← Chapters

အိမ်ထောင်စုစာရင်းခိုးပြီး မင်္ဂလာလက်မှတ်ထိုးခြင်း(၃)

Vol. 16 Ch. 235

အိမ်ထောင်စုစာရင်းခိုးပြီး မင်္ဂလာလက်မှတ်ထိုးခြင်း(၃)

Vol. 16 Ch. 235

စနစ်က သိပ်အားမကိုးရတော့ပေ။

သူ့တရုတ်စစ်တုရင်စွမ်းရည်ကို တိုးမြှင့်ချင်ပါက သူ့အားကိုသူ ကိုးရတော့မည်။

စာရေးဆရာလို ဉာဏ်ကြီးရှင်ဦးနှောက်မျိုး သူ့မှာ ရှိနေသဖြင့် တရုတ်စစ်တုရင်ကို မသင်ယူနိုင်စရာ အကြောင်းမရှိဘူးဟု ယုံကြည်နေပါသည်။

သူ့စွမ်းရည်အစစ်အမှန်ဖြင့် ရှားဝမ်ချွေ့၏ အဖေကို အနိုင်ယူပြီး သူမကို လက်ထပ်နိုင်ပါသည်။

ထိုအချိန်ကျလျှင် ဘဝက အလွန်ပျော်ဖို့ကောင်းပါလိမ့်မည်။

လင်းဖန် တရုတ်စစ်တုရင်ကို လေ့လာနေစဥ် မရေမတွက်နိုင်သော အသိပညာများစွာတို့ သူ့စိတ်ထဲ ဝင်လာတာကို ခံစားမိပါသည်။ သူ့ရဲ့ တရုတ်စစ်တုရင်စွမ်းရည်က နည်းနည်းချင်း တိုးတက်လာနေပါပြီ။

ရှားဝမ်ချွေ့၏ အဖေကို အနိုင်ယူဖို့အတွက် သူ့ကိုယ်ပိုင် အစွမ်းအစကိုသာ အသုံးချမည်။ နှစ်ဝက်ခန့်ကြာသောအခါ သူမ၏ အဖေကို လုံးဝ အနိုင်ယူနိုင်ပါလိမ့်မည်။

ရှားဝမ်ချွေ့ကို လက်ထပ်ချင်ပါက သူ့မိဘများနှင့် အရင်ဆုံး ရင်ဆိုင်ရလိမ့်မည်။

ထိုနေ့ရောက်လာဖို့အတွက် သိပ်မလိုတော့ပေ။

လင်းဖန်က ညည့်နက်ချိန်အထိ တိုးတိတ်စွာ လေ့လာခဲဲ့သည်။ ဘာမှန်းမသိလိုက်ဘဲ သူ အိပ်ပျော်သွားခဲ့ပါတော့သည်။

ရှားဝမ်ချွေ့ ပဲရစ်စ်မှာ အလုပ်လုပ်နေစဥ် လင်းဖန်ကတော့ ကွန်ပျူတာဘေးမှာ အိပ်ပျော်နေပါသည်။

...

ပဲရစ်စ်မြို့ တစ်နေရာတွင်။

ရှားဝမ်ချွေ့ ကြော်ငြာရိုက်ကူးပြီးသွားပြီဖြစ်ကာ ဒီနေ့အတွက်တော့ အလုပ်ပြီးမြောက်သွားပါပြီ။

ယန်ချင်းက ရှားဝမ်ချွေ့ကို ကြည့်လိုက်သည်။ "ဝမ်ချွေ့ ဥရောပမှာ ရိုက်ကူးရေးပြီးသွားပါပြီ။ တစ်ညလောက်နားပြီးရင် ငါတို့ မနက်ဖြန် ပြန်လို့ရပြီ။"

ရှားဝမ်ချွေ့က ချိုမြိန်စွာပြုံးလိုက်ပြီဂ အနည်းငယ် ပျော်ရွှင်နေခဲ့ပါသည်။ သူမ၏ လှပသော မျက်လုံးလေးများက အနည်းငယ် ပင်ပန်းနေပြီး နူးညံ့စွာ ခေါင်းငြိမ့်လိုက်သည်။

ယန်ချင်း စိတ်မကောင်းဖြစ်သွားပါသည်။ "ဝမ်ချွေ့ နင်ဒိတ်လုပ်ချင်တယ် ဆိုရင်တောင် ကိုယ့်ကိုယ်ကို အဲ့လောက်တွန်းအားပေးလို့ မဖြစ်ဘူးလေ။ ရိုက်ကူးရေးက ပုံမှန် ရက် ၃၀ လောက်ကြာရမှာကို နင်က ရက် ၂၀ တည်းနဲ့ အပြီးရိုက်သွားတယ်။ တစ်ရက်ကို ၃ - ၄ နာရီပဲ အနားယူနိုင်တာ ဘယ်လိုလုပ်ဖြစ်မလဲ"

ရှားဝမ်ချွေ့က ယန်ချင်းကိုကြည့်လိုက်ပြီး ပြုံးလိုက်ပါသည်။ "ဘာ မှမဖြစ်ပါဘူး။ သူ့ကို စောစောတွေ့ရဖို့ အလုပ်ကြိုးစားရတာပေါ့။ အနုပညာရှင်တစ်ယောက်က အလုပ်မကြိုးစားဘဲ နေလို့ရမလား။"

ယန်ချင်း ပိုပြီးတောင် ရင်နာလာပါသည်။ "ဝမ်ချွေ့ နင့်ကျန်းမာရေးက ပိုပြီး အရေးကြီးတယ်။ လူငယ်တွေကြားက အချစ်ရေးကို ငါတော့ တကယ် နားမလည်နိုင်တော့ဘူး။"

ရှားဝမ်ချွေ့က ခေါင်းငြိမ့်လိုက်သည်။ "သိပါတယ်။ ကျွန်မ ကောင်းကောင်းအနားယူလိုက်ပါ့မယ်။ ၁၀ ရက် ကျန်သေးတယ်မလား။ အဲ့ဒီ ၁၀ ရက်အတွင်း သူနဲ့ အတူတူရှိလို့ရတာပေါ့။ သူချက်ကျွေးတဲ့ ဟင်းတွေစားပြီးတော့ သူ့အိမ်မှာပဲ အိပ်တော့မယ်။”

ထိုစကားကြားသောအခါ ယန်ချင်း ချောက်ချားသွား၏။

လင်းဖန်အိမ်မှာ အိပ်မယ်ဟုတ်လား။

ယန်ချင်း ရှားဝမ်ချွေ့ကို ကြည့်လိုက်သည်။ "ဒါ...ဒါက အတူပေါင်းသင်းနေထိုင်တာပဲ ဝမ်ချွေ့။ ပရိသတ်တွေသာ သိသွားကြရင် သတင်းပေါ် ထပ်ပါလာဦးမယ်။ နင့်ရဲ့လုပ်ငန်းအပေါ် ထိခိုက်လိမ့်မယ်နော်။ နင် အတူပေါင်းသင်းနေထိုင်တော့မယ်ဆိုရင် ပရိသတ်တွေ ရင်ထဲက နင့်ရဲ့ ပြီးပြည့်စုံနေတဲ့ ပုံရိပ်လေး ပျက်စီးသွားလိမ့်မယ်။ နင်သတိထားမှ ဖြစ်မှာပေါ့။"

ယန်ချင်းက ရှားဝမ်ချွေ့အတွက်သာ ဒါမျိုး ပြောနေခြင်း ဖြစ်သည်။ အမြဲတမ်း ရှားဝမ်ချွေ့ကို နှစ်နှစ်ကာကာ တိုက်တွန်းလေ့ရှိသည်။

ရှားဝမ်ချွေ့က သူမခေါင်းကို နူးညံ့သိမ်မွေ့စွာ ခါလိုက်ပါသည်။ သူမမျက်နှာက အနည်းငယ် နီရဲသွားပြီး ပြုံးကာ ပြောလိုက်ပါသည်။ "ကျွန်မတို့ ပေါင်းသင်းနေထိုင်မလို့ မဟုတ်ပါဘူး။ လင်းဖန်အိမ်မှာ ရက်ပိုင်းလောက်ပဲ သွားတည်းမှာပါ။ အဲ့တာပြီးရင် အလုပ်ကြိုးစားဖို့ လိုသေးတယ်လေ။"

"အစ်မယန်။ စိတ်မပူပါနဲ့။ လင်းဖန်က ကျွန်မကို အနိုင်မကျင့်ပါဘူး။ ကျွန်မတို့လက်မထပ်ခင် ကျွန်မတို့ အဲ့တာမျိုး မလုပ်ပါဘူး" ရှားဝမ်ချွေ့၏ မျက်နှာက ပို၍ပင် နီရဲလာပါသည်။

အမှန်ပင်။ ဘာာက အရေးကြီးသလဲဆိုတာ သူမလည်း သိပါသည်။ အခုလိုအချိန်ကြီးမှာ လင်းဖန်အတွက် ကလေးမွေးမပေးနိုင်သေးပေ။

ထို့အပြင် သူမက ငယ်သေးကာ စိတ်ပိုင်းဆိုင်ရာအရ ပြင်ဆင်ထားခြင်းလည်း မရှိသေးပါ။ သူမက လင်းဖန်၏ ကောင်မလေးဖြစ်နေပြီ ဖြစ်သော်လည်း လင်းဖန်သာ သူမကို အနိုင်ကျင့်ဖို့ ကြိုးစားပါက သူမ သဘောတူမှာ မဟုတ်ပါ။

ယန်ချင်းလည်း အနည်းငယ် စိတ်ပျက်လက်ပျက်ဖြစ်သွားသည်။ "ဝမ်ချွေ့ နင်တို့ အတူတူနေနေတာကိုသာာ ပရိသတ်တွေသိသွားရင် နင်တို့ ဘာမှ လုပ်တာ မလုပ်တာ သူတို့ စိတ်မဝင်စားဘူး။ အခုခေတ်ပရိသတ်တွေက အရမ်းစိတ်ကူးယဥ်ဆန်ကြတာနော်။ နင်ဆေးရုံသွားနေတာ မြင်ရင်တောင် ဗိုက်ကြီးနေတယ်လို့ ပြောကြမှာပဲ။"

ရှားဝမ်ချွေ့"ဟွန်း... သူတို့ဘာပြောပြော ဂရုမစိုက်ပါဘူး။ အဲ့ဒီပရိသတ်တွေ တကယ် ကောလဟာလတွေ လွှင့်နေရင် ကျွန်မ အိမ်ပြန်မယ်။"

ယန်ချင်းက ရှားဝမ်ချွေ့ကိုကြည့်ကာ စိတ်ဝင်တစား မေးလိုက်သည်။ "အိမ်ပြန်ပြီး ဘာလုပ်မလို့တုန်း။"

ရှားဝမ်ချွေ့က ခေါင်းငုံ့ကာ ရှက်ရွံ့စွာဖြင့် ပြောလိုက်ပါသည်။ "ကျွန်မ အိမ်ထောင်စုစာရင်းကိုခိုးပြီး လင်းဖန်နဲ့ လက်ထပ်စာချုပ် လက်မှတ်ထိုးမလို့လေ~"

All Chapters