မိစ္ဆာအပင်
Vol. 21 Ch. 304
၂၀၁၆ ခုနှစ်က သာမန်ထက် ထူးကဲသော နှစ်တစ်နှစ်ဖြစ်ခဲ့ပါသည်။
စူပါစပါးများက မျိုးကွဲစပါးများအား တရားဝင် အစားထိုးကာ တောင်ပိုင်းဒေသတွင် စိုက်ပျိုးမှု အများဆုံး ဖြစ်လာခဲ့သည်။
ထိုနှစ်က ဒေထဲက စပါးအထွက်နှုန်းမှာ ၃ ဆကျော် တိုးတက်ခဲ့ပါသည်။
တခြားစူပါကောက်ပဲသီးနှံများလည်း တောင်ပိုင်းဒေသတွင် ပွင့်ဖူးနေကြပြီဖြစ်သည်။
တခြား ပြည်နယ်များကလည်း ပူပေါင်းဖို့ အခွင့်အလမ်းများ စရှာလာကြပြီဖြစ်ပြီး စူပါ အပင်များကို တောင်ပိုင်းဒေသမှတစ်ဆင့် နိုင်ငံတော်တစ်ခုလုံးထံသို့ ပျံ့နှံ့သွားစေခဲ့ပါသည်။
၂၀၁၇ ခုနှစ်တွင် စူပါစပါးမျိုးက နိုင်ငံတော်ထဲတွင် စိုက်ပျိုးသည့် စပါး ၈၀ ရာခိုင်နှုန်းကို နေရာယူသွားခဲ့ပါပြီ။
ထိုနှစ်မှာပဲ စူပါစပါးမျိုးက နိုင်ငံတော်ထဲမှ တရားဝင် ထွက်လာခဲ့ပြီး ၎င်း၏ မှင်သက်စရာ ကောင်းမွန်မှုကို အာဖရိကတွင် သွားရောက်ပြသကာ အာဖရိကမှ အစာရေစာ ပြတ်လပ်မှု ပြဿနာကို ဖြေရှင်း ပေးနိုင်ခဲ့သည်။
စူပါစပါးမျိုး၏ မူဝါဒအကူအညီဖြင့် အာဖရိနိုင်ငံအပေါ် တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုကလည်း အလွန်တိုးမြင့်သွားခဲ့ပါသည်။
နောက် ၂ နှစ်တာအတွင်း စူပါစပါးမျိုးက ဦးဆောင်သည့် စူပါ အပင်များကို ကမ္ဘာတစ်ဝှမ််းလုံးတွင် ရောင်းချနိုင်ခဲ့ပြီး တရုတ်နိုင်ငံအား နိုင်ငံခြား ဝင်ငွေ မြောက်မြားစွာ ရရှိစေခဲ့ပါသည်။
ပြောစရာမလိုအောင် ရှန်းနုန် စီးပွားရေး မဟာမိတ်များက ယန်မြို့တော် အပင်အသိစိတ် သုတေသနအဖွဲ့အစည်းကို ဗဟိုအဖြစ် တည်ကာ ဧရာမ စီးပွားရေး အကျိုးအမြတ်များစွာကို ရိတ်သိမ်းနိုင်ခဲ့ကြပါသည်။
ရှန်းနုန်စီးပွားရေး မဟာမိတ်ဆိုသည်မှာ မော်တယ် လောကထြမှ ရှန်းနုန်အုပ်စု ဦးဆောင်သော စီးပွားရေး မဟာမိတ်တစ်ခုဖြစ်ပြီး တခြား သက်ဆိုင်ရာ အုပ်စု ၈ ခုနှင့် ကုမ္ပဏီကြီးများစွာက ထောက်ပံ့ပေးထားပါသည်။
ယခုတော့ နိုင်ငံတော်ထဲတွင် ဘယ်သူ့အောက်မှ မကျသည့် စူပါ စီးပွားရေး မဟာမိတ်ကြီး ဖြစ်လာခဲ့ပါပြီ။ ကမ္ဘာတစ်ဝှမ်းလုံးမှာတောင် လွှမ်းမိုးနိုင်စွမ်း ရှိခဲ့ပါသည်။
ယဲ့ရှောင်ချန်းက သုတေသနရလဒ်များစွာမှ တစ်ဆင့် ကြီးမားသော အောင်မြင်မှုကို ရရှိနိုင်ခဲ့ပြီး သူ့အာဏာကလည်း ကြီးမားပါသည်။
လွန်ခဲ့သည့် ၂ နှစ်အတွင်း သူက တရုတ်သိပ္ပံကျောင်းတော်နှင့် တရုတ်အင်ဂျင်နီယာ ကျောင်းတော်တို့၏ ပညာရှင်တစ်ဦးဖြစ်လာခဲ့ပါသည်။ နိုင်ငံတော်ထဲက ရှားပါးသော နှစ်ထပ်ကွမ်းပညာရှင် တစ်ယောက်ဖြစ်လာခဲ့သည်။
ယန်မြို့တော် အပင်အသိစိတ် သုတေသနအဖွဲ့အစည်းတွင်။
လွန်ခဲ့သော ၃ နှစ်တုန်းကအချိန်နဲ့ ယှဥ်ကြည့်လျှင် ယဲ့ရှောင်ချန်းတစ်ယောက် တုန်လှုပ်ဖို့ကောင်းလောက်အောင် ပြောင်းလဲသွားခဲ့ပါသည်။
သူ့အရှိန်အဝါက ကျောက်စိမ်းလို ချောမွေ့သည်။ သူမျက်လုံးများကလည်း ဉာဏ်ပညာများနှင့် ပြည့်ဝနေခဲ့၏။
လွန်ခဲ့သော ၃ နှစ်တာစလုံးတွင် သူအိပ်မက်တချို့ ထပ်မက်ခဲ့ပြီး သူ့ ရှန်းနုန် အသိပညာများက ကြောက်ဖို့ကောင်းလောက်အောင် ကြွယ်ဝလာခဲ့ပါသည်။
သို့သော်လည်း သူပိုပိုပြီး စိတ်ရှုပ်လာခဲ့ရသည်။
အဘယ့်ကြောင့်ဆိုသော် အိပ်မက်ထဲတွင် သူမြင်ခဲ့သည့် အရာများက ပိုပိုပြီး ရှုပ်ထွေး လာသောကြောင့် ဖြစ်ပါသည်။
ဘာအဓိပ္ပာယ်လဲ သူ မသိပါ။
ထို့အပြင် သူ့ကျင့်ကြံအဆင့်က အောင်မြင်စွာဖြင့် ရွှေဗဟိုအဆင့်ကို ရောက်ရှိသွားပြီး ကောင်းကင်ဘုံလှိုဏ်ဂူ၏ ရွှေဗဟို ဖြစ်ပါသည်။
သူမျက်လုံးကို ပိတ်လိုက်တာနဲ့ သူ့ထန်တျန်းထဲတွင် ရွှေဗဟိုကို အာရုံခံနိုင်သည်။ အလွန် တောက်ပစွာ လင်းလက်နေပြီး အလင်းများ အကြားတွင် ဧရာမနေရာလွတ်တစ်ခု ပုန်းကွယ်နေခဲ့၏။
ထိုနေရာလွတ်ထဲတွင် ကောင်းကင်ဘုံလှိုဏ်ဂူ စိုက်ပျိုးရေးခြံ ရှိနေပါသည်။
ယခု ကောင်းကင်ဘုံလှိုဏ်ဂူ စိုက်ပျိုရေးခြံကလည်း ကြောက်ဖို့ကောင်းလောက်အောင် ပြောင်းလဲသွားခဲ့ပါသည်။
ဧရိယာမှာ လွန်ခဲ့သော ၃ နှစ်တုန်းကထက် အဆ ၁၀၀ လောက် ပိုကျယ်ပြန့်လာခဲ့သည်။
ဧရာမ အပင်ဝိညာဥ်ကြီးက လုံးဝ အသွင်ဆောင်ပြီး မားမားမတ်မတ် ရပ်တည်ကာ ကောင်းကင်ကြီးကို ထောက်ပံ့ထားပါသည်။
လွန်ခဲ့သော ၃ နှစ်တုန်းက ယဲ့ရှောင်ချန်း အဆင့်မြင့် အဝါရောင် အင်မော်တယ်အပင်များနှင့် အလယ်အဆင့် အနက်ရောင် အင်မော်တယ်အပင်များကို စိုက်ပျိုးနိုင်ခဲ့သည်။
ကမ္ဘာမြေအဆင့် အင်မော်တယ်အပင်များကသာ ခြားနားပါသည်။
မတတ်နိုင်ပါ။ ကမ္ဘာမြေအဆင့် အင်မော်တယ်အပင်တစ်ပင် ဖွံ့ဖြိုးကြီးထွားချိန်က နှစ်ဆယ်ချီမှ နှစ်ရာချီအထိ ရှိနိုင်ပါသည်။
သူ ကမ္ဘာမြေအဆင့် အင်မော်တယ်အပင်များကို စိုက်ပျိုးနိုင်ခဲ့ရခြင်းမှာ ကောင်းကင်ဘုံလှိုဏ်ဂူထဲက အချိန်စီးဆင်းမှု အရှိန်မြှင့်တင်ခြင်းကြောင့်ဖြစ်သည်။
ယခု ကောင်းကင်ဘုံလှိုဏ်ဂူထဲက အရှိန် မြှင့်တင်မှုမှာ မှင်သက်ဖို့ကောင်းလောက်အောင် ၃၅ဆလောက် မြင့်တက်သွားခဲ့ပါပြီ။
အပြင်ဘက် ကမ္ဘာတွင် ၃ နှစ်တာကြာသွားပြီ ဖြစ်သည်။ သို့သော် ကောင်းကင်ဘုံလှိုဏ်ဂူ အတွင်းမှာတော့ နှစ် ၇၀ မှ နှစ် ၈၀ အထိ ကုန်ဆုံးသွားပြီ ဖြစ်သည်။
တစ်နည်းအားဖြင့် ယဲ့ရှောင်ချန်း၏ အသက်မှာ ၄၀ - ၅၀ ဝန်းကျင် ရှိနေပါပြီ။
ဒါတောင် ယဲ့ရှောင်ချန်းက ကောင်းကင်ဘုံလှိုဏ်ဂူထဲမှာ သိပ်မနေခဲ့ပါ။
လျန်ယူကျူးနှင့် တခြားသူများကတော့ ကောင်းကင်ဘုံလှိုဏ်ဂူထဲတွင် နေ့တိုင်း နေထိုင်ခဲ့ကြသည်။
ဒီလောက်အချိန်ကြာပြီးနောက် သူတို့လည်း ရွှေဗဟိုအဆင့်ကို ရောက်နေကြပါပြီ။
လုဖန်းလိုင်လည်း အရွယ်ရောက်ကာ ရွှေဗဟိုအဆင့်ကို ရောက်နေပါပြီ။
သို့သော်လည်း သူက အငြိမ်မနေတတ်သူဖြစ်ပြီး မကြာခဏ အပြင်လောကသို့ ထွက်ကာ ကောင်မလေးများစွာကို လူပျိုလှည့် နှောင့်ယှက်နေပါသည်။
အမှန်ပင်။ ဒီနှစ်ပိုင်းအတွင်း လျန်ယူကျူးနှင့် လုတုန်ချမ်းတို့ကော၊ ထုယွဲ့ချွီနှင့် ထုပိုင်ယွမ်တို့ကော ကလေးများစွာ ထပ်ရခဲ့ပါသည်။ စုစုပေါင်း ယောက်ျားလေး ၅ ယောက်နှင့် မိန်းကလေး ၄ ယောက် ထပ်ရခဲ့ပါသည်။ လုဖန်းလိုင် မပါဝင်ပါ။
ဒါကလည်း သူတို့ကလေးများကို ပြောင်းလဲပေးဖို့ အချိန်အတော်ကြာသောကြောင့်ဖြစ်သည်။ ၂ နှစ် ၃ နှစ်က အများဆုံး ဖြစ်၏။ မဟုတ်ပါက သူတို့ သေချာပေါက် ကလေး ထပ်ရကြပါလိမ့်မည်။
သူတို့ ကလေးအားလုံးက ကမ္ဘာမြေအဆင့် ပါရမီရှင်များ ဖြစ်ကြပါသည်။
နောက်တစ်ခုက ယဲ့ရှောင်ချန်း သူ့မိဘများကို စတင်ကျင့်ကြံခိုင်းနေပြီ ဖြစ်ပါသည်။
မိဘနှစ်ပါးက ယဲ့ရှောင်ချန်း အင်မော်တယ်တစ်ပါးဖြစ်ဖို့ ကျင့်ကြံတတ်သည်ဟု သိလိုက်ရသောအခါ သူတို့ ထိတ်လန့်သွားခဲ့ကြပါသည်။
သူ့မိဘနှစ်ပါးစလုံးလည်း ပျော်ရွှင်စွာ ကျင့်ကြံခဲ့ကြပါသည်။
သို့သော်လည်း ယဲ့ရှောင်ချန်းက သူ့မိဘနှစ်ပါး၏ ကျင့်ကြံပါရမီက အလွန်နိမ့်ကျမှန်း သိပါသည်။ သူတို့မှာ စိတ်ဝိညာဥ်အမြစ် မရှိခဲ့ပါ။
ထို့ကြောင့် အင်မော်တယ်ယွမ်ပမာဏများစွာကို အသုံးပြုပြီး ပြန်လည်မွေးဖွားခြင်း နတ်ဆေးရည်ကို သူ့မိဘနှစ်ပါးအတွက် ဝယ်ပေးကာ သောက်စေပြီး သူတို့ခန္ဓာကိုယ်မှာ စိတ်ဝိညာဥ်အမြစ်များ ဖြစ်တည်စေခဲ့ပါသည်။ အမှန်ပင်။ အဝါရောင်အတန်းအစား ပါရမီသာ ဖြစ်သော်လည်း သူတို့စတင်ကျင့်ကြံဖို့ လုံလောက်ပါသည်။
ထိုအချိန်တောအတွင်း သူတို့လည်း မကြာခဏ ကောင်းကင်ဘုံလှိုဏ်ဂူထဲသို့ ဝင်ခဲ့ကြသည်။
အမှန်ပင်။ သူတို့ကို အသုံးပြုခွင့်ပေးဖို့ ယဲ့ရှောင်ချန်းက ကောင်းကင်ဘုံလှိုဏ်ဂူကို နယ်မြေ အပိုင်းသေးသေးလေး ပိုင်းထုတ်ကာ မတူညီသော အချိန်စီးဆင်းမှုကို အသုံးပြုလိုက်ပါသည်။
ဒီလိုဆို အင်မော်တယ်ယွမ် ပိုကုန်ကျနိုင်သည်။
သို့သော်လည်း ယဲ့ရှောင်ချန်း လုံးဝ ဂရုမစိုက်တော့ပါ။ သူ့မှာ ယခု ငွေရေးကြေးရေး အရင်းအမြစ် ရှိနေပါပြီ။
ယခု အင်မော်တယ်ယွမ် ၁ သန်း သို့မဟုတ် အင်မော်တယ်ယွမ် သန်းဆယ်ချီပြီး ရရှိနေနိုင်ပြီဖြစ်သည်။
ကောင်းကင်ဘုံလှိုဏ်ဂူထဲတွင် မိဘနှစ်ပါးက ဇွဲရှိရှိဖြင့် အချိန်စီးဆင်းမှုကို နှစ်ဆတိုးကာ နှစ်အနည်းငယ်လောက် ကျင့်ကြံလိုက်ပြီး ချီသန့်စင်ခြင်းအဆင့်ကို ရောက်ရုံသာ ရှိခဲ့ပါသည်။
ယဲ့ရှောင်ချန်း စိတ်ပူပါ။ သူက ရှန်းနုန် တစ်ယောက်ဖြစ်၏။ သူ့မိဘများ၏ ပါရမီ ဘယ်လောက် ညံ့ညံ့ သူ့အရင်းအမြစ်များကို အသုံးချပြီး သူတို့၏ ကျင့်ကြံခြင်းအဆင့်များကို မြှင့်တင်ပေးနိုင်ပါသည်။
ထို့အပြင် သုတေသနအဖွဲ့အစည်းထဲက အပင်ပါရမီရှိသူများကို ကျင့်ကြံခြင်း လမ်းစဥ်သို့ ယဲ့ရှောင်ချန်း တဖြည်းဖြည်း လမ်းပြပေးခဲ့ပါသည်။
ဒီလိုနှင့် ထိုလူများက ယခုဆို ယဲ့ရှောင်ချန်း၏ အမာခံ ထောက်ခံသူများ ဖြစ်လာကြပါသည်။
ဒီလောကကြီးထဲတွင် ကျင့်ကြံခြင်းလမ်းစဉ် ရှိနေဆဲ ဖြစ်ကြောင်း သူတို့ သိပြီး အင်မော်တယ်ဖြစ်ဖို့ နည်းလမ်းကိုလည်း သိလိုက်ကြရပါသည်။ ထို့ကြောင့် သူတို့ အလွန်အမင်း ပျော်ရွှင်နေကြ၏။
ယဲ့ရှောင်ချန်း၏ ဦးဆောင်မှုနောက်ကို ခိုင်ခိုင်မာမာ လိုက်မှသာ သူတို့ ဒီလမ်းစဥ်ဝေးဝေးကို ရောက်နိုင်မည်ဖြစ်ကြောင်း သိကြပါသည်။
သူတို့၏ လက်ရှိကျင့်ကြံခြင်း အဆင့်များကလည်း ချီသန့်စင်ခြင်းအဆင့်တွင် ရှိနေကြပါပြီ။ သူတို့က ကောင်းကင်ဘုံလှိုဏ်ဂူထဲသို့ မဝင်ကြသော်လည်း စိုက်ပျိုးရင်း ကျင့်ကြံကြသူများ ဖြစ်၏။ ထို့အပြင် ယဲ့ရှောင်ချန်း ထောက်ပံ့ထားသည့် ကျင့်ကြံမှု အရင်းအမြစ်များကြောင့် သူတို့၏ ကျင့်ကြံခြင်းနှုန်းမှာ သူ့မိဘများအောက် မနိမ့်ကြပါ။
ထိုအချိန်တွင် ကျီယုထျင် ဝင်လာခဲ့သည်။
၃ နှစ်အတွင် ကျီယုထျင်လည်း အများကြီး ပြောင်းလဲသွားခဲ့ပါသည်။
ယခု ကျီယုထျင်၏ ခန္ဓာကိုယ်တစ်ခုလုံးမှ အင်မော်တယ် ရောင်ဝါလိုမျိုး ထုတ်လွှတ်နေသည်။
ဒါက ကျင့်ကြံပြီးနောက် ဖြစ်ပေါ်လာသော အရာ ဖြစ်သည်။ ထို့အပြင် သူမ အရင်က လှပခဲ့သည်။ ယခုအခါ ပို၍ပင် လှပနေပါပြီ။
"ဆရာ မိစ္ဆာအပင်နောက်ဆုံးအသုတ်မှာ ပြောင်းလဲမှု တချို့ရှိနေတယ်။ သူတို့ အထိန်းအကွပ်မဲ့နေတဲ့ လက္ခဏာတွေ ပြနေသလိုပဲနော်။”
ကျီယုထျင်က စာရွက်စာတမ်းတစ်ခုကို ထုတ်ကာ ယဲ့ရှောင်ချန်း ရှေ့တွင် ချပေးလိုက်ပါသည်။
ယဲ့ရှောင်ချန်း စာရွက်စာတမ်းကို ကောက်လိုက်ပြီး ကြည့်လိုက်ပါသည်။ "အင်း ဒါက ပုံမှန်ပါပဲ။ ငါ့ထိန်းချုပ်မှုအောက်မှာ ရှိနေတုန်းပဲ။ အချိန်ကျရင် ဒေတာအတိအကျကို ငါပြန်စစ်လိုက်မယ်။”
မိစ္ဆာအပင် နောက်ဆုံးအသုတ်က သာမန်ထက် ထူးကဲသည်။ လွန်ခဲ့သည့် ၃ နှစ်တာအတွင်း ယဲ့ရှောင်ချန်း၏ အကြီးမားဆုံး ပရောဂျက်ကြီးလည်း ဖြစ်ပါသည်။
အမှန်ပင်။ ဒီသုတေသန ပရောဂျက်အား သုတေသနအဖွဲ့အစည်းမှ အချက်အချာကျသော လူများမှအပ အပြင်လူများ မသိကြသေးပါ။
အဘယ့်ကြောင့်ဆိုသော် ယဲ့ရှောင်ချန်း ပျိုးထောင်ထားသည်မှ Plants vs Zombies ဂိမ်းထဲက သဘောတရားကို အခြေခံထားသော အပင်များ ဖြစ်နေသောကြောင့်ပင်။...။
ထိုစူပါအပင်များကို မိစ္ဆာအပင်ဟု သူ ခေါ်ဆိုခဲ့၏။
မိစ္ဆာအပင်များကို ပျိုးထောင်ရတာက မခက်ခဲပေ။ ခက်တာက ထိန်းချုပ်ဖို့ ဖြစ်သည်။
ပြဿနာမျိုးစုံတို့က အဆုံးမသတ်နိုင်အောင် ရှိလှပါသည်။
သို့သော်လည်း အခုတော့ ထိန်းချုပ်နိုင်နေပါပြီ။ တချို့ အသေးစိတ်အချက်များကို ဖြေရှင်းလိုက်ပါက တည်မြဲပြီး ထိန်းချုပ်နိုင်သည့် မိစ္ဆာအပင်များကို သူ ပျိုးထောင်နိုင်ပါလိမ့်မည်။
မိစ္ဆာအပင်အား ပျိုးထောင်ပြီးပြီဆိုတာနဲ့ သူ အလွယ်လေး ဧရာမ မိစ္ဆာအပင် စစ်တပ်ကြီးကို ဖန်တီးနိုင်ပါပြီ။။
မကြာသေးခင်က ချန်းအိုမှ တစ်ဆင့် ထိတ်လန့်စရာ သတင်းတစ်ခုကို သူကြားခဲ့ရပါသည်။ သဘာဝလွန်အဖွဲ့အစည်းက အင်မော်တယ် ကျင့်ကြံခြင်းလောက၏ တည်နေရာကို ရှာတွေ့သွားလေပြီ။ သူတို့ ဧရာမ ဒြပ်မှုန် အရှိန်မြှင့်စက်ကြီးကို အသုံးပြုကာ အင်မော်တယ် ကျင့်ကြံခြင်းလောကထဲသို့ ယာယီ လမ်းကြောင်းတစ်ခုကို ဖွင့်ခဲ့ပါသည်။
နိုင်ငံတော်က အင်မော်တယ် ကျင့်ကြံခြင်းလောကကို ကျူးကျော်ဖို့ ပြင်ဆင်မှုများပင် လျှို့ဝှက်လုပ်ဆောင်ပြီးပါပြီ။
ထို့ကြောင့် ဒီအခြေအနေများအောက်တွင် ယဲ့ရှောင်ချန်းလည်း ပြင်ဆင်ထားရပါတော့သည်။