← Chapters

စစ်ချီခြင်း

Vol. 21 Ch. 305

စစ်ချီခြင်း

Vol. 21 Ch. 305

တကယ်တော့ အစိုးရ၏ လှုပ်ရှားမှုများကို ယဲ့ရှောင်ချန်းကလည်း တစ်ဖက်မှ သတိထားမိပြီးသား ဖြစ်ပါသည်။

ဥပမာအားဖြင့် ပရောဂျက်များစွာအတွက် စစ်တပ်နဲ့သူ ပူးပေါင်းဆောင်ရွက်ခဲ့သည်။

ပထမဆုံး ကာကွယ်ရေးအလွှာများအတွက် အသုံးပြုသည့် စူပါကော်ပင်က ရုပ််ပိုင်းဆိုင်ရာနှင့် အရွေ့စွမ်းအင်ဆိုင်ရာ ကာကွယ်မှု စမ်းသပ်ချက်များကို အောင်မြင်ခဲ့သည်။ စမ်းသပ်စဥ်အတွင်း သူတို့ လေဆာလက်နက်များပင် အသုံးပြုခဲ့ကြပါသည်။

ယဲ့ရှောင်ချန်းက လေဆာလက်နက်များကို မြင်ဖူးပြီးသားဖြစ်သည်။ ထိုလက်နက်များအား စစ်သားတစ်ဦး၏ သေနတ်အရွယ်အစားလောက် ချုံ့လာနိုင်ခဲ့ကြပြီး လေဆာလက်နက်များ ဘယ်လောက် အဆင့်မြင့်နေလဲဆိုတာကို ပြသနေပါသည်။

ထို့အပြင် ပုံစံကိုကြည့်ခြင်းအားဖြင့် လေဆာလက်နက်များအား စွမ်းအားအပြည့်တင်လိုက်သောအခါ ချီသန့်စင်ခြင်းအဆင့် အထွတ်အထိပ်သို့ ရောက်နေသည့် ကျင့်ကြံသူ တစ်ဦး၏ မှော်အစွမ်းလောက်နီးပါး စွမ်းအားကြီးမားပါသည်။

ပြီးတော့ ဒါက အိတ်ဆောင် လေဆာလက်နက်သာ ဖြစ်၏။

ယဲ့ရှောင်ချန်း နားလည်ထားပုံအရ စစ်တပ်၏ ကြီးမားသည့် လေဆာ လက်နက်ကြီးများက ရွှေဗဟိုအဆင့်ရှိ ကျင့်ကြံသူများကိုတောင် ခြိမ်းခြောက်လာနိုင်ပါသည်။

ထို့အပြင် လေဆာလက်နက်များက ကဏ္ဍတစ်ခုသာ ဖြစ်သည်။ လျှပ်စစ်သံလိုက် လက်နက်များ၊ အပူစွမ်းအင်လက်နက်များနှင့် နျူးကလီးယား လက်နက်များ စသည့် တခြားလက်နက်များကိုပါ အသုံးချလာနိုင်ပါက အင်မော်တယ်ကျင့်ကြံခြင်းလောကအား ကျူးကျော်သည့် အကျိုးဆက်ကို ခန့်မှန်းဖို့ ခက်ခဲသွားနိုင်ပါသည်။

ထို့အပြင် စစ်တပ်က သန့်စင်မြက်ပင်ပရောဂျက်မှာလည်း ပါဝင်ခဲ့ပြီး သန့်စင်မြက်ပင်၏ အာနိသင့်ကို တိုးတက်စေဖို့အတွက် မျှော်လင့်ချက်ထားနေ၏။

ယဲ့ရှောင်ချန်း ခန့်မှန်းချက်အရ အင်မော်တယ် ကျင့်ကြံခြင်းလောကကို ကျူးကျော်နေစဥ် နျူးကလီးယား လက်နက်များကို သူတို့ အသုံးပြုလာရသည့်အခါ သန့်စင်မြက်ပင်ကို အသုံးချပြီး နျူးကလီးယား ဓာတ်ရောင်ခြည်များကို တတ်နိုင်သမျှ အမြန်ဆုံး ဖယ်ရှားနိုင်ဖို့ အစိုးရက မျှော်လင့်နေ၏။

နျူးကလီးယား လက်နက်များ၏ အစွမ်းနဲ့သာဆို အခြေတည် စိတ်ဝိညာဥ်အဆင့်ကို ရောက်နေသည့် ကျင့်ကြံသူတစ်ယောက်တောင် ခံနိုင်ရည်ရှိမည်မဟုတ်ပေ။

သူတို့ သန့်စင်မြက်ပိုင်ကို ပိုင်ဆိုင်လိုက်ပြီ ဆိုတာနဲ့ အစိုးရက နျူးကလီးယား လက်နက်များကို အသုံးပြုဖို့ မည်သည့် တွန့်ဆုတ်မှုမှ ရှိတော့မည် မဟုတ်ပေ။

ယဲ့ရှောင်ချန်း သက်ပြင်းချလိုက်မိသည်။ သန့်စင်မြက်ပင်ကို တီထွင်ခဲ့ခြင်းက မှားယွင်းသော လုပ်ရပ်ဆိုတာ သူ မသိခဲ့ပါ။

အမှန်ပင်။ သန့်စင်မြက်ပင် မရှိရင်လည်း အစိုးရက အင်မော်တယ် ကျင့်ကြံခြင်းလောကကို ကျူးကျော်မှုအား ရပ်တန့်မည် မဟုတ်ကြောင်း သူသိပါသည်။

ဘာပဲဖြစ်ဖြစ် ကမ္ဘာလောကအသစ်တစ်ခု၏ မက်လုံးများက နိုင်ငံတော်တစ်ခုအတွက် ကြီးမားလွန်းလှသည်။

ချန်းအို ပြောတာသာ အမှန်ဆို ကမ္ဘာမြေမျက်နှာပြင်ထက် မသေးငယ်သည့် လောကတစ်ခုဖြစ်ပြီး သိမ်းပိုက်နိုင်ခဲ့ပါက ဟွာရှနိုင်ငံတော်ကြီး ဘယ်လောက်တောင် စွမ်းအားကြီးလာမည်နည်း။

US ကို ကျော်လွန်ကာ ကမ္ဘာကြီးတစ်ခုလုံးကို လွှမ်းမိုးသွားနိုင်ပေသည်။

သို့သော်လည်း ဒါက ထင်သလောက် လွယ်ကူပါ့မလား။

မရေမတွက်နိုင်အောင် များပြားသော နှစ်ပေါင်းများစွာ တည်ရှိနေခဲ့သည့် အင်မော်တယ် ကျင့်ကြံခြင်းလောက၏ အစွမ်းမှာလည်း စိတ်ကူးဖြင့် မှန်းဆ၍ မရနိုင်လောက်အောင် သန်မာလွန်းပါသည်။

သေမျိုးလောကမှ အင်မော်တယ် ကျင့်ကြံခြင်းလောကကို တကယ်သိမ်းပိုက်နိုင်လိမ့်မည်ဟု ယဲ့ရှောင်ချန်း မထင်ခဲ့ပါ။

ဧကန္တ နှစ်ဖက်စလုံး ထိခိုက်သွားနိုင်သည်။

အမှန်ပင်။ ဒီလိုနိုင်ငံတော်ပြဿနာများကို ယဲ့ရှောင်ချန်း ဂရုမစိုက်ပါ။ ပြဿနာများအလွန် ဗြောင်းဆန်လာပါက သူ့မိသားစုနဲ့ မိတ်ဆွေများကို ကောင်းကင်ဘုံလှိုဏ်ဂူထဲတွင် ပုန်းခိုဖို့ ခေါ်ဆောင်သွားမည်ဖြစ်သည်။ ဘယ်သူမှ သူ့ကို ထိခိုက်အောင် လုပ်နိုင်မည် မဟုတ်ပေ။

ထို့ကြောင့် ယခုအခါ သူက ထိခိုက်မှု မရှိနိုင်သော နေရာတစ်ခုတွင် ရှိနေသူ ဖြစ်ပါသည်။

စစ်တပ်နှင့် ပူးပေါင်းသော တတိယမြောက် ပရောဂျက်က စူပါလောင်စာအပင် ဖြစ်ပါသည်။

လောင်စာဆီအဆင့်က လုပ်ငန်းတစ်ခု၏ အဆင့်ကို ကြီးမားစွာ အဆုံးအဖြတ်ပေးပါသည်။

ရှေးခေတ်က ထင်းမီးများမှ ခေတ်သစ် မီးသွေးများအထိ၊ ထို့နောက် လက်ရှိ ဆီနှင့် သဘာဝ ဓာတ်ငွေ့များအထိ၊ စွမ်းအင်အရင်းအမြစ်ကိုသာ အမှီမလိုက်နိုင်ပါက နည်းပညာလုပ်ငန်းများ တိုးတက်နိုင်မည်မဟုတ်ပေ။

နျူးကလီးယားစွမ်းအင်အား တီထွင်နေကြတာ နှစ်ဆယ်ချီနေပြီဖြစ်သော်လည်း ပုံစံချုံ့ဖို့ကတော့ မဖြစ်နိုင်သေးပါ။ ဥပမာအားဖြင့် နျူးကလီးယား ဓာတ်ပေါင်းဖို တစ်ခုကို ကားတစ်စီးသို့မဟုတ် လေယာဥ်တစ်စင်း၏ အရွယ်အစားလောက်အထိ ချုံ့နိုင်ပါ့မလား။

ရေငုပ်သင်္ဘောကြီးများနှင့် လေယာဥ်တင် သင်္ဘောကြီးများတွင် အသုံးပြုနိုင်တာတောင် ရှားပါးနေပါပြီ။

ထို့အပြင် နည်းပညာလိုအပ်ချက်များကလည်း အလွန်မြင့်မား၏။ ထို့အပြင် အကြွင်းမဲ့ ဘေးကင်းဖို့ အာမမခံနိုင်ပါ။

ထို့အပြင် နျူးကလီးယား စွမ်းအင်ကိုယ်တိုင်က ဘေးမကင်းသည့် စွမ်းအင်အရင်းအမြစ်တစ်ခု ဖြစ်ပြီး ပုန်းကွယ်နေသည့် အန္တရာယ်များစွာ ရှိပါသည်။

ထို့ကြောင့် အနာဂတ် နည်းပညာလုပ်ငန်းများ၏ ဖွံ့ဖြိုးမှုကို ကန့်သတ်ချက်များ ရှိစေခဲ့ပါသည်။

ညစ်ညမ်းမှု ကင်းစင်ပြီး စွမ်းအင်ပမာဏများပြားသော စွမ်းအင်အရင်းအမြစ်တစ်ခုကိုသာ သူတို့ ရှာဖွေတွေ့ရှိခဲ့ကြပါက သေချာပေါက် ခေတ်သစ်နည်းပညာလုပ်ငန်းများအတွက် တွန်းအား ဖြစ်လာနိုင်ပါသည်။

ယဲ့ရှောင်ချန်း ပျိုးထောင်ထားသည့် စူပါလောင်စာအပင်များမှာ မုန်ညင်းပင်များနှင့် ဆင်တူသလိုလို ရှိသည်။ သို့သော် ထိုအပင်များမှ ထုတ်ယူသည့် လောင်စာဆီများမှာ လက်ရှိထိပ်တန်းအဆင့် လေယာဥ်ဆီများထက် အဆပေါင်း ၁,၀၀၀ လောက် ပိုကောင်းမွန်ပါသည်။

အမှန်ပင်။ ဒီလိုစူပါလောင်စာမျိုးကို တောင့်ခံနိုင်မည့် အထူးအင်ဂျင်တစ်မျိုးတော့ လိုအပ်သည်။

သို့သော်လည်း ယခင် သုတေသနများကို ကြည့်ခြင်းအားဖြင့် အင်ဂျင်ကိုက်ညီမှုပြဿနာက ပြေလည်သွားပြီဖြစ်ပါသည်။

ယဲ့ရှောင်ချန်း နားလည်မှုအရ အင်ဂျင်များ၊ ကုန်ကြမ်းများနှင့် တခြားကဏ္ဍများကို တိုးတက်အောင် လုပ်နိုင်ခဲ့ပြီ ဖြစ်သည်။ ဆန့်ကျင်ဘက် အနေဖြင့် လောင်စာဆီ မလုံလောက်မှုကသာ ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတား ဖြစ်စေနေခြင်း ဖြစ်ပါသည်။

ယဲ့ရှောင်ချန်း ပျိုးထောင်ထားသည့် စူပါလောင်စာအပင်များကို သေချာပေါက် စစ်ဘက်ဆိုင်ရာတွင် ပထမဆုံး အသုံးပြုရလိမ့်မည်ဆိုတာကို ကြိုမြင်နိုင်ပါသည်။

ထို့အပြင် စူပါ ရာဘာပင် လည်းရှိသည်။ ထိုအပင်များမှ ထုတ်လုပ်နိုင်သော ရာဘာများက လက်ရှိ ရာဘာများထက် အများကြီး ပိုအားကောင်းပါသည်။

ကျီယုထျင် ထွက်သွားသောအခါ ယဲ့ရှောင်ချန်း ဝမ်ရှင်းယီကို ဖုန်းဆက်ခဲ့ပါသည်။

ဝမ်ရှင်းယီက ယခု နိုင်ငံတော်ထဲတွင် ထိပ်တန်း အဆိုတော် တစ်ယောက်ဖြစ်နေပြီ ဖြစ်ပြီး နိုင်ငံတကာတွင်လည်း နာမည်ကြီးပါသည်။

အဘယ့်ကြောင့်ဆိုသော် ဝမ်ရှင်းယီကိုလည်း ယဲ့ရှောင်ချန်း အင်မော်တယ် ကျင့်ကြံခြင်းနည်းလမ်းအား သင်ကြားပေးခဲ့သောကြောင့် ဖြစ်သည်။

သူ့မှာ စိုက်ပျိုးရေး ပါရမီမရှိသဖြင့် သူမ၏ ကျင့်ကြံပါရမီကလည်း အရမ်းမကောင်းမွန်လောက်ပါဘူးဟု ထင်ခဲ့မိသည်။ သို့သော် သူမ ကျင့်ကြံရာတွင် ဒီလောက်ထိ လျင်လျင်မြန်မြန် တိုးတက်လာလိမ့်မည်ဟု မထင်ခဲ့ပါ။

သူမ၏ ကျင့်ကြံပါရမီလည်း ဆိုးလောက်ပါဟု ယဲ့ရှောင်ချန်း ခန့်မှန်းလိုက်ပါသည်။

ထို့ကြောင့် သူမက ယခု ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူဖြစ်နေပါပြီ။

ဒီလိုနဲ့ ယဲ့ရှောင်ချန်းက အပင်တေးသွားထဲက အထူးစွမ်းရည်တချို့ကို သင်ပေးခဲ့ပါသည်။ ထို့ကြောင့် လူတိုင်း၏ နှလုံသားကို လှုပ်ခါစေပြီး ၎င်းတို့၏ ဝိညာဥ်ကို ထိုးဖောက်သွားနိုင်သည့် စွမ်းအားတစ်ခု သူမ၏ အသံထဲတွင် ပိုင်ဆိုင်လာခဲ့ရပါသည်။

ထို့ကြောင့် နှစ်အနည်းငယ် အတွင်းမှာပဲ နိုင်ငံတော်တစ်ဝှမ်းတွင် သူမ နာမည်ကြီးလာခဲ့သည်။ သူမ စုဆောင်းနိုင်ခဲ့သည့် ရေပန်းစားမှုများမှာ စိတ်ကူးဖြင့် မှန်းဆ၍ မရနိုင်အောင် ရှိလှသည်။

သူမက ယောက်ျား၊မိန်းမ၊ လူကြီးလူငယ် အားလုံးအကြား ရေပန်းစားသည်ဟု ဆိုနိုင်ပါသည်။

ဂီတလောကတစ်ခုလုံးကပင် သူမကို ယနေ့ခတ်၏ အတော်ဆုံး ဂီတပညာရှင်ဟု သတ်မှတ်လိုက်ကြသည်။

ယဲ့ရှောင်ချန်းက ဝမ်ရှင်းယီကို ကာကွယ်ဖို့လည်း မမေ့မလျော့ပါ။ သူမ၏ ဘေးတွင် စွမ်းအားကြီးသည့် ပဲစေ့စစ်သည်တော်များစွာကို နေရာချထားပေးပြီးသား ဖြစ်သည်။ အားလုံးက ရွှေဗဟို ပထမဆင့် ရှိသော စစ်သည်တော်များ ဖြစ်ကြ၏။

ထို့ကြောင့် ယခု ဝမ်ရှင်းယီက အာဖရိက တိုက်သို့ ခရီးစဥ်ထွက်ခဲ့ရသော်လည်း ဝမ်ရှင်းယီ၏ လုံခြုံမှုအတွက် သူ စိုးရိမ်နေဖို့ မလိုအပ်တော့ပါ။

ယဲ့ရှောင်ချန်းက ဝမ်ရှင်းယီနှင့် စကားအကြာကြီး ပြောပြီးနောက် ဖုန်းကို ချလိုက်ပါသည်။

သူ မတ်တပ်ရပ်ကာ ရုံးခန်းထဲမှ ထွက်သွားဖို့ ပြင်လိုက်စဥ် ရုတ်တရပ် ရပ်တန့်သွားရပြီး မျက်လုံးကို မှိတ်လိုက်ပါသည်။

ခဏကြာသောအခါ သူ့မျက်လုံးများကို ပြန်ဖွင့်ကြည့်လိုက်ပြီး အံ့အားသင့်သွားသည့်ပုံစံမျိုး ဖြစ်သွားရလေသည်။

"နိုင်ငံတော် ဒီလောက်မြန်မြန် လှုပ်ရှားလိမ့်မယ်လို့ မထင်ထားဘူး။ သူတို့က အင်မော်တယ် ကျင့်ကြံခြင်းလောကကို သွားတဲ့ လမ်းကြောင်းဖွင့်ဖို့ ပြင်ဆင်နေကြပြီ။”

ယဲ့ရှောင်ချန်း အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။

သူ ချန်းအိုကို လျှို့ဝှက်ထိန်းချုပ်ရင်း သဘာဝလွန်အဖွဲ့အစည်းထဲတွင် စစ်တုရင်အဖြစ် ထားရှိခဲ့သည်။

ယခု သဘာဝလွန်အဖွဲ့အစည်းထဲက ချန်းအို၏ ရာထူးမှာ အလွန်မြင့်မားသည်။ သူက အင်မော်တယ်လောကကို ကျူးကျော်ဖို့အတွက် အဆင့်မြင့် လမ်းပြသူ ဖြစ်ပါလိမ့်မည်။

ထို့ကြောင့် ချန်းအိုက လျို့ဝှက်အချက်အလက်အားလုံး၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်နေခဲ့ပါသည်။

"ကြည့်ရတာ ငါလည်း ပြင်ဆင်ရတော့မယ် ထင်တယ်။”

ယဲ့ရှောင်ချန်း စဥ်းစားလိုက်ပါသည်။

အင်မော်တယ် ကျင့်ကြံခြင်းလောကသို့ လမ်းကြောင်း ပွင့်သွားပြီဆိုတာနဲ့ အကျိုးဆက်များက ခန့်မှန်းလို့ မရနိုင်အောင် ရှိလာနိုင်ပါသည်။

...

၃ ရက်ကြာသောအခါ။

သဘာဝလွန် အဖွဲ့အစည်း။

ဧရာမ မြေအောက် ခံတပ်ကြီးတစ်ခုတွင်။

ဧရာမ ဒြပ်မှုန်အရှိန်မြှင့်စက်ကြီးက စတင် လည်ပတ်နေပြီဖြစ်သည်။

မရေမတွက်နိုင်အောင် များပြားသော ပညာရှင်များနှင့် သုတေသနပညာရှင်များက အလုပ်များနေကြပါသည်။

ထို ဒြပ်မှုန် အရှိန်မြှင့်စက်ကြီးအား ဧရာမ နျူးကလီးယား ဓာတ်ပေါင်းဖိုကြီးဖြင့် အားဖြည့်ထားခြင်းဖြစ်သည်။

"ဂျီးးးး။”

ဒြပ်စင်အရှိန်မြှင့်စက်ကြီး၏ အဆုံးတွင် တံခါးတစ်ချပ်နှင့် ဆင်တူသည့် ဧရာမအရာဝတ္ထုကြီး တစ်ခုရှိနေပါသည်။ ဒါက အင်မော်တယ်ကျင့်ကြံခြင်းလောကသို့ သွားသည့် တံခါးပေါက် ဖြစ်သည်။

ဒီတံခါးပေါက်ကြီး ပွင့်သွားတာနဲ့ စစ်တပ်အင်အားများ ဆက်တိုက် ဝင်ရောက်နိုင်ပါလိမ့်မည်။

ထိုအချိန်တွင် ဒီဧရာမ မြေအောက်ခံတပ်ကြီးထဲ စစ်တပ်၏စွမ်အားကြီး တပ်ဖွဲ့များက စုစည်းနေကြပြီဖြစ်သည်။

ထိပ်တန်းအဆင့် နည်းပညာလက်နက် အနားလုံးကိုလည်း စုစည်းထားကြ၏။

တစ်ယောက်သုံး လေဆာလက်နက်များ၊ ယာဥ်ကြီးများ၊ လေယာဥ်ကြီးများ စသည်တို့ ရှိကြသည်။

သိပ္ပံရုပ်ရှင် တစ်ခုနှင့်ပင် တူနေပါသည်။

ဒီနေ့လိုနေ့မျိုးအတွက် စစ်တပ်က ၂ နှစ်လောက် စောင့်မျှော်နေခဲ့ရသည်ဟု ပြောနိုင်ပါသည်။

ထိုစွမ်းအားကြီးလက်နက်များကို အသုံးပြနိုင်သည့် အကြောင်းအရင်းက ယဲ့ရှောင်ချန်း ပျိုးထောင်သော စူပါလောင်စာအပင်များကြောင့် ဖြစ်သည်ဟု ပြောနိုင်ပါသည်။

ဒီလောင်စာဆီပေါ်ပေါက်လာမှုက စစ်တပ်၏ လက်နက်များအပေါ် အကြီးအကျယ် အဆင့်မြှင့်တင်ပေးလိုက်သလိုပင်။

မှန်ပါသည်။ အချိန်က အကန့်အသတ်ရှိသောကြောင့် ထိုလက်နက်များ တပ်ဆင်ပေးထားသော စစ်သားအရေအတွက်မှာ မများလှပါ။

အာကသ လမ်းကြောင်းကြီး စောစော ပွင့်သွားရသည့် အဓိက အကြောင်းအရင်းက အင်မော်တယ် ကျင့်ကြံခြင်းလောကထဲက သူလျှိုမှာ သတင်းစကား ပါးလိုက်သောကြောင့်ဖြစ်သည်။ အင်မော်တယ် ကျင့်ကြံခြင်းလောကက သေမျိုးအစိုးရ၏ လှုပ်ရှားမှုများကို သတိထားမိသွားပြီဆိုသော သတင်းပင်။

All Chapters