← Chapters

ငါ ဘယ်လောက်ကြာကြာ အသက်ရှင်နိုင်မလဲ

Vol. 21 Ch. 311

ငါ ဘယ်လောက်ကြာကြာ အသက်ရှင်နိုင်မလဲ

Vol. 21 Ch. 311

အိမ်ပြန်ရောက်သောအခါ ယဲ့ရှောင်ချန်းက ဝမ်ရှင်းယီနှင့် မင်္ဂလာကိစ္စကို မိဘများနဲ့ တိုင်ပင်ခဲ့ပါသည်။

"ကောင်းတာပေါ့ အမေ မြေးချီချင်နေတာ ကြာပြီ။”

သူ့အမေက ပျော်ရွှင်စွာ ပြောလိုက်ပါသည်။

ယခုသူ့အမေက အသက် ၁၀ နှစ်လောက် ပိုငယ်သွားသည့်ပုံပေါက်နေပါပြီ။ သူမ၏ မျက်နှာကလည်း ဝင်းလက်နေ၏။

သူမ ရုပ်ပင် ဖျက်ထားရသည်။ မဟုတ်ပါက ဒီ့ထက်ပိုငယ်သည့်ပုံပေါက်ပါသည်။

မတတ်နိုင်ပါ။ အင်မော်တယ် ကျင့်ကြံခြင်းက လူကို ပိုမိုနုပျိုသွားစေသည်။

သူ့မိဘနှစ်ပါးစလုံးက ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူများဖြစ်နေကြပြီ ဖြစ်သောကြောင့် သူတို့၏ ခန္ဓာကိုယ်လုပ်ဆောင်ချက်များက သက်လတ်ပိုင်း လူများလို မဟုတ်တော့ပါ။ လူငယ်များထက်ပင် အဆပေါင်း ၁၀ လောက် ပိုသန်မာလာကြပါသည်။

မိဘနှစ်ပါးက နေ့တိုင်း ကောင်းကင်ဘုံလှိုဏ်ဂူသို့ သွားကာ ကျင့်ကြံသည်။ သို့သော်လည်း လက်တွေ့ကမ္ဘာတွင်လည်း အချိန်အများကြီး နေခဲ့ပါသေးသည်။

"မင်္ဂလာပွဲက ဘယ်တော့လဲ။”

သူ့အဖေက အမြန်မေးလိုက်၏။

ယဲ့ရှောင်ချန်းက ဝမ်ရွှေရှန့်နှင့် ဆွေးနွေးထားသည့် အချိန်ကို ပြောပြလိုက်ပါသည်။

"အောက်တိုဘာလ တစ်ရက်နေ့ပေါ့။ နေ့ကောင်း နေ့မြတ်ပဲ။ ကောင်းတယ် ကောင်းတယ်။ ဒါပေမယ့် တစ်လပဲ လိုတော့တယ်နော်။ ပြင်ဆင်ဖို့ အချိန်ကျပြီ။”

သူ့အဖေက ခေါင်းငြိမ့်လိုက်ပါသည်။

"ဟုတ်တာပေါ့။ ရှောင်ချန်းက သာမန်လူ မဟုတ်ဘူးး။ မင်္ဂလာပွဲကို တက်ရောက်တဲ့လူတွေ အများကြီးရှိမှာ။ အဲ့ဒီလူတွေအတွက် ဖိတ်စာတွေ စီစဥ်ရဦးမယ်။”

သူ့အမေက ခေါင်းငြိမ့်လိုက်ပါသည်။

ယဲ့ရှောင်ချန်းက ဖိတ်ကြားမှုအတွက် အနည်းငယ် ဒုက္ခတွေ့နေပါသည်။ ဘာပဲဖြစ်ဖြစ် အသေးအဖွဲ ကိစ္စ မဟုတ်ပါ။

သူ့ဆွေမျိုးများကလည်း ဘာမှမပြောသဖြင့် ဖိတ်စာ ပို့ရမည်။

သို့သော်လည်း သူ့အဆက်အသွယ်က ကျယ်ပြန့်လွန်းနေပါသည်။

စီးပွားရေးလောကက လူတွေလည်း ရှိ၏။ နိုင်ငံရေးလောကက လူတွေလည်းရှိသည်။ သိပ္ပံနှင့် သုတေသနလောကက လူတွေ ရှိ၏။ ပညာရေးလောက စသဖြင့် လူများစွာ ရှိပါသည်။

သူတို့အကုန်လုံးကိုသာ ဖိတ်ကြားလိုက်ပါက ဘယ်လောက်တောင် ကြီးကျယ်သွားလိမ့်မလဲ။

ထို့ကြောင့် သေချာပေါက် မဖြစ်နိုင်ပါ။

အာရုံစိုက်ရမည့် လူတချို့ပဲ ရှိရမည်။

နောက်ထပ် ရက်အနည်းငယ်အတွင်း ယဲ့ရှောင်ချန်းက မင်္ဂလာဖိတ်စာများအတွက် စတင်ပြင်ဆင်လေသည်။

သေသေချာချာ စဥ်းစားချင့်ချိန်ပြီးနောက် လူအယောက် ၂၄၀ စာရင်းကို ယဲ့ရှောင်ချန်း လုပ်လိုက်ပါသည်။

အသစ်စက်စက် ပြုလုပ်ထားသည့် စာရင်းကို ကြည့်ကာ ယဲ့ရှောင်ချန်း စိတ်အေးစွာဖြင့် သက်ပြင်းချလိုက်သည်။ မလွယ်ကူပါ။

တစ်ခါတစ်လေ ကမ္ဘာကြီးထဲက နည်းလမ်းတွေက သိပ္ပံသုတေသနတွေထက်ပင် ပိုခက်ခဲနေပါသေးသည်။

ယခု သူ ပြင်ဆင်ပြီးသွားပြီဆိုတော့ စိတ်သက်သာရာ ရသွားခဲ့ပါသည်။

တစ်ချိန်တည်းမှာပဲ ယဲ့ရှောင်ချန်းနှင့် ဝမ်ရှင်းယီတို့၏ မင်္ဂလာကိစ္စက တောမီးလို ပျံ့နှံ့သွားခဲ့သည်။

ယဲ့ရှောင်ချန်းကော ဝမ်ရှင်းယီကောက အလွန် နာမည်ကြီးကြသူများ ဖြစ်ပါသည်။

အထူးသဖြင့် ဝမ်ရှင်းယီဖြစ်၏။ ယခုဆိုရင် သူမက ပရိတ်သတ် အနည်းဆုံး သန်း ၈၀ ရှိသော ကမ္ဘာကျော်အဆိုတော်တစ်ယောက် ဖြစ်နေပါပြီ။

သူတို့ လက်ထပ်တော့မည်ဆိုသောကြောင့် ရေပန်းစားလာမှုက ဖော်ပြလို့တောင် မရပါ။

ရုတ်တရက်ဆိုသလိုပဲ အွန်လိုင်းမီဒီယာများနှင့် သတင်းစာများတွင် ဒီအဖြစ်အပျက်အကြောင်း သတင်းများဖြင့် ပြည့်နှက်လာခဲ့ပါသည်။

စကားဝိုင်းများစွာကိုလည်း ဖြစ်ပေါ်လာစေခဲ့သည်။

သုတေသနအဖွဲ့အစည်းတွင်။

သုတေသန ပညာရှင်အားလုံးက ယဲ့ရှောင်ချန်းကို ဂုဏ်ပြုလိုက်ပါသည်။

သိပ်ပျော်သည့်ပုံမပေါ်ဘဲ မျက်နှာသိပ်မကောင်းသည့် လူတစ်ယောက်သာ ရှိသည်။

ကျီယုထျင် ဖြစ်ပေ၏။

သူမ ယဲ့ရှောင်ချန်းကို သဘောကျတာ သိသာပါသည်။

သုတေသနအဖွဲ့အစည်းတစ်ခုလုံးပင် သိထားကြသည်။

ကျီယုထျင်၏ ဝမ်းနည်းသော မျက်လုံးများကို မြင်သော်လည်း ယဲ့ရှောင်ချန်း၏ မျက်နှာက ပြောင်းလဲမသွားခဲ့ပါ။

သူကသံယောဇဥ်ကြီးသော လူမဟုတ်ပါ။ ဆန့်ကျင်ဘက်အနေဖြင့် အလွန်သစ္စာရှိသူ ဖြစ်ပါသည်။

မဟုတ်ပါက ဒီနှစ်ပေါင်များစွာအတွင်း မိန်းမလှလေးများစွာနှင့် ပတ်သက်ခဲ့ရသော်လည်း ဝမ်ရှင်းယီကိုသာ စွဲလမ်းနေမည်မဟုတ်ပါ။

ထို့ကြောင့် သူ ကျီယုထျင်၏ ခံစားချက်များကို လျစ်လျူရှုဖို့သာ ရှိသည်။ မဟုတ်ပါက သူမကို ထိခိုက်နာကျင်စေပါလိမ့်မည်။

အနာဂတ်တွင် ကျီယုထျင်လည်း ကိုယ်ပိုင် ပျော်ရွှင်မှုတစ်ခုကို ရှာတွေ့လိမ့်မည်ဟု သူ ယုံကြည်ထားသည်။

...

ကောင်းကင်ဘုံလှိုဏ်ဂူ စိုက်ပျိုးရေးခြံတွင်။

လေလံပွဲတစ်ခု ကျင်းပနေ၏။

ယဲ့ရှောင်ချန်း ဝင်ပါဖို့ပင်မလိုတော့ပါ။ သူ့လက်အောက်ငယ်သာားများက ကိုင်တွယ်နိုင်နေပါပြီ။

"ယဲ့ရှောင်ချန်း သေချာပြင်ဆင်ထားပါ။ ကောင်းကင်ဘုံနန်းတော်ဆီ မင်း ဖိတ်ခေါ်ခံရဖို့ သိပ်မကြာတော့ဘူးထင်တယ်။”

လေလံပွဲပြီးသောအခါ ကျောက်စိမ်းဧကရာဇ်က ယဲ့ရှောင်ချန်းကို ရုတ်တရက် ပြောလိုက်ပါသည်။

'ဘာဖြစ်တာလဲ။”

ယဲ့ရှောင်ချန်း အနည်းငယ် ကြောင်သွားပါသည်။

"ငါ့ကို အကြောင်းပြချက် မမေးနဲ့။ အချိန်တန်ရင် သိရပါလိမ့်မယ်။”

ကျောက်စိမ်းဧကရာဇ်က ယဲ့ရှောင်ချန်း၏ ပခုံးကို ပုတ်လိုက်ပြီး လှည့်ထွက်သွားကာ ကောင်းကင်ဘုံလှိုဏ်ဂူအတွင်းမှ ထွက်သွားတော့သည်။

နတ်ဘုရားများ၏ ပုံရိပ်ယောင်များ တစ်ယောက်ပြီးတစ်ယောက် ပျောက်သွားကြသော်လည်း ယဲ့ရှောင်းချန်းကတော့ တွေဝေနေဆဲဖြစ်ပါသည်။

ကျောက်စိမ်းဧကရာဇ်၏ စကားလုံးများက သူ့ကို ဇဝေဇဝါဖြစ်သွားစေခဲ့သည်။ 'အကြောင်းအရင်းက ဘာလဲ။’

“ဒါပေမယ့် အဓိကမစ်ရှင်ကို ငါအောင်မြင်ဖို့ သိပ်မလိုတော့ဘူး။”

"ကြည့်ရတာ ငါအင်မော်တယ်လောကဆီ တက်လှမ်းနိုင်တော့မယ်ထင်တယ်။”

ယဲ့ရှောင်ချန်း ခေါင်းခါလိုက်ပါသည်။

ရိုးရိုးသားသာား ပြောရလျှင် လူသားလောကက ကောင်းမွန်သည်ဟု သူခံစားမိသည်။ သူသာ တကယ်ပဲ အင်မော်တယ်လောကသို့ တက်လှမ်းရပါက သူ လိုက်လျောညီထွေ ဖြစ်နိုင်မည်မဟုတ်ပေ။

"ကြည့်ရတာ ငါသေသေချာချာ ပြင်ဆင်ထားဖို့ လိုမယ်ထင်တယ်။”

ကျောက်စိမ်းဧကရာဇ်က စကားကိုလွယ်လွယ်ပြောမှာ မဟုတ်မှန်း ယဲ့ရှောင်ချန်း သိပါသည်။

'တစ်ခုခု ကြီးမားတာ ဖြစ်နေပြီထင်တယ်။’

ထို့အပြင် မကြာသေးခင်က သူမက်ခဲ့သည့် အိပ်မက်များကြောင့် သူ ပိုပိုပြီး စိတ်ရှုပ်လာခဲ့သည်။ သံသယဖြစ်စရာ နေရာများ ပိုများလာသည့်ပုံပင်။

ထိုနေ့ညက ယဲ့ရှောင်ချန်း နောက်ထပ် အိပ်မက်ဆိုးကို မြင်မက်ခဲ့ပါသည်။

ယခင်တောင်ကြားမှာပဲဖြစ်သည်။

အမည်မဲ အုတ်ဂူ ၅ လုံးနှင့် အုတ်ဂူအလွတ် ၁ လုံးတို့ရှိသည်။

အားလုံးက ထူးဆန်းနေ၏။

ရုတ်တရက် ယဲ့ရှောင်ချန်း တစ်ယောက်ယောက် ချောင်းဆိုးသံကို ကြားလိုက်ရပါသည်။ ထို့နောက် ခါးကုန်းကုန်း အဘိုးကြီးတစ်ယောက်ကို သူမြင်လိုက်ရပါသည်။ အသက်အလွန်ကြီးလွန်းသဖြင့် လမ်းလျှောက်နိုင်သည် ဆိုရုံလောက်သာ ရှိသည်။ သူက လဲကျခါနီးဆဲဆဲဖြစ်နေပြီး အခေါင်းတစ်ခုထဲသို့ အချိန်မရွေးပြုတ်ကျသွားနိုင်သည့်ပုံပင်။

သူခြေလှမ်းလှမ်းလိုက်တိုင်း ပြင်းပြင်းထန်ထန် ချောင်းဆိုးသွားစေပါသည်။

ရုတ်တရက် ထိုအဘိုးကြီး အုတ်ဂူတစ်လုံး၏ ရှေ့သို့ ရောက်သွားသည်ကို ယဲ့ရှောင်ချန်း သတိထာားမိသည်။ သူက ဖိုင်တွဲတစ်ခုလို အရာမျိုးကို လက်ထဲမှာ ကိုင်ထားပြီး အုတ်ဂူကို စတင်ခေါက်လေသည်။

'သူ ဘာလုပ်နေတာလဲဟ။’

'အုတ်ဂူမှာ နာမည်ထိုးဖို့ လုပ်နေတာလား။’

မကြာမီ အုတ်ဂူခေါက်သံကို ကြားလာရသည်။

အဘိုးကြီး၏ ခေါက်သံအောက်တွင် အုတ်ဂူပေါ်၌ စကားလုံးများ စတင်ပေါ်လာလေသည်။

ပထမဆုံး ကောင်းကင်ဘုံလယ်သမား လီရှန်း၏ အုတ်ဂူ။

နာမည်ပေါ်လာသောအခါ အုတ်ဂူက ထိတ်လန့်စရာ အလင်းတစ်ခုကို ရုတ်တရက် ထုတ်လွှတ်လိုက်ပါသည်။

အစက သာမန်အတိုင်း ရှိနေသော အုတ်ဂူတွင် ဖော်မပြနိုင်သည့် ရောင်ဝါတစ်ခု ရှိလာသည်။ ကျောက်ဖြစ်ရုပ်ကြွင်းတစ်ခုက ရတနာတစ်ပါးအဖြစ် ပြောင်းလဲသွားသလိုပင်။

အဘိုးကြီးက ပထမအုတ်ဂူတွင် နာမည်ရေးထိုးပြီးသောာအခါ ဒုတိယ အုတ်ဂူသို့ ဆက်လျှောက်သွားပြီး နာမည်ဆက်ရေးထိုးသည်။

ဒုတိယ ကောင်းကင်ဘုံ လယ်သမား ခုချိ၏ အုတ်ဂူ။

ထို့နောက် တတိယ အုတ်ဂူထံသို့ လာခဲ့၏။

တတိယ ကောင်းကင်ဘုံ လယ်သမား ယောင်ရှိ၏ အုတ်ဂူ။

စတုတ္ထအုတ်ဂူပေါ်တွင်လည်း စကားလုံးများ စပေါ်လာ၏။

စတုတ္ထ ကောင်းကင်ဘုံ လယ်သမား ကျင်ယု၏ အုတ်ဂူ။

ထို့နောက် ပဉ္စမ အုတ်ဂူထံသို့ လာခဲ့၏။

ပဥ္စမ ကောင်းကင်ဘုံလယ်သမား ရောင်ခြယ်ရိုး၏ အုတ်ဂူ။

ယဲ့ရှောင်ချန်းက အုတ်ဂူများပေါ်က နာမည်များကို ကြည့်လိုက်သည်။ 'ပဉ္စမ ကောင်းကင်ဘုံ လယ်သမားဟုတ်လား။’

"ပဉ္စမ ကောင်းကင်ဘုံ လယ်သမားလား။”

"ဒါဆို ဆဌမမြောက် တစ်ယောက်က လွတ်နေတယ်။ ဘယ်သူ့ အုတ်ဂူလဲ။”

"ဆဌမ ကောင်းကင်ဘုံလယ်သမား တဲ့လား။”

"ငါက ဆဌမ ကောင်းကင်ဘုံလယ်သမား များလား။”

ထိုသို့ စဥ်းစားမိသောအခါ ယဲ့ရှောင်ချန်း တုန်ယင်သွားပါသည်။

ရုတ်တရက် အဘိုးကြီးက ဘေးဘက်မှာ ကျောက်တုံးကြီးတစ်တုံးကို ရွှေ့ကာ အုတ်ဂူလွတ်၏ ရှေ့တွင် နေရာချလိုက်ပါသည်။

ထို့အပြင် သူ့တိုက်ခိုက်မှုများကို အသုံးပြုပြီး ဟိုနားဒီနားကို ဖြတ်တောက်လိုက်သည်။ ထိုအခါ ပုံမှန်မဟုတ်သည့် ကျောက်တုံးကြီးက တခြားအုတ်ဂူများလိုပဲ ကျောက်စာတိုင် ဖြစ်လာခဲ့ပါသည်။

"အဘိုး ခင်ဗျားဘာလုပ်နေတာလဲ။”

ယဲ့ရှောင်ချန်းက သူ့ရင်ထဲက တုန်လှုပ်မှုကို ဖိသိပ်ရင်း မနေနိုင်ဘဲ မေးလိုက်မိတော့သည်။

အဘိုးကြီးက လှည့်မကြည့်ပါ။ သို့သော် ယဲ့ရှောင်ချန်း အသံကို သူကြားရပါသည်။ "မမြင်ဘူးလားကွ။ ငါအုတ်ဂူကျောက်စာတိုင် ထောင်နေတာကွ။”

"ဘယ်သူ့အတွက်လဲ"

ယဲ့ရှောင်ချန်း ဆက်မေးလိုက်ပါသည်။

"ဟီးဟီး မင်းအတွက်ပေါ့ကွ။”

အဘိုးကြီးက ရုတ်တရက် ရယ်မောလိုက်ပါသည်။

ထိုရယ်သံကြောင့် ယဲ့ရှောင်ချန်း၏ ကြက်သီးမွှေးညှင်းများ ထောင်မတ်သွားရသည်။ ကြောက်ရွံ့လွန်းသဖြင့် ခြေတစ်လှမ်းပင် ဆုတ်လိုက်မိ၏။

ထို့နောက် သူ့အမြင်အာရုံ မှောင်မိုက်သွားသည်။ မျက်လုံးကို ဖွင့်ကြည့်လိုက်သောအခါ ကုတင်ပေါ်တွင် သူအိပ်ပျော်နေကြောင်း သိလိုက်ရ၏။

'အိပ်မက်ဆိုးကြီးပဲ'

ထိုအိပ်မက်ဆိုးကြီး ထပ်ရောက်လာခဲ့ပြန်ပြီ။

အရင်အခေါက်များကလို မဟုတ်ဘဲ ဒီတစ်ခေါက်တော့ ရှင်းလင်းနေပါသည်။ အထဲမှာ ဘာတွေဖြစ်ခဲ့သလဲဆိုတာတောာင် ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။

'ခင်ဗျားက ကျွန်တော့်အတွက် အုတ်ဂူ ကျောက်စာတိုင် ထောင်ပေးနေတာတဲ့လား။”

ယဲ့ရှောင်ချန်း တစ်ယောက်တည်း ရေရွတ်လိုက်မိပါတော့သည်။

All Chapters