← Chapters

နူကလီးယားဗုံး

Vol. 21 Ch. 308

နူကလီးယားဗုံး

Vol. 21 Ch. 308

"ဘာဖြစ်တာလဲ။”

ရှုရှုန်ဓားဂိုဏ်း၏ ယွမ်ယင်အဆင့် အရှင်သခင်ကြီးက ရေရွတ်လိုက်ပါသည်။

"မဟုတ်မှလွဲရော ငါ့ဝိညာဥ်အာရုံက အန္တရာယ်အရင်းအမြစ်ကို အာရုံခံလို့မရတာများလား။”

သူ့ရင်ထဲက ခံစားချက်က ပိုပိုပြီး သန်မာလာခဲ့သည်။

သေချာပေါက် အထင်မှားတာမဟုတ်ဘဲ ခံစားချက်အစစ်ဖြစ်သည်။

အခြေတည် စိတ်ဝိညာဥ်အဆင့်ကို ရောက်ရှိပြီးသူတိုင်းသာ ဒီလိုခံစားချက်မျိုး ရနိုင်မည်ဖြစ်သည်။

"မဟုတ်ဘူး။ ဆန်းကြယ်လောကထဲက လူတွေကို သတိပေးရမယ်။”

အခြေတည်စိတ်ဝိညာဥ်ပြီးပြည့်စုံခြင်းအဆင့် အရှင်သခင်ကြီးက ဆန်းကြယ်လောကထဲက ကြေးဂိတ်နှင့် ဆက်သွယ်ခဲ့ပါသည်။

ရှုရှုန်ဓားဂိုဏ်းလို ဂိုဏ်းကြီးမျိုးတွင် ဆန်းကြယ်လောက ရှိပါသည်။

ကောင်းကင်ဘုံလှိုဏ်ဂူတစ်ခုပဲဖြစ်သည်။

အင်မော်တယ် ကျင့်ကြံခြင်းလောကနှင့် ဆက်နွယ်နေသော ကမ္ဘာငယ်လေး တစ်ခုဖြစ်သည်။ ထိုကမ္ဘာငယ်လေး၏ အကွာအဝေး တည်နေရာများကို သိမထားပါက သူတို့သေချာပေါက် ထိုကမ္ဘာငယ်လေးထဲ ဝင်ရောက်နိုင်မှာ မဟုတ်ပေ။

ရှုရှုန်ဓားဂိုဏ်း၏ တောင်ဂိတ်ကြီး ပြိုကွဲပြီး တပည့်များအားလုံး သေဆုံးသွားရင်တောင် ကောင်းကင်ဘုံလှိုဏ်ဂူ ဆန်းကြယ်လောက ရှိနေသရွေ့ ရှုရှုန်ဓားဂိုဏ်း၏ မျိုးဆက် ပြတ်သွားမည် မဟုတ်ပေ။

အရှေ့ပိုင်းတာအို ပိုင်နက်တွင် ကောင်းကင်ဘုံလှိုဏ်ဂူ ဆန်းကြယ်လောက ရှိသည့် ဂိုဏ်း လက်တစ်ဆုပ်စာလောက်သာ ရှိပါသည်။

ကောင်းကင်ဘုံလှိုဏ်ဂူ ဆန်းကြယ်လောက မရှိသည့် တခြားဂိုဏ်းများကတော့ ၎င်းတို့၏ ကပ်ဘေးအန္တရာယ် ခုခံကာကွယ်နိုင်စွမ်းက သူတို့ ဘယ်လောက်ပဲ စွမ်းအားကြီးနေပါစေ အားနည်းပါလိမ့်မည်။

ခုခံလို့မရသည့် အန္တရာယ်တစ်ခုကို ကြုံလာရပါက သူတို့ချက်ချင်းပဲ ရှုံးနိမ့်သွားနိုင်သည်။

ထို့ကြောင့် ကောာင်းကင်ဘုံလှိုဏ်ဂူ ဆန်းကြယ် လောကတစ်ခုကို ရှာဖွေတွေ့ရှိတိုင်း ပြိုင်ဆိုင်ခြင်းက အလွန်ပြင်းထန်သည်။ အဘယ့်ကြောင့်ဆိုသော် ကောင်းကင်ဘုံလှိုဏ်ဂူ ဆန်းကြယ်လောက တစ်ခုက သေချာပေါက် ထာဝရရှင်သန်နိုင်သည့် ဂိုဏ်းတစ်ခုကို ဖန်တီးနိုင်သောကြောင့် ဖြစ်ပါသည်။

အခြေတည်စိတ်ဝိညာဥ်ပြီးပြည့်စုံခြင်းအဆင့် အရှင်သခင်ကြီးက သူ့ဝိညာဥ်အာရုံကို ပြန်ရုတ်သိမ်းဖို့ ကောင်းကင်ဘုံလှိုဏ်ဂူ ဆန်းကြယ်လောကထဲသို့ ဝင်ဖို့ ကြံလိုက်စဥ်မှာပဲ အနက်ရောင် အရိပ်များစွာကို အာရုံခံလိုက်မိသဖြင့် သူ့မျက်နှာအလွန်ပြောင်းလဲသွားပါသည်။

ထိုအနက်ရောင်အရိပ်ကြီးများက မြန်ဆန်လွန်း၏။

တကယ်တော့ ထိုအရိပ်ကြီးများ ပြုတ်ကျလာရာတွင် လေကိုပွတ်တိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသည့် မီးတောက်ကြီးများ ဖြစ်ပေါ်ကာ ရှုရှုန်ဓားဂိုဏ်း၏ တောင်ဂိတ်ပေါ်သို့ ပြုတ်ကျလာခဲ့ပါသည်။

အခြေတည်စိတ်ဝိညာဥ်ပြီးပြည့်စုံခြင်းအဆင့် အရှင်သခင်ကြီး၏ မျက်နှာ အလွန်ပြောင်းလဲသွားပါသည်။

ဒီလိုအမြန်နှုန်းအောက်တွင် သူတားချင်ရင်တောင် တားဖို့ နောက်ကျလွန်းသွားပါပြီ။

ထိုအရာဝတ္ထုက အလွန်ကြီးမားပြီး အရှိန်ကလည်းမြင့်သဖြင့် ထွက်လာသော အရွေ့စွမ်းအင်မှာ ကြောက်ဖို့ ကောင်းလှသည်။

အများကြီး မဆိုဦးနဲ့။ ထိုအရာဝတ္ထုကြီး တစ်ခုလောက် ရှုရှုန်ဓားဂိုဏ်းပေါ်သို့ ပြုတ်ကျလာပါက အဖျက်စွမ်းအား ကြီးမားသည့် မြင်ကွင်းတစ်ခုကို မြင်ရပါလိမ့်မည်။

"ဘုရားရေ ဒါ ဘာကြီးလဲ။ ကောင်းကင်ဘုံ ဥက္ကာခဲကြီးတစ်လုံးလား။”

အခြေတည်စိတ်ဝိညာဥ်ပြီးပြည့်စုံခြင်းအဆင့် အရှင်သခင်ကြီး၏ ရင်ထဲတွင် ဗြောင်းဆန်သွားခဲ့သည်။

ဒါသာ တကယ် ကောင်းကင်ဘုံ ဥက္ကာခဲဖြစ်ပါက ပို၍ပင် ကြောက်ဖို့ကောင်းပါဦးမည်။

ရုတ်ခြည်းဆိုသလို အခြေတည်စိတ်ဝိညာဥ်ပြီးပြည့်စုံခြင်းအဆင့် အရှင်သခင်ကြီးက ဂိုဏ်း၏ အကြီးအကဲများထံသို့ အသံလှိုင်းဖြင့် အသိပေးလိုက်ပါသည်။

ခဏကြာသောအခါ ဂိုဏ်းတစ်ခုလုံး ဗြောင်းဆန်သွားခဲ့၏။ လူများစွာက လေပေါ် ပျံတက်သွားခဲ့ပါသည်။

အားလုံးက ရွှေဗဟိုအဆင့် ကျင့်ကြံသူများဖြစ်ကြပြီး တချို့က ပျံသန်းမှော်ကိရိယာများ ပိုင်ဆိုင်ထားသည့် ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူများ ဖြစ်ကြပါသည်။

သူတို့နေရာယူကာ တောင်ဂိတ်အခင်းအကျင်းကို စတင် ဖန်တီးသည်။

ဒီအခင်းအကျင်းက ဥက္ကာခဲ ဆယ်ချီကို တောင့်ခံနိုင်လိမ့်မည်ဟု အာမမခံနိုင်ပါ။

အကောင်းဆုံးနည်းလမ်းက ဂိုဏ်းထဲမှ အမြန်ဆုံး ပြောင်းရွှေ့ဖို့ ဖြစ်ပါသည်။

ကံမကောင်းစွာဖြင့် နောက်ကျသွားလွန်းခဲ့ပါပြီ။

အဘယ့်ကြောင့်ဆိုသော် ဥက္ကာခဲများစွာက အမြင့် ၁၀,၀၀၀ မီတာသို့ပင် ရောက်ရှိနေပြီ ဖြစ်သောကြောင့်ပင်။

ထိုနှုန်းဖြင့်ဆို ဆင်းသက်လာဖို့ စက္ကန့်ပိုင်းသာ လိုပါတော့သည်။

ယခု သူတို့ ဂိုဏ်း၏ ဓာတ်အခင်းအကျင်းကို တောင့်ခံထားဖို့သာ အာရုံစိုက်ထားရတော့မည်။

ရုတ်ခြည်းဆိုသလို ရှုရှုန်ဓားဂိုဏ်း၏ တောင်ဂိတ်တစ်ခုလုံးအား အလင်းဒိုင်းကြီး တစ်ခုက ကာရံလိုက်သည်။

တစ်ချိန်တည်းမှာပင် သောင်းချီသော ဓားပျံများက ဓားမြစ်တစ်ခုကို ဖန်တီးကာ ရှုရှုန်ဓားဂိုဏ်း၏ အထက်တွင် ပျံဝဲနေကြသည်။

ဒါက ရှုရှုန်ဓားဂိုဏ်း၏ စွမ်းအားအကြီးဆုံး အနန္တ ဓားပုံစံကွက်ဖြစ်သည်။

စွမ်းအားအကြီးဆုံး တိုက်ခိုက်ရေး ပုံစံကွက်များထဲမှ တစ်ခု ဖြစ်၏။

ကာကွယ်ရေးနှင့် တိုက်ခိုက်ရေး အခင်းအကျင်းများကို ပြင်ဆင်ပြီးတာနဲ့ တစ်ပြိုင်တည်း အရိပ်များစွာက သူတို့အပေါ်တွင် ပေါ်လာကြပါသည်။

ဥက္ကာခဲကြီးတစ်ခုလိုပဲ အနောက်တွင် မီးတန်းရှည်ကြီးက ကျန်ခဲ့၏။

တောက်ပပြီး စူးရှလွန်းသည်။

ထိုအချိန်တွင် ညနေစောင်းနေပြီဖြစ်ပြီး ကောင်းကင်ပေါ်တွင် အလွန်ထူးဆန်းနေခဲ့ပါသည်။

ရှုရှုန်ဓားဂိုဏ်းမှ တပည့်များစွာက မော့ကြည့်လိုက်ကြသည်။

နီးလာပြီ။

ပိုနီးလာပြီ။

ရုတ်တရက် နတ်ဝိညာဥ်အဆင့် သခင်ကြီး၏ အမိန့်အောက်တွင် အနန္တ ဓားပုံစံကွက်တစ်ခုလုံး ရူးလောက်အောင် စတင်လည်ပတ်ပါတော့သည်။

အရှိန်ပြင်းသော ဓားပျံမြစ်ကြီးက ကောင်းကင်ပေါ်သို့ နဂါးကြီးတစ်ကောင်လို မြင့်တက်သွားသည်။

ပြုတ်ကျလာသည့် မီးအရိပ်ကြီးထံသို့ ပျံသွားကြသည်။

မကြာမီ ဧရာမ ဓားပျံနဂါးကြီးက မီးအရိပ်ကြီးနှင့် ထိတိုက်မိလေသည်။

ဝုန်း

ကြောက်ဖို့ ကောင်းသော စွမ်းအားတစ်ခု ပေါက်ကွဲထွက်သွားခဲ့ကာ အရပ်မျက်နှာ ပေါင်းစုံသို့ မီးတောက်များနှင့် လေလှိုင်းကြီးများ ဖြာထွက်သွားခဲ့ပါသည်။

ရုတ်ခြည်းဆိုသလို ဓားမြစ်ထဲက ဓားပျံများစွာ မီးတောက်လောင်သွားကြသည်။ ဓားပျံ များစွာ အရည်ပျော်သွားကြပြီး ဓားပျံနဂါးကြီး တစ်ခုလုံး၏ အစိတ်အပိုင်းငယ်တစ်ခု ပျက်စီးသွားသည့်ပုံပင်။

ထို့နောက် နောက်ထပ် ဥက္ကာခဲတစ်ခု ပြုတ်ကျလာ၏။

ဝုန်း ဝုန်း ဝုန်း...

တစ်ခုပြီးတစ်ခု ဥက္ကာခဲများစွာ ဓားပျံမြစ်ကြီးနှင့် ထိရိုက်မိခဲ့သည်။

ဓားပျံမြစ်ကြီးထဲက ဓားပျံတစ်ဝက်လောက် ချက်ချင်းပဲ ပျက်စီးသွားခဲ့ရသည်။

တချိန်တည်းမှာပင် ဓားပျံမြစ်ကြီး၏ တိုက်ခိုက်မှုတွင် ဟာကွက်ဖြစ်သွားပြီး ဥက္ကာခဲ တချို့က ဓားပျံမြစ်ကြီး၏ နှောင့်ယှက်မှုကို ကျော်ဖြတ်ကာ အလင်းဒိုင်းကြီးအပေါ်သို့ ပြုတ်ကျလာခဲ့သည်။

တစ် နှစ် သုံး...

ဝုန်း ဝုန်း ဝုန်း...

အလင်းဒိုင်းကြီး တစ်ခုလုံးက ကြမ်းတမ်းစွာ လှုပ်ခါနေခဲ့သည်။ ဒါက ကြောက်ဖို့ကောင်းသော စွမ်းအားကြီး ပေါက်ကွဲထွက်နေခြင်းဖြစ်ပါသည်။

အခင်းအကျင်းအောက်တွင် ပုန်းခိုနေခဲ့သည့် ရှုရှုန်ဓားဂိုဏ်း တပည့်များစွာ ရှုံးနိမ့်သွားခဲ့ကြသည်။

ဒီတိုက်ခိုက်မှုက ကြောက်ဖို့ကောင်းလွန်း သောကြောင့်ဖြစ်ပါသည်။

ဒါက သေချာပေါက် ယွမ်ယင်အဆင့် အဆင့်နဲ့ တူညီသည့် အဖျက်စွမ်းအားတစ်ခုပဲ ဖြစ်သည်။

"ဒါ... ဒါက ဥက္ကာခဲ မဟုတ်ဘူးလား။”

အခြေတည်စိတ်ဝိညာဥ်အဆင့် အရှင်သခင်ကြီး ကြက်သေသေသွားရပြီး ချက်ချင်း တည်တံ့လေးနက်လာပါသည်။

အဘယ့်ကြောင့်ဆိုသော် ဒီဥက္ကာခဲများ၏ စွမ်းအားက သူထင်ထားတာထက် ပိုကြောက်ဖို့ ကောင်းနေသောကြောင့်ဖြစ်ပါသည်။

ကြောက်ဖို့ကောင်းသော အရွေ့စွမ်းအင် ရှိရုံသာ မကဘဲ ပေါက်လည်း ပေါက်ကွဲတတ်၏။ ပေါက်ကွဲအားက ပို၍ ကြောက်ဖို့ ကောင်းပါသည်။

"မကောင်းတော့ဘူး။”

အခြေတည်စိတ်ဝိညာဥ်အဆင့် အရှင်သခင်ကြီးက တွက်ချက်ကြည့်လိုက်သည်။ နောက်လာမည့် ဥက္ကာခဲများသာ ဒီလောက် ကြောက်ဖို့ကောင်းပါက သူတို့ အခင်းအကျင်းတစ်ခုလုံး ခုခံနိုင်မည် မဟုတ်ပေ။

သူကတော့ အဆင်ပြေနိုင်သည်။

ရွှေဗဟိုအဆင့်ရှိ ကျင့်ကြံသူများပင် အသက်ရှင်နိုင်၏။ အများဆုံး ဒဏ်ရာအပြင်းအထန်သာ ရလောက်သည်။ သို့သော်လည်း ချီသန့်စင်ခြင်းအဆင့်နှင့် အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့်ရှိ တပည့်များကတော့ သေသွားနိုင်ပါသည်။

ဝုန်း ဝုန်း ဝုန်း။

ဥက္ကာခဲများ ပိုပိုပြီး ကျလာခဲ့ပါသည်။

ဓားပျံနဂါးကြီး တစ်ခုလုံးလည်း ပျက်စီးသွားခဲ့ပြီ။

ထို ဥက္ကာခဲများ၏ တိုက်ခိုက်စွမ်းအားက အလွန် ကြောက်ဖို့ကောင်းလွန်းသည်။ ထို့အပြင် များပြားလွန်း၏။ အခု ၁၀၀ နီးပါးလောက်ရှိပြီး ဓားပျံနဂါးက တစ်ဝက်လောက် ထိန်းနိုင်ခဲ့တာတောင် ကံကောင်းလှပါပြီ။

ကျန် ဥက္ကာခဲများကတော့ အလင်းဒိုင်းကြီးအပေါ် တိုက်ရိုက် ကျရောက်လာသည်။

အလင်းဒိုင်းကြီး တစ်ခုလုံး ကြမ်းတမ်းစွာ လှုပ်ခါသွားသည်။

ကမ္ဘာမြေကြီးပင် တုန်ခါနေပါပြီ။

အခင်းအကျင်း အုတ်မြစ်များစွာလည်း စတင် အက်ကွဲလာကြလေပြီ။

ဆူညံသံကြီးများကလည်း ကျယ်လောင် လွန်းလှ၏။

အလင်းဒိုင်းတစ်ခုလုံး အက်ကွဲလာသည့် လက္ခဏာ ပေါ်လာပါပြီ။

ဥက္ကာခဲ အနည်းငယ်ထပ် ပြုတ်ကျလာသောအခါ အလင်းဒိုင်းကြီးတစ်ခုလုံး ပြိုကွဲသွားပါတော့သည်။

နောက်ဆုံးတော့ ရှုရှုန်ဓားဂိုဏ်း၏ တောင်ဂိတ်တစ်ခုလုံး ပေါ်လာခဲ့ပါသည်။

ဥက္ကာခဲ ၁၀ ခဲ ကျော် ကျန်နေသေးကြောင်း အခြေတည်စိတ်ဝိညာဥ်အဆင့် အရှင်သခင်ကြီးက မြင်လိုက်ရသည်။

သူ အော်လိုက်၏။ "ရွှေဗဟိုအဆင့် ကျင့်ကြံသူ အားလုံးပဲ ဒီဥက္ကာခဲတွေကို ကာကွယ်ဖို့ ငါ့နောက် လိုက်ခဲ့ကြ။”

အခင်းအကျင်း မရှိတော့သော်လည်း သူတို့ ရှိနေပါသေးသည်။

လေထဲတွင် တားဆီးနိုင်ပါက တပည့်အများစုကို ကယ်တင်နိုင်ပါလိမ့်မည်။

ချီသန့်စင်ခြင်းအဆင့်နှင့် အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့် တပည့်များကတော့ မြေအောက်ထဲဝင်ပြီး နောက်ဆုံးအကြိမ် ပေါက်ကွဲမှုအတွက် ကာကွယ်ရေး ရတနာများ ပြင်ဆင်နေကြသည်။

ဖောင်း ဖောင်း ဖောင်း....

အလင်းတန််းများ လေပေါ်သို့ တက်သွားခဲ့သည်။

ဒါတွေက အခြေတည် စိတ်ဝိညာဥ်အဆင့်နှင့် ရွှေဗဟိုအဆင့် ကျင့်ကြံသူများ၏ တိုက်ခိုက်မှု ဖြစ်သည်။

တောက်ပပြီး စူးရှလွန်းပါသည်။

၎င်းတို့အား ကြီးမားသည့် ပိုက်ကွန်ကြီးများလို စုစည်းထားပြီး အရှေ့က ဥက္ကာခဲတချို့ကို ကာကွယ်လိုက်သည်။

ဝုန်းဝုန်းဝုန်း

ဥက္ကာခဲများ ပေါက်ကွဲထွက်သွားခဲ့၏။ ကြောက်ဖို့ကောင်းသော လှိုင်းကြီးတစ်ခုက အောက်တွင် ရှိနေသော ရွှေဗဟိုအဆင့် ကျင့်ကြံသူများ၏ ခန္ဓာကိုယ်ကို လှုပ်ခါသွားစေခဲ့သည်။ တချို့က သွေးပင် အန်ထွက်သွားပါသည်။

အဘယ့်ကြောင့်ဆိုသော် သူတို့၏ တိုက်ခိုက်မှုများတွင် သူတို့၏ နတ််ကိရိယာများ ပါဝင်နေသောကြောင့်ဖြစ်သည်။

၎င်းတို့၏ နတ်ကိရိယာများအပေါ် ထိခိုက်မှုကို မှန်းဆကြည့်နိုင်ပါသည်။

သို့သော်လည်း သူတို့ မရပ်တန့်ခဲ့ကြပါ။

သူတို့အသက်ကို မနှမြောဘဲ တိုက်ကွက်မျိုးစုံကို ထုတ်သုံးခဲ့ကြပါသည်။

တစ်ခုပြီးတစ်ခု ဥက္ကာခဲကြီးများအား ခုခံနိုင်ခဲ့သည်။

နောက်ဆုံးတော့ ဥက္ကာခဲတစ်ခုသာ ကျန်တော့သည်။

အားလုံး စိတ်အေးစွာ သက်ပြင်းချလိုက်ပါသည်။

လူများစွာ အပြင်းအထန် ဒဏ်ရာရထားသော်လည်း သူတို့ တောင့်ခံနိုင်ပါသေးသည်။

နောက်ဆုံး ဥက္ကာခဲကို သူတို့သေချာပေါက် ကာကွယ်နိုင်ပါလိမ့်မည်။

ကျင့်ကြံသူများအားလုံး ၎င်းတို့၏ အသန်မာဆုံး စွမ်းအားများကို စုဆောင်းရင်း နောက်ဆုံး ဥက္ကာခဲကြီးထံသို့ ပစ်လွှတ်လိုက်တော့သည်။

ဝုန်းးး

လေထဲတွင် ဥက္ကာခဲကြီး နောက်ဆုံးတော့ ပေါက်ကွဲထွက်သွားသည်။ အလွန်ကြောက်ဖို့ကောင်းသော မြင်ကွင်းတစ်ခုပေါ်လာခဲ့၏။ နေလုံးကြီး ပြုတ်ကျလာသလိုမျိုး နေလုံးကြီးထက် အဆပေါင်း သောင်းနဲ့ချီပိုတောက်ပသည့် အလင်းလုံးကြီးတစ်ခု ပေါ်လာခဲ့ပါသည်။

ကောင်းကင်နှင့် ကမ္ဘာမြေတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့၏။

မှိုပွင့်လို မီးလုံးကြီးတစ်ခုက လေထဲမြင့်တက်သွားကာ ကောင်းကင်ကြီးတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့ပါသည်။

ဒီတစ်ခု၏ စွမ်းအားက အရင်ဥက္ကာခဲများထက် အများကြီး ပိုကြီးသည်။

အဘယ့်ကြောင့်ဆိုသော် ဒါက နျူးကလီးယာား ဗုံးတစ်လုံးဖြစ်နေသောကြောင့်ပင်...။

All Chapters