← Chapters

လမ်းကြောင်း

Vol. 21 Ch. 302

လမ်းကြောင်း

Vol. 21 Ch. 302

ယဲ့ရှောင်ချန်းက ချန်းအိုနှင့် အခြားသူများကို လွှတ်ပေးလိုက်ပါသည်။

အမှန်ပင်။ သူက အခွင့်ကောင်းယူတတ်သည့် လူမျိုးမဟုတ်ပါ။ ချန်းအိုနှင့် တခြားသူများကို လျှို့ဝှက်နည်းလမ်းဖြင့် မှတ်ဉာဏ်များဖျောက်ပစ်လိုက်ပြီ ဖြစ်ပါသည်။

ယဲ့ရှောင်ချန်း၏ လက်ရှိ ကျင့်ကြံအဆင့်နှင့် အိပ်မက်နှစ်ခုမှ ရရှိလိုက်သော အသိပညာများဖြင့်ဆိုလျှင် ဒီလိုလုပ်ဖို့ မခက်ခဲတော့ပါ။

ယဲ့ရှောင်ချန်းက လုဖန်းလိုင်ကို ကောင်းကင်ဘုံလှိုဏ်ဂူထဲက စိုက်ပျိုးရေးခြံသို့ ပြန်ခေါ်လာခဲ့ပါသည်။

လျန်ယူကျူးနှင့် လုတုန်ချမ်းတို့ အခြေအနေကို သိလိုက်ရသောအခါ သူတို့ စိတ်ပူနေကြဆဲ ဖြစ်ပါသည်။ သူတို့သားသာ ပြန်ပေးဆွဲခံလိုက်ရလျှင် ပြန်ရဖို့ အလွန်ခက်ခဲနိုင်ပါသည်။

"ဟုတ်ပါပြီ။ ဒီလိုထပ်မဖြစ်တော့ပါဘူး။ မင်းတို့တွေလည်း နောက်ပိုင်း သိပ်ပြီးမထင်မရှား မဖြစ်စေဘဲ ကောင်းကင်ဘုံလှိုဏ်ဂူထဲက ဝင်နိုင်ထွက်နိုင်ပါပြီ။”

ယဲ့ရှောင်ချန်းက ပြောလိုက်ပါသည်။

ချန်းအို၏ မသိစိတ်ထဲ လျှို့ဝှက်နည်းလမ်း တစ်ခုထည့်ကာ ယဲ့ရှောင်ချန်းနှင့် တခြားသူများကို ဒုက္ခမပေးအောင် ပြုလုပ်ပြီးပြီ ဖြစ်ပါသည်။

ထို့အပြင် ယဲ့ရှောင်ချန်းက ထိုလျှို့ဝှက်နည်းလမ်းကို အသုံးပြုကာ ချန်းအိုကို တိတ်တဆိတ် ထိန်းချုပ်ရင်း သဘာဝလွန် အဖွဲ့အစည်းနှင့် ဓာတ်ခွဲခန်းက အသေးစိတ် အချက်အလက်များကို ရနိုင်ပါသည်။

ဒီလိုဆို အချိန်မရွေး အချက်အလက်များကို ရနိုင်၏။

'ကျင့်ကြံနည်းလမ်းတွေကို သုတေသနလုပ်ဖို့ လက်ရှိ နည်းပညာကို သုံးတာက အလုပ်ဖြစ်မယ်လို့ မထင်ခဲ့မိဘူး။ ဝိညာဥ်ရှာဖွေတဲ့ ကိရိယာတစ်ခုကို ဒီလောက်မြန်မြန် ဖန်တီးနိုင်ခဲ့ကြတယ်။ ကြည့်ရတာ နောက်ပိုင်းဆိုရင် ရလဒ်တွေ ပိုကောင်းလာနိုင်မယ်ထင်တယ်။”

ယဲ့ရှောင်ချန်းက တစ်ယောက်တည်း တွေးလိုက်ပါသည်။

ထို့အပြင် သူတို့ ဖန်တီးပျိုးထောင်မည့် စူပါ စစ်သားများကလည်း သာမန်ထက် ထူးကဲလိမ့်မည်။

အရင်တုန်းက မအောင်မြင်နှုန်းက အလွန်မြင့်မားသည်။ ထို့ကြောင့် စူပါစစ်သားများကို အမြောက်အများ မထုတ်လုပ်နိုင်ခဲ့ပေ။ ထို့ကြောင့်လည်း ဒီအစီအစဥ်ကို ရပ်ဆိုင်းထားခြင်း ဖြစ်၏။

သို့သော်လည်း ယခုတော့ ချန်းအို၏ ပူးပေါင်းမှုနှင့် တခြားကျင့်ကြံသူများကို စမ်းသပ်ခံအဖြစ် အသုံးချခဲ့ခြင်းကြောင့် သူတို့ ဝိညာဥ်ခန္ဓာကို ရှာဖွေနိုင်သည့် ကိရိယာတစ်ခုကို ဖန်တီးနိုင်ခဲ့ကြသည်။ ဝိညာဥ်များကသာ စူပါစစ်သားများကို ဖန်တီးနိုင်သည်ဟုပင် ကောက်ချက်ချခဲ့ကြ၏။

ဒီလိုနဲ့ ဝိညာဥ်ရှာဖွေစက်ကို အသုံးပြုရမည့် တစ်ခုတည်းသော အကြောင်းပြချက်က ဝိညာဥ်ခန္ဓာကို ရှာဖွေဖို့သာ ဖြစ်သည်။ ထို့နောက် သူတို့ စူပါစစ်သားများကို ဆက်တိုက် ထုတ်လုပ်နိုင်ကြလိမ့်မည်။

ကြည့်ရတာ နည်းပညာ စွမ်းအားကို ငါအထင်သေးလိုက်မိပြီထင်တယ်။ နောက်ပိုင်း ဘာတွေဆက်ဖြစ်လာမလဲဆိုတာ မသိဘူး။ သူတို့ ဝိညာဥ်ချီစွမ်းအင်ကို အစားထိုးနိုင်တဲ့ စွမ်းအင်တစ်ခုကို ဖန်တီးပြီး လူတွေကို ကျင့်ကြံနိုင်အောင် လုပ်ပေးမလားမသိဘူး။

ယဲ့ရှောင်ချန်း တစ်ယောက်တည်း စဥ်းစားလိုက်ပါသည်။

အမှန်ပင်။ လောလောဆယ်တော့ သူနဲ့ ဘာမှ မဆိုင်သေးပေ။

သူ့အဓိက အလုပ်က စိုက်ပျိုးရေးသာ ဖြစ်၏။

ခဏလောက်ကြာသောအခါ အတွေ့အကြုံအမှတ်များ လုံလုံလောက်လောက်ရရှိပြီး အဆင့် ၃ မှ အဆင့် ၄ သို့ တက်နိုင်ပါသည်။

ထိုအခါ အဆင့် ၄ အင်မော်တယ် မြေကွက်များကို ဝင်ယူပြီး အဆင့်ပိုမြင့်သည့် အင်မော်တယ်အပင်များကို စိုက်ပျိုးနိုင်လိမ့်မည်။

ထို့အပြင် သာမန် အဝါရောင်အတန်းအစား အင်မော်တယ်အပင်တစ်ပင်မှ အဆင့်မြင့်အပင် တစ်ပင်အဖြစ် ရောက်ရှိဖို့က မဖြစ်နိုင်တာမျိုး မဟုတ်ပေ။

ဒီလိုနှင့် နောက်တစ်လ ကုန်ဆုံးသွားခဲ့ပါသည်။

ဒီနေ့ ယဲ့ရှောင်ချန်း ရှန်းနုန်စနစ်အား အဆင့် ၄ မြှင့်တင်ဖို့ အတွေ့အကြုံအမှတ် လုံလုံလောက်လောက် ရရှိခဲ့ပါပြီ။

အလွန်လျင်မြန်စွာဖြင့် ၃ ရက်တာ ကုန်ဆုံးသွားခဲ့ပါသည်။

စနစ်အဆင့်မြှင့်တင်ခြင်း ပြီးဆုံးသွားကြောင်း ယဲ့ရှောင်ချန်း ကြားသောအခါ ရှန်းနုန်စနစ်ကို အမြန်ဖွင့်လိုက်ပါသည်။

ရုတ်တရက် ရှန်းနုန်စနစ်တွင် လုပ်ဆောင်ချက် အသစ်တစ်ခု တိုးလာကြောင်း မြင်လိုက်ရပါသည်။

အဆင့် ၁ တွင် အမျိုးအစား လေးမျိုးသာ ရှိခဲ့၏။ ကိုယ်ရေးအချက်အလက်၊ စိုက်ပျိုးရေးခြံ၊ မိတ်ဆွေများနှင့် စတိုးဆိုင် ဟူ၍ ဖြစ်သည်။

အဆင့် ၂ သို့ တက်သွားသောအခါ မစ်ရှင် ဟူသည့် အသစ်တစ်ခု တိုးလာခဲ့၏။

အဆင့် ၃ သို့ တက်သွားသောအခါ ကောင်းကင်ဘုံလှိုဏ်ဂူ လုပ်ဆောင်ချက် တစ်ခုတိုးလာခဲ့သည်။

အဆင့် ၄ သို့ တက်သွားသောအခါ ၇ ခုမြှောက် လုပ်ဆောင်ချက် ပေါ်လာလေ၏။ လမ်းကြောင်းဟု ခေါ်ပါသည်။

လမ်းကြောင်း ဟုတ်လား။

အဲ့တာ ဘာကြီးလဲဟ။

ယဲ့ရှောင်ချန်း ခပ်မြန်မြန်ပဲ လမ်းကြောင်း ၏အချက်အလက်များကို စစ်ဆေးကာ အံ့အားသင့်သွားခဲ့ရပါသည်။

အဘယ့်ကြောင့်ဆိုသော် အင်မော်တယ်လောကနှင့် ကောင်းကင်ဘုံတို့အကြား လမ်းကြောင်းတစ်ခု ရှိနေတာကို သိလိုက်ရသောကြောင့်ဖြစ်သည်။

ဆိုလိုရင်းက ယဲ့ရှောင်ချန်း ထိုလမ်းကြောင်းကို အသုံးပြုရင်း အင်မော်တယ်တို့၏ ကမ္ဘာထဲ ဝင်ရောက်နိုင်ပါလိမ့်မည်။

ယဲ့ရှောင်ချန်း၏ မျက်လုံးများ ကျွတ်ကျလောက်သည့်အထိ ပြူးကျယ်သွားသည်။

သို့သော်လည်း မကြာမီ အင်မော်တယ် မော်တယ် လမ်းကြောင်းကို ဝင်ဖို့ မလွယ်ကူမှန်း သူသိလိုက်ရ၏။ အင်မော်တယ်ယွမ်အများကြီး ကုန်ဆုံးသောကြောင့် ဖြစ်ပါသည်။

မော်တယ် တစ်ယောက်က အင်မော်တယ်လောကထဲကို ဘယ်လိုလုပ် ဝင်နိုင်မှာလဲ။

ယဲ့ရှောင်ချန်းက အင်မော်တယ်လောကမှ ဖြစ်နေရင်တောင် အင်မော်တယ်လောကမှ အင်မော်တယ်များအတွက် သူက မော်တယ်တစ်ယောက် ဖြစ်နေဆဲပင်။

မော်တယ်တစ်ယောက်သာ အင်မော်တယ်လောကထဲ ဝင်ရောက်နိုင်ပါက အင်မော်တယ်လောက၏ အမှုန့်ကြိတ် ချေမှုန်းခြင်းကို ခံရနိုင်ပါသည်။

သို့သော်လည်း ဒီ အင်မော်တယ် မော်တယ် လမ်းကြောင်းဖြင့်ဆို ခြားနားနိုင်သည်။ အင်မော်တယ်ယွမ်ကို အသုံးပြုပြီး အကာအကွယ်ယူနိုင်၏။ ထို့နောက် အင်မော်တယ်လောကတွင် ထိခိုက်မှု ရှိနိုင်မည် မဟုတ်ပါ။

အမှန်ပင်။ ထိုအင်မော်တယ်ယွမ်ဆိုတာ သေချာပေါက်ကို ကြီးမားသော ပမာဏမျိုးကို ကုန်ကျမှာ ဖြစ်လေသည်။

လမ်းကြောင်းထဲတွင် နေလိုက်သော စက္ကန့်တိုင်းက အနည်းဆုံး အင်မော်တယ်ယွမ် ၁၀၀ လောက် ကုန်ဆုံးလိမ့်မည်။

"ကြည့်ရတာ ရှန်းနုန် စနစ် အဆင့်ပိုမြင့်လာလေလေ အင်မော်တယ်ယွမ် ပိုကုန်လေလေ ထင်တယ်။"

ယဲ့ရှောင်ချန်း အလွန်စိတ်ပျက်သွားပါသည်။

ကောင်းကင်ဘုံလှိုဏ်ဂူထဲက အချိန်စီးနှုန်းကို ပြောင်းလဲတာပဲ ဖြစ်ဖြစ် အင်မော်တယ် မော်တယ် လမ်းကြောင်းမှ အင်မော်တယ်လောကထဲ ဝင်ဖို့ပဲဖြစ်ဖြစ် အင်မော်တယ်ယွမ် ပမာဏများစွာကို လိုအပ်သည်။

လက်ရှိ သူ့ရဲ့အင်မော်တယ်ယွမ်ပမာဏက များပြားနေသော်လည်း ကုန်ဆုံးမှာက များပြားလွန်းပါသည်။

"ဟုတ်ပြီ။ ငါအင်မော်တယ်လောကထဲသွားပြီး တစ်ချက်လောက် ကြည့်မှ ဖြစ်မယ်။”

ယဲ့ရှောင်ချန်းက သူ့အကောင့်ထဲက အင်မော်တယ်ယွမ် ၁ သန်းကို ကြည့်လိုက်ပြီး ခဏလောက်တော့ သုံးနိုင်လိမ့်မည်ဟု ခံစားလိုက်ရပါသည်။

ချက်ချင်းပဲ အင်မော်တယ်မော်တယ် လမ်းကြောင်းအစွမ်းကို သူသုံးစွဲလိုက်ပါသည်။ ရုတ်တရက် မမြင်နိုင်သည့် အလင်းတစ်ခုက လေဟာနယ်ကို ဖြတ်သန်းကာ ကောင်းကင်ဘုံလှိုဏ်ဂူထဲ ကျဆင်းလာခဲ့၏။

ထိုစွမ်းအား ပေါ်လာတာနဲ့ တစ်ပြိုင်တည်း ကောင်းကင်ဘုံလှိုဏ်ဂူထဲက လူတိုင်းကို ဖိအားများသော ခံစားချက်တစ်ခုကို ခံစားသွားစေ၏။

အားလုံးပြေးထွက်လာကြပြီး ယဲ့ရှောင်ချန်းအား အလင်းတိုင်ကြီးတစ်တိုင်က ဝန်းရံထားမှန်း မြင်လိုက်ကြရပါသည်။ သူ့ခန္ဓာကိုယ်က တဖြည်းဖြည်း မြင့်တက်လာပြီး တိမ်တွေထဲ တက်သွားတော့မည့် ပုံပင်။

လျန်ယူကျူးနှင့် တခြားသူများ ကြက်သေသေသွားကြရ၏။

"ဘုရားရေ ဘော့စ် အင်မော်တယ်လောကကို တက်လှမ်းတော့မှာလား။”

"အဲ့လိုမျိုး ခံစားနေရတယ်။ မင်းတို့ကောင်တွေလည်း ခံစားမိတယ်မဟုတ်လား။ အဲ့ဒီရောင်ဝါက ကြောက်ဖို့ ကောင်းလွန်းတယ်။ သေချာပေါက် အင်မော်တယ်လောကရဲ့ ရောင်ဝါမျိုးပဲ။။”

"ဘော့စ်က အင်မော်တယ်လောကထဲ ဝင်နိုင်ထွက်နိုင်လိမ့်မယ်လို့ မထင်ထားဘူး။”

ရုတ်တရက် ကောင်လေးတစ်ယောက် ပျံထွက်သွားသည်။ လျန်ယူကျူးနှင့် တခြားသူများလည်း သူ့ကို မတားမြစ်လိုက်နိုင်ပေ။

ထိုကောင်လေးက အလင်းတိုင်ထဲ ပြေးဝင်သွားပြီး သူလည်း တဖြည်းဖြည်း မြင့်တက်သွားလေသည်။

တစ်ချိန်တည်းမှာပင် အင်မော်တယ်ယွမ် ကုန်ဆုံးနှုန်း ၂ ဆတက်သွားသည်ကို ယဲ့ရှောင်ချန်း မြင်လိုက်ရ၏။

ယဲ့ရှောင်ချန်းအောက်သို့ ငုံ့ကြည့်လိုက်စဥ် လုဖန်းလိုင်ကို မြင်လိုက်ရသောအခါ သတိပင်လစ်ချင်သွားပါသည်။

မင်းဒီမှာဘာလုပ်နေတာလဲ။ ကောင်စုတ်လေး။ အင်မော်တယ်လောကထဲမှာ တစ်စက္ကန့်နေတိုင်း အင်မော်တယ်ယွမ် ၁၀၀ ကုန်တယ်ကွ။ လူတစ်ယောက်ပိုပါလာရင် နောက်ထပ် အင်မော်တယ်ယွမ် ၁၀၀ ဆိုတဲ့သဘောပဲ။ ငါ့ကို သတ်နေတာလား။

သို့သော်လည်း လုဖန်းလိုင်က တက်လာပြီ ဖြစ်ပြီး တားမြစ်လို့ မရတော့ပါ။

အဘယ့်ကြောင့်ဆိုသော် အင်မော်တယ် မော်တယ် လမ်းကြောင်းအား ဖွင့်ပြီးလျှင် အနည်းဆုံး နာရီဝက်ခန့် ခံသောကြောင့် ဖြစ်ပါသည်။

တစ်နည်းအားဖြင့် အင်မော်တယ်ယွမ် ၁၀၀,၀၀၀ ကျော် ကုန်ကျပါလိမ့်မည်။

ဒီတစ်ခေါက် လူနှစ်ယောက်ရှိသဖြင့် အင်မော်တယ်ယွမ် ၃၀၀,၀၀၀ ကျော် ကုန်ကျနိုင်ပါသည်။

မကြာမီ ယဲ့ရှောင်ချန်းနှင့် လုဖန်းလိုင်တို့ နှစ်ယောက်စလုံး ခပ်မြင့်မြင့်သို့ တက်သွားခဲ့ကြပြီး ကောင်းကင်ဘုံလှိုဏ်ဂူထဲမှ လုံးဝ ပျောက်ကွယ်ကာ ထူးဆန်းသည့် လောကတစ်ခုထဲ ဝင်ရောက်လာခဲ့ကြပါသည်။

အင်မော်တယ်လောက။

အဆုံးမဲ့ ပင်လယ်ပြင်၏ အထက်တွင်။

ရုတ်တရက် ရေဝဲကြီးတစ်ခု ပေါ်လာပြီး လူရိပ်နှစ်ခုက ပျံထွက်လာခဲ့၏။

ယဲ့ရှောင်ချန်းနှင့် လုဖန်းလိုင်တို့ ဖြစ်နေပါသည်။

သူတို့နှစ်ယောက် လေထဲတွင် ရပ်တန့်နေကြ၏။

ယဲ့ရှောင်ချန်း ခပ်ပါးပါး အသက်ရှူကြည့်လိုက်သောအခါ ချက်ချင်းပဲ အလွန်အမင်း ပေါကြွယ်ဝသော အင်မော်တယ် စွမ်းအင်များကို ခံစားမိလိုက်ပါသည်။

အနည်းဆုံး ကောင်းကင်ဘုံလှိုဏ်ဂူထက် အဆ ၁,၀၀၀ လောက် ပိုကြွယ်ဝသည်။

ပိုအရေးကြီးတာက ဒီက အင်မော်တယ် စွမ်းအင်များမှာ ပိုသန့်စင်နေခြင်းပင်။

အသက်ကို ခပ်ပါးပါး ရှူလိုက်ရုံနဲ့ ယဲ့ရှောင်ချန်း ပြည့်အင့်သွားသည့် ခံစားချက်မျိုး ရလိုက်ပါသည်။

ထိုအချိန်တွင် လုဖန်းလိုင်၏ ခန္ဓာကိုယ်ထဲ ပေါက်ထွက်မှုတစ်ခုဖြစ်သွားပြီး အရိပ်တစ်ခုက ဖြည်းဖြည်းချင်း ပွင့်ဖူးကာ တဖြည်းဖြည်း ပေါ်လာခဲ့သည်။ ဒါက အပင်တစ်ခု၏ အရိပ်ဖြစ်ပါသည်။

ဒါက အင်မော်တယ်အပင်ကျင့်စဥ် ကျင့်ကြံမှု၏ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကို ကျော်လွန်ပြီး ချီသန့်စင်ခြင်းအဆင့်ကို ရောက်သွားသည့် လက္ခဏာပဲဖြစ်ပါသည်။

ယဲ့ရှောင်ချန်း ကြောင်သွားသည်။ သူက အခုလေးတင်ပဲ အင်မော်တယ်လောကထဲ ဝင်လာတာကို ဒီလောက် မြန်မြန် အဆင့်တက်သွားခဲ့တာလား။

ခဏလောက်ကြာသောအခါ လုဖန်းလိုင်က အံ့အားသင့်စွာ ပြောလိုက်ပါသည်။ "ဆရာရေ ကျွန်တော် ချီသန့်စင်ခြင်းအဆင့်ကို ရောက်သွားပြီထင်တယ်။”

"ခွေးကောင်လေး။ အဲ့လို ခပ်မြန်မြန် အဆင့်တက်ဖို့ အင်မော်တယ်ယွမ် ၁၀၀,၀၀၀ လောက် ကုန်သွားတာ မသိဘူးမလား။”

ယဲ့ရှောင်ချန်းက လုဖန်းလိုင်ကို စိုက်ကြည့်လိုက်သည်။

ဒီလောက်များပြားသည့် အင်မော်တယ်ယွမ်မျိုးနဲ့ဆို ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူ ဆယ်နဲ့ချီပြီး ဖန်တီးနိုင်ပါသည်။

ထားလိုက်ပါတော့။ သူက ကလေးလေးပဲလေ။

ခပ်လှမ်းလှမ်းသို့ လှမ်းကြည့်လိုက်သောအခါ ချက်ချင်းပဲ ဧရာမကျွန်းကြီးတစ်ကျွန်းကို မြင်လိုက်သည်။ လုဖန်းလိုင်နှင့်အတူ ချက်ချင်း ပျံသန်းသွားခဲ့၏။

သူ မြန်မြန်လုပ်မှ ဖြစ်မည်။

သူ့မှာ နာရီဝက်သာ အချိန်ရသည်။

သူတို့ နည်းနည်းလောက် ကြာကြာ ထပ်နေနိုင်သော်လည်း သူ မနေချင်ပါ။

အင်မော်တယ်ယွမ် အများကြီး ကုန်ကျပါလိမ့်မည်။

မကြာမီ နှစ်ယောက်သား ကျွန်းပေါ်တွင် အခြေ ချလိုက်ကြ၏။

ရုတ်တရက် မြေကြီးပေါ်က မြေသားကို သူမြင်လိုက်သည်။ သူ့မျက်လုံးများ နီရဲသွား၏။ လခွမ်း ဒါ အင်မော်တယ်မြေသားပဲ။ အဆင့် ၁ အင်မော်တယ် မြေသားလို့ ထင်ရပေမယ့် အင်မော်တယ် မြေသားကတော့ မှန်တယ်။

ပြီးတော့ ဒီအပင်တွေ အကုန်လုံး... အင်မော်တယ်အပင်တွေချည်းပဲ။

ယဲ့ရှောင်ချန်း ထိုအပင်အားလုံးကို သေမျိုးလောကသို့ ပြန်သယ်ဖို့ မစောင့်နိုင်တော့ပါ။

ထို့အပြင် ပင်လယ်ရေက... လခွမ်း ဒါလည်း အင်မော်တယ် ဝိညာဥ် ပင်လယ်ရေပဲ။"

All Chapters