← Chapters

အရွေးချယ်ခံ ပြိုင်ပွဲဝင်

Vol. 35 Ch. 462

အရွေးချယ်ခံ ပြိုင်ပွဲဝင်

Vol. 35 Ch. 462

လီဖူချန်းရဲ့ အစွမ်းက လူတွေအားလုံးကို အံ့သြတုန်လှုပ် သွားစေပါတယ်။ လီဖူချန်းအကြောင်းကို သိလှပြီလို့ သူ့ကိုယ်သူ ခံယူထားတဲ့ အန်ရှင်းမိန်တောင်မှ မအံ့သြ၊မတုန်လှုပ်ဘဲ မနေနိုင်ပါဘူး။

အစတုန်းကတော့ အန်ရှန်းမိန်ဟာ သည်တိုက်ပွဲကို အကျိတ်အနယ် တိုက်ခိုက်ကြမယ့် တိုက်ပွဲလို့ ထင်နေခဲ့တာပါ။ ဒါပေမယ့် တကယ့် တကယ်တမ်းမှာတော့ တိုက်ပွဲက တစ်ဖက်စီးနင်း ဆန်လှပြီး လီဖူချန်းက ဓားတစ်ချက်တည်းနဲ့ ဝမ်ဟိုင်လုံကို အနိုင်ယူလိုက်ပါတယ် ။

ဓားချက် တစ်ချက်တည်းနဲ့ နတ်ဘုရားစွမ်းရည်ကို ဖျက်ဆီးနိုင်တယ်ယ် ဆိုတာမျိုးက လူတစ်သန်းမှာတစ်ယောက် မလုပ်နိုင်ပါဘူး။

" လီဖူချန်း……ကောင်းတယ်ဟေ့ "

မန်ချင်းဟန်ကတော့ ပေါင်ကို အားရပါးရ ပုတ်ပြီး အော်လိုက်ပါတယ်။

" မတူညီတဲ့ ဓားသိုင်း လေ့ကျင့်သူအမျိုးမျိုးက မတူညီတဲ့နေဝန်းစိမ်း ဓားဆန္ဒ အမျိုးမျိုးကို ဖန်တီးနိုင်တယ် "

သည်ဆိုရိုးစကားက အကြောင်းမရှိဘဲ ပေါ်လာတာ မဟုတ်ပါဘူး။

လီဖူချန်းရဲ့ နေဝန်းစိမ်း ဓားဆန္ဒက အပြစ်အနာအဆာ ရှာလို့မရတဲ့အထိ ကောင်းမွန်းနေပါပြီ။ ပြီးတော့ အဲဒါက တိုက်ပွဲပုံစံ အမျိုးမျိုး အတွက်လည်း သင့်တော်ပါတယ်။

မန်ချင်းဟန်က မြေကမ္ဘာအဆင့်မြင့် ဓားသိုင်းနှစ်မျိုးကို လေ့ကျင့်ထားသူပါ။ ဒါပေမဲ့ အရည်အသွေးပိုင်း ယှဉ်လိုက်မယ် ဆိုရင်တော့ သူ့ရဲ့ ဓားသိုင်းနှစ်မျိုးက လီဖူချန်းရဲ့ နေဝန်းစိမ်း ဓားဆန္ဒထက် သာလွန်ခြင်း မရှိပါဘူး။

" သည်ကလေးက သက်တံနီဂိုဏ်းရဲ့ ဘုရင်အတန်းအစား တပည့်တွေနဲ့တောင် ယှဉ်လို့ရနေပြီပဲ။ သူ့မှာ လိုအပ်တဲ့ တစ်ခုတည်းသော အရာဆိုလို့သူ့ရဲ့ သိုင်းအခြေခံအုတ်မြစ်ပဲ ရှိတယ် "

လင်းကျူပိုင်ကလည်း ချီးကျူးလိုက်ပါတယ်။

သက်တံနီဂိုဏ်းရဲ့ အပြင်စည်းတပည့်တွေ၊အတွင်းစည်းတပည့်တွေ နဲ့ တိုက်ရိုက်တပည့်တွေ အထက်မှာဆိုရင် ဘုရင်အတန်းအစား တပည့်တွေ ရှိပါသေးတယ်။

ဘုရင်အတန်းအစား တပည့်တွေ ဆိုတာက ပြန်လည်ဝင်စားခြင်းနယ်ပယ် ဒါမှမဟုတ် တိုက်ပွဲဝိညာဉ်နယ်ပယ်မှာ ရှိနေသူတွေပါပဲ။ ဒါပေမဲ့ သူ့တို့ရဲ့ တိုက်ခိုက်နိုင်စွမ်းကတော့ သူတို့ရောက်ရှိနေတဲ့ နယ်ပယ်နဲ့ လားလားမှ မသက်ဆိုင်ပါဘူး။

ဘုရင်အတန်းအစား တပည့်တွေကို သက်တံနီဂိုဏ်းတော်က အနာဂတ် မူလပင်လယ်နယ်ပယ် ဘုရင်တွေအဖြစ် ရှုမြင်ပါတယ်။အဲသည်အတွက် သက်တံနီဂိုဏ်းက သူတို့ကို များပြားလှတဲ့ အရင်းအမြစ်တွေနဲ့ အထောက်အပံ့ ပေးပါတယ်။

" ကြောက်စရာ ကောင်းလိုက်တာကွာ။ ဒါကြောင့်လည်း ကျောင်းအုပ်ကြီးက လီဖူချန်းကို သီးသန့်ကျောင်းသားအဖြစ် လက်ခံခဲ့တာကိုး။လီဖူချန်းရဲ့ ပါရမီ နဲ့ အလားအလာက ဝမ်ဟိုင်လုံထက် ဘယ်နေရာမှာမှ နိမ့်ကျမနေဘူးကွ။ ပြီးတော့ သူ့ရဲ့ ထိုးထွင်းသိမြင်မှုက ဝမ်ဟိုင်လုံထက်တောင် သာနေသေးတယ် "

" မင်းတို့ကောင်တွေ မသိဘူးလား။ လီဖူချန်းက အပြင်စည်း တက္ကသိုလ် ကျောင်းသားဘဝ ကတည်းက ဝမ်ဟိုင်လုံကို အနိုင်ယူပြီး နံပါတ်၁ အပြင်စည်း တက္ကသိုလ်ကျောင်းသား ဖြစ်ခဲ့တာကွ။ မင်းတို့ ကြည့်ထားလိုက်။ သည်ပြိုင်ပွဲမှာလည်း သူက နံပါတ်၁ နေရာကို ရယူပြီး အရွေးချယ်ခံ ပြိုင်ပွဲဝင် ဖြစ်သွားဦးမှာ "

" နံပါတ် ၁ ဟုတ်လား။ ဒါကတော့ လုံးဝ မဖြစ်နိုင်ဘူးဟေ့။ လီဖူချန်းက ဘယ်လောက်ပဲ အစွမ်းထက်တယ်ပြောပြော စွမ်းအင်သတ်မှတ်ချက်ဇယား အဆင့်၁က အစ်ကို စီးတုသောင်းကိုတော့ ယှဉ်နိုင်မှာ မဟုတ်ဘူး "

ပွဲကြည့်စင်တွေဘက်က အတွင်းစည်းတက္ကသိုလ် ကျောင်းသားတွေကတော့ လီဖူချန်းနဲ့ ပက်သက်ပြီး အငြင်းပွားနေကြပါပြီ။

အရွေးချယ်ခံ ပြိုင်ပွဲရဲ့ နောက်ပိုင်းပွဲစဉ် တစ်ခုမှာတော့ ဝမ်ဟိုင်လုံ နဲ့စီးတုသောင်းတို့ ထိပ်တိုက် တွေ့ကြပါတယ်။

လီဖူချန်းရဲ့ အနိုင်ယူ့ခြင်းကို ခံလိုက်ရပေမယ့်လည်း ဝမ်ဟိုင်လုံက လုံးဝ စိတ်ဓာတ်ကျသွားပုံ မရပါဘူး။ သူ့ရဲ့ မျက်လုံးတွေက တိုက်ပွဲကို ပိုပြီး ဆာလောင်ပြင်းပြပုံ ပေါက်နေပါတယ်။

ဝမ်ဟိုင်လုံက အနိုင်မခံ၊ အရှုံးမပေးတဲ့ ဗီဇမျိုးနဲ့ မွေးဖွားလာခဲ့တာပါ။ သူသာလျှင် အမြဲတမ်း နံပါတ်၁ ဖြစ်နေရမယ်ဆိုတဲ့ အစွဲမျိုးကလည်း သူ့ဆီမှာ မရှိပါဘူး။ ဒါပေမဲ့ တစ်နေ့မှာတော့ သူဟာ လူငယ်မျိုးဆက်တွေ အားလုံးရဲ့ ထိပ်ဆုံးမှာ ရပ်တည်နိုင်ရမယ်ဆိုတဲ့ သံန္နိဋ္ဌာန် ရှိပါတယ်။

"အမှောင်ထု ကောင်းကင်ပေါင်းမိုး "

တိုက်ပွဲစတင်ပြီ ဆိုတာနဲ့ အမှောင်ထု ကောင်းကင်ပေါင်းမိုးဟာ ဝမ်ဟိုင်လုံ နဲ့ စီးတုသောင်းတို့ကို အုပ်မိုး သွားခဲ့ပါပြီ။

ဒါပေမဲ့ လီဖူချန်းကတော့ စီးတုသောင်းဟာ တုန်လှုပ်သွားခြင်း မရှိဘဲ တည်ငြိမ်စွာ ရှိနေတာကို သတိပြုမိ လိုက်ပါတယ်။ ကြည့်ရတာတော့ စီးတုသောင်းက အမှောင်ထု ကောင်းကင်ပေါင်းမိုးကိုဂရုမစိုက်တဲ့ ပုံပါပဲ။

" စီးတုတောင်းက ဘယ်လိုအမျိုးအစား ရေစေး နတ်ဘုရားစွမ်းရည်ကို နိုးထ ထားပါလိမ့် "

လီဖူချန်းက ခပ်တိုးတိုး ရေရွတ်လိုက်ပါတယ်။

လီဖူချန်းက နတ်ဘုရားစွမ်းရည် မှန်သမျှကို စိတ်ဝင်စားပါတယ်။ နတ်ဘုရား စွမ်းရည်တွေ ဆိုတာက သိုင်းပညာကို အဆင့်မြှင့်တင်တာနဲ့ အတူတူပါပဲ။ နတ်ဘုရား စွမ်းရည်တိုင်းမှာဆိုရင် အမျိုးမျိုးသော ဥပဒေသတွေ ခိုဝင် ကိန်းအောင်းနေကြပါတယ်။

အမှောင်ထုအတွင်းမှာ ရှိနေတဲ့ ဝမ်ဟိုင်လုံကတော့ အခြေအနေ မဟန်ဘူး ဆိုတာကို ရိပ်စားမိစ ပြုနေပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ သူက စီးတုသောင်းရဲ့ မျက်နှာပေါ်မှာ စိုးရိမ်ကြောင့်ကြမှု နဲ့ စိတ်လှုပ်ရှားမှုကို မတွေ့ရလို့ပါပဲ။

" မတတ်နိုင်ဘူး။ အစွမ်းကုန်တော့ ကြိုးစားရမှာပဲ "

ဝမ်ဟိုင်လုံက အံကို တင်းတင်းကျိတ်လိုက်ပြီး စီးတုသောင်း အနားကို ချည်းကပ်သွားပါပြီ။ သူ့ရဲ့ လှုပ်ရှားမှုက အသံလုံးဝ မထွက်သလို တည်ရှိနေမှုကိုလည်း လုံးဝ မလှစ်ဟ စေခဲ့ပါဘူး။

ဒါပေမဲ့ အဲသည်အချိန်မှာပဲ စီးတုသောင်းက သူ့ရဲ့ နတ်ဘုရား စွမ်းရည်ကို အသက် သွင်းလိုက်ပါတော့တယ်။

စွမ်းအင်လှိုင်းတွေ အချင်းချင်း ပွတ်တိုက်မိပြီးတဲ့ နောက်မှာတော့ ရေနဂါးကြီး တစ်ကောင်ဟာ ဝမ်ဟိုင်လုံ ဆီကို တိုးဝင်လာခဲ့ပါတယ်။

ဝမ်ဟိုင်လုံက လုံးဝ မရှောင်ပါဘူး။ သူက စီးတုးသောင်းရဲ့ ရေစေးနတ်ဘုရားစွမ်းရည်ကို စမ်းသပ်ချင်နေတာ မဟုတ်ပါလား။

ဘန်း……

ရေနဂါးကြီး နဲ့ သူ့ရဲ့ လက်သီးတို့ ဆုံအတွေ့မှာတော့ ဝမ်ဟိုင်လုံဟာ အနောက်ကို အလျင်အမြန် ဆုတ်ပေးလိုက်ရပါတယ်။ ဒါက သူတောင့်ခံနိုင်တဲ့ စွမ်းအားမျိုး မဟုတ်ပါဘူး။

" သွားစမ်း "

အဲသည်နောက်မှာတော့ အခြေအနေကို ရိပ်စားမိသွားတဲ့ ဝမ်ဟိုင်လုံဟာ ရေနဂါးကြီးကို မျက်ကွယ်ပြုလိုက်ပြီး စီးတုသောင်းကိုသာ တိုက်ခိုက်ပါတော့တယ်။

ဟူး……ဟူး……ဟူး……

ဝမ်ဟိုင်လုံရဲ့ လက်သီးရိပ်တွေဟာ စီးတုသောင်းရဲ့ ခန္ဓာကိုယ် တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့ပါပြီ။

ဘန်း……ဘန်း……ဘန်း……ဘန်း……

ဒါပေမဲ့လည်း သူ့ရဲ့ တိုက်ခိုက်မှုက ထိရောက်မှုတော့ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ စီးတုသောင်းရဲ့ အနားမှာ ရစ်သိုင်းနေတဲ့ စွမ်းအင်လှိုင်းတွေက သူ့ရဲ့ တိုက်ခိုက်မှုတွေကို ကာဆီးလိုက်လို့ပါပဲ။

ဖုန်း……

စွမ်းအင်လှိုင်းတွေရဲ့ တန်ပြန်သက်ရောက်မှုကြောင့် ဝမ်ဟိုင်လုံဟာ အနောက်ကိုတောင် ပြန်ပြီး လွင့်ထွက်သွားခဲ့ပါပြီ။

ဂါး……ဂရား……

စီးတုသောင်းရဲ့ ခန္ဓာကိုယ် တစ်ခုလုံးကိုတော့ ရေနဂါးတစ်ကောင်က ရစ်ပတ်ပြီး အကာအကွယ် ပေးထားခဲ့ပါတယ်။

ရေစေး နတ်ဘုရားစွမ်းရည် ……၊ ရစ်ပတ် ရေနဂါး။

ဒါကတော့ စီးတုတောင်း နိုးထ ထားနိုင်တဲ့ နတ်ဘုရားစွမ်းရည်ပါပဲ။

" ကောင်းလိုက်တဲ့ နတ်ဘုရားစွမ်းရည်ကွာ။တိုက်ခိုက်မှုကိုကော ခုခံမှုကိုပါ တစ်ချိန်တည်း လုပ်နိုင်တာပဲ "

လင်းကျုပိုင်က ချီးကျူးလိုက်ပါတယ်။

သည်ရေစေး နတ်ဘုရားစွမ်းရည်နဲ့ ဆိုရင်တော့ စီးတုသောင်းဟာ ဘယ်လိုမှ ရှုံးနိမ့်စရာ အကြောင်းမရှိတော့ပါဘူး။

" ဝိုး…… စီးတုသောင်းရဲ့ နတ်ဘုရားစွမ်းရည်က ထင်ထားသလောက် မရိုးရှင်းဘူးပဲ "

လီဖူချန်းရဲ့ အသိစိတ်အာရုံကလည်း အမှောင်ထု ကောင်းကင်ပေါင်းမိုးထဲကို စိမ့်ဝင်နိုင်တဲ့အတွက် အထဲမှာ ဘာတွေ ဖြစ်ပျက်နေသလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း တွေ့မြင်နေရပါတယ်။

ဝမ်ဟိုင်လုံရဲ့ လက်သီးသိုင်းက ဘယ်လောက်ပဲကောင်းတယ် ဆိုပါစေဦး။ စီးတုသောင်း ဖန်တီးထားတဲ့ ရေနဂါးကြီးကိုတော့ ဖျက်ဆီးနိုင်စရာ အကြောင်း မရှိပါဘူး။

" ရေဆိုတာက ပုံသဏ္ဌာန် အမျိုးမျိုး ပြောင်းနိုင်သလို ဖျက်ဆီးရလည်း ခက်ခဲတယ်။ ဒါပေမဲ့ အားနည်းချက်တော့ သေချာပေါက် ရှိကို ရှိရမယ် "

လီဖူချန်းကတော့ ရေစေးနတ်ဘုရား စွမ်းရည်ကို သေသေချာချာ လေ့လာဆန်းစစ်ပြီး အားနည်းချက်ကို ရှာဖွေဖို့ ကြိုးစားနေပါတယ်။

ဝမ်ဟိုင်လုံကတော့ ဆက်လက် တိုက်ခိုက်နေဆဲပါပဲ။ဒါပေမဲ့ သူက အနီးကပ် မတိုက်ခိုက်တော့ပါဘူး။သူက ရေနဂါးကြီးရဲ့ စွမ်းအင်လှိုင်း တန်ပြန်မှုကို ရှောင်လွှဲဖို့အတွက် အဝေးကနေပဲ တိုက်ခိုက်နေပါတော့တယ်။

" ဒါက မင်း လုပ်နိုင်တာ အကုန်ပဲလား "

နောက်ဆုံးမှာတော့ စီးတုသောင်းက သူ့ရဲ့ တိုက်ခိုက်မှုကိုစတင်လာခဲ့ပါပြီ။ စီးတုသောင်းရဲ့ ကိုယ်မှာ ရစ်ပတ်နေတဲ့ ရေနဂါးကြီးဟာမြင်းတစ်ကောင်သာသာ ရေနဂါးတွေအဖြစ် ပြောင်းလဲသွားပြီး အမှောင်ထု ကောင်းကင်ပေါင်းမိုးကို အဆက်မပြတ် ထိုးဖောက်ပါတော့တယ်။

ဘန်း……ဘန်း……ဘန်း………

အမှောင်ထု ကောင်းကင်ပေါင်းမိုးဟာ အသံတွေကို ထိန်းချုပ်နိုင်တယ် ဆိုပေမယ့်လည်း ရေနဂါးတွေရဲ့ တရစပ် တိုက်ခိုက်မှုကနေ ထွက်ပေါ်လာတဲ့ အသံတွေကိုတော့ မထိန်းချုပ်နိုင်တော့ပါဘူး။

ခရက်……ခရက်……

တစ်ဆက်တည်းမှာပဲ အမှောင်ထု ကောင်းကင်ပေါင်းမိုးဟာ အက်ကွဲစ ပြုလာခဲ့ပါပြီ။

" အင်း……သည်အတိုင်းဆိုရင်တော့ သိပ်မကြာခင်မှာပဲ ဝမ်ဟိုင်လုံ ရှုံးတော့မယ် "

လီဖူချန်းက ခေါင်းငို အသာအယာ ခါရမ်းလိုက်ပါတယ်။ ဝမ်ဟိုင်လုံရဲ့ အမှောင်ထု ကောင်းကင်ပေါင်းမိုးက အစွမ်းထက်ပေမယ့်လည်း ပြီးပြည့်စုံဖို့အတွက် လိုအပ်ချက်တွေ ရှိနေဆဲပါပဲ။တကယ်လို့ ဝမ်ဟိုင်လုံအနေနဲ့ အမှောင်ထု အရိုးတည်ဆောက်ပုံအင်းကွက်ကို ပိုပြီး နားလည်နိုင်ရင်တော့ စီးတုသောင်းကို အနိုင်ယူနိုင် လောက်ပေမယ့်လည်း လက်ရှိအချိန်မှာတော့ သူဟာ စီးတုသောင်းရဲ့ ပြိုင်ဘက် မဖြစ်နိုင်သေးပါဘူး။

အခု လောလောဆယ်မှာတော့ စီးတုသောင်းရဲ့ ရေစေး အရိုးတည်ဆောက်ပုံ အင်းကွက်ပေါ်မှာ နားလည်မှုက ဝမ်ဟိုင်လုံထက် သာနေတယ်ဆိုတာ အသိသာကြီးပါပဲ။

ဝုန်း……

နောက်ဆုံးမှာတော့ အမှောင်ထု ကောင်းကင်ပေါင်းမိုးဟာ တစ်စစီ ပြိုကွဲသွားခဲ့ပါပြီ။ စီးတုသောင်းရဲ့ ရေနဂါးတွေက ကမ္ဘာကြီး တစ်ခုလုံးကိုတောင် ဖျက်ဆီးပစ်တော့မလိုပါပဲ။ဝမ်ဟိုင်လုံကတော့ သိုင်းစင်မြင့် ထောင့်တစ်နေရာမှာ ပုံရက်သား လဲကျနေခဲ့ပါတယ်။

"နှစ်ယောက်စလုံးက နတ်ဘုရားစွမ်းရည်တွေကို နိုးထထားနိုင်ပေမယ့်စီးတုသောင်းရဲ့ ရေစေး နတ်ဘုရားစွမ်းရည်က ပိုအားကောင်းသွားတာပဲ "

လူတွေအားလုံးကတော့ ပွဲမစခင်ကတည်းက စီးတုသောင်း အနိုင်ရမယ်လို့ ထင်ပြီးသား ဖြစ်တဲ့အတွက် ဘာမှ သိပ်မအံ့သြကြပါဘူး။

ဘယ်လိုပဲ ဖြစ်ဖြစ်ပါလေ။ စီးတုသောင်းဆိုတာက အချိန်အကြာကြီးကတည်းက နတ်ဘုရားစွမ်းရည်ကို နိုးထခဲ့ပြီးသားပင် မဟုတ်ပါလား။အဲသည်အတွက် ဝမ်ဟိုင်လုံကို သူ အနိုင်ယူနိုင်တယ်ဆိုတာက သဘာဝပါပဲ။

" ဘာတတ်နိုင်မလဲ။ ငါလည်း အစွမ်းကုန် ကြိုးစားခဲ့တာပဲလေ "

ဝမ်ဟိုင်လုံကတော့ သူ့ကိုယ်သူ ဖြေသိမ့်ပြီး စင်အောက်ကို ဆင်းသွားခဲ့ပါပြီ။ ဒါပေမဲ့ သူ့ရဲ့ မျက်လုံးထဲမှာ တောက်ပနေတဲ့ ပြိုင်ဆိုင်လိုစိတ်ကိုတော့ လူတွေအားလုံးက အထင်းသား မြင်နေရပါသေးတယ်။

သူ့အတွက်ကတော့ ရန်သူက အစွမ်းထက်လေလေ ပြိုင်ဆိုင်လိုစိတ်တွေ ပိုအားကောင်းလာလေလေပါပဲ။ ဘာမှမဟုတ်တဲ့ သူတွေကို အနိုင်ယူရတာက ဘာအဓိပါ္ပယ်မှ မရှိပါဘူး။

မန်ချင်းဟန်ကတော့ ခေါင်း တဆတ်ဆတ် ငြိမ့်နေပြီး ဝမ်ဟိုင်လုံကို ကြည့်နေခဲ့ပါတယ်။

" လီဖူချန်း နဲ့ စီးတုသောင်း "

နောက်ဆုံးမှာတော့ ပြိုင်ပွဲရဲ့ အထွတ်အထိပ် အချိန်အခါကို ရောက်ရှိလာခဲ့ပါပြီ။ဒါကတော့ ရွေးချယ်ခံ ပြိုင်ပွဲဝင်ကိုအဆုံးအဖြတ်ပေးမယ့် အချိန်ပါပဲ။

ပြိုင်ပွဲဝင် ဆယ်ယောက်ထဲမှာဆိုရင် မရှုံးသေးတာဆိုလို့ စီးတုသောင်း နဲ့ လီထူချန်းတို့ နှစ်ယောက်ပင် ရှိတော့တာ မဟုတ်ပါလား။

" အစ်ကို စီးတုသောင်း …… ကျေးဇူးပြုပြီး သင်ပြပေးပါဦး "

လီဖူချန်းက စီးတုသောင်းရဲ့ သာမန်အစွမ်းဟာ ကုဟန်ထက် အနည်းဆုံး အဆင့် တစ်ဆင့်မက မြင့်တယ်ဆိုတာကို သိထားပြီးပါပြီ။

" ညီလေးလီ …… စလိုက်ကြစို့ "

စီးတုသောင်းက သူ့ရဲ့ ကျင့်ကြံခြင်း အဆင့်ဟာ လီဖူချန်းထက် မြင့်တယ်ဆိုတာကို သိတဲ့အတွက် နတ်ဘုရားစွမ်းရည်ကို အလောတကြီး ထုတ်မသုံးထား သေးပါဘူး။

" ဒါဆိုရင်လည်း သတိထားတော့ "

စကားဆုံးတာနဲ့ တစ်ပြိုင်နက် လီဖူချန်းဟာ သူ့ရဲ့ သွေးနီဓားကို ဝှေ့ယမ်းလိုက်ပြီး ဓားအလင်းတန်းတွေကို ပစ်လွှတ်လိုက်ပါတော့တယ်။

" ရေထုအလျင် နတ်လက်ဝါးသိုင်း "

စီးတုသောင်းကလည်း အလာကြီးပါပဲ။ သူက သူ့ရဲ့ မြေကမ္ဘာ အလယ်အလတ်အဆင့် လက်ဝါးသိုင်းကို ထုတ်သုံးပြီး ခုခံလိုက်ပါတယ်။

ဟူး……ဟူး……ဟူး……

အားကောင်းလှတဲ့ လက်ဝါးဆန္ဒ တစ်ခုဟာ လေထုထဲမှာ ဖြစ်တည်လာခဲ့ပါပြီ။ တစ်ဆက်တည်းမှာပဲ လက်ဝါးစက်ကွင်းကြီး တစ်ခုကလည်း ဖြစ်ပေါ်လာပါသေးတယ်။

သိုင်းဆန္ဒ နဲ့ သိုင်းစက်ကွင်းတွေဆိုတာက တိုက်ရိုက်အချိုးကျတဲ့ အရာတွေပါပဲ။ အားကောင်းတဲ့ သိုင်းဆန္ဒ တစ်ခုဟာ အားကောင်းတဲ့ သိုင်းစက်ကွင်းတွေကို ဖြစ်တည်စေပါတယ်။ သိုင်းစက်ကွင်းဆိုတာက သိုင်းဆန္ဒရဲ့ အားကောင်းပုံကို ကိုယ်စားပြုတဲ့ အရာတစ်ခုလို့ ပြောရင်လည်း မမှားပါဘူး။

မြေကမ္ဆာအဆင့် သိုင်းပညာတွေဟာ တတ်သိနားလည်ခြင်း အဆင့်ကို ရောက်ပြီဆိုတာနဲ့ သိုင်းစက်ကွင်းတွေကို ထုတ်ပေးနိုင်ပါတယ်။ ဒါပေမဲ့လည်း အဲသည်သိုင်းစက်ကွင်းတွေက သိုင်းဆန္ဒ မပါဝင်တဲ့အတွက် သိပ်ပြီးတော့ အားမကောင်းလှပါဘူး။ တစ်ဖက်ကမ်းခတ် တတ်မြောက်တဲ့ အဆင့်ကို ရောက်သွားပြီး သိုင်းဆန္ဒ ပါဝင်လာတဲ့ သိုင်းစက်ကွင်းကိုမှသာ တကယ့် အစစ်အမှန် သိုင်းစက်ကွင်း အဖြစ် သတ်မှတ်လို့ ရမှာပါ။

သိုင်းဆန္ဒတွေဆိုတာကလည်း တကယ်တမ်းမှာတော့ သိုင်းတာအိုရဲ့ တစ်စိတ်တစ်ပိုင်းပါပဲ။ ဒါတွေ အားလုံးက ဆက်စပ်မှု မရှိဘူး ထင်ရပေမယ့်တကယ့်တကယ်တမ်းမှာတော့ တစ်နည်းတစ်ဖုံ ဆက်စပ်နေကြပါတယ်။

စီးတုသောင်းရဲ့ ရေထုအလျင် နတ်လက်ဝါးသိုင်းက တစ်ဖက်ကမ်းခတ် တတ်မြောက်ခြင်း အဆင့်ကို ရောက်နေခဲ့ပါပြီ။ အဲသည်အတွက် သူထုတ်လိုက်တဲ့ လက်ဝါးဆန္ဒ နဲ့ လက်ဝါးစက်ကွင်းကလည်း အတော်လေး ပြင်းထန်ပါတယ်။

စီးတုသောင်းရဲ့ လက်ဝါးရိုက်ချက်ဟာ ပတ်ဝန်းကျင် တစ်ခုလုံးကို ဖိနှိပ်ထားပြီးလီဖူချန်းကိုနောက်ဆုတ်ဖို့ နေရာလွတ်တောင် မပေးထားပါဘူး။

ဒါပေမဲ့လည်း လီဖူချန်းကလည်း နောက်ဆုတ်ဖို့ကို မစဉ်းစားထားခဲ့တာပါ။ စီးတုသောင်းရဲ့ လက်ဝါးဆန္ဒက ဘယ်လောက်ပဲ အားကောင်းပါစေဦး။ သူ့ရဲ့ ဓားဆန္ဒကိုတော့ ဖိနှိပ်နိုင်စရာ အကြောင်းမရှိပါဘူး။ သူက ဓားစက်ကွင်းကို မထုတ်သုံးဘဲနဲ့တောင်မှ စီးတုသောင်းရဲ့ လက်ဝါးစက်ကွင်းကို ဖျက်ဆီးပစ်နိုင်ပါတယ်။

ရွပ်……

လီဖူချန်းရဲ့ ဓားအလင်းတန်းတွေက လက်ဝါးဆန္ဒကို ဖောက်ထွက်သွားရုံသာမက စီးတုသောင်းရဲ့ ပခုံးသားကိုပါ ဆွဲဖြဲသွားခဲ့ပါတယ်။ စီးတုတောင်းရဲ့ညာဘက်ပခုံးပေါ်မှာတော့ သွေးတွေ စီးကျနေတဲ့ဓားဒဏ်ရာတစ်ခုက အထင်သားပါပဲ။

" ရစ်ပတ်နဂါး လာစမ်း "

စီးတုသောင်းက အခြေအနေကို ရိပ်စားမိသွား ခဲ့ပါပြီ။ သည်လီဖူချန်းကို အနိုင်ယူဖို့ဆိုတာက နတ်ဘုရားစွမ်းရည်ကို အသုံးမပြုဘဲ မဖြစ်နိုင်ပါဘူး။ ဒါက လုံးဝ ရွေးချယ်စရာ မရှိတဲ့ အရာတစ်ခုလို့ ဆိုရမှာပါ။

ဂါး……ဂရား……

ကြီးမားလှတဲ့ ရေနဂါးကြီးတစ်ကောင် ထွက်ပေါ်လာခဲ့ အပြီးမှာတော့ စီးတုသောင်းရဲ့ ချီအရှိန်အဝါတွေဟာ ဆတက်ထမ်းပိုး တိုးပွားလာခဲ့ပါပြီ ။ သူ့ရဲ့ တိုးပွားလာတဲ့ ချီအရှိန်အဝါတွေကနေ ထွက်ပေါ်လာတဲ့ ဖိအားတွေကြောင့် ပွဲကြည့်ပရိသတ် ကျောင်းသားတွေဟာ တိုက်ပွဲကိုသက်တောင့်သက်သာအားပေးလို့ မရတော့ပါဘူး။ စီးတုသောင်းရဲ့ချီအရှိန်အဝါ ဖိအားတွေက သူတို့ရဲ့ သွေးလေ လည်ပတ်မှုကို ကစဉ့်ကလျား ဖြစ်စေပါတယ်။

" ကောင်းလိုက်တဲ့ နတ်ဘုရားစွမ်းရည် "

လီဖူချန်းကတော့ မထီတရီ ပြုံးနေဆဲပါပဲ။ သူက စီးတုသောင်းရဲ့ နတ်ဘုရားစွမ်းရည်ကိုတောင်မှ လှမ်းပြီး ချီးကျုးလိုက်ပါသေးတယ်။

အမှန်အတိုင်း ပြောရမယ်ဆိုရင်တော့ လီဖူချန်းက သူ့ရဲ့ မီးလျှံနှလုံးသားကို အသုံးပြုပြီး စီးတုသောင်းရဲ့ ရေနဂါးကြီးကို အငွေ့ပံျသွားအောင် လုပ်ပစ်ချင်နေပါပြီ။ ဒါပေမဲ့လည်း စီးတုသောင်းရဲ့ ရေနဂါးကြီးက သူ့ကို မီးလျှံနှလုံးသား ထုတ်သုံးရတဲ့အထိ ဖိအားပေးနိုင်စွမ်း မရှိသေးပါဘူး။

" အစ်ကို စီးတု …… သတိထားတော့ "

စကားဆုံးတဲ့နောက်မှာတော့ လီဖူချန်းက လက်ကောက်ဝတ်ကို လှည့်လိုက်ပြီးထုထည်ကြီးမားလှတဲ့ ဓားအလင်းတန်းကြီး တစ်ခုကို ပစ်လွှတ်လိုက်ပါတော့တယ်။

" လာစမ်းပါ "

စီးတုသောင်းကလည်း နောက်ဆုတ်ရှောင်တိမ်းဖို့ မစဉ်းစားထားပါဘူး။ သူက ရေနဂါးကြီးကို ထိန်းချုပ်လိုက်ပြီး ဓားအလင်းတန်းနဲ့ ထိပ်တိုက် ရင်ဆိုင်စေလိုက်ပါတယ်။

ဘန်း………

ပတ်ဝန်းကျင် လေဟာနယ် တစ်ခုလုံးဟာ လှိုင်းအထပ်ထပ် ထသွားခဲ့သလို သိုင်းစင်မြင့်ဟာလည်း အက်ကွဲစ ပြုသွားခဲ့ပါပြီ။

နတ်ဘုရားစွမ်းရည် ဖြစ်တဲ့ ရေနဂါးကြီးဟာ ဓားချီ အလင်းတန်းကို ခုခံနိုင်ပေမယ့်လည်း ဖျက်ဆီးနိုင်ခြင်းတော့ မရှိခဲ့ပါဘူး။

" ပျက်စီးစမ်း "

စီးတုသောင်းက ညာဘက်လက်ကို လှုပ်ရှားလိုက်ပြီး မြင်းတစ်ကောင်နီးပါးရှိတဲ့ ရေနဂါးတစ်ကောင်ကို ဖန်တီးလိုက်ကာ ကျန်ရှိနေသေးတဲ့ ဓားအလင်းတန်းကို ရစ်ပတ်စေလိုက်ပါတယ်။

" ဟား……ဟား……အစ်ကိုစီးတု……။ အစ်ကိုက ကျွန်တော့်ရဲ့ နေဝန်းစိမ်း ဓားဆန္ဒကို ဖျက်ဆီးနိုင်မယ်လို့ ထင်နေတာလား။ ကျွန်တော်က အစ်ကို့ကို တကယ့်အစစ်အမှန် နေဝန်းစိမ်း ဓားဆန္ဒဆိုတာ ဘာလည်းဆိုတာကိုပြပေးမယ် "

လီဖူချန်းက တစ်ချက်ရယ်လိုက်ပြီး သူ့ရဲ့ သွေးနီဓားကို ဒေါင်လိုက် ဆွဲချလိုက်ပါတယ်။

ချွမ်……

ထွက်ပေါ်လာတဲ့ အသံကတော့ သိပ်မကျယ်ပါဘူး။ ဒါပေမဲ့လည်း ဓားချက်ကနေထွက်ပေါ်လာတဲ့ လင်းရောင်ခြည်တန်းက သိုင်းစင်မြင့်တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့ပါတယ်။ ဒါက နေတစ်စင်း ထွက်လလာသလိုပါပဲ။

အစိမ်းရောင် ရောင်ခြည်တန်းဟာ သူ့ရဲ့ လမ်းကြောင်းမှာ ရှိတဲ့ အတားအဆီး မှန်သမျှကို လောင်ကျွမ်းစေပြီး ဖျက်ဆီးပစ်လိုက်ပါတယ်။

ရဲှ……

ရေနဂါကြီးဟာ အငွေ့ပျံတက် သွားခဲ့သလို စီးတုသောင်း ကိုယ်တိုင်ဟာလည်း သွေးအန်ပြီး သိုင်းစင်မြင့်ပေါ်ကနေ လွင့်ထွက်သွားခဲ့ပါပြီ။သူ့ရဲ့ ခန္ဓာကိုယ်ပေါ်မှာတော့ မီးလောင်ဒဏ်ရာတွေ အပြည့်ပါပဲ။

တစ်ဖက်ကမ်းခတ် တတ်မြောက်ခြင်းအဆင့်ကို ရောက်သွားပြီဖြစ်တဲ့နေဝန်းစိမ်းဓားသိုင်းရဲ့ ဓားဆန္ဒဟာ နတ်ဘုရား စွမ်းရည်တစ်ခုနီးပါး ပြင်းထနိပါတယ်။ အဲသည်အတွက် စီးတုသောင်းရဲ့ ရေနဂါးကြီးဟာ နေဝန်းစိမ်း ဓားဆန္ဒကို ဘယ်လိုမှ မယှဉ်နိုင်ခဲ့ပါဘူး။

" နင့်မေကလွှား…… လီ……လီဖူချန်း နိုင်သွားပြီဟ "

" ဘ……ဘယ်လိုဖြစ်ပြီး လီဖူချန်းက အနိုင်ရသွားတာလဲ "

ပွဲကြည့်စင်တွေပေါ်ကနေ ကြည့်နေတဲ့ ကျောင်းသားတွေကတော့ ပါးစပ်အဟောင်းသားနဲ့ပါပဲ။ သူတို့က ဘာမှတ်ချက် ပေးလို့ ပေးရမယ်မှန်းလည်း မသိတော့ပါဘူး။

" နတ်ဘုရားစွမ်းရည်ကို နိုးထ ထားနိုင်တဲ့ သူတွေဟာ တူညီတဲ့ နယ်ပယ်တစ်ခုမှာ ပြိုင်ဘက်ကင်းတယ် "

သည်နေ့မှာတော့ လီဖူချန်းဟာအဲသည် ဆိုရိုးစကားကို ဖျက်ဆီးပစ်လိုက်ပါပြီ။လီဖူချန်းက နတ်ဘုရားစွမ်းရည်ကို မသုံးဘဲဓားသိုင်းသီးသန့်နဲ့ပဲ နတ်ဘုရားစွမ်းရည်ကို နိုးထထားနိုင်တဲ့ သူတွေကို အနိုင်ယူပြသွားခဲ့ပါတယ်။

" ကောင်းတယ် ……ကောင်းတယ်ဟေ့။ လီဖူချန်း…… အခုချိန်ကစပြီး မင်းက ငါတို့ တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်ရဲ့ အရွေးချယ်ခံ ပြိုင်ပွဲဝင်ပဲ။ မင်းက သိုင်းတက္ကသိုလ် ၂၄ခုရဲ့ အစောပိုင်း အဆင့်တွေကို ဝင်ပြိုင်စရာ မလိုတော့ဘူး။ ပြီးတော့ မင်းက သက်တံနီဂိုဏ်းကို အပြင်စည်းတပည့်အဖြစ် တိုက်ရိုက်ဝင်ခွင့်ရသွားပြီ "

လင်းကျူပိုင်က အလျင်အမြန် မတ်တပ်ထရပ်ပြီး ကြေညာလိုက်ပါတယ်။

အတွင်းစည်းတက္ကသိုလ် ကျောင်းသားတွေ အားလုံးကတော့ ပါးစပ် အဟောင်းသားနဲ့ပါပဲ။

အရွေးချယ်ခံ ပြိုင်ပွဲဝင် တစ်ယောက်က သက်တံနီဂိုဏ်းကို အပြင်စည်းတပည့်အဖြစ် တိုက်ရိုက်ဝင်ခွင့် ရှိသတဲ့လား။ ဒါက အရင် အကြိမ်တွေတုန်းကနဲ့ လုံးဝ မတူဘဲ ကွာခြားလွန်းနေပါတယ်။

***

All Chapters