← Chapters

လင်းဖန်ရဲ့ အသံသွင်းမှု

Vol. 16 Ch. 239

လင်းဖန်ရဲ့ အသံသွင်းမှု

Vol. 16 Ch. 239

"မရပါဘူး~"

"အပြင်မှာလည်း ဘောင်းဘီတို မဝတ်ခိုင်းဘူး။ အိမ်မှာကော ဝတ်လို့ မရဘူးလား" ရှားဝမ်ချွေ့က သူမ၏ လှပသော မျက်လုံးလေးများဖြင့် လင်းဖန်ကို ကြည့်လိုက်သည်။ မိန်းကလေးများက အလှကြိုက်တတ်သဖြင့် သူမလည်း ထိုနည်းလည်းကောင်း ဖြစ်သည်။

"ဒါဆိုလည်း... ဝတ်ပေါ့" လင်းဖန်က မဲ့ပြုံးပြုံးလိုက်သည်။

သူ့မိန်းမက ဝတ်ချင်တယ်ဆို မဝတ်အောင် တားလို့မရပါ။

အိမ်မှာ ဝတ်ရင်တော့ အဆင်ပြေပါသည်။ အနည်းဆုံးတော့ လင်းဖန် မြင်နိုင်သည်။

စုရှောင်းယွီကတော့ ဘယ်လိုဝတ်ဝတ် လင်းဖန် ဂရုမစိုက်ပါ။

ထို့နောက် လင်းဖန် တိုးတိုးတိတ်တိတ်ဖြင့် ရေသွားချိုးလိုက်ပါသည်။

လင်းဖန်ကို ဒီလိုမြင်ရသောအခါ ရှားဝမ်ချွေ့ ရှက်သွေးဖြာသွား၏။

လင်းဖန် သည်းခံရလွန်းပြီး သေသွားမလားဟုတောင် ထင်မိသည်။

အကြာကြီး သည်းခံထားရပါက နောက်ပိုင်း သူမ အပြစ် ဖြစ်မလာနိုင်ဘူးလား။

ရေချိုးပြီးနောက် လင်းဖန် ထပ်အိပ်လိုက်သည်။

နေ့လည် ၂ နာရီဝန်းကျင်တွင် အသံသွင်းစင်တာသို့ လင်းဖန်က သူ့အသစ်စက်စက် Bugatti Veyron Ettore Bugatti ကားကြီးဖြင့် မောင်းသွားခဲ့သည်။

အသံသွင်းစင်တာကို QQ Music နဲ့ NetEase Music တို့က ရွေးချယ်ထားကြခြင်း ဖြစ်သည်။

လင်းဖန် Bugattti Veyron Ettore Bugatti ကားကြီးကို မောင်းသွားတော့ လမ်းမှာ ထပ်ပြီး ပျာယာခတ်သွားကြပါသေးသည်။

"ကြည့်ဦး လင်းဖန်ရဲ့ ပြိုင်ကားပဲ။ အဲ့တာ လင်းဖန်ရဲ့ ပြိုင်ကားပဲ။"

"လင်းဖန် ဘယ်သွားနေတာလဲ။ ရုပ်ရှင်သွားရိုက်တာများလား။"

"မဟုတ်ဘူး ဘယ်လိုလုပ် ရုပ်ရှင်သွားရိုက်တာ ဖြစ်မှာလဲ။ ရုပ်ရှင်သွားရိုက်ဖို့ သရုပ်ဆောင်တစ်ယောက် Bugatti Veyron Ettore Bugatti ကားကြီးကို မောင်းသွားတာ မြင်ဖူးလို့လား။"

"လင်းဖန်က 'ကျွန်တော့်ရဲ့အတန်းဖော်ဟောင်း' သီချင်းကို အသံသွားသွင်းတာဖြစ်ရမယ်။ ဘာပဲဖြစ်ဖြစ် ဒီသီချင်းက အရမ်းရေပန်းစားလွန်းလို့ ထပ်ခါထပ်ခါတောင် နားထောင်ချင်မိတယ်။ ဒါပေမယ့် သီချင်းက မထွက်သေးဘူး။ ငါ QQ Music နဲ့ NetEase Music တို့ကို အတင်းပူဆာရမယ်။"

"လင်းဖန်ရဲ့ အဆိုစွမ်းရည်က အရမ်းကောင်းပြီး သူ့ကားကလည်း အရမ်းမိုက်တာပဲ။ ဘာလို့ ဒီလောက်ထိ ချောရတာလဲ။"

လမ်းမပေါ်က ပရိတ်သတ်များ အံ့သြသွားကြသည်။

လင်းဖန်ဆိုတာ ဘယ်သူမှန်းမသိဘဲ ဒီလိုကားမျိုးကို ဘယ်သူက တတ်နိုင်မှန်း မသိသည့် ဖြတ်သွားဖြတ်လာတွေလည်း ရှိပါသည်။

လင်းဖန် အသံသွင်းစင်တာကို ရောက်သွားတော့ NetEase Music ၏ ဝန်ထမ်း ဝမ်မန့်မန်နှင့် QQ Music ၏ ဝန်ထမ်း လျို့ဟောက်ရန်တို့က သူ့ကို စောင့်မျှော်နေကြပါသည်။

"မင်္ဂလာနေ့လည်ခင်းပါ မစ္စတာလင်း" ဝမ်မန့်မန်က အနည်းငယ် ဦးညွှတ်လိုက်ပါသည်။

"မစ္စတာလည်းက ကားသစ်မောင်းလာတာပဲ။ ဒီပြိုင်ကားကြီးက လှလိုက်တာ။ မစ္စတာလင်း ပြိုင်ကား နာမည်က ဘယ်လိုခေါ်လဲ" လျို့ဟောက်ရန်က ပြုံးလိုက်သည်။

ကုမ္ပဏီ ၂ ခု၏ ဝန်ထမ်းများက လင်းဖန်ကို နွေးထွေးစွာ ကြိုဆိုလိုက်ကြပါသည်။

လင်းဖန်၏ 'ကျွန်တော့်ရဲ့အတန်းဖော်ဟောင်း' သီချင်း မူပိုင်ခွင့်ကို ဝယ်ဖို့အတွက် ၈ သန်းလောက် သုံးခဲ့ရသည်။

ယခု သူတို့ မူပိုင်ခွင့်ရပြီဖြစ်သဖြင့် လုပ်ဖို့ကျန်တာဆိုလို့ လင်းဖန် သီချင်းကို အသံသွင်းဖို့သာ ရှိတော့သည်။

"Bugatti Veyron Ettor Bugatti ပါ" လင်းဖန်က ပြုံးလိုက်ပြီး သူတို့နှစ်ယောက်ကို ကြည့်လိုက်ပါသည်။

"ဝိုး... အဲ့တာ Bugatti ဖွင့်ပွဲမှာ ရောင်းသွားတဲ့ နောက်ဆုံးပေါ် ပြိုင်ကားကြီး မဟုတ်လား။ ၂၂၃ သန်းတန်လေ။ လခွမ်း..." လျို့ဟောက်ရန် အနည်းငယ် ထိတ်လန့်သွားသည်။

"ပြီးတော့ Limited Edition ပြိုင်ကားကြီးလည်း ဟုတ်တယ်..." ဝမ်မန့်မန်က ပြောလိုက်သည်။

"ကားတစ်စီးဆိုတာ ဒီတိုင်း ပို့ဆောင်ရေးယာဥ်တစ်ခုပါပဲ။ အလုပ်စလိုက်ကြရအောင်" လင်းဖန်က ပြောလိုက်သည်။ သူမကြွားချင်ပါ။

သို့သော်လည်း ရွေးချယ်စရာ မရှိပေ။ သူ့မှာရှိသည့် တန်ဖိုးအနိမ့်ဆုံးကားက Rolls-Royce Cullinan ဖြစ်သည်။ ထိုကားကလည်း သန်းချီတန်သည့် ဇိမ်ခံကားတစ်စီးဖြစ်ပါသည်။

သို့သော်လည်း ထိုကားကို ရှားဝမ်ချွေ့နှင့် စုရှောင်းယွီတို့ကို သွားခေါ်ခါမှ မောင်းလေ့ရှိသည်။ တခြား အချိန်တွေမှာတော့ ပြိုင်ကား တစ်စီးကိုသာ မောင်းတတ်ပါသည်။

တခြား အကြောင်းအရင်း မရှိပေ။ ပြိုင်ကား တစ်စီးကို မောင်းရတာက ပိုပြီး စိတ်လှုပ်ရှားဖို့ ကောင်းသောကြောင့် ဖြစ်သည်။

"ကောင်းပါပြီ" ဝမ်မန့်မန်နှင့် လျို့ဟောက်ရန်တို့ ခေါင်းငြိမ့်လိုက်ကြပါသည်။

"မစ္စတာလင်း။ 'ကျွန်တော့်ရဲ့အတန်းဖော်ဟောင်း' သီချင်းက အခု အွန်လိုင်းပေါ်မှာ အရမ်းနာမည်ကြီးနေပြီ။ ကျွန်တော်တို့ ကောင်းကောင်း အသံသွင်းနိုင်မယ်ဆိုရင် သီချင်းက သေချာပေါက် ထပ်ပြီးရေပန်းစားလာဦးမှာပဲ။ ဒီသီချင်းကို တရားဝင်ထုတ်မယ့်အချိန်ကို ပရိတ်သတ်တွေ အများကြီး စောင့်နေကြတယ်။"

"ကျွန်တော်တို့ အရမ်းကျွမ်းကျင်တဲ့ အသံညှိဆရာကိုလည်း ငှားထားပါတယ်။ သေချာပေါက် အကောင်းဆုံးဗားရှင်းကို ဖန်တီးနိုင်ဖို့ ကျွန်တော်တို့ ကူညီပေးနိုင်မှာပါ" ဝမ်မန့်မန်က ပြောလိုက်ပါသည်။

"အင်း ကောင်းပါပြီ။ ဒါဆို ဒီနေ့ အပြီးသတ်ကြတာပေါ့" လင်းဖန်က ပြောလိုက်သည်။

အသံသွင်း စင်တာထဲ ဝင်လိုက်တာနဲ့ လင်းဖန်ကို မြင်သောအခါ ဝန်ထမ်းများစွာ မတ်တပ်ရပ်လိုက်ကြသည်။

အရေးအကြီးဆုံးက လင်းဖန်က ချောမောလွန်းခြင်း ဖြစ်သည်။

သူတို့ လင်းဖန်ကို ဒီနေ့မှ လူကိုယ်တိုင်မြင်ဖူးခြင်းဖြစ်ကာ တကယ့် လူချောတစ်ယောက်ဆိုတာ ဘာမှန်း သိလိုက်ကြရပါသည်။

သူ့အရှိန်အဝါပဲဖြစ်ဖြစ် ပုံစံပဲဖြစ်ဖြစ် လင်းဖန်၏ ပုံစံကြောင့် ကောင်မလေးများ ရှက်သွေးဖြာသွားကြသည်။

ဘာပဲဖြစ်ဖြစ် ကောင်မလေးများက အသက် ၂၀ ဝန်းကျင်များဖြစ်ကြပြီး အများစုက Single များ ဖြစ်ကြသည်။

အမှန်ပင်။ သူတို့ လင်းဖန်ကို လက်မှတ်ထိုးခိုင်းဖို့တော့ မဝိုင်းရံကြပေ။ သူတို့က အလွန် ယဥ်ကျေးမှု ရှိပါသည်။

လင်းဖန်က အသံသွင်း စတူဒီယိုထဲ လမ်းလျှောက်ဝင်သွားပြီး သူ့ရှေ့က ကိရိယာများကို ကြည့်လိုက်သည်။ သူ ပြင်ဆင်ထားပြီးသား ဖြစ်သည်။

ထို့နောက် လင်းဖန်က 'ကျွန်တော့်ရဲ့အတန်းဖော်ဟောင်း' သီချင်းကို စတင်အသံသွင်းခဲ့ပါသည်။

သာယာသည့် အသံတစ်သံက ရင်းနှီးနေသည့် သံစဥ်တစ်ခုနဲ့ အတူ ထွက်ပေါ်လာခဲ့လေသည်။

[မနက်ဖြန်အချိန်ရောက်တဲ့အခါ မှတ်မိနေဦးမလား]

[မနေ့က နင်ရေးခဲ့တဲ့ ဒိုင်ယာရီလေးကိုပေါ့]

[မနက်ဖြန်အချိန်ရောက်တဲ့အခါ ငါ့ကိုသတိရနေဦးမလား]

[နင်က အမြဲအငိုသန်သူလေးဖြစ်လို့]

[ဆရာဆရာမတွေလည်း မှတ်မိနိုင်မယ်မထင်ပါ]

[ပုစ္ဆာအဖြေရှာမရခဲ့တဲ့နင်နဲ့]

[ဓာတ်ပုံလေးတွေ မတော်တဆ လှန်ကြည့်မိတော့]

[အတန်းဖော်ဟောင်း နင့်ကို သတိရမိတယ်]

လင်းဖန်၏ အသံထွက်ပေါ်လာသောအခါ အသံသွင်း စတူဒီယိုထဲက ဝန်ထမ်းအားလုံး ကြက်သေသေသွားပါသည်။

လူများစွာ အတူတူစုဝေးမိကြပြီး ၎င်းတို့၏ မျက်လုံးများက အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေကြသည်။

သူ့သာယာလှသည့် အသံက အားလုံးကို မှင်သက်သွားစေသည်။

အရင်တုန်းက လင်းဖန် တိုက်ရိုက်ထုတ်လွှင့်မှုမှာ သီချင်းဆိုခဲ့တာကို သူတို့ကြားဖူးပါသည်။ သို့သော်လည်း Live ဆိုတာကို ကြားလိုက်ရသောအခါ လုံးဝ ခြားနားနေသည်။

သူ့ Live သီဆိုမှုက အင်တာနက်ပေါ်က သီဆိုမှုနဲ့ ယှဥ်လို့တောင် မရပါ။

"ဘုရားရေ လင်းဖန် သီချင်းဆိုတာ ဘာလို့ ဒီလောက် ကောင်းရတာလဲ..."

"လင်းဖန်တိုက်ရိုက်ထုတ်လွှင့်မှုထဲမှာ ဆိုတာထက် ၁၀ ဆ မဟုတ်သေးဘူး အဆ ၁၀၀ လောက်တောင် ပိုကောင်းသေးတယ်။"

"လင်းဖန်ရဲ့ အသံက တကယ်ချိုသာတာပဲ။ ကောင်းကင်ဘုံ ဖန်ဆင်းပေးထားတဲ့အသံလိုပဲ။"

"ဘာကြောင့်မှန်းမသိဘူး။ လင်းဖန် သီချင်းဆိုတာကို ထပ်ကြားလိုက်ရတော့ ငိုချင်လာသလိုပဲ။"

"အင်တာနက်ပေါ်မှာ ဒီသီချင်းကို ပြန်ဆိုနေတဲ့လူတွေ အများကြီးပဲ။ ဒါပေမယ့် အဲ့လောက် အများကြီး နားထောင်ပြီးတာတောင် ငါ့အတန်းဖော်ကို ပြန်သတိရတဲ့ခံစားချက်မျိုးမရသေးဘူး။ လင်းဖန် ဒီနေ့ဆိုတာကိုကြားမှ အဲ့ခံစားချက်ကို ပြန်ရခဲ့တယ်။"

"ငါငိုနေပါပြီ။ လင်းဖန်လောက် အသံကောင်းတဲ့လူမျိုး ဂီတလောကထဲမှာ များများစားစား မရှိဘူး။"

"အား ငါဒီမှာ အလုပ်လုပ်ဖို့လာခဲ့တာကို လင်းဖန်ရဲ့ အသံကိုကြားလိုက်ရတော့ အလုပ်ဘယ်လို ဆက်လုပ်ရမှန်းတောင် မသိတော့ဘူး။ လင်းဖန် သီချင်း Live ဆိုတာကို နားထောင်ရတာ ကံကောင်းတာပဲ။"

ဝန်ထမ်းအားလုံး သူတို့လုပ်လက်စ အလုပ်များကို ရပ်တန့်လိုက်ကြသည်။

မျက်လုံးများ မှိတ်လိုက်ပြီး လင်းဖန်၏ သီဆိုမှုထဲ ယစ်မူးသွားခဲ့ကြသည်။

အားလုံး ဒီသီချင်းကြောင့် ယစ်မူးသွားကြ၏။

သီချင်းတစ်ပုဒ်လုံး၏ သံစဥ်က သာယာပြီး ကောင်းမွန်သည်။ လင်းဖန်၏ အဆိုနဲ့ ပေါင်းစပ်လိုက်သောအခါ ၎င်းတို့၏ ငယ်ဘဝမှ အတန်းဖော်နှင့် ချစ်သူများကို ပြန်သတိရမိကြပါသည်။

အားလုံးက ဝမ်းနည်းဖို့ ကောင်းနေပါသည်။

'ကျွန်တော့်ရဲ့အတန်းဖော်' သီချင်း အွန်လိုင်းပေါ်မှာ ရေပန်းစားလာခဲ့တုန်းက ဒီသီချင်းကို အွန်လိုင်းပေါ်မှာ လူအမြောက်အများ ပြန်ဆိုခဲ့ကြသည်။

သို့သော်လည်း ဒီကဝန်ထမ်းများအားလုံးနဲ့ အင်တာနက်ပေါ်က ပရိတ်သတ်များက အရင်ကလို ခံစားချက်မျိုး မရခဲ့ကြပါ။

အဘယ့်ကြောင့်ဆိုသော် သူတို့ကြားခဲ့သည့် အသံများက လင်းဖန်၏ အသံမဟုတ်သောကြောင့်ဖြစ်သည်။

လင်းဖန် Live ဆိုသည့်အခါ ဝန်ထမ်းများအားလုံး လုံးဝ နစ်မျောသွားကြသည်။

ဒီသီချင်းကို အရင်က နားထောင်ခဲ့ရသည့် ခံစားချက်များအားလုံး ပျောက်ကွယ်သွားခဲ့သည်။

အတိတ်က မှတ်ဉာဏ်များ သူတို့စိတ်ထဲ ပြန်ဝင်လာခဲ့ပါသည်။

တချို့လူတွေက အလွန်ချိုမြိန်စွာ ပြုံးကြသည်။

တချို့ကတော့ ငိုကြ၏။

အသံညှိစရာတောင် စကားပြောဖို့ မေ့နေပါပြီ။

ဒါက QQ Music ၏ အသံညှိကြယ်ပွင့်တစ်ယောက်ဖြစ်ပြီး အလွန်ကျွမ်းကျင်သူဖြစ်ပါသည်။

အသံညှိကြယ်ပွင့်ကြီး ရှိနေပါက ကီးကြောင်နေသည့်လူတစ်ယောက် သီချင်းလာဆိုရင်တောင်၊ သူတို့ သီချင်းမဆိုဘဲ စာသားတွေကို စာဖတ်သလို ဖတ်နေရင်တောင် အလွန်နားထောင်ကောင်းအောင် လုပ်နိုင်ပါသည်။

ဒီ အသံညှိကြယ်ပွင့်၏ အစွမ်းအစက အလွန်အားကောင်းသည်။ သို့သော် ထိုကဲ့သို့ အသံညှိဆရာကတောင် လောလောဆယ် ထိုင်ခုံပေါ်တွင် ငုတ်တုတ်မေ့နေပါသည်။ ထိုင်ခုံကို မှီထိုင်နေပြီး မျက်လုံးများ နီနေကာ ဒီလိုလှပသည့် အသံထဲတွင် ကိုယ့်ကိုယ်ကို စီးမျောသွားစေသည်။

ကြယ်ပွင့် အသံညှိဆရာကြီး ဒီလိုဖြစ်သွားတာကို မြင်ပြီး ဝမ်မန့်မန်နဲ့ လျို့ဟောက်ရန်တို့ အချင်းချင်း ကြည့်လိုက်ကြသည်။

အံ့သြဖို့ကောင်းလွန်းပါသည်...။

ဒီကြယ်ပွင့် အသံညှိဆရာကြီးနဲ့ အဆိုတော်များစွာ ယခင်တုန်းကလည်း အလုပ်လုပ်ဖူးပါသည်။ သို့သော်လည်း အသံညှိဆရာကြီးကို ဒီလိုဖြစ်အောင်လုပ်ဖူးတဲ့လူမျိုးကို ပထမဆုံးတွေ့ဖူးတာဖြစ်သည်။

လင်းဖန်၏ အသံက ကြယ်ပွင့်အသံညှိဆရာကြီးကို တကယ်ပဲ ကြွေသွားစေပါသည်။

သူတို့ကိုလည်း ကြွေသွားစေသည်။

ထို့ကြောင့် ဝမ်မန့်မန်နဲ့ လျို့ဟောက်ရန်တို့ တစ်ခုခုကို နားလည်လိုက်ရပါသည်။

'ကျွန်တော့်ရဲ့အတန်းဖော်ဟောင်း' သီချင်းကို အသုံးပြုခွင့်ကို ဝယ်ယူဖို့အတွက် ယွမ် ၄ သန်းသုံးခဲ့ရတာ တန်ပါသည်။

လင်းဖန် Live ဆိုနေသည့် ဒီဗားရှင်းနဲ့သာဆို အင်တာနက်ပေါ်မှာ နာမည်ကျော်သွားဖို့ လုံလောက်ပါသည်။

ထိုအချိန်တွင် ဆွဲဆောင်နိုင်မည့် နားဆင်သူများက မရေမတွက်နိုင်အောင် ရှိလိမ့်မည်။

အဘယ့်ကြောင့်ဆိုသော် သီဆိုနေသူက လင်းဖန်ဖြစ်သောကြောင့်ပင်။

လင်းဖန်က စုစုပေါင်း သီချင်း ၃ ပုဒ်ကို သီဆိုခဲ့ပါသသည်။

၎င်းတို့အနက် 'အချစ်ကို ဝန်ခံချက်'နဲ့ 'ကျွန်တော့်ရဲ့အတန်းဖော်ဟောင်း'တို့က အွန်လိုင်းပေါ်မှာ အလွန်ရေပန်းစားကြပါသည်။

ဘဝရဲ့ပျော်ရွှင်မှု ဇာတ်ဝင်တေး 'ထာဝရဆန္ဒ' ကလည်း အလွန်ရေပန်းစားပါသည်။

"ဟူး နောက်ဆုံးတော့ အဆိုတော်ဆိုတာ ဘာလဲ ဒီနေ့မြင်လိုက်ရပြီ။ စူပါစတားအစစ်ဆိုတာ ဒါမျိုးကိုး။ ဆိုလိုက်တဲ့သီချင်းတိုင်းက အသံညှိဆရာ ထုတ်လုပ်ထားတဲ့ ဗားရှင်းထက်တောင် အများကြီး ပိုနားထောင်လို့ ကောင်းနေတယ်" လျို့ဟောက်ရန်က ပြောလိုက်ပါသည်။

"ငါလည်း မြင်လိုက်ရပြီ။ အရင်တုန်းကဆို လင်းဖန် သီချင်းဆိုတာကို နားထောင်ရင် လင်းဖန်က သာမန်အဆိုတော်နဲ့ သိပ်မခြားပါဘူးလို့ ထင်ခဲ့တာ။ ဒီနေ့ Live ဆိုတာကို မြင်မှ ငါသိလိုက်ရတာ... ဒီလောက်အဆိုကောင်းတဲ့လူတွေ ကမ္ဘာကြီးထဲမှာ ရှိနေသေးတယ် ဆိုတာပဲ" ဝမ်မန့်မန်က သက်ပြင်းချလိုက်ပါသည်။

သူတို့နှစ်ယောက်က ကုမ္ပဏီနှစ်ခု၏ အော်ပရေးရှင်း မန်နေဂျာများ ဖြစ်ကြသည်။ သူတို့ကိုယ်တိုင် လင်းဖန်ကို လာရောက် ကြိုဆိုခြင်းက သူ့ကို ဘယ်လောက်တန်ဖိုးထားသလဲဆိုတာကို ပြသဖို့ လုံလောက်ပါသည်။

သူတို့ စိတ်ပိုင်းဆိုင်ရာ အရပြင်ဆင်ထားပြီးသားဖြစ်သည်။ အထူးသဖြင့် လျို့ဟောက်ရန်က လင်းဖန်နဲ့ ယခင်တုန်းက အလုပ်လုပ်ဖူးပါသည်။

ဒီနေ့ လင်းဖန် ဒီသီချင်းဆိုတာကို ကြားလိုက်ရသောအခါ သူတို့နှစ်ယောက် အနည်းငယ် ထိတ်လန့်သွားရသည်။

လင်းဖန် Live သီဆိုတာကို နားထောင်ရတာ တကယ်သာယာဖွယ်ဖြစ်ပါသည်။

စစ်မှန်ပြီး နှိုင်းယှဥ်ဖွယ်မရှိလောက်အောင်ပင်။

လင်းဖန်က သီချင်း ဆက်လက်သီဆိုနေသည်။ 'ကျွန်တော့်ရဲ့အတန်းဖော်ဟောင်း' သီချင်းလည်း အဆုံးသတ်ကို ရောက်ရှိသွားပါပြီ။။

[စိတ်ကူးယဥ်ဆန်တဲ့ နင့်ကို ဘယ်သူလက်ထပ်ခဲ့ပြီလဲ]

[နင့်ကို ဘယ်သူ ချော့မြူနေပြီလဲ]

[နင့်ရဲ့ ဆံနွယ်ရှည်တွေကို ဘယ်သူစည်းနှောင်ခဲ့ပြီလဲ]

[နင့်ရဲ့ မင်္ဂလာဝတ်စုံကို ဘယ်သူ ဖန်တီးပေးခဲ့ပြီလဲ]

လင်းဖန် သီဆိုလို့ ပြီးဆုံးသွားပြီး ရပ်တန့်သွားပါသည်။

'ကျွန်တော့်ရဲ့အတန်းဖော်ဟောင်း' သီချင်း၏ နောက်ခံတီးလုံးကတော့ ဆက်လက်တီးခတ်နေဆဲဖြစ်ပြီး နောက်ဆုံးတော့ အားလုံးပြီးဆုံးသွားခဲ့ပါသည်။

သီချင်းပြီးဆုံးသွားသောအခါ ဝန်ထမ်းအားလုံး မျက်လုံး မဖွင့်နိုင်သေးပေ။

လူအများစုက လုံးဝ ယစ်မူးသွားကြသည်။

အသံညှိဆရာလည်း ထိုနည်းလည်းကောင်း ဖြစ်၏။ ထိုင်လျက်သား လင်းဖန်၏ သီချင်းကို နားဆင်ခံစားနေပါသည်။

လင်းဖန် ထွက်လာမှ နောက်ဆုံးတော့ အားလုံး တုန့်ပြန်လာကြပါသည်။

"ကောင်းလိုက်တဲ့ သီချင်းကွာ။"

"လင်းဖန် Live ဆိုတာ အရမ်းကောင်းတာပဲ။ ဂီတဖျော်ဖြေပွဲထဲ ရောက်သွားသလိုတောင် ခံစားလိုက်ရတယ်ကွာ။"

"လင်းဖန်က တော်လိုက်တာ။ ဒီသီချင်းကြောင့် ငါထပ်ငိုရပြန်ပြီ။"

"အရင်တစ်ခေါက် ဒီသီချင်းကို နားထောင်တုန်းက စာသားတွေက ပုံမှန်ပါပဲလို့ထင်ခဲ့တာ။ အခု လင်းဖန် ဒီသီချင်းဆိုတာကို နားထောင်ကြည့်လိုက်မှ ငိုချင်သွားတယ်။"

"လင်းဖန်က တကယ့် အဆိုနတ်ဘုရားပဲ။"

All Chapters