← Chapters

အိမ်ထောင်စုစာရင်းခိုးပြီး မင်္ဂလာလက်မှတ်ထိုးခြင်း (၂)

Vol. 16 Ch. 234

အိမ်ထောင်စုစာရင်းခိုးပြီး မင်္ဂလာလက်မှတ်ထိုးခြင်း (၂)

Vol. 16 Ch. 234

လင်းဖန်က စူပါစတားတစ်ယောက် ဖြစ်သည်။ လင်းဖန်လောက်ချောတဲ့လူမျိုး တွေ့ရဖို့က ရှားပါသည်။

"မစ္စတာလင်းဖန် ကျွန်မ ပြန်လိုက်ပါဦးမယ်။ လုံခြုံရေးဝန်ထမ်းတွေကို လိုက်ပို့ခိုင်းဖို့မလိုပါဘူးရှင်။ အချိန်က စောပါသေးတယ်။ ကျွန်မ မြေအောက်ရထားနဲ့ပဲ ပြန်လိုက်မယ်။ အန္တရာယ် မရှိပါဘူး။" ကတ်စတမ်မာ ဝန်ဆောင်မှု မိန်းကလေးက ပြောလိုက်ပါသည်။

"အင်း ကောင်းပါပြီ။ ဂရုစိုက်ပါ။" လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။

ကတ်စတမ်မာ ဝန်ဆောင်မှု မိန်းကလေးက ခေါင်းငြိမ့်ကာ သူမ၏ ခြေအိတ်နဲ့ ဖိနပ်များကို ပြန်ဝတ်ပြီး လင်းဖန်၏ အိမ်မှ ထွက်သွားတော့သည်။

တံခါးအပြင်ဘက်သို့ ရောက်သောအခါ ကတ်စတမ်မာ ဝန်ဆောင်မှု မိန်းကလေးက လင်းဖန်ကို ပိုပြီး သဘောကျသွားခဲ့ပါသည်။

လင်းဖန်၏ ကိုယ်ကျင့်တရားက သူမ မျှော်လင့်ထားတာနဲ့ လုံးဝ ခြားနားနေခဲ့သည်။

ရှန်ဟိုင်းမြို့၏ စက်တင်ဘာလတွင် ရာသီဥတုက အတော်လေး ပူအိုက်သည်။ သူမ ဝတ်ထားသည့် ဘောင်းဘီတိုကလည်း သူမ၏ ခြေတံသွယ်သွယ်ကို ပေါ်လွင်စေပါသည်။

သူမ၏ ကြည့်ကောင်းသော ပုံစံတို့ကြောင့် လမ်းမှာလည်း အာရုံစိုက်ကြသူတွေများသည်။

သို့သော် အစမှအဆုံးအထိ လင်းဖန်က သူမကို တဏှာရူးသော အကြည့်ဖြင့် မကြည့်ခဲ့ပါ။

သူတို့ ဆက်ဆံခဲ့ပုံက အလွန် သာမန်ဆန်ပါသည်။ လင်းဖန်က တဏှာရူးသော အကြည့်ဖြင့် မကြည့်ခဲ့ပေ။ အတိုချုံးအားဖြင့် သူက တခြားသူတွေနဲ့ ခြားနားပါသည်။

အမှန်ပင်။ လင်းဖန်က တခြား လွန်လွန်ကြူးကြူး တောင်းဆိုမှုများကိုလည်း မလုပ်ခဲ့ပါ။

လင်းဖန်၏ ကိုယ်ကျင့်တရားက အလွန် ကောင်းမွန်လှသည်။ ကတ်စတမ်မာ ဝန်ဆောင်မှု မိန်းကလေးလည်း ကြည်နူးသွားမိပါသည်။

လင်းဖန်သာ သူမကို တစ်ခုခုလုပ်ချင်ပါက သေချာပေါက် အောင်မြင်နိုင်သည်။ သို့သော်လည်း ထိုအချိန်ကစပြီး သူမ လင်းဖန်အပေါ် စိတ်ပျက်မိပါလိမ့်မည်။ ဒီနေ့ လင်းဖန်၏ ပြုမူပုံက သူမကို ညှို့အားပြင်းတဲ့ မင်းသားလေးတစ်ယောက် အစစ်ဆိုတာ ဘယ်လိုဘယ်ဝါမှန်း ခံစားမိစေခဲ့ပါသည်။

သူက ကယောင်ချောက်ချား မဖြစ်တတ်ပါ။ မိန်းကလေးများစွာနဲ့ ရှုပ်ပွေဖို့ အခွင့်အရေးရလာရင်တောင် သူ စိတ်မဝင်စားပါ။

လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ ဗီဒီယို Chat နေတာကို မြင်သွားတော့ ကတ်စတမ်မာ ဝန်ဆောင်မှု ကောင်မလေး သိနိုင်ပါသည်။

လင်းဖန်က ရှားဝမ်ချွေ့အတွက်သာ အချစ်များဖြင့် ပြည့်နှက်နေသည်။

ထိုကဲ့သို့ အချစ်မျိုးက ထူးခြားပြီး ကတ်စတမ်မာ ဝန်ထမ်းမိန်းကလေးတောင် အားကျမိပါသည်။

...

လင်းဖန် အိမ်တွင် ရှိနေသေးသည်။ ညစာစား ရေချိုးပြီးနောက် သူ ရှားဝမ်ချွေ့ကို ဗီဒီယိုကော ခေါ်လိုက်ပါသည်။

ရှားဝမ်ချွေ့ "ချွေ့ချွေ့ ဘယ်မှာလဲ။ ငါမရှိတုန်း နင်အနိုင်ကျင့်နေတာတော့ မဟုတ်ပါဘူးနော်။"

လင်းဖန် "မဟုတ်ပါဘူး ချွေ့ချွေ့က အခု နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာ"

ရှားဝမ်ချွေ့ "မြောင်~~"

လင်းဖန် "ခုနက နင့်အခန်းထဲမှာ ဘယ်သူမှ အိပ်လို့မရဘူးလို့ ပြောလိုက်တာလား။ တခြားသူတွေ အိပ်လို့ မရပေမယ့် ငါတော့ နင့်အခန်းထဲမှာ အိပ်ချင်တယ်။"

ရှားဝမ်ချွေ့ "အိပ်ရဲအိပ်ကြည့်လိုက်"

ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့ အခန်းနှစ်ခန်းကို သူတို့ကိုယ်တိုင် အထူးတလည် အလှဆင်ထားခြင်းဖြစ်သည်။

အထူးသဖြင့် ရှားဝမ်ချွေ့၏ အခန်း ဖြစ်သည်။ လင်းဖန် တစ်ခါမှ ဝင်မကြည့်ဖူးပါ။

ဒါက နှလုံးသားရေကန်ဗီလာတွင် ရှားဝမ်ချွေ့၏ ကိုယ်ပိုင်နေရာလေးတစ်ခုဖြစ်သည်။

လင်းဖန်ရဲ့ အိမ်ဖြစ်သော်လည်း မိန်းကလေးတွေ အိပ်တဲ့နေရာကိုတော့ လင်းဖန် သွားကြည့်မည်မဟုတ်ပါ။ သူ့ကို နှာဘူးနဲ့ တူသွားစေပါလိမ့်မည်။

အခုတော့ ခြားနားသွားပါပြီ။

ယခု ရှားဝမ်ချွေ့က သူ့ကောင်မလေးဖြစ်နေပြီဖြစ်သဖြင့် သူမ အခန်းထဲမှာ အိပ်ဖို့က ကြီးကြီးမားမား ပြဿနာ မဟုတ်ပေ။

ဘာပဲဖြစ်ဖြစ် သိပ်မကြာခင်မှာ သူတို့ အတူတူ အိပ်ကြရတော့မှာ မဟုတ်လား။

လင်းဖန်က ဖုန်းကိုကိုင်ပြီး ရှားဝမ်ချွေ့ အခန်းထဲသို့ ဝင်သွားလိုက်သည်။ "ငါ့မိန်းမအခန်းက တော်တော် ကောင်းကောင်း အလှဆင်ထားတာပဲ။ အိပ်ယာလေးကလည်း အိစက်နေတာပဲ။"

ရှားဝမ်ချွေ့ "နှာဘူးကောင် ဟွန်း ငါ့ကုတင်ပေါ် လှဲခွင့်မရှိဘူးနော်။"

လင်းဖန် "မိန်းမ နင်ဘယ်တော့ ပြန်လာမှာလဲ။ လေဆိပ်မှာ ငါလာကြိုမယ်။ ဒီလောက် လှတဲ့ မိန်းမနဲ့ အတူတူ တခြားစုံတွဲတွေသာဆို စဒိတ်တဲ့အချိန်ကစပြီး ၃ လလောက် ဟန်းနီးမွန်းထွက်ကြတယ်။ ငါကတော့ တစ်ယောက်တည်း အိပ်နေရပြီး ဓာတ်ပုံတွေပဲ အများကြီးရှိတယ်။ ငါ့လောက် သနားစရာ ကောင်းတဲ့ ကောင်လေး ငါပဲ ရှိတယ်။"

ရှားဝမ်ချွေ့၏ မျက်နှာက အနည်းငယ် နီရဲသွားပြီး ပြောလိုက်ပါသည်။ "ငါ့ကို လေဆိပ်မှာ လာကြိုစရာ မလိုပါဘူး။ ငါပြန်လာဖို့ လိုသေးတယ်။ နင် တကယ် မစောင့်နိုင်ရင် ငါ့အခန်းထဲမှာ အိပ်လိုက်ပေါ့~"

လင်းဖန် ထိုစကားကိုကြားတော့ ရှားဝမ်ချွေ့၏ ကုတင်ပေါ် လှဲလိုက်ပြီး တောက်ပစွာ ပြုံးလိုက်ပါသည်။ "ဒါဆိုလည်း နင့်အခန်းထဲမှာပဲ အိပ်တော့မယ်။"

ရှားဝမ်ချွေ့ "~~~"

ရှားဝမ်ချွေ့ "ဒါဆို ငါအလုပ်သွားတော့မယ်နော် မွ~~"

လင်းဖန် "နင်အလုပ်သွားရဦးမှာလား။"

ရှားဝမ်ချွေ့က ဝမ်းနည်းသွားသည့်ပုံစံပေါ်ပါသည်။ "ငါတို့ရဲ့ နှစ်ဝက်ကတိကို မေ့သွားပြီလား။ နှစ်ဝက်အတွင်း နင့်ကို အိမ်ခေါ်သွားပြီး ငါ့မိဘတွေ အသိအမှတ်ပြုအောင် လုပ်ပေးမယ်လို့။ အဲ့တာမှ ငါ့ကိုလက်ထပ်လို့ရမှာပေါ့။"

လင်းဖန် "..."

လင်းဖန် "နင်က အနာဂတ်ကျရင် ငါ့မိန်းမဖြစ်မှာပဲကို။ ငါနင့်ကို လက်ထပ်မှာပေါ့။"

ရှားဝမ်ချွေ့ "အွန်း~"

ရှားဝမ်ချွေ့ "ကောင်းကောင်း အိပ်ပါ။ ပဲရစ်စ်မှာ အခုနည်းနည်းချမ်းနေပြီ။ ငါဒီနေ့အလုပ်ပြီးရင် မက်ဆေ့ပို့လိုက်မယ်။"

လင်းဖန် "နင်ငါ့ကို ဒီလိုမြူဆွယ်နေလို့ ငါစိတ်မထိန်းနိုင်တော့ရင် ဘယ်လိုလုပ်မလဲ။"

ရှားဝမ်ချွေ့ "ဒါဆိုလည်း ငါပြန်လာရင် နင့်ကို ဆုချပေးမယ်လေ"

လင်းဖန် “...”

သူ့မိန်းမက သူ့ကို ဆုချပေးမယ်ဆိုပဲ။

လင်းဖန်က ရှားဝမ်ချွေ့ပြန်လာသောအခါ သူမကို တွေ့ရမည့်အချိန်အား စောင့်မျှော်နေမိပါသည်။

ရှားဝမ်ချွေ့ကို တွေ့ရဖို့ သူ လဝက်လောက် စောင့်ရဦးမည်။

ဒီလဝက်က တစ်နှစ်လောက် ခံစားရသည်။

ရှားဝမ်ချွေ့က အလုပ်ကြိုးစားနေ၏။ နှစ်ဝက်အတွင်း သူ့ကို သူမ မိသားစုနဲ့တွေ့ပေးဖို့ ခေါ်သွားမည့်အပြင် ငွေဘယ်သူပိုရှာနိုင်သလဲဆိုတာလည်း သူနဲ့ ယှဥ်ချင်နေသေးသည်။

ထိုအချိန်ကျလျှင် မိသားစုအဆင့်အတန်း ပြိုင်ပွဲကြီး ဖြစ်လာပါလိမ့်မည်။

လင်းဖန် ရှားဝမ်ချွေ့ကို ရှုံးနိမ့်သွားလို့ မရပါ။ ဒီလိုဆို တစ်သက်လုံး အောက်ကျခံနေရပြီး ယောက်ျားတစ်ယောက်၏ ဂုဏ်သိက္ခာမျိုး ရှိတော့မှာ မဟုတ်ပေ။

လင်းဖန် ချက်ချင်း ထထိုင်လိုက်ပြီး စာကြည့်ခန်းထဲသွားကာ ကွန်ပျူတာဘေးတွင် ဝင်ထိုင်လိုက်ပါသည်။

ထို့နောက် ဇာတ်ညွှန်းများရေးကာ အလုပ် စလုပ်လိုက်သည်။

သူအားလုံးကို ရှုံးနိမ့်လို့ရသော်လည်း ရှားဝမ်ချွေ့ကိုတော့ ရှုံးနိမ့်လို့ မဖြစ်ပေ။ မိသားစု အဆင့်အတန်းအတွက် တိုက်ပွဲက မပြီးသေးပေ။

ဇာတ်ညွှန်းရေးရသည့်အပြင် တရုတ်စစ်တုရင်လည်း လေ့လာရသေးသည်။

လင်းဖန် တရုတ်စစ်တုရင်ကို ဆက်လက်လေ့လာဖို့ ပြင်ဆင်လိုက်ပါသည်။

နေ့စဥ် အနိုင်ယူနည်းလမ်း၊ လှည့်ကွက်များ၊ အဖွင့်ရွှေ့ကွက်များနှင့် ခဲရာခဲဆစ်အခြေအနေများကို လေ့လာဖို့ ဗီဒီယိုများ ဆက်ကြည့်ပါက ရှားဝမ်ကျွေ့၏ အဖေကို သူအနိုင်မယူနိုင်ဘူးဟု မထင်ပါ။

သို့သော်လည်း လင်းဖန်၏ စနစ်က အနည်းငယ် ရယ်ချင်စရာ ကောင်းပါသည်။

သူယခု တရုတ်စစ်တုရင် ကျွမ်းကျင်မှုအစွမ်းကို လိုအပ်နေသည်။ သူ လဝက်ကိုတစ်ခါသာ Sign-in ဝင်နိုင်သည်။ လင်းဖန်က ကျောင်းနယ်မြေဘလော့တစ်ခုကိုရခဲ့သော်လည်း တရုတ်စစ်တုရင် ကျွမ်းကျင်မှုအစွမ်းကိုတော့ မရခဲ့ချေ။

All Chapters