ရှားဝမ်ချွေ့ ပြန်လာပြီ
Vol. 16 Ch. 236
ရှားဝမ်ချွေ့ ဒီလိုစကားပြောတာကို ကြားရပြီး သူမကို ကြည့်မိပါက ယောက်ျားများစွာ၏ နှလုံးသား အရည်ပျော်သွားနိုင်သည်။
ဒီလိုမိန်းကလေးမျိုးကို လက်ထပ်နိုင်သည့် ဘယ်သူမဆို အလွန်အမင်း ကံကောင်းနိုင်ပါသည်။
သူမ မိသားစု သဘောမတူခင်မှာပင် လင်းဖန်နဲ့ အတူနေဖို့ ဆုံးဖြတ်ပြီးပါပြီ။
ပရိသတ်တွေ မိသွားပါကလည်း သူမ အိမ်ပြန်ပြီး အိမ်ထောင်စုစာရင်းကိုခိုးကာ လင်းဖန်နဲ့ လက်ထပ်စာချုပ်ချုပ်ဖို့တောင် ဆုံးဖြတ်ထားသည်။
ဒီလို နတ်သမီးလေးကို လက်ထပ်နိုင်သည့် ဘယ်သူမဆို ကမ္ဘာပေါ်တွင် ကံအကောင်းဆုံးလူဖြစ်သည်။
ယန်ချင်း သက်ပြင်းသာ ချနိုင်ပါတော့သည်။
သူမ လူငယ်တွေရဲ့ အချစ်ရေးကို နားမလည်နိုင်တော့ပေ။
ဒါက တစ်ဘဝတာ အချစ်ရေးမျိုး ဖြစ်သည်။
လက်ထပ်စာချုပ်ချုပ်ဆိုလိုက်တာနဲ့ သူတို့ တစ်သက်လုံး အတူတူနေသွားရတော့မည်ဟု ဆိုလိုသည်။
လင်းဖန်အတွက်ဆို ရှားဝမ်ချွေ့က ဒီလိုတောင် လုပ်ဖို့ စိတ်ကူးနေပါပြီ။
ရှားဝမ်ချွေ့က ယန်ချင်းကိုကြည့်လိုက်ပြီး ပြောလိုက်ပါသည်။ "အစ်မယန် ဒီနေ့ညအတွက် လေယာဥ်လက်မှတ် ဘိုကင်လုပ်လိုက်တော့။"
ယန်ချင်း "ဝမ်ချွေ့ နင်ဒီလောက်အချိန်တွေ အကြာကြီး အလုပ်လုပ်ထားရတာ မပြန်ခင် တစ်ညလောက်တော့ နားပါဦးလား။"
ရှားဝမ်ချွေ့က သူမခေါင်းကို ညင်ညင်သာသာ ခါလိုက်ပါသည်။ "ရပါတယ်။ လေယာဥ်က ၁၀ နာကျော်လောက် စီးရမှာပဲ။ လေယာဥ်ပေါ်မှာ နားလို့ ရပါတယ်။"
ယန်ချင်းက ခေါင်းငြိမ့်လိုက်သည်။ "ဒါဆိုလည်း First-class လက်မှတ်တွေ ဖြတ်လိုက်တော့မယ်။ ကောင်းကောင်းနားပါ။ လင်းဖန်ပို အဲ့လောက်တောင် ပြန်တွေ့ချင်နေပြီလား။"
ရှားဝမ်ချွေ့၏ ပါးများက အလွန်အမင်းနီရဲနေပါသည်။ "အင်း~ ကျွန်မ လင်းဖန်ကို Surprise လုပ်ရမယ်။"
...
နောက်တစ်နေ့ မနက်။
လင်းဖန်က ယွဲ့ဟွာတွင် အလုပ်လုပ်နေသည်။
ရှားဝမ်ချွေ့မရှိပါက လင်းဖန် အလုပ်မှာ စိတ်မပါပါ။
အိမ်မှာနေရတာ ပျင်းဖို့ကောင်းလွန်းသဖြင့် လင်းဖန် ရုံးလာခဲ့ခြင်းသာဖြစ်သည်။
ရုံးတွင် လင်းဖန်က ဇာတ်ညွှန်းများကို ရေးမနေပါ။
"ဘဝရဲ့ပျော်ရွှင်မှု" Season 2 နဲ့ "ဓားနှင့် နတ်သမီးဒဏ္ဍာရီ" Season 3 တို့၏ဇာတ်ညွှန်းများက ပြီးဆုံးလုနီးပါး ဖြစ်နေပါပြီ။
လင်းဖန်က ဇာတ်သိမ်းကို စဥ်းစားနေဆဲဖြစ်၏။
"ဓားနှင့်နတ်သမီးဒဏ္ဍာရီ" Season 3 က လင်းဖန်ရိုက်ကူးသည့် "ဓားနှင့်နတ်သမီးဒဏ္ဍာရီ"၏ နောက်ဆုံးစီးရီးလည်းဖြစ်မည်။
ရုံးထဲတွင် လင်းဖန်က တစ်ဖက်မှာတော့ ဇာတ်သိမ်းဘယ်လိုရေးရမလဲ စဥ်းစားနေပြီး တစ်ဖက်မှာတော့ QQ Games တွင် တရုတ်စစ်တုရင် ကစားနေပါသည်။
သူ့စစ်တုရင် စကေးများကို တိုးတက်စေချင်ပါက တရုတ်စစ်တုရင် ကစားနည်းများနဲ့ အလွန် ကျွမ်းဝင်နေရုံသာ မကဘဲ တကယ့်လက်တွေ့ အသုံးချမှုများလည်း အများကြီး လိုအပ်ပါသည်။
QQ Games ၏ စစ်တုရင် အဆင့်များက သင်ယူသူ ၁-၁၊ သင်ယူသူ ၁-၂၊ သင်ယူသူ ၁-၃ တို့ဖြစ်ကြသည်။
အဆင့်တစ်ခုစီမှာလည်း တွဲဖက်အဆင့် ၃ ခုရှိသည်။
အပျော်တမ်းကစားသမား အဆင့် ၁၊ အပျော်တမ်းကစားသမား အဆင့် ၂ နှင့် နောက်ဆုံး အပျော်တမ်းကစားသမား အဆင့် ၉ အထိရှိမည်။
ပုံမှန်ဆို အဆင့် ၉-၁၊ ၉-၂၊ ၉-၃ လောက်ထိ ရောက်သောအခါ အတော်လေးမြင့်နေပြီဖြစ်ပါသည်။ ၎င်းတို့အထက်မှာတော့ နတ်ဘုရား အဆင့်သာရှိတော့သည်။ ပိုမြင့်သည့်အဆင့်များရှိသေးသော်လည်း ရောက်ဖို့ကတော့ အတော်လေးကို ခက်ခဲပါသည်။
တချို့ ပရော်ဖက်ရှင်နယ် ကစားသမားတွေတောင် အလွန်ဆုံး အပျော်တမ်းကစားသမား အဆင့် ၉ မှာရပ်နေကြပါသည်။ သူတို့ အဆင့် ၉-၂ လောက်ရောက်လျှင် အဆင့် ၉ အောက်ရှိ ကစားသမားအများစုကို အနိုင်ယူနိုင်နေပါပြီ။
လင်းဖန် မေးကြည့်ပြီးနောက် ရှားဝမ်ချွေ့ အဖေက အပျော်တမ်းကစားသမား အဆင့် ၉ ရှိသည်။ သူက အဆင့် ၉-၂ ရောက်နေပြီဖြစ်ပြီး သူ့စစ်တုရင်စွမ်းရည်က အလွန်မြင့်မားပါသည်။
သာမန်လူတွေကတော့ ရှားဝမ်ချွေ့အဖေကို အနိုင်မယူနိုင်လောက်ပါ။
လင်းဖန်က မကြာသေးခင်ကမှ တရုတ်စစ်တုရင်ကို စတင်သင်ယူခဲ့သည်။ ထိို့ကြောင့် သူလည်း ဒီ App မှာ တရုတ်စစ်တုရင်ကို ကစားပါသည်။
တစ်နည်းအားဖြင့် လင်းဖန်သာ ရှားဝမ်ချွေ့ အဖေကို အနိုင်ယူချင်ပါက ရှားဝမ်ချွေ့အဖေ အမှားမလုပ်မိလျှင် လင်းဖန်က အပျော်တမ်း ကစားသမား အဆင့် ၉ အထိ အရင်ရောက်အောင်လုပ်ကာ အဆင့် ၉-၃ အထိ ရောက်အောင် လုပ်ရမည်။
QQ တရုတ်စစ်တုရင်တွင် အကောင့်သစ် မှန်သမျှက သင်ယူသူအဆင့်မှ စတင်ရမည်။
လင်းဖန်က ဒီမှာ တရုတ်စစ်တုရင် ကစားနေပါသည်။
သူကစားသည့် ပထမဆုံး တရုတ်စစ်တုရင်ပွဲတွင် လင်းဖန် ပြိုင်ဘက်ကို အပြတ်အသတ် အနိုင်ရခဲ့ပါသည်။
ဒုတိယဂိမ်းမှာလည်း လင်းဖန် ပြိုင်ဘက်ကို အပြတ်အသတ် အနိုင်ရခဲ့ပါသည်။
လင်းဖန်က ဆက်တိုက် အနိုင်ရရှိနေသည်။
၁၈ ပွဲလောက် ဆက်တိုက်အနိုင်ရရှိခဲ့၏။
၁၈ ပွဲ အနိုင်ရရှိပြီးနောက် လင်းဖန်က အပျော်တမ်းကစားသမား အဆင့် ၃ ကို ရောက်ရှိသွားပါပြီ။
လက်ရှိ လင်းဖန်က အပျော်တမ်းကစားသမား အဆင့် ၃ ကိုတောင် ရောက်ရှိနေပါပြီ။
တရုတ်စစ်တုရင် App ထဲတွင် ဆက်တိုက် အနိုင်ရရှိမှုများအတွက် အဆင့်သတ်မှတ်ချက် ရှိပါသည်။
လင်းဖန်က အမြင့်ဆုံး ဆက်တိုက်အနိုင်ရသူဖြစ်သည်။
တရုတ်စစ်တုရင် App ၏ ညာဘက်ထောင့်တွင် နောက်ဆုံးရ သတင်းများကို ကြေညာပေးနေပါသည်။
[၁၉ ပွဲ ဆက်တိုက်အနိုင်ရရှိသွားသည့်အတွက် လင်းဖန်ကို ဂုဏ်ပြုပါတယ်။ သင့်ရဲ့ အနိုင်ရရှိမှုနှုန်းဟာ ၁၀၀ ရာခိုင်နှုန်းဖြစ်ပါတယ်]
အပျော်တမ်း ကစားသမား အဆင့် ၃ တွင် လင်းဖန်က ကြမ်းကြမ်းတမ်းတမ်း အနိုင်ယူနေပါသည်။
လင်းဖန်ဟူသည့် နာမည်ကို မြင်လိုက်တာနဲ့ အပျော်တမ်းကစားသမား အဆင့် ၃ က ကစားသမားတွေ အနည်းငယ် လန့်ကုန်ကြသည့်အထိ ဖြစ်သည်။
"လခွမ်း။ ငါက လူသစ်တစ်ယောက်ပဲ ရှိသေးတာ။ ဒီလင်းဖန်ကို ဒီနေ့ တွေ့ခဲ့ပြီး ငါ့ကို တော်တော် နှိပ်စက်သွားတာ။ လခွမ်းထဲမှာ အကောင့်တုနဲ့ ကစားနေတာများလား။"
"မင်းကမှ တော်သေးတယ် ယောက်ဖရာ။ ငါလည်း အဲ့ကောင်ကို တွေ့တယ်။ ငါ့ကောင်တွေ အကုန်အစားခံလိုက်ရတယ်။"
"အဲ့တာ ဘာမှ မဟုတ်သေးဘူး။ ငါ့ကိုဆို လင်းဖန်က ၁၅ ကွက်တည်းနဲ့ အနိုင်ယူသွားတာကွ။"
"ဒီလောက် ကျွမ်းကျင်တဲ့သူက ဘယ်ကနေ ရောက်လာတာလဲ။ ငါတို့လို အနုလေးတွေရဲ့ နယ်ပယ်မှာ လူသစ်တွေကို ဘာလို့အနိုင်ကျင့်နေတာလဲ။"
"ဒီကောင်က ငါတို့နဲ့ကစားဖို့ AI ကို သုံးနေတာများလား။ ဒီလောက် အရှက်မရှိတဲ့ကောင်ရှိမယ်လို့တောင် မထင်ထားဘူး။"
"အပေါ်ကကောင် ပေါက်ကရတွေ ပြောမနေစမ်းပါနဲ့။ မင်းလို အပျော်တမ်းကစားသမား အဆင့် ၃ ကို ငါတောင် ချက်ချင်း အနိုင်ယူပစ်လိုက်လို့ရတယ်။ ဒီတိုင်း အတွေ့အကြုံမရှိတဲ့လူတွေကြားထဲမှာ ၁၉ ခါ ဆက်တိုက်နိုင်ရုံပဲ မဟုတ်ဘူးလား။ ဘာအထင်ကြီးစရာရှိလို့လဲ။ အစွမ်းအစရှိရင် အကြိမ် ၂၀ ဆက်တိုက် နိုင်မလား ကြည့်လိုက်လေ။"
[၂၀ ပွဲ ဆက်တိုက်အနိုင်ရရှိပြီး အပျော်တမ်းကစားသမား အဆင့် ၄ကို ရောက်ရှိသွားမှုအတွက် လင်းဖန်ကို ဂုဏ်ပြုပါတယ်]
လင်းဖန်၏ နာမည်က အနိုင်ရရှိမှုနှုန်း စာရင်းမှာ အမြဲတမ်း ထိပ်ဆုံးက ဖြစ်နေခဲ့ပါသည်။
သူ ပွဲ ၂၀ လောက် ဆက်တိုက် အနိုင်ရရှိခဲ့သည်။
တရုတ်စစ်တုရင်ကို ကစားပြီးနောာက် လင်းဖန် ခါးဆန့်လိုက်ပြီး ဆက်မကစားတော့ပေ။
အပျော်တမ်းကစားသမား အဆင့် ၄ ကို ရောက်ရှိသွားပြီးနောက် သူ အနည်းငယ် ပင်ပန်းသွားပါသည်။
တရုတ်စစ်တုရင်ပွဲတစ်ပွဲကို ဘယ်လို စတင် ကစားရမှန်း သိသော်လည်း ဂိမ်းအလယ်ပိုင်းလောက်တွင် ပြောင်းလဲမှုနှုန်းများအား လင်းဖန် အကျွမ်းတဝင် မရှိပါ။
သူ တရုတ်စစ်တုရင်ကို ဆက်လက်လေ့လာပြီးမှ ဖြည်းဖြည်းချင်း တိုးတက်နိုင်ပါသည်။
သူ့ရလဒ်ကလည်း ပွဲ ၂၀ ဆက်တိုက် အနိုင်ရမှုမှာ ရပ်တန့်သွားခဲ့ရပါသည်။
တရုတ်စစ်တုရင် ပွဲ ၂၀ ဆက်တိုက်ကစားပြီး အများကြီး အချိန်ဖြုန်းခဲ့ပြီးပြီဖြစ်သည်။
လင်းဖန်က အပျင်းကျောဆန့်လိုက်ကာ တံခါးကိုကြည့်လိုက်ပါသည်။
ချစ်စရာ ဦးခေါင်းလေးတစ်လုံး တံခါးနောက်မှ ချောင်းကြည့်နေသည်။
စုရှောင်းယွီ ဖြစ်ပါသည်။
"ဆရာရေ~ ရေသောက်လိုက်ပါဦး" စုရှောင်းယွီက ရေတစ်ခွက်ဖြင့် အနားရောက်လာရင်း ပြောလိုက်ပါသည်။
"ကျေးဇူးပါ" လင်းဖန်က ဖန်ခွက်ကိုယူကာ တစ်ငုံသောက်လိုက်ပါသည်။
"ဆရာ နင် တရုတ်စစ်တုရင်ကို မရပ်မနားကို ကစားနေတာပဲ။ အစ်မဝမ်ချွေ့ကို သတိရလို့လား" စုရှောင်းယွီက မေးလိုက်ပါသည်။
"ကလေးတွေ မဆိုင်တာမပြောရဘူး" လင်းဖန်က စုရှောင်းယွီ၏ ခေါင်းကိုခေါက်ရင်း ပြောလိုက်သည်။
"ဟွန်း ဆရာ။ ငါက သေးသေးလေးမို့လို့လား" စုရှောင်းယွီက နှုတ်ခမ်းစူကာ ပြောလိုက်သည်။
"အကုန်သေးတယ်" လင်းဖန်က ပြောလိုက်သည်။
"..." စုရှောင်းယွီ။
"အာဝု ဆရာ နင်ငါ့ကို အနိုင်ကျင့်နေတာပဲ" စုရှောင်းယွီ မျက်နှာနီရဲသွားပြီး အနည်းငယ် စိတ်ဆိုးသွားပါသည်။
သူမ စိတ်မထိန်းထားဘူးဆိုပါက သေး မသေး လင်းဖန်ကို ပြလိုက်မည်ဖြစ်သည်။
လင်းဖန်က ပြုံးလိုက်ပြီး Microsoft Word ကို ဖွင့်ကာ အလုပ်ဆက်လုပ်နေပါသည်။
စုရှောင်းယွီက လင်းဖန်၏ နောက်ကျောကိုကြည့်ကာ ချိုမြိန်စွာဖြင့် ပြုံးလိုက်ပါသည်။
ထို့နောက် လှည့်ထွက်သွားလေသည်။
လင်းဖန်ကို ရုံးထဲမှာ တွေ့ရတာတောင် ဝမ်းသာဖို့ကောင်းလှပါပြီ။
အလုပ်ပြီးသွားသောအခါ မနက် ၁၀ နာရီတောင် ထိုးနေပါပြီ။
လင်းဖန်က ရုံးခန်းအဝင်ဝတွင် ပြန်ဖို့ ပြင်နေသည်။
ထိုအချိန်တွင်... ရုံးခန်းတံခါးပွင့်လာခဲ့၏။
ကောင်မလေးတစ်ယောက် ဝင်လာသည်။
သူမက အပြာရောင် ဘောင်းဘီတိုကို ဝတ်ဆင်ထားပြီး သွယ်လျ ဖြူဖွေးနေသော ခြေတံများ ပိုင်ဆိုင်ထား၏။ သူမ၏ ချောမွေ့နေသော အနက်ရောင် ဆံနွယ်များက သူမ၏ ခါးအထိ ရောက်နေသည်။ သူမ၏ မျက်လုံးများက ကြည်လင်နေသော်လည်း အနည်းငယ် ပင်ပန်းနေသည့်ပုံပေါက်ပါသည်။
ကောင်မလေးတွင် လှပသော ညှပ်ရိုးများရှိပြီး အလွန်အမင်း ပြီးပြည့်စုံသော ကိုယ်လုံး ကိုယ်ပေါက်ကို ပိုင်ဆိုင်ထားပါသည်။
အသားအရေများက အလွန်ဖြူဖွေးနေပြီး စွဲမက်စရာကောင်းပါသည်။
ကောင်မလေးက ကုတ်အင်္ကျီတစ်ထည်ကို ဝတ်ဆင်ထားပြီး ကြောင်နားရွက်ဦးထုပ်ကို ဆောင်ထားသည်။ ချစ်ဖို့ကောင်းသော နားရွက်များရှိပါသည်။
ကောင်မလေးက လင်းဖန် နောက်သို့ လျှောက်သွား၏။ သူမ၏ မျက်လုံးများ တောက်ပသွားပြီး ပျော်ရွှင်စွာ ပြုံးလိုက်ပါသည်။
ထိုကောင်မလေး ပြုံးလိုက်သောအခါ တစ်ကမ္ဘာလုံး ရပ်တန့်သွားသလိုပင်။
ယောက်ျားလေးတိုင်း၏ အကြည့်က ဝင်လာသော ကောင်မလေးပေါ်တွင် ရှိနေခဲ့သည်။
ယွဲ့ဟွာဖျော်ဖြေရေး၏ နံပါတ်တစ် အမျိုးသမီး အနုပညာရှင် စူပါစတား ရှားဝမ်ချွေ့ပဲဖြစ်ပါသည်။
ရှားဝမ်ချွေ့က လင်းဖန်၏ နောက်ကျောကို နူးညံ့စွာ ပုတ်လိုက်ပြီး လက်နောက်ပစ်ကာ ချိုမြိန်စွာ ပြုံးနေလိုက်ပါသည်။
လင်းဖန် နောက်မလှည့်ခင် တစ်ခုခုကို ခံံစားလိုက်ရသည်။
မဖြစ်နိုင်တာ...
သူက ၁ လနေမှ ပြန်လာမယ်လို့ ပြောသွားတာ မဟုတ်ဘူးးလား။
အခုမှ ၂၁ ရက်မြောက်နေ့ပဲ ရှိသေးတာကို ပြန်တောင် ရောက်လာပြီလား။
ဒီလိုသာဆို ဟိုမှာ ရှားဝမ်ချွေ့ အများကြီး ကြိုးစားခဲ့ရလောက်သည်။
တစ်ရက်ကို ၃ - ၄ နာရီလောက်သာ အိပ်ပြီး သူနဲ့ ဗီဒီယို Chat လည်း ပြောရသေးသည်။
လင်းဖန်က ဖြည်းဖြည်းချင်း နောက်လှည့်ကြည့်လိုက်သောအခါ သူ့ရှေ့မှာ အလွန်လှပသည့် ကောင်မလေး ရှားဝမ်ချွေ့ကို တွေ့လိုက်ရသည်။
သူမက အနည်းငယ် ပင်ပန်းနေသည့်ပုံပေါက်သော်လည်း လင်းဖန်ရှေ့မှာတော့ အလွန်လှပနေဆဲဖြစ်ပါသည်။
"လင်းဖန် ငါပြန်လာပြီ" ရှားဝမ်ချွေ့က ပြုံးလိုက်ပြီး လင်းဖန်ကို မျှော်လင့်ချက်ကြီးစွာ ကြည့်လိုက်ပါသည်။ သူမ၏ ချိုသာသော အသံလေးလည်း ထွက်လာခဲ့၏။
လင်းဖန်က ရှားဝမ်ချွေ့ကို ကြည့်လိုက်သည်။
သူ့ကို မတွေ့တာ ရက် ၂၀ လောက်ရှိပါပြီ။
ယခုတော့ နတ်သမီးလေးလို လင်းဖန်ရှေ့မှာ ပြန်ပေါ်လာခဲ့သည်။
လင်းဖန် တွန့်ဆုတ်မနေတော့ပါ။ သူခြေတစ်လှမ်း တိုးလိုက်ပြီး သူမ၏ ခါးသွယ်သွယ်လေးကို ဖက်လိုက်ပါသည်။
နူးညံ့ပြီး သင်းပျံ့သည့် ခံစားချက်လေး တစ်ခု ထွက်ပေါ်လာ၏။ လင်းဖန်တစ်ယောက် သူ့ဘဝ ပိုပြီး တောက်ပသွားသလို ခံစားလိုက်ရသည်။
သူ့မိန်းမ ပြန်ရောက်လာပါပြီ။
နောက်ဆုံးတော့ မိန်းမ မရှိသည့်ဘဝမျိုးနဲ့ နေဖို့ မလိုတော့ပါ။
သူမကို မြင်သာမြင်ရပြီး မဖက်နိုင်သည့် ခံစားချက်မျိုးကို လင်းဖန်သာ သိပါသည်။
ကုမ္ပဏီထဲတွင် လူအမြောက်အများ၏ ရှေ့၌ လင်းဖန်က ရှားဝမ်ချွေ့၏ ခါးသွယ်သွယ်လေးကို ဖက်လိုက်ပါသည်။
ဒီမြင်ကွင်းက အလွန်လှပနေသည်။
လူအမြောက်အများ အားကျကုန်ကြ၏။
အထူးသဖြင့် ဘေးကဖြတ်သွားသည့် ရှုယန်ဖြစ်သည်။ ကြမ်းပြင်ပေါ်မှာ ကြက်သေသေသွားရသည်။
ဘာလဲဟ...
လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့က မုန်းစရာကောင်းလွန်းပါသည်။
ကုမ္ပဏီထဲက လူတွေအများကြီးကို တကယ်ကြီး မျက်နှာပူအောင် လုပ်ရက်သည်။
ကုမ္ပဏီထဲမှာ ရှားဝမ်ချွေ့ကို သဘောကျတဲ့လူတွေ ဘယ်လောက်ရှိလဲဆိုတာ မသိကြဘူးလား။
လင်းဖန်က ရှားဝမ်ချွေ့ကို ဒီလိုဖက်လိုက်သဖြင့် တခြား ယောက်ျားတွေ ဘယ်လိုအသက်ရှင်ရတော့မည်နည်း။
အချိန်အတော်ကြာမှ လင်းဖန် ရှားဝမ်ချွေ့ကို လွှတ်ပေးလိုက်ပါသည်။
ရှားဝမ်ချွေ့မျက်နှာက အနည်းငယ် နီရဲနေသည်။ သူမ၏ လှပသော မျက်လုံးလေးများဖြင့် လင်းဖန်ကို မော့ကြည့်လိုက်သည်။ ထို့နောက် ရှက်ရွံ့စွာဖြင့် ခေါင်းကို ပြန်ငုံ့လိုက်ပါသည်။
လင်းဖန်က ရှားဝမ်ချွေ့၏ လက်ကို ကိုင်ရင်း ရုံးထဲဝင်သွားသည်။ တံခါးကို ပိတ်ကာ ခန်းဆီးကိုတောင် ဆွဲပိတ်လိုက်ပါသည်။
ရှားဝမ်ချွေ့ကို လင်းဖန်က နံရံတွင် မှီခိုင်းလိုက်သဖြင့် ပို၍တောင် ရှက်လာပါသည်။
လင်းဖန် ဘာလုပ်မလို့လဲ။
ရက် ၂၀ လောက် မတွေ့ရသဖြင့် လင်းဖန်ပုံစံက သူမကို ဝါးစားတော့မည့်ပုံစံပင်။
လင်းဖန်က ရှားဝမ်ချွေ့ လက်ကလေးများကို ကိုင်ကာ ပြောလိုက်သည်။ "ငါစိတ်ဆိုးနေတာ"
ရှားဝမ်ချွေ့က မျက်တောင်ခတ်လိုက်ပါသည်။ "ဘာဖြစ်လို့လဲ"
လင်းဖန်က ရှားဝမ်ချွေ့၏ ခါးကို တခြား လက်တစ်ဖက်ဖြင့် ဖက်လိုက်ပြီး ပြောလိုက်ပါသည်။ "ရက် ၃၀ စာအလုပ်ကို ရက် ၂၀ တည်းနဲ့ အပြီးလုပ်တော့ နင်တစ်ရက်ကို ဘယ်နှနာရီပဲ အိပ်ခဲ့တာလဲ။ ငါနဲ့ ဗီဒီယိုကောတောင် ပြောသေးတယ်။ နင် ရှန်ဟိုင်းကို ပြန်လာတော့မယ်လို့ ဘာလို့ ကြိုမပြောတာလဲ။ ငါ့ကို Surprise လုပ်ချင်လို့လား။"
ရှားဝမ်ချွေ့ ခေါင်းငုံ့လိုက်ပြီး ဝမ်းနည်းသွားပုံရပါသည်။
ရှားဝမ်ချွေ့က လင်းဖန်၏ ခါးထောင့်ကို နူးညံ့စွာ ဆွဲလိုက်ပြီး ပြောလိုက်ပါသည်။ "ငါနင့်ကို သတိရတာကိုး။"
လင်းဖန်က သိမ်မွေ့စွာဖြင့် ရှားဝမ်ချွေ့၏ မျက်နှာကို လက်နှစ်ဖက်ဖြင့် ကိုင်လိုက်သည်။ "ငါက ပိုတောင် သတိရသေးတယ်။ ဒါပေမယ့် နင့်ခန္ဓာကိုယ်က အရေးကြီးတယ်လေ။ နောက်ဆို ဒီလို စိတ်လိုက်မာန်ပါ မလုပ်ရဘူး။ အချိန်အကြာကြီး မအိပ်ဘဲနေရင် နင့်ခန္ဓာကိုယ်ကိုကော၊ ငါတို့ အနာဂတ် ရင်သွေးလေးကိုကော ထိခိုက်သွားလိမ့်မယ်။"
ရှားဝမ်ချွေ့က လင်းဖန်ကို စူးစူးဝါးဝါးကြည့်လိုက်သည်။ "ဟွန်း ဘယ်သူက နင်နဲ့ ကလေးယူမယ် ပြောလို့လဲ။ လက်ထပ်ဖို့တောင် သဘောမတူရသေးဘူး။"
လင်းဖန်က ရှားဝမ်ချွေ့၏ ခါးကိုလွှတ်လိုက်ပြီး ပြောလိုက်ပါသည်။ "ငါတို့ မကြာခင်လက်ထပ်ရတော့မှာပဲဟာကို"
ရှားဝမ်ချွေ့၏ ပါးများ နီရဲသွားပါသည်။ "မရဘူး နင် ငါ့အဖေရဲ့ စမ်းသပ်ချက်ကိုတောင် မကျော်နိုင်သေးဘူး။"
လင်းဖန်က အတည်ပေါက်ပြောလိုက်ပါသည်။ "ငါ့တရုတ်စစ်တုရင် စွမ်းရည်က အခု အရမ်းကြမ်းနေပြီ။ ငါ ပွဲ ၂၀ လောက် ဆက်တိုက် နိုင်ထားတာ။"
လင်းဖန် ဘယ်လောက် လေးလေးနက်နက် ပြုမူနေသလဲဆိုတာကို မြင်ပြီး ရှားဝမ်ချွေ့ တခစ်ခစ် ရယ်မောကာ သိမ်မွေ့စွာ ခေါင်းငြိမ့်လိုက်ပါသည်။
သူ့ရှေ့က မိန်းမလှလေးကို ကြည့်ရင်း လင်းဖန် မေးကြည့်လိုက်သည်။ "နင်ပြန်လာရင် ငါ့ကို ဆုချမယ်လို့ ပြောထားတာ ငါမှတ်မိသေးတယ်နော်။"
"ဆုဟုတ်လား" ရှားဝမ်ချွေ့က နူးညံ့စွာဖြင့် မေးလိုက်သည်။
"မေ့သွားပြီလို့တော့ မပြောနဲ့နော်" လင်းဖန်က မေးလိုက်၏။
"မမေ့ပါဘူး~" ရှားဝမ်ချွေ့ ပျော့ပြောင်းစွာ ပြုံးလိုက်ပါသည်။
"မျက်စိမှိတ်ထား" ရှားဝမ်ချွေ့ နူးနူးညံ့ညံ့ပြောလိုက်၏။ ပတ်ဝန်းကျင်များ အရောင် မှေးမှိန်သွားသည်။ ခန်းဆီးများကိုတောင် တင်းတင်းကြပ်ကြပ် ပိတ်ထားသည်။ အခန်းထဲက မှေးမှိန်နေသော အလင်းရောင်အောက်တွင် သူတို့ အချင်းချင်းသာ မြင်နိုင်ပြီး တစ်ယောက် အသက်ရှူသံ တစ်ယောက် ကြားနေရသည်"
"အင်း" လင်းဖန်က မျက်စိပိတ်ကာ ပြောလိုက်ပါသည်။
"~~" ရှားဝမ်ချွေ့မျက်နှာက ပို၍ပင် နီရဲသွားသေးသည်။ သူမ ဘယ်လောက်ပဲ ကြိုးစားပြီး အလုပ်လုပ်ထားပါစေ လင်းဖန်ကို မြင်လိုက်ရပါက အားလုံးတန်ပါသည်။
လင်းဖန်က သူတို့နှလုံးသားများ ပိုပြီးခုန်လာတာကို ခံစားမိသည်။
ရှားဝမ်ချွေ့ သူမလက်ကို ပထမဆုံးအကြိမ်အဖြင့် လင်းဖန်၏ ပခုံးပေါ် တင်လိုက်တာကို လင်းဖန် ခံစားမိပါသည်။
ထို့နောက်....
ကောင်မလေး၏ နှုတ်ခမ်းက လင်းဖန်၏ ပါးကို ထိတွေ့သွားတော့သည်။