← Chapters

ထိပ်တန်းဝိညာဥ်သားရဲ

Vol. 30 Ch. 421

ထိပ်တန်းဝိညာဥ်သားရဲ

Vol. 30 Ch. 421

"ယဲ့ချန် မင်းရဲ့လက်ရှိခွန်အားက အသိုက်ရဲ့ ကာကွယ်ရေးအစီအရင်ကို ကျော်ဖြတ်နိုင်မှာမဟုတ်ဘူး။ အထဲကဝိညာဥ်သားရဲကိုလည်း မင်း မကိုင်တွယ်နိုင်ဘူး။ အကြံပေးရရင် ဟိုရေသူမလေးနဲ့ တိုင်ပင်လိုက်ဦး။ ပင်လယ်မိစ္ဆာမျိုးနွယ်ရဲ့သမိုင်းအရ သူမက နည်းလမ်းတစ်ခုခုကို သိထားလိမ့်မယ်"

ခြင်္သေ့ကြီးက ယဲ့ချန်ကို သတိပေးလိုက်သည်။

"ဆရာ ကျုပ် တကယ်ဘာမှမလုပ်နိုင်လောက်ဘူးလား"

ယဲ့ချန်သည် အဝေးရှိအသိုက်ကြီးကို စိုက်ကြည့်လိုက်သည်။ ၎င်းထံမှထွက်ပေါ်လာသော စွမ်းအင်က သူ့ကို မသက်မသာဖြစ်စေခဲ့သည်။ အပြင်ပိုင်းအရဆိုလျှင် အသိုက်အတွင်းမှသားရဲက အရွယ်ရောက်သေးပုံမပေါ်ချေ။ သူက ၎င်းကို တတ်နိုင်သမျှ အမြန်ဆုံးသတ်ရမည်ဖြစ်ပြီး သို့မဟုတ်လျှင် အကျိုးဆက်က ဆိုးရွားသွားနိုင်သည်။ အနိုင်ရရန် အခွင့်အရေးသေးသေးလေးတစ်ခုပင်ရှိပါစေ သူက စွန့်စားရန် ဆန္ဒရှိပေသည်။

"အခွင့်အရေး လုံးဝမရှိဘူး။ မြန်မြန်ထွက်သွားတော့။ ဒီလိုဝိညာဥ်သားရဲမျိုးက မွေးမွေးချင်းကို အဆုံးမဲ့အဆင့်ကို ရောက်နေပြီ။ ဒီကောင်က ထူးကဲအဆင့်ကိုရောက်နေပြီး မျိုးဆက်သွေးကနေ လျှို့ဝှက်ကျင့်စဥ်တွေပါ တတ်မြောက်ထားနိုင်တယ်။ သူက အခုမှပေါက်ကာစဆိုတော့ သုံးနှစ်ကနေငါးနှစ်အတွင်း အသိုက်ထဲက ထွက်သွားမှာမဟုတ်ဘူး။ ပြီးတော့ ဒီကောင်အဆင့်ထပ်တက်ရင် အားအနည်းဆုံးအချိန်ကို ရောက်လိမ့်မယ်။ အဲ့အချိန်က သူ့ကိုသတ်ဖြတ်ဖို့ အကောင်းဆုံးအခွင့်အရေးပဲ"

ခြင်္သေ့ကြီးက ယဲ့ချန်ကို စွန့်စားရန်မဖြစ်နိုင်ကြောင်း အသိပေးလိုက်သည်။

"ဒါဆိုရင် ကျုပ် အရင်ဆုံးပြန်လိုက်မယ်။ ထန်တိုက်လင်နဲ့ဆွေးနွေးပြီး ခွန်အားမြှင့်တင်ပြီးရင် ဒီကောင့်ကို လာသတ်မယ်"

ယဲ့ချန်က ခေါင်းညိတ်လိုက်သည်။

နတ်ဘုရင်အဆင့်ရှိခိုးကောင်များက အသိုက်အတွင်း လုပ်သားပျားများကဲ့သို့ အစာဝိညာဥ်သားရဲများကို ဆက်တိုက်သယ်ဆောင်ပေးနေကြသည်။ ထိုအချိန်တွင် ဝူဇီက ၎င်းတို့အတွင်း ရုတ်တရက်ဝင်ရောက်သွားခဲ့သည်။ သို့သော် သူက အသိုက်၏ကာကွယ်ရေးအစီအရင်ကို အလွယ်တကူကျော်ဖြတ်သွားသောကြောင့် ယဲ့ချန်ပင် ထိတ်လန့်သွားခဲ့သည်။ သူ၏ဝိညာဥ်အသိစိတ်ပင် မဝင်ရောက်နိုင်သော ဤအသိုက်အတွင်း ဝူဇီက ပေါ့ပါးစွာ ဝင်ရောက်သွားခဲ့သည်။ အသိုက်အနီးတွင် ဝူဇီက လက်တစ်ဝါးအရွယ်အထိ ကျုံ့ဝင်သွားကာ ချဥ်းကပ်နေသည်။ သူ၏ကိုယ်ကို ရေချီများဖုံးကွယ်ပေးထားသောကြောင့် ပုံရိပ်ယောင်အလင်းတစ်ခုနှင့် တူညီနေသည်။ ထို့ကြောင့် အသိဉာဏ်နိမ့်ကာ အလျင်အမြန်သွားလာနေကြသော ဝိညာဥ်သားရဲများက သတိမထားမိခဲ့ကြပေ။ သူက လက်တံတစ်ချောင်းကိုဆန့်ထုတ်၍ အသိုက်ကို ထိုးဖောက်လိုက်သည်။ ထို့နောက် ဖြစ်ပေါ်လာသော သေးငယ်သည့် အပေါက်လေးအတွင်းမှ လှစ်ခနဲ ဝင်ရောက်သွားခဲ့သည်။

ဝူဇီသည် အပူအပင်ကင်းစွာဖြင့် ရွေ့လျားနေသော်လည်း ယဲ့ချန်က စိုးရိမ်စိတ်ကြောင့် ခေါင်းနားပန်းကြီးနေပြီဖြစ်သည်။ သူ၏ဝိညာဥ်အသိစိတ်က အတွင်းသို့ မဝင်ရောက်နိုင်သောကြောင့် ဝူဇီနှင့် မဆက်သွယ်နိုင်ပေ။ သူက အသိုက်အတွင်း ဝူဇီလုပ်နေသောအရာများကို မသိနိုင်ခဲ့ချေ။

"အသိုက်ထဲက ဝိညာဥ်သားရဲက ဝူဇီကို စားပစ်လိုက်မှာလား။ ဒါပေမယ့် အမှောင်ရေဘဝဲမျိုးနွယ်က ဝိညာဥ်မျိုးနွယ်အောက် မနိမ့်ဘူး။ သူတို့က အသက်ရှင်သန်နိုင်စွမ်းကြောင့် ကျော်ကြားတာဆိုတော့ အသက်ရှင်လောက်ပါတယ်"

ယဲ့ချန်က အတွေးနက်နေပြီး စိတ်များလေးလံနေသည်။ ထွင်ထျန်းသည် ယဲ့ချန်နှင့်အတူ ဝူဇီကိုခေါ်သွားရန် တောင်းဆိုခြင်းအတွက် ကြိုတင်တွက်ချက်ထားပြီးဖြစ်နိုင်သည်။ နှစ်ပေါင်းများစွာရှင်သန်လာသော ကျင့်ကြံသူအိုကြီးများတွင် သူမတူသောအမြင်များ အမြဲတမ်း ပိုင်ဆိုင်ထားကြသည်။ သူက တောင်တစ်လုံးနောက်တွင် ဂရုတစိုက်ပုန်းအောင်း၍ ခြေရာလက်ရာများကို ဖျက်ဆီးလိုက်သည်။ ဤနည်းဖြင့် အသိုက်အတွင်းရှိ ဝိညာဥ်သားရဲများက ဝူဇီကိုသတိထားမိရန် မဖြစ်နိုင်တော့ပေ။ နာရီဝက်အကြာတွင် ဝူဇီကပြန်ထွက်လာပြီး ယဲ့ချန်ရှေ့တွင် ရပ်လိုက်သည်။ ထို့နောက် လက်တံတစ်ချောင်းကိုဆန့်ထုတ်၍ သိုလှောင်အိတ်တစ်လုံးပေးရန် တောင်းဆိုလိုက်၏။ ယဲ့ချန်က ကျယ်ဝန်းသော သိုလှောင်အိတ်တစ်လုံးကို ပေးလိုက်သောအခါ ဝူဇီက အသိုက်ထံသို့ လှစ်ခနဲ ပျံသန်းသွားခဲ့သည်။

ဝူဇီက အတွင်းတွင် သူမြင်ခဲ့ရသော မြင်ကွင်းအချို့ကို ယဲ့ချန်၏ဝိညာဥ်အသိစိတ်အတွင်း ပို့ဆောင်ပေးထားခဲ့သည်။ ထိုပုံရိပ်များကြောင့် သူက ပင့်သက်ရှိုက်လိုက်မိသည်။ အသိုက်အတွင်း၌ အလွန်အမင်းကြီးမားသော သွေးနီရောင်ရှိခိုးကောင်ကြီးတစ်ကောင်ရှိနေပြီး ကိုယ်ထည်က သတ္တုများနှင့်ပြုလုပ်ထားသည့်ပမာ တဖိတ်ဖိတ်တောက်နေသည်။ ၎င်း၏ကိုယ်မှ ထွက်ပေါ်နေသော သတ်ဖြတ်လိုစိတ်က ပြင်းထန်လွန်းသည်။ အရှိန်အဝါသက်သက်ကပင် ထန်တိုက်လင်ထက် ပို၍အစွမ်းထက်ကြောင်း သိသာနေသောအခါ ခြင်္သေ့ကြီး၏စကားမမှားကြောင်း ယဲ့ချန် နားလည်လိုက်သည်။ သူက ဤအစွမ်းထက်သားရဲကြီးကို သတ်ဖြတ်နိုင်စွမ်း လုံးဝမရှိချေ။ ထိုသားရဲကြီးအပြင် တောင်လိုပုံနေသော ထျန်းယွမ်ငွေပြားများလည်း ရှိနေသည်။ ၎င်းတို့အနီးတွင် အာကာသကျောက်များစွာလည်း ရှိနေသောအခါ သူက အလွန်အံ့သြမင်သက်သွားခဲ့သည်။ အရေအတွက် အနည်းဆုံးရာချီသော အာကာသကျောက်များအပြင် ဆည်းဆာရွှေ၊ နက်ဖရိုက်သတ္တုနှင့် ရတနာပေါင်းစုံလည်း တည်ရှိနေသည်။ ခရမ်းရောင်တောက်ပနေသော နတ်ဆိုးချပ်ဝတ်အပိုင်းအစများကလည်း ရတနာပုံကြားတွင် ဟိုတစ်စဒီတစ်စ ထွက်ပေါ်နေသည်။

"ဒီကောင်ကြီးက ရတနာတွေကို ဘယ်လိုရထားတာလဲ။ ဘာလို့ ဒီလောက်အများကြီးရှိနေရတာလဲ။ ဒါတွေကို နတ်ဘုရင်အဆင့် ဝိညာဥ်သားရဲတွေ သယ်လာတာလား"

ယဲ့ချန်၏ရင်ထဲတွင် သံသယစိတ်များ ဖြစ်ပေါ်လာသည်။ သူက ခြင်္သေ့ကြီးကို မေးမြန်းလိုက်သော်လည်း အဖြေမရခဲ့ပေ။ ဤပဟေဠိက အချိန်တိုအတွင်း ဖြေရှင်းရန်ဖြစ်နိုင်မည်မဟုတ်ကြောင်း နားလည်လိုက်၏။ အကယ်၍ ဝူဇီသာ ရတနာများကို သိုလှောင်အိတ်အပြည့်ယူလာနိုင်လျှင် သူက အမြတ်ထွက်ပြီဖြစ်သည်။ ၎င်းရတနာများက ကျင့်ကြံသူများ၏ခွန်အားကို ခုန်ပေါက်တိုးတက်လာအောင် ကူညီပေးနိုင်သည်။ သို့သော်လည်း ဝူဇီ၏လုပ်ရပ်ကို အနီရောင်ရှိခိုးကောင်ကြီးသိသွားလျှင် ပြဿနာများနိုင်သောကြောင့် ယဲ့ချန်၏ရင်က တဒိတ်ဒိတ်ခုန်နေသည်။ သူက အသိုက်ကို စိတ်ရှည်စွာ မျက်တောင်မခတ်ဘဲ စောင့်ကြည့်နေသည်။ အသိုက်အတွင်းမှ မြင်ကွင်းကို မမြင်နိုင်သောကြောင့် စောင့်ဆိုင်းနေရုံသာ တတ်နိုင်လေသည်။

အသိုက်အတွင်း၌ ဝူဇီက အပေါက်လေးမှ လှစ်ခနဲဝင်ရောက်လာသည်။ သူက ဝိညာဥ်သားရဲ၏လှုပ်ရှားမှုကို စိုက်ကြည့်နေသည်။ ၎င်းက သူ့ကို လုံးဝသတိမထားမိခဲ့ပေ။ ဝူဇီ၏အရွယ်အစားက ၎င်းအတွက် ပုရွက်ဆိတ်တစ်ကောင်နှင့်တူညီသောကြောင့် သိသာထင်ရှားခြင်းမရှိပေ။ အစားစားပြီးနောက် ၎င်းက ပျင်းရိစွာ လှဲချလိုက်သည်။ မသင်္ကါဖွယ်အရာများကို ရှာမတွေ့သောအခါ ဝိညာဥ်သားရဲက အသိုက်၏ကွက်လပ်တစ်နေရာတွင် စတင်အိပ်စက်လိုက်သည်။ ခဏအတွင်း အသက်ရှူသံများလေးကန်လာပြီး ဝမ်းဗိုက်ကြီးက ပိန်လိုက်ဖောင်းလိုက် ရွေ့လျားနေသည်။ ၎င်း၏ခန္ဓာကိုယ်တွင် အားနည်းချက်မှာ ရွှေရောင်အကြေးခွံများဖုံးအုပ်ထားသော ဝမ်းဗိုက်နေရာဖြစ်သော်လည်း သာမန်လက်နက်များက ခြစ်ရာထင်အောင်ပင် စွမ်းနိုင်မည်မဟုတ်ချေ။

အနီရောင်ဝိညာဥ်သားရဲကြီး အိပ်ပျော်သွားသောအခါ ဝူဇီသည် ရတနာပုံအနီးသို့ တိတ်တဆိတ်ချဥ်းကပ်လိုက်သည်။ သူ၏သလင်းကျောက်ပမာ ကြည်လင်သော မျက်ဝန်းထဲတွင် ရတနာမျိုးစုံ၏ပုံရိပ်များက အရိပ်ထင်နေခဲ့သည်။ တောင်လိုပုံနေသော ရတနာများ၏ သေးငယ်သောအစိတ်အပိုင်းကပင် လူတစ်ယောက်ကို ကြွယ်ဝချမ်းသာစေနိုင်သည်။ သူက သိုလှောင်အိတ်ကို လက်တံတစ်ချောင်းဖြင့်ဆုပ်ကိုင်ပြီး ကျန်လက်တံများဖြင့် ရတနာများကို သိမ်းဆည်းလိုက်သည်။ သူက အာကာသကျောက်များကို စားသောက်ဖူးသဖြင့် ၎င်းတို့၏အရှိန်အဝါကို မှတ်သားထားခဲ့သည်။ ထို့ကြောင့် အာကာသကျောက်များကို ပျော်ရွှင်စွာဖြင့် အရင်ဆုံးသိမ်းယူလိုက်သည်။ ထို့နောက် ခရမ်းရောင်နတ်ဆိုးချပ်ဝတ် အပိုင်းအစများကိုလည်း အလွတ်မပေးခဲ့ချေ။ သူ၏ဉာဏ်ရည်က လူသားများအောက် နိမ့်ကျနေဆဲဖြစ်သော်လည်း ရတနာများနှင့်ပတ်သက်လာလျှင် မည်သည့်အရာက အဖိုးတန်ကြောင်းကို ခွဲခြားဆုံးဖြတ်နိုင်သည်။ ရတနာများက သိုလှောင်အိတ်အတွင်း တဖွဲဖွဲဝင်ရောက်နေပြီး အပျော်လွန်နေသော ဝူဇီ၏မျက်ဝန်းများပင် ကျဥ်းမြောင်းနေသည်။ ယဲ့ချန်ပေးလိုက်သော သိုလှောင်အိတ်က ကြီးမားသောကြောင့် အချိန်ယူ၍ ဖြည့်တင်းနေရသည်။ သို့သော်လည်း ၎င်းအတွင်း ရောက်ရှိသွားသည်မှာ ရတနာပုံကြီး၏ သေးငယ်သောအပိုင်းတစ်ခုသာ ဖြစ်ပေသည်။

ထိုအချိန်၌ အိပ်စက်နေသော ဝိညာဥ်သားရဲက ရုတ်တရက်နိုးထလာသည်။ ၎င်းက ခေါင်းငုံ့၍ ကြည့်လိုက်သောအခါ ရတနာပုံအနီးတွင် ဝူဇီကို တွေ့လိုက်ရသည်။ ဝူဇီကိုမြင်သောအခါ ဒေါသတကြီးဖြစ်သွားသော အနီရောင်မျက်ဝန်းကြီးတွင် သတ်ဖြတ်လိုစိတ်ဖြစ်ပေါ်လာသည်။ ဝူဇီသည်လည်း သတ်ဖြတ်လိုစိတ်ကို ရုတ်တရက် ခံစားလိုက်ရသောကြောင့် မော့ကြည့်လိုက်သောအခါ ဧရာမမျက်လုံးကြီးများနှင့် အနီးကပ်ဆုံလိုက်ရသည်။ သူ၏ခန္ဓာကိုယ်က ထိုမျက်လုံးလောက်ပင် မကြီးသော်လည်း လက်တံတစ်ချောင်းကိုဆန့်ထုတ်၍ သူငယ်အိမ်ကို ရဲရင့်စွာ ထိုးစိုက်ချလိုက်သည်။ သူ၏လက်တံက ဝိညာဥ်သားရဲ၏မျက်လုံးအတွင်း ဇွတ်ခနဲ ဝင်ရောက်သွားခဲ့သည်။

"ဝေါင်း"

နာကျင်သွားသော ဝိညာဥ်သားရဲ၏အော်သံက လောကတစ်ခွင်ပျံ့နှံ့သွားကာ တောင်တန်းများကို လှုပ်ခတ်သွားစေသည်။ ထို့နောက် အသိုက်ကိုဗဟိုပြု၍ အစွမ်းထက်အရှိန်အဝါတစ်ခု ထွက်ပေါ်လာသောအခါ အနီးရှိတောင်တန်းများ မြေပြင်သို့ ပြားကပ်ကုန်သည်။

"ဝူဇီကို ဒီကောင်ကြီး တွေ့သွားပြီ"

ယဲ့ချန်က အလန့်တကြားဖြင့် နတ်ဆိုးချပ်ဝတ်ကို ချက်ချင်းထုတ်ဖော်လိုက်သည်။ အစွမ်းထက်အရှိန်အဝါက ချပ်ဝတ်အပေါ်သို့ ဘုန်းခနဲ ကျရောက်လာခဲ့သည်။

"ယဲ့ချန် မြန်မြန်ပြေး"

ခြင်္သေ့ကြီးက အော်ဟစ်သတိပေးလိုက်၏။

"ဒါပေမယ့် ဝူဇီ ထွက်မလာသေးဘူး"

ယဲ့ချန်က စိုးရိမ်စွာပြောလိုက်သည်။ ဝူဇီက ရေဘဝဲတစ်ကောင်ဖြစ်သော်လည်း သူ၏ညီတစ်ယောက်နှင့်တူသောကြောင့် ယဲ့ချန်က ပစ်မထားရက်နိုင်ခဲ့ချေ။

"မစိုးရိမ်နဲ့။ အမှောင်ရေဘဝဲတွေက အချောင်နာမည်ကြီးနေတာ မဟုတ်ဘူး။ မင်းကတော့ အခုမပြေးရင် အခွင့်အရေးလုံးဝမရှိဘူး"

ခြင်္သေ့ကြီး၏စကားကြောင့် ယဲ့ချန်က ခဏတာတိတ်ဆိတ်သွားခဲ့သည်။ ထို့နောက် သူက တဟုန်ထိုးလျှပ်စီးကျင့်စဥ်ကို ထုတ်ဖော်ကာ အလင်းတန်းတစ်ခုအဖြစ် ထွက်ပြေးလိုက်သည်။ မိုင်ပေါင်းရာချီအရောက်တွင် သူ့ထက်ပို၍မြန်သော ဝူဇီက လိုက်မီလာခဲ့သည်။ ဝူဇီ၏လက်တံရှစ်ချောင်းကို သိုလှောင်အိတ်ကို တင်းကျပ်စွာဆုပ်ကိုင်ထားပြီး မျက်ဝန်းများတွင် အပျော်များ မဖုံးနိုင်မဖိနိုင်ထွက်ပေါ်နေသည်။ ယဲ့ချန်က ခါးသက်သက်ပြုံးလိုက်မိသည်။ သူက စိုးရိမ်နေသော်လည်း ဤရေဘဝဲလေးက အစွမ်းထက်ပြီး အကြောက်အလန့်ကင်းပေသည်။

ကောင်းကင်သို့ပျံတက်လာသော ဝိညာဥ်သားရဲက အနီရောင်တောင်ကုန်းတစ်ခုနှင့် တူညီနေသည်။ ရွှေရောင်အကြေးခွံများမှလည်း အေးစက်စက်အလင်းရောင်များ တောက်ပနေသည်။ ၎င်းက ဒေါသတကြီးဟိန်းဟောက်၍ လက်သည်းများဖြင့် ကုတ်ချလိုက်သောအခါ အနီးရှိတောတောင်များ ချက်ချင်းဖျက်ဆီးခံလိုက်ရသည်။ ၎င်းက ထူးကဲအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်သော်လည်း အမြင်အာရုံ ကောင်းမွန်ခြင်းမရှိသောကြောင့် ဝူဇီထွက်ပြေးလာသည်ကို ရှာမတွေ့နိုင်ခဲ့ပေ။ ထို့ကြောင့် ဒေါသကိုဖောက်ခွဲသည့်အနေဖြင့် ပတ်ဝန်းကျင်ကို ကြမ်းကြုတ်စွာ ဖျက်ဆီးနေခြင်းဖြစ်သည်။

"ဒီကောင်ကြီးကိုသတ်ဖို့ တကယ်မလွယ်ဘူး။ ဒါကြီးက အသက်ရှိနေတဲ့ စစ်တပ်ကြီးတစ်ခုလိုပဲ"

ဝိညာဥ်သားရဲကြီး၏ အစွမ်းကြောင့် ယဲ့ချန်၏စိုးရိမ်စိတ်များ ကြီးမားလာသည်။ ထန်တိုက်လင်ပင် ၎င်းကိုယှဥ်နိုင်ရန် မသေချာပေ။ ပို၍ကြောက်မက်ဖွယ်ကောင်းသည်မှာ ၎င်း၏ အလွန်အမင်းလျင်မြန်သော ကြီးထွားနှုန်း ဖြစ်လေသည်။

All Chapters