လင်းဖန်ရဲ့ ပထမဆုံး အနုပညာရှင် စုရှောင်းယွီ
Vol. 16 Ch. 238
WeChat တွင် စုရှောင်းယွီ ထွက်သွားတော့မည့် အကြောင်းကို လင်းဖန် သိလိုက်ရသောအခါ အလွန်စိတ်ဖိစီးသွားသည်။
စုရှောင်းယွီ မရှိပါက သူ ပျော်စရာတွေ အများကြီး ဆုံးရှုံးသွားပါပြီ။
လင်းဖန် “...”
စုရှောင်းယွီ "ဆရာ~~~ ငါမှားသွားတယ်။"
စုရှောင်းယွီ "ဒါပေမယ့် ငါ့အဖေရဲ့ကုမ္ပဏီကို ကူညီပေးရဦးမယ်လေ။ နောက်ပိုင်းကျရင် ရှောင်းယွီဆိုတဲ့ ကောင်မလေးက ကြယ်ပွင့်ကြီး မဟုတ်တော့ဘဲ တကယ့် စီးပွားရေး ပညာရှင်ကြီး ဖြစ်နေတော့မှာ~"
လင်းဖန် "နင် ဒီတိုင်းပဲ ထွက်သွားတော့မှာလား။ ငါနင်နဲ့အတူတူ ရုပ်သံဒရမ်မာ ၂ ကားလောက် ရိုက်ချင်သေးတယ်။"
စုရှောင်းယွီ "ဟီးဟီး ဒါဆိုလည်း ငါ့လုပ်ငန်းတွေပြီးတဲ့ တစ်နေ့ကျ ပြန်လာပြီး နင်နဲ့ ရိုက်ကူးရေးလုပ်မယ်လေ။"
လင်းဖန် "တစ်နေ့ကျရင် နင်ပြန်လာမယ်လို့ ငါတို့ သဘောတူလိုက်ပြီနော်။ ငါ 'ဘဝရဲ့ပျော်ရွှင်မှု' Season 2 ကို နင့်အတွက် ချန်ထားမယ်။ ငါတို့ 'ဓားနှင့်နတ်သမီးဒဏ္ဍာရီ' Season 3 ကိုပဲ ရိုက်နှင့်ကြမယ်။"
စုရှောင်းယွီ "မဟုတ်တာ ဆရာရယ်။ နင့်ပရိသတ်တွေအကုန်လုံးက မျှော်နေတာ ဘဝရဲ့ပျော်ရွှင်မှု Season 2 ကို ရိုက်မှ ဖြစ်မှာပေါ့။"
လင်းဖန် "နင်က ဘဝရဲ့ပျော်ရွှင်မှု Season 2 ထဲမှာ ဇာတ်လိုက်ရဲ့ အနာဂတ်ဇနီးလောင်းလေ။ ဒရမ်မာထဲ နင် မပါလို့ ရမလား။ တခြား မင်းသမီးတစ်ယောက်သာ နင့်နေရာ ဝင်လိုက်ရင် အဲ့လောက် ကောင်းမှာ မဟုတ်တော့ဘူး။"
စုရှောာင်းယူ "Harem ပရိသတ်ကြီးပေါ့။ ဟီးဟီး ငါလည်း Harem ကြိုက်တယ်။ ဆရာ နင် တကယ်လောဘကြီးတာပဲ။ ရုပ်သံဒရမ်မာထဲမှာ နင်က အစ်မဝမ်ချွေ့ရဲ့ ခင်ပွန်းလောင်းဖြစ်နေတာကို ငါ့ကိုပါ ဇနီးအဖြစ် ရိုက်ချင်သေးတယ်ပေါ့။"
လင်းဖန် "ရုပ်သံဒရမ်မာထဲမှာပဲလေ။ ငါ့မှာ ရွေးချယ်စရာမှ မရှိတာ ဇာတ်ညွှန်းကို အဲ့လိုရေးမှ ရမယ်။ ဒါပေမယ့် ရိုက်ပြီးရင် လူတွေအများကြီး သဘောကျကြမှာပါ။ 'နန်းတော်ထဲက ဧကရီများ' ကိုပဲ ကြည့်လိုက်။ အဲ့ထဲမှာ ဇာတ်လိုက်က Harem ကြီးကြီးမားမား ပိုင်ဆိုင်ထားတာ။ အဲ့တာကို ကြိုက်ကြတဲ့လူတွေမှ အများကြီးပဲ။"
လင်းဖန် "ဘာပဲဖြစ်ဖြစ်ပါ နင်နောက်ပိုင်း ပြန်လာချင််တဲ့အခါကျရင် ပြန်လာခဲ့။ နင့်ကို ဟင်းချက်ကျွေးမယ်။ နင်နဲ့အတူ ရုပ်သံဒရမ်မာလည်း ရိုက်ချင်သေးတယ်။ ငါတို့ခွေးမလေးကို တကယ့်စူပါစတားကြီးဖြစ်သွားအောင် လုပ်ပေးချင်သေးတယ်။"
စုရှောင်းယွီ "ငိုချင်လာပြီ ဆရာ။ ငါနောက်ပိုင်း အလုပ်မများတဲ့အခါကျမှ ပြန်လာခဲ့မယ်~"
လင်းဖန် "ဒါဆိုလည်း ဆုံးဖြတ်လိုက်ပြီနော်။ ငါတို့ ဘဝရဲ့ပျော်ရွှင်မှု Season 2 ကို အတူတူ ရိုက်ကြမယ်။ နင် မပါရင် အဲ့ဒီရုပ်သံဒရမ်မာ ဘယ်တော့မှ ရိုက်ဖြစ်မှာ မဟုတ်ဘူး။"
စုရှောင်းယွီ "အွန်းပါ~"
စုရှောင်းယွီ၏ ရင်ထဲ နွေးထွေးသွားပါသည်။
သူမ လေဆိပ်၏ ဦးတည်ရာကို ကြည့်လိုက်ပြီး ရုတ်တရက်ကြီး ထွက်မသွားချင်တော့ပေ။
သို့သော်လည်း ဒီနေရာက သူမအတွက် တကယ် သင့်လျော်ရဲ့လား။
သူမက လွတ်မြောက်ဖို့ ရွေးချယ်နေခြင်း ဖြစ်သည်။
လွတ်မြောက်ဖို့ အပြင် သူမ တခြား ဘာလုပ်နိုင်ဦးမှာလဲ။
စုရှောင်းယွီ ခေါင်းငုံ့လိုက်မိပါသည်။ သူမက အဲ့လိုလူမျိုးလား။
သူမ လင်းဖန်ကို သဘောကျသော်လည်း နောက်ဆုံးတော့ ထားခဲ့ဖို့ ရွေးချယ်လိုက်သည်။ သူမမှာ ဘယ်လို အိပ်မက်မျိုး ရှိနေတာလဲ။
တစ်နေ့ကျရင် ထွက်သွားရမှာ မှန်သော်လည်း အခုက အချိန်မကျသေးပါ။
သူမ အခုထွက်သွားပါက ဒီနေရာကို ဘယ်တော့မှ ပြန်လာနိုင်မှာ မဟုတ်တော့ပါ။
ရှားဝမ်ချွေ့ "မြောင်~"
ရှားဝမ်ချွေ့ "နင့်ကို သွားခွင့်မပြုဘူးနော်။"
ရှားဝမ်ချွေ့ "နင်ထွက်သွားရင် ငါ့နားမှာ ဘယ်သူရှိတော့မှာလဲ။ ငါ့ကို သူများအနိုင်ကျင့်မှာ ကြောက်တယ်။"
စုရှောင်းယွီ "..."
ရှားဝမ်ချွေ့ "နင် ဘယ်မှာလဲ။ ငါနင့်ကို လာရှာနေပြီ။ နင် လေဆိပ်ရောက်ပြီလား။"
စုရှောင်းယွီက ဝမ်းနည်းသွားပြီး ငိုချင်လာသည်။
အရင်တုန်းက စူပါစတားလုပ်ဖို့ ဆုံးဖြတ်ပြီး ၃ နှစ်လောက်ကြာပြီးမှ ဘာကြောင့် ရပ်တန့်ဖို့ ဆုံးဖြတ်လိုက်ရတာလဲ။
ဒီနေရာမှာ သူမ သူငယ်ချင်းကောင်းများရှိသည်။
သူမ ရုတ်တရက်ကြီး ဘာလို့ထွက်သွားနိုင်ရတာလဲ။
လင်းဖန်က Rolls-Royce Cullinan ဖြင့် လေဆိပ်အဝင်ဝသို့ မောင်းလာခဲ့ပါသည်။
သူတို့ ရောက်ရှိသွားသောအခါ ရှားဝမ်ချွေ့က လိုက်ရှာနေသည်။
စုရှောင်းယွီ လှည့်ကြည့်လိုက်ရာ ရှားဝမ်ချွေ့ကို တွေ့လိုက်ရသည်။
ကောင်မလေးနှစ်ယောက် တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြသည်။
ထို့နောက် ရှားဝမ်ချွေ့က စုရှောင်းယွီရှေ့သို့ လျှောက်လာပြီး သူမကို ဖက်လိုက်ပါသည်။
လင်းဖန်က ဒီမြင်ကွင်းကို အဝေးကသာ ကြည့်နေပြီး ပြုံးလိုက်လေသည်။
ရှားဝမ်ချွေ့က စုရှောင်းယွီကို ကြည့်လိုက်ကာ နူးညံ့စွာဖြင့် မေးလိုက်ပါသည်။ "နင် တကယ် သွားတော့မလို့လား။"
စုရှောင်းယွီက တခစ်ခစ် ရယ်မောလိုက်သည်။ ရှားဝမ်ချွေ့၏ စိတ်ပျက်လက်ပျက် မျက်နှာကို ကြည့်ရင်း သူမ ပြောလိုက်ပါသည်။ "မသွားဘူး မသွားဘူး~ အစ်မဝမ်ချွေ့ကိုယ်တိုင်တောင် ငါ့ကို လေဆိပ်အထိ လာတားနေပြီပဲ။ အိမ်ပြန်ရအောင်~~"
"ငါ့အဖေက အရမ်းတော်တော့ အဲ့ဒီမှာ ငါမရှိလည်း အဆင်ပြေမှာပါ။ ဒါပေမယ့် ယွဲ့ဟွာဖျော်ဖြေရေးနဲ့ စာချုပ်ကို ငါဖျက်သိမ်းလိုက်မိပြီ" စုရှောင်းယွီက ရှားဝမ်ချွေ့ကိုကြည့်ကာ ပြောလိုက်ပါသသည်။
စုရှောင်းယွီ ထွက်မသွားတော့ဘူးဆိုတာကို ကြားလိုက်ရသဖြင့် ရှားဝမ်ချွေ့ ချိုမြိန်စွာ ပြုံးလိုက်ပါသည်။
စုရှောင်းယွီက သူမ အချစ်ဆုံးသူငယ်ချင်း ဖြစ်သဖြင့် သူမ၏ ဘဝမှာ စုရှောင်းယွီ မရှိလို့ ဖြစ်ပါ့မလား။
"ဆရာ ဒါဆိုရင် ငါ နင့်တပည့်ပဲလုပ်လို့ရတော့မယ်ထင်တယ်~"
"ငါနင့်ရဲ့ အနုပညာရှင်လုပ်ပြီး နင်နဲ့ စာချုပ်ချုပ်လိုက်မယ်~" စုရှောင်းယွီက လင်းဖန်ကို မျက်လုံးကျယ်ကျယ်ဖြင့် ကြည့်လိုက်ပါသည်။
သူမ အခုလေးတင် ယွဲ့ဟွာ ဖျော်ဖြေရေးနဲ့ စာချုပ်ဖျက်သိမ်းခဲ့တာဖြစ်ပြီး ယွဲ့ဟွာဖျော်ဖြေရေး၏ အနုပညာရှင် မဟုတ်တော့ပေ။
သူမက လင်းဖန်၏ အနုပညာရှင်လုပ်ဖို့ ပြင်ဆင်ထားပြီးပါပြီ။ ဘာပဲဖြစ်ဖြစ် လင်းဖန်က ဇာတ်ညွှန်ရေးဆရာကြီးလည်း ဖြစ်၊ ဒါရိုက်တာလည်း လုပ်တတ်ပြီး သရုပ်လည်း ဆောင်တတ်ပါသည်။
"အားလုံး အဆင်ပြေသွားပြီ။ ကားထဲဝင်ကြတော့။ အိမ်ပြန်ကြမယ်" လင်းဖန်က တောက်ပစွာ ပြုံးလိုက်သည်။ စုရှောင်းယွီနဲ့ ရှားဝမ်ချွေ့တို့ကို ကြည့်လိုက်ပြီး ကားဆီသို့ လျှောက်သွားလိုက်ပါသည်။
ထင်မထားစွာဖြင့် သူ့မိန်းမက သူ့ထက် ပိုတော်နေပါသည်။
စုရှောင်းယွီကို ပြန်လာဖို့ သူ မဖြောင်းဖြနိုင်ခဲ့သော်လည်း ရှားဝမ်ချွေ့ရောက်လာချိန်မှာတော့ စုရှောင်းယွီက မသွားတော့ဖို့ ချက်ချင်း ဆုံးဖြတ်လိုက်သည်။
ဒါတင်မကသေးဘဲ စုရှောင်းယွီက သူ့ရဲ့ အနုပညာရှင်လည်း ဖြစ်ချင်နေပါသေးသည်။
တစ်နည်းအားဖြင့် အနာဂတ်မှာ စုရှောင်းယွီ ဘယ်လိုအရင်းအမြစ်မျိုး ရရှိနိုင်မလဲဆိုတာက သူ့အပေါ်မှာ မူတည်နေပါသည်။
အန်ဒိုဆာများ၊ ရုပ်သံဒရမ်မာများနှင့် ရုပ်ရှင်များကို အပြည့်အဝ သူကိုယ်တိုင် စီစဥ်ပေးသွားမည်။
သူမမှာ မန်နေဂျာတောင် မရှိတော့သဖြင့် လင်းဖန်ကိုသာ ကူညီပေးဖို့ အားကိုးရပါမည်။
သို့သော်လည်း စုရှောင်းယွီက ငွေရှားသူမဟုတ်သလို ဒါတွေကိုလည်း စိတ်မဝင်စားပါ။
သူမ ဂရုစိုက်တာဆိုလို့ လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့သာ ရှိပါသည်။
သူမ အိမ်ပြန်ရောက်လာတော့ စုရှောင်းယွီက သူမ၏ နဂို အပြစ်ကင်းစင်သည့် ပုံစံအတိုင်း ပြန်ဖြစ်သွားပါသည်။
သူမ ကိစ္စတွေ အများကြီးကို မစဥ်းစားချင်ပါ။ ဒီနေရာမှာဆို နေ့တိုင်း ပျော်ရွှင်ရပါသည်။
"နင်တို့နှစ်ယောက် နောက်ကို ငါ့အိမ်မှာပဲ နေလို့ရတယ်။ ဒါမှ ငါတို့အတူတူအလုပ်လုပ်ဖို့ ပိုပြီး အဆင်ပြေမှာ" လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။
"ကောင်းပါပြီ~" စုရှောင်းယွီက ခေါင်းငြိမ့်လိုက်သည်။
ရှားဝမ်ချွေ့က ရှက်သွေးဖြာသွားပြီး လင်းဖန်ကို ကြည့်လိုက်သည်။ "ဟွန်း ညဘက်ကြီး နင်မဟုတ်တာတွေ မလုပ်ဘူးလို့ ဘယ်ပြောလို့ရမလဲ။"
လင်းဖန် ချောက်ချားသွား၏။ "ငါက အဲ့လိုလူမျိုးမို့လို့လားဟဲ့။ နင့်စိတ်ထဲမှာ ငါ့ကို အဲ့လိုလူလို့ တွေးနေမယ် ထင်မထားဘူး။"
ရှားဝမ်ချွေ့က သိမ်မွေ့စွာ ပြောလိုက်သည်။ "လူဆိုးကောင်"
လင်းဖန် သက်ပြင်းချလိုက်၏။ သူ ညဘက် မဟုတ်တာ တစ်ခုခုလုပ်ချင်ရင်တောင် သူ မလုပ်သင့်ဘူးလား။
သူက အခု ရှားဝမ်ချွေ့၏ ကောင်လေးဖြစ်နေပါပြီ။ တစ်ခုခုဖြစ်လာဖို့ဆိုတာ ပုံမှန်ပဲဖြစ်သည်။
သို့သော်လည်း စုရှောင်းယွီ ထွက်မသွားတော့မည့်သတင်းက လင်းဖန်ကို အလွန်ပျော်ရွှင်သွားစေပါသည်။
ဒါတင်မကသေးဘဲ ယွဲ့ဟွာဖျော်ဖြေရေးက လူအားလုံးလည်း စုရှောင်းယွီ ထွက်သွားတော့မည်ဖြစ်ကြောင်း သိလိုက်ရသောအခါ စိတ်မကောင်းဖြစ်သွားကြသည်။
ရှုယန်နဲ့ လင်းကျင်းကျင်းတို့လည်း ထိုနည်းလည်းကောင်း ဖြစ်ကြပါသည်။
ထို့နောက် သူတို့ နောက်ထပ် သတင်းတစ်ခု ကြားလိုက်ရ၏။
စုရှောင်းယွီကို ရှားဝမ်ချွေ့က သွားတားခဲ့ပါသည်။
နောက်ဆုံးမှာတော့ စုရှောင်းယွီ ထွက်မသွားတော့ပေ။
စုရှောင်းယွီက လင်းဖန်၏ ပထမဆုံး အနုပညာရှင်လည်း ဖြစ်လာခဲ့ပါသည်။
သူမ ယွဲ့ဟွာဖျော်ဖြေရေးနဲ့ စာချုပ်ဖျက်သိမ်းပြီးနောက် နောက်ပိုင်း လင်းဖန်က အကုန် တာဝန်ယူပေးရတောာ့မည်ဖြစ်သည်။
အိမ်တွင် စုရှောင်းယွီ စာချုပ်တစ်ခုကို ထုတ်လိုက်ပါသည်။
လင်းဖန်က ကိုယ်ပိုင် ကုမ္ပဏီ မထောင်ရသေးသော်လည်း တရားဥပဒေအရ ဆောင်ရွက်ရမည်ဖြစ်သည်။
"ဆရာ နောက်ပိုင်း ငါ့လှုပ်ရှားမှုတွေအကုန်လုံးကို နင့်လက်ထဲအပ်ထားမယ်နော်။ ငါ့ကို သဘောမကျတော့တဲ့အခါကျရင် ထုတ်ပစ်လိုက်လို့ ရပါတယ်~" စုရှောင်းယွီက တခစ်ခစ် ရယ်မောရင်း လင်းဖန်ကို ကြည့်လိုက်ပါသည်။
"ငါက အဲ့လိုလူမျိုးလား" လင်းဖန်က ပြုံးလိုက်၏။
"ဘယ်ပြောလို့ရမလဲ။ တစ်နေ့ကျ ဆရာ့ရဲ့ သားရဲဆန်တဲ့စရိုက်တွေ ပေါ်လာပြီး ငါ့ကို အနိုင်ကျင့်ရင် ဘယ်လိုလုပ်မလဲ" စုရှောင်းယွီက မျက်တောင်ခတ်လိုက်ပါသည်။
"ဒီစာချုပ်အတွက် စာချုပ်ကြေး မရှိဘူး။ နင့်ရဲ့ အန်ဒိုဆာတွေ အကုန်လုံးနဲ့ လုပ်ငန်းကို ငါတာဝန်ယူရမယ်။ ရုပ်သံဒရမ်မာတွေ၊ ရုပ်ရှင်တွေနဲ့ ကြော်ငြာတွေအတွက် စာချုပ်ချုပ်ဖို့ ငါတစ်ယောက်တည်းပဲ ကူညီခွင့်ရှိတယ်။ ဝင်ငွေအားလုံးကို ၅၀-၅၀ ခွဲယူသွားမယ်ဆိုပါလား" လင်းဖန် အနည်းငယ် အံ့သြသွားပါသည်။
တခြား အနုပညာရှင်တွေသာဆို ဒါမျိုး လုံးဝ မဖြစ်နိုင်ပါ။
စုရှောင်းယွီ၏ ပိုင်ဆိုင်မှုက အနည်းဆုံး မီလီယံဆယ်ချီရှိသည်။ ဘယ်လိုဖျော်ဖြေရေးကုမ္ပဏီမဆို သူမနဲ့ ၁ နှစ်စာချုပ်ချုပ်နိုင်ဖို့ ငွေတွေအများကြီး သုံးရပါလိမ့်မည်။
သို့သော်လည်း စုရှောင်းယွီက လင်းဖန်ကိုတော့ တစ်ပြားတစ်ချပ်မှ မတောင်းခဲ့ချေ။ လင်းဖန်အတွက် အခမဲ့ အလုပ်လုပ်ပေးခြင်းနဲ့ ညီမျှပါသည်။
လင်းဖန် ဒီလိုကောင်မလေးမျိုးကို ဆိုးဆိုးဝါးဝါး ဆက်ဆံလို့ ဖြစ်ပါတော့မလား။
အမြတ်ကို ၅၀-၅၀ ခွဲယူခြင်းမျိုးက အနုပညာ လောကထဲမှာ အလွန်ရှားပါးသည်။
"အွန်း ဆရာ လက်မှတ်ထိုးစရာရှိတာ ထိုးလိုက်စမ်းပါ~" စုရှောင်းယွီက ပြောလိုက်သည်။
"မဟုတ်ဘူး။ အမြတ်ကို ၇၀-၃၀ အဖြစ် ပြောင်းလိုက်မယ်။ နင့်အတွက် ၇၀ ရာခိုင်နှုန်း၊ ငါ့အတွက် ၃၀ ရာခိုင်နှုန်း။ တကယ်တော့ ငါက ငွေရေးကြေးရေး စိတ်မဝင်စားပါဘူး။ ဒါပေမယ့် နင့်ကိုတော့ အနိုင်မကျင့်နိုင်ဘူး" လင်းဖန်က ပြောလိုက်သည်။
"ဘာပဲဖြစ်ဖြစ်ပါ ဆရာလုပ်ချင်သလိုသာလုပ်" စုရှောင်းယွီက ပြောလိုက်သည်။ သူမ စာချုပ်ကို ကြည့်တောင် မကြည့်တော့ဘဲ နာမည်ရေးထိုးလိုက်ပါသည်။
"အင်း ဟုတ်ပြီ"
"ဒါဆို အနာဂတ်ကျရင် နင့်ရဲ့ ရုပ်သံဒရမ်မာတွေ၊ ရုပ်ရှင်တွေနဲ့ ကြော်ငြာတွေ အကုန်လုံးကို ငါတာဝန်ယူပေးမယ်။ ဒါပေမယ့် နည်းနည်းတော့ ပင်ပန်းရမယ်နော်" လင်းဖန်က ပြုံးလိုက်ပါသည်။
"ဟုတ်တယ် အရမ်းပင်ပန်းလို့ ဆရာချက်ကျွေးတာ စားမှ ဖြစ်တော့မယ်" စုရှောင်းယွီက ပြောလိုက်ပါသည်။
"ဟုတ်ပါပြီ။ နင်တို့အတွက် ချက်ကျွေးပါ့မယ်" လင်းဖန်က တောက်ပစွာပြုံးလိုက်ပြီး စုရှောင်းယွီ၏ ခေါင်းကို ပွတ်ပေးလိုက်ပါသည်။ သူက စုရှောင်းယွီကို သူ့ညီမလေးလိုပဲ သဘောထားသည်။
ဒီလို ရိုးသားဖြူစင်သည့် ကောင်မလေးက သူ့ကို အများကြီး ယုံကြည်ထားသည်။
သူ လူလည်ကျသွားမှာကိုလည်း လုံးဝ စိတ်မပူပေ။
လင်းဖန်က စုရှောင်းယွီသာ သူ့ကို အပြည့်အဝ ယုံကြည်လျှင် သူမကို ဆိုးဆိုးဝါးဝါး ဆက်ဆံမှာ မဟုတ်ပါ။
နောက်ပိုင်း အန််ဒိုဆာနှင့် ရုပ်သံဒရမ်မာအသစ်များ ရှိလာပါက စုရှောင်းယွီ လက်မှတ်ထိုးနိုင်ဖို့ လင်းဖန် ကူညီပေးပါမည်။
နောက်ပိုင်း သူ အလုပ်ပိုရှုပ်လာနိုင်တာလေး တစ်ခုသာ ရှိပါသည်။
နှလုံးသားရေကန်ဗီလာတွင်...
ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့ လင်းဖန်၏ အိမ်ကို ရောက်ရှိလာကြပါသည်။
ထို့နောက်လင်းဖန်က ကောင်မလေးနှစ်ယောက် စားသောက်ဖို့အတွက် ချက်ပြုတ်ပေးသည်။
ရိုးရိုးရှင်းရှင်း အိမ်ချက်အစားအစာများ ဖြစ်သော်လည်း လင်းဖန်က အလွန်အရသာရှိအောင် ဖန်တီးထားပါသည်။
ငါးအရသာ ဝက်သားကြော်၊ ဝက်နံရိုးချိုချဥ်၊ ငါးပေါင်းနဲ့ အရသာရှိသည့် ငါးစွပ်ပြုတ်၊ ခရမ်းချဥ်သီးထမင်းကြော်၊ ခရမ်းချဥ်သီး ကြက်ဥမွှေကြော်နဲ့ သခွားသီးတချို့ ပါဝင်သည်။ အားလုံးက အရသာရှိပါသည်။
"ဝါး ဆရာ့ရဲ့ စားတော်ပွဲတွေအကုန်လုံးက အခုထိအရသာရှိတုန်းပဲနော်" စုရှောင်းယွီက လင်းဖန်ကို သူမ၏ လှပသော မျက်လုံးလေးများဖြင့် ကြည့်လိုက်သည်။
"ကြည့်ရတာ ထွက်မသွားတာ မှန်သွားပြီထင်တယ်။ ဆရာ့ရဲ့ အနုပညာရှင် လုပ်ရတဲ့ အကျိုးကျေးဇူးတစ်ခုလည်း ရှိသေးတယ်။ အဲ့တာ သူ ချက်ကျွေးတဲ့ စားကောင်းသောက်ဖွယ်တွေ စားလို့ရတာပဲ~"
"အရသာရှိလိုက်တာ။ ငါမစားရတာတောင် တော်တော်ကြာပြီ" ရှားဝမ်ချွေ့က ပြောလိုက်သည်။ သူမ လင်းဖန်နဲ့ မတွေ့ရတာ ကြာပါပြီ။
"ဝမ်ချွေ့ ရှောင်းယွီ နောက်ပိုင်းကျရင် နင်တို့တွေ အိမ်မှာ လုံလုံခြုံခြုံလေး ဝတ်ကြလို့ မရဘူးလား။ နင်တို့ ဝတ်ထားတာက မလုံမလဲနဲ့ ငါစိတ်မထိန်းနိုင်ဘူးနော်" လင်းဖန်က ရှားဝမ်ချွေ့ကို ကြည့်လိုက်ပြီး ပြောလိုက်ပါသည်။
သူ့မိန်းမက အလွန်လှပသည်။ သူ စိတ်မထိန်းနိုင်ရင် ဘယ်လိုလုပ်မလဲ။
တကယ်တော့ ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့လည်း လုံလုံခြုံခြုံ ဝတ်ထားကြပါသည်။
သို့သော်လည်း ရှားဝမ်ချွေ့က ဘောင်းဘီတို ဝတ်ကာ စုရှောင်းယွီက စကတ်ဝတ်ထား၏ ကောင်မလေးနှစ်ယောက် အတူစနောက်နေသည့်အခါ မျက်စိကျဖို့ကောင်းနေပါသည်။
တစ်ဖက်မှာတော့ လင်းဖန် တစ်ယောက်တည်းသာ အထီးကျန်နေသည်။
စုရှောင်းယွီသာ မရှိပါက တစ်ခါတစ်လေး လင်းဖန် ရှားဝမ်ချွေ့ကို ချစ်ပြနိုင်သည်။ သို့သော်လည်း အခုတော့ အခွင့်အရေး မရှိတော့ပေ။
သူ့အနာဂတ်ကတော့ ခါးသီးပေဦးမည်။
လင်းဖန် ရုတ်တရက်ကြီး ရှုယန်ကို အားကျသွားပါသည်။
အနည်းဆုံးတော့ ရှုယန်မှာ လင်းကျင်းကျင်း ရှိနေသေးသည်။ သူတို့နှစ်ယောက်က ချစ်ချင်တိုင်း ချစ်လို့ရသလို အတူတူ အိပ်ချင်တိုင်းလည်း အိပ်လို့ ရသည်...။
သို့သော်လည်း လင်းဖန်ကတော့ မရပေ။
ရှားဝမ်ချွေ့ကို အိမ်မှာ ကာကွယ်နေသည့် ခွေးမလေးတစ်ကောင် ရှိနေသည်။
လင်းဖန် မျက်လုံးဖြင့်သာ ကြည့်နိုင်ပြီး ဘာမှ မလုပ်နိုင်ပါ။
ရှားဝမ်ချွေ့ အဖေ၏ သဘောတူညီချက်ကို ရဖို့အတွက် သူ နှစ်ဝက်လောက် စောင့်ရဦးမည့်ပုံပင်။
ထိုအချိန်ကျရင် ရှားဝမ်ချွေ့ကို သူ လွတ်လွတ်လပ်လပ် အနိုင်ကျင့်လို့ ရပါပြီ။
ဒီနှစ်ဝက်အတွင်းတော့ မြင်သာမြင် မကြင်ရသည့် ဘဝမျိုးနဲ့ လင်းဖန် နေရပါဦးမည်။
ဘဝက အလွန်ဝမ်းနည်းဖို့ကောင်းပါသည်။
လွန်ခဲ့သည့် လပိုင်းလောက်ကမှ ရှုယန်က လင်းဖန်ကို အားကျခဲ့ရသည်။ ရှုယန်ကို အမျိုးမျိုး အဖုံဖုံ မျက်နှာပူအောင် လုပ်နိုင်ခဲ့သည်။
အခုတောာ့ လင်းဖန်က ရှုယန်ကို အားကျနေရပါပြီ။ ဘာပဲဖြစ်ဖြစ် ရှုယန်က ကျင်းကျင်းနဲ့ လုပ်ချင်တာ လုပ်နိုင်သည် မဟုတ်ပါလား။
လင်းဖန်ကတော့ မဖြစ်နိုင်ပေ။
အခုတောင် သူ့မိန်းမကို ဖက်ဖို့တောင် အခွင့်အရေး မရှိတော့ပါ။
လခွမ်းထဲမှ။ လာစမ်း တရုတ်စစ်တုရင်...
လင်းဖန် နေ့လည်စာစားပြီးနောက် ချက်ချင်းပဲ တရုတ်စစ်တုရင်အညွှန်းစာအုပ်ကို ကိုင်လိုက်ပြီး သင်ယူလေ့လာလိုက်ပါသည်။
နှစ်ဝက်ကုန်ဆုံးသွားသည့်အခါ ရှားဝမ်ချွေ့၏ အဖေအား သူ စစ်ကြေညာမည်။
နှစ်ဝက်အတွင်း သူ ရှားဝမ်ချွေ့ကို လက်ထပ်နိုင်ပါတော့မည်။