← Chapters

တာဝေးပစ်တိုက်ခိုက်မှု

Vol. 21 Ch. 307

တာဝေးပစ်တိုက်ခိုက်မှု

Vol. 21 Ch. 307

သေသေချာချာ စဥ်းစားချင့်ချိန်ပြီးနောက် ယဲ့ရှောင်ချန်း မိုးကြိုးမုန်တိုင်းတောင်ကြားကို ရွေးချယ်လိုက်ပါသည်။

ထိုတောင်ကြားကြီးက အလွန်ကြီးမား၏။ ဧရာမ ချိုင့်ဝှမ်းကြီးတစ်ခုဖြစ်ပါသည်။

မိုးကြိုးမုန်တိုင်းတောင်ကြားတွင် တစ်နှစ်ပတ်လုံး လေထန် မိုးကြိုးများဖြင့် ပြည့်နှက်နေပြီး အလွန်ထူးဆန်းလှပါသည်။

ထို့အပြင် ကျတ်တီးမြေတစ်ခုဖြစ်ပြီး အရင်းအမြစ်များကလည်း အလွန်နည်းပါးသည်။

အနီးအနားတွင် ကျင့်ကြံဂိုဏ်းတစ်ခုမှ မရှိပါ။

ဒီလိုနေရာမျိုးက ယဲ့ရှောင်ချန်းအတွက် အသင့်တော်ဆုံးဖြစ်ပါသည်။

ယဲ့ရှောင်ချန်း ချက်ချင်းပဲ မြို့ကြီးက ထွက်လာပြီး မိုးကြိုးမုန်တိုင်းတောင်ကြားဆီသို့ ဦးတည်လိုက်ပါသည်။

ကီလိုမီတာ ရာချီ ပျံသန်းပြီးနောက် နောက်ဆုံးတော့ မိုးကြိုးမုန်တိုင်း တောင်ကြားထဲသို့ သူရောက်ခဲ့သည်။ လမ်းတစ်လျှောက်တွင် ဝိညာဥ်သားရဲနှင့် မိစ္ဆာသားရဲ တချို့ကို သူတွေ့ခဲ့ပါသည်။ သို့သော်လည်း ရွှေဗဟို အဆင့်ရှိနေသော ယဲ့ရှောင်ချန်းကို ရင်ဆိုင်ရချိန်တွင် ထိုသားရဲများ ထွက်ပြေးသွားခဲ့ကြပါသည်။

အင်မော်တယ် ကျင့်ကြံခြင်းလောကတွင် ရွှေဗဟို အဆင့် ကျင့်ကြံသူကို အဆင့်မြင့်တိုက်စွမ်းအားရှိသူဟု သတ်မှတ်နိုင်ပါသည်။

ယဲ့ရှောင်ချန်းက မိုးကြိုးမုန်တိုင်းတောင်ကြား၏ အခြေအနေကို သေသေချာချာ ဆန်းစစ်လိုက်ပြီး တကယ်ပဲကောင်းကင်ပေါ်တွင် လေပြင်းများတိုက်ခိုက်နေသည်ကို တွေ့လိုက်ရပါသည်။ လျှပ်စီးများ လက်နေပြီ မိုးခြိမ်းသံများလည်း ထွက်ပေါ်နေသည်။ ပတ်ဝန်းကျင်တစ်ခုလုံးက အလွန်ထူးဆန်းသည်။

မကြာခဏ မိုးကြိုး ပစ်ချတတ်၏။

မြေကြီးက အဝါရောင် တောက်လောက်နေပြီး မြက်တစ်ပင်တောင် မရှင်သန်ပါ။ သို့သော် အပင်နှင့် သစ်ပင်အလွန်နည်းပါးစွာ ရှိနေသည်။

"ဟားဟား ဒီလိုနေရာမျိုးမှာ မိုးကြိုးလွှဲတပ်လိုက်ရင် ပြဿနာ ပြေလည်သွားမှာပါ။”

ယဲ့ရှောင်ချန်း ပြုံးလိုက်ပါသည်။

ချက်ချင်းပဲ ကောင်းကင်ဘုံလှိုဏ်ဂူထဲသို့ ပြန်သွားပြီး မိုးကြိုးလွှဲကို တည်ဆောက်ဖို့ ပစ္စည်းများသွား ဝယ်လိုက်သည်။

အင်မော်တယ် ကျင့်ကြံခြင်းလောကထဲသို့ ပြန်လာသောအခါ ယဲ့ရှောင်ချန်း တခြားသူများကို အလုပ်ပေးလိုက်ပါသည်။

လျန်ယူကျူးနှင့် တခြားသုံးယောက်တို့က အင်မော်တယ် ကျင့်ကြံခြင်းလောကကို ပြန်လာရသဖြင့် အလွန်ပျော်ရွှင်နေကြပါသည်။

သူတို့ လက်ရှိဘဝနှင့် ပတ်ဝန်းကျင်ကို သဘောကျသော်လည်း သူတို့မွေးရပ်မြေဖြစ်သည့် အင်မော်တယ် ကျင့်ကြံခြင်းလောကကိုတော့ သတိရပါသေးသည်။ ဘာပဲဖြစ်ဖြစ် ဒီနေရာမှာ သူတို့ နှစ်တွေ ဆယ်ချီပြီး နေထိုင်ခဲ့ကြရတာ မဟုတ်လား။

သူတို့ထွက်လာခဲ့တုန်းက အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့်တွင် ရှိနေပြီး ချီစွမ်းအင်ကို ကျင့်ကြံဖို့ မျှော်လင့်ချက်မရှိခဲ့ပါ။

သို့သော်လည်း အခုတော့ နှစ်အနည်းငယ် အတွင်းမှာတင် ရွှေဗဟိုအဆင့် ကျွမ်းကျင်သူများ ဖြစ်လာခဲ့ကြပါသည်။

အရင်ဂိုဏ်းများမှာသာဆို သူတို့ အကြီးအကဲများ ဖြစ်နေနိုင်ပြီ။

ကံဆိုးစွာဖြင့် သူတို့ ယခုပြန်သွားလို့ မရတော့ပါ။

ဆောက်လုပ်မှုကျွမ်းကျင်သူ များစွာကြောင့် အဆင်ပြေချောမွေ့မှုက အလွန်မြင့်မားပါသည်။

မကြာမီ မြေနေရာမြင့် နေရာများစွာတွင် တာဝါကြီးများကို တည်ဆောက်ပြီးသွားပါပြီ။

သာမန်လူများအတွက်တော့ မိုးကြိုးများ မကြာခဏပစ်နေသည့် ဒီလိုနေရာမျိုးတွင် သံမဏိတာဝါကြီးများကို တည်ဆောက်ဖို့ အလွန်အန္တရာယ်များချင် များနိုင်သည်။

သို့သော် အခုအားလုံးက ရွှေဗဟိုအဆင့် ကျင့်ကြံသူများဖြစ်သဖြင့် ပြဿနာ မရှိပါ။

မိုးကြိုးလွှဲကို တည်ဆောက်ပြီးသောအခါ တိမ်ထဲက မိုးကြိုးများကို ဆွဲငင်နိုင်ခဲ့ပါသည်။ မြေပေါ်သို့ မပစ်တော့ပါ။

ယဲ့ရှောင်ချန်းက ကျေနပ်စွာ ခေါင်းငြိမ့်လိုက်ပါသည်။

ဒါက သိပ္ပံစွမ်းအားပဲဖြစ်သည်။

အင်မော်တယ် ကျင့်ကြံခြင်းလောကမှ လူတစ်ယောက်သာဆို ဘာမှလုပ်နိုင်မှာမဟုတ်လောက်ပါ။

ထို့နောက် ယဲ့ရှောင်ချ်းက မိစ္ဆာအပင်မျိုးစေ့ များစွာကို ထုတ်လိုက်ပြီး မြေပေါ်သို့ အညီအမျှ ကြဲလိုက်ပါသည်၊။ ထို့နောက် ဖွံ့ဖြိုးခြင်း အနုပညာကို အသုံးပြုလိုက်သည်။

အလင်းတန်းများ ပြန့်ထွက်သွားပြီး နယ်မြေကျယ်ကြီးတစ်ခုကို ဖုံးလွှမ်းသွားခဲ့ပါသည်။

သူ အခု အသုံးပြုနေသည့် နည်းလမ်းက အခြေခံအုတ်မြစ် တည်ဆောက်ခြင်း ကျင့်ကြံသူ လုပ်နိုင်မည့်အရာမျိုးနှင့် အကွာကြီး ကွာနေပါပြီ။

ချက်ချင်းဆိုသလိုပဲ သာမန်မျက်စိဖြင့် မြင်နိုင်သောနှုန်းဖြင့် ထိုမိစ္ဆာအပင်များက စတင် အမြစ်ကုပ်ကာ အညှောင့်ပေါက်လာခဲ့သည်။ ထို့နောက် လျင်မြန်စွာ ကြီးထွားဖွံ့ဖြိုးလာခဲဲ့၏။

ဒီလောကထဲက ကြွယ်ဝသော ဝိညာဥ်စွမ်းအင်ကြောင့် ဖွံ့ဖြိုးကြီးထွားနှုန်းက အလွန်မြန်ပါသည်။

မိစ္ဆာအပင်များ အရွယ်ရောက်ဖို့ သိပ်မကြာလိုက်ပါသည်။

မိစ္ဆာအပင်များ၏ ပုံသဏ္ဌာန်က ထူးဆန်းနေပါသည်။

ဥပမာအားဖြင့် ပဲနီစေ့လေးပစ်သမား ကို အနီရောင် အင်မော်တယ်ပဲစေ့မှအသွင်ပြောင်းထားခြင်းဖြစ်ပြီး မီးလုံးများကို ထုတ်လုပ်နိုင်သည်။

၎င်း၏ တိုက်ခိုက်နှုန်းကလည်း အချိန်အပေါ် မူတည်ပါသည်။

မကြာခဏ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေ ဝိညာဥ်ချီကို စုပ်ယူပြီး မီးဒြပ်စင်စွမ်းအင်အဖြစ် စုစည်းသည်။ အခွံထဲတွင် အရှိန်ယူပြီးသွားသောအခါ အချိန်မရွေးပေါက်ထွက်နိုင်၏။

အများဆုံး မီးလုံး ၃ လုံးမှ ၅ လုံးအထိ သိုလှောင်နိုင်ပါသည်။

၎င်း၏ စွမ်းအားကတော့ ချီသန့်စင်ခြင်းအဆင့်လောက်ရှိနိုင်ပါသည်။

အဆင့်မြင့် မိစ္ဆာအပင်များကိုတော့ လောလောဆယ် ယဲ့ရှောင်ချန်း မပျိုးထောင်နိုင်သေးပါ။

ဒီလိုဆိုရင်တောင် အံ့သြဖို့ ကောင်းလွန်းနေပါပြီ။

အဘယ့်ကြောင့်ဆိုသော် ယဲ့ရှောင်ချန်းက မိစ္ဆာအပင် ပင်လယ်ကြီးတစ်ခုကို ပျိုးထောင် ဖန်တီးနေနိုင်ပြီဖြစ်သည်။ ကြီးမားသော တိုက်ခိုက်မှု အာနိသင်က သေချာပေါက် ထိတ်လန့်ဖို့ ကောင်းပါလိမ့်မည်။

ထို့အပြင် ယဲ့ရှောင်ချန်းက မိစ္ဆာအပင်ကြီးများကိုလည်း ပျိုးထောင်ပြီးသားဖြစ်ပါသည်။ ဥပမာအားဖြင့် ဒုဓလီ မိစ္ဆာသစ်ပင် ဖြစ်ပါသည်။

ထိုအပင်များက လက်တွေ့လောကမှ ဒုဓလီနှင့် ဒုဓလီအင်မော်တယ်နွယ်ပင်တို့ကို ပေါင်းစပ်ကာ ပျိုးထောင်ထားသော မိစ္ဆာ အပင်များ ဖြစ်ကြပါသည်။

၎င်းတို့က အလွန်ကြီးမားသည်။ ကောင်းကင်အထိ ရောက်သော သစ်ပင်ကြီးများလို ဖြစ်ကြပါသည်။

၎င်းတို့က ဒုဓလီမိုးကြိုးတစ်မျိုးကို ထုတ်လွှတ်နိုင်သည်။

ဒုဓလီမိုးကြိုးကို သစ်ကိုင်းများမှ ခွဲထုတ်ပြီးသောအခါ အလွန်လျင်မြန်သောနှုန်းဖြင့် ပျံသန်းအောင် ထိန်းချုပ်နိုင်သည်။ ၎င်းတို့၏ ပန်းတိုင်နေရာသို့ ရောက်သောအခါ ပြုတ်ကျပြီး ဗုံးတစ်လုံးကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားမျိုးကို ထုတ်လွှတ်နိုင်ပါသည်။

အရေးအကြီးဆုံးက ထိုမိစ္ဆာပင်အားလုံးတွင် စွမ်းရည်တစ်ခုရှိသည်။ ရွေ့လျားနိုင်သော စွမ်းရည်ဖြစ်ပါသည်။

နေရာတစ်နေရာတည်းတွင် ပုံသေစိုက်ပျိုးပြီး ကိုယ်တိုင် မရွေ့လျားနိုင်သည့် သာမန်သစ်ပင်များလို မဟုတ်တော့ပါ။

တခြား မိစ္ဆာအပင်များစွာ ရှိပြီး အားလုံးကလည်း အလွန်ထူးဆန်းကြပါသည်။

လွန်ခဲ့သော နှစ်များအတွင် ယဲ့ရှောင်ချန်း အဓိက ပျိုးထောင်နေခဲ့သော အရာလည်း ဖြစ်ပါသည်။

အတော်အတန်ကြာသည်အထိ ယဲ့ရှောင်ချန်း မိုးကြိုးမုန်တိုင်းတောင်ကြားထဲတွင် မိစ္ဆာအပင်များကို ပျိုးထောင်ခဲ့ပါသည်။

အများကြီးတော့ မစိုက်ပျိုးခဲ့ပါ။ တည်နေရာ အကန့်အသတ်ရှိနေရုံသာမကဘဲ မိစ္ဆာအပင်များကို ပျိုးထောင်သည့်အတွက် အားနည်းချက်လည်း ရှိပါသည်။

မိစ္ဆာအပင်များက ပြီးပြည့်စုံခြင်း မရှိသေးသောကြောင့်ဖြစ်သည်။

ထို့ကြောင့် ဒီအချိန်တောအတွင်း ၎င်းတို့ကို ပြီးပြည့်စုံအောင် သူပျိုးထောင်ရပါမည်။

တစ်ချိန်တည်းမှာပင် ကျင့်ကြံခြင်း လောကထဲက ဟွာနိုင်ငံခံတပ်ကိုလည်း သူအာရုံစိုက်နေပါသည်။

ချန်းအိုထံမှ သတင်းစကားများအရ ကျင့်ကြံခြင်းလောက ဒီလူမျိုးခြား ခံတပ်ကို သတိထားမိသွားပြီး ကျင့်ကြံသူများက ခံတပ် အပြင်ဘက်တွင် ပေါ်လာကြပြီဖြစ်သည်။

ပဋိပက္ခများပင် ဖြစ်ပျက်ခဲ့၏။

ထိုနေ့က ယဲ့ရှောင်ချန်း မိစ္ဆာအပင်များကို ပျိုးထောင်နေခဲ့သည်။ ရုတ်တရက် တစ်ခုခုကို သတိထားမိသွားပုံရပြီး အနောက်ဘက်သို့ ကြည့်လိုက်ပါသည်။

ရုတ်တရက် အလင်းတန်းကြီးများစွာ ကောင်းကင်ပေါ်သို့ ပစ်လွှတ်နေသည်ကို မြင်လိုက်ရပါသည်။

သူ့ခန္ဓာကိုယ် တုန်လှုပ်သွားပြီး ကောင်းကင်ဘုံလှိုဏ်ဂူကို အသုံးပြုကာ အရင်တုန်းက ရောက်ခဲ့ဖူးသည့် နေရာသို့ ပြန်လာခဲ့ပါသည်။

ချက်ချင်းဆိုသလိုပဲ ထိတ်လန့်စရာမြင်ကွင်း တစ်ခုကို သူမြင်လိုက်ရသည်။ ဒုံးကျည် ရာပေါင်းများစွာက ကောင်းကင်ပေါ်သို့ မြင့်တက်လာပြီး အရပ်မျက်နှာမျိုးစုံကို အစုလိုက် ပျံသန်းနေကြသည်။

ထိုဒုံးကျည်များအကြားတွင် နျူးကလီးယား ဗုံးများရှိနေမလားဟုပင် ယဲ့ရှောင်ချန်း သံသယ ဖြစ်မိပါသည်။ မဖြစ်နိုင်တာ မဟုတ်ပါ။

"အရာရှိကြီးတွေ တကယ်လှုပ်ရှားလိမ့်မယ် မထင်ထားဘူး။ သူတို့ လှုပ်ရှားတာနဲ့ တာဝေးပစ် ဒုံးကျည်တွေကို သုံးလိုက်တာပဲ။”

ယဲ့ရှောင်ချန်း သက်ပြင်းချလိုက်ပါသည်။

ကျင့်ကြံခြင်းလောကက ဘယ်လိုတုန့်ပြန်မလဲမသိပါ။

တကယ်တော့ ထိုဒုံးကျည်များက သာမန် အနီးကပ်နှင့် အလယ်အလတ် တာဝေး ဒုံးကျည်များ မဟုတ်ကြပါ။ ၎င်းတို့၏ ပျံသန်း လမ်းကြောင်းက အလွန်မြင့်မားသည်။ ပထမဆုံး အမြင့်ကြီးကို တက်သွားပြီး ကမ္ဘာ့ပတ်လမ်းကြောင်း အနိမ့်သို့ ဝင်ရောက်လိမ့်မည်။ ထို့နောက် တိုက်ခိုက် တာအတွင်းသို့ ဝင်ရောက်လာပြီး ကောင်းကင်ပေါ်မှ ပြုတ်ကျလာလိမ့်မည်။

ဒီလိုဆို ဒုံးကျည်အား ပယ်ချနိုင်ခြေ နည်းပါးသွားပါလိမ့်မည်။

တာဝေးပစ် ဒုံးကျည်ကြီးများက ပယ်ချဖို့ မဖြစ်နိုင်သလောက်ရှိသည်။

သူ ခေါင်းခါလိုက်ပါသည်။ စစ်ပွဲ စတင်လိုက်ပြီ ဆိုတာနဲ့ နောက်ပြန်လှည့်ဖို့ လမ်းစ မရှိတော့ပါ။

ရလဒ်က ဘယ်လိုဖြစ်လာမလဲ သူ မသိပေ။

ယဲ့ရှောင်ချန်း မိုးကြိုးမုန်တိုင်း တောင်ကြားထဲသို့ ပြန်လာပြီး အင်မော်တယ်အပင်များကို ဆက်လက် ပျိုးထောင်လေသည်။

ထိုအချိန်တွင် ဟွာနိုင်ငံတော် ခံတပ်နှင့် အနီးဆုံး အကြီးမားဆုံး ဂိုဏ်းက ရှုရှုန်ဓားဂိုဏ်းဖြစ်ပါသည်။

သူတို့က အရှေ့တာအိုနယ်မြေတွင် ကြီးမားသော ဂိုဏ်းတစ်ခုဖြစ်ပြီး သူတို့ဂိုဏ်းထဲတွင် ဝိညာဥ်လောင်းပြီးပြည့်စုံအဆင့် သခင်များစွာ ရှိပါသည်။

ရွှေဗဟိုအဆင့်လည်း အများကြီးရှိနေ၏။

အထွတ်အထိပ်သို့ ရောက်ရှိနေသည့် ဂိုဏ်းဟု ပြောလို့ရသည်။

လောကခြား ကျူးကျော်သူများ ကျင့်ကြံခြင်းလောကသို့ ဝင်ရောက်လာသည်ဆိုသော သတင်းများကြားသော်လည်း ရှုရှုန်ဓားဂိုဏ်းတွင် ဘာပြောင်းလဲမှုမှမရှိခဲ့ပါ။

ရုတ်တရက် ရှုရှုန်ဓားဂိုဏ်း၏ တောင်ဂိတ်ကို စောင့်ကြပ်နေသော နတ်ဝိညာဥ်လောင်း အဆင့် ကျင့်ကြံသူတစ်ယောက်က တစ်ခုခုကို အာရုံခံမိသွားပုံရသည်။ သူ့ခေါင်းကို မော့လိုက်ပြီး ဟင်းလင်းနယ်ထဲသို့ ကြည့်လိုက်၏။ သူ့ဝိညာဥ်အာရုံက ရုတ်တရက်ကြီး ပျံ့နှံ့သွားပြီး မမြင်နိုင်သည့် အတွေးတစ်ခုက နယ်မြေကြီးတစ်ခုကို ဖုံးလွှမ်းသွားခဲ့ပါသည်။

တချို့ ရွှေဗဟိုအဆင့် ကျင့်ကြံသူများလည်း အာရုံခံမိခဲ့ပါသည်။

ထိုအချိန်တွင် ထိုယွမ်ယင်အဆင့် အရှင်သခင်ကြီး၏ ဝိညာဥ်အသိစိတ်က အမြင့် မီတာ ၁၀,၀၀၀ ကျော်လောက်အထိ မြင့်တက်နေပြီဖြစ်သည်။ သို့သော် ဘာမှ အာရုံခံလို့မရသေးပါ။

ဒီအမြင့်က အကန့်အသတ်ရောက်နေပါပြီ။

မြေပေါ်မှာသာဆို ကီလိုမီတာ ဆယ်ချီပြီး အာရုံခံနိုင်သည်။

သို့သော်လည်း အမြင့်တွင်တော့ ခြားနားသည်။ ဝိညာဥ်အသိစိတ်ပေါ်တွင် သက်ရောက်မှုကြီးမားသည့် အလွန်အမင်း အင်အားကောင်းသော သံလိုက်စွမ်းအား တစ်ခုရှိနေသည်။

"ဘာတွေဖြစ်နေတာလဲ။ ဘာလို့ စိတ်မသက်မသာဖြစ်နေတာပါလိမ့်။”

ယွမ်ယင်အဆင့် အရှင်သခင်ကြီးက ရေရွတ်လိုက်ပါသည်။

သူ့အဆင့်နဲ့ဆို ယွမ်ယင်အဆင့် စဦး အဆင့်သာ ရှိသေးသော်လည်း အရာများကို အာရုံခံနိုင်စွမ်း ရှိနေပါပြီ။

နှိုင်းယှဥ်ကြည့်လျှင် ထိုရွှေဗဟိုအဆင့် ကျင့်ကြံသူများက အများကြီး ပိုအားနည်းကြပါသည်။

ခေတ္တစစ်ဆေးကြည့်ပြီးသောအခါ ဘာကိုမှ အာရုံမရသေးပါ။ သို့သော်လည်း ကြောက်ရွံ့မှု စိတ်ခံစားချက်ကတော့ ပိုပိုပြီး အားကောင်းလာခဲ့ပါသည်။

All Chapters