← Chapters

အမှတ်ပြည့်

Vol. 35 Ch. 474

အမှတ်ပြည့်

Vol. 35 Ch. 474

" သူ့ရဲ့ ထိုးထွင်းသိမြင်မှုက ငါ့တို့ထက် နှစ်ဆများတယ်။ ဒါကြောင့်လည်း သူက ကြယ်၇ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင် ဖြစ်နေတာကိုး "

လူတွေအားလုံးက ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြပါပြီ။

အရင်ကတည်းက သူတို့တွေဟာ သူတို့နဲ့ ကြယ်၇ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေကြားမှာ ကြီးမားလှတဲ့ ကွာဟချက်တွေ ရှိတယ်ဆိုတာကို သိထားပြီးသားပါပဲ။ဒါပေမဲ့လည်း ထိုးထွင်းသိမြင်မှုကို အမှတ်နဲ့ အဆုံးအဖြတ် ပေးတဲ့အခါမှာတော့ သူတို့ဟာ စိတ်ဓာတ်ကျကုန်ပါတယ်။

ကံကောင်းတာ တစ်ခုကတော့ သူတို့ကထိုးထွင်းသိမြင်မှု အမှတ်တွေဟာ တစ်မှတ်လေး ကွာသွားရင်တောင်မှ နောက်ပိုင်းရလဒ်တွေမှာအတော်လေး ကွာဟသွားတယ် ဆိုတာကို မသိကြတာတာပါပဲ။

ရှင်ရှင်းပြောရမယ် ဆိုရင်တော့ ထိုးထွင်းသိမြင်မှု အမှတ်၆၀ နဲ့ အမှတ်၃၀ကြားက ကွာဟမှုဟာ နှစ်ဆ မဟုတ်ပါဘူး။ အဲဒါက အဆပေါင်းများစွာ ကွာခြားပါတယ်။

ထိုးထွင်းသိမြင်မှု အမှတ်၆၀ နဲ့ အမှတ်၃၀ကြားက ကွာဟမှုကို အသာထားပါဦး။ ထိုးထွင်းသိမြင်မှု အမှတ်၄၀ကျော် နဲ့ အမှတ်၃၀ကျော်ကြားမှာတောင်မှအများကြီး ကွာဟနေပါပြီ။

စီးမာကျိုးကတော့ သူ့ရဲ့ ရလဒ်နဲ့ ပက်သက်ပြီး အတော်လေး ကျေနပ်နေခဲ့ပါတယ်။

အမှတ်၆၀ကျော်ရင် ဘုရင်အတန်းအစား တပည့်ဖြစ်ဖို့ အဆင့်မီပြီဆိုတော့ သူ့ရဲ့ အမှတ်၆၇မှတ်ဟာ အတော်လေး များတဲ့ အမှတ်လို့တောင် သတ်မှတ်ရမယ့် အနေအထား မဟုတ်ပါလား။

သည်လိုနဲ့ပဲ နိုင်ငံ၆ခုက လူငယ်တွေရဲ့ ထိုးထွင်သိမြင်မှု စမ်းသပ်ချက်ဟာ ပြီးဆုံးသွားခဲ့ပါပြီ။

နိုင်ငံခြောက်နိုင်ငံရဲ့ ကြယ်၇ပွင့် အရိုးတည်ဆောက်ပုံပိုင်ရှင် ၉ယောက်စလုံးဟာ ထိုးထွင်းသိမြင်မှု အပိုင်းမှာ အမှတ်၆၀ ကျော်သူတွေ ချည်းပါပဲ။ တစ်ယောက်ဆိုရင် ထိုးထွင်းသိမြင်မှု ၇၂မှတ်တောင်ကျော်ပါသေးတယ်။

ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေထဲမှာတော့ ပထမတန်းစား တပည့်ဆိုလို ၂၀ကျော်ပဲ ရှိခဲ့ပါတယ်။ အများစုကတော့ ဒုတိယတန်းစား တပည့် နဲ့ တတိယတန်းစား တပည့်တွေ ဖြစ်သွားကြတာပါ။

သိပ်မကြာခင်မှာတော့ ခရမ်းရောင်ပန်း နိုင်ငံတော်ရဲ့ အလှည့်ကို ကျရောက်လာခဲ့ပါပြီ။ခရမ်းရောင်ပန်း နိုင်ငံတော်က လူငယ်တွေကတော့ ခြေဖျား၊လက်ဖျားတွေ အေးစက်လာတာကို စတင် ခံစားလိုက်ကြရပါတယ်။

ပထမဆုံး အလှည့်ကျတာကတော့ ခရမ်းရောင်ပန်း သိုင်းတက္ကသိုလ်ပါပဲ။

" ထိုးထွင်းသိမြင်မှု ၅၅မှတ်။ ပထမတန်းစား တပည့် "

ခရမ်းရောင်ပန်း နိုင်ငံတော်ရဲ့ တတိယ မင်းသမီး ဇီယုကျင်းကတော့ ထိုးထွင်းသိမြင်မှု ၅၅မှတ် ရှိနေခဲ့ပါတယ်။ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံကို ပိုင်ဆိုင်ထားတဲ့ ဇီယုကျင်းရဲ့ ထိုးထွင်းသိမြင်မှု ရမှတ်ဟာ ကြယ်၇ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေအတွက် ပျမ်းမျှ သတ်မှတ်ထားတဲ့ ထိုးထွင်းသိမြင်မှု ရမှတ်နဲ့တောင်မှ သိပ်မကွာလှပါဘူး။

" ၅၅မှတ်ပဲလား "

ဇီယုကျင်းက မကျေမချမ်း ရေရွတ်လိုက်ပါတယ်။ သူမက ရလဒ်နဲ့ ပက်သက်ပြီး စိတ်မကျေနပ်ပုံပါပဲ။

နောက်တစ်ယောက် အလှည့်ကျသူကတော့ ခရမ်းရောင်ပန်း သိုင်းတက္ကသိုလ်ရဲ့ နံပါတ်၁ ဟိုင်ဝူယာပါ ။ ဟိုင်ဝူယာကတော့ ခရမ်းရောင်ပန်း နိုင်ငံတော်ရဲ့ ကြယ်၇ပွင့် အရိုးတည်ဆောက်ပုံပိုင်ရှင် သုံးယောက်ထဲက တစ်ယောက် ဖြစ်ပါတယ်။ သူက ခရမ်းရောင်ပန်း သိုင်းတက္ကသိုလ် ကျောင်းသားအများစုရဲ့ မျှော်လင့်ချက်တွေကို ပခုံးထမ်းတင် ထားသူ ဆိုရင်လည်း မမှားပါဘူး။ခရမ်းရောင်ပန်း သိုင်းတက္ကသိုလ်က ကျောင်းသားတွေဟာ သူ့ရဲ့ အောင်မြင်မှု အပေါ်မှာ ဂုဏ်ယူနေကြမှာ အသေအချာပါပဲ။

" ထိုးထွင်းသိမြင်မှု ၆၆မှတ် ။ ဘုရင်အတန်းအစား တပည့် "

ဟိုင်ဝူယာရဲ့ ထိုးထွင်းသိမြင်မှု အမှတ်က မနိမ့်လှပါဘူး။ သူက လက်ရှိမှာဆိုရင် အဆင့်သတ်မှတ်ချက် ၄မှာ ရှိပါတယ်။

ဒါပေမဲ့လည်း ဟိုင်ဝူယာကတော့ သူ့ရဲ့ ရလဒ်ကို မကျေနပ်ပါဘူး။

ကြယ်၇ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်ဖြစ်တဲ့သူဟာ သူ့ကိုယ်သူ ထိုးထွင်းသိမြင်မှု အပိုင်းမှာ အခြားသူတွေထက် မနိမ့်ကျဘူးလို့ ခံယူထားခဲ့တာပါ။သူက အနည်းဆုံး ထိုးထွင်းသိမြင်မှု အမှတ်၇၀လောက် ရမယ်လို့တောင် ထင်နေခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ အခုတော့ သူ့ရဲ့ အထင်ဟာ တံလျှပ်တစ်ခု ဖြစ်သွားခဲ့ပါပြီ။

ခရမ်းရောင်ပန်း သိုင်းတက္ကသိုလ်ရဲ့ အလှည့်ပြီးတဲ့အခါမှာ နောက်ထပ် အလှည့်ကျတာက ကြယ်တာရာ သိုင်းတက္ကသိုလ်ပါပဲ။

ကြယ်တာရာ သိုင်းတက္ကသိုလ်က ကျောင်းသားတွေ တစ်ယောက်ကြီးတစ်ယောက် အရှေ့ထွက်သွားပြီး စမ်းသပ်မှုကို ခံယူလိုက်ကြပါတယ်။

သူတို့ထဲမှာတော့ လင်းချီယန်ရဲ့ ထိုးထွင်းသိမြင်မှုက အတော်လေး မြင့်တယ်လို့ ဆိုရမှာပါ။ သူက ထိုးထွင်းသိမြင်မှု အပိုင်းမှာ အမှတ်၅၀ ကျော်ပါတယ်။

" မုယုံရှန်းရှင်းရဲ့ အလှည့်ပဲ "

သိုင်းတက္ကသိုလ် ၂၄ခုက ကျောင်းသားတစ်ယောက်ဟာ မနေနိုင်ဘဲ ရင်ခုန်စိတ်လှုပ်ရှားစွာ ပြောလိုက်ပါတယ်။

သူတို့အားလုံးက လမ်းခရီးမှာ လီဖူချန်း နဲ့မုယုံရှန်းရှင်းတို့ ဘာဖြစ်ခဲ့လဲ ဆိုတာကို တွေ့မြင်ခဲ့ကြ သူတွေပါပဲ။ အဲသည်အတွက် သူတို့တွေဟာ လီဖူချန်းအစား စိုးရိမ်ပြီး မုယုံရှန်းရှင်းကို စောင့်ကြည့်နေကြတာပါ။

နဖူးမှာ ကြယ်တာရာ အမှတ်အသားရှိတဲ့ မုယုံရှန်းရှင်းကတော့ တည်တည်ငြိမ်ငြိမ်ပဲ ရှေ့ထွက်သွားပြီး အနက်ရောင် ကျောက်သလင်းကို နဖူးပေါ် တင်လိုက်ပါတယ်။

အလင်းပြောက်လေးတွေကတော့ စတင် ဖြစ်တည်လာခဲ့ပါပြီ။

" အိုး……"

ထိုးထွင်းသိမြင်မှု ခန်းမအကြီးအကဲရဲ့ မျက်လုံးတွေဟာ အရောင်တောက်လာခဲ့ပါတယ်။

အလင်းပြောက်လေးတွေ တည်ငြိမ်သွားတဲ့ အချိန်မှာတော့ သူက အကျယ်ကြီး အော်လိုက်ပါတယ်။

" ထိုးထွင်းသိမြင်မှု ၇၅မှတ်။ ဘုရင် အတန်းအစားတပည့် "

" ဘာလဲ။ ၇၅မှတ်တောင်မှလား။ အရမ်းမြင့်တာပဲ "

လူငယ်အုပ်စုကြီးဟာ ဆူညံပွက်လော ရိုက်သွားခဲ့ပါပြီ။

အစောပိုင်းတုန်းက ထိုးထွင်းသိမြင်မှုအပိုင်းမှာ အမြင့်ဆုံး အမှတ်ရခဲ့တဲ့ လူငယ်တောင်မှ ၇၂မှတ်ပဲ ရခဲ့တာပါ။ မုယုံရှန်းရှင်းကတော့ အဲသည်လူငယ်ထက် သုံးမှတ်တောင် သာနေပါတယ်။

" သူက ဘယ်လိုလုပ်ပြီး အဲသည်လောက် အမှတ်များများ ရတာလဲ "

စီးတုသောင်းကတော့ လီဖူချန်းအတွက် စိုးရိမ်စ ပြုနေပါပြီ။

မုယုံရှန်းရှင်းတစ်ယောက်ထိုးထွင်းသိမြင်မှု အပိုင်းမှာ ကောင်းနေတယ် ဆိုတာက သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်းဟာ အရမ်းကောင်းတယ် ဆိုတဲ့ အဓိပါ္ပယ်နဲ့ အတူတူပါပဲ။

သူက လီဖူချန်းကို သက်တံနီဂိုဏ်းမှာ တိုက်ခိုက်ဖို့လည်း စိမ်ခေါ်ထားခဲ့ ပါသေးတယ်။ဒါကြောင့်လည်း စီးတုသောင်းက လီဖူချန်းကို စိုးရိမ်နေတာပါ။

" ဝါစဉ်ကြီးအစ်ကို မုယုံရှန်းရှင်းက ခရမ်းရောင်ပန်း နိုင်ငံတော်ရဲ့ လူငယ်မျိုးဆက်ထဲမှာ နံပါတ်၁လို့ ကျော်ကြားနေတာကလည်း မထူးဆန်းတော့ဘူး။ သူ့ရဲ့ ထိုးထွင်းသိမြင်မှုကကြောက်စရာ ကောင်းလောက်အောင် မြင့်နေတာကိုး "

" မင်းပြောတာ မှားနေပြီ။အစ်ကိုကြီး မုယုံက ဘယ်လိုလုပ်ပြီး ခရမ်းရောင်ပန်း နိုင်ငံတော် တစ်ခုတည်းရဲ့ နံပါတ်၁ လူငယ် ဖြစ်ရမှာလဲ ။ အစ်ကိုကြီးမုယုံ က မဟာနိုင်ငံတော် ၇ခုလုံးရဲ့ နံပါတ်၁ လူငယ်ကွ"

" ဟုတ်တယ်။ ဝါစဉ်ကြီးအစ်ကို မုယုံက နံပါတ်၁ပဲ "

ကြယ်တာရာ သိုင်းတက္ကသိုလ်က ကျောင်းသားတွေကတော့ မုယုံရှန်းရှင်းအတွက် ဂုဏ်ယူနေကြပါတယ်။

ကြယ်တာရာ သိုင်းတက္ကသိုလ် ရဲ့ ကျောင်းသားတွေအလှည့် ပြီးတဲ့အခါမှာတော့ သိုင်းတက္ကသိုလ် ၂၄ခုရဲ့ အလှည့်ကို ကျရောက်လာခဲ့ပါပြီ။

ပထမဆုံး အစမ်းသပ် ခံရသူကတော့ ပိုင်လိရှန် ဖြစ်ပါတယ်။

သူမရဲ့ ထိုးထွင်းသိမြင်မှုကတော့ ပုံမှန်ပါပဲ။ ၆၅မှတ် ဆိုတာ ကြယ်၇ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တစ်ယောက်အတွက် များလည်း မများသလို၊ နည်းလည်း မနည်းလှပါဘူး။

ဒါပေမဲ့လည်း ပိုင်လိရှန်ကတော့ နှုတ်ခမ်းစူပြီး ပြန်ရောက်လာခဲ့ပါတယ်။ သူမက ရလဒ်နဲ့ ပက်သက်ပြီး ကျေနပ်ပုံ မရတာ အသိသာကြီးပါပဲ။

အချိန်အတော်ကြာ ပြီးတဲ့နောက်မှာတော့ ကြယ်၇ပွင့် အရိုးတည်ဆောက်ပုံပိုင်ရှင် ၁၂ယောက်လုံးဟာ အစမ်းသပ်ခံ ပြီးသွားခဲ့ပါပြီ။

သူတို့ထဲကတစ်ယောက်မှ ထိုးထွင်းသိမြင်မှု အမှတ်၆၀အောက် မရောက်ခဲ့ပါဘူး။

စမ်းသပ်စစ်ဆေးမှုဟာ လျင်မြန်စွာနဲ့ သွားနေပါတယ်။

လင်းရီကျန်းကတော့ အထင်ကောင်းကင်ဘုံ သိုင်းတက္ကသိုလ်ရဲ့ အရွေးချယ်ခံဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်တယ်လို့ ဆိုရမှာပါ။သူ့ရဲ့ ထိုးထွင်သိမြင်မှုကတော့ ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေထဲမှာ အမြင့်ဆုံးပါပဲ။ သူက ထိုးထွင်းသိမြင်မှု အမှတ်၆၀တောင်ရခဲ့ပါတယ်။

သူ့ရဲ့ ထိုးထွင်းသိမြင်မှုက ကြယ်၇ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေနဲ့တောင် သိပ်မကွာလှပါဘူး။

ရန်ရှီဟို နဲ့ လန်ဖေးအာတို့ကတော့ ၅၂မှတ် နဲ့ အမှတ်၅၀စီ အသီးသီး ရခဲ့ကြပါတယ်။

" အိုး…… သူတို့အားလုံးက ထိုးထွင်းသိမြင်မှု ကောင်းနေတာပါလား "

မိုချောင်ဖန်းကတော့ အတော်လေး အံ့အားသင့်နေခဲ့ပါပြီ။

စီးတုသောင်းကတော့ ထိုးထွင်းသိမြင်မှု ၄၅မှတ် ရခဲ့ပြီး ဝမ်ဟိုင်လုံက အမှတ်၅၀ ရခဲ့ပါတယ်။

နောက်ဆုံး ဘယ်သူမှ မကျန်တော့တဲ့ နောက်မှာတော့ လီဖူချန်းဟာ အရှေ့ကို လှမ်းထွက်သွားပါတော့တယ်။

လီဖူချန်းရဲ့ နောက်ကျောကို ကြည့်ပြီး ခရမ်းရောင်ပန်း နိုင်ငံတော် တစ်ခုလုံးက လူငယ်တွေကတော့ အသက်တောင် ရဲရဲ မရှူရဲကြတော့ပါဘူး။

ကြယ်တာရာ သိုင်းတက္ကသိုလ် နဲ့ ခရမ်းရောင်ပန်း သိုင်းတက္ကသိုလ်က ကျောင်းသားတွေတောင်မှ လီဖူချန်းရဲ့ ထိုးထွင်းသိမြင်မှုဟာ နိမ့်ကျနေမှာ မဟုတ်ဘူး ဆိုတာကို ရိပ်မိကြပါတယ်။

တကယ်လို့ လီဖူချန်းရဲ့ ထိုးထွင်းသိမြင်မှုက နိမ့်ကျနေမယ်ဆိုရင် သိုင်းတက္ကသိုလ် ၂၄ခု အဆင့်သတ်မှတ်ချက် ပြိုင်ပွဲမှာ ပိုင်လိရှန်ကို အနိုင်ယူနိုင်ခဲ့မှာ မဟုတ်ပါဘူး။ ပြီးတော့ သူဟာ မုယုံရှန်းရှင်းနဲ့လည်း လက်သီးချင်း ယှဉ်ထိုးခဲ့ပါသေးတယ်။

အဲသည်အတွက် သူတို့ဟာ လီဖူချန်းရဲ့ ထိုးထွင်းသိမြင်မှု ဘယ်လောက် မြင့်သလဲ ဆိုတာကို သိချင်နေကြတာပါ။

အမှတ်၆၀လား…… ဒါမှမဟုတ် အမှတ်၆၀ ကျော်မှာလား။

ဘယ်သူမှတော့ လီဖူချန်းရဲ့ ထိုးထွင်းသိမြင်မှု ရမှတ်ဟာ ၄၀ ပတ်ချာလည်မှာ ရှိနေမယ်လို့ မတွေးကြပါဘူး။

" အနည်းဆုံးတော့ ၆၅မှတ်ပဲ "

စီးတုသောင်းက လီဖူချန်းရဲ့ အကြောင်းကို ပြန်တွေးနေရင်းနဲ့ ခပ်တိုးတိုး ရေရွတ်လိုက်မိပါတယ်။

အမှန်အတိုင်းပြောရရင် စီးတုသောင်း ဘဝမှာလီဖူချန်းလို ကောင်းကင်ဘုံကို အန်တုနိုင်တဲ့လူမျိုးကို တစ်ခါမှ မတွေ့ဖူးပါဘူး။ လီဖူချန်းက ကြယ်၅ပွင့် အရိုးတည်ဆောက်ပုံသာ ရှိပေမယ့်သူ့ရဲ့ ထိုးထွင်းသိမြင်မှုက ကြောက်စရာ ကောင်းလွန်းလှပါတယ်။ သူက မြေကမ္ဘာ အလယ်အလတ်အဆင့် ချီအတွင်းအား ဆန္ဒကို နားလည် အသုံးပြုနိုင်ရုံမက မြေကမ္ဘာအဆင့်မြင့် ဓားသိုင်းဆန္ဒကိုလည်း နားလည် အသုံးပြုနိုင်ပါတယ်။ ပြီးတော့ သူ့ရဲ့ နတ်ဘုရားစွမ်းရည်ကလည်း ကြောက်စရာ ကောင်းလွန်းလှတဲ့ အဆင့်တစ်ခုမှာပါ။

အဲသည်အတွက် စီးတုသောင်းက လီဖူချန်းရဲ့ ထိုးထွင်းသိမြင်မှုအမှတ် ၇၀ ကျော်နေရင်တောင်မှသိပ်ပြီး အံ့သြနေမှာ မဟုတ်ပါဘူး။

ပိုင်လိရှန်တောင်မှ ထိုးထွင်းသိမြင်မှု ၆၅မှတ် ရထားမှတော့ လီဖူချန်းရဲ့ ထိုးထွင်းသိမြင်မှုက သူမထက် သာမှာ အသေအချာပါပဲ။

လီဖူချန်းကတော့ အနက်ရောင် သလင်းကျောက်ကို ယူပြီး နဖူးပေါ်ကို တင်လိုက်ပါပြီ။

အလင်းတန်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ဟုတ်ပါတယ်။ အလင်းတန်းတွေပါ။ တခြားသူတွေလို အလင်းပြောက်တွေ မဟုတ်ပါဘူး။

မျက်စိတစ်မှိတ် အတွင်းမှာပဲ အနက်ရောင် သလင်းကျောက်ဟာ မျက်စိကျိန်းလောက်အောင် ထိန်လင်းသွားခဲ့ပါပြီ။

ထိုးထွင်းသိမြင်မှုခန်းမ အကြီးအကဲကတော့ မျက်လုံး အပြူးသားနဲ့ ရပ်နေခဲ့ပါတယ်။ သူ့ကို ကြည့်ရတာက သူ့မျက်လုံးကို သူမယုံတော့သလိုပါပဲ။

မိုချောင်ဖန်း နဲ့ အခြားသော အပြင်စည်း အကြီးအကဲတွေကလည်း တစ်ခုခု မူမမှန်ဘူး ဆိုတာကို ရိပ်မိလိုက်ကြပါတယ်။

အခု အခြေအနေအတိုင်း ဆိုရင်တော့ လီဖူချန်းရဲ့ ထိုးထွင်းသိမြင်မှုဟာ သေချာပေါက် အမှတ်၇၀ကျော်ပါပဲ။ အမှတ်၈၀ ကျော်နေတာတောင်မှဖြစ်နိုင်ပါသေးတယ်။

ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။သက်တံနီဂိုဏ်းရဲ့ သမိုင်းတစ်လျှောက်မှာ အမြင့်ဆုံး ထိုးထွင်းသိမြင်မှုကို ပိုင်ဆိုင်ထားတဲ့ ကြယ်၆ပွင့်အရိုးတည်ဆောက်ပုံ ပိုင်ရှင်တောင်မှ ၇၂မှတ်ပဲ ရှိပါတယ်။ သမိုင်းတစ်လျှောက်မှာ အမှတ်၇၀ကျော်တဲ့ အရိုးတည်ဆောက်ပုံ ပိုင်ရှင်ဆိုလို့ တကယ်ကို တစ်ယောက်ပဲ ရှိခဲ့တာပါ။ ဒါပေမဲ့ အခုတော့ အဲသည်သမိုင်းထဲက အရိုးတည်ဆောက်ပုံ ပိုင်ရှင်ထက်ပိုကြောက်စရာကောင်းတဲ့ ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တစ်ယောက် ပေါ်လာခဲ့ပါပြီ။ ဒါက တကယ့်ကို ရူးချင်စရာ မဟုတ်ပါလား။

အပြင်စည်း အကြီးအကဲတွေအားလုံးဟာ လီဖူချန်းကို ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်လို့ မှတ်ယူထားကြပါတယ်။ သူတို့တွေက လီဖူချန်းဟာ ကြယ်၅ပွင့် အရိုးတည်ဆောက်ပုံပိုင်ရှင် ဖြစ်လိမ့်မယ်လို့ ယောင်လို့တောင် မတွေးမိကြပါဘူး။

"အကြီးအကဲလျူ……သည်ကလေးရဲ့ ထိုးထွင်းသိမြင်မှုက ဘယ်လောက်လဲ "

မိုချောင်ဖန်း နဲ့ အခြားသော အပြင်စည်း အကြီးအကဲတွေက စောင့်ရတာ စိတ်မရှည်တော့တဲ့အတွက် မေးလိုက်ပါတယ်။

ထိုးထွင်းသိမြင်မှုခန်းမ အကြီးအကဲကတော့ အခုထက်ထိ အကြောင်သား ရပ်နေတုန်းပါပဲ။

" အကြီးအကဲလျူ …… အမြန်ပြောစမ်းပါ။ ခင်ဗျားက ကျုပ်တို့ကို စနောက်နေတာနဲ့တောင် တူနေပြီ "

နှုတ်ခမ်းမွှေးစစနဲ့ လူကြီးက ထပ်ပြောလိုက်ပြန်ပါတယ်။

ထိုးထွင်းသိမြင်မှု သလင်းကျောက် ဆိုတာက အင်မတန် ထူးဆန်းတဲ့ အရာပါ။ အဲဒါက စစ်ဆေးတဲ့ သူတစ်ယောက်ပဲတိတိကျကျ မြင်နိုင်ပါတယ်။ကျန်တဲ့သူတွေကတော့ ရိပ်ဖမ်း၊သံဖမ်းလောက်ပဲ သိရတာပါ။

" တ……တစ်……ရာတဲ့ကွ "

ထိုးထွင်းသိမြင်မှုခန်းမ အကြီးအကဲရဲ့ အသံဟာ တုန်တုန်ယင်ယင် နဲ့ ထွက်လာခဲ့ပါတယ်။

" ဘယ်လောက် "

မိုချောင်ဖန်းက ထပ်မေးလိုက်ပါတယ်။

နားကြားများ မှားသွားတာလား။ သူက တစ်ရာလို့ ကြားလိုက်သလိုပါပဲ။

" တစ်ရာ။ အမှတ်ပြည့်ပဲ "

ထိုးထွင်းသိမြင်မှုခန်းမ အကြီးအကဲက အသက်ကို တဝကြီး ရှူလိုက်ကြီး လူအားလုံး ရှင်းရှင်းလင်းလင်း ကြားရအောင် ထပ်ပြောလိုက်ပါတယ်။

ထိုးထွင်းသိမြင်မှု သလင်းကျောက်တွေဟာ အတော်လေး ရှားလှပြီး တစ်ခုလောက် ရဖို့တောင် မနည်း ကြိုးစားရတာပါ။ပြီးတော့ သက်တံနီဂိုဏ်းမှာ သုံးတဲ့ သလင်းကျောက်တွေက သာမန်အမျိုးအစား ထိုးထွင်းသိမြင်မှု သလင်းကျောက်တွေပဲ ဖြစ်ပြီး အမှတ်၁၀၀ အထိပဲ တိုင်းတာနိုင်ပါတယ်။ အမျိုးအစားကောင်းတဲ့ သလင်းကျောင်တွေ ဆိုရင် အမှတ်၂၀၀ ဒါမှမဟုတ် ၃၀၀လောက်အထိ တိုင်းတာလို့ ရပါတယ်။

အဲဒါက လီဖူချန်းရဲ့ ထိုးထွင်းသိမြင်မှုဟာ အမှတ်၁၀၀ ထက်တောင် များနေနိုင်သေးလို့ ဆိုလိုတာနဲ့ အတူတူပါပဲ။သက်တံနီဂိုဏ်းရဲ့ ထိုးထွင်းသိမြင်မှု သလင်းကျောက်ဟာ အမှတ်၁၀၀ ထက်ပိုပြီး မတိုင်းတာနိုင်လို့သာ သူ့ရဲ့ ထိုးထွင်းသိမြင်မှု ရမှတ်ဟာ ၁၀၀မှာ ရပ်တန့်သွားခဲ့တာပါ။ ဒါက တကယ့်ကို ကြောက်စရာပါပဲ။

ထိုးထွင်းသိမြင်မှု အမှတ်၁၀၀ နဲ့ ၁၀၀အထက် ရတယ်ဆိုတာက သက်တံနီဂိုဏ်းမှာဆိုရင် ကြယ်၈ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေပဲ ရှိပါတယ်။ဘယ်ကြယ်၇ပွင့် အရိုးတည်ဆောင်ပုံ ပိုင်ရှင်မှ အဲသည်ရမှတ်ကို မရနိုင်ပါဘူူး။ ကြောက်စရာကောင်းလှတဲ့ ထိုးထွင်းသိမြင်မှုကို ပိုင်ဆိုင်ထားပါတယ် ဆိုတဲ့ ကြယ်၇ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေတောင်မှ အမှတ်၉၀ နီးပါးပါပဲ။

ထိုးထွင်းသိမြင်မှုခန်းမ အကြီးအကဲရဲ့ အဖြေကို ကြားပြီးတဲ့ နောက်မှာတော့ ခန်းမတစ်ခုလုံးကို တိတ်ဆိတ်ခြင်းက ကြီးစိုးသွားခဲ့ပါပြီ။

ကြယ်၇ပွင့် အရိုးတည်ဆောက်ပုံပိုင်ရှင် ၇ယောက်စလုံးတောင်မှ ကြောင်အမ်းအမ်း ဖြစ်ကုန်ကြပါတယ်။သူတို့တွေက အသံတစ်သံတောင် မထွက်နိုင်တော့ပါဘူူး။

အထူးသဖြင့် မုယုံရှန်းရှင်းပါပဲ။ သူ စိတ်ပျက်လက်ပျက်ကြီးကို ဖြစ်သွားခဲ့တာပါ။ သူက ရင်ဘတ်ပေါ်မှာ ကျောက်တံုံးကြီးတစ်တုံးဖိခံထားရသလို ခံစားလိုက်ရပါတယ်။ သူက အသက်ရှူလို့တောင် မဝတော့ပါဘူး။

၁၀၀ ဟုတ်လား။ ဟာသပဲ။ အဲဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

ထိုးထွင်းသိမြင်မှု သလင်းကျောက်ကပဲ တစ်ခုခု မှားနေတာများလား။

စီးတုတောင်း နဲ့ ဝမ်ဟိုင်လုံကတော့ လက်တွေ တဆတ်ဆတ် တုန်ခါနေရင်းနဲ့ လီဖူချန်းကိုမျက်လုံးအပြူးသား စိုက်ကြည့်နေကြပါတယ်။

ဒါက လီဖူချန်းဟာ ဘယ်လောက် ကြောက်စရာ ကောင်းသလဲ ဆိုတာကို သူတို့အနေနဲ့ ပထမဆုံးအကြိမ် နားလည် သဘောပေါက်သွားခြင်းပါပဲ။

လီဖူချန်းက သူတို့နှစ်ယောက် မော်ကြည့်ရမယ့် နေရာမှာ ရပ်တည်နေတဲ့ ဖြစ်တည်မှု တစ်ခုပါ။

တကယ်လို့ သည်သတင်းသာ ခရမ်းရောင်ပန်း နိုင်ငံတော်ကို ရောက်သွားခဲ့မယ် ဆိုရင် နိုင်ငံတစ်ခုလုံးတောင် ရုတ်ရုတ်သဲသဲဖြစ်သွားနိုင်ပါသေးတယ်။

ဝမ်ဟိုင်လုံကတော့ အမှန်တရားကို လက်ခံလိုက်ပါပြီ။ လီဖူချန်းကို လိုက်ယှဉ်ဖို့ ကြိုးစားနေတာက ကျောက်တောင်ကို ကြက်ဥနဲ့ ပေ့က်နေသလိုပါပဲ။ သူက ကြယ်၇ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေကို ယှဉ်ကောင်း ယှဉ်နိုင်လောက်ပေမယ့် လီဖူချန်းကိုတော့ ယှဉ်နိုင်မှာ မဟုတ်ပါဘူး။

" မင်းက တကယ်ကော ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင် ဟုတ်ရဲ့လား "

ထိုးထွင်းသိမြင်မှုခန်းမ အကြီးအကဲ လီဖူချန်းကို မေးလိုက်ပါတယ်။မိုချောင်ဖန်းဆီက ရတဲ့အချက်အလက်တွေထဲမှာတော့ လီဖူချန်းက ကြယ်၇ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်ဆိုတာ မပါပါဘူး။ဒါကြောင့်လည်း သူက မေးလိုက်တာပါ။

လီဖူချန်းက အရိုအသေ ပေးလိုက်ပြီး ပြန်ဖြေလိုက်ပါတယ်။

" ခန်းမအကြီးအကဲ…… ကျွန်တော်က ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံပိုင်ရှင် မဟုတ်ပါဘူူး "

လီဖူချန်းရဲ့ အဖြေကို ကြားပြီးတဲ့ အခါမှာတော့ ထိုးထွင်းသိမြင်မှုခန်းမ အကြီးအကဲဟာ စဉ်းစားခန်း ဝင်ပါတော့တယ်။

' ခွေကောင်လေး …… မင်းက တကယ်ကြီး ငါ့ကို လှည့်စားရဲတယ်ပေါ့။ မင်းက ကြယ်၇ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်ဆိုတာ သေချာနေတာကို လခွီးမလို့ ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်လို ဟန်ဆောင် နေတာလဲ။ မင်းက အဲသည်လို ဟန်ဆောင်ရတာကို ပျော်နေတာလား။ ငါမင်းကို ကောင်းကောင်းကြီး ဆုံးမဦးမယ် '

' မဟုတ်သေးဘူး။ သည်ကောင်က ထိုးထွင်းသိမြင်မှုက ရမှတ် ၁၀၀ နဲ့ အထက်မှာ ရှိနေတာ။ ကြယ်၇ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေက အဲလောက်ထိ ထိုးထွင်သိမြင်မှု မကောင်းဘူး။ သည်ကောင်က ကြယ်၈ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်ပဲ ဖြစ်ရမယ်။ ငါသူ့ကို အခုကတည်းက ကောင်းကောင်း ဆက်ဆံထားရယ် '

စဉ်းစားခန်း ဝင်ပြီးတဲ့ အခါမှာတော့ ထိုးထွင်းသိမြင်မှုခန်းမ အကြီးအကဲက ပြုံးလိုက်ပြီး လီဖူချန်းကို ချိုချိုသာသာ မေးလိုက်ပါတော့တယ်။

" ကောင်လေး ……မှန်မှန်ပြောစမ်း။ မင်းက ကြယ်၇ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်လား ဒါမှမဟုတ် ကြယ်၈ပွင့်လား "

တကယ်လို့သာ လီဖူချန်းက ကြယ်၈ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်ဆိုရင်တော့ သက်တံနီ ဂိုဏ်းအတွက် မဟာကံကောင်းမှုကြီးပါပဲ။

ပြီးတော့ လီဖူချန်းက ဘုရင်အတန်းအစား တပည့် မဟုတ်ဘဲ ဧကရာဇ် အတန်းအစား တပည့် ဖြစ်သွားတော့မှာပါ။ ဟုတ်ပါတယ်။ သက်တံနီဂိုဏ်းမှာက ဘုရင် အတန်းအစား တပည့်တွေထက် အဆင့်မြင့်တဲ့ ဧကရာဇ် အတန်းအစား တပည့်တွေ ရှိပါသေးတယ်။

ဧကရာဇ် အတန်းအစား တပည့်တွေကတော့ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်ကို ထိုးဖောက်ဝင်ရောက်ပြီး ဧကရာဇ် ဒါမှမယုတ် ဧကရီတွေ ဖြစ်လာနိုင်တဲ့ သူတွေပါ။ သူတို့ရဲ့ ဂိုဏ်းအတွင်း အဆင့်အတန်းကတော့ အတွင်းစည်း အကြီးအကဲတွေထက်တောင်မှ မြင့်ပါသေးတယ်။

" မဟုတ်ပါဘူး …… ကျွန်တော်က ကြယ်၅ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်ပါ "

လီဖူချန်းက မလိမ်မညာဘဲ အမှန်အတိုင်း ဖြေလိုက်ပါတယ်။

" ဘာ "

ထိုးထွင်းသိမြင်မှုခန်းမ အကြီးအကဲကတော့ သွေးအန်လု နီးပါးပါပဲ။ သူက ခန်းမကြီးတစ်ခုလုံး ချာချာလည်သွားသလိုလည်း ခံစားလိုက်ရ့ပါတယ်။

သေချာပါတယ်။ သည်လီဖူချန်း ဆိုတဲ့ သကောင့်သားက သူ့ကို မခန့်မလေးစားနဲ့နောက်ပြောင်နေတာပဲ ဖြစ်ရပါမယ်။

" အကြီးအကဲ…… လီဖူချန်းက တကယ်ပဲ ကြယ်၅ပွင့်အရိုးတည်ဆောက်ပုံ ပိုင်ရှင်ပါ။ အဲဒါကို ကျွန်တော်တို့နှစ်ယောက် သက်သေခံနိုင်ပါတယ် "

စီးတုသောင်း နဲ့ ဝမ်ဟိုင်လုံတို့က အရှေ့ကို လှမ်းထွက်လာပြီး သက်သေ ခံပေးလိုက်ကြပါတယ်။

" အကြီးအကဲလျူ…… သည်ကိစ္စက အဲလောက် မရိုးရှင်းဘူး ထင်တယ်။ ခင်ဗျား…… သည်ကောင်လေးကို ထိပ်ပိုင်းက အကြီးအကဲတွေဆီကို ခေါ်သွားပြီး အရိုးတည်ဆောက်ပုံ နဲ့ ထိုးထွင်းသိမြင်မှုကို ပြန်စမ်းသပ် လိုက်ပါလား "

မိုချောင်ဖန်းက သည်ကိစ္စဟာ အရေးကြီးတယ်လို့ ယူဆမိတဲ့အတွက်အကြံ ပေးလိုက်ပါတယ်။

အကြီးအကဲလျူကလည်း မငြင်းပါဘူး။ သူက မချိပြုံး ပြုံးလိုက်ပြီး

" ငါတို့မှာ ရွေးချယ်စရာမှ မရှိတော့တာ။ သည်လိုပဲ လုပ်ရတော့မှာပေါ့ "

" မင်းတို့အားလုံး ထိုးထွင်းသိမြင်မှု ခန်းမကနေ ထွက်သွားလို့ ရပြီ။ မင်း…… မင်းကတော့ ငါနဲ့ လိုက်ခဲ့ "

ထိုးထွင်းသိမြင်မှုခန်းမ အကြီးအကဲက လီဖူချန်းကလွဲပြီး ကျန်တဲ့လူငယ် အားလုံးကို ခန်းမထဲကနေထွက်ခွာခွင့် ပြုလိုက်ပါတယ်။

အဲသည်နောက်မှာတော့ သူက လီဖူချန်းကို ခေါ်ပြီး ထွက်သွားခဲ့ပါပြီ။

***

All Chapters