မင်္ဂလာပွဲအတွက် သီချင်းတစ်ပုဒ်
Vol. 21 Ch. 313
ယဲ့ရှောင်ချန်းနှင့် ဝမ်ရှင်းယီတို့၏ မင်္ဂလာပွဲကို ယန်မြို့တော်က အင်မော်တယ်စမ်းရေ စားသောက်ဆိုင်တွင် ကျင်းပခဲ့ပါသည်။
ယန်မြို့တော်က အင်မော်တယ် စမ်းရေ စားသောက်ဆိုင်ကို ၃ ရက် ကြိုတင်ပိတ်ထားခဲ့သည်။ မင်္ဂလာပွဲ ကျင်းပရာ နေရာ တစ်ခုလုံးကို ဂရုတစိုက် အလှဆင်ထားပါသည်။
အင်မော်တယ် စမ်းရေစာားသောက်ဆိုင်က မင်္ဂလာပွဲမတိုင်ခင် တစ်ရက်ကြိုပြီး တက်ရောက်ခဲ့သည့် ဧည့်သည်များကို စတင်ဧည့်ခံခဲ့ပါသည်။
မင်္ဂလာပွဲက တရုတ်ရိုးရာနှင့် အနောက်တိုင်း စတိုင်ကို ပေါင်းစပ်ထားသည့် ပုံစံ ဖြစ်သည်။
အလွန်စည်ကား သိုက်မြိုက်လျက် ရှိသည်။
ထို့နည်းတူစွာ လုံခြုံရေးကလည်း အလွန်တင်းကြပ်၏။
ယန်မြို့တော်က မင်္ဂလာပွဲအတွက် ရဲဌာနကို အထူးလှုပ်ရှားစေခဲ့ပါသည်။
မတတ်နိုင်ပေ။ ယဲ့ရှောင်ချန်းကော ဝမ်ရှင်းယီကောက နာမည်ကျော်ပုဂ္ဂိုလ်များ ဖြစ်ကြသည်။
အထူးသဖြင့် ဝမ်ရှင်းယီဖြစ်သည်။ သူမတွင် ပရိတ်သတ်များစွာရှိသည်။ ထိုပရိတ်သတ်များစွာ ဆိုတာကလည်း ကမ္ဘာတစ်ဝှမ်းလုံးမှ ဖြစ်ပါသည်။
ထို့ကြောင့် မင်္ဂလာပွဲတက်ရောက်သည့် လူဦးရေ တိုးမြင့်လာခဲ့သည်။ ဝမ်ရှင်းယီ၏ အမာခံပရိတ်သတ် တစ်ဒါဇင်ကို မင်္ဂလာပွဲ တက်ရောက်ဖို့အတွက် ရွေးချယ်ခဲ့ပါသည်။
သို့သော်လည်း ပရိတ်သတ်များ၏ စိတ်အား တက်ကြွမှုကိုတော့ မတားဆီးနိုင်ခဲ့ပေ။
မင်္ဂလာပွဲ အထွတ်အထိပ်ကာလတွင် ယဲ့ရှောင်ချန်း၏ အတန်းဖော် ဖန်းယွမ်က စတင် အားပေးသည်။
"ယဲ့ရှောင်ချန်းနဲ့ ဝမ်ရှင်းယီ မင်းတို့နှစ်ယောက် အချစ်သီချင်း တစ်ပုဒ်လောက် အတူတူ ဆိုကြပါလား။”
ဖန်းယွမ်က မတ်တပ်ရပ်ကာ အကျယ်ကြီး ပြောလိုက်ပါသည်။
"သီချင်းဆိုပါ"
"သီချင်းဆိုပါ"
...
ဝမ်ရှင်းယီ၏ ပရိတ်သတ် တစ်ဒါဇင်ကလည်း မတ်တပ်ရပ်ကာ အားပေးကြလေသည်။
တခြားသူများကလည်း ဝင်ရောက် တောင်းဆိုကြ၏။
"ဝမ်ရှင်းယီက အဆိုကောင်းပြီး ငါက အတော်လေး အသံမကောင်းတာကို မင်းတို့သိရဲ့သားနဲ့။ တမင်သက်သက် ငါ့ကို လှောင်နေကြတာလားကွ။”
ယဲ့ရှောင်ချန်းက စိတ်ကြိုက်ဖန်တီးထားသော ဝတ်စုံတစ်ခုကို ဝတ်ဆင်ထားပါသည်။ သူက ချောမောကာ အားအင်ပြည့်ဝနေခဲ့ပါသည်။
"ဟုတ်တယ် အဲ့လိုပဲ ဖြစ်စေချင်တာ။ မင်းသတ္တိရှိလားကွ။”
ဖန်းယွမ်က ရယ်မောလိုက်ပါသည်။
တခြား ဧည့်သည်များစွာလည်း ဝင်ရောက် ဆူညံကြသည်။ ဒီလို အဖြစ်အပျက်မျိုးအတွက် သူတို့ ဆူညံချင်ကြတာ ပုံမှန်ပဲ ဖြစ်ပါသည်။
"ငါ့မှာ သတ္တိမရှိဘူးလို့ ဘယ်သူပြောလဲ။ ဒီလို ဆိုရင်ကော ရှင်းယီက သီချင်းဆို၊ ငါက ပလွေမှုတ်မယ်။”
ယဲ့ရှောင်ချန်းက ဝမ်ရှင်းယီကို ကြည့်လိုက်ပြီး ပြုံးလိုက်ပါသည်။
"မင်း ပလွေမှုတ်မှုတ် သီချင်းဆိုဆို ဂရုမစိုက်ဘူးကွာ။ သတို့သမီး သီချင်းဆိုတာပဲကြားချင်တာ။ သတို့သား မင်းကတော့ လာရှုပ်နေတဲ့ကောင်ပဲ။”
ဖန်းယွမ်က ရယ်မောလိုက်ပါသည်။
"သြော် ကြည့်ရတာ ငါ့အစွမ်းတွေကို တကယ်ထုတ်ပြရတော့မယ်ထင်တယ်။”
ယဲ့ရှောင်ချန်းက ပြုံးလိုက်ပါသည်။
ထိုအချိန်တွင် မင်္ဂလာဧည့်ခံပွဲ လီမန်ရောင်၊ ဝမ်လင်းနှင့် တခြားသူများလည်း ရှိနေကြပါသည်။
ယဲ့ရှောင်ချန်း ပလွေမှုတ်တော့မည်ဟု ကြားသောအခါ သူတို့ပျော်ရွှင်ကာ မျက်လုံးများ ဝိုင်းစက်သွားကြပါသည်။
ဒါက ရှားပါး အခွင့်အရေး ဖြစ်သည်။
လွန်ခဲ့သော နှစ်အနည်းငယ်လောက်က ယဲ့ရှောင်ချန်း ပလွေမှုတ်သံကို ကြားပြီးကတည်းက ဒီလိုအခွင့်အရေးမျိုး မရခဲ့တာ ဖြစ်သည်။
မကြာမီ ပလွေတစ်ခုကို ယူဆောင်လာခဲ့၏။ ယဲ့ရှောင်ချန်း၏ ဘေးတွင်ထိုင်ကာ ဝမ်ရှင်းယီက မိုက်ခရိုဖုန်းကို ယူလိုက်ပါသည်။
လူများစွာက မျှော်လင့်စောင့်စားနေသော မျက်နှာများဖြင့် စောင့်နေကြသည်။
ဝမ်ရှင်းယီက ကမ္ဘာကျော် စူပါစတား တစ်ယောက် မဟုတ်ပါလား။
ယဲ့ရှောင်ချန်းနှင့် ဝမ်ရှင်းယီတို့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး အပြန်ပြန် အလှန်လှန် နားလည်မှု ရှိကြသည်။
ရုတ်တရက် ရှင်းလင်းပြီး သာယာသည့် ပလွေသံတစ်ခု ထွက်လာလေသည်။
လူများစွာ တုန်ယင်သွားကြပြီး ပလွေသံလေးအား ချက်ချင်း စွဲလမ်းသွားကြပါသည်။ သူ့တို့ နစ်မြောသွားခဲ့သည်။
ခဏကြာသောအခါ ဝမ်ရှင်းယီ သီချင်း စဆိုပြီဖြစ်သည်။
သူတို့ တစ်ခါမှမကြားဖူးသည့် သီချင်းအသစ် တစ်ပုဒ်ဖြစ်ပါသည်။ လူနှစ်ယောက်ကြားက ချစ်ခြင်းမေတ္တာကို ဖော်ပြသော သီချင်းဖြစ်၏။
ထိုသီချင်းကို ယဲ့ရှောင်ချန်းနှင့် ဝမ်ရှင်းယီတို့ အတူတူရေးသားခဲ့သည်။ ပလွေသံနှင့် သီချင်းသံတို့ ပေါင်းစပ်လိုက်သောအခါ အံ့အားသင့်ဖို့ ကောင်းလှပြီး စိတ်ဝိညာဥ်နှလုံးသားကို ထိုးဖောက်နိုင်စွမ်း ရှိနေပါသည်။
သီချင်းပြီးဆုံးသွားသောအခါ အခမ်းအနားတစ်ခုလုံး တိတ်ဆိတ်နေကြဆဲဖြစ်သည်။
အားလုံးက သီချင်းနှင့် ပလွေသံတွင် နစ်မြောနေကာ ရုန်းမထွက်နိုင်ကြပေ။
အတန်ကြာခါမှ အုန်းအုန်းကျက်ကျက် လက်ခုပ်သံများ ပေါ်ထွက်လာခဲ့ပါသည်။
ခုနက သီချင်းနှင့် ပလွေသံမှာ လှပလွန်းသဖြင့် အားလုံး ပျော်ရွှင်နေခဲ့ကြပါသည်။
ထိုနေ့တွင် ယဲ့ရှောင်ချန်းနှင့် ဝမ်ရှင်းယီတို့၏ သီချင်းကို ဝမ်ရှင်းယီ၏ ကိုယ်ပိုင်ဂီတစာမျက်နှာတွင် Upload တင်ခဲ့ပါသည်။
ချက်ချင်းဆိုသလိုပဲ မရေမတွက်နိုင်သော ပရိတ်သတ်များအကြား ဆူညံပွက်လောရိုက်သွားခဲ့ပါသည်။ လူတိုင်း ထိုသီချင်းကြောင့် ယစ်မူးသွားကြပါသည်။
"ဘုရားရေ ကောင်းလိုက်တာ။ သီချင်းဆိုသံလေးက လှတယ်။ ပလွေသံလေးကလည်း လှတယ်။ အရမ်းလှတာပဲ။”
"ငါ ခဏခဏ နားထောင်ပြီးပြီ။ အခုထိ ရိုးမသွားသေးဘူး။”
"ဝမ်ရှင်းယီနဲ့ ယဲ့ရှောင်ချန်းတို့ လှပပြီး ပျော်ရွှင်ဖို့ ကောင်းတဲ့ ဘဝမျိုး ရနိုင်ပါစေလို့ နှစ်နှစ်ကာကာ ဆုတောင်းပေးပါတယ်။”
"အေး ဝမ်ရှင်းယီရဲ့ အဆိုက ကောင်းပေမယ့် ပလွေသံနဲ့တွဲလိုက်တော့ ပိုပြီးတော့တောင် ပြီးပြည်စုံသွားသေးတယ်။”
"ဒီသီချင်းနဲ့ ပလွေသံက စိတ်ဝိညာဥ်ကို ထိတွေ့နဲ့ အစွမ်းရှိတယ်လို့ ခံစားမိတယ်။ နားထောင်ပြီးတော့ နွေးထွေးသွားတာပဲ။”
"အေး ဒီရက်ပိုင်းထဲ ငါစိတ်ဓာတ်တွေကျနေတာ။ သူတို့သီချင်းကို နားထောင်လိုက်တော့ ပြန်လည် မွေးဖွားလာရသလိုပဲ။”
...
ဒီသီချင်း ပေါ်ပေါက်လာသဖြင့် ယဲ့ရှောင်ချန်း၏ Fan Club များလုံးဝ ဗြောင်းဆန်သွားခဲ့ကြသည်။
ရုတ်ခြည်းဆိုသလို အင်တာနက်တစ်ခုလုံး ဒီသီချင်း၏ အရိပ်ဖြင့် ပြည့်နှက်သွားခဲ့ပါသည်။
လူများစွာက ထိုသီချင်းကို နားထောင်ပြီးနောက် နစ်မြောသွားတတ်ကြသည်။
ဝမ်ရှင်းယီက အနားယူပြီးသားဖြစ်သော်လည်း သူမ၏ ပရိတ်သတ်များ လျော့မသွားရုံသာ မကသေးဘဲ ဆက်တိုက်တိုးမြင့်လာပါသေးသည်။
...
ညဘက်တွင်။
အိမ်၌။
မိသားစု တစ်စုလုံး ညစာ စားနေကြပါသည်။
အဖေ၊ အမေ၊ ယဲ့ရှောင်ချန်း၊ ဝမ်ရှင်းယီ၊ ညီမလေး ယဲ့ယင်၊ ယောက်ဖ ကောမော့ယွင်နှင့် တူလေး ကောကျင်းချီတို့ ရှိနေကြသည်။
"အစ်ကို နင် ပလွေကို ဒီလောက်ထိ ကောင်းကောင်းမှုတ်တတ်မယ်လို့ မထင်ထားဘူး။ ယောက်မနဲ့ အတူတူ တွဲဖက်လိုက်တော့ အရမ်းလိုက်ဖက်ညီတာပဲ။”
သူ့ညီမ ယဲ့ယင်က မင်္ဂလာပွဲအကြောင်း ပြောနေဆဲ ဖြစ်ပါသည်။
"ဒါပေါ့ဟ။”
ယဲ့ရှောင်ချန်းက အလွန်အမင်း ဂုဏ်ယူဝံ့ကြွားနေမိပါသည်။
"ဒီသီချင်းက ငါ့ရဲ့ ပူးပေါင်းပါဝင်မှုကြောင့်သာ မဟုတ်ရင် ဒီလောက်ထိ ချီးကျူးခံရမှာ မဟုတ်ဘူးလို့ အင်တာနက်က ပြောနေတာ မမြင်ဘူးလား။”
"အေးပါဟဲ့ မကြွားပါနဲ့တော့။ရှင်းယီရဲ့ ကျေးဇူးကြောင့်လည်း ပါတယ်လို့ ငါတော့ထင်တယ်။ အရမ်းကောင်းတာပဲ။”
အမေက သူ့ချွေးမဘက်ကို အခုကတည်းက ပါနေပြီဖြစ်သည်။
သူမ ပြောဆိုရင်း ဟင်းတချို့ကို ဝမ်ရှင်းယီ၏ ပန်းကန်လုံးထဲ ထည့်ပေးလိုက်ပါသည်။ "ရှင်းယီ များများစားနော်။”
"အစ်ကိုချန်းနဲ့ မရီးတို့။ ဟန်းနီးမွန်းကို ဘယ်သွားဖို့ စီစဥ်ထားလဲ။”
ကောမော့ယွင်က စိတ်ဝင်စားစွာ မေးလိုက်သည်။
"ဟုတ်တယ် အစ်ကိုတို့ Maldives ကို သွားဖို့ အကြံပေးချင်တယ်နော်။ တော်တော်မိုက်တာ။”
ယဲ့ယင်က ပြောလိုက်ပါသည်။
သူတို့နှစ်ယောက်က လွန်ခဲ့သော ၂နှစ်လောက်က လက်ထပ်ပြီးကြပြီဖြစ်ပြီး ထိုနေရာသို့ ဟန်းနီးမွန်းထွက်ခဲ့ပြီးကြပြီဖြစ်သည်။
"ဟားဟား ငါတို့ စဥ်းစားထားတဲ့ နေရာတစ်ခု ရှိပြီးသားပါ။ မင်းတို့တွေ စိတ်ပူဖို့ မလိုပါဘူး။”
ယဲ့ရှောင်ချန်းက ရယ်မောလိုက်ပါသည်။
ညစာစားပြီးနောက် တီဗီခေတ္တကြည့်ကြပြီး ယဲ့ရှောင်ချန်းနှင့် ဝမ်ရှင်းယီတို့ မင်္ဂလာဦး ခန်းမဆောင်ထဲ ဝင်လာခဲ့ကြပါသည်။
မင်္ဂလာဦး ခန်းမဆောင်ကို အလွန် လှပစွာ ပြင်ဆင်ထားသည်။
ယဲ့ရှောင်ချန်း နောက်ဆုံးတော့ ဝမ်ရှင်းယီကို ပိုင်ဆိုင်နိုင်ပြီဖြစ်သဖြင့် ဒီနေ့လောက် တစ်ခါမှ စိတ်မလှုပ်ရှားခဲ့ဖူးပါ။
ဒီအချိန်ထိ ထိန််းသိမ်းနိုင်ခဲ့သည့် သူ့သည်းခံနိုင်စွမ်းကို သူ သက်ပြင်းချလိုက်မိပါသည်။
ဝမ်ရှင်းယီ၏ မျက်နှာကလည်း နောက်ဘာဆက်ဖြစ်တော့မည်ကို သိနေသည့်အတွက် ရှက်သွေးဖြာနေပါသည်။
"မိန်းမ အတူတူ ရေချိုးကြမလား။”
ယဲ့ရှောင်ချန်းက ဝမ်ရှင်းယီကို ရုတ်တရက်ကြီး ချီလိုက်ပါသည်။
"အကြံကောင်း မဟုတ်ဘူးထင်တယ်နော်။”
ဝမ်ရှင်းယီက နူးညံ့စွာ ပြောလိုက်၏။
"ဘာကို အကြံကောင်း မဟုတ်တာလဲ။ ကိုတော့ အရမ်းသင့်တော်တယ်လို့ ထင်တယ်။”
ယဲ့ရှောင်ချန်းက ဝမ်ရှင်းယီကို ငြင်းဆန်ခွင့် မပေးတော့ဘဲ ရေချိုးခန်းထဲသို့ ပွေ့ချီသွားတော့သည်။
...
နောက်တစ်နေ့မနက် ယဲ့ရှောင်ချန်း နိုးလာခဲ့သည်။ ဝမ်ရှင်းယီကို ဖက်ပြီး ဆက်အိပ်ချင်သေးသော်လည်း ဝမ်ရှင်းယီ နိုးနေပြီဖြစ်ကြောင်း မြင်လိုက်ရ၏။
ဒီနေ့က နေ့ကောင်းနေ့မြတ်လေးဖြစ်ပြီး ဝမ်ရှင်းယီက သူ့အမေကို စကားပြောနေသည်။
"ဘာလို့ အစောကြီးထတာလဲ။”
ယဲ့ရှောင်ချန်း ပြောလိုက်သည်။
မနေ့ညက ရူးသွပ်ဖွယ်ညဖြစ်ခဲ့သော်လည်း ဝမ်ရှင်းယီ အစောကြီးထနိုင်သေးသည်။ အင်မော်တယ်ကျင့်ကြံသူများက တကယ်အားကောင်းကြသည်ဆိုတာကိုတော့ သူ ဝန်ခံရပါမည်။
"ကျွန်မ ထနေကျမို့လို့ပါ။”
ဝမ်ရှင်းယီ ပြုံးပြလိုက်ပါသည်။
နောက်ရပ်ပိုင်းလောက်အထိိ ဝမ်ရှင်းယီနှင့် ယဲ့ရှောင်ချန်း အိမ်ပြန်လာခဲ့သည်။ သူတို့နှစ်ယောက် ဟန်းနီးမွန်းထွက်ဖို့ ပြင်ဆင်ခဲ့ကြပါသည်။
တည်နေရာကတော့ ကမ္ဘာတစ်ဝှမ်းလုံးသို့ ဖြစ်သည်။
သူတို့နှစ်ယောက် ခရီးထွက်ဖို့ အသင့်ဖြစ်နေပါပြီ။
ဘာပဲဖြစ်ဖြစ် ကောင်းကင်ဘုံလှိုဏ်ဂူ ရှိနေသရွေ့ အချိန်မရွေး အိမ်ပြန်လာနိုင်ကြသည်။ အလွန် အဆင်ပြေချောမွေ့ပါသည်၊။