← Chapters

စုရုံးကြခြင်း

Vol. 13 Ch. 178

စုရုံးကြခြင်း

Vol. 13 Ch. 178

“ဝှစ် … ဝှစ် …“

ကြီးမားသော အလင်းတန်းကြီးများက အားလုံး၏ စိတ်ဝင်စားစွာ ကြည့်နေရင်းမှ ကောင်းကင်ထက်က ကျဆင်းလာခဲ့သည်။ ထိုအရာက အမှန်တကယ်ကို ခမ်းနားကြီးကျယ်သော မြင်ကွင်းပင် ဖြစ်သည်။

အလင်းတန်းကြီး များက သူတော်စင် အကြွင်းအကျန် ဒေသရှိ ကွဲပြားသော ဧရိယာအနှံ့သို့ ပျံ့နှံ့ ဖြန့်ကြက်သွားသည်။ ဒါပေမဲ့ အလင်းတန်းတိုင်းက ပုံရိပ်တစ်ခုစီ ကိုပဲ ကျဆင်းတာ ဖြစ်တယ်။

ထိုသူများက ရှင်းလင်းစွာပင် သူတော်စင်ကျောက်ပြား ပေါ်မှ အမည်ရှင်များ ဖြစ်ကြသည်။

ရွှေရေကန်၏ အနီးဝန်းကျင်တွင်

အလင်းတန်း သုံးခုက ကောင်းကင်မှ ဆင်းသက်လာပြီး ဇူယွမ်၊ လုလျိုနှင့် ကျိန်းရွီးတို့ အပေါ်တွင် ထွန်းလင်းသည်။

ထန်ထန်ကတော့ ကျဆင်းလာသော အလင်းတန်းများ၏ အပြင်ဘက်တွင်ရှိနေသည်။

ထန်ထန်သည် မကျေမနပ် ဖြစ်စွာ ဟိန်းလိုက်ပြီး အလင်းတန်းများ ဆီသို့ ပြေးဝင်လိုက်သည်။ သို့သော်လည်း နောက်ဆုံးတွင် အလင်းတန်းမှ ဖယ်ထုတ်ခြင်း ခံလိုက်ရသည်။

ဇူယွမ်က ခေတ္တမျှ ကြက်သေသေ သွားသော်လည်း နောက်ဆုံးတွင် သူက ခေါင်းယမ်းလိုက်သည်။ ကြည့်ရတာ သူတော်စင် အကြွင်းအကျန် ဒေသက အကြီးမြတ်ဆုံးသော ကောင်းချီးနယ်မြေကို မူလသားရဲ တွေကို ရရှိဖို့ ခွင့်မပြုရုံ သာမက ဝင်ခွင့်ပြုပုံလည်း မရပေ။

“ထန်ထန် ငါတို့ကို ဒီမှာပဲ စောင့်နေပါ” ဇူယွမ်က နှစ်သိမ့်ရန် ကြိုးစားလိုက်သည်။

ထန်ထန်က စိတ်ဓာတ်ကျစွာ လဲလျောင်းလိုက်ကာ စိတ်အားငယ်မှုကို ဖော်ပြပြီး ဝမ်းနည်းအားငယ်သော အကြည့်ဖြင့် ကြည့်လိုက်သည်။

လုလျိုက ဝမ်းနည်းစွာ ပြောလိုက်သည်။ “ဘယ်လောက်တောင် ဝမ်းနည်းဖို့ ကောင်းလိုက်လဲ။ ထန်ထန်သာ ပါလာခဲ့ရင် ကြီးမားတဲ့ အကူအညီ တွေရမှာပဲ”

ထန်ထန်၏ တိုက်ပွဲဝင်စွ မ်းရည်မှာ လျော့တွက်၍ မရပေ။ ဝူဟောင်ပင် သူ့ကြောင့်ဘယ်လို ဒဏ်ရာရသွားလဲ ဆိုသည်ကို မည်သူမှ မမြင်နိုင်ခဲ့ပေ။

အတန်ကြာ ဝမ်းနည်းနေကြပြီးနောက် လုလျိုက သူမ၏ခေါင်းကို တစ်ဖက်သို့ လှည့်လိုက်ပြီး ကောင်းကင်ပေါ်ရှိ သူတော်စင် မျှော်စင်ကို ကြည့်ကာသူမ၏ မျက်နှာတွင် စိတ်လှုပ်ရှားမှု များနှင့် ပြည့်နှက်လာသည်။ အလွန်ပြင်းထန်သော တိုက်ပွဲများ မကြာခင် ဖြစ်ပေါ်တော့မည်ကို သူမသိပေသည်။

“နောက်ဆုံးကပွဲ ကတော့ နောက်ဆုံးမှ စတင်တော့မှာပဲ”

ထိုအခြေအနေတွင် အမြဲ ဖြူရော်နေသည့် ကျိန်းရွီး၏ မျက်နှာပင်လျှင် သူပတ်ပတ်လည်ရှိ အလင်းများကို ကြည့်ရင်း အနည်းငယ် တောက်ပနေသည်။

ဇူယွမ်က ကောင်းကင်ကို ကြည့်လိုက်ပြီး သူပတ်ဝန်းကျင်ရှိ အလင်းရောင်များကို ကြည့်ပြီး မျက်မှောင်ကြုတ် လိုက်သည်။ သူ၏လက်သီးကို တင်းကျပ်စွာ ဆုပ်လိုက်ပြီး ထက်ရှတဲ့ အရှိန်အဝါများက တရိပ်ရိပ် တက်လာခဲ့သည်။

ဝူဟောင် ငါတို့ရဲ့ အကြွေးတွေကို စာရင်းရှင်းရမယ့် အချိန်ရောက်ပြီ။

မင်းငါ့ဆီက ခိုးယူသွားတဲ့ အရာအားလုံးကို ငါကိုယ်တိုင် ဒီနေ့ ပြန်ယူမယ်။

သူတော်စင် အကြွင်းအကျန် ဒေသအတွင်းမှ မရေမတွက် နိုင်သော ပါရမီရှင် များက တဖြည်းဖြည်း မြင့်တက်သွားသော ပုံရိပ် (၃၈) ခုကို အားကျစွာ ကြည့်နေကြသည်။

“ဘယ်လောက်တောင် သနားဖို့ ကောင်းလိုက်တဲ့ ငါလဲ အကြီးမားဆုံးသော ကောင်းချီးအတွက် ယှဉ်ပြိုင်ဖို့ အခွင့်အရေးကို ဆုံးရှုံးခဲ့ရပြီ။

“ဟူး … ငါ့ရဲ့  စွမ်းရည်က နိမ့်ကျနေတာကို”

“အနည်းဆုံးတော့ အဲလူတွေရဲ့ တိုက်ပွဲတွေကို ကြည့်ရမှာမို့ ကံကောင်းပါသေးတယ်။ ငါသိချင်မိတယ် အဆုံးသတ်မှာ ဘယ်သူက ထိပ်ဆုံးနေရာကို ရရှိမလဲ ဆိုတာ”

“ငါတို့ ဝူဟောင် ဒါမှမဟုတ် လုချန်းချူလို့ ထင်တယ်”

“ယဲ့မင်လည်း အခွင့်အရေးကောင်း တွေရှိတယ်။ သူက အလွန်အမင်းကို စွမ်းအား ပြည့်ဝလွန်းတယ်။ ပြီးတော့ လုချန်းချူက သူ့လက်ထဲမှာ ရှုံးနိမ့်ခဲ့တာ မလား”

“တုံးရွမ်တိုက်ကြီးက လူတွေသာ အကြီးမြတ်ဆုံးသော ကောင်းချီးကို ယူဆောင်သွားတာကို ငါတို့ ခွင့်ပြု ပေးလိုက်ရရင် ငါတို့ ကန်မင်တိုက်ကြီးက လူတွေ မျက်နှာပျက် ရလိမ့်မယ်”

“ဇူရှောင်ယို ကိုလည်း မမေ့ထားနဲ့။ သူက ဝူဟောင်နဲ့ ယဲ့မင်တို့ကိုတောင် ပူးပေါင်း သွားစေနိုင်အောင် ခွန်အားရှိတဲ့ သူ့ရဲ့ သန်မာမှုက ဒီလူအုပ်ကြီးရဲ့ ထိပ်ဆုံးမှာ ရပ်တည်နေတယ်။ ငါဒီနေ့ သူ့ရဲ့ ထူးချွန်ပြောင်မြောက် လွန်းတဲ့ စွမ်းအားတွေကို ဒီနေ့ မြင်တွေ့ခွင့်ရမလား မသိဘူး”

“ဟီးဟီး စစ်မှန်တဲ့ အကောင်ကြီးတွေရဲ့ တိုက်ပွဲကို မြင်ရတော့မယ်”

“...”

သူတော်စင် အကြွင်းအကျန် ဒေသ၏ နေရာတိုင်း ထောင့်တိုင်းမှ မရေမတွက် နိုင်သော တီးတိုး ဆွေးနွေးသံများ ထွက်ပေါ်လာသည်။

မရေမတွက် နိုင်သော အကြည့်များ အောက်တွင် ပုံရိပ် ၃၈ခုသည် အလင်းတန်းတိုင်များ တစ်လျှောက် ရွေ့လျားသွားပြီး ကြီးမားသော အလင်းရောင် စင်မြင့်ကြီးပေါ်သို့ ရောက်ရှိသွားသည်။

ဇူယွမ်က ကြီးမားလှသော စင်မြင့်ပေါ်တွင် ရပ်ရင်း ထိုစင်မြင့် ၏ ခိုင်ခံ့မှုကို ခံစားမိပေသည်။

သူက ပတ်ပတ်လည်ရှိ ၃၈ ယောက်သော ပါရမီရှင် တွေကို တစ်ယောက်ပြီး တစ်ယောက်ယောက် လိုက်ကြည့်နေသည်။

ဇူယွမ်၏ အကြည့်တွေက လှပသော ပုံရိပ်လေးနှစ်ခု ရပ်နေသည့် နေရာသို့ အရောက်တွင် ရပ်တန့်သွားခဲ့သည်။ သူတို့၏ လှပသော မျက်နှာများက ကြီးမြတ်သော လှပမှုနှင့် အတူ တောက်ပလျက် များစွာသော အကြည့်တို့၏ ဂရုစိုက်မှုကို ဆွဲယူထားသည်။

သူတို့က ထင်ရှားစွာပင် ယောင်ယောင်နှင့် ကျိုးချူးချင်ယုတို့ ဖြစ်သည်။

“ဟေး ... အစ်မကြီးယောင်ယောင်” လုလျိုက အလျင်အမြန်ပဲ သူတို့ကို လက်ဝှေ့ယမ်း ပြလိုက်သည်။

သူမ၏ အသံကြားသောအခါ ယောင်ယောင်၏ အကြည့်က သူတို့ လူစုပေါ်သို့ ရောက်ရှိသွားပြီး ဇူယွမ်ကို မြင်သည်နှင့် အရာအားလုံးကို အဖက်မလုပ်သော သူမ၏မျက်နှာပေါ်တွင် တောက်ပသော အပြုံးတစ်ခု ပေါ်လာခဲ့သည်။

သူမက ကျိုးချူးချင်ယုနှင့် အတူ လမ်းလျှောက်၍ လာခဲ့သည်။

“ဟီးဟီး အစ်မကြီး ယောင်ယောင် အစ်မရဲ့ ပုံစံအမှန်ကို ပြန်ယူလိုက်ပြီပေါ့” လုလျိုက ယောင်ယောင်ဘေးနားမှာ ရှိနေသော ကျိုးချူးချင်ယုအား                  ကြည့်ပြီး ပြောလိုက်သည်။

“လုလျို။ နင်ငါ့ကို မပြောခဲ့တာကို ငါတကယ် မယုံနိုင်ခဲ့ဘူး” ကျိုးချူးချင်ယုက မေးကြောများ ထောင်လာသည်အထိ အံ့ကြိတ်ပြီး လုလျိုအား မုန်းတီးစွာ ကြည့်လျက် ပြောလိုက်သည်။ သူတို့ သူတော်စင် အကြွင်းအကျန် နယ်မြေမှာ ရှိစဉ်က လုလျိုက သူမအား အရူးတစ်ယောက်လို ကြည့်နေသည်မှာ အသေအချာပင် ဖြစ်သည်။

“ဘယ်သူ့ကိုနင် အပြစ်တင် ချင်နေတာလဲ နင်ကိုယ်တိုင် ကိုက အရူးတစ်ပိုင်း ဖြစ်နေတာမလား” လုလျိုက ပြောင်ချောချော မျက်နှာနှင့် ပြောလိုက်သည်။

ယောင်ယောင်က မိန်းကလေးနှစ်ယောက် ငြင်းခုံနေသည်ကို လျစ်လျူရူ လိုက်ပြီး ဇူယွမ်အား ကြည့်ကာ ... “မဆိုးဘူး။ နင်ဘယ်နည်းနဲ့ မဆို ဒီနေရာကို ရောက်လာနိုင်ခဲ့တယ်”

ဇူယွမ်က အကူညီမဲ့စွာ ပြန်ပြောလိုက်သည်။ “ငါဒီထက်လည်း မဆိုးနိုင်ပါဘူး ဟုတ်တယ်မလား”

သူ၏ စိတ်ထဲတွင် မထားပေ။ အဘယ်ကြောင့် ဆိုသော ယောင်ယောင်က သူ့အားစနေရုံမျှဖြစ်သည်ကို သူသိသောကြောင့် ဖြစ်သည်။ သူ၏ မျက်လုံးများက ကျဉ်းမြောင်းသွားပြီး မေးလိုက်သည်။ “မင်းအဆင်ပြေရဲ့လား”

ဝူဟောင်နှင့် ယဲ့မင်တို့ လူစု ပေါင်းပြီး သူမကို တိုက်ခိုက်တုန်းက ရရှိသော ဒဏ်ရာအကြောင်း မေးသည်ကို ယောင်ယောင် နားလည်လိုက်သည်။ သူမက ချက်ချင်းပင် ခေါင်းခါလိုက်ပြီး “ငါအနည်းငယ် ပေါ့ဆမိသွားတယ် …”

လုလျိုက ကျယ်လောင်စွာ ပြောလိုက်သည်။ “အစ်မကြီး ယောင်ယောင် ဘာမှကြောက်ဖို့ မလိုတော့ဘူး အခုကျွန်မတို့ နံဘေးမှာလည်း ကျွန်မတို့ အဖွဲ့ရှိနေပြီ။ သူတို့နဲ့တွေ့ရင် သူတို့ကို ကောင်းကောင်းလေး ရိုက်နှက်ပေးမယ်”

“အပေါစား ဆန်လိုက်တာ” ကျိုးချူးချင်ယုက သူမ၏ မျက်လုံးများကို ဝှေ့ကြည့်ရင်းပြောလိုက်သည်။

သူမက ဇူယွမ်ကို ခေါင်းစခြေဆုံး ကြည့်လိုက်ပြီး သူမ၏မျက်နှာတွင် အလွန်အံ့အားသင့် သွားပြီး “မဆိုးဘူးပဲ။ နင်ကောင်းကင်တံခါး အဆင့်ကို ရောက်သွားပြီပဲ”

သူတော်စင် အကြွင်းကျန်မြို့တွင် ရှိစဉ်က ဇူယွမ်မှာ ချီစုဆောင်းမှု အဆင့်သာ ရှိသေးသည့် ကောင်လေးတစ်ယောက် ဖြစ်ပြီး ယောင်ယောင်အား မှီခိုပြီး ဒီနေရာအထိ ရောက်လာခဲ့သည်ဟု သူမထင်ခဲ့သည်။ သို့သော် အခု ကြည့်ရသည်မှာ သူအနေဖြင့် ဇူယွမ်ကို အထင်သေးမိပြီ ဖြစ်သည်။

“ဇူယွမ်ကို အထင်သေးသလို မကြည့်နဲ့။ တကယ်လို့ သူသာ တိုက်ခဲ့ရင် နင်သူ့ကို မရင်ဆိုင်နိုင်ဘူး” လုလျိုက နှာခေါင်းရှုံ့ပြီး ပြောလိုက်သည်။

“ကောင်းပြီ သူအနေနဲ့ ငါ့ကို အရင်ဆုံး ဖမ်းနိုင်ဖို့တော့ လိုတာပေါ့” ကျိုးချူးချင်ယုက တုံ့ပြန်ပြောလိုက်သည်။

ယောင်ယောင်က ဟာသတစ်ခုကို မြင်ရသည့်အလား တခစ်ခစ် ရယ်မောလိုက်သည်။ “တွေ့လား။ ဇူယွမ်က နင်ထင်သလို အားမနည်းပါဘူး။ နင်ငါ့နား အလျော် လိုချင်တယ်လို့ ပြောခဲ့တယ်မလား။ အခုတော့နင် ကြည့်ပြီးကျေနပ်သွားပြီ ထင်တယ်”

ကျိုးချူးချင်ယုက နှုတ်ခမ်းရဲလေး များကို စူလိုက်ပြီး ဇူယွမ်အား နောက်တစ်ကြိမ် ပြန်ကြည့်ကာ ပြောလိုက်သည်။ “ဒီက သခင်မလေးရဲ့ မျှော်မှန်းချက်က မြင့်တယ်နော် သူဝူဟောင်ကို ရိုက်နှက်နိုင်မှ ဆက်ဆွေးနွေး ကြတာပေါ့”

ဇူယွမ်က ထိုမြင်ကွင်းကို ကြည့်ရင်း စိတ်ရှုပ်နေသည်။ သူတို့ ပြောနေသည့် အကြောင်းများနှင့် ပတ်သက်၍ သူလုံးဝကို နားလည် သဘောပေါက်ခြင်း မရှိပေ။ သူမပြောသည့် အလျော်တောင်းသည့် ကိစ္စမှ မည်သို့နည်း။

သူတို့ စကားပြောနေစဉ် အတွင်း ဇူယွမ်နှင့် ယောင်ယောင်တို့၏ အမူအရာ များမှာ ရုတ်တရက် ရပ်တန့်သွားပြီး သူတို့၏ ခေါင်းများကို လှည့်ပြီး ကြည့်လိုက်သည်။ အနီးအနားရှိ စင်မြင့်ထောင့် တစ်နေရာတွင် ပုံရိပ်အချို့က အတူတည်ရှိနေပြီး အံ့အားသင့်ဖွယ့် အရှိန်အဝါ များက သူတို့ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည်။

သူတို့ အုပ်စု၏ ခေါင်းဆောင်မှာ ဝူဟောင်နှင့် ယဲ့မင်တို့ ဖြစ်ပြီး သူတို့၏ နံဘေးတွင် အထွတ်ထိပ် အဆင့်ရှိ တုံးရွှမ်မှ ပါရမီရှင်များ ရှိပြီး ဝူဟောင်၏ နောက်တွင်လည်း အခြားပါရမီရှင်များ ရှိနေပေသေးသည်။

သူတို့ထဲတွင် အလွန်ရင်းနှီးသည့် ပုံရိပ်နှစ်ခု ရှိနေကာ ရှောင်ထျန်းရွမ်နှင့် ဂူလင်းတို့ ဖြစ်သည်။

ရှင်းလင်းစွာပင် ဝူဟောင်အနေဖြင့် လဝက်အတွင်း အဖွဲ့ဝင် အချို့ကို စုဆောင်းနိုင်ခဲ့ဟန် ရသည်။

ထိုအချိန်တွင် ဝူဟောင်နှင့် ယဲမင်တို့မှာလည်း ပြန်လည်၍ ဇူယွမ်နှင့် လုလျိုတို့အား စိုက်ကြည့်လိုက်သည်။

သူတို့အားလုံး၏ သတ်ဖြတ်လိုစိတ် အပြည့် ပါဝင်သော အကြည့်များ ရင်ဆိုင် မိသွားကြသည်။

လုလျို၊ ကျိုးချူးချင်ယုနှင့် ကျန်းရွီးတို့က အရှေ့သို့ လျှောက်လာကြပြီး ဇူယွမ်နှင့်ယောင်ယောင် တို့၏ နံဘေးတွင် လာရပ်သည်။ ရန်လိုသော အငွေ့အသက်များက မျက်လုံးတွင် ပြည့်လာပြီး သူတို့၏ ခန္ဓာကိုယ် အတွင်းမှ မူလချီများက သူတို့ ခန္ဓာကိုယ်မှ လိမ့်တက်လာခဲ့ပြီး တူညီစွာပင် စွမ်းအား ပြည့်ဝမှုများ ထွက်ပေါ်လာသည်။

နှစ်ဖက်လုံးက အဝေးမှနေ၍ မျက်နှာချင်းဆိုင်လိုက်ကြသည်။

အခြားသော ပါရမီရှင် များက အနောက်သို့ ဆုတ်ခွာသွားကြသည်။ နှစ်ဖက် တိုက်ခိုက်မှုတွင် ကြားညှပ်ပြီး မြေစာပင် ဖြစ်မည် စိုးသောကြောင့် အင်အားကြီးမား လှသော အုပ်စုနှစ်ခု အနီးတွင် မည်သူမှ မရပ်ရဲကြပေ။

ယဲ့မင်က ယောက်ယောင်ကို စိုက်ကြည့်လိုက်ပြီး ကောက်ကျစ်စွာ ပြောလိုက်သည်။ “ငါဘယ်တုန်းကမှ မမျှော်လင့်ခဲ့ဖူးဘူး ငါတို့ကို အကြီးအကျယ် ခေါင်းကိုက်စေတဲ့ တစ်ယောက်က အံ့သြစရာ ကောင်းလောက်အောင် လှပလိမ့်မယ်လို့ …”

“သို့သော်လည်း ငါက မိန်းမဖြစ်နေလည်း မညှာတာတတ်ဘူး”

ယောင်ယောင်၏ မျက်လုံးများမှာ ကျဉ်းမြောင်းသွားပြီး အန္တရာယ် ပြုတော့မည့် အလင်းတန်းများက သူမ၏ မျက်လုံးတွင် တောက်ပလာခဲ့သည်။

သူစကား ပြောတော့မည့် အချိန်တွင် အနက်ရောင်ပုံရိပ် တစ်ခုက ဖြည်းညင်းစွာ လမ်းလျှောက်ထွက်လာသည်။ သူ၏ မျက်လုံးများကို အနက်ရောင်ပိတ်စ တစ်ခုဖြင့် စည်းနှောင်ထားပြီး သူ၏လက်တွင် ဓားတစ်ချောင်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။

“ငါတို့ သူတော်စင် မျှော်စင်မှာ ပြန်တွေ့ခဲ့ရင် မင်းက ငါနဲ့ ယှဉ်ပြိုင်ရလိမ့်မယ်”

အက်ရှရှ အသံတစ်ခုက ပတ်ဝန်းကျင်ကို ပျံ့နှံ့သွားခဲ့သည်။

စင်မြင့်ပေါ်တွင် များပြားလှသော ပါရမီရှင် တွေက နောက်သို့ကျုံ့သွားပြီး သူတို့၏ ထိတ်လန့်နေသော မျက်ဝန်းများဖြင့် အနက်ရောင် ဝတ်စုံနှင့် ပုံရိပ်ကို ကြည့်လိုက်သည်။

စကားပြောလိုက်သော သူက မျက်ကန်းဓား လီချန်းကျူ။

ထိုအချိန်တွင်

“ဟီးဟီး ဝူဟောင် နောက်ဆုံးအကြိမ် တွေ့လိုက်ရတုန်းက ငါတို့ကောင်းကောင်း မပျော်လိုက်ရဘူး နောက်တစ်ခေါက် စလိုက်ကြစို့” စွမ်းအားပြည့်ဝ လှသည့် အသံထွက် ပေါ်လာသည်။ အားလုံး၏ အကြည့်တွေ အောက်မှာ ကြွက်သား အပြည့်နှင့် သန်မာလှသော ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။

တိုက်ပွဲဝင် ဂျန်ကီ နန်ကျန်း

ဝူဟောင်က နန်ကျန်းကို မထူးခြားစွာ ကြည့်လိုက်ပြီး “မင်းက ငါနဲ့ ယှဉ်ဖို့ မထိုက်တန်ဘူး”

သူ၏ အကြည့်က ဇူယွမ်ဆီသို့ ဖြည်းညင်းစွာ ရွေ့လျားလာသည်။ “မင်း အသက်ရှင်ရတာ မပျော်တော့ဘူးလား”

ဇူယွမ်က ဝူဟောင်ကို ဓားသကဲ့သို့ ထက်ရှနေသော အကြည့်ဖြင့် စိုက်ကြည့်လိုက်ပြီး

“ငါဆီက အရာအားလုံးကို မင်းက ပျော်ရွှင်စွာ ယူဆောင်သွားတာ အတော်ကြာနေပြီ … ဒါကြောင့်မလို့ မကြာခင် ငါကိုယ်တိုင် အဲအရာတွေကို ပြန်ယူတော့မယ်”

“ဘုန်း“

ထိုအချိန်တွင် ဝူဟောင်၏ ခန္ဓာကိုယ်မှ သတ်ဖြတ်ခြင်း အငွေ့အသက်များ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

All Chapters