးဟောင်းဂြိုဟ်ကိုးလုံးမှာ ထစ်ချုန်းသံများနှင့်အတူ သူ၏နောက်တွင် ပေါ်ပေါက်လာ၏။ စည်းမျဉ်းဥပဒေသ ကိုးခုမှာလည်း အလင်းတန်းကိုးခုအသွင် ပြောင်းလဲသွားပြီး ထိုဟင်းလင်းပြင်ကြီးဆီသို့ ဦးတည်သွားသည်။

တစ်ချိန်ထဲမှာပင် ဝမ်ပေါင်လဲ့မှာ တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ သူ၏ ခန္ဓာကိုယ်အား ပေါက်ကွဲသွားစေလိုက်ပြီးနောက် မြူခိုးများအဖြစ် ပြောင်းလဲကာ အရပ်မျက်နှာအနှံ့သို့ အလျင်အမြန် ပျံ့နှံ့သွား၏။ သူသည် သဲ့ယွင်ကျစ်နှင့် သူ၏ ဂိုဏ်းတူအစ်ကိုကြီးတို့၏ လက်ဖွဲ့အဆောင်များကို ရှောင်တိမ်းကာ ထိုနေရာမှ ထွက်ခွာသွားနိုင်ရန် ကြိုးစားနေခြင်းဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် စည်းမျဉ်းဥပဒေသကိုးခု တိုက်ခိုက်လိုက်သည့် နေရာတွင် သူ၏ နှလုံးသားကို တုန်ရီသွားစေခဲ့သည့် အငွေ့အသက်တစ်မျိုး ရှိနေသောကြောင့်ပင်။ ဝမ်ပေါင်လဲ့၏ အာရုံခံနိုင်စွမ်းများအရဆိုလျှင် ထို အငွေ့အသက်များမှာ ဂြိုဟ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ အငွေ့အသက် မဟုတ်ဘဲ ထာဝရကြယ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ အငွေ့အသက်များ ဖြစ်နေသည်။

အဖြစ်အပျက်များမှာ မြန်ဆန်လွန်းနေ၏။ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ် မြူခိုးများအဖြစ်ပြောင်းလဲသွားပြီး အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားချိန်တွင် သူ၏ စည်းမျဉ်းဥပဒေသ အလင်းတန်းကိုးခု တိုက်ခိုက်လိုက်သည့် ဟင်းလင်းပြင်ကြီးထဲ၌ အက်ကွဲကြောင်းတစ်ခု ပေါ်ပေါက်လာသည်။ ထို့နောက် ထိုအက်ကွဲကြောင်းထဲမှ အနက်ရောင် ဘူးသီးခြောက်တစ်လုံး ပျံထွက်လာ၏။

ထို ဘူးသီးခြောက် ပေါ်ပေါက်လာသည်နဲ့ ၎င်း၏ အဖုံးမှာ အလိုလို ပွင့်သွားပြီး အားကောင်းသော စုပ်ယူအားတစ်မျိုး ပေါ်ထွက်လာသည်။ တစ်ချိန်ထဲမှာပင် ဟင်းလင်းပြင်ကြီးထဲရှိ အက်ကွဲကြောင်းကြီးထဲမှ စကားသံတစ်သံ တိုးတိုးလေး ထွက်ပေါ်လာ၏။

" စုစည်းစေ "

ထိုစကားသံ ထွက်ပေါ်လာသည်နှင့် ဝမ်ပေါင်လဲ့၏ စည်းမျဉ်းဥပဒေသအလင်းတန်းကိုးခုမှာ ရှောင်တိမ်းနိုင်စွမ်း မရှိတော့ဘဲ ထို ဘူးသီးခြောက်လေး၏ စုပ်ယူခြင်းကို ခံလိုက်ရ၏။ တစ်ချိန်ထဲမှာပင် ထို ဘူးသီးခြောက်လေးထဲမှ ထွက်ပေါ်လာသည့် စုပ်ယူအားများမှာ ဘေးပတ်ဝန်းကျင် တစ်ခုလုံးထဲ၌ ချက်ချင်းပြည့်နှက်သွားသဖြင့် ဘေးပတ်ပတ်လည်ရှိ ဟင်းလင်းပြင်ကြီးထဲတွင် တုန်ခါမှုလှိုင်းများ ပေါ်ပေါက်လာတော့သည်။ ထို့ကြောင့် အာကာသကြီးတစ်ခုလုံးမှာ အေးခဲသွားသည့်အလားပင်။ ဝမ်ပေါင်လဲ့၏ ကိုယ်ပွားထဲမှ ထွက်ပေါ်လာသည့် မြူခိုးများမှာလည်း ဖိနှိပ်ချုပ်တည်းခံလိုက်ရသဖြင့် ဆက်လက် ပျံ့နှံ့နိုင်စွမ်းမရှိတော့ပေ။ ထို့နောက် ၎င်းတို့မှာလည်း စုပ်ယူခံနေရသည့်အလား ဘူးသီးခြောက်လေးဆီသို့ မျောလွင့်သွား၏။

မြူခိုးများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည့် ဝမ်ပေါင်လဲ့၏ ကိုယ်ပွားမှာ ကြိုးစားရုန်းကန်နေဆဲ ဖြစ်ပါသော်လည်း ထို ဘူးသီးခြောက်လေးမှာ တမူထူးခြားပေသည်။ ၎င်း၏ စွမ်းအားများ နောက်ထပ်တစ်ကြိမ်ထပ်၍ ပေါက်ကွဲထွက်ပေါ်လာချိန်တွင် ဝမ်ပေါင်လဲ့၏ မြူခိုးများမှာ ထို ဘူးသီးခြောက်လေးထဲသို့ စုပ်ယူခံလိုက်ရသဖြင့် လုံးဝ ပျောက်ကွယ်သွားတော့သည်။

ထိုမြူခိုးများ စုပ်ယူခံလိုက်ရသည်နှင့် နတ်မျက်လုံးလူမှုအဖွဲ့အစည်းထဲ၌ တရားထိုင်နေသည့် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အစစ်မှာ မျက်လုံးများ ပွင့်လာ၏။

သူ မျက်လုံးများပွင့်လာသောအခါ နတ်မျက်လုံး ထာဝရကြယ်ကြီးပေါ်တွင် မီးတောက်များ တောက်လောက်လာသည်။ ထို့နောက် လျှပ်စီးတန်းများမှာလည်း နတ်မျက်လုံးလူမှုအဖွဲ့အစည်း တစ်ခုလုံးထဲ၌ ပြည့်နှက်သွား၏။ ဝမ်ပေါင်လဲ့မှာမူ အံ့ဩမှင်တက်ဖွယ်ရာကောင်းသည့် အငွေ့အသက်များကို ထုတ်လွှတ်နေပြီဖြစ်သည်။ သူသည် မျက်ဝန်းများ အေးစက်စွာတောက်ပနေသလို သူ၏ ခန္ဓာကိုယ်ထဲမှလည်း ကြောက်မက်ဖွယ်ရာ စွမ်းအင်လှိုင်းများ ထွက်ပေါ်နေသေးသည်။ ထို့အပြင် သူ၏ တာအိုဂြိုဟ်နှင့် ရှေးဟောင်းဂြိုဟ်ကိုးလုံးမှာလည်း သူ၏ ခန္ဓာကိုယ်အပြင်ဘက်၌ ခပ်ရေးရေးမျှ ပေါ်ပေါက်လာ၏။ နောက်ဆုံးတွင် ဝမ်ပေါင်လဲ့မှာ အေးစက်စွာ နှာမှုတ်လိုက်သည်။

" ဒဏ်ရာအပြင်းအထန်ရထားတဲ့ ထာဝရကြယ်အဆင့် ကျင့်ကြံသူတစ်ယောက်ပဲ " ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အစစ်မှာ ထိုသို့ ရေရွတ်လိုက်ပြီးနောက် သူ၏ ညာဘက်လက်ကို မြှောက်ကာ မန္တန်လက်ကွက်များ ဖော်လိုက်၏။ ထိုအခါ နတ်မျက်လုံး ထာဝရကြယ်ကြီး၏ မီးတောက်များမှာ နောက်ထပ်တစ်ကြိမ်ထပ်၍ တောက်လောင်လာပြီး သူ့အား လွှမ်းခြုံသွားတော့သည်။ ထို့နောက် တည်နေရာပြောင်းရွှေ့ခြင်း စွမ်းအားများ ပေါ်ပေါက်လာ၏။ မီးတောက်များ လွင့်ပါးပျောက်ကွယ်သွားချိန်တွင် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အစစ်မှာလည်း နတ်မျက်လုံး လူမှုအဖွဲ့အစည်းထဲမှ လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်သည်။

ဝမ်ပေါင်လဲ့၏ ကိုယ်ပွား ဘူးသီးခြောက်ထဲသို့ စုပ်ယူခံလိုက်ရချိန်တွင် ၎င်း၏ ဘေးရှိ အက်ကွဲကြောင်းကြီးထဲမှ လူငယ်လေးတစ်ယောက် ထွက်လာ၏။

ထိုလူငယ်လေးမှာ ဝတ်ရုံတစ်ခုကို ဆင်မြန်းထားပြီး အသက် ဆယ့်သုံးနှစ်၊ ဆယ့်လေးနှစ်အရွယ်သာ ရှိသေးသည့်ပုံ ပေါ်ပါသော်လည်း သူ၏ဆံပင်နှင့် မျက်ခုံးမွေးများမှာ အဖြူရောင်ဖြစ်နေ၏။ ထို့အပြင် သူသည် ရှေးဆန်သော အငွေ့အသက်များကို ပိုင်ဆိုင်ထားသေးသည်။ သူသည် အပြင်ဘက်သို့ ထွက်လာပြီးနောက် သူ၏ ညာဘက်လက်ကို မြှောက်ကာ ဘူးသီးခြောက်လေးအား လှမ်းယူလိုက်၏။ ထို့နောက် သူသည် ကြယ်တာရာများကဲ့သို့ ဝင်းလက်တောက်ပနေသည့် မျက်ဝန်းတစ်စုံဖြင့် သဲ့ယွင်ကျစ်နှင့် သက်လတ်ပိုင်းကျင့်ကြံသူကြီးတို့အား လှမ်းကြည်လိုက်တော့သည်။

ထိုအခါ ထိုနှစ်ယောက်မှာ တစ်ကိုယ်လုံး တုန်ရီသွားကြပြီး ထို လူငယ်လေး၏ ရှေ့၌ ချက်ချင်း ဒူးထောက်လိုက်ကြ၏။

" မင်္ဂလာပါ ဆရာ "

ထို လူငယ်လေးမှာ သူတို့၏ ဆရာဖြစ်သည်။ ထို့အပြင် သူသည် ကျယ်ပြန့်တာအိုနန်းတော် တည်ရှိရာ ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီးပေါ်ရှိ တစ်ဦးတည်းသော ထာဝရကြယ်အဆင့် ခေါင်းဆောင်ကြီးလည်း ဖြစ်ပေသည်။

ထိုစဉ်တုန်းက သဲ့ယွင်ကျစ်တစ်ယောက်သာလျှင် နိုးထလာခဲ့ခြင်း မဟုတ်ပေ။ သူ၏ ဂိုဏ်းတူအစ်ကိုကြီးနှင့် ကျယ်ပြန့်တာအိုနန်းတော်၏ ထာဝရကြယ်အဆင့် ခေါင်းဆောင်ကြီးလည်း နိုးထလာခဲ့၏။ သို့သော် သူ၏ ဒဏ်ရာများမှာ အလွန်အင်မတန်မှ ပြင်းထန်နေခဲ့သည့်အပြင် သူ၏ ကျင့်ကြံခြင်းစွမ်းအား အများစုမှာလည်း ကုန်ခန်းသွားခဲ့ပြီ ဖြစ်သည်။ သူသည် သူ၏ တပည့်နှစ်ယောက်ဆီမှ နှစ်ပေါင်းများစွာ အကူအညီများ ရယူခဲ့သည့်တိုင်အောင် ကျင့်ကြံခြင်းစွမ်းအား အနည်းငယ်မျှသာ ပြန်လည်ရရှိခဲ့သည်။

သို့သော် ထို ထာဝရကြယ်အဆင့် ကျင့်ကြံသူကြီးမှာ အဆုံးမဲ့မျိုးနွယ်စု ကျယ်ပြန့်တာအိုနန်းတော်အား ဖျက်ဆီးချေမှုန်းခဲ့စဉ်တုန်းက အသက်ရှင်လျက် လွတ်မြောက်သွားခဲ့သည်ဖြစ်ရာ အလွန်အင်မတန်မှ အစွမ်းထက်ကာ တမူထူးခြားကြောင်း သိနိုင်ပေသည်။

သဲ့ယွင်ကျစ်နှင့် သူ၏ ဂိုဏ်းတူအစ်ကိုကြီး ထိုကျင့်ကြံသူ ပေါ်ပေါက်လာသည်နှင့် ချက်ချင်း ဒူးထောက်ကျသွားသည်ကို ကြည့်လျှင် သူ မည်မျှအထိ အစွမ်းထက်ကြောင်း သိနိုင်ပေသည်။ ထို့အပြင် ထိုနှစ်ယောက်မှာ ဒူးထောက်အရိုအသေပေးလိုက်ပြီနောက် သူတို့၏ အမှားများကိုပင် ဝန်ခံလိုက်သေးသည်။

" သိပ်မကြာသေးခင်တုန်းကမှ ဂြိုဟ်အဆင့်ကို ရောက်လာခဲ့တဲ့ ဒေသခံ ငမြောက်ငခြောက်တစ်ကောင် ပြဿနာရှာနေတာပါ။ ဒီလို ဘာမှမဟုတ်တဲ့ ကိစ္စလေးတစ်ခုကြောင့် ဆရာ ကျင့်ကြံခြင်း လေ့ကျင့်နေတာ အနှောင့်အယှက် ဖြစ်သွားရပြီ။ ကျေးဇူးပြုပြီးတော့ သူ့ကို အပြစ်ပေးပါ ဆရာ "

" ဟုတ်ပါတယ်ဆရာ။ သူ့ကို အပြစ်ပေးပါ " သဲ့ယွင်ကျစ်နှင့် သူ၏ ဂိုဏ်းတူအစ်ကိုကြီးတို့မှာ အလွန်အင်မတန်မှ စိုးရိမ်တုန်လှုပ်နေ၏။ သူတို့မှာ သူတို့၏ ဆရာအကြောင်းကို ကောင်းကောင်းကြီး သိထားသည် မဟုတ်ပါလော။ သူသည် စိတ်ဆတ်ပြီး လက်ရဲဇက်ရဲရှိသော လူတစ်ယောက် ဖြစ်ပေသည်။ သို့ဖြစ်ရာ သူတို့နှစ်ယောက်မှာ သူ၏ရှေ့၌ အသက်ပင်ကျယ်ကျယ် မရှူရဲကြပေ။

လူငယ်လေးမှာမူ မျက်လုံးများ မှေးသွားပြီး သူ၏လက်ထဲမှ ဘူးသီးခြောက်အား ငုံ့ကြည့်လိုက်၏။ ထိုအခါ သူ၏ မျက်ဝန်းများထဲတွင် သံသယစိတ်များ ပေါ်ပေါက်လာသည်။ သူသည် ထို ကျင့်ကြံသူမှာ ထူးဆန်းနေကြောင်း ခံစားနေရခြင်းဖြစ်၏။ သို့သော် သူသည် သူ၏ ကျင့်ကြံခြင်းစွမ်းအားများ၏ ဆယ်ရာခိုင်နှုန်းခန့်ကိုပင် ပြန်မရသေးသောကြောင့် လျှို့ဝှက်ဆန်းကြယ် ပညာရပ်များကို အသုံးမပြုနိုင်ဘဲ ဖြစ်နေရ၏။ ထို့ကြောင့်လည်း သူသည် သူ၏ သံသယများကို အတည်အပြုနိုင်ဘဲ ဖြစ်နေရခြင်း ဖြစ်သည်။

လောလောဆယ်တွင် သူသည် ထို ဘူးသီးခြောက်အား ကျယ်ပြန့်တာအိုနန်းတော်ဆီသို့ ပြန်ယူသွားပြီး ပြင်ပစွမ်းအားများကို အသုံးပြုကာ ၎င်းအား သန့်စင်ရန် ကြံရွယ်ထားသည်။ သူသည် ထိုသို့ သန့်စင်ကာ ထိုကျင့်ကြံသူ၏ လျှို့ဝှက်ချက်များကို သိရှိနိုင်ရန် ကြိုးစားမည်ဖြစ်သည်။ ထို့ကြောင့်လည်း သူသည် သူ၏တပည့်နှစ်ယောက်အား အပြစ်ပေးခဲ့ခြင်းမရှိဘဲ သူတို့အား လှမ်းကြည့်ကာ တည်ကြည်စွာဆိုလိုက်သည်။

" ဒီကောင်က သာမန် ငမြောက်ငခြောက်တစ်ကောင်တော့ မဟုတ်ဘူးကွ။ သူက... "

သို့သော် ထိုလူငယ်လေးမှာ စကားဆုံးအောင် မပြောနိုင်ခင်မှာပင် မျက်နှာအမူအရာ ပြောင်းလဲသွားပြီး အပေါ်သို့ မော့ကြည့်မိလိုက်၏။ ထိုအခါ သူသည် ခပ်လှမ်းလှမ်းရှိ စကြဝဠာကြီးထဲ၌ အလင်းရောင်ပင်လယ်ကြီးတစ်စင်း ပေါ်ပေါက်လာသည်ကို မြင်လိုက်ရသည်။ ၎င်းမှာ စကားလုံးများနှင့် ဖော်ပြ၍ မရနိုင်လောက်အောင် အားကောင်းသည့် အငွေ့အသက်များကို ထုတ်လွှတ်ကာ သူရှိရာဘက်သို့ အရှိန်အဟုန်ဖြင့် စီးဆင်းလာနေ၏။

ထို အလင်းရောင်ပင်လယ်ကြီးထဲ၌ အရောင်ကိုးရောင် ရှိနေသည်။

ထိုအရောင်များမှာ စည်းမျဉ်းဥပဒေသကိုးခုအား ကိုယ်စားပြု၏။ ထို အလင်းရောင်ပင်လယ်ကြီးမှာ အတားအဆီးမရှိ ထွက်ပေါ်လာခြင်းဖြစ်သောကြောင့် နေအဖွဲ့အစည်းထဲရှိ စကြဝဠာကြီးမှာ တုန်ရီနေရ၏။ လူငယ်လေးအား အံ့ဩတုန်လှုပ်သွားစေခဲ့သည့် အချက်မှာ စည်းမျဉ်းဥပဒေသကိုးခု ပေါင်းစည်းသွားရာမှ ပေါ်ပေါက်လာသည့် ထို အလင်းရောင်ပင်လယ်ကြီးထဲတွင် အရပ်မျက်နှာအနှံ့ရှိ သက်ရှိများအားလုံးကို ဖိနှိပ်ချုပ်တည်းနိုင်သည့်ပုံပေါ်သော အထွတ်အထိပ် စည်းမျဉ်းဥပဒေသ စွမ်းအားတစ်မျိုး ရှိနေခြင်းပင်။ ထိုစွမ်းအားကြီးမှာ တောင်ကြီးတစ်လုံး ပြိုကျလာသကဲ့သို့ သူတို့သုံးယောက်အား ချက်ချင်း လွှမ်းခြုံသွား၏။

" ဒီ စည်းမျဉ်းဥပဒေသစွမ်းအားကြီးက... "

" တာအိုဂြိုဟ်တစ်လုံးပါလား " လူငယ်လေးမှာ မျက်နှာအမူအရာ လုံးဝပြောင်းလဲသွားပြီး သူ၏ မျက်လုံးများကိုပင် မယုံကြည်နိုင်လောက်အောင် ဖြစ်နေတော့သည်။ ထိုအချိန်တွင် သူ၏ လက်ထဲရှိ ဘူးသီးခြောက်လေးမှာ အပြင်းအထန် တုန်ရီသွား၏။ ထိုဖြစ်စဉ်ကြီး တစ်ခုလုံးမှာ အသက်ရှုကြိမ် နှစ်ကြိမ်မျှသာ ကြာမြင့်ပေသည်။ အလင်းရောင်ပင်လယ်ကြီး အရာအားလုံးကို လွှမ်းခြုံသွားသည်နှင့် ဘူးသီးခြောက်လေးမှာ အုန်းခနဲမြည်အောင် ပေါက်ကွဲသွား၏။ ထို့နောက် ဝမ်ပေါင်လဲ့၏ ကိုယ်ပွားထဲမှ ထွက်ပေါ်လာခဲ့သည့် မြူခိုးများမှာ အလင်းရောင်ပင်လယ်ကြီးနှင့် ချက်ချင်း ပေါင်းစည်းသွားသည်။ တစ်ချိန်ထဲမှာပင် သူတို့သုံးယောက်မှာ အေးစက်စက် စကားသံကြီးတစ်သံအား ကြားလိုက်ရ၏။

" အဘိုးကြီး။ ခဗျား ဘယ်သူ့ကို ငမြောက်ငခြောက်လို့ ခေါ်နေတာလဲ “

All Chapters