← Chapters

အခန်း (၃၂၄)

Vol. 24 Ch. 324

အခန်း (၃၂၄)

Vol. 24 Ch. 324

ဆောင်းတွင်း၌ မက်မွန်ပန်းများ မောက်မာစွာပွင့်လန်းလာသကဲ့သို့ သူတို့၏နှလုံးသားထဲတွင်ရှိသောဆုံးဖြတ်ချက်သည် ခိုင်မာနေခဲ့သည်။

ထိုဆုံးဖြတ်ချက်ကြောင့် ရှေ့သို့ဆက်လက်လျှောက်လှမ်းပြီး ဓားနည်းစနစ်များ ပိုမိုကျွမ်းကျင်လာအောင် လေ့ကျင့်ခဲ့သည်။

နှလုံးသားထဲတွင် မာနရှိပြီး လက်ထဲတွင် ဓားရှိသည်။

ဓားတစ်လက်နှင့် လျှောက်လှမ်းလာသော လူကြီးလူကောင်းတစ်ယောက်ဖြစ်သည်။

ထိုအချိန်တွင် လေထုထဲ၌ အဖြူရောင်ဝတ်စုံနှင့်လူတစ်ယောက်ပေါ်လာသည်။

ထိုလူက ပုံရိပ်ယောင်ဆန်ပြီး အဖြူရောင်ဝတ်စုံ၊ ကျောက်စိမ်းသရဖူနှင့် လည်စည်းပဝါကိုဝတ်ဆင်ထားသော ကျောင်းတော်သားတစ်ယောက်ဖြစ်ကြောင်းကိုပဲ မြင်နိုင်သည်။

ကွန်ဖြူးရှပ်တာအိုကျောင်းတော်သားက ရှေ့သို့တစ်လှမ်းတိုးသည်။ သူ့နောက်တွင် ဓားအလင်းများလှုပ်ရှားနေပြီး သမာဓိစွမ်းအားက သံချပ်ကာဝတ်စုံအဖြစ် ပြောင်းလဲသွားသည်။

“တိုက်ပွဲပေါင်းရာချီ ကြုံတွေ့ခဲ့တဲ့စစ်သည်တွေက သံချပ်ကာကို ဝတ်ထားတယ် ....”

ကွန်ဖြူးရှပ်တာအိုကျောင်းတော်သားက ဓားကိုဆွဲထုတ်သည်။ ဓားအလင်းက မိုင်တစ်ရာအကွာမှကြည့်နေသော လူများ၏နှလုံးသားကို အေးစက်သွားစေသည်။

“ဒီဓားကိုသွေးဖို့အတွက် ဆယ်နှစ်ကြာအောင် ကြိုးစားခဲ့ရတယ်။ ရေခဲချွန်တွေလိုထက်မြက်နေတဲ့ဒီဓားကို စမ်းသပ်မကြည့်ရသေးဘူး။ ဒီနေ့မှာ ငါစမ်းသပ်ကြည့်ရမယ်။ မတရားမှုကို ဘယ်သူက ကြုံတွေ့နေရတာလဲ ငါ့ကိုပြောပါ”

ကျောင်းတော်သားက ဓားနှင့်အတူ ဓားဝင်္ကပါထဲသို့ ဝင်သွားသည်။

သူနှင့်အတူ သမာဓိစွမ်းအားကြောင့်ဖြစ်ပေါ်လာသော ထောင်ချီနေသည့်ဓားအလင်းများ ရှိနေသည်။

ထိုအချိန်တွင် မရေမတွက်နိုင်လောက်သော ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူများ၏ကိုယ်ထဲတွင် သမာဓိစွမ်းအားများ ထိန်းချုပ်၍မရနိုင်တော့ဘဲ လှုပ်ရှားလာသည်။

လေထုထဲတွင် ဓားရှည်များဖြစ်ပေါ်လာသည်။

“ဒါက ကွန်ဖြူးရှပ်တာအိုရဲ့ ပုံစံအစစ်အမှန်ပဲ”

လူတစ်ယောက်က အော်ဟစ်လိုက်ပြီး သူ့ခေါင်းပေါ်ရှိဓားကို ဆုပ်ကိုင်ရန်အတွက် လက်မြှောက်သည်။

“ကဗျာကို ဓားအနေနဲ့အသုံးပြုတယ်။ ဒါက တကယ်ပဲ ကွန်ဖြူးရှပ်တာအိုကျင့်ကြံခြင်းရဲ့ လမ်းစဉ်အမှန်လား”

စုကျီကျန်းက ရေရွတ်လိုက်ပြီး သူ့နောက်တွင်ရှိသော မရေမတွက်နိုင်လောက်သည့်ဓားအလင်းများကို လှည့်ကြည့်သည်။

ထိုနေရာတွင် ဆံပင်ဖြူနေသောကျောင်းတော်သားများ၊ အစိမ်းရောင်ဝတ်စုံနှင့် အခြေခံအဆင့်ကျောင်းတော်သားများ၊ အဖြူရောင်ဝတ်စုံနှင့် အဆင့်မြင့်ကျောင်းတော်သားများ၊ ရွှေရောင်ချိပ်စည်းကိုကိုင်ထားသော စစ်တပ်အရာရှိများ ရှိနေသည်။

ယခုအချိန်တွင် သူတို့အားလုံးက လေထုထဲတွင်ပေါ်လာသော ဓားများကို ကိုင်ထားခဲ့သည်။

စာအုပ်နှင့် ဓားများကို အဘယ်ကြောင့် ခွဲခြားရန်လိုအပ်သနည်း။

ဓားကိုင်ထားသောလက်သည် အသားမာတက်လာပြီး စုတ်တံအား မကိုင်နိုင်တော့မည်ကို စိုးရိမ်နေသလား။

“ကဗျာကို ဓားအနေနဲ့အသုံးပြုတဲ့နည်းစနစ်က အောင်မြင်သွားရင် လောကမှာရှိတဲ့ ကျောင်းတော်သားတွေအားလုံးက အရာရှိတွေဖြစ်လာဖို့ ရုန်းကန်နေစရာမလိုတော့ဘူး။ ဆယ်စုနှစ်တွေကြာအောင် ကြိုးစားခဲ့ပြီး ဘာမှမဖြစ်မလာတာမျိုးလည်း ရှိတော့မှာမဟုတ်ဘူး”

အင်မော်တယ်သင်္ဘောပေါ်တွင် မင်းသမီးယွင်ကျင်းက လက်သီးဆုပ်ထားပြီး တုန်ခါနေသောအသံဖြင့် ပြောသည်။

“သူရူးသွားတာလား”

ဟယ်ကျင့်က မျက်လုံးပြူးသွားပြီး ဓားဝင်္ကပါထဲသို့တိုးဝင်သွားသော ကျောင်းတော်သားကိုကြည့်သည်။

“ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူတွေအတွက် ကွန်ဖြူးရှပ်တာအိုရဲ့ကံကြမ္မာကို ယှဉ်ပြိုင်ရယူခဲ့တဲ့အတွက် နန်းမြို့တော်ကျောင်းတော်ရဲ့ ဖိနှိပ်မှုခံရမှာကို သူမကြောက်ဘူးလား”

သူ့စကားကို ကြားလိုက်ရသောအခါတွင် စုကျီကျန်းက ခေါင်းခါသည်။

“မင်းက ဘယ်သူမလို့လဲ။ ဘာဖြစ်လို့ ဒီလိုကိစ္စကို ....”

သူက စကားကို အဆုံးမသတ်နိုင်ဘဲ ရပ်တန့်လိုက်ပြီး ရှေ့သို့ ငေးကြည့်နေမိသည်။

ထိုနေရာတွင် ဟန်မူယဲ့က လက်ကို ဝှေ့ယမ်းလိုက်သည်။

မရမတွက်နိုင်လောက်သော ရွှေရောင်စာလုံးများ စုစည်းလာပြီး ခရမ်းရောင်လူသားဆန္ဒစွမ်းအားနှင့် တစ်သားတည်းဖြစ်သွားသည်။

“ခေါင်းမော့လိုက်ပါ။ အနောက်မြောက်ဘက်မှာ တိမ်တိုက်တွေရှိနေတယ်။ မင်းရဲ့ဓားနဲ့ ကောင်းကင်ပေါ်မှာ မိုင်တစ်သောင်းအကွာအဝေးကို စိုးမိုးလိုက်ပါ”

“ခြေဆယ်လှမ်းနဲ့ လူတစ်ယောက်ကိုသတ်ဖြတ်ပြီး မိုင်တစ်ထောင်အတွင်းမှာ အရိပ်အယောင်မချန်ခဲ့ဘူး။ သတ်ဖြတ်ပြီးတဲ့အခါမှာ မင်းရဲ့နာမည်နဲ့နောက်ခံကို ဖုံးကွယ်ပြီး တိတ်တဆိတ်ထွက်သွားတယ်”

“ဓားရှည်က မင်ရည်လိုမည်းနက်နေပြီး သွေးတွေနဲ့ စိုစွတ်နေတယ်”

“နေ့ဘက်မှာ ဓားတစ်လက်နဲ့ ကောင်းကင်ကိုရည်မှန်းတယ်။ နေဝင်ချိန်မှာ မူးယစ်ပြီး ပြန်လာတယ်”

“သုံးပေရှည်တဲ့ နဂါးစမ်းချောင်းဓားကို လက်ထဲမှာကိုင်ထားပြီး မကောင်းမှုတွေကိုမဖယ်ရှားနိုင်ခင်အထိ ငါအနားမယူဘူး”

“ဓားချီက မိုင်းသုံးသောင်းအထိ သွားလာနိုင်ပြီး ဓားအလင်းက ကုန်းမြေ၁၉ခုကို ရပ်တန့်သွားစေနိုင်တယ်”

....

ကဗျာအနည်းငယ်တင်မဟုတ်ဘဲ တစ်ဆယ်၊ တစ်ရာ၊ တစ်ထောင်အထိ ရှိလာသည်။

ကဗျာတစ်ပုဒ်နှင့် ဓားတစ်လက် …

ကဗျာစာကြောင်းနှင့် ဓားအလင်း …

တောင်နှင့်မြစ်များကို တိမ်တိုက်များက ဖုံးကွယ်ထားပြီး ဓားအလင်းနှင့် ပေါင်းစပ်နေသည်။

ဓားကျင့်ကြံသူသုံးသောင်းနှင့်ဖွဲ့စည်းထားသော ဓားဝင်္ကပါကို ကွန်ဖြူးရှပ်တာအိုဆရာသခင်တစ်ယောက်၏ ဓားအလင်းက ဖိနှိပ်ထားသည်။

ထိုနည်းစနစ်ကို လူတစ်ယောက်က အသုံးပြုခဲ့သည်။

ကွန်ဖြူးရှပ်တာအိုဆရာသခင်၊ ဟန်မူယဲ့ဖြစ်သည်။

ထိုအရာသည် ဆရာသခင်တစ်ဦး၏ နည်းစနစ်ဖြစ်သည်။

ကောင်းကင်နှင့်မြေကြီးကြားတွင် ဓားအလင်း၏အသံမှလွဲ၍ တခြားအသံကို မကြားနိုင်ပေ။

ထိုအချိန်တွင် မရေမတွက်နိုင်သောလူများ ထိတ်လန့်သွားခဲ့သည်။

လောကတွင် ထိုစာပေပါရမီမျိုးကို မည်သူက ယှဉ်နိုင်မည်နည်း။

ခြေတစ်လှမ်း၊ ဓားတစ်လက်၊ ကဗျာတစ်ပုဒ်။ စာပေအငွေ့အသက်က ကောင်းကင်အထိ ထိုးတက်သွားသည်။

ကွန်ဖြူးရှပ်တာအို၏နည်းစနစ်များသည် အလွန်ပြင်းထန်သည်။

ယနေ့ပြီးသွားသောအခါတွင် ကျောင်းတော်သားများကို စွမ်းအားမဲ့သည်ဟု မည်သူက ပြောရဲမည်နည်း။

လူကြီးလူကောင်းတစ်ယောက်က ကဗျာကို ဓားတစ်လက်အဖြစ်အသုံးချခဲ့သည်။ သူက လောက၏ မတရားမှုကို စီမံနိုင်ခဲ့သည်။

ထိုအရာသည် အစစ်အမှန်ကွန်ဖြူးရှပ်တာအိုဖြစ်သည်။

ဟန်မူယဲ့၏ စိတ်နယ်ပယ်ထဲတွင် လူသားလောကမန္တန်က ရွှေရောင်အလင်းလွှာတစ်ခုအဖြစ်ပြောင်းလဲသွားပြီး သမာဓိစွမ်းအားများကိုလှုံ့ဆော်၍ ဓားအလင်းအဖြစ် ပြောင်းလဲပေးနေသည်။

ထိုထဲတွင် ဝိညာဉ်စွမ်းအားဖြင့်စုစည်းထားသော ဝိညာဉ်လိပ်ပြာဓားလည်း ပါနေသည်။

သူ့ချီပင်လယ်တွင် လူသားဆန္ဒစွမ်းအားများအားလုံး လှုပ်ရှားနေပြီး ကောင်းကင်တစ်ဝက်ကို ခရမ်းရောင်သန်းသွားစေသည်။

“ဒီလိုမျိုး ခမ်းနားပြီး မြင့်မြတ်တဲ့ချီစွမ်းအင်တွေ၊ အကန့်အသတ်မဲ့တဲ့ မြင်ကွင်းတွေ။ သူက တကယ်ဆန္ဒရှိ ....”

မင်းသမီးယွင်ကျင်း၏ဘေးတွင်ရပ်နေသော ယွင်သွမ့်က တီးတိုးပြောသည်။

‘ဆန္ဒရှိတာလား’

‘သူက ဒီမှာကျင့်ကြံပြီး တစ်သက်လုံးနေထိုင်သွားဖို့ ဆန္ဒရှိမှာလား’

သာမန်လူများက ဆန္ဒရှိလိမ့်မည်။

သို့သော် ဆရာသခင်များက သာမန်လူမဟုတ်ပေ။

ယွင်ကျင်းက အဆုံးမရှိသော ရွှေအလင်းနှင့် ခရမ်းရောင်အလင်းများကို ငေးကြည့်နေပြီး ဟန်မူယဲ့က သူမကို တစ်ချက်မှမော့မကြည့်ဘဲ တစ်ညလုံးစာဖတ်နေခဲ့ကြောင်း အမှတ်ရသွားသည်။

ကွန်ဖြူးရှပ်တာအိုဆရာသခင်တစ်ယောက်၏အမြင်တွင် ကျင်းချွမ်မြို့၏ နံပတ်တစ်အလှလေးက အချိန်တန်လျှင်ညှိုးနွမ်းသွားမည့် အလှတစ်ခုသာဖြစ်လိမ့်မည်။ သူမက သူ့နှလုံးသားကို မလှုပ်ရှားစေနိုင်လောက်ပေ။

ထိုအချိန်တွင် မရေမတွက်နိုင်လောက်သောလူများက ထိတ်လန့်သွားခဲ့သည်။ သို့သော် သူတို့၏ထိတ်လန့်မှုသည် ဝိညာဉ်ခန္ဓာဖြင့် လေထုထဲတွင်ရပ်နေသော တုန်းဖန်ရှုနှင့် မယှဉ်နိုင်ပေ။

သူက ကောင်းကင်ပေါ်တွင်ပြည့်နှက်နေသော ဓားအလင်းရောင်ကိုကြည့်လိုက်ပြီး တစ်ကိုယ်လုံးတုန်ခါသွားသည်။ သူက လက်ထဲရှိစုတ်တံကို ဝှေ့ယမ်းလိုက်သောအခါတွင် ရွှေရောင်စာလုံးများ ပေါ်လာသည်။

သူစုစည်းလိုက်သောဓားအလင်းက ဟန်မူယဲ့၏ဓားအလင်းထက် အလွန်မှိန်ဖျော့နေသော်လည်း ဓားအဖြစ် ပြောင်းလဲသွားခဲ့သည်။

ထိုဓားသည် ကောင်းကင်ဘုံဝိညာဉ်သူငယ်အဆင့်ကျင့်ကြံသူကို သတ်ဖြတ်နိုင်သည်။

ကောင်းကင်နှင့်မြေကြီး၏စွမ်းအားမရှိလျှင်ပင် ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူများက လောကရှိ တခြားကျင့်ကြံသူများအားလုံးနှင့် ယှဉ်ပြိုင်နိုင်သည်။

တုန်းဖန်ရှုက စာရေးသားနေဆဲဖြစ်သောဟန်မူယဲ့ကို ဦးညွှတ်သည်။

“ဆရာဟန်မူယဲ့၊ အခု ငါနားလည်သွားပါပြီ”

သူ့စကားကို ကြားလိုက်ရသောအခါတွင် ဟန်မူယဲ့က ရပ်တန့်လိုက်ပြီး တည်ငြိမ်စွာမေးသည်။

“ဘာကိုနားလည်သွားတာလဲ”

တုန်းဖန်ရှုက ခါးမတ်လိုက်သည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ ခရမ်းရောင်လူသားဆန္ဒစွမ်းအားက စာလုံးများအဖြစ် ပြောင်းလဲသွားသည်။

“ကျောင်းသားတုန်းဖန်ရှုက သမင်ဖြူတော်တန်းကျောင်းတော်မှာ ဆရာဟန်မူယဲ့ရေးသွားတဲ့စာလုံးတွေကို နားလည်သွားပါပြီ”

“ငါတို့ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူတွေက လောက၊ ပြည်သူလူထု၊ ကွယ်လွန်သွားခဲ့တဲ့ သူတော်စင်တွေနဲ့ ကမ္ဘာလောကငြိမ်းချမ်းဖို့အတွက် ငါတို့ရဲ့နှလုံးသားကို တည်ဆောက်သင့်တယ်”

“ဒီနေ့မှာ ဆရာဟန်မူယဲ့က ငါတို့ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူတွေအတွက် ငြိမ်းချမ်းမှုကို ဖန်တီးခဲ့တယ်”

တုန်းဖန်ရှု၏စကားများက မိုးခြိမ်းသံကဲ့သို့ တိမ်တိုက်များကို လှုပ်ရှားသွားစေပြီး လောကကို တုန်ခါသွားစေသည်။

သူက ဟန်မူယဲ့ရေးခဲ့သောစာသားကို မိုင်ထောင်ချီအကွာအထိ ပျံ့နှံ့သွားစေရန်အတွက် စွမ်းအားအများစုကို အသုံးပြုခဲ့ရသည်။

ယခုအချိန်တွင် သူ့ဝိညာဉ်က အားကုန်နေသောကြောင့် မှိန်ဖျော့သွားပြီး ပျောက်ကွယ်လုနီးပါး ဖြစ်နေသည်။

သို့သော် သူပြောလိုက်သောစကားက မိုင်တစ်သိန်းအကွာအထိ ပျံ့နှံ့သွားသောအခါတွင် လောကတစ်ခုလုံး တုန်ခါသွားသည်။

လောကအတွက်၊ ပြည်သူလူထုအတွက် အတိတ်၏ နည်းစနစ်များကို အမွေဆက်ခံရန်အတွက်၊ ခေတ်အဆက်ဆက်အတွက် ငြိမ်းချမ်းမှုကို ဖန်တီးရန်အတွက် နှလုံးသားကို တည်ဆောက်ရမည်။

ထိုစာကြောင်းနှင့်အတူ လောက၏ ကွန်ဖြူးရှပ်ပညာရပ်နှင့် တာအိုပညာရပ်၏ စည်းမျဉ်းများအားလုံး ပေါ်ထွက်လာသည်။

ဆံပင်ဖြူနေသော ကွန်ဖြူးရှပ်တာအိုကျောင်းတော်သားများက မျက်ရည်ကျနေသည်။

ထိုအယူအဆကို နားလည်နိုင်ခဲ့သည့်အတွက် သူတို့က သေသွားရမည်ဆိုလျှင်ပင် နောင်တမရှိတော့ပေ။

“သူက အဲဒီလိုမျိုးဖြစ်နေတာ မထူးဆန်းတော့ပါဘူး ....”

မင်းသမီးယွင်ကျင်းက လက်သီးဆုပ်ထားပြီး ရေရွတ်လိုက်သည်။

သူမဘေးတွင် ယွင်သွမ့်က မျက်လုံးပြူးသွားပြီး ညင်သာစွာပြောသည်။

“သူက တကယ် အဲဒီလိုလုပ်နိုင်တာလား”

ထိုအချိန်တွင် မိုင်တစ်သိန်းအကွာအဝေးအတွင်း၌ ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူများအားလုံးတွင် ခမ်းနားသော ခရမ်းရောင်အငွေ့အသက်များ ပေါ်ထွက်လာသည်။

မရေမတွက်နိုင်သော ခရမ်းရောင်စွမ်းအားများက ဟန်မူယဲ့ဆီသို့ တိုးဝင်လာသည်။

ကောင်းကင်ကို ခရမ်းရောင်တိမ်တိုက်များက လွှမ်းခြုံသွားသည်။

ထိုလူမျိုးသည် မဟာတာအိုဖြစ်လာနိုင်သည်။

အဝေးတစ်နေရာရှိ နန်းမြို့တော်တွင် အမတ်ချုပ်ကြီးဝမ်၏ခန်းဆောင်၌ မှူးမတ်ဝူပေါ်လာသည်။

“ဆရာတူအစ်ကိုဝမ်၊ အဲဒီလူက သူ့ကံကောင်းခြင်းကိုပြောင်းလဲပြီး တစ်ခါတည်း သူတော်စင်တစ်ယောက်ဖြစ်လာနိုင်တယ်။ အဲဒါကို ဂရုမစိုက်ဘူးလား”

မှူးမတ်ဝူက စားပွဲရှည်၏ရှေ့တွင်ရှိနေသော ပိန်ပါးသည့်ကျောင်းတော်သားတစ်ယောက်ကို ငေးကြည့်ပြီး တီးတိုးပြောသည်။

“ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ ကွန်ဖြူးရှပ်တာအိုကံကြမ္မာအရ သူတော်စင်တစ်ယောက်ပဲရှိနိုင်တယ်။ ငါက သူတော်စင်တစ်ယောက်ဖြစ်ပြီးနေပြီ။ သူက သူတော်စင်ဖြစ်မလာနိုင်ဘူး”

ဝမ်မော့ရှန်က ခေါင်းခါလိုက်ပြီး တည်ငြိမ်စွာပြောသည်။

“သူက သူတော်စင်တစ်ယောက်ဖြစ်လာဖို့ အတင်းအကျပ်ကြိုးစားမယ်ဆိုရင် ပြာဖြစ်သွားမယ့်ကံကြမ္မာကို ရှောင်လွှဲနိုင်မှာမဟုတ်ဘူး”

သူ့စကားကို ကြားလိုက်ရသောအခါတွင် မှူးမတ်ဝူက အံ့အားသင့်သွားပြီး တီးတိုးပြောသည်။

“ငါသိပြီ။ တစ်ယောက်ယောက်က မင်းကိုကန်ထုတ်ပြီး ....”

“နှမြောစရာပဲ။ အဲဒီကလေးက ငါ့အကြိုက်နဲ့ ကိုက်ညီတယ်”

မှူးမတ်ဝူက ကြောင်အသွားသည်။ ထို့နောက် ရယ်မောလိုက်ပြီး ပျောက်ကွယ်သွားသည်။

ခန်းဆောင်ထဲတွင် ဝမ်မော့ရှန်က ငေးမောနေသောမျက်နှာထားဖြစ်သွားပြီး ခေါင်းခါလိုက်သည်။

ရှုရှီဒေသ၊ ကျင်းချွမ်မြို့၏ မိုင်သုံးထောင်အကွာတွင် မရေမတွက်နိုင်လောက်သောလူများ စုဝေးနေသည်။

ဟန်မူယဲ့က အမတ်ချုပ်ကြီးဝမ်နှင့် မှူးမတ်ဝူတို့မျှော်လင့်ထားသောဖြစ်ရပ်ကို မလုပ်ခဲ့ပေ။

သူ လက်မြှောက်လိုက်သောအခါတွင် လူသားဆန္ဒစွမ်းအားများက ခွန်အားထုတ်ပြခဲ့သော ခမ်းနားသည့်ကဗျာများကို ကောင်းကင်နှင့်မြေကြီး၏တာအိုဖြင့် ပေါင်းစပ်သွားအောင် ကူညီပေးလိုက်သည်။

ကဗျာက ကောင်းကင်တာအိုနှင့် ပေါင်းစပ်သွားသည်။

ဓားဖြစ်နေသောကဗျာက ကောင်းကင်နှင့်မြေကြီးအတွင်း၌ ပေါင်းစပ်သွားသည်။

ယနေ့မှစ၍ အလယ်ပိုင်းကုန်းမြေ၏ ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူများသည် ကဗျာကိုအသုံးပြု၍ ဓားကိုဖန်တီးခဲ့လျှင် ဤစွမ်းအား၏ထောက်ပံ့မှုကို ရရှိနိုင်လိမ့်မည်။

ကဗျာတစ်ပုဒ်ကို ဓားတစ်လက်အဖြစ်စုစည်းနိုင်လျှင် ဤဓားစွမ်းအားကို ထိန်းချုပ်နိုင်လိမ့်မည်။

သူတော်စင်တစ်ယောက်၏စွမ်းအားရှိလျှင် လောကကို ထိန်းချုပ်နိုင်လိမ့်မည်။

All Chapters