လင်းဖန်က သာမန်လူမဟုတ်ဘူး(၂)
Vol. 16 Ch. 229
"မစ္စတာလင်း ခင်ဗျားက အရမ်းချမ်းသာတာကို။ ခြွင်းချက်ထားလို့ မရဘူးလားဗျာ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့က ကျွန်တော်တို့ ကလေးတွေရဲ့ အနာဂတ်အတွက်ပဲ စဥ်းစားပေးနေကြတာပါ။"
အိမ်ငှားများ ပုန်ကန်လာကြသောအခါ ဝင်ပြောသည့်လူများ ပိုပိုများလာကြသည်။
သို့သော်လည်း အိမ်ငှားအများစုကတော့ ဘာမှမပြောကြပေ။
သူတို့ရဲ့ ဘော့စ်အသစ်အကြောင်းကို သူတို့ မသိရသေးပါ။
ဘာပဲဖြစ်ဖြစ် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ကြယ်ဥယျာဥ်က ၎င်း၏ မူဝါဒကို ပြောင်းလဲထားသည်။ ကျောင်းနယ်မြေအိမ်တစ်လုံး ဝယ်ဖို့ မလိုပေ။ ကျောင်းနယ်မြေတစ်လုံး ငှားလိုက်ရုံနဲ့ ကျောင်းနယ်မြေအိမ်တစ်လုံးကို ပိုင်ဆိုင်ရသည့် အကျိုးကျေးဇူးများကို ခံစားရစေနိုင်ပါသည်။
ထို့ကြောင့် ကြယ်ဥယျာဥ်၏ နှစ်စဥ် အိမ်ငှားခများလည်း တိုးမြင့်လာခဲ့၏။
သို့သော်လည်း လင်းဖန်က လူမှုရေးအတွေ့အကြုံမရှိသည့် လူငယ်လေးတစ်ယောက်သာဖြစ်ပြီး ငွေမရှားသည့် ကြယ်ပွင့်ကြီးတစ်ယောက်ဖြစ်မှန်း အိမ်ငှားများ မြင်လိုက်ရသောအခါ သူတို့ လင်းဖန်ကိုညစ်ပြီး ငွေအနည်းငယ်လောက် သက်သာအောင် လုပ်ချင်ကြသည်။
ဒီလူတွေပြောစကားကတော့ အလွန်ယုတ္တိရှိပါသည်။ သူတို့ပြောလိုက်သည့်စကားလုံးတိုင်းက သူတို့ကလေးအတွက် ဆိုတာချည်းသာ ဖြစ်လေ၏။
လင်းဖန်က ပြုံးကာ ပြောလိုက်သည်။ "ဒါဖြင့်ရင် လစဥ် အိမ်ငှားခကို ဘယ်လောက်လျှော့ပေးစေချင်လဲ။"
လင်းဖန် ထိုကဲ့သို့ပြောတာကိုကြားသွားပြီး ဝမ်တာ့လုံ ပျော်ရွှင်သွားသည်။
သူ့အမြင်မှာတော့ လင်းဖန်က တကယ်ပဲ ချမ်းသာသည့် ဒုတိယမျိုးဆက် သူဌေးသား တစ်ယောက်ဖြစ်သည်ဟု ခံစားလိုက်ရသည်။ ဒီလောက၏ စည်းမျဥ်းများအကြောင်းလည်း နားလည်သူမဟုတ်လောက်ပါ။ တစ်နည်းအားဖြင့် လင်းဖန်ကို ထပ်ပြီး ငွေညှစ်နိုင်သည်။
ဝမ်တာ့လုံက ပြောလိုက်၏။ "မစ္စတာလင်း တစ်လကို ယွမ် ထောင်ဂဏန်းလောက်အထိ လျှော့နိုင်ရင် သိပ်ကောင်းမှာပဲ။ အဲ့တာ ကျွန်တော်တို့ တတ်နိုင်တဲ့ အတိုင်းအတာအတွင်းမှာလည်း ရှိတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့က ရုံးဝန်ထမ်းတွေပါ။ ကျွန်တော်တို့မှာ ပိုက်ဆံ မရှိဘူး။"
တခြား အိမ်ငှားတွေလည်း ချက်ချင်းပဲ သံယောင်လိုက်ကြပါသည်။
"ဟုတ်တယ် ဟုတ်တယ် တစ်လကို ယွမ် ထောင်ဂဏန်းလောက်ပဲဆိုရင် အဆင်ပြေတယ်။ နည်းနည်း စျေးပေါတယ်ဆိုပေမယ့် မစ္စတာလင်း ကျွန်တော်တို့ကို နားလည်ပေးပါဗျာ။ ကျွန်တော်တို့က ခင်ဗျားလောက်မှ မချမ်းသာဘဲ"
"အမှန်ပဲ မစ္စတာလင်း။ တစ်လကို ယွမ်ထောင်ဂဏန်းလောက်ပဲ ထားလိုက်ပါ။ တကယ်တော့ ကျွန်တော့်မိသားစုက အရမ်းကြီး မချမ်းသာပါဘူးဗျာ။ ခင်ဗျားကတော့ ဘာပဲဖြစ်ဖြစ် ဒီလောက်ချမ်းသာနေတာ။ ကျွန်တော်တို့ကို အိမ်တွေ အလကားပေးနေလိုက်ပါလား။ အလှူလုပ်တယ်လိုပဲ သဘောထားလိုက်ပေါ့။"
"ကျွန်တော်လည်း အဲ့လိုပဲထင်တယ်။ ဘာပဲဖြစ်ဖြစ် သူဌေးတွေပဲ အလှူလုပ်နိုင်ကြတာ မဟုတ်လား။ ခင်ဗျားမှာ အိမ်မရှားပါဘူး။ မစ္စတာလင်း။ ကျွန်တော်တို့ အဲ့အကြောင်း ဆွေးနွေးကြည့်ကြမလား။ ကျွန်တော်တို့ရင်ထဲမှာ ခင်ဗျားရဲ့ စေတနာကို အမြဲတမ်း သတိရသွားမှာပါ"
"တကယ်တမ်း အလုပ်မဖြစ်ဘူးဆိုရင်လည်း ကျွန်တော်တို့ တစ်လ အိမ်ငှားခ ယွမ်ထောင်ဂဏန်းလောက် ပေးပါ့မယ်။ မစ္စတာလင်းကို အလကားပေးနေခိုင်းလို့ ဖြစ်ပါ့မလား။ စကားမပြောတတ်ကြဘူးလား။ မစ္စတာလင်းကော ဘယ်လိုသဘောရလဲ။"
အိမ်ငှားတချို့က ဖွင့်ပြောလာကြသည်။
လင်းဖန်ကို ဖိအားပေးဖို့ လူနည်းနည်းလောက် ပိုပြီး မျှားခေါ်နိုင်ရင်ပိုကောင်းမည်။
လင်းဖန်က ဒီနေရာကြီးရဲ့ ပိုင်ရှင်ဖြစ်သော်လည်း လင်းဖန်က အလွန်ချမ်းသာသူဖြစ်သည်။ သူတို့ကို အိမ်ငှားခနည်းနည်းနဲ့ ငှားပေးဖို့ သူ့အတွက် အပန်းမကြီးလောက်ပါ။
လင်းဖန် ထိုစကားများကိုကြားသောအခါ ဒီလူတွေက သူ့ကို ငနုံတစ်ယောက်လို ဆက်ဆံနေမှန်း သိလိုက်ရပါသည်။
စာချုပ်ပါ အကြောင်းအရာများကို များများစားစား သိပ်မသိဘဲ သူ ကောင်းကောင်း နားမလည်သည့် ပရော်ဖက်ရှယ်နယ် ကဏ္ဍများ ရှိသော်လည်း သူ့ဘေးမှာ အလွန်ထူးချွန်သည့် မန်နေဂျာ လင်းချမ့်ဝေ ရှိနေပါသည်။
ဒီနေရာက အိမ်ငှားခတွေက နှစ်စဥ် တိုးနေသည်။ ဘယ်လိုလုပ် ဒီတိုင်း ဆက်ရှိနေနိုင်မှာလဲ။
လင်းဖန်က ငွေမရှားသော်လည်း ငနုံတစ်ယောက်လိုတော့ အဆက်ဆံမခံနိုင်ပါ။
ပြန်စဥ်းစားကြည့်ပါကက ရှားဝမ်ချွေ့ လင်းဖန်၏ စားသောက်ဆိုင်မှာ လာစားခဲ့စဥ်ကတောင် ရှားဝမ်ချွေ့ ပိုက်ဆံရှင်းရသေးသည်။
သူမက လှပရုံနဲ့ ကုန်းဆင်းလို့ရပါ့မလား။
ထို့အပြင် ဒီနေရာမှာ နောက်ထပ် ဖြစ်နိုင်ချေတစ်ခုရှိသေး၏။ တစ်ဆင့်ပြန်ငှားခြင်းဖြစ်သည်။
ဒီလူတွေသာ အိမ်ကို စျေးနည်းနည်းနဲ့ ငှားနိုင်ပြီး စျေးမြင့်မြင့်ဖြင့် တစ်ဆင့်ပြန်ငှားပါက သူတို့ ငွေတွေအများကြီး ရကြလိမ့်မည်။
လင်းဖန်က ပြုံးကာ ပြောလိုက်သည်။ "ခင်ဗျားတို့ကို နားလည်ပါတယ်။ ဒီတော့ အိမ်ငှားခလျှော့စေချင်တဲ့လူတိုင်း စာရင်းတစ်ခုထဲမှာ နာမည်ထည့်လိုက်ကြပါ။ ကျွန်တော် စဥ်းစားပေးပါ့မယ်။"
လင်းချမ့်ဝေက လင်းဖန်ကို သဘောတူစွာ ကြည့်လိုက်သည်။
ဘော့စ်က တကယ်ခြားနားပါသည်။
ဒီလူတွေက သူမ ဘော့စ်ကို လာညစ်ချင်ကြတာလား။ ဆုတောင်းလေ။
"ဟုတ်ကဲ့ပါ မစ္စတာလင်း။ ခင်ဗျားက လူကောင်းတစ်ယောက်ပါ" ဝမ်တာ့လုံက ပြုံးကာ လင်းဖန်ဘေးကို ပြေးသွားပြီး စာရွက်တစ်ရွက်ယူလျက် သူ့နာမည်ကို ချရေးလိုက်ပါသည်။
သိပ်မကြာခင် အိမ်ငှား တစ်ဒါဇင်ကျော်ကျော်လောက်၏ နာမည်များ စာရွက်ပေါ် ရောက်လာ၏။
သို့သော်လည်း အိမ်ငှားအများစုကတော့ ဘာမှ ဝင်မပြောကြပေ။ သူတို့က ငတုံးများ မဟုတ်ကြပါ။
"ချမ့်ဝေ ဒီနာမည်တွေကို မှတ်ပြီးပြီလား" လင်းဖန်က မေးလိုက်ပါသည်။
"ဟုတ်ကဲ့ ထည့်ပြီးပါပြီ" လင်းချမ့်ဝေက ခေါင်းငြိမ့်လိုက်သည်။
"ဒီအိမ်ငှားတွေရဲ့ မနှစ်က အိမ်ငှားစာချုပ် သက်တမ်းကုန်တာနဲ့ ဒီနေ့ကစပြီး ဒီနာမည်တွေ အကုန်လုံးကို Blacklist စာရင်းထဲ ထည့်လိုက်တော့။ ဘလော့ A1 ထဲက အိမ်တွေ အကုန်လုံးကို ဒီလူတွေကို ဘယ်တော့မှ ထပ်မငှားတော့ဘူး" လင်းဖန်က ပြုံးလျက် ပြောလိုက်ပါသည်။
လင်းဖန်၏ မျက်နှာထားကို ကြည့်ရင်း နာမည်ရေးခဲ့သည့် အိမ်ငှားများ ထိတ်လန့်သွားကြ၏။
သူတို့လင်းဖန်ကို ငွေညှစ်ကာ သူ့ကို အရူးလုပ်ချင်ခဲ့သော်လည်း အခုတော့ သူတို့ လင်းဖန် လှည့်စားတာကို ခံခဲ့ရသည်။
လင်းဖန်က သူတို့ကို အိမ်ဆက်မငှားချင်တော့ပေ။
ဝမ်တာ့လုံနဲ့ တခြား အိမ်ငှားများက အချင်းချင်း ဒေါသတကြီးကြည့်လိုက်ကြ၏။
"မလုပ်ပါနဲ့ လင်းဖန်ရာ။ ခင်ဗျားက စူပါစတား တစ်ယောက်ပဲ။ အဲ့လောက်ထိ မသေးသိမ်နိုင်ပါဘူး ဟုတ်တယ်မလား။"
"စူပါစတားတစ်ယောက် တစ်ခါတစ်လေ ကောင်းမှုလုပ်တာ မကောင်းဘူးလား။ ကျွန်တော်တို့အတွက် အိမ်ငှားခလေးလျှော့ပေးလိုက်ရုံပဲကို။ ခင်ဗျား မလျှော့ချင်လည်း နေပါစေ။ ဒါပေမယ့် ကျုပ်တို့နဲ့ အိမ်ငှားစာချုပ် ပြန်ချုပ်ဖို့တော့ မငြင်းနဲ့လေ။"
"မစ္စတာလင်း ကျုပ်တို့ အိမ်ငှားခမလျှော့ခိုင်းတော့ပါဘူး။ စာချုပ်ထပ်ချုပ်ခွင့်သာ ပြုစမ်းပါ။"
သူတို့ထဲက လူတချို့ အတူတူ မတ်တပ်ရပ်ကာ လင်းဖန်ကိုကြည့်လိုက်ကြသည်။
လင်းဖန်ကတော့ ခံစားချက်မရှိသောမျက်နှာမျိုးဖြင့် အိမ်ငှားတွေကိုတောင် မကြည့်တော့ပါ။
စူပါစတားဖြစ်တာနဲ့ စေတနာကောင်းရမှာတဲ့လား။
ပုံမှန်ဆို အင်တာနက်ပေါ်မှာပဲ လူတွေကို ဂုဏ်သိက္ခာအရ ခြိမ်းခြောက်သည့်လူတွေကိုသာ မြင်နိုင်သည်။ လက်တွေ့ဘဝမှာတော့ လင်းဖန်ကို ဂုဏ်သိက္ခာအရ ခြိမ်းခြောက်ချင်သည့် လူတွေ တကယ်ရှိနေကြပါသည်။
သူတို့သာ တကယ်တမ်း ငွေရေးကြေးရေး အခက်အခဲရှိကာ မှန်မှန်ကန်ကန်ဖြင့် လင်းဖန်ကို အကူအညီတောင်းပါက လင်းဖန် စဥ်းစားပေးနိုင်သည်။
သို့သော်လည်း လင်းဖန်က ဒီလူတွေကို ကူညီပေးဖို့ ဘယ်တော့မှ စဥ်းစားမည်မဟုတ်ပေ။
"ခင်ဗျားတို့ စာချုပ် သက်တမ်းကုန်တာနဲ့ ၃ ရက်အတွင်း ပြောင်းကြပါ။"
"ချမ့်ဝေ စီစဥ်လိုက်ပါ။ အခန်းတွေမှာ တစ်ခုခု ထိခိုက်ထားတာရှိရင် ဒီလူတွေက တန်ဖိုးအတိုင်း ငါတို့ကို ပြန်လျော်ပေးရမယ်" လင်းဖန်က ထိုင်ရင်းနဲ့ပဲ သူ့ဘေးက ကောင်မလေးကို ကြည့်ကာ ပြောလိုက်သည်။
"ကောင်းပါပြီ။ ကျွန်မ အိမ်ရာစီမံရေးကို ဆက်သွယ်ထားပြီးပါပြီ" လင်းချမ့်ဝေက ခေါင်းငြိမ့်လိုက်သည်။
လင်းဖန်က ဆုံးဖြတ်ချက်ချထားပြီးသား ဖြစ်၏။
အိမ်ငှားများအားလုံး မှင်သက်သွားကြသည်။ သူတို့က လင်းဖန်ကို ငွေညှစ်ချင်ရုံသာဖြစ်၏။ နောက်ဆုံးတော့လည်း လင်းဖန်က သူတို့ကို အခွင့်အရေးတစ်ခုတောင် မပေးခဲ့ပါ။
သူတို့ ဒီမှာ နေလို့ မရကြတော့ပေ။
ဒါက ကြယ်ဥယျာဥ်ထဲက ကျောင်းနယ်မြေ အိမ်တွေဖြစ်ကာ အထူးအကျိုးခံစားခွင့်များကို ခံစားနိုင်သည့် တစ်ခုတည်းသော နေရာ ဖြစ်သည်။
ဒီလိုနေရာနဲ့သာ လွဲသွားပါက ဒီလိုအိမ်မျိုး ထပ်ရှာဖို့ အလွန်အမင်း ခက်ခဲပါလိမ့်မည်။
လင်းဖန် ဆုံးဖြတ်ချက် ဘယ်လောက်ပြတ်သားကြောင်း မြင်လိုက်ရပြီးနောက် ဝမ်တာ့လုံ ထိတ်လန့်တုန်လှုပ်သွားပါသည်။
"မစ္စတာလင်း ကျွန်တော့်အပြစ်ပါဗျာ။ ကျွန်တော် အိမ်ငှားခကို လျှော့ပေးဖို့ မတောင်းဆိုခဲ့သင့်ဘူး။ အခု ကျွန်တော်တို့နဲ့ အိမ်ငှားစာချုပ်သစ် မချုပ်တော့ဘူးဆိုတော့ ကျွန်တော် အကြောင်းပြချက်နဲ့ ရှင်းပြချက် လိုချင်တယ်။ ကျွန်တော် မူလစျေးနဲ့ပဲ စာချုပ်ပြန်ချုပ်လို့မရဘူးလား" ဝမ်တာ့လုံက လင်းဖန်ကိုကြည့်ကာ မေးလိုက်ပါသည်။
လင်းဖန်က ရေတစ်ငုံသောက်လိုက်ပြီး ပြောလိုက်ပါသည်။ "ကျွန်တော်က ဒီနေရာပိုင်ရှင်လေ။ ကျွန်တော်ငှားချင်တဲ့သူကို ကျွန်တော်ငှားမှာပေါ့။ အဲ့တာ ကျွန်တော့် လုပ်ပိုင်ခွင့်။ ဘယ်သူ့ကိုမှ ရှင်းပြဖို့ မလိုဘူး။"
"ဒီမှာ အိမ်ငှားတွေ အများကြီးရှိနေတယ်။ အားလုံး ဒီမှာရှိနေလက်စနဲ့ ဒီနေ့ ကျွန်တော်ရှင်းပြလိုက်မယ်။"
"ကျွန်တော့်ဆီက အိမ်တစ်လုံးငှားမယ်ဆိုရင် စာချုပ်ထဲမှာ ပထမဆုံး တစ်ဆင့်ပြန်ငှားစားလို့မရတဲ့အကြောင်း ဖော်ပြထားလိမ့်မယ်။"
"ဒုတိယအနေနဲ့က ဘာကြောင့် ဒီလူတွေကို အိမ်ငှားစာချုပ် ထပ်မချုပ်ပေးရတော့တာလဲဆိုတာ သိကြလား။"
လင်းဖန်က သူ့လက်ထဲက စာရွက်ကိုကိုင်ပြီး ဝမ်တာ့လုံကိုကြည့်လိုက်သည်။ "နာမည်ကျော်ပုဂ္ဂိုလ်တွေကလည်း လူတွေပဲလေ။ နာမည်ကျော်တွေလည်း အသက်ရှင်နေရတာပဲ။ နာမည်ကျော်ဖြစ်ပေမယ့် ကျွန်တော့်လစာကလည်း ကျွန်တော် ကြိုးစားပမ်းစား ရှာထားရတဲ့ ပိုက်ဆံပဲ။ ကျွန်တော်ရေးထားတဲ့ ဇာတ်ညွှန်းတိုင်းက ခက်ခက်ခဲခဲ ကြိုးစားထားရတဲ့ လက်ရာတွေမှန်း ကျွန်တော်ပဲ သိတယ်။"
"ကြယ်ဥယျာဥ်က ကျောင်းနယ်မြေအိမ်ရာပါ။ ဘေးပတ်လည်က ကျောင်းတွေအကုန်လုံးကလည်း ရှန်ဟိုင်းမှာ ထိပ်တန်း အလယ်တန်းကျောင်းတွေချည့်ပဲ။ ဒီမှာ ပညာလာသင်နိုင်ဖို့က ဒီမှာ ကျောင်းနယ်မြေ အိမ်တစ်လုံးရှိမှဖြစ်မယ်။ အဲ့တာကြောင့်လည်း ရှန်ဟိုင်းမြို့ရဲ့ အိမ်ရာစျေးတွေက အရမ်းမြင့်ပြီး အစိုးရက သက်ဆိုင်တဲ့မူဝါဒတစ်ခုကို ထုတ်ပြန်လိုက်ရတာ။ ခင်ဗျားတို့ ဒီမှာ ၁ နှစ်လောက် အိမ်ငှားလိုက်တာနဲ့ ဒီက ကျောင်းတွေကို လျှောက်ခွင့် ရှိတယ်။”
"အဲ့တာကြောင့်ပဲ ကြယ်ဥယျာဥ်ရဲ့ ကျောင်းနယ်မြေအိမ်ရာက အိမ်ငှားခတွေက နှစ်တိုင်း တက်နေဦးမှာပဲ။ ဘေးပတ်လည်က ကျောင်းတွေက ထိပ်တန်းအဆင့်မှီကျောင်းတွေ ဖြစ်နေတာတောင် ဒီလူတွေက အိမ်ငှားခကို လျှော့ချင်နေကြတယ်။ တစ်လကို ယွမ်ထောင်ဂဏန်းလောက်ထိပါ လျှော့စေချင်ကြတယ်။ တချို့ဆို အလကားတောင် ပေးခိုင်းနေသေးတယ်။"
"အဲ့တာဖြစ်နိုင်တယ်လို့များ ထင်နေကြတာလား။"
"ဒီက အိမ်အရေအတွက်က မလောက်ငှလို့ ဒီမှာ အိမ်ငှားချင်နေတဲ့လူတွေလည်း အများကြီးပဲ။"
"တရားမျှတမှုရှိတဲ့ ပူးပေါင်းလုပ်ဆောင်မှုကို လိုချင်ရင် သူများကို ယဥ်ယဥ်ကျေးကျေး ဆက်ဆံရတယ်။ အရူးလိုသတ်မှတ်ပြီး မဆက်ဆံရဘူး။"
"အခု နားလည်ပြီလား။"
"ချမ့်ဝေ အိမ်ရာစီမံရေးကို ဆက်သွယ်ပြိး ဒီစာရင်းထဲက လူတွေအားလုံးကို ထွက်သွားခိုင်းလိုက်ပါ။"
"အကုန်ပြန်လွှတ်လိုက်တော့။"
လင်းဖန်၏ ခွက်က ဝုန်းခနဲမြည်သံနှင့်အတူ စားပွဲပေါ်သို့ ခိုင်ခိုင်မာမာ ကျရောက်သွားသည်။
ထိုနေရာတွင်ရှိနေသော အိမ်ငှားအများစု ဝမ်းသာသွားကြသည်။
ကံကောင်းလို့ သူတို့ ဝမ်တာ့လုံလောက် လောဘမကြီးခဲ့ကြပေ။
ယခု ဝမ်တာ့လုံနဲ့ တခြားသူတွေ အခြေအနေ ဆိုးရွားနေပြီဟုတောင် ပြောနိုင်ပါသည်။
လင်းဖန်ကို အရူးတစ်ယောက်လို ဆက်ဆံလိုက်ခြင်းက သူတို့တစ်ဘဝလုံး၏ အကြီးမားဆုံး အမှားကြီးဖြစ်သွားပါပြီ။
သူတို့ရှေ့က ပိုင်ရှင်သစ်လင်းဖန်က သာမန်လူတော့ မဟုတ်ပေ။