အခန်း (၃၂၆)
Vol. 24 Ch. 326
ဟန်မူယဲ့ပြန်လာသောအခါတွင် ဓားစံအိမ်က ချက်ချင်းအသက်ဝင်လာသည်။ လင်းရှန်က တံခါးစောင့်လုပ်နေပြီး လျှိုဟုန်နှင့်ကျန်းမင်က လိမ္မာစွာဖြင့် နေ့တိုင်း ဓားများကိုသန့်ရှင်းရေးလုပ်ပြီး စာရင်သွင်းနေသည်။
ဟန်မူယဲ့က ၂နှစ်ကြာသည်အထိ အံ့ဖွယ်ကိုးပါးတောင်မှ မထွက်ခဲ့ပေ။
ထို၂နှစ်အတွင်း၌ အံ့ဖွယ်ကိုးပါးတောင်က ငြိမ်းချမ်းနေသော်လည်း အနောက်ဘက်နယ်စပ်ကုန်းမြေ၌ နေရာအနှံ့တွင် မုန်တိုင်းများဖြစ်ပေါ်နေသည်။
အဓိကဂိုဏ်းကိုးဂိုဏ်း၏အဆင့်အတန်းကို ရရှိရန်အတွက် ဂိုဏ်းများအားလုံးက သေဆုံးသည်အထိ တိုက်ခိုက်လိမ့်မည်။
အဓိကဂိုဏ်းကြီးများဖြစ်သော အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကဲ့သို့ ဂိုဏ်းများသည် ဂိုဏ်းကိုးဂိုဏ်းထဲမှ ထွက်သွားမည်မဟုတ်သောကြောင့် စိတ်ပူရန်မလိုပေ။ သူတို့က တပည့်များကိုလေ့ကျင့်ပေးနေသော်လည်း လှုပ်ရှားရန်အတွက် စိတ်မဝင်စားပေ။
ဂိုဏ်းကိုးဂိုဏ်းအတွင်းသို့ဝင်ရောက်ချင်သော လရောင်ဓားဂိုဏ်းကဲ့သို့ ဂိုဏ်းများသည် အဆက်အသွယ်များကြိုးစားရှာဖွေနေပြီး တပည့်များကျော်ကြားလာအောင် ပြုလုပ်နေသည်။ သူတို့က ပြိုင်ပွဲမတိုင်ခင် ဂုဏ်သတင်းတည်ဆောက်ချင်သည်။
ဂိုဏ်းကိုးဂိုဏ်းအတွင်းသို့ ဝင်ရောက်နိုင်ရန် အရှိန်အဟုန်မရှိလျှင် ဂိုဏ်းတပည့်များက ပြိုင်ပွဲအတွင်း၌ မည်သို့ အစွမ်းကုန်ထုတ်သုံနိုင်မည်နည်း။
လွန်ခဲ့သော၂နှစ်အတွင်း၌ လရောင်ဓားဂိုဏ်းနှင့် တခြားဂိုဏ်းများသည် အံ့ဖွယ်ကိုးပါးတောင်သို့ တပည့်အများအပြား စေလွှတ်ခဲ့သည်။
လူအများအပြားက ဓားအင်မော်တယ်၏လမ်းညွှန်မှုကို ရရှိနိုင်ရန် မျှော်လင့်ပြီး ဓားစံအိမ်သို့ ရောက်လာခဲ့သည်။
သူက အပေါ်ယံလမ်းညွှန်ချက်တချို့ပဲ ပေးမည်ဆိုလျှင်ပင် ကိစ္စမရှိပေ။ သူက ဤနေရာတွင်ရှိနေသောကြောင့် အခွင့်အရေးရှိနေလိမ့်မည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်းနှင့် ဆက်ဆံရေးကောင်းသောလူများက ရက်ရောသောလက်ဆောင်များပေး၍ ဓားစံအိမ်ရှိဓားတချို့ကို တောင်းဆိုခဲ့သည်။
ဟန်မူယဲ့က တစ်ခါတလေမှ ပေါ်လာတတ်သည်။ သို့သော် ဓားစံအိမ်၏လျှိုဟုန်က နာမည်ကြီးလာသည်။
ဟန်မူယဲ့က ဓားအားလုံးအတွက် ကျောက်စိမ်းပေလွှာချန်ထားခဲ့သောကြောင့် လျှိုဟုန်၏ ဓားရွေးချယ်မှုက တိကျလာသည်။
ဓားစံအိမ်၏ဂုဏ်သတင်းသည် ပိုမိုထင်ရှားလာပြီး ထူးခြားဆန်းကြယ်နေသည်။
လွန်ခဲ့သော၂နှစ်အတွင်း၌ ဟန်မူယဲ့နှင့်ခုန်းချောင်တိက အတူတူအလုပ်ကြိုးစား၍ နေမင်းရောင်ဝါနန်းတော်ဟောင်းတွင် အခြေစိုက်နေသော ထန်ယွမ်ဟောင်နှင့်အတူ ဓားနှစ်ထောင်ခန့်ကို အလယ်ပိုင်းကုန်းမြေသို့ ရောင်းချနိုင်ခဲ့သည်။
ဟန်မူယဲ့ကလည်း ဆေးလုံးများကို အကြိမ်ရေအနည်းငယ်ခန့် သန့်စင်ခဲ့သည်။
ဆေးလုံးနှင့်ဓားများကို မဟာမိစ္ဆာမူကျင်း၏အကူအညီနှင့်အတူ စပါးစိမ်းတောင်ကုန်းမှ ကျင်းချွမ်မြို့သို့ ပို့နိုင်ခဲ့သည်။
ဖူကျင်းကုန်သွယ်ရေးအဖွဲ့အစည်းနှင့် သဘောတူညီချက်အရ ဆေးလုံးနှင့်ဓားများကို ဝိညာဉ်ကျောက်တုံး၊ ဟန်မူယဲ့လိုအပ်သော ဝိညာဉ်သတ္တုနှင့် ဝိညာဉ်ဆေးပင်များအတွက် လဲလှယ်ပေးရသည်။
၂နှစ်အချိန်အတွင်း၌ ကုန်သွယ်မှုသုံးကြိမ်သာလုပ်ခဲ့သော်လည်း ရရှိလာခဲ့သော ဝိညာဉ်ကျောက်တုံးပမာဏကို စိတ်ကူးမကြည့်နိုင်ပေ။
ဝိညာဉ်ကျောက်တုံးတစ်ဝက်ကို သမင်ဖြူတောင်တန်းကျောင်းတော် တည်ဆောက်ရန်အတွက် ရန်ပုံငွေအဖြစ် ပေးလိုက်လျှင်ပင် ကျန်ရှိနေသောပမာဏက အလွန်များပြားနေသေးသည်။
ကျန်းမင်၏စာရင်းများအရ ဟန်မူယဲ့၏အသားတင်ကြွယ်ဝမှုသည် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ဂိုဏ်းကြီးကိုးဂိုဏ်းမှလွဲ၍ ကြွယ်ဝမှုများကို နှစ်တစ်သောင်းစုစည်းထားသော ကျန်ဂိုဏ်းများအားလုံးနှင့် ယှဉ်နိုင်သည်။
ဟန်မူယဲ့အတွက် ကြွယ်ဝမှုသည် ပထမဦးစားပေးမဟုတ်ပေ။
ထိုကြွယ်ဝမှုနှင့်ဆိုလျှင် သူက လိုအပ်သောရတနာများအားလုံးကို လဲလှယ်၍ ကျင့်ကြံခြင်းအတွက် အသုံးပြုနိုင်သည်။
ဥပမာအနေဖြင့် လုံလောက်သောကြွယ်ဝမှုကြောင့် လျှိုဟုန်နှင့် တာအိုဆရာတယန်က မိုင်သုံးသိန်းအကွာတွင်ရှိသော မြို့သို့သွားပြီး ဓားဆေးလုံးနှစ်လုံးကို ဝယ်ယူခဲ့သည်။
နှင်းပွင့်၊ လေပြင်း …
ထို့ကြောင့် ဟန်မူယဲ့တွင် ဓားဆေးလုံးခြောက်လုံးရှိနေပြီး ကြယ်သုံးလုံးဓားဝင်္ကပါနှစ်ခုကို တည်ဆောက်နိုင်သည်။
ကြယ်သုံးလုံးဓားဝင်္ကပါနှစ်ခု၏စွမ်းအားသည် သူ့တိုက်ခိုက်နိုင်စွမ်းကို အဆပေါင်းများစွာတိုးလာစေနိုင်သည်။
မူလမီးတောက်ကမ္ဘာ၊ ကြယ်ကောင်းကင်၏အပြင်ဘက် …
ဒါဇင်နှင့်ချီသော အစိမ်းရောင်ဝတ်စုံနှင့်ကျင့်ကြံသူများက ထောင်ချီနေသော သန္ဓေပြောင်းအာကာသသားရဲများကို မူလမီးတောက်ကမ္ဘာ၏အပြင်တွင်ရပ်နေသော ဟန်မူယဲ့ဆီသို့ ဦးဆောင်လာသည်။
ထိုကျင့်ကြံသူများအားလုံးက ရွှေအမြုတေအဆင့်တွင် ရှိနေသည်။ သူတို့က အလင်းစီးကြောင်းများကိုထုတ်ဖော်၍ အလွန်အားကောင်းသောတိုက်ခိုက်နိုင်စွမ်းကို ပြသခဲ့သည်။
သန္ဓေပြောင်းအာကာသသားရဲများတွင် အလွန်ကြံ့ခိုင်သော ကြွက်သားနှင့်အရိုးများရှိသည်။ သူတို့က တောင်ပံကိုဖြန့်ထုတ်ထားပြီး ကောင်းကင်နှင့်အပြည့် ရှိနေသည်။
ကောင်းကင်ဘုံအဆင့်သို့ ဝင်ရောက်ခါစဖြစ်သော ကျင့်ကြံသူကြီးတစ်ယောက်ကတောင် သူတို့ကို ရင်ဆိုင်နိုင်မည်မဟုတ်ပေ။
ဟန်မူယဲ့က သူ့ဆီသို့တိုးဝင်လာသော တိမ်တိုက်ကောင်းကင်ကမ္ဘာ၏ ကျင့်ကြံသူများနှင့် ထူးဆန်းသောသားရဲများကို ကြည့်လိုက်ပြီး ဓားအလင်းခြောက်ခုကို ထုတ်ဖော်လိုက်သည်။
“ဘုန်း ....”
အဝေးတစ်နေရာတွင် ချီစွမ်းအင်အလင်းရောင် ဖျတ်ခနဲလက်သွားပြီး မီးတောက်များ ပေါ်ထွက်လာသည်။
ခေါင်းဆောင်တောက်ရင်က ဓားရှည်တစ်လက်ကိုင်ထားပြီး ရှေ့တက်လိုက်သည်။
ယခုအချိန်တွင် သူက အချိန်မရွေး ကျင့်ကြံဆင့်ချိုးဖောက်နိုင်သည်။ သို့သော် မူလမီးတောက်ကမ္ဘာကို ကာကွယ်ရန်အတွက် အချိန်အတိုင်းအတာတစ်ခုအထိ အဆင့်မတက်ရန် ဆုံးဖြတ်ခဲ့သည်။
မူလမီးတောက်ကမ္ဘာက ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူများကိုပဲ နေထိုင်ခွင့်ပြုသည်။ ကောင်းကင်ဘုံတစ်ဝက်အဆင့်ထက် ကျော်လွန်သွားလျှင် ကမ္ဘာ၏ ကောင်းကင်နှင့်မြေကြီးစွမ်းအားက နှင်ထုတ်လိမ့်မည်။
မူလမီးတောက်ကမ္ဘာက ကမ္ဘာကြီးတစ်ခုမဟုတ်ပေ။ သို့သော် ထိုကမ္ဘာ၏ ကောင်းကင်နှင့်မြေကြီးစွမ်းအားကို ကောင်းကင်ဘုံအဆင့်သို့ ဝင်ရောက်ခါစကျင့်ကြံသူများ မခုခံနိုင်ပေ။
“တိမ်တိုက်ကောင်းကင်ကမ္ဘာက လက်လျော့မှာမဟုတ်ဘူး။ အရင်ကထက် ကျွမ်းကျင်သူတွေပိုလွှတ်လိုက်တယ်”
ခေါင်းဆောင်တောက်ရင်က ဓားကိုသိမ်းလိုက်ပြီး နက်ရှိုင်းသောအသံဖြင့် ပြောသည်။
သူ့စကားကို ကြားလိုက်ရသောအခါတွင် ဟန်မူယဲ့က ခပ်ဟဟရယ်လိုက်ပြီး ပြောသည်။ “အဲဒါက ခေါင်းဆောင်လိုချင်တာမဟုတ်ဘူးလား”
ခေါင်းဆောင်တောက်ရင်၏မျက်နှာက တောင့်တင်းသွားပြီး ရယ်လိုက်သည်။
“ကောင်စုတ်လေး၊ မင်းဆီကနေ ဘာကိုမှဖုံးကွယ်ထားလို့မရဘူးပဲ” ခေါင်းဆောင်တောက်ရင်၏မျက်နှာပေါ်တွင် ဂုဏ်ယူမှုများဖြတ်ပြေးသွားပြီး အဝေးတစ်နေရာကို ကြည့်သည်။
“မူလမီးတောက်ကမ္ဘာရဲ့အကူအညီနဲ့ ငါက ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူတစ်ယောက်ကို တိုက်ခိုက်နိုင်ခဲ့တယ်”
“အဲဒီကောင်တွေက ငကြောက်တွေပဲ။ ငါက ကောင်းကင်ဘုံအဆင့်ကိုရောက်သွားရင် သူတို့ကို ခွေးလိုမျိုးနှိပ်စက်ပစ်မယ်”
ထို့နောက် သူက နားရွက်တက်ချိတ်အောင်ပြုံးသည်။
“အလကားကုန်းဆင်းနေတဲ့ ကောင်းချန်ကုန်းကိုတွေ့ရင် သူ့ကို ပါးစပ်အဟောင်းသားဖြစ်သွားအောင် လုပ်ပစ်ရမယ်”
ဓားစံအိမ်၏ အကြီးအကဲကောင်းသည် တောင်ပိုင်းကုန်းမြေတွင် ကောင်းမွန်စွာလုပ်ဆောင်နေသည်ဟု ပြောကြသည်။ သူက အလယ်ပိုင်းကုန်းမြေစစ်တပ်ထဲတွင် ရာထူးတချို့ရထားသည်။
မူမိသားစုခေါင်းဆောင်နှင့် တခြားလူများ၏သတင်းအချက်အလက်အရ အကြီးအကဲကောင်းက လှောင်ပြောင်မှုများကိုသည်းခံ၍ အလယ်ပိုင်းကုန်းမြေစစ်တပ်၏ယုံကြည်မှုကို ရခဲ့သည်။ သူက သူတို့၏လက်ထဲမှ အနောက်ဘက်နယ်စပ်ကုန်းမြေသို့ ထွက်ပြေးလာရန် စီစဉ်နေသည်။
ဟန်မူယဲ့က ထိုသတင်းများကို အပြည့်အဝမယုံပေ။
“ခေါင်းဆောင်၊ လင်တောက်တာအိုဂိုဏ်းက ကျားလင်မြစ်ဘေးမှာ ပြိုင်ပွဲလုပ်ဖို့ဆုံးဖြတ်ခဲ့တယ်။ အဲဒါက ဘာကိုဆိုလိုတာလဲ”
ဟန်မူယဲ့က မူလမီးတောက်ကမ္ဘာထဲသို့ ပြန်ဝင်သွားပြီး မူလမီးတောက်နန်းတော်နှင့် ပေတစ်သောင်းအကွာတွင်ရပ်၍ ပြောလိုက်သည်။
ပြိုင်ပွဲစင်မြင့်ကို လင်တောက်တာအိုဂိုဏ်းက စီစဉ်ထားသည်။ ထိုပြိုင်ပွဲနေရာကို သီးသန့်ကျင့်ကြံရာမှ ထွက်လာတော့မည်ဖြစ်သော မျက်နှာတစ်ထောင်သူတော်စင်က ပြင်ဆင်ခဲ့သည်ဟု ပြောသည်။
သူက အနောက်ဘက်နယ်စပ်ကုန်းမြေ၏ နံပတ်တစ်ကျင့်ကြံသူဖြစ်သောကြောင့် သူပြောလိုက်သောအခါတွင် ပြိုင်ပွဲနေရာကို ပြောင်းလဲရန်မဖြစ်နိုင်တော့ပေ။
“ကျားလင်မြစ်က မြောက်ပိုင်းကနေ စီးဆင်းလာတယ်။ ပြီးတော့ အနောက်ဘက်နယ်စပ်ကုန်းမြေနဲ့ တောင်ပိုင်းကုန်းမြေကိုဖြတ်သန်းပြီး အရှေ့ပင်လယ်ထဲကို စီးဝင်တယ်”
ခေါင်းဆောင်တောက်ရင်က မျက်လုံးများမှေးကျဉ်းလိုက်ပြီး လေးနက်သောအသံဖြင့် ပြောသည်။
“လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာတုန်းက အရှေ့ပင်လယ်ရဲ့မိစ္ဆာကြီးတွေ ရောက်လာခဲ့တယ်။ သူတို့က တောင်ပိုင်းကုန်းမြေကို ဖြတ်ကျော်လာပြီး ကျားလန်မြစ်အတိုင်း အနောက်ဘက်နယ်စပ်ကုန်းမြေကို ရောက်လာတယ်”
“အဲဒီမိစ္ဆာတွေက မြောက်ပိုင်းကိုဦးတည်သွားပြီး အဲဒီမှာနေထိုင်တယ်လို့ ပြောကြတယ်”
“လင်တောက်တာအိုဂိုဏ်းက အဲဒီမိစ္ဆာအုပ်စုနဲ့ သဘောတူညီချက်တချို့ရှိတယ်လို့ သတင်းကြားရတယ်”
ခေါင်းဆောင်တောက်ရင်က ဟန်မူယဲ့ကိုလှည့်ကြည့်လိုက်ပြီး တီးတိုးပြောသည်။
“ငါတို့ရဲ့ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက ဒီကမ္ဘာငယ်ကိုမှီခိုပြီး အရှေ့ပင်လယ်ရဲ့ ထန်တောင်ကုန်းဓားဂိုဏ်းနဲ့ မဟာမိတ်ဖွဲ့နိုင်ခဲ့တယ်။ တခြားဂိုဏ်းတွေမှာလည်း ပြင်ပအကူအညီတွေ ရှိတယ်”
ဟန်မူယဲ့က ခေါင်းညိတ်သည်။
ခေါင်းဆောင်တောက်ရင်နှင့် ဂိုဏ်းအကြီးအကဲများ၏ပြောစကားအရ ဂိုဏ်းကိုးဂိုဏ်းပြိုင်ပွဲကျင်းပသောအခါတွင် အနောက်ဘက်နယ်စပ်ကုန်းမြေ၌ တစ်ခါမှမမြင်ဘူးသော ကျွမ်းကျင်သူများ ပေါ်လာတတ်သည်။
ဤတစ်ကြိမ်တွင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကလည်း ထန်တောင်ကုန်းဓားဂိုဏ်း၏ တပည့်ငယ်တချို့ကို ဆွဲခေါ်ထားသည်။
ထန်တောင်ကုန်းဓားဂိုဏ်း၏ ရှောက်ယိုစွန်းသည် မူလမီးတောက်ကမ္ဘာ၌ လုကောတို့နှင်အတူရှိနေပြီး တခြားကမ္ဘာမှကျင့်ကြံသူများကို အမဲလိုက်နေသည်။
“ဟမ် ....”
ခရာသံပေါ်ထွက်လာပြီး ကောင်းကင်ထက်တွင် သဘာဝစွမ်းအင်အလင်း တောက်ပလာသည်။
လူများ တစ်ယောက်ပြီးတစ်ယောက် ပြန်ရောက်လာသည်။
တစ်ရက်အကြာတွင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ တပည့်ငယ်များအားလုံး စုစည်းခဲ့သည်။
မျက်လုံးကို အနက်ရောင်အဝတ်စနှင့်ဖုံးအုပ်ထားသော လုကောက အတော်လေးသန်မာလာသည်။ သူက အနက်ရောင်သံချပ်ကာဝတ်စုံကို ဝတ်ထားသည်။
ယခုအချိန်တွင် သူ့ကျင့်ကြံခြင်းက ကမ္ဘာမြေသွေးကြောဖွင့်အဆင့်၏ အထွတ်အထိပ်တွင် ရှိနေသည်။
သို့သော် သူ့ခွန်အားက သွေးကြောဖွင့်အဆင့်ထက် အဆပေါင်းများစွာသာလွန်သည်။ ဝိညာဉ်နိုးထခြင်းအဆင့်ကျင့်ကြံသူကတောင် သူ၏ ဓားတစ်ချက်ကို ခုခံနိုင်မည်မဟုတ်ပေ။
သူက ဓားအဖြစ်ပြောင်းလိုက်ပြီး တခြားကမ္ဘာမှ ရွှေအမြုတေတတိယအဆင့်ကျင့်ကြံသူကို တစ်ချက်တည်း သတ်ဖြတ်ခဲ့သည်။
၂နှစ်ကြာအောင် လေ့ကျင့်ပြီးသောအခါတွင် လုကောက ကိုယ်ပိုင်ဝိညာဉ်ဓားနှင့် ပေါင်းစပ်နိုင်ခဲ့သည်။ သူက ဓားနှင့် တစ်သားတည်းဖြစ်သွားပြီး ဓားအဖြစ်ပြောင်း၍ အစွမ်းကုန်တိုက်ခိုက်နိုင်သည်။
သူက ဓားစစ်သည်နည်းစနစ်၏ပထမအဆင့်ကို ကျွမ်းကျင်သွားပြီဟု ပြောနိုင်သည်။
ထို့နောက် သူက ပေါင်းစပ်ထားသောဓား၏ခွန်အားကို ဆက်တိုက်မြှင့်တင်ပေးရမည်။ ထိုသို့ဆိုလျှင် သူက ဓားနှင့်အတူ အဆင့်တက်နိုင်လိမ့်မည်။
လူနှင့်ဓားကို ပေါင်းစပ်နိုင်ခြင်းသည် ဓားစစ်သည်နည်းစနစ်၏ ပထမအဆင့်ပဲ ရှိသေးသည်။
လုကော၏တိုးတက်မှုက လျင်မြန်သည်။ ဂိုဏ်း၏ တခြားတပည့်များကလည်း ကျင့်ကြံဆင့်နှင့် တိုက်ခိုက်နိုင်စွမ်းများ တိုးတက်လာကြသည်။
စကားနည်းသောဟယ်ရွှမ်ချီက ဓားနှစ်လက်ကိုကိုင်ထားပြီး ကြမ်းတမ်းစွာတိုက်ခိုက်နေသည်။
သူက ငါးမျှားခြင်းဓားနည်းစနစ်ကို အဆင့်သစ်တစ်ခုသို့ရောက်အောင် လေ့ကျင့်ထားနိုင်ခဲ့သည်။
ဂိုဏ်း၏ တိုက်ရိုက်တပည့်များလည်း ရှိသည်။ စုန့်ခုနစ်၊ ချီဆယ့်သုံး၊ စုဆယ့်ရှစ်နှင့် တခြားသူများဖြစ်သည်။ လွန်ခဲ့သော၂နှစ်နှင့် ယှဉ်ကြည့်လိုက်လျှင် သူတို့က အလွန်ပြောင်းလဲသွားသည်။
ယခုအချိန်တွင် သူတို့အားလုံးက တည်ငြိမ်ပြီး ခိုင်မာမှုရှိသည်။ သူတို့၏ တိုက်ခိုက်လိုစိတ်နှင့် ဓားဆန္ဒများ ပေါင်းစပ်သွားသည်။
မူလမီးတောက်ကမ္ဘာတွင် ကျင့်ကြံဆင့်နှင့် တိုက်ခိုက်နိုင်စွမ်းမြင့်မားသော တခြားကမ္ဘာမှကျင့်ကြံသူများနှင့် ၂နှစ်ကြာသည်အထိ တိုက်ခိုက်ခဲ့ပြီး သေလုမျောပါးအခြေအနေများကို ကြုံတွေ့ခဲ့ရသည်။ သူတို့က ထိုအခြေအနေကို ကျော်လွှားပြီး လူသစ်များအဖြစ် ပြန်လည်မွေးဖွားလာသည်။
လွန်ခဲ့သော၂နှစ်တွင် မူလမီးတောက်ကမ္ဘာသို့ အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ လက်ရွေးစင်တပည့်ငါးရာကျော်ဝင်ရောက်ခဲ့သော်လည်း တပည့်သုံးရာပဲ ရှင်သန်နိုင်ခဲ့သည်။
သူတို့က ဓားကျင့်ကြံသူတစ်ယောက်ဖြစ်လာရန် ရွေးချယ်ခဲ့သောကြောင့် သေဆုံးခြင်းအတွက် ပြင်ဆင်ထားရမည်။
လူများ တိတ်ဆိတ်စွာစုစည်းလာပြီး သူတို့၏ခန္ဓာကိုယ်ပေါ်တွင်ရှိသော သတ်ဖြတ်လိုစိတ်များက ဖြည်းဖြည်းချင်းစုစည်းလာသည်။
ဟန်မူယဲ့က ယန်မင်ရွှမ်ကိုကြည့်သည်။
အနက်ရောင်ဝတ်စုံနှင့် ယန်မင်ရွှမ်၏ပတ်ဝန်းကျင်တွင် မည်သူမှမရှိပေ။
သူက ခန္ဓာကိုယ်ပေါ်ရှိ လူသတ်ငွေ့များကို ထိန်းချုပ်ထားသော်လည်း ကြောက်မက်ဖွယ်ကောင်းနေဆဲဖြစ်သည်။
ဤနေရာတွင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ လက်ရွေးစင်တပည့်များနှင့် ပြည့်နေသည်။ လူအများစုက ကမ္ဘာမြေအဆင့်တွင်ဖြစ်ပြီး တချို့က အမြုတေစုစည်းခြင်းအဆင့်သို့ ရောက်တော့မည်ဖြစ်သည်။
စုန့်ချီနှင့် ကျန်လူများအားလုံးက ဝိညာဉ်နိုးထခြင်းအဆင့်မြင့်အဆင့်တွင် ရှိနေသည်။
ထိုကျင့်ကြံဆင့်က ဂိုဏ်းအကြီးအကဲတစ်ယောက်နှင့် ယှဉ်နိုင်သည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ တပည့်များထဲတွင် သွေးကြောဖွင့်တတိယအဆင့်သို့ရောက်နေသော ယန်မင်ရွှမ်၏ကျင့်ကြံခြင်းသည် အမြင့်ဆုံးမဟုတ်ပေ။ သူက တခြားလူများထက် နောက်ကျနေသေးသည်။
သို့သော် သူ့တိုက်ခိုက်နိုင်စွမ်းနှင့် တိုက်ပွဲရလဒ်များက ထိပ်ဆုံးတွင်ရှိသည်။