ကျင့်ကြံခြင်းလောက
Vol. 21 Ch. 306
သို့သော်လည်း ဒီတစ်ခေါက် ကျူးကျော် စစ်တပ်ထဲတွင် အလွန်အမင်း စွမ်းအားကြီးသည့် တပ်ဖွဲ့တစ်ခုပါလာသည်။ ဒုံးကျည် တပ်ဖွဲ့ဖြစ်ပါသည်။
သူတို့အားလုံးကို စွမ်းအားမြင့် ဒုံးကျည်မျိုးစုံနှင့် နျူးကလီးယား ဒုံးကျည်များဖြင့်ပါ တပ်ဆင်ပေးထားသည်။
ကျူးကျော်စစ်တပ်၏ အစီအစဥ်အရ သူတို့ အင်မော်တယ် ကျင့်ကြံခြင်းလောကထဲသို့ ဝင်လိုက်ပြီဆိုတာနဲဲ့ အဓိက အင်မော်တယ်ကျင့်ကြံ ဂိုဏ်းကြီးများ၏ တောင်ဂိတ်များကို တာဝေးတိုက်ခိုက်မှုများဖြင့် တိုက်ခိုက်ကြမည်။
ယခင်ကတည်းက စီစဥ်ထားသော စစ်တုရင် ရုပ်ကလေးများ နေရာချထားပြီးပါပြီ။
ဂျီးးးး
မမြင်နိုင်သည့် လှိုင်းတစ်ခုက ခံတပ်တစ်ခုလုံးကို ရုတ်တရက် ပျံ့နှံ့သွားလေသည်။ ဧရာမ ဒြပ်မှုန် အရှိန်မြှင့်စက်ကြီးအား အပြည့်အဝ ဖွင့်လိုက်ပြီဖြစ်ပြီး မရေမတွက်နိုင်သော ဒြပ်မှုန်များစွာတို့ အရှိန်မြင့်လာကြသည်။
ဧရာမ တံခါးပေါက်ကြီးတွင် လျှပ်စစ်အလင်းများ ပေါ်လာပြီး တဂျီဂျီ မြည်နေပါသည်။
နောက်ဆုံးမှာတော့ တံခါးကို လျှပ်စစ်အလင်းများက လုံးဝ ဖုံးလွှမ်းသွးလေတော့သည်။
"စွမ်းအင်ထုတ်နှုန်းကို ၃ ရာခိုင်နှုန်းတိုးလိုက်။”
"ဒြင်မှုန် အရှိန်မြှင့်ခြင်း ပြီးဆုံးပါပြီ။”
"ဒြပ်မှုန်များ လေးဖက်မြင် စွမ်းအား စက်ကွင်းထဲ ခုန်ဝင်နေပါပြီ။”
"အာကာသထဲမှာ နေရာချနေပါပြီ။”
"စွမ်းအင်ထုတ်နှုန်းကို ၅ ရာခိုင်နှုန်းတိုးလိုက်...။”
...
အမိန့်များစွာ ပေးနေပြီး မရေမတွက်နိုင်အောင် များပြားသည့် ဝန်ထမ်းများကလည်း စနစ်တကျ လှုပ်ရှားနေကြပါသည်။
ဧရာ တံခါးကြီးပေါ်က လျှပ်စစ်အလင်းများ စတင်ပြောင်းလဲလာပြီး လိမ်ကာပတ်ကာဖြင့် လည်လာခဲ့ပါသည်။
ဒါက အရှိန်မြင့်နေသော ဒြပ်မှုန်များကို အသုံးပြုကာ အာကာသထဲဖောက်ထွက်ပြီး သုံးဘက်မြင် အလွန်တွင်ရှိသည့် လေးဘက်မြင် စွမ်အားစက်ကွင်းထဲ ထိုးဖောက်သွားခြင်းဖြစ်သည်။
ဒါက ကမ္ဘာအနှံ့အပြားက နိုင်ငံတော်ကြီးများ အချိန်အကြာကြီး သုတေသနလုပ်ခဲ့သော စက်ကွင်းဖြစ်သည်။ သို့သော်လည်း သူတို့ တစ်ခါမှ မအောင်မြင်ခဲ့ပါ။
အခုတော့ ဒီနေရာမှာ အောင်မြ်ငခဲ့လေပြီ။
နောက်ဆုံးတော့ ဝဲဂယက်ကြီးတစ်ခု တဖြည်းဖြည်း ဖြစ်ပေါ်လာပြီး ပိုပိုပြီး နက်ရှိုင်းလာခဲ့ပါသည်။ နောက်ဆုံးတော့ ဧရာမ အနက်ရောင် တွင်းပေါက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပါတော့သည်။
အရာအားလုံးကို ဝါးမျိုနိုင်သည့်ပုံစံဖြစ်သည်။
"အချက်ပြမှုကို ဆက်သွယ်ပြီးပါပြီ။”
"အာကသ လမ်းကြောင်းကြီး တည်ငြိမ်ပါတယ်။”
"စွမ်းအင် ထုတ်နှုန်း၊ ဝမ်းတုံး"
"ဒြပ်မှုန် လည်ပတ်မှု တည်ငြိမ်ပါတယ်။”
...
ဒေတာမျိုးစုံကို အနှစ်ချုပ်တင်ပြပြီးသောအခါ နောက်ဆုံးတော့ ကောက်ချက်ချနိုင်ခဲ့သည်။ အာကသ လမ်ကြောင်းကြီး တည်ငြိမ်သွားပြီ လူနဲ့ လက်နက်ကိရိယာများကို ပို့ဆောင်ပေးလို့ရပါပြီ။
ညွှန်ကြားရေး စင်တာမှ အမိန့်ကို နာခံပြီး အာကာသ လမ်းကြောင်းကြီးထဲ ပထမဆုံး ဝင်ရောက်ရသူများက လက်နက်အပြည့်အစုံ တပ်ဆင်ထားသည့် စက်ရုပ်ယူနစ်ဖြစ်ပါသည်။
၎င်းတို့ အရေအတွက်က ထောင်ကျော်ပြီး အားလုံးက ၃ မီတာ ၄ မီတာလောက် မြင့်မားသည့် လူသားပုံစံ သံချပ်ကာစက်ကြီးများထဲတွင် ဝင်ရောက်နေကြကာ အဆင့်အမြင့်ဆုံး လေဆာသို့မဟုတ် လျှပ်စစ်သံလိုက် လက်နက်များကို ကိုင်ဆောင်ထားကြပါသည်။
ထို့အပြင် ထိုစက်ရုပ်များ၏ အပေါ်ဘက် မျက်နှာပြင်ကို အဆင့်အမြင့်ဆုံး စူပါ ကာကွယ်ရေးကော်ဖြင့် လောင်းထားသည်။
လူသားပုံစံ စက်ရုပ်များ ဝဲဂယက်ကြီးထဲ ဝင်သွားသောအခါ ချက်ချင်းပဲ ထိုလူသားပုံစံ စက်ရုပ်များက ဒြပ်မှုန်များအဖြစ်ပြိုကွဲကာ လေးဖက်မြင် နေရာထဲတွင် မြင့်တက်ပြီး အင်မော်တယ် ကျင့်ကြံခြင်းလောကထဲတွင် ပြန်ပေါ်လာမည်ဖြစ်သည်။
အင်မော်တယ် ကျင့်ကြံခြင်းလောကထဲတွင် ဒီလို နေရာပြောင်းသည့် ကိရိယာမျိုး မရှိပါ။ ထို့အစား ပစ်မှတ်ကို တိတိကျကျ နေရာလွှဲပြောင်းပေးသည့် တည်နေရာချ ကိရိယာ တစ်ခုဖြင့် သွားရခြင်းဖြစ်သည်။
ခဏကြာသောအခါ လေထဲမှ ထိုလူသားပုံစံစက်ရုပ်များ ပေါ်လာသည်ကို မြင်နိုင်ပါသည်။ ထိုလူသားပုံစံ စက်ရုပ်များက အရပ်မျက်နှာ မျိုးစုံတွင် ဖြန့်ကျက်ကာ စတင်ကာကွယ်တော့သည်။
ထို့နောက် တင့်ကားများ၊ သံချပ်ကာယာဥ်များ၊ အမြှောက်ကြီးများကဲ့သို့သော လက်နက်ကြီးများ ပေါ်လာကြသည်။
လက်နက်ကြီးမျိုးစုံ တင်ဆောင်ထားသည့် စစ်တပ် ထရပ်ကားကြီးများလည်း ရှိပါသည်။
သုတေသနပညာရှင်များစွာကိုလည်း ပို့ဆောင်လိုက်သည်။
သူတို့ရွေးချယ်လိုက်သည့် နေရာက လူနေကျဲပါးသော နေရာတစ်ခုဖြစ်ပါသည်။ မိုင်ထောင်ချီအတွင်း လူသားနေထိုင်သည့် အရိပ်အယောင်ကို မတွေ့ရပါ။
အဘယ့်ကြောင့်ဆိုသော် သူတို့ ဂိုဘီကန္တာရထဲ ရောက်ရှိနေကြာတာ ဖြစ်သောကြောင့် ဖြစ်ပါသည်။
နာရီပိုင်း အနည်းငယ်လောက်အတွင်း ပတ်လည် မိုင်ဆယ်ချီ ကွာဝေးသော ဧရိယာ တစ်ခုက ဧရာမ စစ်တပ်စခန်းကြီးတစ်ခုဖြစ်လာခဲ့သည်။ မရေမတွက်နိုင်ေသာ ကာကွယ်ရေးလက်နက်များကို တပ်ဆင်ထားကြသည်။
စစ်တပ် ဟယ်လီကော်ပတာများလည်း လေပေါ်တွင် ပျံသန်းနေပါပြီ။
ဒုံးပျံလွှတ်တာဝါငယ်များကို တည်ဆောက်နေကြသည့် အင်ဂျင်နီယာတချို့ပင် ရှိသေးသည်။ ဒီလောကထဲတွင် ဂြိုဟ်တုငယ်များ လွှင့်တင်ဖို့ ပြင်ဆင်နေကြပါသည်။
တစ်ဖက်တွင် ဧရာမ ဒြပ်မှုန် အရှိန်မြှင့်စက်ကြီးများ၊ နျူးကလီးယား ဓာတ်ပေါင်းဖိုများနှင့် တခြား စက်ရုံကြီးများကိုလည်း တည်ဆောက်နေကြပါပြီ။
အားလုံးကို ပြင်ဆင်ပြီးတာ ကြာပြီဖြစ်ပြီး သူတို့ အကောင်အထည်ဖော်ဖို့သာ လိုအပ်ပါသည်။
အမှန်ပင်။ ဒါမျိုးက နာရီပိုင်းအတွင်း သို့မဟုတ်မှ ၃ ရက်မှ ၅ ရက်အတွင်း ပြီးဆုံးနိုင်သည့် အရာမျိုးတော့မဟုတ်ပေ။ အနည်းဆုံး ၁၀ ရက်မှ လဝက်လောက်အထိ အချိန်ယူရပါလိမ့်မည်။
သာမန်အခြေအနေ အောက်မှာဆို ၃ လမှ ၅ လအထိတောင် ကြာနိုင်ပါသည်။
၃ ရက်တောင် ကြာသွားခဲ့ပြီ။
ကြီးမားသည့် လက်နက်ဆောက်လုပ်ရေးကြီးများမှ အပ ကျန်တာအားလုံး ပြီးမြောက်နေပြီဖြစ်ပါသည်။
ထို့အပြင် အချိန်တိုင်းလည်း ဧရာမ အရင်းအမြစ် ပမာဏများကို ပို့ဆောင်ပေးနေသည်။
ထိုအချိန်တွင် နေရာတစ်ခု၌ ဒုံးပျံတာဝါများတည်ဆောက်ပြီးစီးသွားခဲ့ပါပြီ။
ဒေတာချိန်ညှိရေး၊ ကိုသြဒိနတ် နေရာချခြင်းနှင့် တခြား လုပ်ငန်းမျိုးစုံတို့ကို ဆောင်ရွက်နေကြပြီဖြစ်သည်။
စခန်းတစ်ခုလုံး အလုပ်များနေခဲ့ပါသည်။
တစ်ချိန်တည်းမှာပဲ စူးစမ်းရှာဖွေရေး အဖွဲ့နှင့် ကင်းလှည့်တပ်ဖွဲ့တို့ကို လွှတ်လိုက်ပါသည်။ ဘေးပတ်လည် နယ်မြေတွင် ရှိနေသည့် သတ္တုအရင်းအမြစ်ထုတ်လုပ်မှုများကို ရှာဖွေဖို့ ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် ဒီကမ္ဘာကြီးမှာနောက်ပိုင်း အခြေချပြီး နေထိုင်ဖို့အတွက်က သေချာပေါက် မူလကမ္ဘာ၏ ပို့ဆောင်ရေးများကို အားကိုးလို့မဖြစ်ပါ။ ထို့အစားသူတို့ ဒီကမ္ဘာထဲမှာပဲ သတ္တုများကို တူးဖော်သုံးစွဲရပါလိမ့်မည်။
သတ္တုတူးစက်များ၊ သတ္တုဗေဒ ပညာရှင်များနှင့် တခြား ကိရိယာများကိုလည်း တစ်ခုပြီး တစ်ခု ပို့ဆောင်နေကြပါသည်။
မျက်စိတစ်မှိတ်အချိန်အတွင် ၁၀ ရက်ကျော် ကြာသွားခဲ့ပြီဖြစ်သည်။
သဘာဝ အရင်းအမြစ်မျိုးစုံကိုလည်း တစ်ခုပြီးတစ်ခု ရှာဖွေတွေ့ရှိခဲ့ကြသည်။ ဒီလောကက အရင်းအမြစ်ကြွယ်ဝမှုက ထင်ထားတာထက် ပိုကောင်းလွန်းနေပါသည်။
ထို့ကြောင့် ဟွာနိုင်ငံ၏ အထက်လူကြီးများ အလွန်အမင်း စိတ်လှုပ်ရှားခဲ့ကြရသည်။
ထိုအချိန်တွင် ခပ်လှမ်းလှမ်းတွင်ရှိနေသည့် မြင့်မြတ်သော ခွန်းလွန်မြေတွင်။
နတ်ဝိညာဥ်လောင်း ပြီးပြည့်စုံသခင်များ စုစည်းခဲ့ကြသည်။
"ငါ လတ်တလောမှာ ခံစားချက်တွေ မကောင်းဘူး။”
"ကျုပ်ကောပဲ။ ကြီးမားတာ တစ်ခုခုဖြစ်တော့မယ်လို့ ကျုပ်ခံစားနေရတယ်။”
"စကားမစပ် မကြာသေးခင်က ထူးဆန်းတဲ့ လူတစ်ယောက်ကို ဖမ်းမိခဲ့တယ်လို့ပြောကြတယ် မဟုတ်လား။ သူ့ဝိညာဥ်ထဲမှာ ရှာဖွေကြည့်လိုက်တော့ သေမျိုးလောကကလို့ ထင်ရတဲ့ အချက်အလက်တွေကို ရလိုက်တယ် မလား။”
"ဟုတ်တယ် အမှန်ပဲ။"
"မဟုတ်မှလွဲရော အဲ့တာနဲ့များ သက်ဆိုင်နေမလား။”
"မဖြစ်နိုင်တာ။ ငါတို့တောင် မော်တယ်လောကထဲ မဝင်နိုင်ဘူး။ ဘာလို့ မော်တယ်လောကထဲက လူတွေက ငါတို့ ကျင့်ကြံခြင်းလောကထဲ ဝင်လာနိုင်တဲ့ အစွမ်းအစရှိမှာလဲ။ အဲ့ဒီကောင်ကလည်း မတော်တဆ ရောက်လာတာလို့ပဲ ငါထင်တယ်။ အရင်က မဖြစ်ဖူးတာမျိုးမှ မဟုတ်တာ။”
"အမှန်ပဲ။ လောက နှစ်ခုက ပိုင်းခြားထားပေမယ့် ဟာကွက်တွေဆိုတာ အမြဲရှိတယ်။ အဲ့ဒီ ဟာကွက်တွေရဲ့ တည်နေရာက ပုံသေမရှိတာ ဆိုးတယ်။ အမြဲတမ်း နေရာပြောင်းနေကြတာ။”
"ဘာပဲဖြစ်ဖြစ် ငါတို့အဘိုးကြီးတွေ ခံစားချက် မကောင်းဘူးဆိုတော့ တစ်ခုခုကြီးမားတာ ဖြစ်နေပြိထင်တယ်။”
"ဟုတ်တယ်။ အင်မော်တယ်လောကရဲ့ အင်မော်တယ် မျိုးစေ့ စီမံကိန်းပြီးကတည်းက သူတို့တွေ ဘာမှမလုပ်ကြသေးတာ။ သူတို့ရဲ့ ရည်ရွယ်ချက်က ဘာများလဲမသိဘူးနော်။”
"ဒီလိုလုပ်ကြရင်ကော။ နေရာပေါင်းစုံကို ကင်းလှည့်ဖို့ လူတစ်စုလောက်လွှတ်လိုက်ကြမယ်။”
"အဲ့ဒီနည်းလမ်းပဲ ရှိတော့မှာပေါ့။”
မကြာမီ နတ်ဝိညာဥ်လောင်း ပြီးပြည့်စုံ သခင်ကြီးများ သဘောတူညီမှုရကာ ဂိုဏ်းမျိုးစုံကို အမိန့်ပေးလိုက်ကြပါသည်။
အရှေ့ပိုင်း တာအိုပိုင်နက်အတွင်းမှ ထိပ်တန်း ဂိုဏ်းပေါင်းစုံက ၎င်းတို့၏ တပည့်များကို လွှတ်ကာ လောကထဲတွင် ကင်းလှည့်စေခဲ့သည်။
အမှန်ပင်။ ဂိုင်းအသေးစားနဲ့ အလတ်စားများလည်း သတင်းကြားမိကြပါသည်။
...
ကောင်းကင်ဘုံလှိုဏ်ဂူ စိုက်ပျိုးရေးခြံတွင်။
ယဲ့ရှောင်ချန်း ခြေပုလ္လင်ခွေကာ ထိုင်နေသည်။
သူ့နောက်တွင် ကောင်းကင်ပေါ်ထိ ထိုးတက်နေသော ကြီးမားပြီး ထူးဆန်းသည့် အပင်တစ်ပင် ရှိနေသည်။
ရုတ်တရက် ယဲ့ရှောင်ချန်း မျက်လုံးကိုဖွင့်ပြီး ခပ်ပါးပါး ပြုံးလိုက်ပါသည်။
"ဟင်းဟင်း ချန်းအိုက ကောင်းကင်ဘုံလှိုဏ်ဂူ လက်မှတ်ကို ကျင့်ကြံခြင်းလောကထဲ ယူသွားပြီပဲ။ အခုချိန်ကစပြီး ဆန္ဒရှိတဲ့အတိုင်း ကျင့်ကြံခြင်းလောကထဲ ဝင်နိုင်ထွက်နိုင်ပြီ။”
ယဲ့ရှောင်ချန်းက တစ်ယောက်တည်း ရေရွတ်လိုက်ပါသည်။
သူ ကောင်းကင်ဘုံလှိုဏ်ဂူကို အသုံးပြုပြီး မော်တယ်လောကနှင့် ကျင့်ကြံခြင်းလောကအကြားထဲ ဝင်နိုင်ထွက်နိုင်ပါသည်။
မော်တယ်လောကနှင့် ကျင့်ကြံခြင်းလောကတို့ အကြားက တိုက်ပွဲကို သူ အလွန်စိတ်ဝင်စားမိပါသည်။
တရုတ်စစ်တပ်နှင့် မိုင်ဆယ်ချီကွာဝေးသော သစ်တောတစ်ခုထဲတွင်။
လေထဲမှ လူရိပ်တစ်ခုပေါ်လာခဲ့သည်။
ယဲ့ရှောင်ချန်း ဖြစ်ပါသည်။
ချန်းအိုက တစ်ယောက်ယောက်ကို လွှတ်ပြီး ကောင်းကင်ဘုံလှိုဏ်ဂူလက်မှတ်ကို ဒီနေရာမှာ ထားခဲ့ပါသည်။
ကောင်းကင်ဘုံလှိုဏ်ဂူ လက်မှတ်ကို မသိမ်းဘဲ လှိုဏ်ဂူထဲမှ ပျံထွက်လာခဲ့သည်။
ဒီ ကျင့်ကြံခြင်းလောကထဲက ဝိညာဥ်ချီအက အတော်လေး ကြွယ်ဝသည်ကို ခံစားမိသည်။ သို့သော် အရည်အသွေးကတော့ အင်မော်တယ်လောကကြီးအောက် အလွန်နိမ့်နေပါသည်။
ဒီနေရာမှာ ထင်းမီးအသုံးပြုပြီး အင်မော်တယ်လောကမှာက နျူးကလီးစွမ်းအင် အသုံးပြုသလိုမျိုး ကွာခြားသည်။
ကွာခြားချက်က အဲ့လောက် ကြီးပါသည်။
အင်မော်တယ် ဝိညာ်ချီဖြင့် ကျင့်ကြံခြင်းကို အသားကျနေသော ယဲ့ရှောင်ချန်းအတွက် ဒီလို အဆင့်နိမ့် ဝိညာဥ်ချီကို ရှူသွင်းဖို့ကပင် သူ့အတွက် နည်းနည်းခက်နေပါသည်။ လတ််ဆတ်သည့် လေရှိသည့် နေရာတစ်ခုမှ လေထု ညစ်ညမ်းနေသော နေရာတစ်ခုသို့ ရောက်လာရသလိုပ်င။
ယဲ့ရှောင်ချန်းက အဝတ်အစားများကို ကျင့်ကြံခြင်းလောကအတိုင်း ပြောင်းလဲဝတ်ဆင်ထားပြီးပြိဖြစ်သည်။
သူ့ပုံစံက ခရီးသွားကျင့်ကြံသူတစ်ယောက်နဲ့ တူနေပါသည်။
ဒီလိုနဲ့ ယဲ့ရှောင်ချန်းက မိုင်ရာချီအဝေးသို့ ပျံသန်းသွားပြီး မြို့ကြီးတစ်မြို့သို့ ရောက်ရှိလာခဲ့ပါသည်။
ဒီမြို့ကြီးက ရုပ်သံ ဇာတ်လမ်းများထဲက ရှေးဟောင်း မြို့ကြီးများနှင့် ဆင်တူလှပါသည်။
လမ်းမများတွင် ရှေးဟောင်းဝတ်စုံများ ဝတ်ဆင်ထားသည့် ယောက်ျား မိန်းမများဖြင့် ပြည့်နှက်နေခဲ့သည်။
သို့သော်လည်း ဓားများ ကိုင်ဆောင်ထားသည့် လူများစွာလည်း ရှိနေပါသည်။
ဒါက ကျင့်ကြံခြင်းလောကဖြစ်ပြီး မော်တယ် နိုင်ငံတော်များလည်း ရှိသည်။ ဝိညာဥ် အခြေခံအုတ်မြစ် မပါသည့် လူများက သိုင်းပညာကို ကျင့်ကြံကြပါသည်။
ထို့ကြောင့် သိုင်းပညာရှင် များစွာ ရှိ၏။
ကျင့်ကြံသူများက ပို၍ပင် အဆင့်မြင့်ပြီး သူတို့ကိုယ်သူတို့ အင်မော်တယ်များဟု ခေါ်ဝေါ်ကြပါသည်။
ဒီလောကထဲက လူများတွင် အင်မော်တယ် ဖြစ်လာဖို့ ပန်းတိုင်ရှိကြပါသည်။
အတွေးတစ်ခုတည်းနှင့် ဒီမြို့ကြီးတွင် အမြင့်ဆုံး ကျင့်ကြံခြင်းအဆင့်မှာ ချီသန့်စင်ခြင်း စစ်သည်တော် အဆင့်သာဖြစ်သည်ကို အာရုံခံလိုက်မိပါသည်။ အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့် အထက် ရှိသူ ၂၀ မကျော်ပါ။ ကျန်တာအားလုံးက သိုင်းပညာရှင်နှင့် သာမန်လူများ ဖြစ်ကြပါသည်။
လျန်ယူကျူးနှင့် တခြားသူများထံမှ ရရှိထားသော အချက်အလက်များအရ ကျင့်ကြံခြင်းလောကကြီး တစ်ခုလုံးကို အရှေ့ပိုင်းတာအို နယ်မြေ၊ အနောက်ပိုင်း နတ်ဘုရားနယ်မြေ၊ တောင်ပိုင်း စုန်းနယ်မြေနဲ့ မြောက်ပိုင်းမိစ္ဆာနယ်မြေဟု ပိုင်းခြားထားကြသည်။ ဗဟိုကတော့ တစ္ဆေနယ်မြေ ဖြစ်၏။
အနောက်ပိုင်း နတ်ဘုရားနယ်မြေမှာ နတ်တာအိုကို အဓိက ကျင့်ကြံကြသော လူဖြူများဖြင့် ဖွဲ့စည်းထားသည်။
တောင်ပိုင်းစုန်းနယ်မြေတွင် အောက်လမ်း မှော်ပညာမျိုးစုံကို ကျင့်ကြံကြသည့် လူမည်းများဖြင့် အဓိက ဖွဲ့စည်းထားသည်။
မြောက်ပိုင်းမိစ္ဆာနယ်မြေတွင် မိစ္ဆာများဖြစ်လာအောင် ကျင့်ကြံနိုင်သော သားရဲများ ရှိသည်။ မိစ္ဆာဘုရင်မျိုးစုံနှင့် မိစ္ဆာကြီးများစွာက သောင်းကျန်းလျက်ရှိပြီး လူသားမိစ္ဆာ ဂိုဏ်းတချို့လည်း ရောနှောပါဝင်နေပါသေးသည်။
ဗဟို တစ္ဆေနယ်မြေကတော့ စွမ်းအားအကြီးဆုံး နယ်မြေ ဖြစ်သည်။ စွမ်းအားကြီး တစ္ဆေ ကျင့်ကြံသူများဖြင့် ပြည့်နှက်နေ၏။
တစ္ဆေနယ်မြေက ဗဟိုကို သိမ်းပိုက်ထားရခြင်း အကြောင်းရင်းမှာ တစ္ဆေနယ်မြေတွင် နှစ်တစ်သောင်း သက်တမ်းရှိသော တစ္ဆေတစ်ကောင်ရှိနေသောကြောင့်ဖြစ်သည်။ သူမ၏ ခွန်အားက ဝိညာဥ်ခွဲထွက်အဆင့်နဲ့ ယှဥ်နိုင်ပြီး အခြေတည် စိတ်ဝိညာဥ်အဆင့်အထက်တွင်ရှိနေပါသည်။
ထိုနှစ်တစ်သောင်းသက်တမ်းရှိ တစ္ဆေက မြေအောက်လောကကို ဆင်းသက်သင့်တာ ကြာပြီဖြစ်သော်လည်း ကျင့်ကြံခြင်းလောကမှာသာ ဆက်နေနိုင်သေးသည်။ သူ ဘယ်လို နည်းလမ်းမျိုး သုံးထားသလဲ မသိရပါ။
တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်း အဆင့်က အဆင့်တစ်ခုကို ရောက်သွားပြီဆိုတာနဲ့ ဒီကမ္ဘာကြီး၏ စည်းမျဥ်းစည်းကမ်းများ၏ ငြင်းဆန်မှုကို ခံရလိမ့်မည်။
ထိုနှစ်တစ်သောင်း သက်တမ်းရှိ တစ္ဆေကြီး၏ တည်ရှိမှုကြောင့် ဗဟို တစ္ဆေနယ်မြေက စွမ်းအားကြီးဆုံး နယ်မြေဖြစ်လာရခြင်းပဲ ဖြစ်ပါသည်။
ယဲ့ရှောင်ချန်းက ဒီလောက၏ တိုင်းရေးပြည်ရေးကို စုံစမ်းဖို့ ရောာက်လာတာ မဟုတ်ပါ။
မိစ္ဆာအပင်များကို ပျိုးထောင်ဖို့ သီးခြား နေရာတစ်ခုကို ရှာဖို့လာခဲ့ခြင်းဖြစ်သည်။ မိစ္ဆာအပင်များက သေမျိုးလောကမှာကော ကောင်းကင်ဘုံလှိုဏ်ဂူထဲမှာကော စိုက်ပျိုးလို့မရသည့် အန္တရာယ်ရှိသည့် သတ္တဝါများဖြစ်ကြပါသည်။ ဘာပဲဖြစ်ဖြစ် နယ်မြေက သေးငယ်လွန်းနေသည်။ သူက အင်မော်တယ်အပင်များစိုက်ပျိုးချင်ခြင်းဖြစ်ပါသည်။
ထို့ကြောင့် ဒီလိုကျင့်ကြံ လောကမှာပဲ လာရောက် စိုက်ပျိုးနိုင်တော့သည်။
ကျင့်ကြံခြင်းလောကကြီး၏ ဧရိယာက မော်တယ်လောကအောက်မ မနိမ့်ပါ။ ကျင့်ကြံခြင်းလောကနှင့် မော်တယ်လောတို့မှာ တစ်ဖက်တည်းဖြစ်ကြပြီး ဧရိယာကလည်း တကယ်တော့ အတူတူလောက်ပဲ ကျယ်ဝန်းပါသည်။
သို့သော်လည်း ကျင့်ကြံခြင်းလောကမှ လူဦးရေက သေမျိုးလောက၏ လူဦးရေထက် အများကြီး နည်းပါးပါသည်။
ကျင့်ကြံခြင်းလောကတွင် ဝိညာဥ်ချီများဖြင့် ပြည့်နှက်နေသော်လည်း အန္တရာယ်မျိုးစုံဖြင့် ပြည့်နှက်နေသာ နေရာလည်း ဖြစ်ပါသည်။ ကြမ်းကြုတ်သည့် သားရဲကြီးများနှင့် မိစ္ဆာ သားရဲကြီးများက သောင်းကျန်းလေ့ရှိသည်။
မြို့ရွာများက အချိန်မရွေးပျက်စီးသွားနိုင်၏။ စစ်ပွဲကပ်ဘေးများအပြင် သေဆုံးနှုန်းကလည်း များပြားလွန်းပါသည်။
ဒါက သိုင်းပညာရှင်များနှင့် အင်မော်တယ် ကျင့်ကြံသူများကြီးစိုးသည့် အင်မော်တယ် ကျင့်ကြံခြင်းလောကဖြစ်သည်။
တစ်ခုတည်းသော ကောင်းကွက်မှာ ဒီကမ္ဘာကြီးတွင် အစာရေစာ ပြတ်လတ်မှု မရှိနိုင်ကာ ရောဂါများလည်း နည်းပါးလိမ့်မည်။
ထို့ကြောင့် လောကထဲက လူဦးရေအများစုက မြို့ကြီးများတွင်သာ စုပြုံနေတတ်ပြီး နယ်မြေ ဧရိယာကျယ်ကြိးများက လူသူကင်းမဲ့လျက်ရှိပါသည်။
ထို့ကြောင့် မိစ္ဆာအပင်များကို ပျိုးထောင်ဖို့ ယဲ့ရှောင်ချန်းက လူသူကင်းမဲ့မြေတစ်ခုကို ရှာချင်ခြင်းဖြစ်ပါသည်။ ပြဿနာမရှိပါ။
မြို့တော်၏ ဘေးပတ်လည် ဧရိယာ မြေပုံတစ်ခု ယဲ့ရှောင်ချန်းတွင် ရှိနေပါသည်။
အန္တရာယ်ရှိသည့် နေရာမျိုးစုံကို မှတ်သားထားသည်။
ယဲ့ရှောင်ချန်းက အန္တရာယ်များပြီး တားမြစ်ထားသည့် နေရာတစ်ခုကို ရှာချင်နေပါသည်။ ထိုမှသာ အနှောင့်အယှက်မရှိမည်ဖြစ်သည်။