← Chapters

ကိရိယာ

Vol. 21 Ch. 301

ကိရိယာ

Vol. 21 Ch. 301

ကျင်းကောင်တီမြို့ ဟိုတယ်တစ်ခုတွင်။

"ဒါရိုက်တာချန်း ငါတို့လောလောဆယ် ကျန်းဖန်းနဲ့ အဆက်အသွယ်ပျက်သွားပါပြီ။”

သွေးအေးသော မျက်နှာထားမျိုးနှင့် သက်လတ်ပိုင်း အမျိုးသားကြီးတစ်ဦးက ပြောလိုက်ပါသည်။

ချန်းအိုက ခံစားချက်မဲ့နေ၏။ "သူတို့ အောင်မြင်နေပြီ မဟုတ်ဘူးလား။ ယဲ့ရှောင်ချန်း ဘာတွေဖြစ်နေသလဲ မရိပ်မိခင် သူ့ကို ဒီခေါ်လာရမယ်။”

ရုတ်တရက် သက်လတ်ပိုင်းအမျိုးသားကြီးထံသို့ ဖုန်းတစ်ကော ဝင်လာကာ သူ့မျက်နှာထားလည်း ပြောင်းလဲသွားလေသည်။ "ဒါရိုက်တာချန်း ကျင်းကောင်တီမြို့ပြင်မှာ ကားအက်ဆီးဒင့်တစ်ခု ဖြစ်သွားပါတယ်။ လိုင်စင်နံပါတ်ပြားက ငါတို့လူတွေ မောင်းနေတဲ့ နံပါတ်ပြားပါပဲ။”

"ဘာ။ ကလေးကကော ဘယ်မှာလဲ။”

ချန်းအိုက အမြန်ပြောလိုက်ပါသည်။

"ကလေးက ဘာမှ မဖြစ်ဘူး။ ကျန်တဲ့လူတွေက အကုန်သေကုန်ပြီ။”

သက်လတ်ပိုင်း အမျိုးသားကြီးက ပြောလိုက်ပါသည်။

"လခွမ်းပဲ ဘာလို့ ဒီလိုဖြစ်သွားတာလဲ။ မြန်မြန်ရှင်းလိုက်။ ကျုပ်တို့ အဆက်အသွယ်ကို ဘယ်သူမှ သိသွားလို့ မဖြစ်ဘူး။”

ချန်းအိုက် ပြောလိုက်၏။

"ဒါရိုက်တာချန်း။ ကလေးကို ရဲတွေဆီကနေ ခေါ်လိုက်ရမလား။"

သက်လတ်ပိုင်းအမျိုးသားကြီးက တွန့်ဆုတ်သွားသည်။

"ဟင်း ဘယ်လိုခေါ်မှာလဲ။ ပြန်ပေးဆွဲပြီးတော့လား။”

ချန်းအိုက သရော်လိုက်သည်။ "ခင်ဗျားတို့တွေ ဘာမှ မှန်အောင် မလုပ်နိုင်ကြဘူး။ ဒီလောက်ထိ သေးငယ်တဲ့ ကိစ္စကိုတောင် မလုပ်နိုင်ကြဘူး။”

...

နာရီဝက်ကြာသောအခါ။

ယဲ့ရှောင်ချန်းက လုဖန်းလိုင်ကို ခေါ်ပြီး မော်တော်ယာဥ် ရဲများထံသို့ သွားခဲ့သည်။

ထိုကောင်လေးအား ရဲမေများစွာက စနောက်နေကြသည်။

ကြည့်ရတာ ဒီကောင်လေးက တော်တော်လေး ရေပန်းစားနေသည့်ပုံပင်။

ကောင်လေး အဆင်ပြေသည်ကို မြင်သောအခါ ယဲ့ရှောင်ချန်း စိတ်အေးစွာ သက်ပြင်းချလိုက်ပါသည်။

မော်တော်ယာဥ်ရဲများ ပြောစကားအရ ကလေးများကို ပြန်ပေးဆွဲသည့် ပြန်ပေးသမားများဖြစ်ကြောင်း ယဲ့ရှောင်ချန်း သိလိုက်ရသည်။

ပြန်ပေးသမားတဲ့လား။

ယဲ့ရှောင်ချန်း မယုံပါ။

လုဖန်းလိုင်ကို မော်တော်ယာဥ်ရဲများထံမှ ယဲ့ရှောင်ချန်း ပြန်ခေါ်လာခဲ့၏။

"ဖန်းလိုင် ဘာတွေဖြစ်နေတာလဲ။"

အမှားတစ်ခုခု လုပ်ထားသယောင်ဖြင့် ခေါင်းကို ငုံ့ထားသော ကောင်လေးကို ကြည့်ရင်းအေးစက်စွာ ယဲ့ရှောင်ချန်း မေးလိုက်ပါသည်။

"ကျွန်တော် မူကြိုကနေ ခိုးထွက်လာရင်း အဲ့ဒီလူတွေနဲ့ တွေ့ခဲ့တာ။ အဲ့ဒီနောက် ဘာတွေဖြစ်သွားလဲ မသိတော့ဘူး။ ကျွန်တော်နိုးလာတော့ ကားထဲရောက်နေတာပဲ။”

ကောင်လေးက အားလုံးကို ရှင်းရှင်းလင်းလင်း ရှင်းပြပြီး ဖြစ်ပျက်ခဲ့သမျှကို ပြန်ပြောပြလိုက်ပါသည်။

ကားထဲက လူများ သူ့ကို ပြောခဲ့သည့် စကားများကိုပင် ပြန်ပြောပြခဲ့ပါသည်။

"ဟင်း တကယ်ပဲ သူတို့ကိုး။ ယဲ့ရှောင်ချန်းဆိုတဲ့ ငါ့ကိုများ ပစ်မှတ်ထားရဲတယ်ပေါ့။ သူတို့အတွက် ဘာကကောင်းလဲဆိုတာ တကယ် မသိကြဘူးပဲ။”

ယဲ့ရှောင်ချန်း၏ မျက်လုံး အေးစက်သွားသည်။

နိုင်ငံတော်က သဘာဝလွန်အဖွဲ့အစည်းတစ်ခုနှင့် အထူး သုတေသနဓာတ်ခွဲခန်းတစ်ခုကို တည်ထောင်ကာ အင်မော်တယ် ကျင့်ကြံသူများအား လေ့လာနေသည်ဆိုသည့်အကြောင်း တချို့ လမ်းကြောင်းများမှတဆင့် သူ သိထားပြီးသား ဖြစ်ပါသည်။

ချန်းအိုကလည်း ထိုအဖွဲ့အစည်းတွင် အရေးပါသော နေရာမှ ပါဝင်နေ၏။

သို့သော်လည်း ယဲ့ရှောင်ချန်း နားမလည်နိုင်တာက သူတို့ ဘာကြောင့် လုဖန်းလိုင်ကို ဖမ်းကြတာလဲ။

"ကားက ကျင်းကောင်တီမြို့ကို သွားနေပြီး တဖက်အဖွဲ့ကလည်း ကျင်းကောင်တီ လူထုလုံခြုံရေးဌာနနဲ့ အဆက်အသွယ်လုပ်ပြီးတော့ ဒီကိစ္စကို သာမန် ပြန်ပေးအမှုဖြစ်အောင် လုပ်လိုက်တာဆိုတာ့ တဖက်အဖွဲ့က ကျင်းကောင်တီမြို့မှာပဲ ရှိနေဦးမယ်။”

ယဲ့ရှောင်ချန်း မျက်လုံးကို မှေးလိုက်သည်။ ရုတ်ရက် အင်မော်တယ်ပဲစေ့ ဆယ်ကျော်လောက် သူ့လက်ပေါ်တွင် ပေါ်လာပြီး နူးညံ့စွာဖြင့် ပစ်လိုက်ပါသည်။

ရုတ်တရက် အင်မော်တယ်ပဲစေ့များက ပူပေါင်းများလို ပျောက်ကွယ်သွားကြသည်။

ယခု ယဲ့ရှောင်ချန်းက ပဲစေ့ စစ်သည်တော် ဆယ်နဲ့ချီပြီးဖန်တီးပြီးပြီဖြစ်သည်။ သူ့လက်ရှိ ကျင့်ကြံခြင်း အဆင့်ဖြင့် ၎င်းတို့ကို ထိန်းချုပ်ရာတွင် သက်တောင့်သက်သာ မဖြစ်မှုကို မခံစားရပါ။

ထိုပဲစေ့စစ်သည်တော်အားလုံးကို ယဲ့ရှောင်ချန်းက ချီသန့်စင်ခြင်းအဆင့်အထိ လေ့ကျင့်ပေးထားပြီးသားဖြစ်ပါသည်။ ဒီလိုကျယ်ပြန့်သော ကောင်တီမြို့တစ်မြို့တွင် လူတစ်ယောက်ကို ရှာဖို့က မခက်ခဲတော့ပါ။

ချန်းအို ကျင်းကောင်တီမြို့တွင် ရှိနေသရွေ့ သူ့ရဲ့ ကျင့်ကြံခြင်း ရောင်ဝါကြောင့် ပဲစေ့စစ်သည်တော်များထံမှ ပြေးလွတ်မ ည်မဟုတ်ပေ။

ထိုအချိန်တွင် ဆင်ခြေဖုံးရပ်ကွက်များထံသို့ ဦးတည်နေသည့် လမ်းမကျယ်ကြီးတစ်ခုတွင် Audi ကားနက်ကြီးများစွာ မောင်းနှင်နေကြသည်။

"ဒါရိုက်တာကြီး ငါတို့ဒီလိုပဲ ထွက်သွားကြတော့မှာလား။”

သက်လတ်ပိုင်း အမျိုးသားကြီးက မေးလိုက်သည်။

"အခုသူ့ကို ကျုပ်တို့ဘာမှ လုပ်လို့မရဘူး။ အစကတော့ ကလေးကို ဖမ်းပြီး ခံတပ်ဆီ သူ့ကို ပြန်ခေါ်လာမလို့ပဲ။ အခုတော့ မရတော့ဘူး။ ရန်သူ့ကို အသိပေးလိုက်မိပြီ။”

ချန်းအိုက ခေါင်းခါရင်း ပြောလိုက်ပါသည်။

ရုတ်တရက် ချန်းအို တစ်ခုခုကို အာရုံခံမိသွားပြီး ပြတင်းပေါက် အပြင်ဘက်ကို ကြည့်လိုက်၏။ သူ့မျက်နှာလည်း အလွန်အမင်း ပြောင်းလဲသွားလေသည်။

အဘယ့်ကြောင့်ဆိုသော် အရိပ်တစ်ခု ကားအပေါ်တွင် လိုက်လာသောအကြောင့် ဖြစ်ပါသည်။

သူက အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အထွတ်အထိပ် အဆင့်ရှိနေသော ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး ယင်ဝိညာဥ်များကို မြင်နိုင်နေပါပြီ။

သို့သော်လည်း ဒီအရိပ်ထံမှ ယင်ဝိညာဥ်တစ်ကောင်၏ အေးစက်သော ရောင်ဝါမျိုးကို မခံစားရဘဲ အရိပ်တစ်ခုလိုသာ ခံစားရပါသည်။

ထို့အပြင် ယင်ဝိညာဥ်များက နေ့ဘက် ထွက်မလာတတ်ပါ။

ရုတ်တရက် ထိုအရိပ်ကြီးက ချန်းအိုကို ပြုံးပြလိုက်ပါသည်။

ချန်းကို၏ မျက််နှာထား မှောင်မိုက်သွားရသည်။

သူစကားပြောဖို့ ကြံလိုက်စဥ်မှာပဲ အရိပ်က ရုတ်တရက်ကြီး ခုန်လိုက်ကာ ဒရိုင်ဘာ၏ ခန္ဓာကိုယ်ထဲ တိုးဝင်ပျောက်ကွယ်သွားလေတော့သည်။

ဒရိုင်ဘာက တုန်ခါသွားပြီး ကားကို လမ်းလယ်ခေါင်တွင် ရပ်တန့်လိုက်ပါသည်။

ကံကောင်းစွာဖြင့် သူတို့နောက်မှာ ဘာကားမှ ရှိမနေခဲ့ပါ။ မဟုတ်ပါက ရုတ်တရက်ကြီးကားရပ်လိုက်လျှင် အလွန်အန္တရာယ်များနိုင်ပါသည်။

ဒရိုင်ဘာက နောက်သို့ လှည့်ကြည့်ပြီး ထူးဆန်းသည့် အပြုံးမျိုးဖြင့် ပြုံးလိုက်သည်။

"မင်း ဘယ်သူလဲ။ လှည့်ကွက်တွေ လာမသုံးနဲ့။”

ချန်းအိုက သူ့မှော်စွမ်းအားကို စုစည်းရင်း အော်လိုက်ပါသည်။

"မင်းတို့ ဘာလို့ အဲ့ဒီကလေးကို ပြန်ပေးဆွဲတာလဲ။”

ဒရိုင်ဘာက ရုတ်တရက်ကြီး ပြောလိုက်သည်။

ချန်းအိုက ဘာမှမဖြစ်သော်လည်း ကားထဲက သက်လတ်ပိုင်း အမျိုးသားကြီးမှာ အနည်းငယ် ကြောက်လန့်နေခဲ့ပါသည်။

"မင်းက ယဲ့ရှောင်ချန်းလား။”

ချန်းအိုတစ်ယောက် နှလုံးခုန်သံ ရပ်တန့်သွားပြီး ရုတ်တရက် မေးလိုက်၏။

သဘာဝလွန်အဖွဲ့အစည်းမှ အချက်အလက် များစွာ စုဆောင်းထားပြီး ယဲ့ရှောင်ချန်းက ကျင့်ကြံသူတစ်ယောက်ဖြစ်မှန်း သေချာလုနီးပါး ဖြစ်နေပါပြီ။

သို့သော်လည်း အင်မော်တယ်ကျင့်ကြံခြင်း စွမ်းအားကို ကျွမ်းကျင်ပိုင်နိုင်ပါလျက် အင်မော်တယ် ကျင့်ကြံလောကမှ လာသူ ဘာကြောင့် မဟုတ်တာလဲဟု ဇဝေဇဝါဖြစ်နေမိပါသည်။

သေမျိုးလောကမှာ ဝိညာဥ်ချီ မရှိသဖြင့် ကျင့်ကြံဖို့ မဖြစ်နိုင်ပါ။

သို့သော်လည်း ယဲ့ရှောင်ချန်းက ဝိညာဥ်ချီပါသည့် အပင်များကို ပျိုးထောင်နိုင်ပြီး ဝိညာဥ်ချီအဆင့်ကလည်း မြင့်မားလွန်းပါသည်။

ယဲ့ရှောင်ချန်း ကြီးမားသော လျှို့ဝှက်ချက် တစ်ခုကို ဖုံးကွယ်ထားသည်ဟု သူ သံသယ ဖြစ်ခဲ့မိပါသည်။

ထို့ကြောင့် သူ တိုးတိုးတိတ်တိတ် စုံစမ်းနေခဲ့မိ၏။

"ပြောစမ်း။ မင်းဘာလို့ အဲ့ဒီကလေးကို ပြန်ပေးဆွဲတာလဲ။ မဟုတ်ရင် ကျင်းကောင်တီမြို့ကနေ အသက်ရှင်လျက် ထွက်သွားဖို့ စိတ်မကူးနဲ့တော့။”

ဒရိုင်ဘာက ထူးဆန်းသော အသံဖြင့် ပြောလိုက်ပါသည်။

အပြင်ဘက်တွင် ပုံရိပ်ယောင်အရိပ်များ ဆယ်နှင့်ချီပြီး ရှိနေသေးသည်ကို သိလိုက်ရသဖြင့် ချန်းအို ထိတ်လန့်သွားသည်။

"ယဲ့ရှောင်ချန်း ငါက အစိုးရ အရာရှိ တစ်ယောက်နော်။ မင်း ငါ့ကို သတ်ချင်လို့လား။”

ချန်းအိုက ခက်ထန်စွာ ပြောလိုက်ပါသည်။

"ဟားဟာား မင်းကို ငါ့လက်နဲ့ သတ်မှာ မဟုတ်ဘူးလေ။”

ဒရိုင်ဘာက ထူးဆန်းစွာ ရယ်မောလိုက်ပါသည်။

"နေဦး။ ငါမင်းကို ပြောပြမယ်။ မင်းကို ပြောပြရင် ငါတို့ကို လွှတ်ပေးမှာလား။”

ချန်းအိုက အမြန်ပြောလိုက်ပါသည်။

"ငါ့စိတ်အခြေအနေ အရပေါ့။”

ဒရိုင်ဘာက ပြောလိုက်သည်။

"အဲ့တာဆိုရင်တော့ ငါလည်း မပြောတော့ဘူး။”

ချန်းအိုက အံကြိတ်လိုက်သည်။

"ဟားဟား မင်း မပြောရင်ရော အဆင်ပြေမယ်လို့များ ထင်နေတာလား။"

ဒရိုင်ဘာက ထူးဆန်းစွာ ရယ်မောလိုက်ပါသည်။

ရုတ်တရက် မမြင်နိုင်သော အသိစိတ်တစ်ခုက ကားပေါ်သို့ သက်ဆင်းလာပြီး ချန်းအို အပါအဝင် ကားထဲကလူအားလုံး အသိစိတ် လွတ်သွားသည့်ပုံ ဖြစ်သွားပါသည်။

"ဘာတွေဖြစ်နေသလဲ ပြောပြစမ်း။"

ခပ်ပါးပါး အသံတစ်သံထွက်လာခဲ့သည်။

"အင်မော်တယ် ကျင့်ကြံသူတွေကို စမ်းသပ်ချက်တွေ အကြိမ်ပေါင်းများစွာ ပြုလုပ်ပြီးတဲ့နောက် ဝိညာဥ်ချီနဲ့ ဝိညာဥ်ခန္ဓာတွေကို ခြေရာခံနိုင်တဲ့ ကိရိယာတစ်ခုကို ငါတို့တီထွင်နိုင်ခဲ့တယ်။ စစ်တပ်က သုတေသနလုပ်ဖို့ ရပ်တန့်ခဲ့တဲ့ စူပါစစ်သည်တော် ပရောဂျက်ကို အသုံးပြုပြီး ဝိညာဥ်ခန္ဓာဖြစ်နေရင် နျူးကလီးယား ဓာတ်ရောင်ခြည်ကိုတောင် တောင့်ခံနိုင်စွမ်းရှိပြီး စူပါစစ်သည်တော် တစ်ယောက်အဖြစ် ပျိုးထောင်နိုင်မယ်ဆိုတာ ငါတို့ ရှာဖွေတွေ့ရှိခဲ့ကြတယ်။ ဝိညာဥ်ခန္ဓာက ပိုပြီး အားကောင်းလေလေ စူပါစစ်သည်တော်က ပိုပြီးသန်မာလေလေပဲ။ အဲ့တာကြောင့် သဘာဝလွန်အဖွဲ့အစည်းက အပြင်ဘက်မှာ ဝိညာဥ်ခန္ဓာတွေကို ရှာဖွေပြီး ဓာတ်ခွဲခန်းကို ပြန်ခေါ်လာပြီးတော့ ပျိုးထောင်ဖို့ ကြိုးစားနေခဲ့တာ။ ဒိတစ်ခေါက် ဝိညာဥ်ခန္ဓာ အားကောင်းလွန်းလို့ အဲ့ဒီကလေးကို ခေါ်သွားကြတာ။ သူသာ စူပါစစ်သားတစ်ယော်က ဖြစ်လာပြီး ချီစွမ်းအင် ကျင့်ကြံသူတစ်ယောက်နဲ့ ယှဥ်နိုင်တဲ့ S အဆင့် စစ်သည်တော်တစ်ယောက် ဖြစ်လာရင် ခက်ခဲမှာ မဟုတ်တော့ဘူး...။”

ချန်းအို မသိစိတ်ဖြင့် အားလုံးကို ထုတ်ပြောလိုက်ပါသည်။

သူကိုယ်တိုင် ကျင်းကောင်တီမြို့ကို လာခဲ့ရသည့် အကြောင်းအရင်းမှာလည်း ထိုကလေးကြောင့်ပဲ ဖြစ်ပါသည်။

တစ်ချိန်တည်းတွင် ကျင်းကောင်တီမြို့၏ တခြား တစ်ဖက်၌ ပဲစေ့စစ်သည်တော်မှတဆင့် ချန်းအိုပြောလိုက်သော စကားများကို ကြားသောအခါ ယဲ့ရှောင်ချန်း တုန်လှုပ်သွားခဲ့ရပါသည်။

သဘာဝလွန်အဖွဲ့အစည်းက ဝိညာဥ်ချီနဲ့ ဝိညာဥ်ခန္ဓာများကို ရှာဖွေနိုင်သည့် ကိရိယာတစ်ခုအား အလွန်လျင်မြန်စွာ တီထွင်နိုင်ခဲ့သည်။

စိုက်ပျိုးရေးပါရမီရှိသည့် လူများကို ယဲ့ရှောင်ချန်းက ပါရမီမျက်လုံးကြောင့် မြင်နိုင်ခြင်း ဖြစ်၏။

အခုတော့ ဒီကိရိယာက ပို၍ပင် ကောင်းနေသလိုပင်။ တခြား ပါရမီပါသည့် ဝိညာဥ်ခန္ဓာများကိုတောင် ရှာဖွေနိုင်ပါသည်။

All Chapters