← Chapters

မင်္ဂလာပွဲနေ့ရက်

Vol. 21 Ch. 309

မင်္ဂလာပွဲနေ့ရက်

Vol. 21 Ch. 309

နျူးကလီးယား ဗုံးကြီး၏ ကြောက်ဖို့ကောင်းသော စွမ်းအားကို ခံစားမိပြီး အခြေတည်စိတ်ဝိညာဥ်အဆင့် အရှင်သခင်ကြီး၏ မျက်နှာ အလွန်ပြောင်းလဲသွားခဲ့သည်။ တခြားသူများကို သတိပေးဖို့ အချိန်မရှိတော့ပါ။

အဘယ့်ကြောင့်ဆိုသော် သူကိုယ်တိုင်တောင် အန္တရာယ်ရှိနေမှန်း သိလိုက်ရသောကြောင့် ဖြစ်ပါသည်။

သူ့ခန္ဓာကိုယ်ပေါ်က စွမ်းအားအကြီးဆုံး ကာကွယ်ရေး မှော်ကိရိယာကို ဖွင့်လိုက်ပြီး ရွှေရောင် အလင်းတစ်ခုဖြစ်ပေါ်လာကာ သူ့ကိုဖုံးလွှမ်းသွားသည်။ တစ်ချိန်တည်းမှာပဲ သူ့ခန္ဓာကိုယ်ပေါ်က အဆောင်များစွာ ပွင့်လာပြီး ၁၀ ပေကျော်မြင့်သည့် ကာကွယ်ရေး အင်အားတစ်ခုကို ဖြစ်တည်သွားစေသည်။

တခြား ရွှေဗဟိုအဆင့် ကျင့်ကြံသူများလည်း ၎င်းတို့၏ ကာကွယ်မှုများကို အမြင့်ဆုံးအထိ မြှင့်တင်လိုက်ပါသည်။

ထို့နောက် ကြောက်ဖို့ကောင်းသည့် ဥက္ကာခဲကြီး ပေါက်ကွဲထွက်သွားတာကို ဒီတိုင်းသာ ကြည့်နေနိုင်တော့သည်။

ကောင်းကင်ကြီးတစ်ခုလုံး ဖုံးလွှမ်းသွားသည်။

ဗဟိုက အပူချိန်က အလွန်အမင်း ကြောက်ဖို့ ကောင်းလှ၏။

ပတ်လည် ၁၀ မိုင်လောက်အထိ ရောက်သည်။

ကြောက်ဖို့ ကောင်းလွန်းပါသည်။

ကမ္ဘာကြီးတစ်ခုလုံး ပျက်စီးသွားတော့မည့် အတိုင်းပင်။

ကမ္ဘာမြေပေါ်က သမိုင်းတွင် ကြောက်ဖို့အကောင်းဆုံး လက်နက်ကြီးက ကျင့်ကြံခြင်းလောကထဲတွင် ယခု သူ့အဖျက်စွမ်းအားကို ထုတ်လွှတ်နေပါပြီ။

နျူးကလီးယားပေါက်ကွဲမှုကြီး၏ ကြောက်ဖို့ကောင်းသော စွမ်းအားကြီး စက္ကန့်အနည်းငယ် ကြာသောအခါ ပျောက်ကွယ်သွားခဲ့ပါသည်။

ကောင်းကင်ကြီး တစ်ခုလုံးကို အနက်ရောင် တိမ်အလွှာများဖြင့် ဖုံးလွှမ်းသွားပြီး ထူထပ်လွန်းသဖြင့် ချက်ချင်း မပျောက်ကွယ်နိုင်ခဲ့ပါ။

နျူကလီးယဦး ပေါက်ကွဲမှုပြီးသောအခါ နျူးကလီးယား ဓာတ်ရောင်ခြည်မြူများ ထွက်လာသည်။

မြေပြင်တစ်ခုလုံးလည်း လုံးဝ အက်ကွဲ ပျက်စီးနေပါပြီ။

ဒါတောင် နျူးကလီးယား ဗုံးကြီးကလေထဲတွင် ပေါက်ကွဲခဲ့သောကြောင့် ဖြစ်သည်။ မြေပေါ်မှာသာ ပေါက်ကွဲခဲ့ပါက ဧရာမချိုင့်ဝှမ်းကြီး တစ်ခုကို ဖြစ်ပေါ်စေပါလိမ့်မည်။

ထိုအချိန်တွင် ရှုရှုန်ဓားဂိုဏ်းတစ်ခုလုံး လုံးဝ ပျောက်ကွယ်သွားပြီဖြစ်သည်။

သေဆုံးသွားသည့် တပည့်များစွာလည်း ရှိနေပါသည်။

ချီစွမ်းအင်နှင့် အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့် တပည့်များ အာလုံးနီးပါး ဒီနျူးကလီးယား ပေါက်ကွဲမှုတွင် မရှင်သန်နိုင်ခဲ့ကြပါ။ သူတို့ မြေအောက်နက်နက်ထဲမှာ ပုန်းခိုနေရင်တောင် ကြောက်ဖို့ကောင်းသည့် နျူးကလီးယား ဓာတ်ရောင်ခြည်ကို ရှောင်လွှဲနိုင်မှာ မဟုတ်ပေ။

ရွှေဗဟိုအဆင့် ကျင့်ကြံသူများတောင် တောင့်မခံနိုင်ဘဲ ဆိုးရွားစွာ သေဆုံးပြီး မီးသွေးလို ဖြစ်သွားကြပါသည်။

၎င်းတို့ ကိုယ်ပေါ်က ကာကွယ်ရေးမှော်ကိရိယာ များစွာလည်း တစ်စစီ ကျိုးပဲ့နေပါပြီ။

ရွှေဗဟိုအဆင့် ကျင့်ကြံသူတချို့သာာ ရှင်သန်ခဲ့သည်။ သို့သော် သူတို့လည်း ဆိုးရွားသော အခြေအနေ ဖြစ်နေပါပြီ။ သူတို့၏ ရောင်ဝါများက အာနည်းနေပြီး သေလုမြောပါးပင် ဖြစ်နေကြသည်။

အခြေတည်စိတ်ဝိညာဥ်အဆင့် အရှင်သခင်ကြီး၏ အခြေအနေက အနည်းငယ် ပိုကောင်းပါသေးသည်။

သို့သော်လည်း သူ့ခန္ဓာကိုယ်ပေါ်က ကာကွယ်ရေး အင်အားတစ်ခုလုံး ပျက်စီးသွားပြီဖြစ်သည်။

ထို့အပြင် သူ့ခန္ဓာကိုယ်က ဓာတ်ရောင်ခြည် စွမ်းအားကို တိုက်ရိုက်အခံရဆုံးဖြစ်၏။

သူ့ခန္ဓာကိုယ်တစ်ခုလုံးတွင် သေခြင်းတရား အရှိန်အဝါများ ထွက်နေပါသည်။

သူ့ ဘေးပတ်လည်ကို ကြက်သေ သေစွာ ကြည့်လိုက်သည်။ အချိန်အတော်ကြာမှ အသိစိတ် ပြန်ဝင်လာခဲ့ပြီး ကျယ်လောင်စွာ အော်လိုက်ပါသည်၊။ "ဘယ်သူလဲ။ ဘယ်သူလုပ်တာလဲကွ။”

ရှုရှုန်ဓားဂိုဏ်းတစ်ခုလုံး ပျက်စီးသွားခဲ့ပါသည်။ ကောင်းကင်ဘုံ ဆန်းကြယ်လောကသာ မရှိပါက ဒီလို တိုက်ခိုက်မှုကြောင့် ရှုရှုန်ဓားဂိုဏ်းတစ်ခုလုံး မျိုးတုန်းသွားနိုင်သည်။

ကံမကောင်းစွာဖြင့် သူ့ကို ဘယ်သူမှ ပြန်မဖြေကြပါ။

ညည်းတွားနေသည့် အသံတချို့သာ ရှိသည်။ အသက်ရှင်နေသေးသည့် ရွှေဗဟိုအဆင့် ကျင့်ကြံသူများ၏ ညည်းတွားသံများ ဖြစ်ကြပါသည်။

....

ဒီလိုအခြေအနေမျိုးက ရှုရှုန်ဓားဂိုဏ်း တစ်ခုတည်းမှာပဲ ဖြစ်ပျက်နေတာ မဟုတ်ဘဲ တခြား ဂိုဏ်းကြီးများတွင်လည်း ဖြစ်ပျက်ခဲ့ပါသည်။

တစ်ဂိုဏ်းပြီးတစ်ဂိုဏ်း တရုတ်စစ်တပ်၏ ဒုံးကျည်မိုးများ၏ တိုက်ခိုက်မှုကို ခံခဲ့ရပါသည်။

ကြောက်ဖို့ကောင်းသော ဒုံးကျည်မိုးများက ဂိုဏ်းမျိုးစုံ၏ တောင်ဂိတ်များအပေါ် ပြုတ်ကျလာသည်။ ထိုဂိုဏ်းများမှ ကျင့်ကြံသူများက တောင်အကာအကွယ်ပုံစံကွက်ကို ဖန်တီးပြီး ခုခံဖို့ အကောင်းဆုံး ကြိုးစားခဲ့သော်လည်း ဒုံးကျည်မိုးများ၏ တိုက်ခိုက်မှုက ကြောက်ဖို့ကောင်းလွန်းနေသည်။ အထူးသဖြင့် ကြောက်ဖို့ကောင်းသော နျူးကလီးယား ဗုံးကြီးတစ်လုံး ပါလာသောကြောင့် ဖြစ်သည်။

ထိုဂိုဏ်းနှင့်မျိုးနွယ်စု အားလုံးနီးပါး ရှင်းလင်း ခံလိုက်ရပါသည်။ ကံမကောင်းဆုံးက မောင်ရှန်းဂိုဏ်း ဖြစ်သည်။ ၎င်းတို့၏ ကာကွယ်ရေးစွမ်းရည် လျော့နည်မှုကြောင့် အခြေတည်စိတ်ဝိညာဥ်အဆင့် အရှင်သခင်ကြီး တစ်ယောက်ပင် အသတ်ခံခဲ့ရသည်။ ၎င်းတို့၏ တပည့်များ အားလုံး သေဆုံးသွားခဲ့ပါသည်။

ဒီလိုတိုက်ခိုက်မှုကြောင့် အင်မော်တယ် ကျင့်ကြံခြင်းလောကတစ်ခုလုံး အရှုံးကြီး ရှုံးခဲ့ရသည်ဟု ပြောနိုင်ပါသည်။

အမှန်ပင်။ သူတို့ အရှုံးကြီး ရှုံးခဲ့သော်လည်း သူတို့၏ အခြေခံအုတ်မြစ်ကတော့ တုန်လှုပ်မှု မရှိသေးပါ။

ဘာပဲဖြစ်ဖြစ် ဂိုဏ်းကြီးများအားလုံးတွင် ကိုယ်ပိုင် ကောင်းကင်ဘုံလှိုဏ်ဂူ ဆန်းကြယ် လောကများ ရှိနေကြသည်။

ထိုအချိန်တွင် မိုးကြိုးမုန်တိုင်း တောင်ကြားထဲ ယဲ့ရှောင်ချန်းတစ်ယောက် ငလျင်လှုပ်မှု အသေးစားလေးတစ်ခုကို ခံစားလိုက်ရသည်။

သူလေထံသို့ ပျံတက်သွား၏။ ခပ်လှမ်းလှမ်း အကွာအဝေးတွင် နေလုံးလို ကြောက်စရာ မီးလုံးကြီးတစ်လုံးကို မြင်လိုက်ရပါသည်။

သူ့နှလုံးခုန်သံ ရပ်တန့်သွားရ၏။ "ကြည့်ရတာ သူတို့တွေ တကယ်ကြီး နျူးကလီးယား ဗုံးကို သုံးလိုက်ပြီထင်တယ်။”

အံ့သြစရာတော့ မရှိပါ။ အင်မော်တယ် ကျင့်ကြံခြင်းလောကတွင် ရွှေဗဟိုအဆင့်နှင့် အခြေတည် စိတ်ဝိညာဥ်အဆင့်တို့၏ တိုက်ခိုက်စွမ်းအားက ကြီးမှန်း သူတို့ သိထားလျှင် စစ်ခေါင်းဆောင်တိုင်း၏ ခေါင်းထဲ ပထမဆုံး ဝင်လာမည့် အတွေးက ထိုအဆင့်မြင့်တိုက်ခိုက်စွမ်းအားများကို အရင် ချေမှုန်းဖို့ နျူးကလီးယားဗုံးကို အသုံးပြုဖို့ပဲ ဖြစ်ပါသည်။

"ဒါပေမယ့် ဒီဂိုဏ်းနဲ့ မျိုးနွယ်စုတွေရဲ့ တိုက်ခိုက်စွမ်းအား အစစ်တွေက ကောင်းကင်ဘုံလှိုဏ််ဂူ ဆန်းကြယ်လောကထဲမှာ။ သူတို့ရဲ့ တောင်ဂိတ်တွေ ပျက်စီးသွားရင်တောင် သူတို့ရဲ့ အခြေခံအုတ်မြစ်က တုန်လှုပ်မသွားဘူး။ အဲ့ဒီဂိုဏ်းနဲ့ မျိုးနွယ်စုတွေ အငြှိုးကြီးပြီး ပြန်တုန့်ပြန်ကြလိမ့်မယ်။”

ယဲ့ရှောင်ချန်း ခေါင်းခါလိုက်မိပါသည်။

ဒီဒုံးကျည်တိုက်ခိုက်မှုများကြောင့် အင်မော်တယ် ကျင့်ကြံခြင်းလောကနှင့် သေမျိုးလောကတို့ အကြားက အငြှိုးတရားမှာ ပြေလည်နိုင်တော့မည် မဟုတ်ကြောင်း သူသိလိုက်ရပါသည်။

လူတချို့ကို သတ်တာတောင် သေရေးရှင်ရေး ကိစ္စတစ်ခုဖြစ်နိုင်သဖြင့် တောင်ဂိတ်တစ်ခုလုံးကို ဖျက်ဆီးလိုက်လျှင် ပြောဖို့ပင် မလိုတော့ပါ။

သို့သော်လည်း စစ်တပ်က လာတိုက်ခိုက်ရဲတာကြောင့် သူတို့ သေသေချာချာ ပြင်ဆင်ထားတာ ဖြစ်ရမည်။

ခေတ်သစ်စစ်တပ်များက ပြင်ဆင်မှုမရှိဘဲ စစ်မတိုက်တတ်ကြောင်း သူသိပါသည်။ အထူးသဖြင့် သူတို့ အားသာချက်ရသော စစ်ပွဲမျိုးတွင် ဖြစ်၏။

ယဲ့ရှောင်ချန်း အစည်းအဝေးပွဲတစ်ခုတက်ရောက်ဖို့ စိတ်မပါတော့ပါ။

သူ့အတွက်အရေးအကြီးဆုံးက မိစ္ဆာအပင်များကို ပျိုးထောင်ဖို့ဖြစ်သည်။

ရွှေဗဟိုအဆင့်ရှိသော မိစ္ဆာအပင်စစ်တပ် တစ်ခုကို ပျိိုးထောင်နိုင်ပါက သူ့ကိုယ်သူ ကာကွယ်နိုင်ပါလိမ့်မည်။

...

မြင့်မြတ်သော ခွန်းလွန်မြေတွင်။

ဝိညာဥ်လောင်းအဆင့် ကျင့်ကြံသူ ၁၀ ဦးက တစ်ခုခုကို အာရုံရသွားပုံရသည်။

သူတို့အားလုံးက ယွမ်ယင်အဆင့် အထွတ်အထိပ်သို့ ရောက်နေကြပြီဖြစ်ပြီး အဆင့်တက်ဖို့ ခြေတစ်လှမ်းသာ လိုပါတော့သည်။

သူတို့ မြင့်မြတ်သော ခွန်းလွန်မြေတွင် နေထိုင်ရသည့် အကြောင်းအရင်းက အဆင့်တက်ဖို့ အခွင့်အလမ်းများကို ရှာဖွေနိုင်ရန်ဖြစ်သည်။

ပြောရမည်ဆိုလျှင် မြင့်မြတ်သော ခွန်းလွန်မြေထဲသို့ ဝင်ရောက်ပြီးနောက် ပြန်ထွက်သွားသော အခြေတည် စိတ်ဝိညာဥ်အဆင့် ကျင့်ကြံသူဆိုတာ နည်းပါသည်။

"ငါရုတ်တရက်ကြီး မကောင်းတဲ့ ခံစားချက်တွေ ရနေတယ်။”

"ဟုတ်တယ်။ ငါကောပဲ။ ဘာတွေဖြစ်နေတာလဲ။”

"ဒီရက်ပိုင်းထဲ ငါ့စိတ်တွေ မသက်သာဘူး။ တစ်ခုခုကြီးမားတာ ဖြစ်တော့မယ်ဆိုတဲ့ ခံစားချက်ပဲရနေတယ်။”

...

ယွမ်ယင်အဆင့် ကျင့်ကြံသူတချို့က စိတ်ပူပင်နေသော မျက်နှာထားများနှင့် စုစည်းခဲ့ကြသည်။

ရုတ်တရက် တစ်ခုခုကို အာရုံခံမိသွားပုံရပြီး ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်ကြသည်။

ကောင်းကင်ပေါ်မှာ ဥက္ကာခဲများ တစ်ခုပြီး တစ်ခုကျလာခဲ့သည်။

"ဘာလဲဟ။”

အခြေတည်စိတ်ဝိညာဥ်ပြီးပြည့်စုံခြင်းအဆင့် အရှင်သခင်ကြီး ၁၀ ယောက် ထိတ်လန့်သွားကြပါသည်။

မြင့်မြတ်သော ခွန်းလွန်မြေက ထူးဆန်းသည့် နေရာတစ်ခုဖြစ်ပါသည်။ ကောင်းကင်ဘုံလှိုဏ်ဂူထဲတွင် ရှိနေတာမဟုတ်ပေ။

ထို့အစား အင်မော်တယ် ကျင့်ကြ့လောကတွင် ရှိနေသည်။ အင်မော်တယ်လောကနှင့် အနီးကပ်ဆုံးနေရာလည်း ဖြစ်၏။

ဒီနေရာကြီးကို ပထမဆုံးတွေ့ရှိခဲ့ကြတုန်းက အရှေ့တာအိုနယ်မြေတစ်ခုလုံး၏ ဂိုဏ်းများက ကာကွယ်ခဲ့ကြသည်။ မျိုးဆက်ပေါင်းများစွာ တည်ဆောက်ခဲ့ပြီးနောက် ကြောက်ဖို့ အကောင်းဆုံး ကာကွယ်မှုရှိသည့် နေရာတစ်ခု ဖြစ်လာခဲ့ပါသည်။

ဟိုးအရင်တုန်းက အရှေ့တာအိုနယ်မြေနှင့် အနောက်ပိုင်း နတ်ဘုရားနယ်မြေတို့ စစ်ဖြစ်ခဲ့ကြသည်ဟု ဆိုသည်။ တာအို နယ်မြေတစ်ခုလုံး သိမ်းပိုက်ခံရလုနီးပါး ဖြစ်ခဲ့၏။ နောက်ဆုံးမှာတော့ ကျင့်ကြံသူ မဟာမိတ်တပ်ဖွဲ့က မြင့်မြတ်သော ခွန်းလွန်မြေသို့ တပ်ပြန်ဆုတ်ခဲ့ကြပြီး ကပ်ဘေးကို ရှင်သန်နိုင်ခဲ့ကြသည်။ နောက်ဆုံးမှာတောာ့ အင်မော်တယ်လောက၏ ဝင်ရောက်ပါဝင်မှုဖြင့် အနောက်ပိုင်း နတ်ဘုရားနယ်မြေအား မောင်းထုတ်နိုင်ခဲ့ပါသည်။

ဝုန်း ဝုန်း ဝုန်း...

ကြောက်ဖို့ကောင်းသည့် ဥက္ကာခဲကြီးများတစ်လုံးပြီး တစ်လုံး ခွန်းလွန်မြေ၏ အကာအရံပေါ်သို့ ပြုတ်ကျလာခဲ့ပါသည်။

အမှန်ပင်။ အကာအရံတစ်ခု ရှိပါသည်။

မြင့်မြတ်သော ခွန်းလွန်မြေတစ်ခုလုံးမှာ ထိုအကာအရံကြီး၏ ကာကွယ်မှုအောက်တွင် ရှိနေပါသည်။

ဒါက ကာကွယ်ရေး ပုံစံကွက် မဟုတ်ပါ။

အကာအရံကြီးတစ်ခုလုံးက ခွန်းလွန် တောင်တန်းကြီးနှင့်ပင် ပေါင်းစပ်သွားသည်။ တောင်တန်း၏ ဝိညာဥ်သွေးကြောစွမ်းအားကို ငှားရမ်းပြီ အကာအရံ၏ စွမ်းအားကို အလွန်ထိတ်လန့်ဖို့ကောင်းသည့် အဆင့်အထိ တိုးမြှင့်ပေးနိုင်ပါသည်။

အကာအရံတစ်ခုလုံးက အနည်းငယ်သာ လှုပ်ခါသွားသည်။

ဥက္ကာခဲများ ပိုပိုပြီး ပြုတ်ကျလာကာ ရူးသွပ်လောက်အောင် ပေါက်ကွဲသွားသည်။

ပေါက်ကွဲမှုများ ပိုများလာသောအခါ အကာအရံက ပိုကြမ်းတမ်းစွာ လှုပ်ခါလာခဲ့သည်။ နောက်ဆုံးမှာတော့ ရေလှိုင်းတွန့်သလို မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

မြင့်မြတ်သော ခွန်းလွန်မြေရှိ ယွမ်ယင်အဆင့် အရှင်သခင်ကြီးများစွာက ထိတ်လန့်သွားခဲ့ကြပါသည်။

အကာအရံကို လှုပ်ခါနိုင်ခဲ့သဖြင့် ထိုဥက္ကာခဲများ၏ စွမ်းအားကို သူတို့ မြင်နိုင်ကြပါပြီ။

ရုတ်တရက် ဧရာမ ဥက္ကာခဲကြီး နောက်တစ်ခု ကောင်းကင်ပေါ်မှ ပြုတ်ကျလာပြီး အကာအရံနှင့် ဝင်တိုက်သွားသည်။

ဒီဥက္ကာခဲကြီး၏ အဖျက်စွမ်းအားက ဖော်ပြလို့ပင် မရတော့ပါ။ ခုနက ဥက္ကာခဲ ၁၀၀ လောက် စုပေါင်းထားသည့် စွမ်းအားမှာ ဒီဥက္ကာခဲကြီး၏ စွမ်းအား ၁ ရာခိုင်နှုန်းလောက်တောင် မရှိပေ။

တောက်လောင်နေသော နေမင်းကြီးလို အလင်းရောင်ကြီး စူးထွက်လာသောအခါ အကာအရံတစ်ခုလုံး ကြမ်းတမ်းစွာ လှုပ်ခါသွားခဲ့ပါသည်။

လှုပ်ခါမှုက ပိုပိုပြီး ပြင်းထန်လာသည်။ နောက်ဆုံးမှာတော့ ကမ္ဘာကြီးတစ်ခုလုံးပင် တုန်လှုပ်သွားခဲ့ပါသည်။

ဒီလိုချောက်ချားဖို့ကောင်းသော တိုက်ခိုက်မှုမျိုးကို မြင်လိုက်ရသောအခါ ယွမ်ယင်အဆင့် အရှင်သခင်ကြီးများက အလွန် ထိတ်လန့်ကုန်ကြပါသည်။

အဘယ့်ကြောင့်ဆိုသော် ဒီလိုတိုက်ခိုက်မှု အဆင့်မျိုးက အခြေတည် စိတ်ဝိညာဥ်အဆင့်၏ စွမ်းအားထက်ပင် ကျော်လွန်နေသောကြောင့် ဖြစ်သည်။

သူတို့သာ ပေါက်ကွဲမှု အကွာအဝေးအတွင်း ရှိနေခဲ့ပါက သူတို့ သေသွားနိုင်ပါသည်။

စက္ကန့်အနည်းငယ်လောက်ကြာသောအခါ ကြောက်ဖို့ကောင်းသည့် ပေါက်ကွဲမှုကြီး နောက်ဆုံးတော့ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

အကာအရံက အလွန်မှေးမှိန်လာခဲ့သည်။ သို့သော်လည်း မကျိုးပဲ့ခဲ့ပါ။

သို့သော်လည်း အခြေတည်စိတ်ဝိညာဥ်ပြီးပြည့်စုံခြင်းအဆင့် အရှင်သခင်ကြီးများစွာ အံ့အားသင့်နေကြသည်။ အရင်တုန်းက အနောက်ပိုင်း နတ်ဘုရားနယ်မြေရဲ့ အကာအရံကို တိုက်ခိုက်မှုကလည်း ဒီလိုအဆင့်မျိုးပဲ မဟုတ်လာား။

ဒီလောက်ထိ ကြောက်ဖို့ ကောင်းတဲ့ စွမ်းအားမျိုး ရှိရအောင် အဲ့တာ ဘယ်လိုအရာလဲ။

...

ထိုအချိန်တွင် တရုတ်စစ်တပ်စခန်းတွင်။

ကွန်ပျူတာများစွာကို လည်ပတ်နေကြသည်။ ဒေတာမျိုးစုံက ဖန်သားပြင်ကျယ်ကြီးပေါ်တွင် ပေါ်လာသည်။ ကောင်းကင်ပေါ်မှ ဂြိုဟ်တုများ ပို့ဆောင်ပေးသည့် အချက်အလက်များဖြစ်ပါသည်။

"ဘာ။ ခွန်းလွန်မြေရဲ့ အကာအရံက မကျိုးပဲ့သေးဘူး ဟုတ်လား။”

ဒီကျူးကျော်မှု၏ ခေါင်းဆောင်ချုပ်က သက်လတ်ပိုင်း အမျိုးသားကြီးတစ်ဦးဖြစ်ပါသည်။ သူ့ခန္ဓာကိုယ်ကြီးက ထိုက်တောင်လို ခမ်းနားသည်။ စစ်တပ်ယူနီဖောင်းကို ဝတ်ဆင်ထား၏။

"အဲ့ဒီနျူးကလီးယားဗုံးက တခြား နျူးကလီးယား ဗုံးတွေထက် ၁၀ ဆကျော်တောင် ပိုစွမ်းအားကြီးတာ။ ခွန်းလွန်အကာအရံကို ဘာလို့ မချိုးဖောက်နိုင်ခဲ့တာလဲ။”

"မယုံနိုင်စရာ ကောင်းလိုက်တာ။ ကျင့်ကြံခြင်းလောကရဲ့ နည်းလမ်းတွေက တကယ် မယုံနိုင်စရာပဲ။”

"ဟုတ်တယ် ဒီလောက်ကြီးတဲ့ ပေါက်ကွဲနှုန်းနဲ့ ဟိုက်ဒရိုဂျင်ဗုံးတစ်လုံးဆို မြို့တစ်မြို့လုံးကိုတောင် အမှုန့်ချေပစ်နိုင်တယ်။”

...

အထက်လူကြီးများ၏ မျက်နှာထားများ မှောင်မိုက်သွားခဲ့ကြသည်။

ဘာကို ဆိုလိုသလဲ သူတို့နားလည်သည်။

တစ်နည်းအားဖြင့် ကျင့်ကြံခြင်းလောကမှ လူများ မြင့်မြတ်သော ခွန်းလွန်မြေထဲတွင် ပုန်းခိုကြပါက အန္တရာယ်ကြီးတစ်ခုဖြစ်လာနိုင်သည်။

သူတို့ဒုံးကျည်တိုက်ခိုက်မှုများကို လုပ််ဆောင်ခဲ့ရသည့် အကြောင်းအရင်းက ကျင့်ကြံခြင်းလောက၏ အဆင့်မြင့် တပ်ဖွဲ့များကို အရင်ဆုံး ဖယ်ရှားဖို့ဖြစ်သည်။

ယခု အာနိသင်က သိပ်မဆိုးသည့်ပုံပင်။

အနည်းဆုံးတော့ တခြား တောင်ဂိတ်အားလုံး ပျက်စီးသွားခဲ့ပါပြီ။

...

ယဲ့ရှောင်ချန်းက ကျင့်ကြံခြင်းလောက၏ အခြေအနေကို နေ့တိုင်း အာရုံစိုက်ထားပါသည်။

အပြင်လောကမှာလည်း သုတေသနအဖွဲ့အစည်းနှင့် ကောင်းကင်ဘုံကမ္ဘာမြေ စိုက်ပျိုးရေးခြံကြီးကို မကြာခဏ သွားပါသည်။

ကောင်းကင်ဘုံလှိုဏ်ဂူ စိုက်ပျိုးရေးခြံထဲက အင်မော်တယ်အပင်များ ပျိုးထောင်မှုကလည်း အရေးအကြီးဆုံး ဖြစ်ပါသည်။

တကယ်တော့ အားလုံး တည်ငြိမ်နေခဲ့သည်။ ဘာသတင်းမှ မကြားခဲ့ရပါ။

အစိုးရက ကျင့်ကြံခြင်းလောကသို့ ကျူးကျော်တိုက်ခိုက်မှုကို လျှို့ဝှက်ထားတာ သိသာပါသည်။

အံ့သြစရာတော့ မရှိပါ။ သတင်းထွက်သွားပါက သက်ရောက်မှုက ကြီးမားလွန်းလိမ့်မည်။ အမေရိကန်၊ ရုရှားတို့လို နိုင်ငံကြီးများက ဒီတိုင်း ရပ်ကြည့်နေကြမှာမဟုတ်ပေ။ ဝင်ပါဖို့ နည်းလမ်းများ သေချာပေါက် ကြံကြပါလိမ့်မည်။

ဒီနေ့ ယဲ့ရှောင်ချန်း သုတေသနအဖွဲ့အစည်းတွင် ရှိနေခဲ့သည်။

ရုတ်တရက် စစ်တပ်ကိုယ်စားလှယ် ကျူးရှောင်းက ယဲ့ရှောင်ချန်းထံသို့ရောက်လာခဲ့၏။

"ပညာရှင်ကြီးယဲ့ နျူးကလီးယား ဓာတ်ရောင်ခြည်ကို ခွဲထုတ်နိုင်တဲ့ အပင်တစ်ပင်ကို ပျိုးထောင်နိုင်မလား။”

ကျူးရှောင်းက သူ့ရည်ရွယ်ချက်ကို တဲ့တိုး ပြောလိုက်ပါသည်။

ယဲ့ရှောင်ချန်းက ပြုံးကာ ပြောလိုက်သည်။ "ရပါတယ်။ ပြဿနာမရှိပါဘူး၊။ အချိန်နည်းနည်းတော့ ယူရလိမ့်မယ်။”

စစ်တပ်၏ ရည်ရွယ်ချက်က သေချာပေါက် ကျင့်ကြံခြင်းလောကမှာ သုံးဖို့ ဖြစ်မှန်း သူ သိပါသည်။

"ပညာရှင်ကြီးယဲ့ သက်ဆိုင်ရာ သုတေသန ရန်ပုံငွေတွေကို မကြာခင် ချထားပေးပါ့မယ်။”

ကျူးရှောင်းက ပြုံးလိုက်ပါသည်။ ယဲ့ရှောင်ချန်း ဒီလိုပြောလျှင် ဘာပပြဿနာမှ မရှိမှန်း သူသိပါသည်။

"အင်း ရပါတယ်။”

ယဲ့ရှောင်ချန်း ခေါင်ငြိမ့်လိုက်သည်။

စစ်တပ်နဲ့ သူပူးပေါင်းတိုင်း သုတေသန ရန်ပုံငွေ လစ်ဟာမှုဆိုတာ မရှိပါ။ တကယ်တော့ အလွန်ပင် လုံလောက်ပါသည်။

ထို့ကြောင့် ယဲ့ရှောင်ချန်း အများကြီး ရလိုက်သည်။ ပရောဂျက်တိုင်းအတွက် မီလီယံ ဆယ်ချီပြီး ယဲ့ရှောင်ချန်းရခဲ့ပါသည်။

တကယ်တော့ ယဲ့ရှောင်ချန်းလည်း နျူးကလီးယား ဒဏ်ခံနိုင်ရည်ရှိသည့် အပင်တစ်မျိုးကို ပျိုးထောင်ပြီးသား ဖြစ်ပါသည်။

သို့သော်လည်း ဒီလောက်မြန်မြန်တော့ ပေးလိုက်မည် မဟုတ်ပါ။

ကျူးရှောင်းကို လိုက်ပို့ပြီးနောက် ဝမ်ရွှေရှန့်၏ အိမ်သို့ ယဲ့ရှောင်ချန်း သွားခဲ့ပါသည်။

ဒီနေ့ ဝမ်ရှင်းယီ ပြန်ရောက်လာပြီ။

ညစာစားချိန်။

ဗီလာကြီးတစ်ခုလုံး လင်းထိန်နေ၏။

"ရှောင်ချန်း နင်နဲ့ ရှင်းယီတို့ ဘယ်တော့ လက်ထပ်ကြမှာလဲ။”

ကျူးချင်းချင်းက ရုတ်တရက်ပြောလိုက်ပါသည်။

"ဟုတ်တယ် မင်းတို့နှစ်ယောက် လက်ထပ်မှ ငါတို့စိတ်အေးရမှာ။”

ဝမ်ရွှေရှန့်က ပြောလိုက်ပါသည်။

တကယ်တော့ သူတို့နှစ်ယောက်၏ မင်္ဂလာ ကိစ္စကို ဆွေးနွေးခဲ့ကြတာကြာပါပြီ. သို့သော် ဝမ်ရှင်းယီ၏ လုပ်ငန်းက အထွတ်အထိပ်သို့ ရောက်နေချိန်ဖြစ်သဖြင့် ယာယီဆိုင်းငံ့ခဲ့ရခြင်းဖြစ်ပါသည်။

"ကျွန်တော်က ဘယ်လိုပဲဖြစ်ဖြစ် အဆင်ပြေပါတယ်။ ရှင်းယီပေါ်မှာပဲ မူတည်တယ်။”

ယဲ့ရှောင်ချန်းက ပြုံးကာပြောလိုက်ပါသည်။

"ရှင်းယီ နင်ခဏလောက်တော့ နားသင့်တယ် ထင်တယ်။”

ဝမ်ရွှေ့ရှန်က သူ့ညီမကို ကြည့်ကာ ပြောလိုက်ပါသည်။

"ဟီးဟီး ဒီတစ်ခေါက်တော့ ကျွန်မဆုံးဖြတ်ချက် ချပြီးပြီ။ ခဏလောက် ကျွန်မ အနားယူတော့မယ်။”

ဝမ်ရှင်းယီ၏ ယခုပုံစံက အရင်တုန်းကနှင့် အလွန်ခြားနားပါသည်။

သူမ၏ အပြုံးနှင့် မျက်နှာက အလွန်ဆွဲဆောင်မှုရှိပါသည်။

"အကောင်းဆုံးပဲပေါ့။ အချိန်ကို ငါရွေးပြီးပြီ။ အမျိုးသားနေ့ ၁၁ ရက်နေ့မှာ ကျင်းပမယ်။ တစ်လလောက် လိုသေးတော့ ပြင်ဆင်ဖို့ လုံလောက်မှာပါ။”

ဝမ်ရွှေရှန့်က လက်ရမ်းပြကာ ဆုံးဖြတ်ချက် ချလိုက်ပါသည်။

ဝမ်ရှင်းယီနှင့် ယဲ့ရှောင်ချန်းတို့ တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ပြုံးလိုက်မိကြပါသည်။

All Chapters