လင်းဖန်က သာမန်လူမဟုတ်ဘူး (၁)
Vol. 16 Ch. 228
"လခွမ်း အစ်ကိုဖန်က ဒီမှာ ကျောင်းနယ်မြေဘလော့တစ်ခုလုံး ဝယ်လိုက်တာပဲ..."
"အဲ့ဒီ ကျောင်းနယ်မြေ ဘလော့ရဲ့ စျေးက ဘယ်လောက်ရှိလဲ။ အနည်းဆုံးတော့ ၁ ဘီလီယံလောက် ရှိမှာပဲ။"
"ဘလော့ A1 ထဲက ကျောင်းနယ်မြေ အိမ်တွေက တစ်လုံးကို ၈ သန်းလောက် ရှိမယ်ဆိုရင် ဘလော့က အနည်းဆုံး ယွမ် ၁.၆ ဘီလီယံလောက် တန်မှာပဲ။”
"အဓိပ္ပာယ်မရှိဘူး။ အစ်ကိုဖန်က ဘာလို့ ဒီလောက်ချမ်းသာရတာလဲ...."
"တကယ့် ဘော့စ်အကြီးစားပဲ။ ငါတို့ သူနဲ့ ယှဥ်လို့တောင် မရဘူး။"
လုံခြုံရေး အစောင့်များအားလုံး အံ့သြနေသော မျက်လုံးများဖြင့် စုဝေးမိကြသည်။
သာမန် အိမ်တစ်လုံးလောက်ဆို နားလည်နိုင်သေးသော်လည်း အိမ်အလုံး ၂၀၀ တောင်ဖြစ်သည်။
ဘလော့တစ်ခုလုံးဖြစ်၏။
ဒီနေ့ သူဌေးအစစ်တစ်ယောက်ဆိုတာကို မြင်ဖူးခဲ့ပြီ။
သူက Bugatti La Voiture Noire ကြီးကို ကောင်မလေးတစ်ယောက်နဲ့အတူ မောင်းလာခဲ့သည်။
ထို့ကြောင့်လည်း လုံခြုံရေးခေါင်းဆောင်က သူတို့ကို လင်းဖန်အကြောင်း မကောင်း မပြောဖို့ တားမြစ်ခြင်းဖြစ်၏
လင်းဖန်က ဒီအိမ်ရာထဲမှာ ပိုင်ဆိုင်မှုများစွာရှိသူဖြစ်သည်။ ဘယ်သူက သူ့ကို စော်ကားရဲမည်နည်း။
ထိုကြယ်ဥယျာဥ်အိမ်ရာထဲမှာ ဘလော့ A1 ထဲက ကျောင်းအိမ်ရာများက တန်ဖိုးအကြီးမားဆုံးဖြစ်ပါသည်။
...
ကားထဲမှထွက်လာပြီးနောက် လင်းဖန် ဒီက အိမ်ရာစီမံရေး အေးဂျင့်ကို မြင်လိုက်ရပါသည်။
ကြယ်ဥယျာဥ်မှ အိမ်ရာစီမံရေး အေးဂျင့်က လင်းဖန်နှင့် ယခင်တုန်းက Blind Date လုပ်ဖူးသည့် ကောင်မလေး ရှီးထျင်ထျင်ဖြစ်သည်။
သူမ လင်းဖန်ကို မြင်တော့ ရှီးထျင်ထျင် လျှောက်လာခဲ့သည်။ "လင်းဖန် ဂွတ်မောနင်း"
လင်းဖန်က ပြုံးသာ ပြုံးလိုက်ပြီး ရှီးထျင်ထျင်နှင့် လက်ဆွဲနှုတ်ဆက်လိုက်ပါသည်။
"ဟယ်လို"
ဒီကောင်မလေးနဲ့ တစ်ခေါက် Blind Date လုပ်ဖူးသော်လည်း ရှီးထျင်ထျင်အတွက် လင်းဖန်မှာ ဘာခံစားချက်မှမရှိပါ။
ရှားဝမ်ချွေ့ မပြောနဲ့။ ရှီးထျင်ထျင်က သူ့မန်နေဂျာလောက်တောင် မလှပေ။
ရှီးထျင်ထျင်က လင်းဖန်ကို အံ့သြတကြီး ကြည့်လိုက်သည်။ "ကျွန်မ သတင်းကြားလိုက်ရတော့ အရမ်း အံ့သြသွားတာ။ ကြယ်ဥယျာဥ်ထဲ ဘလော့တစ်ခုလုံး တစ်ယောက်ယောက်က ဝယ်သွားတယ်တဲ့။ လက်စသပ်တော့ ရှင်ဖြစ်နေတာကိုး။"
လင်းဖန်က ခေါင်းငြိမ့်လိုက်သည်။ "အင်း ကျွန်တော်လည်း ခင်ဗျားကို ဒီမှာ အိမ်ရာစီမံရေးအေးဂျင့် ဖြစ်နေလိမ့်မယ် ထင်မထားဘူး။ ကျွန်တော်တို့က တော်တော် ရေစက်ပါတာပဲ။"
ရှီးထျင်ထျင် အနည်းငယ် မက်မောသွားသည်။ သူမ နောင်တလည်း ရသွားပါသည်။
အရင်တုန်းက သူမ လင်းဖန်နဲ့ Blind Date တစ်ခု စီစဥ်ခဲ့တုန်းက သွားတောင် မတွေ့ခဲ့ပါ။ နောက်ဆုံးတော့ ဒီလို ချောမောသည့် ယောက်ျားတစ်ယောက်နဲ့ လွဲခဲ့ရလေပြီ။
ရှီးထျင်ထျင်က မေးလိုက်သည်။ "လင်းဖန် ကောင်မလေးရှိနေပြီလား။ မရှိသေးရင် ကိုယ့်အနားက လူတွေကို ထည့်စဥ်းစားလည်း မဆိုးလောက်ဘူးနော်။"
ရှီးထျင်ထျင်က Weibo ကို သိပ်မသုံးဘဲ ရုပ်သံဒရမ်မာကြည့်တာလည်း ရှားပါသည်။ သူမက ပုံမှန်အားဖြင့် အလုပ်များနေတတ်သူဖြစ်သည်။ လင်းဖန်က ပြုံးကာ ပြောလိုက်သည်။ "ကျွန်တော့်မှာ ကောင်မလေးရှိပါတယ်။"
ရှီးထျင်ထျင် အနည်းငယ် ဝမ်းနည်းသွားသော်လည်း ပြုံးတော့ ပြုံးလိုက်ပါသေးသည်။ "ကောင်းတာပေါ့။ ကျွန်မနဲ့ လိုက်ခဲ့ပါ။ အိမ်ငှားတွေ အများကြီး စောင့်နေကြတယ်။"
လင်းဖန်နှင့် လင်းချမ့်ဝေတို့ ဝင်သွားတာကိုကြည့်ရင်း ရှီးထျင်ထျင်တစ်ယောက် သက်ပြင်းသာချနိုင်တော့သည်။
လူတချို့ကို တစ်ခေါက် ဆုံးရှုံးသွားတာနဲ့ တစ်သက်လုံး ဆုံးရှုံးသွားတတ်ပါသည်။
...
အခန်းထဲရောက်သောအခါ လင်းဖန်က အိမ်ငှားများကို ချက်ချင်း တန်းသွားမတွေ့ပေ။
ထိုင်ခုံတစ်လုံးပေါ်မှာထိုင်ရင်း လင်းဖန် A1 ဘလော့ တစ်ခုလုံး၏ အချက်အလက်များကို ယူကြည့်လိုက်သည်။
အိမ်အကုန်လုံးကို ငှားထားပြီးပြီဖြစ်ကာ ခြွင်းချက်မရှိဘဲ အကုန်လုံးက စာချုပ်အသစ်ပြန်ချုပ်ရတော့မည်ဖြစ်သည်။
ထို့အပြင် စာချုပ်အသစ်ကိုလည်း ၁ နှစ်ကျော် ချုပ်ရမည်။ ထိုအခါမှ ဒီကျောင်းနယ်မြေ အိမ်များ၏ တန်ဖိုးအစစ်အမှန်ကို ထင်ဟပ်စေပါလိမ့်မည်။
"အစ်ကိုဖန် အရင်အိမ်ငှားခက တစ်လကို ၂၅,၀၀၀ ပါ။ တစ်နှစ်ကို စုစုပေါင်း ၃၀၀,၀၀၀ ပေါ့။ ဒီက ကျောင်းနယ်မြေအိမ်တွေက စတုရန်းမီတာ ၇၀ - ၈၀ လောက် ရှိတယ်။ ကောက်နုတ်ရ လွယ်ကူအောင်လို့ အိမ်ငှားစျေးက ဒီလောက်သတ်မှတ်ထားတာပါ" လင်းချမ့်ဝေက ပြောလိုက်ပါသည်။
"အင်း နားလည်ပါပြီ။ အိမ်ငှားတွေကို ခေါ်လိုက်တော့" လင်းဖန်က ပြောလိုက်ပါသည်။
အိမ်ငှားများ ဝင်ရောက်လာပြီး လင်းဖန်ကို မြင်လိုက်တော့ မျက်လုံးများ အရောင်လက်သွားကြသည်။
ဒါက စူပါစတား လင်းဖန် မဟုတ်ပါလား။
တစ်နည်းအားဖြင့် လင်းဖန်က ပိုင်ဆိုင်မှုလည်း နည်းပါးသူ မဟုတ်ပေ။
သို့သော်လည်း လင်းဖန်က နာမည်ကျော်တစ်ယောက်ဖြစ်နေပြီ ဖြစ်သော်ငြား ရှားဝမ်ချွေ့လောက်တော့ ရေပန်းမစားသေးပေ။
လောလောဆယ် လင်းဖန်ကို ကြိုက်နှစ်သက်သူအများစုက လူငယ်များ ဖြစ်ကြသည်။ ဒီအသက်ကြီးကြီး အိမ်ငှားများက ငယ်ငယ်ချောချော ကောင်လေးများကို မမက်မောကြပေ။
သို့သော်လည်း စိတ်ဝင်စားသည့်လူအနည်းငယ်တော့ ရှိပါသည်။ ဘယ်လိုပဲဖြစ်ဖြစ် နာမည်ကြီးများက ပိုင်ဆိုင်မှု နည်းပါးသူများ မဟုတ်ကြပေ။ ၎င်းတို့၏ အိမ်ငှားခကိုတောင် လျှော့ခိုင်းလို့ရလောက်ပါသည်။
"ဟယ်လို။ ကျွန်မက အစ်ကိုဖန်ရဲ့ မန်နေဂျာပါ။ ဒီနေ့ အိမ်ငှားစာချုပ်တွေ အသစ်ပြန်ချုပ်ဖို့ ဆွေးနွေးဖို့အတွက် ရောက်လာခဲ့တာပါ။ အဲ့တာကြောင့် ကန့်ကွက်ချင်တာများရှိမယ်ဆိုရင် အခု လွတ်လွတ်လပ်လပ် ပြောလို့ရပါတယ်" လင်းချမ့်ဝေက ချိုချိုသာသာ ပြုံးလိုက်ပြီး ရှိနေသော အိမ်ငှားများကို ကြည့်လိုက်ပါသည်။
အိမ်ငှားများကလည်း ကြယ်ဥယျာဥ်အနားရှိ ကျောင်းများကို တက်ချင်ကြသူများ ဖြစ်ကြသည်။
ဒီက ကျောင်းတွေက အကောင်းဆုံးဖြစ်၏။ ထို့ကြောင့် မိဘများစွာက ၎င်းတို့၏ ကလေးကောင်းစားဖို့အတွက် ဒီက အိမ်မှားကို လာရောက်ငှားရမ်းလေ့ ရှိကြသည်။
ဒီက အိမ်တစ်လုံးကို ဝယ်ယူခြင်းကလည်း အလွန်စျေးကြီးလွန်းပါသည်။ သာမန်လူတွေဆို မတတ်နိုင်လောက်ပါ။
သို့သော် အိမ်ငှားခကလည်း အလွန်စျေးကြီးလွန်းသည်ဟူသော သဘောဖြစ်သည်။
တစ်လကို ၂၅,၀၀၀ ဖြင့် တစ်နှစ် ၃၀၀,၀၀၀ ဆိုတာက အလွန်မျက်စိကျစရာ စျေးနှုန်းဖြစ်နေပါပြီ။
ထို့ကြောင့် အိမ်ငှားတချို့က ပြဿနာရှာချင်၏။
အိမ်ငှားတွေက သူတို့အချင်းချင်း ကြည့်လိုက်ကြသည်။ ၎င်းတို့ လင်းဖန်အား ၎င်းတို့၏ အခြေအနေကို အရင်ဆုံးပြောပြကာ အားလုံး အတူတူ လှုံ့ဆော်လိုက်ပါက လင်းဖန် ဘာပဲဖြစ်ဖြစ် စျေးနှုန်းကို လျှော့ချရလိမ့်မည်။
စူပါစတားတစ်ယောက်က ပိုက်ဆံမရှိဘဲ နေပါ့မလား။ စူပါစတားတစ်ယောက်ဖြစ်သဖြင့် သူက အလွန်ချမ်းသာပါသည်။ သူတို့အိမ်ငှားကို လျှော့ပေးလို့ ဘာအပန်းကြီးမှာလဲ။
သူတို့ကို အိမ်အလကားပေးပြီး အလှူလုပ်လိုက်ပါက ပိုလို့တောင် ကောင်းပါဦးမည်။ ဘာပဲဖြစ်ဖြစ် လင်းဖန်က စူပါစတားတစ်ယောက်ပဲ မဟုတ်ပါလား။
"မင်္ဂလာပါ မစ္စတာလင်း။ ကျွန်တော်က ဒီက အိမ်ငှားတစ်ယောက်ပါ ကျွန်တော့် နာမည် ဝမ်တာ့လုံပါ။ ပြီးခဲ့တဲ့ နှစ်ပိုင်းအတွင်းကစပြီး ကျွန်တော်တို့ရဲ့ ကလေးတွေ ကျောင်းသွားဖို့အတွက် ဒီနေရာကို ငှားခဲ့တာပါ။ ဒါပေမယ့် ကြယ်ဥယျာဥ်ရဲ့ အိမ်ငှားခတွေက အရမ်းမြင့်လွန်းနေတယ်။"
"တစ်လကို အိမ်ငှားခက ၂၅,၀၀၀ ယွမ်တောင်လေ။ ဘယ်သူက တတ်နိုင်မှာလဲ။ မစ္စတာလင်း ကျွန်တော်တို့အတွက် အိမ်ငှားခ လျှော့ပေးပါလားဗျာ" ဝမ်တာ့လုံက ပြောလိုက်သည်။
ဝမ်တာ့လုံက အိမ်ငှားခ လျှော့စေချင်သည့်အကြောင်း ပြောလိုက်တာနဲ့ တခြား အိမ်ငှားတွေလည်း ချက်ချင်း မတ်တပ်ရပ်ကုန်ကြသည်။
"ဟုတ်တယ်။ ဝမ်တာ့လုံပြောတာမှန်တယ်။ မစ္စတာလင်း ခင်ဗျားက ကြယ်ပွင့်ကြီးတစ်ယောက်ပဲဗျာ။ ခင်ဗျား ရုပ်သံဒရမ်မာတစ်ကား ရိုက်လိုက်ရုံနဲ့ သန်းဆယ်ချီပြီး ရနေတာပဲကို။ သေချာပေါက် ပိုက်ဆံ မရှိဘဲ မနေပါဘူး။ ကျွန်တော်တို့ အိမ်ငှားခတွေကို လျှော့ပေးနိုင်ရင် သိပ်ကောင်းမှာပဲ။”