← Chapters

ရေခဲ နဲ့ မီးလျှံ

Vol. 35 Ch. 470

ရေခဲ နဲ့ မီးလျှံ

Vol. 35 Ch. 470

"စိတ်မကောင်းစရာပဲ။ ထိုးထွင်းသိမြင်မှုက ဘယ်လောက်ကောင်းကောင်းအရိုးတည်ဆောက်ပုံက လိုက်မမီရင်တော့ ဘာမှ တတ်နိုင်မှာ မဟုတ်ဘူး "

တကယ်လို့ သူမ ကိုယ်တိုင်တောင်မှ ဆီးနှင်းရေခဲ နတ်ဘုရားစွမ်းရည် မရှိဘူးဆိုရင် လင်းရီကျန်းကို အနိုင်ယူဖို့အတွက် တော်တော် ခက်ခဲမယ် ဆိုတာကို ပိုင်လိရှန် အနေနဲ့ ကောင်းကောင်းကြီး သိပါတယ်။

သူမရဲ့ ကျင့်ကြံခြင်း အဆင့်နဲ့ ချီအတွင်းအား ကျင့်စဉ်က လင်းရီကျန်းထက် တစ်ဆင့်သာတယ် ဆိုပေမယ့် လင်းရီကျန်းက အခုမှ နတ်ဘုရားစွမ်းရည်ကို နိုးထ ထားနိုင်တာ မဟုတ်ပါဘူး။ လင်းရီကျန်းက သူ့ရဲ့ နတ်ဘုရား စွမ်းရည်ကို ထဲထဲဝင်ဝင် နားလည်သဘောပေါက် နေပါပြီ။

" လီဖူချန်းကရှုံးသွားတော့မှာလား "

အဆင့်သတ်မှတ်ချက် ပြိုင်ပွဲရဲ့ သည်အဆင့်အထိ ရောက်လာတဲ့ လီဖူချန်းကိုတော့ လူတိုင်းက လေးစားအားကျ နေကြပါတယ်။

ဘာဖြစ်လို့လည်းဆိုတော့ လီဖူချန်းက နတ်ဘုရားစွမ်းရည်ကို အသုံးမပြုဘဲ သူ့ရဲ့ ကိုယ်ပိုင်စွမ်းရည် သက်သက်နဲ့ သည်နေရာအထိ ရောက်လာခဲ့လို့ပါပဲ။ လီဖူချန်း ရှုံးတော့မယ် ဆိုတာကို သိပေမယ့်လည်း သူတို့အားလုံးက လီဖူချန်းကို မရှုံးစေချင် ကြပါဘူး။

ရွှီး……ရွှီး……ရွှီး………

ဓားကြာပန်းက လီဖူချန်းကို ပိတ်လှောင်သွားခဲ့ပြီး ဓားဆန္ဒကလည်းသူ့အပေါ်ကို အုပ်မိုးလာခဲ့ပါပြီ။

လင်းရီကျန်းကတော့ လီဖူချန်းကို အညှာအတာ ကင်းမဲ့စွာနဲ့ ကြည့်နေပါတယ်။

လီဖူချန်းရဲ့ အခြေအနေကလည်း သိုင်းစင်မြင့် ပေါ်ကနေ ပြုတ်ကျဖို့အတွက် ခြေလှမ်းတစ်လှမ်းသာ လိုတော့တဲ့ အခြေအနေပါ။

" မရတော့ဘူး။ မီးလျှံနှလုံးသားကို ထုတ်သုံးမှ ရတော့မယ်"

ခပ်တိုးတိုး ရေရွတ်လိုက်ပြီးတဲ့ နောက်မှာတော့ လီဖူချန်းရဲ့ မျက်လုံးထဲမှာ မီးလျှံတွေ စတင် ဖြစ်တည်လာပါတော့တယ်။

ဝုန်း………

ကြောက်စရာ ကောင်းလှတဲ့ အပူလှိုင်းတစ်ခု ကောင်းကင်ဆီကို ထိုးတက်သွားခဲ့ပါပြီ။ တစ်ဆက်တည်းမှာ မီးလျှံတန်းကြီး တစ်ခုဟာ လီဖူချန်းရဲ့ ခန္ဓာကိုယ်ထဲကနေ ထွက်ပေါ်လာပြီး ဓားကြာပန်းနဲ့ ထိပ်တိုက်တွေ့လိုက် ပါတော့တယ်။

ခရက်……ခရက်……

ဓားကြာပန်းပေါ်မှာ အက်ကွဲရာတွေ ဖြစ်ပေါ်လာခဲ့ပါပြီ။

လင်းရီကျန်း ဘာမှ မတုံ့ပြန်နိုင်ခင်မှာပဲ ဓားကြာပန်းဟာ ပေါက်ကွဲထွက်သွားပြီး စွမ်းအင်လှိုင်းတွေဟာ လင်းရီကျန်းဆီကို တန်ပြန် တိုးဝင်သွားပါတော့တယ်။

ဝုန်း……

လင်းရီကျန်းက သည်လိုဖြစ်လာမယ်လို့ လုံးဝ မမျှော်လင့်ထားခဲ့ပါဘူး။အဲသည်အတွက် သူက စွမ်းအင်လှိုင်းကို ဘယ်လိုမှ တောင့်မခံနိုင်ဘဲ လွင့်ထွက်သွားပါတော့တယ်။ သူ့ရဲ့ ခန္ဓာကိုယ်ပေါ်မှာတော့ မီးလောင်ဒဏ်ရာတွေ အပြည့်ပါပဲ။

" ဘာ……ဘာဖြစ်သွားတာလဲ"

အခြေအနေက ပြောင်းလဲသွားတာ မြန်လွန်းတဲ့အတွက် လူအများစုဟာ ဘယ်လိုဖြစ်လို့ ဖြစ်သွားမှန်း မသိလိုက်ကြပါဘူး။သူတို့က လင်းရီကျန်း လွင့်ထွက်သွားတာကိုသာ သိလိုက်ကြပါတယ်။

" မီးလျှံ နတ်ဘုရားစွမ်းရည်လား "

မန်ချင်းဟန် နဲ့ လင်းကျုပိုင်တို့ကတော့ တစ်ယောက်ကို တစ်ယောက် မတိုင်ပင်ဘဲ ကြည့်မိလိုက်ကြပါတယ်။ သူတို့ရဲ့ မျက်လုံးထဲမှာတော့ မေးခွန်းတွေက အပြည့်ပါပဲ။

လီဖူချန်းက နတ်ဘုရားစွမ်းရည်ကို နိုးထ သွားနိုင်တာပါလိမ့်။သူက ကြယ်၅ပွင့် မီးလျှံ အရိုးတည်ဆောက်ပုံကိုသာ ပိုင်ဆိုင်ထားတာ မဟုတ်ဘူးလား။

အချက်အလက်ကျကျ ပြောရမယ် ဆိုရင်တော့ ကြယ်၅ပွင့် မီးလျှံအရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေက မီးလျှံနတ်ဘုရားစွမ်းရည်ကို နိုးထနိုင်ဖို့ဆိုတာ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း အဲသည်လူက ပထမဆုံး တိုက်ပွဲဝိညာဉ်နယ်ပယ်ကို ရောက်နေဖို့ လိုပါတယ်။

တိုက်ပွဲဝိညာဉ်နယ်ပယ်ကို မရောက်သေးဘဲ နတ်ဘုရားစွမ်းရည်ကိုနိုးထနိုင်သူကိုတော့ ဘယ်သူမှ မမြင်ဖူးသေးပါဘူး။ လီဖူချန်းက ပထမဆုံးပါပဲ။

" သည်ကလေးက ငါ့ကိုတောင် ဖုံးကွယ်ရဲတယ်ပေါ့လေ "

မန်ချင်းဟန်က ခပ်တိုးတိုး ရေရွတ်လိုက်ပါတယ်။

ပြိုင်ပွဲတစ်ခုလုံးက လူတွေကတော့ ပါးစပ်အဟောင်းသား ဖြစ်နေကြပါပြီ။

ပိုင်လိရှန် နဲ့ အထက်ကောင်းကင်ဘုံ သိုင်းတက္ကသိုလ်ရဲ့ ကျောင်းအုပ်ကြီးတို့ကလည်း အဲသည်လူတွေထဲမှာ အပါအဝင်ပါပဲ။

" ကြောက်စရာ ကောင်းလွန်းတယ်ကွာ။ လီဖူချန်းက သူမတူတဲ့ ထိုးထွင်းသိမြင်မှုကို ပိုင်ဆိုင်ထားရုံတင် မကဘူး။ သူ့ရဲ့ မွေးရာပါ ပါရမီကလည်း ကြောက်စရာပဲ။ သူက တကယ်ကြီး မီးလျှံ နတ်ဘုရားစွမ်းရည်ကို နိုးထထားနိုင်တယ် "

" သူ့ရဲ့မွေးရာပါ ပါရမီက အဲလောက်မဟုတ်ဘူးကွ။ ဒါပေမဲ့ သူ့ရဲ့ မီးလျှံ နတ်ဘုရားစွမ်းရည်က အရမ်း ကြောက်ဖို့ ကောင်းနေတယ်။ အဲဒါက လင်းရီကျန်းရဲ့ ဓားကြာပန်းကိုတောင် တစ်ချက်တည်း ဖျက်ဆီးပစ်လိုက်တာ။ကြည့်ရတာ သူက သူ့ရဲ့ အရိုးတည်ဆောက်ပုံ အင်းကွက်ကို အများကြီး နားလည်ထားပြီနေမှာ "

" အား…… သူက အဲဒါကို ကောင်းကောင်း ဖုံးကွယ်ထားနိုင်တာပဲ။အခုပုံစံ အတိုင်းဆိုရင်တော့ ပိုင်လိရှန်ကလွဲပြီး ဘယ်သူမှ သူ့ရဲ့ တိုက်ခိုက်မှု တစ်ချက်ကို တောင့်ခံနိုင်မှာ မဟုတ်ဘူး။ အားလုံးက လွင့်ထွက်ကုန်မှာ အသေအချာပဲ "

ရှုံးနိမ့်သွားပြီဖြစ်တဲ့ ပြိုင်ပွဲဝင် အချို့ကတော့ မှတ်ချက်တွေ ပေးနေကြပါတယ်။

" ဖူချန်းက မီးလျှံ အရိုးတည်ဆောက်ပုံရဲ့ တတိယ အဆစ်ကို နားလည်သဘောပေါက်သွားတာ ဖြစ်ရမယ် "

မန်ချင်းဟန်က သေသေချာချာ စဉ်းစားပြီး မှတ်ချက် ပေးလိုက်ပါတယ်။

နတ်ဘုရား စွမ်းရည်တွေရဲ့ အစွမ်းကို ခန္ဓာကိုယ်ထဲမှာ သွေးကြောဘယ်လောက်များများ ဖွင့်ထားနိုင်ပြီလဲ ဆိုတာနဲ့တင် ဆုံးဖြတ်တာ မဟုတ်ပါဘူး။ အရိုးတည်ဆောက်ပုံ အပေါ်မှာ နားလည်မှုနဲ့လည်း ဆုံးဖြတ်ပါသေးတယ်။

လီဖူချန်းက အခုမှ ပြန်လည်ဝင်စားခြင်း နယ်ပယ် အဆင့်၄မှာသာ ရှိနေသေးတာပါ။ တကယ်လို့ သူ့ရဲ့ ချီအတွင်းအား ကျင့်စဉ်က အဆင့်အမြင့်ဆုံးမှာ ရောက်နေတယ် ဆိုရင်တောင်မှ လင်းရီကျန်း ဖွင့်ထားတဲ့ သွေးကြောတွေလောက် များစရာ အကြောင်းမရှိပါဘူူး။ အဲသည်အတွက် သူက သူ့ရဲ့ မီးလျှံနတ်ဘုရား အင်းကွက်ပေါ်မှာ ထဲထဲဝင်ဝင် နားလည်သဘောပေါက်ထားပဲ ဖြစ်စရာ ရှိပါတော့တယ်။

" ဟား……ဟား……ဟား……သည်ကလေးက သူ့ရဲ့ ဝှက်ဖဲတွေကို ကောင်းကောင်းကြီး ဖွက်ထားနိုင်တာပဲ "

လင်းကျူပိုင်ကလည်း ရယ်နေခဲ့ပါပြီ။

သိုင်းစင်မြင့်ရဲ့အထက် ကောင်းကင်ယံမှာတော့ တစ်ကိုယ်လုံးမှာ မီးလျှံတွေ ထွက်နေတဲ့ လီဖူချန်း ရှိနေပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ်ပေါ်မှာတော့ ရှုပ်ထွေးနေတဲ့ မီးလျှံအင်းကွက်တွေ အပြည့်ပါပဲ။

သူ့ကို ကြည့်ရတာက မီးနတ်ဘုရား တစ်ပါးနဲ့တောင် ဆင်တူနေပါသေးတယ်။

" သည်တော့…… ဒါက နင့်ရဲ့ ဝှက်ဖဲပေါ့လေ "

ပိုင်လိရှန်ရဲ့ မျက်လုံးထဲမှာတော့ တိုက်ပွဲကို ဆာလောင်ပြင်းပြတဲ့ အငွေ့အသက်တွေ ဖြစ်တည်နေခဲ့ပါပြီ။

သူမက လီဖူချန်းနဲ့ တိုက်ရဖို့ကို မစောင့်နိုင်တော့ပါဘူး။

" မီးလျှံ နတ်ဘုရားစွမ်းရည်လား "

စီတုသောင်းက မချိပြုံးပြုံးလိုက်မိပါတယ်။

အစောပိုင်းတုန်းကတော့ သူဟာ လီဖူချန်းတစ်ယောက် အရွေးချယ်ခံ ဖြစ်သွားတာကို လက်မခံနိုင်ပါဘူး။ သူက နောင်တစ်ချိန်မှာလီဖူချန်းကို ပြန်အနိုင်ယူဖို့တောင် တွေးနေခဲ့ပါသေးတယ်။

ဒါပေမဲ့လည်း အခုတော့သူဟာ အခြေအနေကို သဘောပေါက်သွားခဲ့ပါပြီ။

သူ့အနေနဲ့ လီဖူချန်းကို အနိုင်ယူဖို့ဆိုတာ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်တော့ပါဘူး။ အဲဒါက ရူးမိုက်တဲ့ အတွေးတစ်ခုပါပဲ။

လီဖူချန်းက သူ့ရဲ့ ရေစေးနတ်ဘုရားစွမ်းရည်ကို တစ်ချက်တည်းနဲ့တောင် အငွေ့ပျံတက်သွားစေနိုငိပါတယ်။

ဝမ်ဟိုင်လုံကလည်း အံ့သြနေခဲ့တာပါပဲ။

အမှန်အတိုင်း ပြောရမယ်ဆိုရင်တော့ သူက ကြယ်၆ပွင့် အမှောင်ထု အရိုးတည်ဆောက်ပုံကို ပိုင်ဆိုင်ထားတဲ့ အပေါ်မှာ အမြဲတမ်း ဂုဏ်ဝံ့ကြွား နေခဲ့တာပါ။ သူက အခြားသူတွေရဲ့ အရိုးတည်ဆောက်ပုံဟာ သူ့ကို လုံးဝ မမီဘူးလို့ ခံယူထားခဲ့တာ ဖြစ်ပါတယ်။တကယ်လို့ သူတို့က အခုလောလောဆယ်မှာ သူ့ထက် သာနေရင်တောင်မှ နောင်တစ်ချိန်မှာ သူ့အနေနဲ့ အဲသည်သူတွေကို ပြန်ဖြတ်ကျော်နိုင်မယ်လို့ ယုံကြည်ထားခဲ့တာ ဆိုရင်လည်း မမှားပါဘူး။

ဒါပေမဲ့လည်း အခုတော့ သူ့ရဲ့ ယုံကြည်ချက်တွေဟာ ဝေဝါးလာခဲ့ပါပြီ။အဲသည်လို ဝေဝါးသွားရတဲ့အထိ ဖြစ်အောင်လည်း လီဖူချန်းရဲ့ မီးလျှံနတ်ဘုရားစွမ်းရည်က အစွမ်းထက်လွန်းပါတယ်။

အဲဒါက လင်းရီကျန်းရဲ့ နတ်ဘုရားစွမ်းရည်ဖြစ်တဲ့ ဓားကြာပန်းကိုတောင်မှ တစ်ချက်တည်းနဲ့ ဖျက်ဆီးပစ်ခဲ့တာ မဟုတ်ပါလား။

လီဖူချန်းနဲ့ တွေ့ရင်တော့ သူ့ရဲ့ အမှောင်ထု ကောင်းကင်ပေါင်းမိုးဟာ မီးနဲ့တွေ့တဲ့ စက္ကူလို ဖြစ်သွားမယ်ဆိုတာ ယုံမှားသံသယ ဝင်စရာ မရှိပါဘူး။

" ငါက တကယ်ကြီး မီးလျှံ နတ်ဘုရားစွမ်းရည်ကို ရှုံးသွားတာလား "

စင်အောက်မှာ လဲကျနေတဲ့ လင်းရီကျန်းကတော့ သူရှုံးသွားတယ်ဆိုတာကို ဘယ်လိုမှ မယုံကြည်နိုင်သေးပုံပါပဲ။

ဘာမှ မဟုတ်တဲ့ မီးလျှံနတ်ဘုရား စွမ်းရည်က သူ့ရဲ့ ဓားတာအို နတ်ဘုရားစွမ်းရည်ကို အနိုင်ယူသွားနိုင်တယ်တဲ့လား။

လီဖူချန်း နဲ့ လင်းရီကျန်းတို့ရဲ့ တိုက်ပွဲ အပြီးမှာတော့ လူတွေအားလုံးဟာ လီဖူချန်းရဲ့ အစစ်အမှန် အစွမ်းကို သိသွားခဲ့ကြပါပြီ။

ပြိုင်ပွဲရဲ့ နောက်ဆုံးအဖြေကို ဆုံးဖြတ်ပေးမယ့် တိုက်ပွဲဟာ လီဖူချန်း နဲ့ ပိုင်လိရှန်တို့ရဲ့ တိုက်ပွဲပဲ ဖြစ်ရမယ်လို့လည်း အားလုံးက သဘောက်ပေါက်သွားကြပါတယ်။ ကျန်တဲ့သူတွေကတော့ ဘေးကို ဖယ်ပေးရတော့မှာပါ။

ပွဲစဉ် ၄၃……

ပွဲစဉ်၄၃မှာတော့ ဒဏ်ရာကနေ ပြန်လည် သက်သာလာပြီဖြစ်တဲ့ လင်းရီကျန်း နဲ့ ပိုင်လိရှန်တို့ ထိပ်တိုက် တွေ့ကြပါတော့တယ်။

လင်းရီကျန်းက သူ့ရဲ့ သာမန် အစွမ်းတွေဟာ ပိုင်လိရှန်ကို မနိုင်ဘူးဆိုတာ သိထာပြီးသားပါပဲ။အဲသည်အတွက် သူက တိုက်ပွဲစတာနဲ့ တစ်ပြိုင်နက် ဓားကြာပန်းကို ထုတ်လိုက်ပါတော့တယ်။

ရွှီး……ရွှီး……ရွှီး.……

ဓားအလင်းတန်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ကြာပန်းတစ်ခုဟာ လေထုထဲမှာ ဖြစ်တည်လာပြီး ပိုင်လိရှန်ကို လွှမ်းခြုံသွားခဲ့ပါပြီ။

" ဆန်းကြယ်ရေခဲ နတ်လက်ဝါး "

ပိုင်လိရှန်ကတော့ ဓားကြာပန်းကို သိပ်ဂရုမစိုက်တဲ့ ပုံပါပဲ။ သူက ရေခဲချီတွေနဲ့ ရေခဲလက်ဝါးဆန္ဒ ရောနှောပါဝင်နေတဲ့ လက်ဝါးရိုက်ချက် တစ်ချက်ကို ထုတ်ပြီး ဓားကြာပန်းကို ဟန့်တားလိုက်ပါတယ်။

" ကြယ်၇ပွင့် ဆီးနှင်းရေခဲ အရိုးတည်ဆောက်ပုံက အစွမ်းထက်လှတယ်ဟေ့"

လီဖူချန်းက စိတ်လိုလက်ရ ချီးကျူးလိုက်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ပိုင်လိရှန်ရဲ့ ချီအတွင်းအား ကျင့်စဉ်နဲ့ လက်ဝါးသိုင်းဟာ အမြင့်ဆုံးအဆင့်အထိ ရောက်နေတာကို သူ တွေ့လိုက်ရလို့ပါပဲ။

သိုင်းစင်မြင့်ပေါ်က တိုက်ပွဲကတော့ အနိုင်အရှုံး ကွဲကွဲပြားပြား မသိရသေးပါဘူး။

လင်းရီကျန်းရဲ့ ဓားတာအို နတ်ဘုရားစွမ်းရည်က ပိုင်လိရှန် အနားကိုတောင် မကပ်နိုင်သလို ပိုင်လိရှန်ရဲ့ လက်ဝါးရိုက်ချက်ကလည်း လင်းရီကျန်းရဲ့ ဓားတာအို စွမ်းရည်ကို မဖျက်ဆီးနိုင်ပါဘူး။

" ပိုင်လိရှန် …… မင်းက ငါ့ကို အထင်သေးရဲတယ်ပေါ့လေ။ မင်းရဲ့ နတ်ဘုရားစွမ်းရည်ကို အခု ထုတ်စမ်း "

သူ့ရဲ့ နတ်ဘုရားစွမ်းရည် နဲ့ တွေ့နေတာတောင်မှ ပိုင်လိရှန်ဟာ နတ်ဘုရားစွမ်းရည်ကို ထုတ်မသုံးသေးတဲ့အတွက် လင်းရီကျန်းက ဒေါသ အကြီးအကျယ် ထွက်သွားခဲ့ပါပြီ။

သူက ဓားတာအို နတ်ဘုရား စွမ်းရည်ကို အမြင့်ဆုံး အဆင့်အထိ မြှင့်တင်လိုက်ပြီး ဓားကြာပန်းကို မွတ်နေအောင် လည်စေလိုက်ပါတယ်။

ပိုင်လိရှန်က ဓားကြာပန်းကို လက်ဝါးနဲ့ တော်တော်များများ ရိုက်လိုက်ပြီး အေးစက်စက် ပြန်ပြောလိုကိပါတယ်။

" ဟုတ်ပြီလေ။ နင်က ငါနတ်ဘုရားစွမ်းရည် မထုတ်ဘူးဆိုရင် ကျေနပ်မှာ မဟုတ်ဘူးဆိုတော့လည်း ထုတ်ရတာပေါ့"

စကားဆုံးတာနဲ့ တစ်ပြိုင်နက် ပိုင်လိရှန်ရဲ့ ပတ်ဝန်းကျင်တစ်ခုလုံးဟာ အေးခဲလာခဲ့ပါပြီ။ ဒါက ရေခဲကမ္ဘာ တစ်ခုထဲကို ရောက်သွားသလိုပါပဲ။

ပိုင်လိရှန်ကို ကြည့်ရတာကလည်း ရေခဲ နတ်မိမယ် တစ်ပါးနဲ့ ဆင်တူနေပါသေးတယ်။

" ရေခဲကြေးမုံ "

လေထုထဲမှာတော့ ရှုပ်ထွေးတဲ့ ဆီးနှင်းရေခဲ အင်းကွက်တွေနဲ့အတူကြေးမုံတစ်ချပ် ပေါ်ပေါက်လာခဲ့ပါပြီ။

အဲသည်ကြေးမုံက ပေ၃၀လောက် မြင့်ပါတယ်။ ဒါက ရေခဲနဲ့ လုပ်ထားတယ်ဆိုတာ အသိသာကြီး ဖြစ်ပေမယ့်လည်း ကြေးမုံတစ်ချပ်နဲ့ မခြားနားလှပါဘူး။

လင်းရန်ကျင်း နဲ့ သူ့ရဲ့ ဓားကြာပန်းကလည်း ရေခဲကြေးမုံထဲမှာ ပေါ်နေပါသေးတယ်။

" မကောင်းတော့ဘူး "

ရေခဲကြေးမုံရဲ့ ထင်ဟပ်မှုကို ရပြီးတဲ့အခါမှာတော့ လင်းရီကျန်းဟာ သူ့ရဲ့ ချီစွမ်းအားတွေ နဲ့ ဓားတာအို စွမ်းအားတွေဟာ အေးခဲလာတာကို ခံစားလိုက်ရပါတယ်။ သူ့ရဲ့ ဓားကြာပန်းပေါ်မှာလည်း ရေခဲတစ်လွှာ ဖြစ်တည်လာပြီး လည်ပတ်ခြင်းကို ရပ်တန့်သွားစေခဲ့ပါပြီ။

" ဒါက ဘယ်လို ဆီးနှင်းရေခဲ နတ်ဘုရား စွမ်းရည်မျိုးလဲ "

လင်းရီကျန်းက သူ့ဘဝမှာ သည်လိုထူးဆန်းပြီး ကြောက်စရာကောင်းတဲ့ နတ်ဘုရားစွမ်းရည်ကို တစ်ခါမှ မတွေ့ဖူးပါဘူး။ အဲသည်အတွက် သူ့ရဲ့ မျက်နှာပေါ်မှာ ကြောက်ရွံ့ခြင်း အငွေ့အသက်တွေ အထင်းသား ဖြစ်လာခဲ့ပါတယ်။

" သည်ကလေးမက ကြယ်၇ပွင့် ဆီးနှင်းရေခဲ အရိုးတည်ဆောက်ပုံပိုင်ရှင် ဖြစ်ထိုက်တယ်။ သူ့ရဲ့ ဆီးနှင်းရေခဲ နတ်ဘုရားစွမ်းရည်က တခြားလူတွေထက် အများကြီး သာနေတာပဲ "

ကျောင်းအုပ် အချို့ကတော့ ရေခဲကြေးမုံရဲ့ ကြောက်စရာ အစွမ်းကြောင့် အံ့သြတုန်လှုပ် နေကြပါပြီ။

ပိုင်လိရှန်ရဲ့ နတ်ဘုရားစွမ်းရည်က အရာရာကို အေးခဲနိုင်ရုံမက တစ်ဖက်လူရဲ့ နတ်ဘုရားစွမ်းရည်ကိုလည်း ထိန်းချုပ်နေနိုင်ပါသေးတယ်။

ဒါပေမဲ့လည်း ဒါက လက်သင့်ခံနိုင်စရာပါပဲ။

လောကပေါ်မှာ ရှိနေသမျှ အရာအားလုံးဟာ တသီးတသန့်ကြီး ဖြစ်တည်နေတာတော့ မဟုတ်ပါဘူး။

ကောင်းကင်တာအိုထဲမှာတောင်မှ ထောင်နဲ့ချီတဲ့ တာအိုတွေ ပါဝင်ပက်သက်နေတာ မဟုတ်ပါလား။

မိုးကြိုးသွားဆိုတာကမိုးကြိုးဓာတ် ဆိုပေမယ့်လည်း တကယ့်တကယ်တမ်းမှာတော့ မီးဓာတ်လည်း ပါဝင် ပက်သက်နေတာပါပဲ။ထပ်မံပြီးသေသေချာချာ ခွဲခြမ်းစစ်ဖြာလိုက်မယ်ဆိုရင် လေဓာတ်လည်း ပါဝင်ပက်သက်နေပါသေးတယ်။

ဒဏ္ဍာရီတွေထဲကအရ ဆိုရင်တော့ တာအို တစ်ခုဟာ အဆုံးစွန်ဆုံး အဆင့်တစ်ခု အထိ ရောက်သွားခဲ့မယ်ဆိုရင် အခြားသော တာအိုတွေကို ဝင်ရောက်ရောနှောဖို့ ခွင့်ပြုပါတယ်တဲ့။

အဲဒါက တာအိုတွေဟာ တစ်ခုနဲ့တစ်ခု ချိတ်ဆက်နေတယ်ဆိုတဲ့ အဓိပါ္ပယ်ပါပဲ။

" ရေခဲတာအို ဥပဒေသနဲ့ ကြေးမုံတာအို ဥပဒေသလား "

လီဖူချန်းက သည်ကမ္ဘာပေါ်မှာ ကြေးမုံတာအို ဥပဒေသ ရှိလား၊ မရှိဘူးလား ဆိုတာကိုတော့ သေသေချာချာ မသိပါဘူး။ ဒါပေမဲ့လည်း သူ့ရဲ့ ဆဋ္ဌမ အာရုံကတော့ ကြေးမုံတာအိုဟာ သေချာပေါက် ရှိတယ်ဆိုတာကို ပြောနေပါတယ်။

ကောင်းကင်တာအိုထဲမှာ ထောင်နဲ့ချီတဲ့ တာအိုတွေ ရှိတယ်ဆိုတာကိုတော့ လူတိုင်းက သိကြပေမယ့်လည်းအဲသည်တာအိုတွေက ဘာတွေလည်း ဆိုတာကိုတော့ ဘယ်သူမှ သေသေချာချာ မသိကြပါဘူး။

လူတွေတော်တော်များများကတော့ ဒြပ်စင်ငါးခု တာအို၊ မိုးကြိုးတာအို၊ လေပြင်းတာအိုအစရှိတဲ့ ရိုးရိုးရှင်းရှင်း တာအိုတွေကိုပဲ သိကြပါတယ်။ ပြောရမယ် ဆိုရင်တော့ အဲဒါတွေက ကောင်းကင်တာအို နဲ့ ဆက်သွယ်နေတဲ့ အဓိက တာအိုတွေပါပဲ။ ဒါပေမဲ့လည်း ကောင်းကင်တာအို ဆက်သွယ်နေတဲ့ လူမသိ၊သူမသိ တာအိုတွေ အများကြီး ရှိနေသေးတယ် ဆိုတာကို လူတိုင်းက လက်ခံထားကြပါတယ်။

ဓားတာအို၊ ဆေဘာတာအို၊ လှံတာအိုတို့တောင် ရှိနေမှတော့ ကြေးမုံတာအိုကလည်း မရှိစရာ အကြောင်းတော့ မရှိပါဘူး။

ရေခဲကြေးမုံရဲ့ ထင်ဟပ်မှုကို ခံရအပြီးမှာတော့ လင်းရီကျန်းဟာသူ့ရဲ့ အစွမ်း ၄၀ရာခိုင်နှုန်းလောက်ကိုသာ ထုတ်သုံးနိုင်တော့တာပါ ။သူက ပိုင်လိရှန်ရဲ့ ပြိုင်ဘက် မဖြစ်နိုင်တော့ပါဘူး။သိပ်မကြာခင်မှာပဲ သူက ပိုင်လိရှန်ကို ရှုံးနိမ့်သွားပါတော့တယ်။

" လီဖူချန်း နဲ့ ပိုင်လိရှန်က ငါ့တို့ရဲ အတန်းအစားထဲက မဟုတ်ဘူး။ သူတို့နှစ်ယောက် ထိပ်တိုက်တွေ့ရင် ဘယ်လိုတွေ ဖြစ်လာမလဲ ဆိုတာကို ငါ အရမ်းသိချင်နေပြီ "

" လီဖူချန်းက ပိုင်လိရှန်ကို ယှဉ်နိုင်စရာ အကြောင်းတော့ မရှိဘူးကွ။ ပိုင်လိရှန်ရဲ့ ဆီးနှင်းရေခဲနတ်ဘုရားစွမ်းရည်က အရမ်း အစွမ်းထက်လွန်းတယ်။ အခုပဲ ကြည့်လေ။ ရေခဲကြေးမုံ ထဲမှာ သူ့ရဲ့ပုံ ထင်ဟပ်သွားတာနဲ့ လင်းရီကျန်းက တန်းရှုံးတာပဲ မဟုတ်လား "

" ငါကတော့ မင်းပြောတာကို သဘောမတူဘူး။ လီဖူချန်းရဲ့ မီးလျှံနတ်ဘုရားစွမ်းရည်ကလည်း အရမ်း အစွမ်းထက်နေတာပဲ မဟုတ်ဘူးလား။ ပြီးတော့ ရေခဲ နဲ့ မီး ဆိုတာကလည်း ဆန့်ကျင်ဘက် သဘောသဘာဝတွေလေ။ ငါကတော့ လီဖူချန်းက ပိုင်လိရှန်ကို ယှဉ်နိုင်လိမ့်မယ်လို့ ယုံကြည်တယ် "

" တော်ကြပါတော့ကွာ ။ မင်းတို့ ငြင်းနေလို့လည်း ဘာမှထူးမှာ မဟုတ်ဘူး။ ခဏနေကြရင် အဖြေကို သိရတော့မှာကို ဘာလို့ ငြင်းနေကြမှာလဲ "

လီဖူချန်း၊ ပိုင်လိရှန်းတို့နဲ့ ပက်သက်ပြီး လူတွေဟာ အချေအတင် ငြင်းခုံနေကြပါတယ်။

" လီဖူချန်းက ပိုင်လိရှန်ကို ဘယ်လို ရင်ဆိုင်မလည်းဆိုတာကို ငါ အရမ်း သိချင်နေမိတယ် "

" အတူတူပါပဲ ကျောင်းအုပ် "

မန်ချင်းဟန် နဲ့ လင်းကျုပိုင်တို့ကလည်း တိုက်ပွဲကို အရမ်း မြင်တွေ့ချင်နေကြပါပြီ။

" သိုင်းစင်မြင့် ၁။ လီဖူချန်း နဲ့ ပိုင်လိရှန် "

ပွဲစဉ်၄၅ကို အရောက်မှာတော့ လီဖူချန်း နဲ့ ပိုင်လိရှန်တို့ဟာ ထိပ်တိုက်တွေ့ပါတော့တယ်။

ဒါက လူတွေအားလုံး မျှော်လင့်စောင့်စားနေတဲ့ တိုက်ပွဲပါပဲ။ ရေခဲ နဲ့ မီးလျှံရဲ့ အားပြိုင်မှု ဆိုရင်လည်း မမှားပါဘူး။

" လီဖူချန်း …… နတ်ဘုရားစွမ်းရည်နဲ့ပဲ သည်တိုက်ပွဲကို ဆုံးဖြတ်လိုက်ကြရအောင် "

နှစ်ယောက်စလုံး စင်မြင့်ပေါ် ရောက်တဲ့အခါမှာတော့ ပိုင်လိရှန်က လီဖူချန်းကို လှမ်းပြောလိုက်ပါတယ်။

" ရတယ်လေ "

လီဖူချန်းကလည်း မငြင်းပါဘူး။

စကားဆုံးတဲ့ နောက်မှာတော့ လီဖူချန်းဟာ မီးလူသား အသွင်ကို ကူးပြောင်းသွားခဲ့ပါပြီ။

အခြားတစ်ဖက်မှာလည်း ပိုင်လိရှန်က ရေခဲကြေးမုံကို ထုတ်လိုက်ပြီး လီဖူချန်းရဲ့ ပုံရိပ်ကို ထင်ဟပ်စေလိုက်ပါတယ်။

ဘန်း……ဘန်း……ဘန်း………

ရှဲ……ရှဲ……ရှဲ……

ပေါက်ကွဲမှုတွေ ဖြစ်ပေါ်လာအပြီးမှာတော့ လီဖူချန်းရဲ့ အနားပတ်ပတ်လည်မှာရှိတဲ့ ဆီးနှင်းတွေ မှန်သမျှဟာ အရည်ပျော်ကျသွားခဲ့ပါပြီ။ ဒါပေမဲ့လည်း ရေခဲကြေးမုံကတော့ ဘာမှ မဖြစ်ပါဘူး။

လီဖူချန်းရဲ့ တိုက်ခိုက်မှုက ရေခဲတာအိုကိုသာ ထိခိုက်သွားစေခဲ့တာပါ။ ကြည့်ရတာကတော့ ကြေးမုံတာအို ဥပဒေသက ရေခဲကြေးမုံကိုအကာအကွယ် ပေးထားပုံပါပဲ။

ရေခဲကြေးမုံက သူ့အပေါ်မှာ ထင်ဟပ်လာတဲ့ လူမှန်သမျှရဲ့ အစွမ်းတွေကို ထိန်းချုပ်ပြီး ရေခဲတာအို နဲ့ ပြန်တိုက်ခိုက်တာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း လီဖူချန်းက မီးလျှံတာအိုပိုင်ရှင် ဖြစ်တဲ့အတွက် ရေခဲတာအိုက သူ့အပေါ်မှာ အလုပ် သိပ်မဖြစ်ခဲ့ပါဘူး။ သည်တာအို နှစ်ခုက သဘာဝအားဖြင့် တစ်ခုနဲ့တစ်ခု ဆန့်ကျင်နေကြတာ ဖြစ်တဲ့မတွက် လီဖူချန်းဟာ ရေခဲတာအို တခြားလူတွေထက် ခံနိုင်ရည် ရှိခဲ့ပါတယ်။

ဒါကြောင့်လည်း အစောပိုင်းတုန်းက ပေါက်ကွဲမှုတွေ ဖြစ်ပေါ်လာခဲ့တာပါ။

" ဟင် "

ပိုင်လိရှန်က မျက်မှောင်ကြုတ်လိုက် မိပါတယ်။ လီဖူချန်းရဲ့ မီးလျှံနတ်ဘုရားစွမ်းရည်က သူမ ထင်ထားတာထက် အများကြီး အစွမ်းထက်နေတာ မဟုတ်ပါလား။

" တစ်ခုနဲ့ မရဘူးဆိုတော့ …… နှစ်ခု ဆိုရင်ကော "

ပိုင်လိရှန်က နောက်ထပ် ရေခဲကြေးမုံတစ်ချပ်ကို ဖန်တီးလိုက်ပြီး လီဖူချန်းရဲ့ ပုံရိပ်ကို ထင်ဟပ်စေလိုက် ပြန်ပါတယ်။ ရေခဲတာအို ဥပဒေသရဲ့ တိုက်ခိုက်မှုကလည်း ပိုကြောက်စရာ ကောင်းလာခဲ့ပါပြီ။

" သွားစမ်း "

လီဖူချန်းက ကြက်သွေးရောင် သွေးနီဓားကို ဆွဲထုတ်လိုက်ပြီး ရေခဲကြေးမုံ တစ်ချပ်ကို ခုတ်ပိုင်းပစ်လိုက်ပါတယ်။

ရေခဲကြေးမုံက ဘာမှ မဖြစ်သွားခဲ့ပါဘူး။ အဲဒါက လီဖူချန်းရဲ့ တိုက်ခိုက်မှုကိုတောင် တန်ပြန် သက်ရောက်စေလိုက် ပါသေးတယ်။

" အဲဒါက တိုက်ခိုက်မှုတွေကိုပါ တန်ပြန်တာလား "

လူအားလုံးကတော့ ပြောစရာ ကင်းမဲ့သွားခဲ့ပါပြီ။ ဒါက တကယ့်ကို ရူးသွပ်ချင်စရာပါပဲ။

***

All Chapters