← Chapters

အင်မော်တယ်ကမ္ဘာလောက

Vol. 21 Ch. 303

အင်မော်တယ်ကမ္ဘာလောက

Vol. 21 Ch. 303

အင်မော်တယ်လောကထဲက အရာအားလုံးက အင်မော်တယ်များအတွက် တန်ဖိုးမဲ့သော်လည်း သေမျိုးလောကအတွက်တော့ ရတနာများ ဖြစ်ကြသည်။

ကံမကောင်းစွာဖြင့် ယဲ့ရှောင်ချန်း ပြန်သယ်သွားလို့ မရပါ။

သူ့မှာ သိုလှောင်နေရာကွက် မရှိသောကြောင့် ဖြစ်သည်။

"ငါသိုလှောင်နေရာကွက်တစ်ခုလောက် ဝယ်ခဲ့ရမှာ။”

ယဲ့ရှောင်ချန်း အနည်းငယ် နောင်တရသွားရသည်။

ရုတ်တရက်ဆိုသလို သူနှလုံးခုန်သံ ရပ်တန့်သွား၏။

သြော် ဟုတ်သားပဲ။ ရှန်းနုန်စနစ်မှာ သိုလှောင် နေရာကွက်တစ်ခု ရှိတာပဲ။ အဲ့တာက အလုပ်ဖြစ်မလားမသိဘူး။

ထို့အပြင် သိုလှောင်နေရာကွက်က အလွန်ထူးခြားပါသည်။ သယ်ဆောင်မည့်ပစ္စည်းက အမျိုးအစားတူလျှင် အဆုံးမရှိ သယ်ယူနိုင်သည်။

ထိုသို့ စဥ်းစားပြီး ယဲ့ရှောင်ချန်းက ပင်လယ်ထဲ ပျံသန်းသွားကာ ရှန်းနုန်စနစ်၏ သိုလှောင် နေရာကွက်ကို ဖွင့်လိုက်ပါသည်။ ရုတ်တရက် အင်မော်တယ်ဝိညာဥ်ရေ ပမာဏ များစွာ ဝင်လာသည်။

သိုလှောင်နေရာကွက်ထဲက ရေပမာဏများ သတိပေးရသည့် အဆင့်အထိ မြင့်တက်လာသည်ကို မြင်သောအခါ ယဲ့ရှောင်ချန်း ပြုံးလိုက်ပါသည်။

အမြဲတမ်းလိုလို အင်မော်တယ် စမ်းရေ၏ ထူးခြားသော သဘာဝကြောင့် အင်မော်တယ် ဝိညာဥ်ချီက အငွေ့ပျံလွယ်သည်။ ရေဂုဏ်သတ္တိရှိသော အင်မော်တယ်အပင်များကို မစိုက်ပျိုးနိုင်ခဲ့ပါ။

ယခု သူ့မှာ ဒီအင်မော်တယ် ဝိညာဥ်ရေ ရှိနေပြီ ဖြစ်သောကြောင့် ထိုပြဿနာကို ဖြေရှင်းနိုင်လောက်ပါသည်။

ဒီလိုနဲ့ ယဲ့ရှောင်ချန်း ပင်လယ်ထဲတွင် တစ်နာရီနီးပါးလောက် စိမ်နေခဲ့သည်။

လုဖန်းလိုင်က ပင်လယ်ကြီး၏ ဘေးတွင် ထိုင်ကာ အင်မော်တယ်ဝိညာဥ်ချီများကို ကျင့်ကြံဖို့ စုပ်ယူနေသည်။ သူ့ကျင့်ကြံခြင်း အခြေက ကြောက်ဖို့ကောင်းသောနှုန်းဖြင့် တိုးတက်နေခဲ့ပါသည်။

ယဲ့ရှောင်ချန်းက ရည်ရွယ်ချက်ရှိရှိ မကျင့်ကြံရင်တောင် သူ့ကျင့်ကြံခြင်း အခြေက တိုးမြင့်နေဆဲ ဖြစ်ပါသည်။

နောက်ဆုံးမှာတော့ ရှန်းနုန်ကျင့်စဥ်ကို တိုးတိတ်စွာသုံးပြီး ကျင့်ကြံလိုက်ပါတော့သည်။

ဒီလိုနဲ့ တစ်နာရီ ကျော်လွန်သွားခဲ့သည်။ အင်မော်တယ်ယွမ် ၃၀၀,၀၀၀ ကျော်ကုန်နေပြီ ဖြစ်ကြောင်း ယဲရှောင်ချန်း မြင်လိုက်ရ၏။

သူ့ရင်ဘက်ထဲ အောင့်သွားခဲ့ပါသည်။

သို့သော်လည်း ရေအများကြီးကို မြင်သောအခါ တစ်ယောက်တည်း တွေးလိုက်မိပြန်သည်။ 'ငါဖြည့်လိုက်ပါဦးမယ်...'။ ဒီလိုနဲ့ မိနစ်အနည်းငယ် ကုန်ဆုံးသွားခဲ့ပြန်သည်။

မဟုတ်ဘူး။ ငါ ဒီမှာ ဆက်နေလို့ မဖြစ်တော့ဘူး။

အင်မော်တယ်ယွမ် ကုန်ဆုံးမှုက များလွန်းနေတယ်။

သူတစ်ယောက်တည်းသာဆို နည်းနည်းလောက် ထပ်နေလည်း ကိစ္စရှိမည်မဟုတ်ပေ။ သို့သော်ယခု လုဖန်းလိုင်ပါ ပါလာသဖြင့် အရှုံးများလွန်းပါသည်။

ချက်ချင်းပဲ ယဲ့ရှောင်ချန်း အံကြိတ်ကာ အင်မော်တယ်ယွမ် ထောက်ပံ့မှုကို ဖြတ်တောာက်လိုက်သည်။ ရုတ်တရက် စုပ်ယူသော စွမ်းအားတစ်ခုက သူတို့နှစ်ယောက်ကို လွှမ်းခြုံသွားခဲ့၏။

ထို့နောက် သူတို့နှစ်ယောက် အချိန်နှင့် အာကာသ လမ်းကြောင်းကြီးတစ်ခုထဲသို့ စုပ်ယူခံလိုက်ရပါသည်။

တစ်ချိန်တည်းတွင် သေမျိုးလောကမှ ကောင်းကင်ဘုံလှိုဏ်ဂူထဲက စိုက်ပျိုးရေးခြံတွင် လျန်ယူကျူးနှင့် တခြားသူများ စောင့်ဆိုင်းနေကြသည်။

နာရီဝက်လောက် စောင့်ပြီးသွားသောအခါ လူရိပ်နှစ်ခု လမ်းကြောင်းမှ ဆင်းသက်လာသည်ကို မြင်လိုက်ရသည်။ သူတို့မြေပေါ်သို့ ရောက်သောအခါ အလင်းတိုင်ကြီးက ပျောက်ကွယ်သွားခဲ့ပါသည်။

ရုတ်တရက် လျန်ယူကျူးနှင့် တခြားသူများ လုဖန်းလိုင်၏ အရှိန်အဝါကို အာရုခံမိကာ ကြက်သေသေသွားကြသည်၊။

အဘယ့်ကြောင့်ဆိုသော် ထိုကောင်လေး၏ ခန္ဓာကိုယ်က အရှိန်အဝါက သူတို့ထက် မနိမ့်ကျသောကြောင့် ဖြစ်ပါသည်။

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ လွန်ခဲ့တဲ့ နာရီဝက်လောက်ကမှ ဒီကောင်လေးက သေချာပေါက် အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့်မှာပဲ ရှိသေးတာပါ။

ဘယ်လိုဖြစ်လို့ ရုတ်တရက်ကြီး ချီသန့်စင်ခြင်းအဆင့်ကို ရောက်ပြီး ချီသန့်စင်ခြင်း အထက်အဆင့်ကိုတောင် ရောက်နေရတာလဲ။”

ထိုအချိန်တွင် လုဖန်းလိုင်က မှုန်ကုပ်စွာ ပြောလိုက်ပါသည်။ "ဆရာ ဘာလို့ နည်းနည်းလောက် ထပ်မနေတာလဲ။ ကျွန်တော် ချီသန့်စင်ခြင်း အထွတ်အထိပ်အဆင့်ကို ရောက်တော့မှာ။ နည်းနည်းလေးပဲ လိုတော့တာကို။”

"နည်းနည်းလေးဟုတ်လား။ မင်းရဲ့ ကျင့်ကြံခြင်း အဆင့်ကို နည်းနည်းလေး မြှင့်တင်ပေးဖို့အတွက်နဲ့ မင်းဆရာ အင်မော်တယ်ယွမ် ဘယ်လောက်တောင် သုံးလိုက်ရလဲ မင်း မသိဘူးလား။ အဲ့လောက် အင်မော်တယ်ယွမ်တွေ များနေရင် မင်းကို ရွှေဗဟိုအဆင့်ရောက်အောင် တင်ပေးလို့ ရတယ်။”

ယဲ့ရှောင်ချန်းက လုဖန်းလိုင်ကို မျက်စောင်းထိုးလိုက်ပါသည်။

ဒီကောင်လေးက တကယ် လူလည်ကျတတ်ပါသည်။ သူ့ဆရာကိုသူ လှည့်စားဖို့ပင် တတ်မြောက်ခဲ့သည်။

လျန်ယူကျူးနှင့် တခြားသူများ အခြေအနေကို နားလည်သောအခါ သူတို့အားလုံး မနာလို ဖြစ်သွားခဲ့ကြပါသည်။

အင်မော်တယ်လောက။

ဘော့စ်နဲ့ ကောင်လေးက တကယ်ကြီး အင်မော်တယ်လောကကို ခရီးသွားခဲ့ကြတာပဲ။ စိတ်လှုပ်ရှားဖို့ ကောင်းလိုက်တာ။

သို့သော်လည်း လောလောဆယ် သူတို့အတွက် မဖြစ်နိုင်သေးတာကိုတော့ သိပါသည်။

ထိုသို့ သွားပြီး နာရီဝက်လောက်နေလျှင် အင်မော်တယ်ယွမ် ၁၀၀,၀၀၀ ကျော် ကုန်ကျသည်။

အံ့သြဖို့ ကောင်းလွန်းပါသည်။

သူတို့ ဘော့စ်အတွက်တောင် စိတ်မကောင်း ဖြစ်သွားကြ၏။

"ဖန်းလိုင် နောက်ကို ပြဿနာမရှာနဲ့ကြားလား။ မဟုတ်ရင် မင်းဖင်ကို ရိုက်မယ်။”

လုတုန်ချမ်းက သူ့သားကို စတင်ဆုံးမသည်။

"လုတုန်ချမ်း အရင်တုန်းက ခင်ဗျားကို မတိုက်ခိုက်နိုင်လို့ ဖင်ရိုက်တာကိုပဲ ခံခဲ့ရတယ်။ အခု ကျွန်တော့်ရဲ့ ပြိုင်ဘက် လုပ်နိုင်သေးလား။”

လုဖန်းလိုင်က နှုတ်ခေါင်းကို ပွတ်လိုက်ကာ အထင်သေးစွာဖြင့် ပြောလိုက်ပါသည်။

"သြော် မင်းက အတောင်စုံနေပြီပေါ့လေ။ ငါ့ကို နာမည်တောင် တပ်ခေါ်နေပြီပေါ့။ ဒီနေ့ မင်းဖင်ကို ယောင်ကိုင်းတဲ့အထိ ရိုက်ပစ်မယ်။”

လုတုန်ချမ်း မျက်နှာအများကြီး ပျက်ရကာ ချက်ချင်းပဲ ငှက်မွှေး တံမြက်စည်းတစ်ချောင်း ထုတ်ကာ လုဖန်းလိုင်အနောက် ပြေးလိုက်လေသည်။

သို့သော်လည်း လုဖန်းလိုင်က ကျင့်ကြံမှုက သူ့အောက် မနိမ့်ကျပါ။ အင်မော်တယ်လောကထဲသို့ပင် ဝင်ဖူးပြီး ကြွယ်ဝသည့် အင်မော်တယ် ဝိညာဥ်ချီများ၏ ထောက်ပံ့မှုကို ရခဲ့သည်။ သူ့ခန္ဓာကိုယ်တွင် မမြင်နိုင်သော ပြောင်းလဲမှု တစ်ခု ဖြစ်ပေါ်ခဲ့ပါသည်။

ထို့အပြင် လုဖန်းလိုင်တွင် ကမ္ဘာမြေအဆင့် ပါရမီရှိသည်။

ထို့ကြောင့် ကျင်ကြံခြင်း အဆင့်တူရင်တောင် လုဖန်းလိုင်က သူ့ထက်ပိုသန်မာပါသည်။

အမှန်ပင်။ လုဖန်းလိုင်က သူ့အဖေကို နာမည်တပ်ခေါ်ရဲသော်လည်း သူ့အဖေကိုတော့ မတိုက်ခိုက်ရဲပါ။ ကောင်းကင်ဘုံလှိုဏ်ဂူထဲတွင် ချက်ချင်း ပတ်ပြေးလေတော့သည်။

သားအဖနှစ်ယောက်သား တစ်ယောက်က ပြေးရင်း နောက်တစ်ယောက်က လိုက်နေ၏။

အချိန်အတော်ကြာသောအခါ လုတုန်ချမ်းက မောဟိုက်စွာ အသက်ရှူနေရပြီး သူ့မှော်စွမ်းအားကလည်း ကုန်ဆုံးသွားသလိုလို ရှိနေပါပြီ။

တစ်ဖက်တွင်တော့ လုဖန်းလိုင်က လုံးဝ အဆင်ပြေနေ၏။ လုတုန်ချမ်းကို မကြာခဏ ပြောင်ပြသည်။ လုတုန်ချမ်း ဒေါသထွက်လွန်းသဖြင့် အိုးတစ်လုံး၏ အောက်ခြေလို မျက်နှာ နီရဲလာခဲ့ပါသည်။

"ဟားဟား လုတုန်ချမ်း ကြည့်ရတာ မင်းရဲ့ သားကို နောက်ဆိုဆုံးမလို့ မရတော့ဘူး ထင်တယ်။”

ထုပိုင်ယွမ်က သူ့ရဲ့ ကံမကောင်းမှုကို သရော်လိုက်ပါသည်။

"ထုပိုင်ယွမ် မင်းရဲ့ သမီးကို မွေးရင်လည်း ဒီလို မဖြစ်အောင် ဂရုစိုက်ပေါ့ကွာ။"

လုတုန်ချမ်းက အေးစက်စွာ ပြန်ချေပလိုက်ပါသည်။

"အဲ့တာတော့ မင်းစိတ်ပူဖို့မလိုပါဘူး။ င့ါသမီးမွေးပြီးရင် သူက အရမ်းစကားနားထောင်တဲ့သူ ဖြစ်မှာကွ။”

ထုပိုင်ယွမ်က ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်ပါသည်။

ထုယွဲ့ချွီလည်း ကိုယ်ဝန်ဆောင်ထားရပါသည်။ ကောင်းကင်ဘုံလှိုဏ်ဂူထဲက အချိန်စီးဆင်းနှုန်းက ၈ ဆ ပိုမြန်သဖြင့် သူမရဲ့ ကိုယ်ဝန်က လအတော်ရင့်နေပါပြီ။

ယဲ့ရှောင်ချန်းက သူတို့ရန်ပွဲကို ရှင်းပေးဖို့ မအားပါ။ ယခု သိုလှောင်နေရာကွက်ထဲက အင်မော်တယ် ဝိညာဥ် ပင်လယ်ရေများကို ဘယ်လိုရှင်းရမလဲ စဥ်းစားနေသည်။

နောက်ဆုံးမှာတော့ ကောင်းကင်ဘုံလှိုဏ်ဂူထဲတွင် ရေကန်ကြီးကြီး တစ်ကန် တူးဖော်ဖို့ ဆုံးဖြတ်လိုက်ပါသည်။

ဘာပဲဖြစ်ဖြစ် ကောင်းကင်ဘုံလှိုဏ်ဂူကြီးကလည်း မသေးငယ်လှပါ။

အင်မော်တယ်လယ်ကွက် မရှိသည့် မြေများစွာ ရှိနေပါသေးသည်။

အမှန်ပင်။ ယဲ့ရှောင်ချန်း ကိုယ်တိုင် ရေကန်တူးဖို့ မလိုအပ်ပါ။ သူ့လက်အောက်မှာ ပဲစေ့ စစ်သည်တော်များစွာ ရှိနေပါသည်။

ပဲစေ့စစ်သည်တော်များ၏ အစွမ်းနဲ့သာဆို အရွယ်အစားအားဖြင့် ဧကဝက် ကျယ်ပြီး အနက်အားဖြင့် ၄ - ၅ မီတာလောက် နက်သော ရေကန်တစ်ခုကို တူးဖော်ဖို့ တစ်နာရီပင် မကြာလိုက်ပေ။

ရေကန်၏ အောက်ခြေတစ်ခုလုံးအား တင်းကြပ်စွာ ဖိနှိပ်ထားသည်။ ဒါမှ ရေများ စိမ့်မထွက်ဘဲ နည်းပါး မသွားမည် ဖြစ်သည်။

ချက်ချင်းပဲ ယဲ့ရှောင်ချန်းက သိုလှောင်နေရာကွက်ကို ဖွင့်လိုက်သည်။ ရုတ်တရက် ရေစီးကြောင်း တစ်ခု ပေါ်လာပြီး ရေကန်ထဲသို့ စီးဆင်းသွားလေသည်။

လျန်ယူကျူးနှင့် တခြားသူများလည်း ရောက်လာကြလေပြီ။ ယဲ့ရှောင်ချန်း ယူဆောင်လာသည့် ရေများကို မြင်သောအခါ သူတို့ အလွန်စိတ်ဝင်စားသွားကြ၏။

နာရီဝက်လောက်ကြာသောအခါ ရေကန်တစ်ကန်လုံး ပြည့်လုနီးပါးဖြစ်သွားပါပြီ။

သိုလှောင်နေရာကွက်ထဲတွင် ရေတစ်ဝက်လောက် ကျန်နေသေး၏။

"ဝိုး ကြွယ်ဝလိုက်တဲ့ အင်မော်တယ် ဝိညာဥ်ချီပါလား။”

လျန်ယူကျူးနှင့် တခြားသူများအားလုံး ပင်လယ်ရေထဲက အင်မော်တယ် ဝိညာဥ်ချီကို ခံစားလိုက်ရကာ မျက်လုံးများ ဝိုင်းစက်သွားခဲ့ပါသည်။

ဒီအင်မော်တယ် ဝိညာဥ်ချီက ဒြပ်စင်ငါးမျိုး အင်မော်တယ် ပုလဲလုံးနှင့် ခြားနား၏။ ဒီအင်မော်တယ် ဝိညာဥ်ချီက ပိုသန့်စင်ပြီး အဆင့်ပိုမြင့်ပါသည်။

တချို့က မနေနိုင်ဘဲ ပင်လယ်ရေများကို ပါးစပ်အပြည့် သောက်လိုက်ကြသည်။ သို့သော် ငန်လွန်းသဖြင့် အကုန်ထွေးထုတ်လိုက်ကြ၏။

ရေကန်ထဲတွင် ဘယ်လိုအင်မော်တယ်အပင်မျိုး စိုက်ရမလဲဟု စတင်စဥ်းစားလိုက်သည်။

စတိုးဆိုင်ကို ဖွင့်လိုက်ပြီး ရှာကြည့်လိုက်ပါသည်။

ရေခဲရနံ့အရိုးကြာပန်း မျိုးစေ့။

ဆန်းကြယ်အဆင့် ၉။

ဒီအင်မောာ်တယ် အပင်က အလွန်ထူးခြားသည်။ ၎င်း၏ ကြာမြစ်များက လူသားအရိုးများနှင့် ဆင်တူညီပြီး ကျောက်စိမ်းလို ဖြူဖွေး၏။ ရုပ်သေးလောကတွင် ဒီရေခဲရနံ့ကြာပန်း၏ အမြစ်ကို ရုပ်သေးများ၏ အရိုးအဖြစ် အသုံးပြုပြီး အင်မော်တယ် ရုပ်သေးများ ဖန်တီးကြသည့် လူတချို့တောင် ရှိပါသေးသည်။

ထိုသို့ စဥ်းစားပြီး ယဲ့ရှောင်ချန်း ထိုအင်မော်တယ်အပင်မျိုးစေ့ကို ရွေးချယ်လိုက်ပါသည်။

သူ့ကိုယ်ပိုင်အစွမ်းကို အသုံးပြုပြီး မျိုးစေ့အား အားတိုးပေးလိုက်၏။ ထို့နောက် ရေကန်ထဲတွင် ကြဲပေးလိုက်ပါသည်။

"ရေကန်ထဲမှာ အင်မော်တယ်အပင်တွေ ရှိတယ်ဆိုတော့ ငါးမွေးတာ အကောင်းဆုံးပဲ။”

ယဲ့ရှောင်ချန်း တစ်ယောက်တည်း တွေးလိုက်ပါသည်။

ကံမကောင်းစွာဖြင့် စတိုးဆိုင်ထဲမှာ ဝယ်ဖို့ ငါး မရှိပါ။

သာမန် ပင်လယ်ငါးများကလည်း အင်မော်တယ် ပင်လယ်ရေထဲမှာ မရှင်သန်နိုင်လောက်ပေ။

ရွေးချယ်စရာ မရှိပါ။ စိုက်ပျိုးရေးနှင့် မွေးမြူရေးတို့အကြား ကွာခြားချက်က ကြီးမား၏။ သူ့ရှန်းနုန်ပါရမီက စိုက်ပျိုးရေးအတွက်သာ အဓိကဖြစ်ပါသည်။

All Chapters