← Chapters

ငွေဘုရင်ဝိညာဥ်ဆေးလုံး

Vol. 30 Ch. 413

ငွေဘုရင်ဝိညာဥ်ဆေးလုံး

Vol. 30 Ch. 413

ယဲ့ချန်သည် အဝေးမှချီတက်လာသော စစ်တပ်တွင် စစ်သည်အများစုမှာ ခြင်္သေ့မျိုးနွယ်ဝင်များဖြစ်ကြောင်း ဝိညာဥ်အသိစိတ်မှတဆင့် သိလိုက်ရသည်။ လူအသွင်ပြောင်းထားသော ခြင်္သေ့ကြီးများက သံချပ်ဝတ်ကိုယ်စီတပ်ဆင်ထားကာ အရပ်နှစ်မီတာကျော်မြင့်ပြီး အလွန်အမင်းသန်မာပေသည်။ သန်းချီသောစစ်တပ်တွင် အများစုက မြေအဆင့်အထက်များ ဖြစ်သောကြောင့် အင်အားကောင်းလှသည်။ သူတို့က ဝိညာဥ်သားရဲလှိုင်းကို ထိုးဖောက်၍ ဝံပုလွေတိုင်းပြည်၏စစ်တပ်ကို တရကြမ်းဝင်ရောက်တိုက်ခိုက်ပြီး ရူးမိုက်စွာ သတ်ဖြတ်လိုက်ကြသည်။ ဤကား ခြင်္သေ့နန်းတော်၏ စစ်တပ်ဖြစ်သည်။

ထိုစစ်တပ်က သံမဏိတံတိုင်းကြီးကဲ့သို့ တိုးဝင်လာပြီး သူတို့ရောက်သမျှနေရာတိုင်းတွင် မရေမတွက်နိုင်သော သားရဲများ အသတ်ခံနေရသည်။ ဝံပုလွေတိုင်းပြည်၏စစ်တပ်တွင် အရေအတွက်ကသန်းချီသော်လည်း အများစုက အဆင့်တစ်ဆယ်ကျင့်ကြံသူများသာဖြစ်ပြီး မြေအဆင့်အထက်က နှစ်သန်းသုံးသန်းခန့်သာ ပါဝင်သည်။ ထို့ကြောင့် အင်အားပိုမိုသာလွန်သော ခြင်္သေ့နန်းတော်၏စစ်တပ်နှင့် ရင်ဆိုင်ရသောအခါ ခုခံနိုင်ခြင်းလုံးဝမရှိဘဲ တစ်ဖက်သတ်နှိမ်နှင်းခံခဲ့ရသည်။

သားရဲစစ်တပ်သည် ရန်သူတပ်သုံးခုကို တပြိုင်နက်ရင်ဆိုင်နေရသည်။ ခြင်္သေ့နန်းတော်၊ ကြယ်ခန်းမနှင့် ဝိညာဥ်သားရဲများက သားရဲစစ်တပ်ကို သည်းကြီးမည်းကြီးတိုက်ခိုက်နေသဖြင့် ရှုံးနိမ့်စပြုလာသည်။ ခြင်္သေ့နန်းတော်စစ်တပ်အတွင်းမှ ထုံတန် ၊နတ်ဆင်၊ သင်းခွေချပ် ၊ကျိလေ့နှင့် အခြားကျင့်ကြံသူတစ်ဒါဇင်ခန့်၏ အရှိန်အဝါများ ကောင်းကင်၌ ထွက်ပေါ်လာသည်။

"ငါ ထုံတန် ရောက်လာပြီ။ ဝံပုလွေတိုင်းပြည်ရဲ့ ကျင့်ကြံသူမှန်သမျှ သေရမယ်"

ထုံတန်က နတ်တူကြီးကိုမြှောက်၍ အော်ဟစ်ကြုံးဝါးလိုက်သည်။ ကြယ်ခန်းမ၏မြို့ရိုးများပေါ်သို့ ကျူးကျော်နေကြသော သားရဲများမှာ တူကြီးမှထွက်ပေါ်လာသော လျှပ်စီးကြောင်းများ ထိမှန်ခံလိုက်ရသဖြင့် မီးသွေးကဲ့သို့ မည်းနက်သေဆုံးကုန်သည်။

"သွေးဘုရင် ငါ့ကို ထွက်တိုက်စမ်း။ ဒီနေ့ မင်းကို လက်စားချေမယ်"

ထုံတန်က အော်ဟစ်ရင်း သွေးဘုရင်ထံ ပြေးဝင်သွားခဲ့သည်။ ရန်ကြွေးအသစ်နှင့်အဟောင်းက ပေါင်းစည်းသွားသဖြင့် သူ၏မျက်လုံးများက သွေးနီရောင်တောက်ပနေသည်။ ထိုအချိန်တွင် သူ၏အတွေးထဲတွင် ဝံပုလွေတိုင်းပြည်ကြောင့် အသက်ဆုံးခဲ့ရသော ငယ်သားများ၏ပုံရိပ်များ ထွက်ပေါ်လာသည်။

သွေးဘုရင်က အဝေးသို့ လှမ်းကြည့်လိုက်သောအခါ ကြယ်တစ်လုံးကဲ့သို့ တိုးဝင်လာသော ထုံတန်ကို မြင်လိုက်ရသည်။ လက်ရှိတွင် ထုံတန်က ယခင်ထက် အဆပေါင်းများစွာ ပိုသန်မာလာသောကြောင့် သူက အလွန်အံ့သြသွားခဲ့သည်။ ထုံတန်က သူ့အရင် အဆုံးမဲ့အဆင့်သို့ ချိုးဖျက်သွားနိုင်ပုံပေါ်သည်။

ထုံတန်နှင့်သွေးဘုရင်သည် နတ်ဘုရင်ထိပ်ဆုံးအဆင့်တွင် နှစ်ပေါင်းများစွာကြာအောင် တစ်ဆို့နေခဲ့ကြသည်။ သူတို့၏အစွမ်းထက်လက်နက်များကြောင့် အဆုံးမဲ့အဆင့်သုံး ကျင့်ကြံသူတစ်ယောက်ကို ရင်ဆိုင်နိုင်စွမ်းရှိသည်။ သူတို့နှစ်ယောက်က စွမ်းအားချင်း မတိမ်းမယိမ်းဖြစ်သော်လည်း သွေးဘုရင်က အနည်းငယ်နိမ့်ကျသည်။ သို့သော် ထုံတန်က သူ့အရင် အဆုံးမဲ့အဆင့်သို့ ချိုးဖျက်နိုင်ခဲ့သောအခါ ထုံတန်ကို လုံးဝယှဥ်နိုင်တော့မည်မဟုတ်ပေ။ ထုံတန်၏ ကြောက်မက်ဖွယ်အရှိန်အဝါကြောင့် သွေးဘုရင်၏စိတ်ထဲတွင် အလွန်တုန်လှုပ်သွားခဲ့သည်။

"ခြင်္သေ့နန်းတော် ရောက်လာပြီ"

ယဲ့ချန်က စိတ်အေးသွားခဲ့သည်။ ခြင်္သေ့နန်းတော်၏ အကူအညီဖြင့်ဆိုလျှင် စစ်ပွဲ၏အခြေအနေက ပြောင်းပြန်ဖြစ်သွားပေလိမ့်မည်။ လက်ရှိတွင် စစ်ပွဲက ပိုမိုပြင်းထန်လာသော်လည်း ယဲ့ချန်က စိုးရိမ်ရန်မလိုတော့သောကြောင့် ကုန်းမြောင်နှင့်ကုန်းကျောက်ထံ အကြည့်လွှဲလိုက်သည်။

ပြင်းထန်သောတိုက်ပွဲကြောင့် ကုန်းကျောက်က မျက်မှောင်ကြုတ်လိုက်သည်။ သူနှင့်ကုန်းမြောင်က လက်ရှိတွင် ယဲ့ချန်ကို မထိရဲချေ။ တိုက်ပွဲက ဤနှုန်းအတိုင်း ဆက်လက်ဖြစ်ပွားမည်ဆိုလျှင် မုန်တိုင်းမျိုးနွယ်၏ ကျင့်ကြံသူများနှင့် ဝံပုလွေတိုင်းပြည်၏စစ်တပ်က ကြီးမားစွာ ထိခိုက်သွားပေလိမ့်မည်။

"ငါ ဒီမှာ အချိန်ဆွဲထားမယ်။ မင်း သူတို့ကို သွားသတ်လိုက်"

ကုန်းကျောက်က ကုန်းမြောင်ကို အမိန့်ပေးလိုက်သည်။ သူတို့က ခြင်္သေ့နန်းတော်နှင့်ကြယ်ခန်းမကို အရင်ဆုံးဖြေရှင်းပြီးမှ ယဲ့ချန်ကိုသတ်လျှင်လည်း နောက်ကျမည်မဟုတ်ပေ။ သူတို့က ယဲ့ချန်ကို လက်ရှိမတိုက်ခိုက်နိုင်သော်လည်း ယဲ့ချန်က ထွက်ပြေးနိုင်မည်မဟုတ်ချေ။

"ကောင်းပြီ"

ကုန်းမြောင်က ပြန်ဖြေလိုက်ပြီး ကောင်းကင်ပေါ်မှ စစ်မြေပြင်သို့ ဆင်းသက်သွားခဲ့သည်။ သူမက လျှပ်ပေါ်လော်လီသော မိန်းမပျက်တစ်ယောက်နှင့်တူညီသော်လည်း အစွမ်းထက်သူဖြစ်သောကြောင့် ဧရာမဖိအားကြီးတစ်ရပ် ထွက်ပေါ်လာသည်။ ကုန်းမြောင်၏လုပ်ရပ်ကြောင့် ယဲ့ချန်က စိုးရိမ်တကြီးဖြစ်သွားခဲ့သည်။ သူက ကောင်းကင်တုန်ခါဆေးအိုးဖြင့် တိုက်ခိုက်လိုက်သော်လည်း ကုန်းကျောက်သည် လမ်းတစ်ဝက်တွင် ထွက်ပေါ်လာ၍ လက်ဝါးချက်များထုတ်ဖော်ကာ တားမြစ်လိုက်၏။

"မင်းပြိုင်ဘက်က ငါပဲ"

ကုန်းကျောက်က အေးစက်စက်ပြောလိုက်သည်။ သူက အဆုံးမဲ့အဆင့်ခြောက် ကျင့်ကြံသူတစ်ယောက်ဖြစ်သောကြောင့် ကိုယ့်ကိုကိုယ် အတန်အသင့် ကာကွယ်နိုင်သည်။ ယဲ့ချန်က သူကိုဖြတ်သန်း ကျော်ဖြတ်သွားရန်လည်း အလွန်ခက်ခဲပေသည်။

"မင်းမှာ ဝှက်ဖဲတစ်ခုရှိနေရင်ရော ဘာဖြစ်လဲ။ မင်းရဲ့လူတွေအားလုံးကို အရင်ဆုံးသတ်ပစ်မယ်"

ကုန်းကျောက်၏မျက်နှာထက်တွင် အနိုင်ရသော အပြုံးမျိုး ဖြစ်ပေါ်လာသည်။ ကုန်းမြောင်သည် အဆုံးမဲ့အဆင့်ငါး ကျင့်ကြံသူတစ်ယောက်ဖြစ်သောကြောင့် ယဲ့ချန်မှလွဲလျှင် တားမြစ်နိုင်သူမရှိပေ။ ထိုအချိန်တွင် သူက ကုန်းကျောက်၏အရှိန်အဝါကို ဝိညာဥ်စွမ်းအားများထုတ်ဖော်၍ အံကြိတ်ခုခံနေရသည်။

ကုန်းမြောင် ရောက်ရှိလာသောအခါ စစ်မြေပြင်တွင် တိုက်ခိုက်နေသူများမှာ အသက်ရှူရန်ပင် ခက်ခဲနေသည်။ ကျင့်ကြံဆင့်နိမ့်သူများမှာ သူမ၏အရှိန်အဝါကို မခုခံနိုင်သောကြောင့် သွေးအန်၍ လဲကျသွားကြသည်။ ထိုဖိအားကိုတောင့်ခံနိုင်သူများမှာ နန်ရှင်းတစ်၊ ထုံတန်နှင့် အနည်းငယ်သော ကျင့်ကြံသူများသာဖြစ်သည်။ ကုန်းမြောင်က အစွမ်းထက်ကျင့်ကြံသူဖြစ်သောကြောင့် အရှိန်အဝါသက်သက်နှင့်ပင် နတ်အဆင့်ကျင့်ကြံသူများကို ဒဏ်ရာရသွားစေခဲ့သည်။

ပထမတွင် သွေးဘုရင်ကိုသတ်ဖြတ်ရန် ကြံစည်ထားသော ထုံတန်က အဆုံးမဲ့အဆင့်ငါးကျင့်ကြံသူဖြစ်သော ကုန်းမြောင် ရောက်ရှိလာသောအခါ ပစ်မှတ်ပြောင်းလိုက်သည်။ သူမှလွဲလျှင် စစ်မြေပြင်၌ ထိုရန်သူကို ရင်ဆိုင်နိုင်သူမရှိချေ။

"မုန်တိုင်းမျိုးနွယ်က အမြဲတမ်း သီးသန့်နေထိုင်ခဲ့တယ်။ မင်းတို့က ဘာကြောင့် ငါတို့ကိစ္စမှာ ဝင်ရှုပ်ရတာလဲ။ ငါ ခြင်္သေ့ဘုရင်က မင်းတို့နဲ့တိုက်ခိုက်မယ်"

ထုံတန်က အော်ဟစ်ကြုံးဝါး၍ နတ်တူကြီးကိုဝင့်ကာ ကုန်းမြောင်ထံ ခုန်ဝင်သွားခဲ့သည်။

"မုန်တိုင်းမျိုးနွယ်ရဲ့ မဟာအကြီးအကဲကို ကြယ်ခန်းမသခင်က သတ်ဖြတ်ခဲ့တယ်။ ခြင်္သေ့နန်းတော်က နောက်မဆုတ်ဘူးဆိုရင် သုတ်သင်ခံရမယ်"

ကုန်းမြောင်က နှာခေါင်းရှုံ့လိုက်ပြီး ဓားဖြင့် ခုတ်ပိုင်းလိုက်သည်။ အင်အားအရာတွင် ခြင်္သေ့နန်းတော်က မုန်တိုင်းမျိုးနွယ်အောက် များစွာနိမ့်ကျနေခဲ့သည်။

"ဘုန်း"

ကြောက်မက်ဖွယ် ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပေါ်လာသောကြောင့် ထုံတန်က ခြေလှမ်းအနည်းငယ် နောက်ဆုတ်ပေးလိုက်ရသည်။ ကုန်းမြောင်က လေထဲတွင် ရပ်တန့်သွားခဲ့သည်။ ကုန်းမြောင်၏အမြင်တွင် ထုံတန်က အဆုံးမဲ့အဆင့်သုံးကျင့်ကြံသူလောက်သာ အစွမ်းထက်မည်ဟု ထင်ထားသည်။ သို့သော် လက်ရှိတွင် ထိပ်တိုက်ရင်ဆိုင်မိသောအခါ သူက သူမအောက် လုံးဝမနိမ့်ကြောင်း သိလိုက်ရသည်။ ထုံတန်နှင့်ကုန်းမြောင်၏တိုက်ပွဲကို ဗဟိုပြု၍ ဘက်ပေါင်းစုံသို့ အစွမ်းထက်အင်အားတစ်ခု ပြန့်ထွက်လာခဲ့သည်။ ပတ်ဝန်းကျင်မှ ကျင့်ကြံသူများနောက်ဆုတ်သွားကြပြီး နှစ်ဖက်လုံးက ညီမျှနေသောကြောင့် အနိုင်ရသူကိုဆုံးဖြတ်ရန် မလွယ်ချေ။

အစွမ်းထက်ကျင့်ကြံသူနှစ်ယောက်၏ အရှိန်အဝါကြောင့် ထိခိုက်မည်ကို စိုးရိမ်သော စစ်သည်များက အတော်ဝေးဝေးသို့ ဆုတ်ခွာလိုက်ကြသည်။ အဆုံးမဲ့ကျင့်ကြံသူများ၏တိုက်ပွဲက အလွန်ကြောက်မက်ဖွယ်ကောင်းသောကြောင့် အနီးကပ်လာသူမှန်သမျှ အပိုင်းပိုင်းအစစ ပေါက်ကွဲသေဆုံးသွားနိုင်သည်။

သွေးဘုရင်သည် ထုံတန်နှင့်ကုန်းမြောင်၏တိုက်ပွဲကို တအံ့တသြစိုက်ကြည့်နေခဲ့သည်။ သူ၏မျက်နှာထက်တွင် မုန်းတီးစိတ်တို့ ထင်ဟပ်လာသည်။ ထုံတန်က သူ့အရင်အဆင့်တက်သွားမည်ဟု မျှော်လင့်မထားခဲ့ပေ။ လက်ရှိအချိန်မှစတင်၍ သူက ထုံတန်ကိုယှဥ်ပြိုင်ရန် အလွန်ခက်ခဲလာပြီဖြစ်သည်။ ကုန်းမြောင်က ထုံတန်ကိုသတ်နိုင်ပါစေဟုသာ မျှော်လင့်နေခဲ့သည်။ သို့မဟုတ်လျှင် အနာဂတ်တွင် ထုံတန်၏လက်ချက်ဖြင့် ဝံပုလွေတိုင်းပြည်အတွက် ရပ်တည်ရန်နေရာ ရှိတော့မည်မဟုတ်ပေ။

နာကျင်စွာအော်သံတစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်။ ဟေးရီက ရှောင်ရိ၏လက်သီးချက်ကြောင့် ဒဏ်ရာရရှိသွားခဲ့သည်။ ဘေးမှအမြဲမပြတ်စောင့်ကြည့်နေသော နေလင်းယုန်က တဟုန်ထိုးဝင်ရောက်လာ၍ ဟေးရီးရင်ဝကို နှုတ်သီးဖြင့် အသက်ထွက်သည်အထိ ထိုးဆိတ်ပစ်လိုက်သည်။ ဟေးရီ၏အလောင်းက ကောင်းကင်မှထိုးကျသွားကာ နတ်ဘုရင်တစ်ယောက်က အသေဆိုးဖြင့် သေဆုံးသွားခဲ့သည်။ ဝံပုလွေတိုင်းပြည်၏ အထွတ်အထိပ်အချိန်တွင် နတ်ဘုရင်ကိုးယောက်ရှိခဲ့သော်လည်း သွေးဘုရင်နှင့်မီးဘုရင်သာ ကျန်ရစ်ခဲ့သည်။ ဝံပုလွေတိုင်းပြည်သည် အတိတ်မှအောင်မြင်မှုမျိုး ရယူရန်မဖြစ်နိုင်သောကြောင့် သွေးဘုရင်က စိတ်ဓာတ်ကျသွားသည်။ သူက ဘဝအဆုံးသတ်သို့ရောက်နေသော လူတစ်ယောက်ကဲ့သို့ မှိုင်တွေသွားခဲ့လေသည်။

"ကြယ်ခန်းမကို ငါ ဖျက်ဆီးပစ်မယ်။ မင်းတို့ကိုအကုန်သတ်ပစ်ပြီး လက်စားချေမယ်"

သွေးဘုရင်က အံကြိတ်၍ ကြုံးဝါးလိုက်သည်။ သူက မိစ္ဆာဝံပုလွေဆေဘာကို ပွတ်သပ်လိုက်သောအခါ ၎င်းထံမှ ဧရာမအနီရောင်ဝံပုလွေပုံရိပ်ကြီးတစ်ခု ထွက်ပေါ်လာသည်။

"မင်းလို အမွေးဖွားဖွားခွေးနီတစ်ကောင်က ကြယ်ခန်းမကို ဖျက်ဆီးချင်နေတာလား။ မင်းကို ငါသေအောင် ရိုက်သတ်ပစ်မယ်"

နန်ရှင်းတစ်က အော်ဟစ်ကြုံးဝါး၍ လေနတ်ဆိုးဆေဘာနှင့် သွေးဘုရင်ကို ခုတ်ချလိုက်သည်။

"ထန် ထန် ထန်"

သွေးဘုရင်နှင့်နန်ရှင်း၏တိုက်ပွဲက ပြင်းထန်စွာဖြစ်ပေါ်လာပြီး နန်ရှင်းက သွေးဘုရင်အောက် လုံးဝနိမ့်ကျခြင်းမရှိချေ။ မျက်တောင်တစ်ခတ်အတွင်း အချိန်တစ်နာရီကျော် ကုန်ဆုံးသွားခဲ့သည်။

ယဲ့ချန်နှင့်ကုန်းကျောက်က တစ်ယောက်ကိုတစ်ယောက် အလွတ်မပေးဘဲ ချောင်းနေဆဲပင်ဖြစ်သည်။ ထုံတန်က ကုန်းမြောင်ကို ရင်ဆိုင်ထားနိုင်သောကြောင့် ယဲ့ချန်အတွက် စိုးရိမ်စရာမရှိချေ။ ထိုအချိန်တွင် သူက လေထဲတွင်မျောလွင့်နေသော ကောင်းကင်တုန်ခါဆေးအိုးအတွင်း ဝိညာဉ်အသိစိတ်ဖြင့် စစ်ဆေးလိုက်သည်။ ဆေးအိုး၏အောက်ခြေတွင် ငွေရောင်တလက်လက်တောက်ပနေသော ဝိညာဥ်ဆေးလုံးတစ်ခု ရှိနေခဲ့သည်။ ငွေဘုရင်က ဆေးအိုးအတွင်းစုပ်ယူခံလိုက်ရပြီးနောက် ရုပ်ခန္ဓာနှင့်ဝိညာဥ်က ထိုဆေးလုံးအဖြစ် သန့်စင်ခံလိုက်ရခြင်းဖြစ်၏။ ၎င်းက ခိုဥတစ်လုံးအရွယ်အစားရှိပြီး အပြစ်အနာဆာလုံးဝမရှိဘဲ ကြည်လင်နေသည်။ ၎င်းက ငွေရောင်သလင်းကျောက်တစ်လုံးနှင့်တူညီပြီး ထူးဆန်းသောအရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။

ငွေဘုရင်သည် သူ၏ဘိုးဘေးများကဲ့သို့ သွေးသန့်စင်ခြင်းမရှိသော်လည်း တောင်ပံဆယ့်နှစ်ခုဝံပုလွေ၏ မျိုးဆက်ဖြစ်သည်။ သူ၏သွေးမျိုးဆက်က အလွန်မြင့်မြတ်သည်ဟု ဆိုနိုင်သည်။ သို့မဟုတ်လျှင် သူသေခါနီးအချိန်တွင် အံ့လောက်ဖွယ်ခွန်အားကို ထုတ်ဖော်နိုင်မည်မဟုတ်ချေ။ ထို့အပြင် ငွေဘုရင်က အဆုံးမဲ့အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီးမှ ဆေးလုံးအဖြစ် သန့်စင်ခံခဲ့ရခြင်းဖြစ်သည်။ ဤဝိညာဥ်ဆေးလုံးက နတ်ဝိဇ္ဇာထိပ်ဆုံးအဆင့် ယဲ့ချန်အတွက် များစွာအကူအညီပေးနိုင်သည်။ အကယ်၍ သူသာ ဆေးလုံးကိုသန့်စင်လိုက်လျှင် အဆုံးမဲ့အဆင့်နှင့် ခြေတစ်လှမ်းသာဝေးကွာသောကြောင့် အဆင့်တက်နိုင်ရန် သေချာပေလိမ့်မည်။ သူက ငွေဘုရင်ဝိညာဥ်ဆေးလုံးကို ရယူနိုင်ရန်အတွက် အချိန်ကြာမြင့်စွာစောင့်ဆိုင်းနေခဲ့ပြီး ကုန်းကျောက်ကို အချိန်ဆွဲနေခြင်းဖြစ်သည်။

ကုန်းကျောက်သည် ယဲ့ချန်ကို အေးစက်စွာ စိုက်ကြည့်နေခဲ့သည်။ သူက ကောင်းကုန်တုန်ခါဆေးအိုးအတွင်း ထွင်းဖောက်မမြင်နိုင်သောကြောင့် ယဲ့ချန်၏အကြံကို မရိပ်မိခဲ့ပေ။ သူ၏အမြင်ကို အနက်ရောင်ဝိညာဥ်မီးတောက်များက ဖုံးအုပ်ထားသည်။

ယဲ့ချန်သည် သူ၏ရှေ့တည့်တည့်တွင် ကောင်းကင်တုန်ခါဆေးအိုးကိုထား၍ ကုန်းကျောက် သံသယမဝင်စေရန် ကာကွယ်ထားလိုက်သည်။ သူက ဆေးအိုးအတွင်းမှ ငွေရောင်ဆေးလုံးကို တစ်ချက်တည်းထုတ်ယူလိုက်သည်။ ထူးဆန်းသောရနံ့တစ်ခုက နှာခေါင်းအတွင်း ဝင်ရောက်လာသည်။ ၎င်းက နတ်ဘုရင်များကို သန့်စင်ထားသော ဆေးလုံးများထက် ဆေးစွမ်းအင် ပို၍ကြွယ်ဝနေသည်။ ထိုရနံ့ကြောင့် ယဲ့ချန်၏ကောင်းကင်ချီများ လှုပ်ခတ်လာပြီး ဝိညာဥ်အသိစိတ်ကလည်း ပြန်လည်တည်ငြိမ်နေခဲ့သည်။ ငွေဘုရင်၏မျိုးဆက်က သန့်စင်မြင့်မြတ်သောကြောင့် ဤဆေးလုံးက သေချာပေါက်အစွမ်းထက်လေသည်။

All Chapters