အခန်း (၃၂၃)
Vol. 24 Ch. 323
သူက စာတစ်ကြောင်းရေးပေးခဲ့သည်။
“ငါတို့ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူတွေက လောက၊ ပြည်သူလူထု၊ ကွယ်လွန်သွားခဲ့တဲ့ သူတော်စင်တွေနဲ့ ကမ္ဘာလောကငြိမ်းချမ်းဖို့အတွက် ငါတို့ရဲ့နှလုံးသားကို တည်ဆောက်သင့်တယ်”
ထိုစာကိုရေးသားပြီး ဟန်မူယဲ့နာမည်ကို ရေးထိုးခဲ့သော ကျောင်းတော်သားတစ်ယောက်ဖြစ်လိမ့်မည်ဟု လူတချို့က ခန့်မှန်းကြသည်။
သို့သော် မဟာကျောင်းတော်သားဟန်မူယဲ့က မည်သည့်နေရာတွင် ရှိနေသနည်း။
“ကွန်ဖြူးရှပ်တာအိုဆရာသခင်တစ်ယောက်ရဲ့စွမ်းအားက ကောင်းကင်နဲ့မြေကြီးရဲ့စွမ်းအားကို ဆွဲယူနေတယ်။ ဒါက ....”
ကောင်းကင်ထက်တွင်လှုပ်ရှားနေသော တိမ်တိုက်များကိုကြည့်လိုက်ပြီး တုန်းဖန်ရှု၏မျက်လုံးများက တောက်ပလာသည်။
“တောင်တန်းအကြီးအကဲပဲဖြစ်လိမ့်မယ်”
တောင်တန်းအကြီးအကဲ…
သမင်ဖြူတောင်တန်းကျောင်းတော်၏ ကျောင်းအုပ် …
“အားလုံးပဲ ဒီလူအိုကြီးကို ကာကွယ်ပေးကြပါ။ ငါ့ဝိညာဉ်က ခန္ဓာကိုယ်ကိုစွန့်ခွာပြီး တိုက်ပွဲမှာ ကူညီပေးချင်တယ်”
တုန်းဖန်ရှုက တီးတိုးအော်ဟစ်လိုက်ပြီး လက်မြှောက်၍ ဝှေ့ယမ်းလိုက်သည်။ သူ့ပတ်ဝန်းကျင်တွင် ခန္ဓာကိုယ်ကို ကာကွယ်ပေးမည့် ပန်းချီကားလေးချပ်ပေါ်လာသည်။
ထို့နောက် သူက အစိမ်းရောင်စုတ်တံတစ်ချောင်းကို ကိုင်ထားသည်။ သူ့ခန္ဓာကိုယ်က ရပ်တန့်သွားသည်။ သူ့ခေါင်းပေါ်တွင် အဖြူရောင်ဝတ်စုံ၊ ကျောက်စိမ်းသရဖူနှင့် ဝိညာဉ်ခန္ဓာ ထွက်ပေါ်လာသည်။
ကွန်ဖြူးရှပ်တာအိုဆရာသခင်တစ်ယောက်သည် မိုင်ထောင်ချီအကွာအဝေးကို ချက်ချင်းခရီးသွားနိုင်သည်။
သမင်ဖြူတောင်တန်းပေါ်တွင် အစိမ်းရောင်သဘာဝစွမ်းအင်အလင်း ပေါ်ထွက်လာပြီး တုန်းဖန်ရှုကိုသယ်ဆောင်၍ အဝေးသို့ပျံသန်းသွားသည်။
“သမင်ဖြူတောင်တန်းပေါ်မှာ ဆရာသခင်နှစ်ယောက်ရှိနေတာလား”
တုန်းဖန်ရှု၏ဝိညာဉ် ထွက်သွားသောအခါတွင် အစိမ်းရောင်ဝတ်စုံနှင့်လူအိုကြီးတစ်ယောက်က တီးတိုးမေးသည်။
ဆရာသခင်၊ နန်းမြို့တော်၏အပြင်ဘက်တွင် ဆရာသခင်များမရှိပေ။ လောက၏ ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူများသည် အခြေအနေတစ်ခုအထိ ကျင့်ကြံပြီးသောအခါတွင် ဗဟုသုတရှာဖွေရန်အတွက် နန်းမြို့တော်ကိုသွားရသည်။
ယနေ့တွင် သမင်ဖြူတောင်တန်းပေါ်၌ ဆရာသခင်နှစ်ယောက် ရှိနေခဲ့သည်။ အနာဂတ်တွင် သမင်ဖြူတောင်တန်းသည် အလယ်ပိုင်းကုန်းမြေ၏နန်းမြို့တော်အပြင်ဘက်၌ နံပတ်တစ်တော်ဝင်နယ်မြေဖြစ်လာလိမ့်မည်။
“ငါ၊ ဝူလီအန်းက သမင်ဖြူတောင်တန်းကျောင်းတော်ကို ဝင်ရောက်ဖို့ဆန္ဒရှိတယ်။ သာမန်ဆရာတစ်ယောက်ဖြစ်ရမယ်ဆိုရင်တောင် ဆန္ဒရှိတယ်”
တစ်ဖက်တွင် လူတစ်ယောက်က တီးတိုးပြောလိုက်သည်။
“ဆရာလား။ ငါ ကောင်းချန်ရဲ့ဗဟုသုတက အားနည်းတယ်။ ငါက ဆရာတစ်ယောက်ဖြစ်ဖို့ မျှော်လင့်မထားဘူး။ သန့်ရှင်းရေးအလုပ်သမားပဲ ဖြစ်ချင်တယ်”
“ညီအစ်ကိုကောင်း၊ ငါက မင်းနဲ့အတူ လိုက်ခဲ့မယ်။ ရှေ့ရောနောက်ရော သန့်ရှင်းနိုင်တာပေါ့”
သမင်ဖြူတောင်တန်းပေါ်တွင် ဆွေးနွေးသံများ ဆူညံနေသည်။ ဝိညာဉ်ဖြင့်ခရီးထွက်သွားသောတုန်းဖန်ရှုက မိုင်ထောင်ချီအကွာသို့ ချက်ချင်းရောက်သွားသည်။ သူက ရှေ့တွင်ရှိသော သမာဓိစွမ်းအားများကို မြင်လိုက်ရသည်။
ဟန်မူယဲ့ပင်ဖြစ်သည်။
အဝေးတစ်နေရာတွင် ကျင်းချွမ်မြို့သို့ ပုံရိပ်တချို့ပျံသန်းလာနေသည်။
လေထုထဲတွင် လူနှစ်ယောက်ရစ်ဝဲနေသည်။
တစ်ယောက်က အစိမ်းရောင်ဝတ်စုံကို ဝတ်ထားပြီး နောက်တစ်ယောက်က အနက်ရောင်သံချပ်ကာကို ဝတ်ထားသည်။
“ဆရာတုန်းဖန်”
သူတို့နှစ်ယောက်က တုန်းဖန်ရှုကို မြင်လိုက်ရသောအခါတွင် လက်သီးဆုပ်၍ နှုတ်ဆက်လိုက်သည်။
“စုကျီကျန်းက ဆရာသခင်အဆင့်ကိုရောက်သွားတဲ့အတွက် ဂုဏ်ပြုပါတယ်”
ရှည်လျားသောအင်္ကျီလက်များနှင့် အစိမ်းရောင်ဝတ်စုံကိုဝတ်ထားသောလူက ရှုရှီဒေသအုပ်ချုပ်သူ စုကျီကျန်းဖြစ်သည်။
တုန်းဖန်ရှုက ဆရာသခင်အဆင့်သို့တက်သွားသောအခါတွင် ခမ်းနားသောမြင်ကွင်းတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။ ဒေသအုပ်ချုပ်သူတစ်ယောက်အနေဖြင့် စုကျီကျန်းက ထိုအကြောင်းကို ချက်ချင်းသိခဲ့သည်။
တုန်းဖန်ရှုက ကျင့်ကြံခြင်းတည်ငြိမ်စေရန်အတွက် တံခါးပိတ်ကျင့်ကြံလိမ့်မည်ဟု သူတွေးထားခဲ့သည်။ ဤနေရာသို့ ရောက်လာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။
တုန်းဖန်ရှုက လက်သီးဆုပ်၍ ပြန်လည်နှုတ်ဆက်သည်။
သူက ဆရာသခင်တစ်ယောက်ဖြစ်ပြီး ကျင့်ကြံခြင်းအရ စုကျီကျန်းထက် ခြေလှမ်းတစ်ဝက်သာသည်။
သို့သော် သူ့တွင် ကောင်းကင်နှင့်မြေကြီး၏ အခွင့်အာဏာမရှိပေ။ တိုက်ခိုက်နိုင်စွမ်းအရဆိုလျှင် သူက ရှုရှီဒေသ၏ ကောင်းကင်နှင့်မြေကြီးအခွင့်အာဏာကို ပိုင်စိုးထားသော စုကျီကျန်း၏ ပြိုင်ဘက်မဟုတ်ပေ။
“ဆရာတုန်းဖန်က နန်းမြို့တော်ကို ဘယ်အချိန်မှာထွက်သွားမလဲမသိဘူး။ ကျင်းချွမ်မြစ်မှာ နှုတ်ဆက်ပွဲကျင်းပပေးပါ့မယ်”
အနက်ရောင်သံချပ်ကာနှင့်လူက ကျယ်လောင်စွာပြောသည်။
ဟယ်ကျင့် …
သူက ရှုရှီဒေသ၏ ဆန်းကြယ်နေမင်းသက်တော်စောင့်ခေါင်းဆောင် ဖြစ်သည်။
သူ့စကားကို ကြားလိုက်ရသောအခါတွင် တုန်းဖန်ရှုက ခေါင်းခါသည်။
“ငါက သမင်ဖြူတောင်တန်းပေါ်မှာ လေ့လာနေလိမ့်မယ်။ နန်းမြို့တော်ကို သွားမှာမဟုတ်ဘူး”
‘နန်းမြို့တော်ကို မသွားဘူးလား”
စုကျီကျန်းနှင့်ဟယ်ကျင့်က တစ်ယောက်ကိုတစ်ယောက်ကြည့်သည်။
ဆရာသခင်တစ်ယောက်က သမင်ဖြူတောင်တန်းပေါ်တွင် သင်ကြားနေလိမ့်မည်။
ထိုအရာသည် ရှုရှီဒေသအတွက် ကောင်းမွန်သည်။
“ဆရာတုန်းဖန်၊ အခုတိုက်ခိုက်နေတဲ့ဆရာသခင်ကို သိလား”
စုကျီကျန်းက တုန်းဖန်ရှုကိုကြည့်လိုက်ပြီး ညင်သာစွာပြောသည်။
နန်းမြို့တော်နှင့် မိုင်ထောင်ချီဝေးသော နယ်စပ်ရှုရှီဒေသတွင် ဆရာသခင်နှစ်ယောက်ပေါ်လာခြင်းက အလွန်ထူးဆန်းသည်။
ထိုဖြစ်ရပ်မျိုးက အလယ်ပိုင်းကုန်းမြေ၏ အတွင်းပိုင်းဒေသများတွင် အလွန်ရှားပါးသည်။
တုန်းဖန်ရှုက အဝေးတစ်နေရာတွင်လှုပ်ရှားနေသော သမာဓိစွမ်းအားများကို ကြည့်လိုက်ပြီး တည်ငြိမ်စွာပြောသည်။
“တိုက်ခိုက်နေတဲ့လူက သမင်ဖြူတောင်တန်းကျောင်းအုပ် ဆရာဟန်မူယဲ့ပဲ”
‘သမင်ဖြူတောင်တန်းကျောင်းအုပ်တဲ့လား’
‘သမင်ဖြူတောင်တန်းမှာ ဆရာသခင်နှစ်ယောက် ရှိနေတာလား’
စုကျီကျန်းမပြောနိုင်ခင် တုန်းဖန်ရှုက အော်ဟစ်သံနှင့်အတူ လှုပ်ရှားခဲ့သည်။
“ဆရာဟန်မူယဲ့၊ တုန်းဖန်ရှုက ကူညီဖို့ရောက်လာပါပြီ”
ဝိညာဉ်ဖြင့်ထွက်ခွာလာသော ကွန်ဖြူးရှပ်တာအိုဆရာသခင်တစ်ယောက်၏အော်သံကြောင့် တောင်တန်းနှင့်မြစ်များ တုန်ခါသွားသည်။
ဟန်မူယဲ့ရှေ့တွင်ရပ်တန့်နေသောဓားအလင်းများက ရှေ့တိုးလာသည်။
“ဓားကျင့်ကြံသူသုံးသောင်းက ကွန်ဖြူးရှပ်တာအိုဆရာသခင်တစ်ယောက်ကို တိုက်ခိုက်ရဲတယ်လား”
ဆန်းကြယ်နေမင်းသက်တော်စောင့်တပ်ဖွဲ့ခေါင်းဆောင် ဟယ်ကျင့်က ပြောသည်။
“ဒေသအုပ်ချုပ်သူ၊ ဒီလိုဂိုဏ်းမျိုးကို ရှုရှီဒေသထဲမှာ သိမ်းသွင်းလိုက်ရမလား”
သူ့စကားများကို ကြားလိုက်ရသောအခါတွင် စုကျီကျန်းက ခေါင်းခါပြီး တီးတိုးပြောသည်။
“လောကကြီးက ပြောင်းလဲသွားတော့မယ်။ ကျင့်ကြံခြင်းလောကမှာ ခွန်အားစုစည်းထားသင့်တယ်။ ဒါက အမတ်ချုပ်ကြီးဝမ်ရဲ့အမြင်ပဲ”
အမတ်ချုပ်ကြီးဝမ် …
ဟယ်ကျင့်က ဓားအလင်းများနှင့်ပြည့်နေသောကောင်းကင်ကို လေးနက်သောမျက်နှာထားဖြင့် လှည့်ကြည့်သည်။
ရှုရှီဒေသတွက် ကျင့်ကြံခြင်းလောက၏ဂိုဏ်းများက ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူများကို တိုက်ခိုက်ခဲ့သည်။ ထိုသတင်းပြန့်သွားလျှင် ရှုရှီဒေသ၏ သက်တော်စောင့်တပ်ဖွဲ့ခေါင်းဆောင်ဖြစ်သူက ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူများ၏ နှစ်သောင်းချီအပြစ်တင်ခြင်းကို ခံရလိမ့်မည်။
“ကောင်းကင်နဲ့မြေကြီးရဲ့အခွင့်အာဏာမရှိတဲ့ ကွန်ဖြူးရှပ်တာအိုဆရာသခင်ဟန်မူယဲ့က ကွန်ဖြူးရှပ်တာအိုနဲ့ပတ်သတ်ပြီး တိုက်ခိုက်နိုင်မယ့်နည်းလမ်းတွေရှိပါစေလို့ မျှော်လင့်တယ်”
ဟယ်ကျင့်က လက်းသီးဆုပ်ထားပြီး တီးတိုးပြောသည်။
‘ဟန်မူယဲ့တဲ့လား’
စုကျီကျန်းက မျက်လုံးများမှေးကျဉ်းလိုက်ပြီး သမာဓိစွမ်းအားများပြည့်နေသောနေရာကို ကြည့်သည်။
ထိုအငွေ့အသက်နှင့် ရင်းနှီးနေသည်ဟု သူခံစားရသည်။
“တုန်းဖန်ရှု၊ ငါတိုက်ခိုက်တာကို ကြည့်နေလိုက်”
ထိုအချိန်တွင် သမာဓိစွမ်းအားများပေါ်ထွက်နေသောနေရာမှ ဟန်မူယဲ့၏အသံ ထွက်လာသည်။
‘သူပဲ’
စုကျီကျန်းက မယုံကြည်နိုင်စွာ မျက်လုံးပြူးသွားသည်။
ထိုဆရာသခင်သည် အနောက်ဘက်နယ်စပ်ကုန်းမြေတွင် ယန်ယင်၏ကာကွယ်မှုကို ရထားသော ဓားကျင့်ကြံသူဖြစ်သည်။
‘ဒါပေမဲ့ ငါတို့တွေ့ခဲ့တာ ဘယ်လောက်ကြာသေးလို့လဲ။ သူက ဆရာသခင်တစ်ယောက် ဖြစ်သွားပြီပေါ့’
‘လောကမှာ ဒီလိုမှော်ဆန်တဲ့အရာမျိုး ရှိသေးတာလား’
စုကျီကျန်းက အံ့အားသင့်သွားပြီး နှလုံးသားထဲရှိခန့်မှန်းချက်ကို ဖိနှိပ်လိုက်သည်။
‘ပြန်လည်ဝင်စားပြီး ကျင့်ကြံနိုင်တဲ့ ကျင့်ကြံသူကြီးတွေရှိတယ်’
‘သူ့ကို ယန်ယင်က ကာကွယ်ပေးခဲ့တယ်’
‘အဲဒါက ဖြစ်နိုင်မလား’
သူက ဆက်မတွေးရဲတော့ပေ။
“ဘုန်း ....”
သူ့ရှေ့တွင် ကောင်းကင်၏တိမ်တိုက်များ ထိုးခွဲခံလိုက်ရပြီး ဧရာမဓားကြီးတစ်ခု ပေါ်လာသည်။
ဓားကျင့်ကြံသူသုံးသောင်းက ဝင်္ကပါကို ဖွဲ့စည်းထားသည်။
“အလယ်ပိုင်းကုန်းမြေရဲ့ ကွန်ဖြူးရှပ်တာအိုက ကောင်းကင်နဲ့မြေကြီးရဲ့ မဟာကံကောင်းခြင်းကို ဖိနှိပ်ထားတယ်။ ဓားကျင့်ကြံသူတစ်ယောက်ဖြစ်တဲ့ငါက ကိုယ်တိုင်ကျင့်ကြံဖို့အတွက် ကံကောင်းခြင်းကိုအသုံးပြုပြီး ကောင်းကင်တာအိုကို ပြုပြင်ခဲ့တယ်။ ငါက ဘယ်လောက်ပဲကျရှုံးပါစေ တုန်လှုပ်သွားမှာမဟုတ်ဘူး”
“ဓားကျင့်ကြံသူတစ်ယောက်အနေနဲ့ ဓားရှိရင် လူရှိမယ်။ ဓားမရှိတော့ရင် လူသေမယ်”
“ဟုန်ချန်ဓားဂိုဏ်းက အလယ်ပိုင်းကုန်းမြေရဲ့ အနောက်မြောက်ဘက်မှာ နှစ်ပေါင်းသုံးသောင်းကြာအောင် တည်ရှိခဲ့တယ်။ ကျေးဇူးပြုပြီး ဆရာသခင်က ဝင်္ကပါကို ချိုးဖျက်ပေးပါ”
ကွန်ဖြူးရှပ်တာအိုဆရာသခင်တစ်ယောက်နှင့် ယှဉ်ပြိုင်နေသော ဓားဂိုဏ်း …
ထိုအသံက ကောင်းကင်နှင့်မြေကြီးကြားတွင် မိုင်ထောင်ချီအကွာအထိ ပဲ့တင်ထပ်သွားသည်။ ကျင်းချွမ်မြို့အတွင်းမှ မရေမတွက်နိုင်လောက်သောလူများ ပျံသန်းထွက်လာသည်။
ကျင်းချွမ်မြစ်ပေါ်တွင် ပေတစ်ထောင်ရှည်သော အင်မော်တယ်သင်္ဘောက လေပေါ်သို့ ပျံတက်လာသည်။
“အစ်မ၊ သူက တကယ်ပဲ ကွန်ဖြူးရှပ်တာအိုဆရာသခင်တစ်ယောက်လား”
အင်မော်တယ်သင်္ဘော၏ ထိပ်ဆုံးအထပ်တွင် မင်းသမီးယွင်သွမ့်က စပ်စုလိုစိတ်များနှင့်အတူ မေးသည်။
‘သူက အဲဒီလိုကဗျာမျိုးကိုရေးနိုင်ပြီး သာမန်လှုပ်ရှားမှုတစ်ခုနဲ့ လူတွေကို ဉာဏ်အလင်းရစေနိုင်တာ မထူးဆန်းတော့ပါဘူး”
ဆရာသခင် …
သူမနှင့်အတူ တစ်ညတာကုန်ဆုံးခဲ့သောလူက ကွန်ဖြူးရှပ်တာအိုဆရာသခင်တစ်ယောက်ဖြစ်သည်။
ထိုအကြောင်းကို သူမ သိထားခဲ့လျှင် ထိုလူကို အရယူမိလိမ့်မည်။
“အစ်မ၊ ကွန်ဖြူးရှပ်တာအိုဆရာသခင်တစ်ယောက်က ဓားကျင့်ကြံသူသုံးသောင်းကို အနိုင်ရမယ်ထင်လား”
ယွင်သွမ့်က နှုတ်ခမ်းကိုက်ပြီး လက်သီးဆုပ်ထားသောမင်းသမီးယွင်ကျင်းကို စိတ်လှုပ်ရှားစွာကြည့်သည်။
သူမ၏အစ်မသည် အလွန်ဂရုစိုက်နေပုံပေါ်သည်။
ကွန်ဖြူးရှပ်တာအိုဆရာသခင်တစ်ယောက်တွင် ကောင်းကင်နှင့်မြေကြီး၏အခွင့်အာဏာရှိလျှင် ဓားကျင့်ကြံသူသုံးသောင်းကို လက်တစ်ချက်ဝှေ့ယမ်း၍ ဖျက်ဆီးနိုင်သည်။
သို့ပေမဲ့ အခွင့်အာဏာမရှိလျှင် ....
သူအနိုင်မရနိုင်ကြောင်း ယွင်ကျင်းသိနေသည်။
“အစီအရင်ကို ချိုးဖျက်ရမှာလား”
“ဓားကျင့်ကြံသူတဲ့လား”
ဟန်မူယဲ့၏အသံထဲတွင် ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို ဆွဲယူနေသော ခမ်းနားသည့်စွမ်းအားများပါဝင်သည်။
သူ့ခေါင်းထက်တွင် အစိမ်းရောင်ဝတ်စုံနှင့်အရိပ်တစ်ခု ပေါ်လာသည်။
ဝိညာဉ်ကိုယ်ခွဲအဆင့် …
သူ့က ခေါက်ယပ်တောင်တစ်ချောင်းကို ဖြန့်လိုက်သည်။ ယပ်တောင်ကို အသာအယာလှုပ်ရှားလိုက်ပြီး ဝိညာဉ်ခန္ဓာက တောင်တန်းနှင့်မြစ်ပန်းချီကားထဲသို့ ဝင်သွားသည်။
တောင်တန်းနှင့်မြစ်ပန်းချီကားထဲတွင် အဆုံးမရှိသောခရမ်းရောင်တိမ်တိုက်များ လွင့်မျောနေသည်။
သူက လက်မြှောက်လိုက်သောအခါတွင် ခေါက်ယပ်တောင်က စုတ်တံအဖြစ် ပြောင်းသွားသည်။
“ဒီနေ့မှာ သမင်ဖြူတောင်တန်းကျောင်းတော်ရဲ့ ဟန်မူယဲ့က လောကမှာရှိတဲ့ ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူတွေအားလုံးအတွက် ကောင်းကင်ဘုံအထိ လမ်းဖောက်ပေးမယ်”
လောကမှာရှိသည့် ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူများအားလုံးအတွက် ကောင်းကင်ဘုံအထိ လမ်းဖောက်ပေးမည်။
ထိုစကားများကို ပြောလိုက်သောအခါတွင် လောကတစ်ခုလုံး တုန်ခါသွားသည်။
ထိုသို့ရဲတင်းသောစကားများကို မည်သူက ပြောရဲမည်နည်း။
တုန်းဖန်ရှုနှင့် စုကျီကျန်းအပါအဝင် ကျင်းချွမ်မြို့ရှိ ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူများ၊ ချီစွမ်းအင်ကျင့်ကြံသူများ၊ နတ်ဆိုးကျင့်ကြံသူများ အားလုံးက မျက်လုံးဖွင့်ထားပြီး စုတ်တံအားကိုင်ထားသောဟန်မူယဲ့ကို စိုက်ကြည့်နေသည်။
မည်သည့်နည်းစနစ်မျိုးကို ကွန်ဖြူးရှပ်၏မဟာတာအိုဟု ခေါ်နိုင်မည်နည်း။
“ဟမ် ....”
တုန်ခါသံနှင့်အတူ စုတ်တံဆီမှ ဓားမြည်သံထွက်လာသည်။
ရွှေရောင်စာလုံးတန်းတစ်ခုက လေထုကို ထိုးခွဲသွားပြီး အလင်းစက်ကွင်းတစ်ခုကို ထုတ်ပေးနေသည်။
“ဓား၊ ထက်မြက်နေတဲ့ဓားသွား၊ ချွန်ထက်ခြင်း ....”
စုကျီကျန်းက ရေရွတ်လိုက်ပြီး တစ်ကိုယ်လုံးတုန်ခါသွားသည်။
ကဗျာဆီမှ အေးစက်သောဓားဆန္ဒတစ်ခု ပေါ်ထွက်လာသည်။
ထိုကဗျာတွင် ဓားဆန္ဒရှိသည်။
“ဒါက ကဗျာလား ဒါမှမဟုတ် ဓားလား”
“ကဗျာကို ဓားအနေနဲ့သုံးတာလား။ ဒါမှမဟုတ် ဓားကို ကဗျာအနေနဲ့သုံးလိုက်တာလား”
မရေမတွက်နိုင်လောက်သောကျင့်ကြံသူများ အသံပြုမိသည်။
ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူများက ကောင်းကင်ပေါ်ရှိ ရွှေရောင်စာလုံးများကိုကြည့်လိုက်ပြီး မျက်မှောင်ကြုတ်သည်။
‘ဒီစာလုံးလေးတွေနဲ့ မဟာတာအိုကို ဖွင့်လှစ်မှာလား’
သူတို့က ထိုသို့တွေးမိသောအချိန်တွင် ဟန်မူယဲ့၏စုတ်တံဆီမှ စာလုံးများပေါ်ထွက်လာသည်။
“ခါးသီးတဲ့အအေးဓာတ်ကနေ မက်မွန်ပန်းရနံ့ထွက်ပေါ်လာတယ်”
ပထစာကြောင်းသည် တိုက်ပွဲအတွက် ဓားသွေးခြင်းဖြစ်သည်။ ဒုတိယစာကြောင်းသည် မက်မွန်ပန်းများနှင့် ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူများကို ခိုင်းနှိုင်းခြင်းဖြစ်သည်။