← Chapters

အိမ်ထောင်စုစာရင်းခိုးပြီး မင်္ဂလာလက်မှတ်ထိုးခြင်း (၁)

Vol. 16 Ch. 233

အိမ်ထောင်စုစာရင်းခိုးပြီး မင်္ဂလာလက်မှတ်ထိုးခြင်း (၁)

Vol. 16 Ch. 233

ကတ်စတမ်မာ ဝန်ဆောင်မှုမိန်းကလေးလည်း အနည်းငယ် ပျာယာခတ်သွားလေသည်။

လင်းဖန် ရှားဝမ်ချွေ့နဲ့ ဗီဒီယို Chat နေတာကို သူမ မြင်လိုက်ပါသည်။

ထို့နောက် ရှားဝမ်ချွေ့ စိတ်ဆိုးသွားသည့်ပုံပင်။ သူမ ဘာလုပ်ရတော့မလဲ။

သူမ စောင့်နေသည်။

လင်းဖန်က ပိုပြီးတောင် ချောက်ချားသွားပါသည်။

ရှားဝမ်ချွေ့ကို အခုလေးတင် အိမ်မှာ တခြား မိန်းကလေး မရှိစေရဘူးဟု ကတိပေးခဲ့သည်။ သို့သော် မိန်းကလေးတစ်ယောက်က ချက်ချင်း သူ့ရှေ့မှာ ပေါ်လာခဲ့ပါသည်။ ထို့အပြင် သူမက လှလည်း လှပပေသည်။

အရေးအကြီးဆုံးကတော့ ရှားဝမ်ချွေ့ သူ့ကို လက်ပူးလက်ကြပ်မိသွားခဲ့ခြင်း ဖြစ်ပါသည်။

ရှင်းပြဖို့ နည်းလမ်း မရှိတော့ပေ။ ရှားဝမ်ချွေ့ကိုယ်တိုင် သူ့ကို လက်ပူးလက်ကြပ်မိသွားသလိုပင်။

ရှားဝမ်ချွေ့၏ ဒေါသကြီးနေသော မျက်နှာကိုကြည့်ရင်း လင်းဖန် ချက်ချင်း ပြန်ပြောလိုက်ပါသည်။ "ငါ တကယ် မသိဘူး။ သူက ကိစ္စတစ်ခုခု ရှိလို့ ငါ့ကိုလာတွေ့တာဖြစ်မှာပါ။ တံခါးရှေ့က လုံခြုံရေးအစောင့်တွေလည်း သူ့ကိုဝင်ခွင့်ပေးလိုက်တယ်။ ပြီးတော့ ငါတို့ စက်ရုပ်လေးကလည်း တံခါးကို ဖွင့်ပေးလိုက်တယ်။ အဲ့တာ သူ့အပြစ်ပဲ။"

စက်ရုပ်လေး "..."

စက်ရုပ်လေးက လူသတ်ချင်စိတ်ပေါက်သွားသည်။

သူက စက်ရုပ်လေးတစ်ရုပ်သာ ဖြစ်သော်လည်း လင်းဖန်က သူ့ကို အပြစ်ပုံချနေသည်။

ဝမ်းနည်း၊ အားလျော့ကာ သနားစရာကောင်းစွာ အကူအညီမဲ့နေသော စက်ရုပ်လေးတစ်ရုပ်သာ ဖြစ်ပါသည်။

သူသာ တစ်ခုခုဝ င်ပြောမိပါက လင်းဖန် သူ့ကို အားမသွင်းပေးတော့ရင် ဘယ်လိုလုပ်မလဲ။

တခြား စက်ရုပ်တစ်ခုခုနဲ့ သူ့ကို အစားထိုးလိုက်ရင် ဘယ်လိုလုပ်မလဲ။

ရှားဝမ်ချွေ့ "ငါသိပါတယ်။ အလုပ်သွားလုပ်လိုက်ဦး။ နောက်မှ ပြန်ဆက်လိုက်~"

လင်းဖန် "နင် စိတ်မဆိုးတော့ဘူးလား။"

ရှားဝမ်ချွေ့ "ငါက နောက်နေတာပါ။ တကယ် စိတ်မဆိုးပါဘူး။ စိတ်ပူနေတာပါ။"

လင်းဖန် "ငါ့မိန်းမက အရမ်းသဘောကောင်းတာပဲ။"

ရှားဝမ်ချွေ့ "~~~"

လင်းဖန် "ဒါဆို ဒီကောင်မလေးကို ဘာကိစ္စရှိလို့လဲ သွားမေးလိုက်ဦးမယ်။"

ရှားဝမ်ချွေ့ "သူ့ကို နင့်အိမ်မှာ ညလုံးပေါက် မနေခိုင်းရဘူး။ ပြီးတော့ ငါ့အခန်းထဲကိုလည်း ဘယ်သူ့ကိုမှ မဝင်ခိုင်းရဘူး။"

လင်းဖန် "ဟုတ်ကဲ့ပါ ဖူ့ရန်ရဲ့ အမိန့်အတိုင်း နာခံပါ့မယ်။"

ရှားဝမ်ချွေ့၏ မျက်နှာလှလှလေး အနည်းငယ် နီရဲသွားပါသည်။ "ဘယ်သူက နင့်မိန်းမလဲ။ ငါ့ကို ဖူ့ရန်လို့ ခေါ်ရဲတယ်ပေါ့။ နင်က ခေတ်နောက်ကျနေတာလား။ အရှက်ကို မရှိဘူး။"

လင်းဖန် "နောက်ပိုင်းကျရင် နင်က ငါ့ထက် အဆင့်အတန်းပိုမြင့်မှာလေ။ ငါက အဆင့်အတန်း လုံးဝ ပျောက်ဆုံးသွားမှာ။ ကြောင်လေး ချွေ့ချွေ့ကိုတောင် မယှဥ်နိုင်လောက်တော့ဘူး။"

ရှားဝမ်ချွေ့ မျက်နှာက ပို၍ပင် နီရဲသွားပါသည်။ "လူဆိုးကောင် တကယ်တော့ တစ်ခါတစ်လေ... နင်လည်း အထက်စီးက နေလို့ ရပါတယ်။"

လင်းဖန်၏ မျက်လုံးများ ဝိုင်းစက်သွားသည်။ အနာဂတ်ကျရင် သူလည်း တစ်ခါတစ်လေ အထက်စီးက နေနိုင်တယ်တဲ့။

ဒါက မိသားစု အဆင့်အတန်းဟုခေါ်သည်။

လင်းဖန်က တောက်တောက်ပပ ပြုံးကာ ရှားဝမ်ချွေ့နှင့် ဗီဒီယိုကောကို ချလိုက်ပါသည်။

သူ မရပ်ချင်သော်လည်း ရွေးချယ်စရာ မရှိပေ။ ရှားဝမ်ချွေ့နဲ့ ဗီဒီယိုကောပြောဖို့ သူ့မှာ အချိန်နည်းလွန်းပါသည်။ ရှားဝမ်ချွေ့က ပဲရစ်စ်မှာ သူမ အလုပ်နဲ့ သူမ အလုပ်ရှုပ်နေဆဲ ဖြစ်သည်။ ကြော်ငြာများ ရိုက်ကူးဖို့အတွက် မကြာခဏ တစ်မြို့ပြီး တစ်မြို့ ပြောင်းလဲရပါသည်။

ထို့အပြင် ဥရောပနဲ့ တရုတ်တို့အကြား အချိန်ခြားနားမှုက ကြီးမားလွန်းသည်။

ဥရောပတွင် နေ့အချိန်ဖြစ်ပါက တရုတ်မှာ ညအချိန်ရောက်နေပါပြီ။

ဗီဒီယို Chat သည့်အခါ သူတို့ အချိန်ကို ကြည့်ရသည်။

တစ်ခါတစ်လေ သူတို့ စကားအများကြီးပင် မပြောနိုင်ဘဲ ရှားဝမ်ချွေ့က အလုပ်သွားရပါသည်။

ဒီလိုဘဝမျိုးက အလွန်ခက်ခဲသော်လည်း သူတို့နှစ်ယောက်စလုံး အလွန်ပျော်ရွှင်ရပါသည်။

ထို့အပြင် အိမ်မှာ ဧည့်သည် မိန်းကလေး တစ်ယောက်လည်း ရောက်နေသည်။ လင်းဖန် သူမကို ဒီတိုင်း လွှတ်ထားလို့ မရပေ။

လင်းဖန်က ဧည့်သည်ကောင်မလေးအနားကို လျှောက်သွားလိုက်ပြီး မေးလိုက်သည်။ "ဟယ်လို ဘာကိစ္စရှိလို့ ကျွန်တော့်အိမ်ကို လာခဲ့တာလဲ မသိဘူး။"

ကတ်စတမ်မာ ဝန်ဆောင်မှု မိန်းကလေးက ခေါင်းကို ငုံ့လိုက်ပြီး သိမ်မွေ့စွာ ပြောလိုက်ပါသည်။ "ဟယ်လို မစ္စတာလင်း။ ကျွန်မက ရှင့်ရဲ့ ဆောက်လုပ်ရေးဘဏ်က သီးသန့် ကတ်စတမ်မာ ဝန်ဆောင်မှု ကိုယ်စားလှယ်ပါ။ ရှင့်အတွက် ၂၄ နာရီစလုံး ဝန်ဆောင်မှု ပေးရပါတယ်။ ဒီနေ့ ရှင့်ရဲ့ ဘဏ်အကောင့်က ယွမ် သန်း ၈၀ ကို လက်ခံရရှိခဲ့လို့ ကုမ္ပဏီက ရှင့်ကို အဆင့်မြှင့်တင်ပေးလိုက်ပါတယ်။ ဒါက ရှင့်အတွက် အနက်ရောင်ကတ်ပါ။ အထွေထွေ အသုံးပြုလို့ရပြီး အကန့်အသတ် မရှိပါဘူး။”

"ပြီးတော့ ရှင့်ရဲ့ အနက်ရောင်ကတ်က ကမ္ဘာကြီးထဲက ဘယ်ဘဏ်မျိုးမှာမဆို အသုံးပြုလို့ရပါတယ်။ တကယ့် ထိပ်တန်းပုဂ္ဂိုလ်တွေကသာ ဒီလိုအနက်ရောင်ကတ်မျိုးကို ပိုင်ဆိုင်နိုင်တာပါ။ ဒီအနက်ရောင်ကတ်က အရမ်းတန်ဖိုးကြီးလွန်းတဲ့အတွက် စီအီးအိုက ရှင့်ဆီ ကျွန်မကို ကိုယ်တိုင် လာပို့ခိုင်းလိုက်တာပါ။"

"ရှင့်ရဲ့ မူလဘဏ်အကောင့်ထဲက ငွေတွေကို ဒီအနက်ရောင်ကတ်ထထဲ အလိုအလျောက် လွှဲပြောင်းပေးထားပါတယ်။ ပါ့စ်ဝေါ့ကလည်း ဒီဘူးထဲမှာ ပါပါတယ်။ ပါ့စ်ဝေါ့ကို ပြောင်းလို့ ရပါတယ်" ကတ်စတမ်မာ ဝန်ဆောင်မှု မိန်းကလေးက ပြောလိုက်ပါသည်။

ဒီအနက်ရောင်ဘဏ်ကတ်ကို လင်းဖန် ပိုင်ဆိုင်သွားပြီဖြစ်ပြီး အလွန်ကောင်းမွန်သည့် လုံခြုံရေးစနစ်များ ပါရှိသည်။

ထိပ်တန်းဟက်ကာတွေတောင် ဒီအနက်ရောင်ကတ်၏ လုံခြုံရေးကို မထိုးဖောက်နိုင်ပါ။

ဒီအနက်ရောင်ကတ်က အဆင့်အတန်း၏ သင်္ကေတ ဖြစ်သည်။

သာမန်လူတွေ ဒီလိုအနက်ရောင်ကတ်မျိုး ရနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါ။

"ကောင်းပါပြီ။ ကျေးဇူးတင်ပါတယ်။" လင်းဖန်က ပြောလိုက်သည်။

"အရမ်းနောက်ကျနေပြီ။ ခင်ဗျား အိမ်ကို တစ်ယောက်တည်းပြန်ဖို့ စိတ်မချရဘူး။ ခဏနေရင် လုံခြုံရေးဝန်ထမ်းတွေကို အိမ်လိုက်ပို့ခိုင်းလိုက်ပါ့မယ်" လင်းဖန်က ပြောလိုက်သည်။ "ပြီးတော့လည်း ကျွန်တော် အိမ်မှာ လုပ်ထားတဲ့ ပေါင်မုန့်တွေရှိတယ်။ ကျွန်တော် မင်းကို ဧည့်ခံပါရစေ။"

ဘာပဲဖြစ်ဖြစ် ကတ်စတမ်မာ ဝန်ဆောင်မှု မိန်းကလေးက ဒီအနက်ရောင်ကတ်ကို ကိုယ်တိုင် လာပေးခဲ့ပြီး အချိန်အကြာကြီးတောင် စောင့်နေခဲ့ရသည်။ ထို့အပြင် ဒီကတ်စတမ်မာ ဝန်ဆောင်မှု ကောင်မလေးက အကျင့်သီလ ကောင်းမွန်သည်။ ထို့ကြောင့် လင်းဖန် သူမကို အထင်ကြီးမိပါသည်။

သူမ လင်းဖန်၏ အိမ်ထဲကိုဝင်လာတော့ ကြမ်းပြင်ကို ညစ်ပတ်စေမှာစိုးသဖြင့် သူမ၏ ဖိနပ်များကို ကိုယ်တိုင် ချွတ်ခဲ့သည်။ ဒီလို မိန်းကလေးမျိုးက ရှားပါးသည်။

လင်းဖန်က ဂရုမစိုက်သော်လည်း ကတ်စတမ်မာ ဝန်ဆောင်မှု ကောင်မလေး၏ လုပ်ရပ်က လင်းဖန်ကို အထင်ကြီးသွားစေပါသည်။ ထို့ကြောင့် ဒီကောင်မလေးကို ပေါင်မုန့်ကျွေး ဧည့်ခံသင့်ပါသည်။

"ကောင်းပါပြီ။ ကျေးဇူးတင်ပါတယ် မစ္စတာလင်းဖန်" ကတ်စတမ်မာ ဝန်ဆောင်မှု မိန်းကလေးက ပေါင်မုန့်ကို ယူလိုက်သည်။ သူမ တကယ်ပဲ ညစာ မစားရသေးပါ။ သူမ အိမ်ကလည်း ဒီကနဲ့ ဝေးသည်။ မြေအောက် ရထားစီးသွားပါက ၂ နာရီကြာမြင့်ပါသည်။

ပေါင်မုန့်ကို ယူပြီးနောက် ကတ်စတမ်မာ ဝန်ဆောင်မှု မိန်းကလေးက သေးသေးလေး တစ်ကိုက် ကိုက်ကြည့်လိုက်ပါသသည်။

ထို့နောက် သူမ မှင်သက်သွားရ၏။

သိပ်မကြာလိုက်ပဲ ကတ်စတမ်မာ ဝန်ဆောင်မှု မိန်းကလေးက ပေါင်မုန့်အကုန်လုံးကို စားကုန်သွားပါသည်။

ထို့အပြင် သူမ ထပ်စားချင်နေသေးသည်။

သူမလည်း ဘဏ်မှ ဝယ်ထားသော ပေါင်မုန့် အများကြီးကို စားဖူးပါသည်။ သို့သော်လည်း လင်းဖန်ကိုယ်တိုင် လုပ်ထားသည့် ဒီပေါင်မုန့်တွေနဲ့ အရသာ ခြားနားလှသည်။

ကမ္ဘာကြီးထဲမှာ ဒီလောက်အရသာရှိသည့် ပေါင်မုန့်မျိုး ရှိနေတာ သူမ မသိခဲ့ပါ။

လင်းဖန်က တကယ့်ကို မာစတာ စားဖိုမှူး တစ်ယောက် ဖြစ်သည်။

ထို့အပြင် လင်းဖန်က ရုပ်ရည်လည်း ချောမောလွန်းပါသည်။ ကတ်စတမ်မာ ဝန်ဆောင်မှု မိန်းကလေးက လင်းဖန်ကို ရှက်ရွံ့စွာ ကြည့်လိုက်သည်။

သူမ လင်းဖန်ကို အရင်တုန်းက တီဗီပေါ်မှာသာ မြင်ခဲ့ဖူးသည်။ အခုတော့ လင်းဖန်ကို လက်တွေ့ ဘဝမှာ မြင်လိုက်ရသဖြင့် သူမ ချစ်မိသွားသလို ခံစားလိုက်ရပါသည်။

All Chapters