← Chapters

နေမင်းဇောအဟုန် နတ်ဘုရားကျင့်စဉ် ဆန္ဒ

Vol. 35 Ch. 468

နေမင်းဇောအဟုန် နတ်ဘုရားကျင့်စဉ် ဆန္ဒ

Vol. 35 Ch. 468

ပထမဆုံး စတွေ့တုန်းကတော့ ချူဖန်းဟာ လီဖူချန်းကို မျက်လုံးထဲမှာကို မထည့်ထားခဲ့ပါဘူး။ဒါပေမဲ့လည်း အခုတော့ သူဟာ လီဖူချန်းကို အစွမ်းထက် ပြိုင်ဘက်အဖြစ် သတ်မှတ်ထားခဲ့ပါပြီ။

ချူဖန်းက သူ့ရဲ့ သာမန်အစွမ်းတွေဟာ လီဖူချန်းကို ယှဉ်နိုင်မှာ မဟုတ်ဘူး ဆိုတာကိုလည်း ကောင်းကောင်းကြီး သိထားပါတယ်။

မြေကမ္ဘာအဆင့်မြင့် သိုင်းပညာ တစ်ခုကို တစ်ဖက်ကမ်းခတ် တတ်မြောက်ခြင်း အဆင့်အထိရောက်အောင် လေ့ကျင့်ထားနိုင်တယ် ဆိုတာက အလွန်အမင်း ခက်ခဲတဲ့ အရာတစ်ခုပါပဲ။ ဒါက ပါရမီရှင်တိုင်း လုပ်ဆောင်နိုင်တဲ့ အရာ မဟုတ်ပါဘူး။ချူဖန်းက သူ့ကိုယ်သူ ပါရမီရှင် တစ်ယောက်အဖြစ် ခံယူထားတာတောင်မှ မြေကမ္ဘာ အလယ်အလတ်အဆင့် သိုင်းဆန္ဒကိုသာ နားလည်အသုံးပြုနိုင်ပါသေးတယ်။

လင်းရီကျန်း နဲ့ ပိုင်လိရှန်တို့ရဲ့ ထိုးထွင်းသိမြင်မှုက ရူးသွပ်ချင်စရာ ကောင်းလောက်အောင် ဖြစ်ပေမယ့်လည်း လီဖူချန်းရဲ့ ထိုးထွင်းသိမြင်မှုကိုတော့ မယှဉ်နိုင်သေးပါဘူး။

လီဖူချန်းက သည်နှစ် အဆင့်သတ်မှတ်ချက် ပြိုင်ပွဲရဲ့ ထိုးထွင်းသိမြင်မှု အကောင်းဆုံးပိုင်ရှင် ဆိုတဲ့ အချက်ကိုတော့ လူတိုင်းက လက်ခံထားကြပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ လီဖူချန်းက လင်းရီကျန်း နဲ့ ပိုင်လိရှန်တို့ထက် အများကြီး ငယ်နေသေးလို့ပါပဲ။

အခြေအနေကို ရိပ်မိတဲ့ ချူဖန်းဟာ တိုက်ပွဲစပြီ ဆိုတာနဲ့ တစ်ပြိုင်နက် သူ့ရဲ့ နတ်ဘုရားစွမ်းရည်ဖြစ်တဲ့လေပြင်းမီးလျှံ မဟာပျက်သုဉ်းခြင်း စက်ကွင်းကို ထုတ်သုံးပါတော့တယ်။

" မဟာပျက်သုဉ်းခြင်းစက်ကွင်း လာစမ်း "

ဟူး……ဟူး……ဟူး………

ချူဖန်းရဲ့ အရှေ့မှာတော့ မီးစက်ကွင်းကြီးတစ်ခု ဖြစ်တည်လာခဲ့ပါပြီ။ သည်မီးစက်ဝိုင်းထဲမှာတော့ လေပြင်းတာအို ဥပဒေသနဲ့ မီးလျှံတာအို ဥပဒေသတို့ ရောနှော ပါဝင်နေခဲ့ပါတယ်။

" သွားတော့ "

အဲသည်နောက်မှာတော့ ချူဖန်းက လေပြင်းမီးလျှံ မဟာပျက်သုဉ်းခြင်း စက်ကွင်းကို လီဖူချန်းဆီ စေလွှတ်လိုက်ပါတယ်။

" အား …… ကြောက်စရာ ကောင်းလှချည်လား "

ချူဖန်းရဲ့လေပြင်းမီးလျှံ မဟာပျက်သုဉ်းခြင်း စက်ကွင်းကို တွေ့အပြီးမှာတော့ ရန်ရှီဟို နဲ့ လီကောင်းတို့တောင်မှ မျက်လုံး အပြူးသား ဖြစ်သွားခဲ့ပါပြီ။

သူတို့ရဲ့ နတ်ဘုရားစွမ်းရည်တွေက ချူဖန်းရဲ့ နတ်ဘုရားစွမ်းရည်ထက် ဖျက်ဆီးနိုင်စွမ်း ကောင်းပေမယ့်လည်းသူတို့ရဲ့ ခံနိုင်ရည်တွေကတော့ ချူဖန်းရဲ့ နတ်ဘုရားစွမ်းရည်ကို တောင့်ခံနိုင်စရာ အကြောင်း မရှိပါဘူး။

သူတို့က ချူဖန်းရဲ့ တိုက်ခိုက်မှုကို ခံလိုက်ရပြီ ဆိုတာနဲ့ သေချာပေါက် ဒဏ်ရာအပြင်းအထန် ရသွားမှာပါပဲ။

" တကယ်လို့ မင်းက အထူး နတ်ဘုရားစွမ်းရည်တစ်ခုကို နိုးထနိုင်ခဲ့ရင်တော့ ငါ့အတွက် နည်းနည်း စိတ်အနှောင့်အယှက် ပေးနိုင်ဦးမယ်။ ဒါပေမဲ့ အခု မင်းရဲ့ နတ်ဘုရားစွမ်းရည်က မီးလျှံတာအိုနဲ့ လေပြင်းတာအို ရောစပ်ထားတဲ့ နတ်ဘုရားစွမ်းရည် သက်သက်ပဲ "

လီဖူချန်းက သူ့ဆီ တိုးဝင်လာတဲ့ လေပြင်းမီးလျှံမဟာပျက်သုဉ်းခြင်း စက်ကွင်းကိုမခိုးမခန့်ကြည့်ရင်း ပြောလိုက်ပါတယ်။

ချူဖန်းရဲ့ လေပြင်းမီးလျှံ နတ်ဘုရားစွမ်းရည်က သာမန် သာလွန်ထူးကဲ နတ်ဘုရားစွမ်းရည်တွေထက် အနည်းငယ် အားကောင်းရုံပဲ ရှိတာပါ။ သူ့ရဲ့ လေပြင်းတာအို နဲ့ မီးလျှံတာအိုကတစ်ခုနဲ့တစ်ခု လိုက်လျောညီထွေစွာ ယှဉ်တွဲနေနိုင်ရင်တော့ ပထမတန်းစား နတ်ဘုရားစွမ်းရည်တွေလို ကြောက်စရာ ကောင်းလာမှာ ဖြစ်ပေမယ့်လည်း အခုလောလောဆယ်မှာတော့ အဲသည်အဆင့်ကို မရောက်သေးပါဘူး။ သူ့ရဲ့ နတ်ဘုရားစွမ်းရည်က တစ်ခုချင်းဆိုရင် သာမန် သာလွန်ထူးကဲ နတ်ဘုရားစွမ်းရည်တွေထက်တောင်မှ အားနည်းပါသေးတယ်။

အဲသည်အချက်တွေကိုတော့ လီဖူချန်းက ချူဖန်းရဲ့ အစောပိုင်း တိုက်ပွဲတွေကို လေ့လာပြီး သုံးသပ်ထားခဲ့တာပါ။

အခြားလူတွေအတွက်ကတော့ ချူဖန်းရဲ့ လေပြင်းမီးလျှံတာအို ဥပဒေသကို ဖျက်ဆီးဖို့ ခက်ကောင်း ခက်နိုင်ပေမယ့်လည်း လီဖူချန်းအတွက်ကတော့ အလွယ်လေးပါပဲ။

တိတိကျကျ ပြောရမယ် ဆိုရင်တော့ လီဖူချန်းရဲ့ နေဝန်းစိမ်း ဓားဆန္ဒကလည်း စက်ကွင်းအမျိုးအစား ဓားသိုင်းမျိုး ဖြစ်ပါတယ်။ပြီးတော့ လီဖူချန်းက သူ့ရဲ့ ဓားသိုင်းအဟုန်ကို စိတ်ကြိုက် အတင်အချ လုပ်နိုင်ပါသေးတယ်။

ဖန်း……ဖန်း……ဖန်း……

ပထမဆုံးအနေနဲ့ လီဖူချန်း လုပ်လိုက်တာကတော့ သူ့ရဲ့သွေးနီဓားကို အသုံးပြုပြီး လေပြင်းမီးလျှံ မဟာပျက်သုဉ်းခြင်း စက်ကွင်းကို နှစ်ပိုင်း ခွဲခြမ်းပစ်လိုက်တာပါပဲ။

အဲဒါကိုမှ လီဖူချန်းက နောက်ထပ် နှစ်ပိုင်းစီ ထပ်မံ ခွဲခြမ်းပစ်လိုက် ပြန်ပါတယ်။

လီဖူချန်းရဲ့ ရည်ရွယ်ချက်ကတော့လေပြင်းမီးလျှံ မဟာပျက်သုဉ်းခြင်း စက်ကွင်းရဲ့ ကန့်သတ်ချက်ကို စမ်းသပ်ဖို့ပါပဲ။သူက ဓားချက်တွေကို တရစပ် ထုတ်လိုက်ပြီးလေပြင်းမီးလျှံ မဟာပျက်သုဉ်းခြင်း စက်ကွင်းကို ဒါဇင်နဲ့ချီတဲ့ စက်ကွင်းငယ်လေးတွေဖြစ်အောင် လုပ်ပစ်လိုက်ပါတယ်။

ဟူး……ဟူး……ဟူး……

ဒါဇင်နဲ့ချီတဲ့လေပြင်းမီးလျှံ မဟာပျက်သုဉ်းခြင်း စက်ကွင်းငယ်လေးတွေကတော့ လီဖူချန်းကို ဝန်းရံပြီး စက်ဝိုင်းပတ် ပျံသန်းနေခဲ့ပါပြီ။

" ဟမ့်…… မင်းကတော့ ကိုယ့်သေတွင်း ကိုယ်တူးတာပဲ "

ချူဖန်းက မဲ့ပြုံးတစ်ချက် ပြုံးလိုက်ပါတယ်။ သူ့ရဲ့လေပြင်းမီးလျှံ မဟာပျက်သုဉ်းခြင်း စက်ကွင်းက သာမန် သာလွန်ထူးကဲ နတ်ဘုရားစွမ်းရည် မဟုတ်ပါဘူး။ စွမ်းအားတွေက ပြန့်ကျဲသွားရင်တောင်မှ ရန်သူကိုဒုက္ခပေးနိုင်ဦးမှာပါပဲ။

ချွမ်……

ချူဖန်းက အနိုင်ရပြီလို့ ထင်မှတ်နေစဉ်မှာပဲ အစိမ်းရောင် ဓားအလင်းတန်းကြီးတစ်ခုဟာ ရုတ်တရက် ထွက်ပေါ်လာပြီး သိုင်းစင်မြင့် တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့ပါပြီ။

အစိမ်းရောင် ဓားအလင်းတန်း ထွက်ပေါ်လာတာနဲ့ တစ်ပြိုင်နက်လေပြင်းမီးလျှံ မဟာပျက်သုဉ်းခြင်း စက်ကွင်းငယ်တွေဟာလောင်ကျွမ်း ပျောက်ကွယ်ကုန်ပါတယ်။

ဝေါ့……

ချူဖန်းက ပူပြင်းလှတဲ့ လေထုရဲ့ ဖိအားကို တောင့်မခံနိုင်ဘဲ သွေးစိမ်းရှင်ရှင် အန်ထွက်ကာ သိုင်းစင်မြင့်ပေါ်ကနေ လွင့်ထွက်သွားခဲ့ပါပြီ။

အထူးတန်းမှာ ရှိနေတဲ့ မန်ချင်းဟန်ကတော့ တီးတိုး ရေရွတ်လိုက်ပါတယ်။

" နေဝန်းစိမ်း ဓားဆန္ဒက အားနည်းချက် အနည်းဆုံး ဓားသိုင်းပဲ "

လင်းကျူပိုင်ကတော့ ကျိတ်ရယ်ပြီး မန်ချင်းဟန်ကို လှမ်းပြောလိုက်ပါတယ်။

" ကျောင်းအုပ်ကြီး…… ကျောင်းအုပ်လျူဟွာကို ကြည့်လိုက်ပါဦး။ သူ့ရဲ့ မျက်နှာကမည်းပုပ်နေပြီ "

လင်းကျုပိုင်ရဲ့ စကားက မမှားပါဘူး။ အထူးတန်း ပွဲကြည့်စင်ရဲ့ တစ်ဖက်မှာ ရှိနေတဲ့ လျူဟွာရဲ့ မျက်နှာဟာ တကယ်ပဲ မည်းမှောင်နေခဲ့တာပါ။ သူ့ရဲ့ ကြက်သွေးရောင်ကျား သိုင်းတက္ကသိုလ် အရွေးချယ်ခံဟာ တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်ရဲ့ အရွေးချယ်ခံကို သိုင်းကွက်တစ်ကွက်တည်းတဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။ ဒါက သူ့ရဲ့ မျက်နှာကို ဖြတ်ရိုက်လိုက်တာနဲ့ အတူတူပါပဲ။

***

နောက်ထပ် သိုင်းစင်မြင့် တစ်ခုပေါ်မှာတော့ ရန်ရှီဟို နဲ့ လီကောင်းတို့ရဲ့ တိုက်ပွဲက စတင်နေပါပြီ။

" လေနီကြမ်း မုန်တိုင်း "

ရန်ရှီဟိုရဲ့ လံှတာအို နတ်ဘုရားစွမ်းရည်ကိုတော့ လေနီကြမ်း မုန်တိုင်းလို့ ခေါ်ပါတယ်။အခုချိန်အထိတော့ ဘယ်သူမှ သူ့ရဲ့ လှံသိုင်းကွက် တစ်ကွက်ကို တောင့်မခံနိုင်သေးပါဘူး။

" အမျက်ဒေါသ သားရဲ "

သိုင်းစင်မြင့်ရဲ့ တစ်ဖက်ခြမ်းမှာရှိတဲ့လီကောင်းကလည်း အမျက်ဒေါသ နတ်ဘုရားစွမ်းရည်ကို ထုတ်ထားပြီးသားပါပဲ။

လီကောင်းရဲ့ ခန္ဓာကိုယ်ကတော့ တဖြည်းဖြည်း ကြီးထွားလာခဲ့ပါတယ် ။ မူလက နှစ်မီတာရှိတဲ့ သူ့ရဲ့ ခန္ဓာကိုယ်ဟာ မျက်စိတစ်မှိတ် အတွင်းမှာပဲ နှစ်မီတာခွဲအထိကို ကြီးထွားသွားခဲ့ပါပြီ။ သူ့ရဲ့ မျက်လုံးတွေက ကြက်သွေးရောင် ဖြစ်သွားပြီး ခန္ဓာကိုယ်ပေါ်မှာလည်း ကြောင်လိမ်အင်းကွက်တွေ ဖြစ်တည်လာခဲ့ပါတယ်။

လီကောင်းကို ကြည့်ရတာက လူသားပံုံ ပြောင်းထားတဲ့ သားရဲကြီး တစ်ကောင်လိုပါပဲ။

သူက လျင်မြန်စွာနဲ့ သူ့ဆီကို တိုးဝင်လာတဲ့ လှံအလင်းတန်းတွေကို ခုန်ရှောင်လိုက်ပါတယ်။

ဟူး……

ပြီးတာနဲ့ တစ်ပြိုင်နက် လီကောင်းဟာ ရန်ရှီဟိုဆီကို ခုန်ဝင်သွားခဲ့ပါပြီ။

" သွားစမ်း "

ရန်ရှီဟိုကလေနီကြမ်း မုန်တိုင်းကိုရွှေရောင်လှံတံအသွင် ပြောင်းလိုက်ပြီး လီကောင်းကို ရိုက်ထုတ်ပစ်လိုက်ပါတယ်။

ရန်ရှီဟိုရဲ့ လေနီကြမ်းမုန်တိုင်းက လီဖူချန်းရဲ့ မီးလျှံနှလုံးသားနဲ့ လုပ်ဆောင်နိုင်ပုံခြင်း အတူတူပါပဲ။ အဲဒါ ကြိုက်တဲ့ပုံစံကို အချိန်မရွေး ပြောင်းလဲနိုင်ပါတယ်။

ဒါပေမဲ့လည်း ရန်ရှိဟိုရဲ့ လှံတံရိုက်ချက်က လီကောင်းကို ဒဏ်ရာကြီးကြီးမားမားတော့ မရစေခဲ့ပါဘူး။လီကောင်းရဲ့ ခန္ဓာကိုယ် ပြန်လည်ကောင်းမွန်နိုင်စွမ်းကလည်းဒဏ်ရာတွေကို လျင်မြန်စွာ ပျောက်ကင်းသက်သာ သွားစေပါသေးတယ်။

" မင်းရဲ့ လှံတာအို နတ်ဘုရားစွမ်းရည်က တကယ် အစွမ်းထက်တာပဲ "

လီကောင်းက သူ့ရဲ့ နှုတ်ခမ်းထောင့်ကနေ စီးကျနေတဲ့ သွေးစအနည်းငယ်ကို လျှာနဲ့သပ်ရင်း ပြောလိုက်ပါတယ်။ သူ့ကို ကြည့်ရတာက သွေးဆာနေတဲ့ သားရဲကြီး တစ်ကောင်လိုပါပဲ။

" မင်းက ငါရဲ့ ပြိုင်ဘက် မဟုတ်ဘူး။ မြန်မြန် အရှုံးပေးစမ်း "

ရန်ရှီဟိုက သူ့ရဲ့ လှံတံနဲ့ လီကောင်းကို ညွှန်ပြီး ပြန်ပြောလိုက်ပါတယ်။ သူ့ရဲ့ လှံတံထိပ်မှာတော့ သိပ်သည်းတဲ့ လေပွေတစ်ခု ဖြစ်တည်နေခဲ့ပါပြီ။

ရွှီး………

အမျက်ဒေါက နတ်ဘုရားစွမ်းရည်ကို အသက်သွင်းထားတဲ့ လီကောင်းရဲ့ လှုပ်ရှားမှုတွေက လျှပ်ပြက်သလိုပါပဲ။ မျက်စိတစ်မှိတ် အတွင်းမှာပဲ သူက တည်နေရာရွှေပြောင်းသွားပြီး ရန်ရှီဟိုရဲ့ အနောက်ကို ရောက်သွားကာ လက်သည်းနဲ့ ကုပ်ဆွဲပစ်လိုက်ပါတယ်။

" ငါပြောခဲ့ပြီးပြီ။ မင်းက ငါ့ရဲ့ပြိုင်ဘက် မဟုတ်ဘူး "

ရန်ရှီဟိုက အနောက်မှာ မျက်စိ ရှိနေသလိုပါပဲ။ သူက အနောက်ကို ရုတ်တရက် လှည့်လိုက်ပြီး လှံတံကို စက်ဝိုင်းခြမ်းသဏ္ဌာန် လှုပ်ရှားလိုက်ပါတယ်။

ဟူး………

လှံတံအလင်းတန်းတွေဟာ လီကောင်းဆီကို တစ်ရှိန်ထိုး တိုးဝင်သွားခဲ့ပါပြီ။လီကောင်းကတော့ ဘယ်လိုမှ မမျှော်လင့်ထားတဲ့အတွက် ရန်ရှီဟိုရဲ့ တိုက်ခိုက်မှုကို အချိန်မီ တုံပြန်နိုင်ခြင်း မရှိခဲ့ပါဘူး။

စွပ်……

ရန်ရှီဟိုရဲ့ လှံတံအလင်းတန်း တစ်ခုက လီကောင်းကို ထုတ်ချင်းခတ် ဖောက်ထွက်သွားပြီး လွင့်စင်သွားစေခဲ့ပါတယ်။

ကျင့်ကြံခြင်းအဆင့်မှာပဲ ဖြစ်ဖြစ် ဒါမှမဟုတ် နတ်ဘုရား စွမ်းရည်မှာပဲ ဖြစ်ဖြစ်ရန်ရှီဟိုက လီကောင်းထက် အနည်းငယ် သာနေခဲ့တာပါ။ အဲသည်အတွက် လီကောင်းရဲ့ ရှုံးနိမ့်မှုက လက်သင့် ခံစရာပါပဲ။

ပွဲစဉ် ၂၇………

" သိုင်းစင်မြင့် နံပါတ် ၁။ ပြိုင်ပွဲဝင် နံပါတ်၃ လန်ဖေးအာ နဲ့ ပြိုင်ပွဲဝင် နံပါတ်၅ ရှန်းတုကျင်း "

" သိုင်းစင်မြင့် နံပါတ်၃။ ပြိုင်ပွဲဝင် နံပါတ်၁၅လီဖူချန်း နဲ့ ပြိုင်ပွဲဝင် နံပါတ်၁၈ လီကောင်း "

" သိုင်းစင်မြင့် နံပါတ်၇။ ပြိုင်ပွဲဝင် နံပါတ်၁ လင်းရီကျန်း နဲ့ ပြိုင်ပွဲဝင် နံပါတ်၄ ဝမ်ဟို "

ပွဲစဉ်၂၇ကို အရောက်မှာတော့ စိတ်ဝင်စားစရာ ပြိုင်ပွဲ၃ပွဲ ပါလာခဲ့ပါတယ်။

ပထမပွဲကတော့ လန်ဖေးအာ နဲ့ ရှန်းတုကျင်းတို့ရဲ့ တိုက်ပွဲပါပဲ။

လန်ဖေးအာက ကြယ်၆ပွင့် ဆေဘာတာအို အရိုးတည်ဆောက်ပုံကို ပိုင်ဆိုင်ထားတဲ့အတွက် ရန်ရှီဟိုနဲ့ အစွမ်းအစချင်း သိပ်မကွာလှပါဘူး။

ရှန်းတုကျင်းကတော့ အမြဲစိမ်း သိုင်းတက္ကသိုလ်ရဲ့ အရွေးချယ်ခံ ဖြစ်ပါတယ်။ သူက သစ်စိမ်း နတ်ဘုရားစွမ်းရည်တွေထဲက သစ်သားဝိညာဉ် ခန္ဓာကိုယ်ကို နိုးထ ထားနိုင်သူ ဆိုရင်လည်း မမှားပါဘူး။ အဲသည် နတ်ဘုရားစွမ်းရည်က ရှန်းတုကျင်းရဲ့ အစွမ်းတွေကို တိုးမြှင့်ပေးရုံသာမက သူ့ရဲ့ ခန္ဓာကိုယ် ပြန်လည်ကောင်းမွန်နိုင်စွမ်းကိုလည်း အဆပေါင်းများစွာ ပိုမြန်စေပါတယ်။ သစ်စိမ်းစွမ်းအားတွေ မကုန်သေးသရွေ့ကတော့ ရှန်းတုကျင်းကို ဒဏ်ရာရအောင်လုပ်ဖို့ လွယ်မှာ မဟုတ်ပါဘူး။

အစွမ်းထက်တဲ့ ပြိုင်ဘက်နဲ့ ရင်ဆိုင်ရမှာ ဖြစ်တဲ့အတွက် လန်ဖေးအားကတော့ ပေါ့ပေါ့ဆဆ မလုပ်ဘဲ တစ်ဖက်လူကို စူးစမ်းနေခဲ့ပါတယ်။

သိုင်းစင်မြင့် နံပါတ်၃က လီဖူချန်း နဲ့ လီကောင်းတို့ကတော့သိုင်းစင်မြင့် နံပါတ်၁လို မဟုတ်ဘဲတွေ့တာနဲ့ တစ်ပြိုင်နက် နှစ်ယောက်သား သဲကြီးမဲကြီး တိုက်ခိုက်နေကြပါပြီ။

အထူးသဖြင့် လီကောင်းပါပဲ။ သူက စင်ပေါ်ကို ခြေချမိတာနဲ့ တစ်ပြိုင်နက် အမျက်ဒေါသ နတ်ဘုရားစွမ်းရည်ကို အသက်သွင်းလိုက်ပြီး လီဖူချန်းကို အရူးတစ်ယောက်သဖွယ် လိုက်လံ တိုက်ခိုက်ပါတော့တယ်။

လီဖူချန်းကို အရူးတစ်ယောက်လို လိုက်လံတိုက်ခိုက်တဲ့အတွက် လီကောင်းပြန်ရလိုက်တာကတော့ အရှုံးဆိုတဲ့ ရလဒ်ပါပဲ။လီဖူချန်းက လီကောင်းကို သွေးအေးအေးနဲ့ ပြန်တုံ့ပြန်ပြီး ဓားချက်သုံးချက်နဲ့ပဲအနိုင်ယူသွားခဲ့တာပါ။

အမျက်ဒေါသ နတ်ဘုရားစွမ်းရည်က လီကောင်းကို လူသားတွေထက် သာလွန်တဲ့ အမြန်နှုန်းကို ရစေပေမယ့်လည်း လီဖူချန်းရဲ့ မျက်လုံးထဲကနေတော့ လီကောင်းရဲ့ လှုပ်ရှားမှုတွေဟာ လွတ်ထွက်မသွားနိုင်ခဲ့ပါဘူး။

ပထမ ဓားချက်မှာတော့ လီဖူချန်းဟာ လီကောင်းရဲ့ လှုပ်ရှားမှုတွေကို ကန့်သတ်လိုက်ပြီး ဒုတိယဓားချက်မှာတော့ လီဖူချန်းဟာ လီကောင်းရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဓားဒဏ်ရာတစ်ချက် ဖြစ်တည်သွားစေပါတယ်။

လီဖူချန်းရဲ့ တတိယ ဓားချက်ကတော့ လီကောင်းရဲ့ ရင်ဘတ်ကို ဟက်တတ်ကွဲအောင် ဆွဲဖြဲသွားခဲ့ပါတယ်။

ဓားချက်သုံးချက် အပြီးမှာတော့ လီကောင်းဟာ ဆက်လက်တိုက်ခိုက်နိုင်ခြင်း မရှိတော့ပါဘူူး။

သည်ဓားချက် သုံးချက်ကနေပြီး လူတိုင်းဟာ လီဖူချန်းရဲ့ ဓားပညာ အတိမ်အနက်ကို ကောင်းကောင်းကြီး ခန့်မှန်းသွားနိုင်ကြပါတယ်။ လီကောင်းရဲ့ ခံနိုင်ရည်ဟာ ဗာဂျရာ အရိုးတည်ဆောက်ပုံကို ပိုင်ဆိုင်ထားတဲ့ ဝမ်ကျန်းထက် အသာကြီးပါပဲ။ ဒါပေမဲ့လည်း လီဖူချန်းရဲ့ ဓားသိုင်းနဲ့ အတွေ့မှာတော့လီကောင်းဟာလည်း ဘာမှ မတတ်နိုင်တော့ပါဘူး။

သိုင်းစင်မြင့် နံပါတ်၇မှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ကတော့ ပိုလို့တောင် ဆိုးပါသေးတယ်။

လင်းရီကျန်း ရဲ့ ပြိုင်ဘက်ဖြစ်သူ ဝမ်ဟိုက ဓားချက်တစ်ချက်ကိုတောင်မှ တောင့်ခံနိုင်ခြင်း မရှိခဲ့ပါဘူး။

မြစ်ကူးနဂါး သိုင်းတက္ကသိုလ်ရဲ့ အရွေးချယ်ခံ ဝမ်ဟိုဟာ သည်နှစ် အဆင့်သတ်မှတ်ချက် ပြိုင်ပွဲရဲ့ ထိပ်ဆုံးဆယ်ယောက် စာရင်းထဲကို ဝင်နိုင်သူပါ။ ဒါပေမဲ့လည်း သူက လင်းရီကျန်းနဲ့ အတွေ့မှာတော့ ဓားချက်တစ်ချက်တည်းနဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။

နောက်ဆုံးမှာတော့ တစ်ယောက်နဲ့ တစ်ယောက် စူးစမ်းလေ့လာနေတဲ့လန်ဖေးအာနဲ့ ရှန်းတုကျင်းတို့ရဲ့ တိုက်ပွဲက စတင်လာခဲ့ပါပြီ။

သစ်စိမ်းစွမ်းအား ၁၀ ရာခိုင်နှုန်းအထိ အသုံးပြုပြီးတဲ့ နောက်မှာတော့ ရှန်းတုကျင်းက ကြည်ကြည်ဖြူဖြူပဲ အရှုံးပေးလိုက်ပါတယ်။သူက လန်ဖေးအာ နဲ့ဆက်ပြီး တိုက်ခိုက်နေလို့လည်း ဘာမှ မထူးပါဘူး။ အဲဒါက သူ့ရဲ့ သစ်စိမ်းစွမ်းအားတွေကို ကုန်သွားတာပဲ အဖတ်တင်ပါလိမ့်မယ်။

ပွဲစဉ် ၃၀……

ပွဲစဉ်၃၀မှာတော့ လီဖူချန်း နဲ့ လန်ဖန်းအာတို့ ထိပ်တိုက်တွေ့ဆုံကြပါတယ်။

လန်ဖန်းအာကတော့ ထိပ်ဆုံး၅ယောက်ထဲမှာ ပါဖို့ သေချာသလောက် ရှိနေခဲ့ပါပြီ။ သူမကို ယှဉ်နိုင်မယ့် သူတွေကတော့ လက်တစ်ဆုပ်စာပဲ ရှိတော့တာပါ ။ အဲသည်သူတွေကတော့ ပိုင်လိရှန်၊ လင်းရီကျန်း၊ ရန်ရှီဟို၊ ချူရန်ကောင်း နဲ့ လီဖူချန်းတို့ပါပဲ။

" ပုံရိပ်ယောင် ဆေဘာပင်လယ် "

လန်ဖန်းအာရဲ့ ဆေဘာတာအို နတ်ဘုရားစွမ်းရည်ကတော့ ရှားပါးလွန်းတဲ့ အမျိုးအစားထဲမှာ ပါပါတယ်။ အဲဒါက တိုက်ခိုက်ခြင်းကို စက်ကွင်းအလိုက် သက်ရောက်စေတဲ့ နတ်ဘုရားစွမ်းရည် အမျိုးအစားပါပဲ။

ရွှီး……ရွှီး……ရွှီး……ရွှီး………

ပုံရိပ်ယောင် ဆေဘာအလင်းတန်းတွေက သိုင်းစင်မြင့် တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့ပါပြီ။ တစ်ဆက်တည်းမှာပဲ အဲသည် ဆေဘာအလင်းတန်းတွေကလီဖူချန်းကို စက်ဝိုင်း ပုံသဏ္ဌာန် ရစ်ပတ်လိုက်ပြီး တိုက်ခိုက်လိုက်ပါတယ်။

" မရတော့ဘူးဟ။ ငါ့ရဲ့ ဝှက်ဖဲတွေထဲက တစ်ချပ်ကိုတော့ ထုတ်ရတော့မယ် "

လီဖူချန်းက အခြေအနေ မဟန်တော့ဘူး ဆိုတာကို သဘောပေါက်သွားတဲ့အတွက် မမြင်ရတဲ့ စွမ်းအားတစ်မျိုးကို ထုတ်လိုက်ပါတယ်။အဲသည်စွမ်းအားက ပုံရိပ်ယောင် ဆေဘာပင်လယ်ကို အားလျော့သွားစေခဲ့ပါပြီ။

" မြေကမ္ဘာ အလယ်အလတ်အဆင့် ချီအတွင်းအားကျင့်စဉ် ဆန္ဒလား "

လန်ဖန်းအာက မျက်မှောက်ကြုတ်လိုက်ပါတယ်။သူမက အံ့သြသွားခြင်းတော့ မရှိပါဘူး။

လီဖူချန်းက မြေကမ္ဘာအဆင့်မြင့် ဓားဆန္ဒကိုတောင် ထုတ်သုံးနိုင်မှတော့ မြေကမ္ဘာ အလယ်အလတ်အဆင့် ချီအတွင်းအား ဆန္ဒကိုလည်း ထုတ်သုံးနိုင်မှာပါပဲ။

ဟူး……ဟူး……ဟူး……

နေမင်းဇောအဟုန်ဆန္ဒကို ထုတ်သုံးလိုက်တဲ့ အခါမှာတော့ ပုံရိပ်ယောင် ဆေဘာပင်လယ်ဟာ လီဖူချန်းအပေါ်မှာ သက်ရောက်ခြင်း မရှိတော့ပါဘူး။

ရွှမ်း……

လီဖူချန်းက သူ့ရဲ့ဓားကို ဝှေ့ယမ်းလိုက်ပြီး အစိမ်းရောင် ဓာအလင်းတန်းနဲ့ ပံုံရိပ်ယောင် ဆေဘာပင်လယ်ကို ထိပ်တိုက်ရင်ဆိုင် လိုက်ပါတယ်။

လန်ဖန်အာကတော့ နဖူးကနေပြီး ချွေးသီးချွေးပေါက်တွေ ကျလာခဲ့ပါပြီ။ သူက လီဖူချန်းကို ဖိနှိပ်ဖို့ အကောင်းဆုံး ကြိုးပမ်းနေပေမယ့်လည်း မရတော့ပါဘူး။

" ပျက်စီးစမ်း"

ရွှမ်း……

ရုတ်တရက်ဆိုသလို ဓားအလင်းတန်း တစ်ခုဟာ ပုံရိပ်ယောင် ဆေဘာပင်လယ်ထဲကနေ တိုးထွက်လာပြီး လန်ဖေးအာကို တိုက်ခိုက်ပစ်လိုက်ပါတယ်။

ဝေါ့……

လန်ဖန်းအာက အနောက်ကို ခြေသုံးလှမ်း ဆုတ်လိုက်ပြီး သွေးအန်လိုက်ရပါတယ်။

ဘန်း……

တစ်ဆက်တည်းမှာပဲ လန်ဖန်းအာရဲ့ ပုံရိပ်ယောင် ဆေဘာပင်လယ်ဟာ တစ်စစီ ပျက်စီးသွားခဲ့ပါပြီ။

" နင့်မေကလွှား …… သည်ကောင်က ဘာကြီးလဲဟ "

စင်အောက်မှာ ရှိနေတဲ့ ချူရန်ကောင်းကတော့ ပါးစပ်အဟောင်းသားနဲ့ပါပဲ။

သူရဲ့ ရေထုကိုယ်ပွားက ထူးခြားပြီး အထူး နတ်ဘုရားစွမ်းရည်တွေကို ယှဉ်ကောင်း ယှဉ်နိုင်ပါလိ့မ်မယ်။ ဒါပေမဲ့လည်း သူ့အနေနဲ့ လန်ဖန်းအာကို အနိုင်ယူနိုင်လိမ့်မယ်လို့ယုံကြည်မှု ၂၀ရာခိုင်နှုန်းထက် ပိုမရှိပါဘူး။

ဒါပေမဲ့လည်း လီဖူချန်းကတော့ လန်ဖန်းအာကို တကယ်ကြီး အနိုင်ယူုပြ သွားခဲ့ပါပြီ။ ဒါကနတ်ဘုရားစွမ်းရည်တွေရဲ့ လွှမ်းမိုးနိုင်စွမ်းကို ပြောင်ပြောင်တင်းတင်းကြီး ဆန့်ကျင်ပြလိုက်တာပါပဲ။

လီဖူချန်းလို ကြောက်စရာကောင်းတဲ့ထိုးထွင်းသိမြင်မှုကို ပိုင်ဆိုင်ထားနိုင်မှတော့ နတ်ဘုရားစွမ်းရည်ကို နိုးထထားနိုင်ခြင်းရှိ၊မရှိ ဆိုတာကလည်း သိပ်ပြီး အရေးကြီးတော့မှာ မဟုတ်ပါဘူး။

***

All Chapters