← Chapters

ငါ့မိန်းမ ပိုလှလာတယ် (၁)

Vol. 16 Ch. 230

ငါ့မိန်းမ ပိုလှလာတယ် (၁)

Vol. 16 Ch. 230

ထိုအိမ်ငှားများကို ပြန်လွှတ်ပြီးနောက် ကျေနပ်ဖို့ကောင်းသည်ဟု ဆိုရမည်။

ဒီခေတ်မှာတောင် သူများတွေကို ဂုဏ်သိက္ခာပိုင်းအရ ခြိမ်းခြောက်သည့်လူများ ရှိနေပါသေးသည်။ လင်းချမ့်ဝေလည်း နောက်ဆုံးတော့ စိတ်အေးလက်အေး သက်ပြင်းချမိတော့သည်။

သူမ ဘော့စ်လင်းဖန်က ချမ်းသာသော်လည်း ဒီလူတွေ ငွေညှစ်တာကို မခံနိုင်ပါ။

အိမ်ငှား တစ်ဒါဇင်ကျော်ကျော်လောက် ထွက်သွားကြပြီးနောာက် အိမ်ရာစီမံရေးကို အိမ်ငှား ၁၀ ယောက်ကျော်ကျော် ချက်ချင်း ဆက်သွယ်လာကြ၏။

သိပ်မကြာလိုက်ဘဲ အိမ်ငှား ၁၀ ကျော်လောက် အပြေးရောက်လာကြသည်။

ကြယ်ဥယျာဥ်ထဲက ကျောင်းနယ်မြေအိမ်များက အလွန်အမင်း ရေပန်းစားသည်ဟု ဆိုနိုင်သည်။

ဒီမှာ အိမ်တစ်လုံးငှားနိုင်ဖို့က လူပေါင်းများစွာ၏ အိပ်မက် ဖြစ်သည်။

ဒီနေရာက အိမ်တစ်လုံးငှားလိုက်ရုံနဲ့ အနီးအနားရှိကျောင်းများကို လျှောက်ခွင့်ရှိသော ရှန်ဟိုင်းမြို့က တစ်ခုတည်းသော နေရာ ဖြစ်သည်။ ကလေးများ ကျောင်းလျှောက်နိုင်ဖို့အတွက် ရှန်ဟိုင်းမြို့ထဲရှိ တခြားနေရာများမှ ကျောင်းနယ်မြေအိမ်များကတော့ ဝယ်ယူမှ ရမည်။

ထို့ကြောင့်ပဲ ဒီက အိမ်စျေးများက အလွန်အကြူး မြင့်မားနေခြင်း ဖြစ်ပါသည်။

ကျောင်းနယ်မြေ အိမ်တစ်လုံးကို ဝယ်ဖို့ဆိုတာ အလွန်အမင်း ခက်ခဲလွန်းပါသည်။

သို့သော် ကျောင်းနယ်မြေ အိမ်တစ်လုံးကို ငှားဖို့ကတော့ သိပ်မခက်ခဲနိုင်ပါ။ ရှန်ဟိုင်းမြို့က ထိပ်တန်း အလယ်တန်းကျောင်းများကို တက်ရောက်နိုင်ဖို့ အိမ်တစ်လုံးငှားရခြင်းက စျေးအသက်သာဆုံး ဖြစ်သည်။

ထို့အပြင် ဒီက ကျောင်းနယ်မြေအိမ်များက အလွန်စျေးကြီးသော်လည်း အိမ်တစ်လုံးကို စတုရန်းမီတာ ၇၀ - ၈၀ လောက် ကျယ်ဝန်းပါသည်။ လူနေဆံ့ပြီး ကျောင်းနှင့်လည်း နီးသည်။ ထိုနေရာက ခရီးသွားဖို့လည်း အဆင်ပြေပြီး မြို့တော်ဗဟိုတွင် တည်ရှိနေသည်။

ကျောင်းသားများ ကျောင်းသွားဖို့ အလွန် အဆင်ပြေချောမွေ့၏။ စျေးကြီးတာကလွဲပြီး ကျန်တာအားလုံး ကောင်းမွန်ပါသည်။

ဒါက ကျောင်းနယ်မြေအိမ် မဟုတ်ဘဲ သာမန်အိမ်တစ်လုံးဖြစ်နေရင်တောင် ဒီမှာ အိမ်ငှားချင်ကြသည့် လူတွေ အများကြီး ရှိပါသည်။

မြို့တော်ဗဟိုရှိ အိမ်ရာစျေးများက အလွန်မြင့်မားသည်။ သို့သော်လည်း ဘဝကို ပိုပြီး အဆင်ပြေချောမွေ့စေမည့် အခြေအနေရပ်အားလုံးကို မြို့တော်ဗဟိုမှ ပေးစွမ်းနိုင်သည်။ ဒါက တခြားနေရာတွေ ယှဥ်လို့မရသည့် အရာမျိုး ဖြစ်သည်။

ဆင်ခြေဖုံးမှာ အိမ်တစ်လုံး ငှားလိုက်ပါက အလုပ်အသွားအပြန် ရထားစီးသွားလျှင် နာရီနဲ့ချီပြီး ကြာမြင့်နိုင်ပါသည်။

လင်းဖန်က အားလုံးကိုကြည့်ကာ ပြောလိုက်ပါသည်။ "ဒီနေ့ အားလုံးကို ရှင်းရှင်းလင်းလင်း ပြောပြလိုက်ပါ့မယ်။ ကြယ်ဥယျာဥ်ရဲ့ နှစ်စဥ်အိမ်ငှားခစျေးတွေက မြင့်တက်နေတာကို အားလုံး သိကြမှာပေါ့။ ကျွန်တော်တို့ နှစ်တိုင်း စာချုပ်ပြန်ချုပ်ရမယ်။"

"ကြယ်ဥယျာဥ်ထဲက ကျောင်းနယ်မြေအိမ်ငှားခတွေက တက်တော့တက်လိမ့်မယ်။ ဒါပေမယ့် ဒီက ကျောင်းနယ်မြေအိမ်တွေကို အားလုံးက သူတို့ကလေးတွေအတွက် ငှားရမ်းထားကြတာဆိုတော့ အများကြီးတော့ မတက်ပါဘူး။"

"လစဥ်အိမ်ငှားခက ၃၀,၀၀၀ ပါ။ နှစ်စဥ် အိမ်ငှားခကတော့ ၃၆၀,၀၀၀ ပေါ့။ စရန် ၄၀,၀၀၀ နဲ့ပေါင်းလိုက်ရင် နှစ်စဥ်အိမ်ငှားခက ၄၀၀,၀၀၀ တည်းပါ။ တစ်နှစ်ကုန်လို့ အိမ်ငှားစာချုပ် ထပ်မချုပ်ဖို့ ဆုံးဖြတ်မယ်ဆိုရင် စရန်ငွေ ပြန်ယူလို့ရပါတယ်" လင်းဖန်က ပြောလိုက်ပါသည်။

သူ့စျေးနှုန်းတက်မှုကလည်း သိပ်မများပါ။

ဒီလိုနေရာမှာ လစဥ် အိမ်ငှားခ ယွမ် ၃၀,၀၀၀ လောက်က မများပေ။

ဒါက ကျောင်းနယ်မြေအိမ်တစ်လုံးဖြစ်၏။ ကျောင်းနယ်မြေအိမ်တစ်လုံးတွင် ထူးခြားသော တန်ဖိုးရှိပြီး မြို့ထဲက တခြားအိမ်တွေနဲ့ ယှဥ်လို့ မရပေ။

တချို့ ကျောင်းနယ်မြေအိမ်တွေဆို ပိုလို့တောင် စျေးကြီးပါသည်။

လင်းဖန်၏ ကမ်းလှမ်းချက်ကို ကြားသောအခါအိမ်ငှားများစွာ စိတ်အေးလက်အေး သက်ပြင်းချလိုက်ကြတော့သည်။

"မစ္စတာလင်း ကျေးဇူးပါ။"

"ဘော့စ်ဖေး စျေးနှုန်းမြှင့်လိုက်တာ မများပါဘူး။ တခြား နေရာတွေနဲ့ယှဥ်ရင်တောင် အရမ်း စျေးချိုနေပါပြီ။"

"ရှန်ဟိုင်းမှာ တစ်နှစ် ၄၀၀,၀၀၀ က အရမ်းကြီး စျေးမကြီးပါဘူး။ ကျွန်တော်တို့ ၃ နှစ်လောက် စာချုပ်ထပ်ချုပ်ရမယ်ထင်တယ်။ မစ္စတာလင်း ကျွန်တော်တို့ ၃ နှစ်စာ တစ်ခါတည်း ရှင်းလိုက်လို့ရလား။"

"မစ္စတာလင်း လုပ်လိုက်တာ အရမ်းကောင်းတယ်။ ခုနက ဟိုအရူးကောင်တွေကို နှင်ထုတ်ပစ်လိုက်တာ။ အဲ့ဒီလူတွေက သူတို့ အိမ်တွေကို တစ်ဆင့်ပြန်ငှားဖို့ ကြံနေတာကို ဘော့စ်ဖေး တားလိုက်တာပဲ။ ဒီလိုကျောင်းနယ်မြေအိမ်တွေကို ငှားချင်တဲ့လူတွေ အပြင်မှာ တစ်ပုံကြီးပဲ။ ကြယ်ဥယျာဥ်ထဲက ကျောင်းနယ်မြေအိမ်ပမာဏက တကယ် မလုံလောက်ဘူး။"

"အဲ့ဒီလူတွေ ဇာတ်နာကြဦးမယ်ထင်တယ်။ စာရွက်ပေါ်မှာ နာမည်ရေးလိုက်တာ ဘယ်သူ့ အပြစ်မို့လို့လဲ။ ဒီခေတ်ကြီးထဲမှာ အလကား ဘာမှ မရဘူး။ နာမည်ကျော်တွေကလည်း လူသားတွေပဲ။ လူမှန်ရင် နားလည်ရမယ်။"

အိမ်ငှားများစွာက လင်းဖန်ကိုကြည့်ကာ တစ်ယောက်ပြီး တစ်ယောက် စကားပြောကြသည်။

အိမ်ငှားအားလုံး လင်းဖန်၏ လုပ်ငန်ကို သဘောတူကြတာ သိသာပါသည်။

အမှန်ပင်။ သူတို့ အိမ်ငှားခတော့ ပေးရမည်။ ဒါက လုံးဝ ယုတ္တိရှိပါသည်။

သူ ဘယ်လောက်ပဲ ချမ်းသာနေပါစေ။ လင်းဖန်က သူ့နာမည်အောက်ရှိ အိမ် အလုံး ၂၀၀ စလုံးကို အလကားပေးပစ်လိုက်လို့မရပါ။

သူအလှူလုပ်ချင်ရင်တောင် ဆင်းရဲသည့် ဒေသများမှ လူတွေကို ကူညီဖို့ စစ်မှန်သည့် အလှူအတန်း လမ်းကြောင်းများရှိပါသည်။

လင်းဖန်က ပြောလိုက်သည်။ "ဒီက အိမ်ငှားခတွေကိုတော့ နောက်ပိုင်းကျရင် နှစ်စဥ်ပဲပေးဖို့လိုမယ်။ ခင်ဗျားတို့ တစ်နှစ်ကို အိမ်ငှားခ တစ်ခါပဲ ပေးရမယ်။ အိမ်ငှားစာချုပ်ထပ်ချုပ်ချင်ရင် နောက်တစ်နှစ် ဒီလိုအချိန်ကျမှ လုပ်ကြပေါ့။ ပြဿနာ မရှိရင် စာချုပ်ချုပ်လို့ရပါပြီ။"

လင်းဖန် ပြောပြီးသွားသောအခါ သက်တမ်းတိုး စာချုပ်ကို ထုတ်လိုက်သည်။

အိမ်ငှားများ နာမည်ရေးထိုးပြီးနောက် လင်းဖန်၏ ဘဏ်အကောင့်ထဲ ငွေလွှဲပေးလိုက်ပါသည်။

တစ်ရက်လုံး လင်းဖန် ဒီကိစ္စနဲ့ အလုပ်များနေခဲ့သည်။

ညဘက် အိမ်ကိုပြန်ရောက်လာတော့ လင်းဖန် ခြေကုန်လက်ပန်းကျနေပါပြီ။

ထိုနေရာမှာာ ထိုင်နေရတာ ပင်ပန်းဖို့ကောင်းသည်။ ပိုက်ဆံကောက်ရတာလည်း အနည်းငယ် ပင်ပန်းရပါသည်။

အိမ်ရှင်ဖြစ်ရတာ အတော်စိတ်ပင်ပန်းဖို့ ကောင်း၏။

လူတစ်ယောက်ကို ယွမ် ၄၀၀,၀၀၀ ပေးခဲ့ပြီး စုစုပေါင်း လူ ၂၀၀ ရှိသဖြင့် သူတို့ ဒီနေ့ စုစုပေါင်း သန်း ၈၀ ရရှိခဲ့ပါသည်။

ထိုကဲ့သို့ ပမာဏမျိုးကြောင့် ဆောက်လုပ်ရေးဘဏ်၏ စီအီးအိုတောင် သတိထားမိသွားပါသည်။

လင်းဖန်က တစ်ရက်တည်းနဲ့ သန်း ၈၀ ရရှိသွားခဲ့သည်။

ယခင်တုန်းက လင်းဖန် ဒီလောက်ငွေတွေ အများကြီး မရဖူးပေ။။ သူ နည်းနည်းချင်းစီသာ ရခဲ့သည်။

ယခု ယွမ် သန်း ၈၀ လောက် သူ့အကောင့်ထဲသို့ တခြား အကောင့်များစွာက လွှဲသဖြင့် ဥက္ကဌကြီးတောင် ထိတ်လန့်သွားရသည်။

ဆောက်လုပ်ရေးဘဏ်၏ စီအီးအိုကြီးက ပြောလိုက်သည်။ "အခုချက်ချင်း စုံစမ်းကြစမ်း ဘာတွေဖြစ်နေတာလဲ။ မဟုတ်မှလွဲရော ရာဇဝတ်မှုတွေ ဖြစ်နေတာလား။"

ဝန်ထမ်းက ပြောလိုက်၏။ "စီအီးအို ရာဇဝတ်မှု မဟုတ်ပါဘူး။ ကျွန်မတို့ စစ်ဆေးပြီးပါပြီ။ ဒီဘဏ်အကောင့်ပိုင်ရှင်နာမည်က လင်းဖန်လေ။ သူက ကြယ်ပွင့်တစ်ယောက်ပဲ။ အဲ့တာကြောင့် အရမ်းလည်း ချမ်းသာတယ်။ သူက ကျွန်မတို့ရဲ့ VIP သုံးစွဲသူတောင် ဖြစ်နေပြီ။”

"မစ္စတာလင်းရဲ့ ဘဏ်အကောင့်ထဲ ဒီနေ့ ငွေလွှဲတာတွေ အများကြီးရှိတဲ့ အကြောင်းအရင်းကိုလည်း ကျွန်မတို့ သိသွားပါပြီ..."

"စီအီးအို။ မစ္စတာလင်းက ကြယ်ဥယျာဥ်ထဲမှာ အိမ်ငှား ၂၀၀ လောက်ရှိတဲ့ ပိုင်ဆိုင်မှုတစ်ခုရှိတယ်။ ဒီနေ့ သူတို့အကုန်လုံးနဲ့ စာချုပ် သက်တမ်း တိုးလိုက်လို့ အကောင့်တွေ အများကြီးက မစ္စတာလင်းဖန်ရဲ့ အကောင့်ထဲကို ငွေတွေလွှဲကြတာပါ" ဝန်ထမ်းက ရှင်းပြလိုက်လေသည်။

All Chapters