← Chapters

ငါ့မိန်းမပိုလှလာတယ် (၂)

Vol. 16 Ch. 231

ငါ့မိန်းမပိုလှလာတယ် (၂)

Vol. 16 Ch. 231

ထိုအမျိုးသမီး၏ ရှင်းပြချက်ကိုကြားပြီးနောက် အနီးအနားရှိ ဝန်ထမ်းများနှင့် ဥက္ကဌကြီးပါ အံ့အားသင့်သွားရသည်။

ဒီအမျိုးသမီးက ဆောက်လုပ်ရေးဘဏ်တွင် လင်းဖန်၏ သီးသန့် ကတ်စတမ်မာဝန်ဆောင်မှု အေးဂျင့်ဖြစ်ပါသည်။ လင်းဖန်ကို သူမက ၂၄ နာရီ ဝန်ဆောင်မှုပေးရပါသည်။

လင်းဖန်က သူ့အိမ်ကိုလာခိုင်းရင်တောင် သူမ ဝန်ဆောင်မှုပေးရပါမည်။

ဒီအမျိုးသမီး၏ အလုပ်က လင်းဖန် တစ်ယောက်တည်းကိုသာ ဝန်ဆောင်မှုပေးဖို့ ဖြစ်သည်။ သူ့ကို စော်ကားလို့ မရပါ။

လင်းဖန်သာ သူမကို ကြယ် ၅ ပွင့် Review ပေးနိုင်ပါက သူမ လစာတိုးသွားလိမ့်မည်။

ထို့ကြောင့် ဒီမိန်းမလှလေးက လင်းဖန်၏ စီးပွားရေးအကြောင်းကို အလွန်စိတ်ပူပြီး မကြာခဏ သူနဲ့ အဆက်အသွယ်လုပ်ပါသည်။

"ဒီတော့ လင်းဖန်ကိုး..."

"လခွမ်း ဘာပြောလိုက်တယ်။ လင်းဖန်က ကြယ်ဥယျာဥ်မှာ ဘလော့တစ်ခုပိုင်တယ်ဟုတ်လား။"

"အဲ့...အဲ့... ကြယ်ဥယျာဥ် ကျောင်းနယ်မြေ အိမ်ရာကြီးပဲ။ ကျောင်းနယ်မြေအိမ်တွေ အများကြီးဝယ်ဖို့ ငွေတွေအများကြီးသုံးခဲ့တာကတော့ လွန်လွန်းပါတယ်။”

"လင်းဖန်က အရမ်းချမ်းသာပြီး ကျောင်းနယ်မြေအိမ်တွေ အများကြီး ပိုင်ဆိုင်ထားတယ်။ ငါ အရမ်းအားကျတာပဲ။ ငါက ဘဏ်ရဲ့ စီအီးအိုဆိုပေမယ့် မြို့တော်ဗဟိုမှာရှိတဲ့ ကျောင်းနယ်မြေ အိမ်တစ်လုံးကိုတောင် မဝယ်နိုင်ပါဘူး။” ဆောက်လုပ်ရေးဘဏ်၏ စီအီးအိုက ပြောလိုက်ပါသည်။

ဒါ လူသားတစ်ယောက် လုပ်နိုင်တာကော ဟုတ်ရဲ့လား။

လူတစ်ယောက်တည်းမှာ ပိုင်ဆိုင်မှုပစ္စည်း ရာနဲ့ချီပြီး ရှိနေတယ်။

ပြောစရာ စကားတစ်ခွန်းတည်းသာ ရှိတော့သည်။ ကြောက်ဖို့ ကောင်းလွန်းပါသည်။

လင်းဖန်က လှိုင်းပြာပင်လယ်အော်အိမ်ရာရှိ နှလုံးသားရေကန် ဗီလာကို ပိုင်ဆိုင်ထားမှန်း ဆောက်လုပ်ရေးဘဏ်စီအီးအို သိပါသည်။ ထိုဗီလာက သန်းရာကျော်တန်ဖိုးရှိသော ဗီလာတစ်လုံး ဖြစ်ပါသည်။ ပြိုင်ကားများ အကြောင်းကိုတော့ ပြောဖို့တောင် မလိုတော့ပါ။ လင်းဖန်က တကယ့်သူဌေးအစစ်ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် လင်းဖန်၏ သရုပ်က ထင်ရှားလွန်းပါသည်။ သူက ဇာတ်ညွှန်းရေးဆရာလည်းဖြစ်၊ ပရော်ဖက်ရှင်နယ် သရုပ်ဆောင်လည်းဖြစ်၊ ဒါရိုက်တာ ပညာရှင်လည်းဖြစ်၊ ရှားဝမ်ချွေ့ရဲ့ ကောင်လေးလည်း ဖြစ်သည်။ ရှားဝမ်ချွေ့ မိသားစုက ချမ်းသာလွန်းသဖြင့် လင်းဖန် ငွေရှားနိုင်ပါ့မလား။

လင်းဖန်က သူမကို ခိုကပ်ပြီး နေလို့ သုံးကုန်မည်မဟုတ်ပေ။

ပြောစရာမလိုအောင် ရှားဝမ်ချွေ့၏ မိသားစုက ချမ်းသာလွန်းလှပါသည်။

ငွေသား သန်း ၅၀၀ - ၆၀၀ လောက် ပိုင်ဆိုင်ထားသည်။ ဖြစ်နိုင်ပါက လင်းဖန် အလုပ်တောင် မလုပ်ချင်တော့ပါ။ သူ့မိန်းမကို မှီခိုပြီး နေထိုင်ရလျှင် ဘယ်လောက်ကောင်းလိုက်မလဲ။

သို့သော်လည်း ကံဆိုးစွာဖြင့် ဖြစ်နိုင်မှာ မဟုတ်ပါ။ ဒီလိုသာဆို ရှားဝမ်ချွေ့၏ မိဘများကို ကျော်လွန်နိုင်မှာမဟုတ်ပေ။

ထိုအချိန်တွင် ဆောက်လုပ်ရေးဘဏ်၏ စီအီးအိုက ချက်ချင်းပဲ ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပါသည်။ "မစ္စတာလင်းဖန်ကို ချက်ချင်း ဆက်သွယ်လိုက်ပြီး မစ္စတာလင်းဖန်ရဲ့ ဘဏ်အကောင့်ကို သီးသန့်အနက်ရောင်ကတ်အဖြစ် ပြောင်းလဲပေးလိုက်ပါ။ အခုချိန်ကစပြီး မစ္စတာလင်းဖန်က ဆောက်လုပ်ရေးဘဏ်ရဲ့ အရေးအကြီးဆုံး စူပါ VIP သုံးစွဲသူဖြစ်သွားပြီ။ သူ့အကောင့်ထဲကို တစ်ခါတည်းနဲ့ ဒေါ်လာ သန်းဆယ်နဲ့ချီပြီး ဝင်လာနိုင်တယ်။ ဘယ်သူက ခံနိုင်ရည်ရှိတော့မှာလဲ။”

"ပြီးတော့ မင်းက မစ္စတာလင်းဖန်ရဲ့ သီးသန့် ကတ်စတမ်မာ ဝန်ဆောင်မှု အေးဂျင့်ပဲ။ လင်းဖန်နဲ့ ကောင်းကောင်း ဆက်သွယ်ပြီး သူ့ကို 24/7 ဝန်ဆောင်မှုပေးရမယ်။ မင်း မစ္စတာလင်းဖန်ကို လျစ်လျူရှုထားလို့မရဘူးနော်" ဆောက်လုပ်ရေးဘဏ်၏ စီအီးအိုက အတည်ပေါက် ပြောလိုက်ပါသည်။

ဒါက အရေးကြီးကိစ္စတစ်ခု ဖြစ်သည်။ သူ တွန့်ဆုတ်နေလို့ မဖြစ်ပါ။

ဒီလောက်ငွေတွေအများကြီး ပိုင်ဆိုင်ထားသဖြင့် လင်းဖန်က ကုမ္ပဏီ၏ အမြင့်ဆုံး VIP မန်ဘာအဖြစ် တိုးမြှင့်ပေးထိုက်ပြီး အထူးအကျိုးခံစားခွင့် အာားလုံးကို ရရှိသင့်ပါသည်။

သူမ လင်းဖန်ကို တစ်နည်းနည်းဖြင့် စော်ကားမိပါက လင်းဖန်မှာ ငွေတွေအားလုံးကို ပြန်ထုတ်သွားခွင့် ရှိသည်။

ကတ်စတမ်မာ ဝန်ဆောင်မှု အမျိုးသမီးလည်း မှင်သက်သွား၏။ သူမ ဥက္ကဌကြီးကို ကြည့်ကာ ပြောလိုက်သည်။ "စီအီးအို၊ ကျွန်မတို့ရဲ့ ဆောက်လုပ်ရေးဘဏ် အနက်ရောင်ကတ်က တစ်နှစ်ကို ၅ ကတ်ပဲ ထုတ်ခွင့်ရှိတာ။ ဒါက ဒီနှစ်အတွက် ကျွန်မတို့ရဲ့ နောက်ဆုံးကတ်နော်။"

ဆောက်လုပ်ရေးဘဏ်၏ စီအီးအိုက ခေါင်းငြိမ့်ကာ ပြောလိုက်ပါသည်။ "ငါတို့ဆောက်လုပ်ရေးဘဏ်အတွက် သန်း ၈၀ က အများကြီး မဟုတ်ပါဘူး။ အနက်ရောင်ကတ် လျှောက်ဖို့တောင် မလုံလောက်ဘူး။ ဒါပေမယ့် မစ္စတာလင်းဖန်မှာ အခု ပိုင်ဆိုင်မှုတွေ ဘယ်လောက်တောင် ရှိနေပြီလဲ မင်းသိတယ်မလား။"

"ဒီကျောင်းနယ်မြေ ဘလော့တစ်ခုတည်းနဲ့ အနည်းဆုံး ၂ ဘီလီယံတန်နေပြီ။ နောက်ပိုင်း တန်ဖိုးက မြင့်သွားဖို့ပဲ ရှိတယ်။ မစ္စတာလင်းဖန်မှာ ဗီလာတွေ၊ ဇိမ်ခံကားကြီးတွေရှိပြီး မစ္စတာလင်းဖန်က ကုမ္ပဏီတွေအများကြီးမှာ အဓိက ရှယ်ယာဝင်လည်း ဟုတ်တယ်။"

"အရေးအကြီးဆုံးကတော့ လင်းဖန်က ရှားဝမ်ချွေ့ရဲ့ ကောင်လေး ဖြစ်နေတာပဲ။ ရှားဝမ်ချွေ့ဆိုတာ ဘယ်လိုလူမျိုးမို့လို့လဲ။ သူက ဒီလောကထဲမှာ ထိပ်တန်း နာမည်ကြီးတစ်ယောက်ပဲလေ။ အဲ့တာကြောင့် ဘာပဲဖြစ်ဖြစ် အနက်ရောင်ကတ် သတ်မှတ်ချက်ကို ကျော်လွန်နေရင်တောင် မစ္စတာလင်းဖန်ကို အနက်ရောင်ကတ် လုပ်ပေးရမယ်။ အထွေထွေ အသုံးပြုနိုင်ပြီး ကန့်သတ်ချက်မရှိတဲ့ကဒ်မျိုး လုပ်ပေးလိုက်" ဆောက်လုပ်ရေးဘဏ်၏ စီအီးအိုက ထိုမိန်းကလေးကို လေးနက်စွာ ကြည့်လိုက်သည်။

"နားလည်ပါပြီ" အမျိုးသမီးက ပြောကာ ခေါင်းငြိမ့်လိုက်သည်။

"မစ္စတာလင်းဖန်ကို အနက်ရောင်ကတ်လုပ်ပေးရုံတင်မဟုတ်ဘူး။ သူ့အိမ်အထိ ကိုယ်တိုင် သွားပို့ပေးရမယ်။ ဒီနေ့ည သွားလိုက်ချေ" ဆောက်လုပ်ရေးဘဏ်၏ စီအီးအိုက ဆက်ပြောလိုက်ပါသည်။

လင်းဖန်၏ သီးသန့် ကတ်စတမ်မာဝန်ဆောင်မှု အေးဂျင့်တစ်ယောက်အနေဖြင့် ဒါက ကတ်စတမ်မာဝန်ဆောင်မှုအလုပ်တစ်ခုလည်း ဖြစ်ပါသည်။

အနက်ရောင်ကတ်ကို ရရှိပြီးနောက် လင်းဖန်ကို လာယူခိုင်းလိုက်လို့ ဘယ်ဖြစ်ပါ့မလဲ။

ထို့အပြင် အမြန်ချောပို့နဲ့ ပို့ပေးဖို့ကလည်း လက်တွေ့မဆန်ပါ။ ဒီလောက် တန်ဖိုးကြီးသည့် ပစ္စည်းကို လင်းဖန်ဆီသို့ သူမကိုယ်တိုင် ပို့ပေးရပါမည်။

"ကောင်းပါပြီ" ကတ်စတမ်မာ ဝန်ဆောင်မှု အမျိုးသမီးက ခေါင်းငြိမ့်လိုက်သည်။

ဆောက်လုပ်ရေးဘဏ် ဥက္ကဌကြီး ဆိုလိုသည့်သဘောကို သူမ နားလည်ပါသည်။ လင်းဖန်၏ အိမ်ကို ညဘက်မှသာ သွားခိုင်းသည်။

လင်းဖန်က လူယုတ်မာ ဟုတ် မဟုတ် ဘယ်သူက သိနိုင်မှာလဲ။ သူမကို တစ်ခုခုလုပ်ရင် ဘယ်လိုလုပ်မလဲ။

သို့သော်လည်း ဒီလို ဖောက်သည်ကြီး တစ်ယောက်ကို ဆွဲခေါ်နိုင်ဖို့ ဒီလိုပြောမကောင်းသည့် ကိစ္စများ ဖြစ်တတ်တာ အံ့သြစရာ မဟုတ်ပေ။

ကတ်စတမ်မာ ဝန်ဆောင်မှုအမျိုးသမီးလည်း စိတ်ဆုံးဖြတ်ချက်ချပြီးသားဖြစ်သည်။ တစ်နေ့ကျရင် သူမလည်း ဒီလိုကိစ္စတွေနဲ့ ကြုံလာရမလား မပြောနိုင်ပေ။

သို့သော် တကယ်တမ်း ထိုကဲ့သို့ ကိစ္စမျိုး တကယ်ဖြစ်လာပါက သူမ ရွေးချယ်စရာမရှိဘဲ ခုခံလို့ မရပါ။

မဟုတ်ပါက အလုပ်ပြုတ်သွားလိမ့်မည်။ နောက်ပိုင်း ဒီလိုအလုပ်မျိုးရှာဖို့ အလွန်အမင်း ခက်ခဲပါသည်။

ထိုနေ့ည ကတ်စတမ်မာဝန်ဆောင်မှု အမျိုးသမီးက လှိုင်းပြာပင်လယ်အော် ဝင်ပေါက်သို့ ရောက်လာ၏။

အကြောင်းအရင်းကို ရှင်းပြပြီးနောက် လုံခြုံရေးဝန်ထမ်းများက ကတ်စတမ်မာ ဝန်ဆောင်မှု အမျိုးသမီးကို ဝင်ခွင့်ပေးလိုက်ပါသည်။

"ဟူး ကြည့်ပါဦး။ သူဌေးတွေများ သာယာချက်ကွာ။"

"ဒီမိန်းမလှလေး ဒီနေ့ည ပြန်ထွက်လာဦးမယ်ထင်လား။"

"ငါတော့ မထင်ဘူး။ ညီလေးဖန်က အရမ်းချောတာကိုး။ ဒီလို မိန်းမလှလေးက စိတ်ထိန်းနိုင်ပါ့မလား။ ပြီးတော့လည်း ညီလေးဖန်ကို တွေ့ဖို့ ဒီလိုအချိန်ကြီးမှရောက်လာရတယ်လို့ကွာ။"

"ငါတို့ ဘာမှမလုပ်နိုင်ဘူး။ သူ့ဖာသာသူ ရောက်လာတာလေ။"

"ငါ... ငါလည်း နှမြောတယ်ကွာ။ ကတ်စတမ်မာ ဝန်ဆောင်မှု ကောင်မလေးက လှလွန်းတယ်။"

လုံခြုံရေးဝန်ထမ်းများက တိုးညှင်းစွာ ပြောလိုက်ပါသည်။ သူတို့က ဒီအတိုင်း အပြောင်အပျက် ပြောဆိုနေတာသာ ဖြစ်သည်။ လင်းဖန်နဲ့ ဒီကောင်မလေးအကြား ဘာပဲဖြစ်ဖြစ် သူတို့နဲ့ မဆိုင်ပေ။

All Chapters