← Chapters

မနိုးဘဲ နှစ်ရှည်လများ အိပ်စက်ခြင်း

Vol. 21 Ch. 312

မနိုးဘဲ နှစ်ရှည်လများ အိပ်စက်ခြင်း

Vol. 21 Ch. 312

ယဲ့ရှောင်ချန်း ဘာပြောရမှန်း မသိတော့ပေ။

'လခွမ်း ငါမှားသွားတာပေါ့'

'ထူးဆန်းတယ်။ တော်တော်ကြာနေပြီ၊ အိပ်မက်က ဘာလို့ အဆုံးမသတ်သေးတာလဲ'

အဘိုးကြီးထွက်သွားပြီးတာတောင် သူ တောင်ကြားထဲမှာ ရှိနေဆဲဖြစ်ကြောင်း သတိထားလိုက်မိပါသည်။

တောင်ကြားထဲမှ လုံးဝ ထွက်သွားလို့ မရတာကိုလည်း သတိထားလိုက်မိပါသည်။

အိပ်မက်ထဲတွင် တောင်ကြားပတ်လည်တွင်သာ လမ်းလျှောက်နိုင်သည်။ တောင်ကြား အပြင်ဘက်မှာ ဘာရှိသလဲဆိုတာကိုတော့ သူ မသိပါ။

ဒီလိုနဲ့ အချိန်ဘယ်လောက်ကြာသွားမှန်း မသိရသော်လည်း ယဲ့ရှောင်ချန်း ထိုနေရာကြီးမှ ထွက်မသွားနိုင်သေးပါ။

'ဘာဖြစ်နေတာလဲ။ အချိန်တော်တော်ကြာနေပြီလို့ ခံစားနေရတယ်။ ဘာလို့ မနိုးသေးတာလဲ'

ယဲ့ရှောင်ချန်း ရုတ်တရက်ကြီး စိတ်ဖိစီးလာပါသည်။

လက်တွေ့ဘဝမှာ အချိန်ဘယ်လောက်တောင် ကုန်လွန်သွားပြီလဲ သူ မသိပါ။

သူ မနိုးထနိုင်ပါက ပြဿနာတက်လိမ့်မည်။

ထို့အပြင် ထိုအဘိုးကြီးထွက်သွားပြီးကတည်းက ပြန်မလာသေးပါ။

တောင်ကြားထဲတွင် ယဲ့ရှောင်ချန်း တစ်ယောက်တည်းသာ ရှိ၏။ သူ အသေပျင်းရိနေပါသည်။

'ဘာတွေဖြစ်နေတာလဲ'

ယဲ့ရှောင်ချန်းက ပိုပိုပြီး စိတ်ဖိစီးလာပါပြီ။

နောက်ဆုံးမှာတော့ တစ်ခုခုမှားယွင်းနေသည်ဟု သူခံစားလိုက်ရသည်။

တခြားသူသာဆို တောင့်ခံနိုင်မည်မဟုတ်ပေ။

'အားးး....'

ယဲ့ရှောင်ချန်း အော်ဟစ်လိုက်သည်။

အချိန်ဘယ်လောက်တောင် ကုန်သွားမှန်း သူ မသိတော့ပါ။ ဒီမှာ နှိုင်းယှဥ်ကြည့်လို့လည်း မရပေ။ အပြင်လောကမှာ ဘယ်အချိန် ရှိနေပြီလဲ မသိရပါ။

အပြင်လောကရဲ့ အခြေအနေကော ဘယ်လိုရှိလဲ။ သူ့မိဘတွေသာ သူ အချိန်အကြာကြီး အိပ်ပျော်နေတာကို တွေ့ရင် ဘာလုပ်ကြမလဲ။

သူ စိတ်ဖိစီးနေပါသည်။

ဒီလိုနှင့် အချိန်ဘယ်လောက်ကြာသွားမှန်း မသိရဘဲ စိတ်ကူးဖြင့် မှန်းဆ၍ မရလောက်သည့် နာကျင်မှုများ ပြီးနောက် ယဲ့ရှောင်ချန်း၏ နှလုံးသား နောက်ဆုံးတော့ တည်ငြိမ်သွားခဲ့ပါသည်။

လှိုင်းမရှိသည့် ရေအိုင်လေးတစ်ခုလိုပင်။

သူ ကျော်ဖြတ်နိုင်ခဲ့ပြီ။ သူ ဘယ်လောက်ပဲ စိတ်ဖိစီးနေပါစေ သူ လုပ်နိုင်တာ ဘာမှ မရှိပေ။ ထို့ကြောင့် သူတွေးပူနေတာကို ရပ်လိုက်ပါသည်။

သူ့စိတ်ထဲတွင် ရှန်းနုန်၏ မရေမတွက်နိုင်သော အသိပညာများကို စတင်စုစည်းလိုက်ပါသည်။

တဖြည်းဖြည်းနဲ့ ယဲ့ရှောင်ချန်း နက်နက်ရှိုင်းရှိုင်း အတွေးထဲနစ်မြောသွားခဲ့သည်။

ရုတ်တရက် ရှန်းနုန်လမ်းစဥ်အပေါ် သူ့နားလည်မှုက လိုအပ်ချက် ရှိနေသေးမှန်း သိလိုက်ရသည်။ နှံ့နှံ့စပ်စပ် သူ မလေ့လာရသေးပါ။

ထိုအချိန်တွင် ဒီလိုလူသူကင်းမဲ့နေသော သီးခြားနေရာတစ်ခုတွင် နောက်ဆုံးတော့ သူ့စိတ်တည်ငြိမ်နိုင်ခဲ့ပြီး အနှံ့စပ်ဆုံးလေ့လာမှုများကို ဆောင်ရွက်ခဲ့ပါသည်။

...

ကောင်းကင်ဘုံလှိုဏ်ဂူစိုက်ပျိုးရေးခြံတွင်။

ယဲ့ရှောင်ချန်း၏ အချိန်အကြာကြီး အိပ်စက်မှုကြောင့် လျန်ယူကျူးနှင့် တခြားသူများ စိုးရိမ်လာခဲ့သည်။

သူမိဘများ၊ ဝမ်ရှင်းယီနှင့် တခြားသူများလည်း လာခဲ့ကြသည်။ သို့သော် သူတို့လုပ်နိုင်တာ ဘာမှ မရှိပေ။

သူတို့ ယဲ့ရှောင်ချန်းဘေးမှာသာ နေ့တိုင်း နေပေးနိုင်ခဲ့သည်။

အချိန်အတော်ကြာသည်အထိ ယဲ့ရှောင်ချန်း ပေါ်မလာခဲ့သဖြင့် အားလုံး အာရုံစိုက်လာခဲ့ကြပါသည်။

သူ့မိသားစုက လူထုကို ယဲ့ရှောင်ချန်း ခက်ခဲသည့် စိုက်ပျိုးရေးပြဿနာတစ်ခုကို ဖြေရှင်းနေသည်ဟု ထုတ်ပြန်ခဲ့ရပါသည်။

မင်္ဂလာဆောင်နေ့ နီးကပ်လာသဖြင့် ဝမ်မိသားစုနှင့် ယဲ့မိသားစုတို့ မင်္ဂလာဆောင်ရက်ကို ရွှေ့ဆိုင်းရမည်ဟု ကြေညာခဲ့ကြရပါသည်။

အခြေအနေမျိုးစုံကြောင့် အာရုံစိုက်နေကြသည့် လူများစွာကို အပူတပြင်း စကားသံများ ထွက်ပေါ်လာစေခဲ့သည်။

"ရှောင်ချန်း ရှင်ဘာဖြစ်သွားတာလဲ။”

အခန်းတစ်ခန်းထဲတွင် ဝမ်ရှင်းယီက ကုတင်၏ ထောင့်တစ်နေရာတွင် ထိုင်ကာ ယဲ့ရှောင်ချန်း၏ လက်ကို ဆုပ်ကိုင်ထားသည်။ သူမ၏ မျက်နှာတွင်လည်း စိုးရိမ်ကြောင့်ကြမှုများဖြင့် ပြည့်နှက်နေခဲ့၏။

"ကျွန်မတို့ လက်ထပ်ကြတော့မယ်လို့ ရှင်ပဲ ပြောခဲ့တာလေ။”

"အခုတော့ နိုးမလာဘဲ အကြာကြီး အိပ်ပျော်နေတယ်။ ကျွန်မကို လိမ်ခဲ့တာလား။”

"ရှောင်ချန်း ကျွန်မ ရှင့်ရဲ့ သတို့သမီး တကယ်ဖြစ်ချင်ပါတယ်။”

"ကျွန်မ ဒီလို့နေ့မျိုးကို အကြာကြီးစောင့်နေခဲ့ရတာ သိလား။”

"ရှောင်ချန်း ကျွန်မ နောင်တရမိတယ်။ ဒီလိုဖြစ်လာမယ်မှန်းသာ သိခဲ့ရင် ကျွန်မ အဆိုတော်လည်း မလုပ်ဘူး၊ နာမည်ကျော်တစ်ယောက်လည်း ဖြစ်မလာချင်ပါဘူး။ ကျွန်မ ရှင်နဲ့ စောစော လက်ထပ်ခဲ့မှာ"

"ရှောင်ချန်း ထပါဦး။”

ဝမ်ရှင်းယီ၏ မျက်လုံးထဲက မျက်ရည်များ ထိန်းမနိုင်သိမ်းမနိုင် ကျဆင်းလာခဲ့ပါသည်။

သို့သော်လည်း ယဲ့ရှောင်ချန်းက လုံးဝ မလှုပ်ပါ။ ကိုမာဝင်နေသည့် လူနာတစ်ယောက်လို ဖြစ်လာပါသည်။

...

တံခါးအပြင်ဘက်တွင် ယဲ့ရှောင်ချန်း၏ အမေလည်း ဝမ်ရှင်းယီ၏ စကားများကိုကြားပြီး မျက်ရည်များ မထိန်းနိုင်အောင် ကျနေပါသည်။

သူမသား အခြေအနေက သူမကို အလွန် စိတ်ပူစေနေသည်။

သူမသား နိုးမလာတော့မည်ကို တကယ် စိုးရိမ်နေပါသည်။

အဖေက ဘေးတွင် ထိုင်နေပြီး သက်ပြင်းချနေပါသည်။ သူလည်း ဘာလုပ်ရမှန်း မသိတော့ပေ။

လျန်ယူကျူးနှင့် တခြားသူများလည်း သူတို့အားထားရသူ တစ်ယောက် ဆုံးရှုံးသွားသလို ခံစားနေရပါသည်။

...

အိပ်မက် တောင်ကြားတွင်။

အိပ်မက်ထဲမှာ ရှိနေတာ အချိန် ဘယ်လောက် ကြာသွားမှန်း ယဲ့ရှောင်ချန်း မသိတော့ပါ။

ဘာပဲဖြစ်ဖြစ် အချိန်ကိုလည်း သူဂရုမစိုက်ခဲ့ပါ။ အသိပညာ ဉာဏ်အလင်းပွင့်မှုကိုပဲ အာရုံနစ်မြောနေခဲ့ပါသည်။

အရင်တုန်းက သူ့မှာ ရှိခဲ့သမျှ သံသယများစွာ အခုတော့ ပြေလည်သွားခဲ့ပါပြီ။ အရင်တုန်းက မတွေးနိုင်ခဲ့သည့် ကိစ္စများကိုလည်း ကျွမ်းကျင်လာခဲ့ပါပြီ။

ဉာဏ်အလင်းပွင့်မှုမျိုးစုံ လှုံ့ဆော်လာခဲ့သည်။

"ဒီလိုကိုး... ကောင်းတယ် ကောင်းတယ်။ ငါ့မှာ အင်မော်တယ်မြေကွက် ရှိနေသရွေ့ ကောင်းကင်ဘုံအဆင့် အင်မော်တယ်အပင်တွေကို ဆုံးရှုံးလိုက်ရရင်တောင် အဆင့်နိမ့် အင်မော်တယ်အပင်တွေကို စိုက်ပျိုးနိုင်သေးတာပဲ။”

ယဲ့ရှောင်ချန်း၏ မျက်နှာတွင် ပျော်ရွှင်မှုများဖြင့် တောက်ပလာခဲ့ပါသည်။

သီအိုရီအရနားလည်မှုသက်သက် ဖြစ်သော်လည်း သူ့ကို အများကြီး ယုံကြည်ချက် ပိုရှိသွားစေပါသည်။

အချိန်ဘယ်လောက်တောင် ကြာသွားပြီ ဖြစ်မှန်း မသိတော့ပါ။

ရုတ်တရက် ယဲ့ရှောင်ချန်း အသံတစ်ခုကို ကြားလိုက်ရသည်။

သူ မော့ကြည့်လိုက်၏။

အချိန်အကြာကြီးထွက်သွားသည့် အဘိုးကြီး ဖြစ်သည်။ သူ ပြန်ရောက်လာခဲ့ပါပြီ။

မည်းနက်နေသည့် အခေါင်းတစ်လုံးကိုလည်း ယူလာခဲ့ပါသည်။

လခွမ်း။ လက်တွေ့လောကနဲ့ တော်တော်တူတာပဲ။

အခေါင်းကြီးကို အုတ်ဂူဘေးတွင် ချပြီးသောအခါ အဘိုးကြီးက ယဲ့ရှောင်ချန်းကို ကြည့်လိုက်ပြီး အံ့အားသင့်စွာ ပြောလိုက်ပါသည်။ "မင်း ဘာဖြစ်လို့ ဒီမှာ ရှိနေသေးတာလဲ။”

"ကျွန်တော်လား။”

ယဲ့ရှောင်ချန်း ကြက်သေသေသွားသည်။ ထို့နောက် သူ့ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားသည်။ သူ ရုတ်တရက် ဉာဏ်အလင်း ပွင့်သွားသလိုပင်။

ထို့နောက် သူ့အမြင်အာရုံ အမှောင်ကျသွားပြီး ဒီအိပ်မက်ကနေ နိုးထလာခဲ့ပါသည်။

ယဲ့ရှောင်ချန်း မျက်လုံးဖွင့်ကြည့်လိုက်သောအခါ ဝမ်ရှင်းယီ ငိုနေတာကို မြင်လိုက်ရပါသည်။

သူမ အလွန်ပိန်သွားပုံပေါက်ပြီး မျက်လုံးများက နီရဲပြီး ဖောင်းနေပါသည်။

"ရှင်းယီ ဘာလို့ ငိုနေတာလဲ။”

ယဲ့ရှောာင်ချန်းက နူးညံ့စွာ ပြောလိုက်ပါသည်။

ဝမ်ရှင်းယီ အစကတော့ ကြက်သေသေသွားရသည်။ ထို့နောက် အပျော်လွန်သွားခဲ့၏။ "ရှောင်ချန်း ရှင်... ရှင်ပြန်နိုးလာပြီပေါ့။ ကောင်းလိုက်တာ ကျွန်မစိတ်ပူနေတာ။”

"ဘာမှ မဖြစ်ပါဘူး။”

ယဲ့ရှောင်ချန်းက ဝမ်ရှင်းယီကို ဖက်ထားလိုက်ပြီး နူးညံ့စွာ နှစ်သိမ့်လိုက်ပါသည်။

သူ သတိမေ့နေစဥ် ရှင်းယီနှင့် တခြားသူများ အလွန်စိတ်ပူနေခဲ့ကြမည်ဟု ခန့်မှန်းမိပါသည်။

"ရှင်းယီ ကို အိပ်နေတာ ဘယ်လောက်ကြာပြီလဲ။”

ယဲ့ရှောာင်ချန်းက အမြန်မေးလိုက်ပါသည်။

"ရှင် လဝက်လောက် သတိမေ့နေခဲ့တာလေ။”

ဝမ်ရှင်းယီက မျက်ရည်သုတ်ပြီး ပြုံးလိုက်ပါသည်။

"ဘာ လဝက်လောက်ရှိပြီဟုတ်လား။ ဒါဆို လက်ထပ်ဖို့ကကော...."

ယဲ့ရှောင်ချန်း ထိတ်လန့်သွားပါသည်။

"သဘက်ခါလေ။ ဒါပေမယ့် ကျွန်မတို့ လောလောဆယ် ရက်ရွှေ့ဆိုင်းလိုက်မယ်။”

ဝမ်ရှင်းယီက ပြောလိုက်သည်။

"ဘာကို ရွှေ့ဆိုင်းမှာလဲ။ မရွှေ့ဆိုင်းပါနဲ့။ ကို နိုးလာပြီပဲ။ မင်္ဂလာပွဲကို သဘက်ခါပဲ ကျင်းပမယ်။”

ယဲ့ရှောင်ချန်းက အမြန်ပြောလိုက်သည်။

ဝမ်ရှင်းယီ ခေါင်းငြိမ့်လိုက်ပါသည်။ သူမ၏ နှလုံးသားထဲ ချိုမြိန်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

သူမလည်း ယဲ့ရှောင်ချန်း၏ သတို့သမီးဖြစ်လာဖို့ စိတ်အားထက်သန်နေပါသည်။

ယဲ့ရှောင်ချန်း နိုးလာသည့် သတင်းကို အားလုံး ချက်ချင်း သိသွားကြသည်။ လူတိုင်း ပျော်ရွှင်သွားခဲ့ကြသည်။

သူ့မိဘများက ပို၍ပင် အပျော်လွန်ခဲ့ကြပါသည်။

ဒီရက်တွေထဲ သူတို့ အစိုးရိမ်လွန်ခဲ့ကြရသည်။

လျန်ယူကျူးနှင့် တခြားသူများလည်း စိတ်အေးသွားကြသည်။ ယဲ့ရှောင်ချန်း နိုးလာပြီ ဖြစ်သောကြောင့် သူတို့ ဘာမှ စိတ်ပူဖို့ မလိုတော့ပါ။

ဘာကြောင့် အချိန်အကြာကြီး သတိမေ့နေခဲ့ရသလဲဆိုတာကိုတော့ နက်ရှိုင်းသည့် ကျင့်ကြံခြင်း အခြေအနေထဲ ရောက်သွားပြီး ပြန်မထွက်နိုင်ခဲ့ဘူးဟုသာ ပြောခဲ့ပါသည်။ တခြား ပြဿနာ မရှိခဲ့ပါ။

ထိုအခါမှ အားလုံး စိတ်အေးသွားကြသည်။

ထို့နောက် ယဲ့ရှောင်ချန်းနှင့် ဝမ်ရှင်းယီတို့ ကောင်းကင်ဘုံလှိုဏ်ဂူထဲမှ ထွက်လာပြီး မင်္ဂလာပွဲကို သတ်မှတ်ထားသည့်အတိုင်း ကျင်းပသွားမည်ဟု ကြေညာခဲ့ကြပါသည်။

ယဲ့ရှောင်ချန်း ပြန်ပေါ်လာသဖြင့် ကောလဟာလ များစွာ ပျောက်ကွယ်သွားခဲ့ရပါသည်။

ယဲ့ရှောင်ချန်း လဝက်လောက် ပျောက်ကွယ်သွားခြင်းက ထိခိုက်မှု ကြီးကြီးမားမား ဖြစ်ခဲ့ပါသည်။ အထူးသဖြင့် ယဲ့ရှောင်ချန်းနှင့် အလုပ်လုပ်နေသူများ ဖြစ်ကြသည်။

နောာက်ထပ် နှစ်ရက်အတွင်း မင်္ဂလာပွဲ ပြင်ဆင်မှုအား အားသွန်ခွန်စိုက် ဆောင်ရွက်ခဲ့ကြပါသည်။

လဝက်အတွင်း အားလုံးနီးပါး ရပ်တန့်တော့မလို ဖြစ်ခဲ့ရသည်။

သူတို့ အခု အလောတကြီးလုပ်မှ ရပါတော့မည်။

မျက်စိတစ်မှိတ်အချိန်အတွင်း ၁၁နှစ်မြောက် အမျိုးသားနေ့ ရောက်လာခဲ့သည်။

ဒီနေ့က ယဲ့ရှောင်ချန်းနှင့် ဝမ်ရှင်းယီတို့၏ မင်္ဂလာဆောင်နေ့ပဲဖြစ်ပါသည်။

All Chapters