ငါ့မိန်းမ ပိုလှလာတယ်(၃)
Vol. 16 Ch. 232
အမျိုးသမီးက လင်းဖန်၏ အိမ်တံခါးရှေ့တွင် အနက်ရောင်ကတ်တစ်ခုကို ဂရုတစိုက် ကိုင်ကာ ရပ်နေပါသည်။ သူမ အနည်းငယ် စိတ်လှုပ်ရှားနေ၏။
သူမ လင်းဖန်၏ ဓာတ်ပုံတွေကိုလည်း မြင်ဖူးပါသည်။ ထို့ကြောင့် သူ့အကြောင်း သိထားသည်။
လင်းဖန်က သူမကို တစ်ခုခုလုပ်နိုင်သည်ဟူသော အတွေးဖြင့် သူမ စိတ်မထိန်းနိုင်တော့ပါ။
ဒီလိုသာဆို လင်းဖန်ကို သူမ စိတ်ပျက်မိလိမ့်မည်။
လင်းဖန်မှာ ကောင်မလေးတစ်ယောက်ရှိသည်။
ကတ်စတမ်မာ ဝန်ဆောင်မှု မိန်းကလေးက တံခါးရှေ့တွင် ရပ်ကာ စောင့်နေတုန်း အကုန်လုံးကို တွေးနေမိပါသည်။
ခဏနေ တံခါးကိုဖွင့်လိုက်သောအခါ လင်းဖန်က သူမကို ညစာကျွေးပြီး ညအိပ်ခိုင်းပါလိမ့်မည်။ ထို့နောက်တော့ ဘာမှ ပြောစရာမရှိတော့ပါ။
သို့သော်လည်း ကတ်စတမ်မာ ဝန်ဆောင်မှု မိန်းကလေး အံ့အားသင့်သွားရသည်က တံခါးလာဖွင့်တာ လင်းဖန် မဟုတ်ပေ။
သူ့အိမ်ရဲ့ စမတ်စက်ရုပ်လေးဖြစ်ပါသည်။
"ဟယ်လို ကျွန်တော်က စက်ရုပ်လေးပါ။ လင်းဖန်ရဲ့ အိမ်ကနေ ကြိုဆိုလိုက်ပါတယ်။ လင်းဖန်ကို လာရှာပြီး မကောင်းတဲ့ ရည်ရွယ်ချက် မရှိမှန်း သိပါတယ်။ အဲ့တာကြောင့် ဝင်နိုင်ပါတယ်~" ချစ်ဖို့ကောင်းသည့် စက်ရုပ်လေးက ပြောလိုက်သည်။
"အဆင့်မြင့်လှချည်လား" ကတ်စတမ်မာ ဝန်ဆောင်မှု ကောင်မလေးက အထဲသို့ဝင်လာခဲ့သည်။ သူမ ဖိနပ်များနှင့် ခြေအိတ်တို့ကို တံခါးနားတွင် ချွတ်ခဲ့ပြီး အိမ်ထဲ ခြေဗလာ ဝင်လာခဲ့ပါသည်။ လင်းဖန်၏ ဗီလာကို ညစ်ပတ်သွားအောင် လုပ်မိမှာစိုးသောကြောင့်ဖြစ်သည်။
သူမ ဗီလာကြီးထဲ ပထမဆုံး ဝင်လာခဲ့တော့ အလွန်ကြီးမားလွန်းပြီး လင်းဖန်ကိုတောင် လုံးဝ မမြင်ရသေးပါ။ လင်းဖန်အိမ်၏ တန်ဖိုးကြီးပြီး လက်ရာမြောက်သော အလှဆင်မှုများကိုသာ မြင်ရပါသည်။ လှပသည့် သလင်းကျောက် မီးဆိုင်းကြီးရှိကာ နံရံပေါ်မှာလည်း နာမည်ကြီး ပန်းချီကားများ ချိတ်ဆွဲထားသည်။ ကျယ်ဝန်းသော ခန်းမကြီး၊ အဆင့်မြင့် ဖန်တံခါးများ၊ အလိုလျောက် ဆင်ဆာများနှင့် အရာအားလုံး ရှိနေပါသည်။
ကတ်စတမ်မာ ဝန်ဆောင်မှု မိန်းကလေးက ချက်ချင်းပဲ အံ့အားသင့်သွားခဲ့သည်။ ဒီက ဗီလာတွေက အလွန်လှပလွန်းပါသည်။
သူမ ဒီလိုနေရာမျိုးမှာ တစ်သက်လုံးနေနိုင်မှာ မဟုတ်ပါ။
"စက်ရုပ်လေး လင်းဖန်ကို ကူညီဆက်သွယ်ပေးပါလား။ သူ့ကို ပြောစရာ တစ်ခုခု ရှိလို့ပါ။” ကတ်စတမ်မာ ဝန်ဆောင်မှုမိန်းကလေးက သိမ်မွေ့စွာ ပြောလိုက်သည်။ သူမ၏ ပါးပြင်က အနည်းငယ် နီရဲနေပါသည်။
"ကောင်းပါပြီ" စက်ရုပ်လေးက ပြောလိုက်ပြီး ထွက်သွားပါသည်။
လင်းဖန်၏ အိမ်တွင် အိမ်ကူများစွာ ရှိလိမ့်မည်ဟု ကတ်စတမ်မာ ဝန်ဆောင်မှုကောင်မလေးက ထင်ခဲ့မိသည်။ သို့သော်လည်း ဒီမှာ AI စက်ရုပ်တွေသာ အများကြီး ရှိနေလိမ့်မည်ဟု ထင်မထားခဲ့ပေ။ တချို့ စက်ရုပ်တွေက ကြမ်းပြင်ကို တံမြက်စည်းလှည်းနိုင်သည်။ ကြမ်းတိုက်နိုင်သည်။ တချို့ဆို တံခါးတောင် လာဖွင့်ပေးနိုင်ပါသည်။
ဒီနေရာကြီးက... တကယ်ပဲ အဆင့်မြင့်လွန်းပါသည်။
တစ်ချိန်တည်းမှာပင်....
လင်းဖန်က အိမ်မှာ ညအိပ်ယာဝင် အဝတ်အစားများ ဝတ်ထားသည်။ သူ့ဖုန်းကို ကိုင်ထားပြီး ရှားဝမ်ချွေ့ကို ဗီဒီယိုကောခေါ်ဖို့ ပြင်နေသည်။
လင်းဖန် ရှားဝမ်ချွေ့ကို မတွေ့ရတာ ၁၂ ရက်ရှိပြီဖြစ်ပြီး သူမနဲ့ ဗီဒီယို Chat သာ ပြောနိုင်ပါသည်။
ရှားဝမ်ချွေ့ : မြောင်~
လင်းဖန် : "ဒီနေ့ အဝတ်အစားတွေ လဲထားတာလား။ ငါ့မိန်းမက ပိုတောင်လှလာသလိုပဲ။"
ရှားဝမ်ချွေ့ : "လူဆိုးကောင်~"
ရှားဝမ်ချွေ့ : "ငါနင့်ကို ဒီနေ့ည စစ်မယ်~~ နင့်အခန်းထဲမှာ တခြား ကောင်မလေးတွေရှိလားဆိုတာ ပြစမ်းပါဦး။"
လင်းဖန်က အမှန်တိုင်း ပြောလိုက်သည်။ "မဖြစ်နိုင်တာတွေ။ ငါ့ကိုယ်ကျင့်တရားနဲ့ ရင်းပြီးတော့ အိမ်မှာ ငါနဲ့ စက်ရုပ်လေးတွေပဲရှိတယ်ဆိုတာ အာမခံနိုင်ပါတယ်။ ခုရက်ပိုင်းထဲ ရှောင်းယွီတောင် ကုန်းဆင်းဖို့ ရောက်မလာဘူး။"
ရှားဝမ်ချွေ့ : "ဟွန်း ဘယ်ပြောလို့ရမလဲ လူဆိုးကောင်"
လင်းဖန်က စိတ်ညစ်သွားပါသည်။ သူ့မိန်းမက သူ့ကိုယ်ကျင့်တရားကို သံသယဝင်နေသည်။ သူချက်ချင်းပြောလိုက်၏။ "ငါ့အိမ်ထဲမှာ တခြား မိန်းကလေးရောက်လာရင်လည်း နင်တစ်ယောက်တည်း အပေါ်စီးကရှိမှာ။ နင့်ကို နေ့တိုင်း ချက်ပြုတ်ကျွေးမယ်။ ငါ့ကိုမယုံဘူးဆိုရင် ဗီလာထဲ လမ်းလျှောက်ပြမယ်။"
ရှားဝမ်ချွေ့ : "အရူးကောင် ဘယ်သူက နင့်အပေါ်စီးက ဖြစ်ချင်လို့လဲ။"
လင်းဖန် : "မသိဘူးဟာ ဘာပဲဖြစ်ဖြစ် ငါ့အိမ်ထဲ အခုချိန်ကြီး တခြားမိန်းကလေးတွေ ပေါ်လာဖို့ မဖြစ်နိုင်ပါဘူး။ ငါ့ဂုဏ်သိက္ခာနဲ့ရင်းပြီး အာမခံရဲတယ်။"
ထိုအချိန်တွင်...
လင်းဖန် အောက်ထပ်သို့ ဆင်းလာသောအခါ သူ့လက်ထဲက ဖုန်းကင်မရာက အိမ်ထဲဝင်လာသည့် ကတ်စတမ်မာဝန်ဆောင်မှု မိန်းကလေးကို ရိုက်မိပြီးသား ဖြစ်သွားခဲ့ပါသည်။
ကြမ်းပြင်ကို မညစ်ပတ်စေဖို့အတွက် ကတ်စတမ်မာ ဝန်ဆောင်မှု မိန်းကလေးက ဖိနပ်ကိုတောင် ချွတ်ထားသည်။ သူမ လင်းဖန်အိမ်ကိုရောက်နေတာ အတော်ကြာနေပြီဖြစ်သည့် ပုံစံပေါက်သွားပါသည်။
လင်းဖန် "???"
ရှားဝမ်ချွေ့ "???"
လင်းဖန် "မဟုတ်ဘူး မိန်းမ ငါရှင်းပြမယ်။"
ရှားဝမ်ချွေ့ အလွန်စိတ်ဆိုးသွားပါတော့သည်။ "လူယုတ်မာကောင် လူယုတ်မာကောင် လူယုတ်မာကောင်"