အခန်း (၃၂၇)
Vol. 24 Ch. 327
လုကောက ဓားစစ်သည်နည်းစနစ်ကို လေ့ကျင့်ပြီး လူက ဓားဖြစ်သည်။ သူက စိုးရိမ်ရန်မလိုအပ်ဘဲ ရှေ့တက်သွားနိုင်သည်။
ယန်မင်ရွှမ်ကလည်း ဓားစစ်သည်နည်းစနစ်ကို ကျင့်ကြံသည်။ သို့သော် သူပေါင်းစပ်ထားသောဓားက လုကောနှင့်မယှဉ်နိုင်ဘဲ ပေါင်းစပ်ထားသောနှုန်းကလည်း လုကောထက် အလွန်နိမ့်သည်။
သို့သော် ယန်မင်ရွှမ်က ကြောက်ရွံ့စိတ်ကင်းမဲ့သော တိုက်ခိုက်ရေးနည်းစနစ်များကိုထုတ်သုံး၍ နေရာအနှံ့တွင် သတ်ဖြတ်ခဲ့သည်။
ယန်မင်ရွှမ်က သတ်ဖြတ်မှုတွင် သူ့ထက်ရူးသွပ်သည်ဟု လုကောက ပြောခဲ့သည်။
သူက ၂နှစ်အချိန်အတွင်း၌ ရွှေအမြုတေကျွမ်းကျင်သူငါးယောက်ကျော်ကို သတ်ဖြတ်ခဲ့သည်။
သွေးကြောဖွင့်ကျွမ်းကျင်သူများက သူ့ကိုတွေ့ရလျှင် ချက်ချင်းထွက်ပြေးကြသည်။
ကမ္ဘာခြားကျင့်ကြံသူများက သူ့ကို ဝတ်စုံနက် သတ်ဖြတ်ခြင်းနတ်ဘုရားဟု ခေါ်ကြသည်။
ဟန်မူယဲ့က ယန်မင်ရွှမ်၏အခြေအနေနှင့်ပတ်သတ်၍ ဝင်မပါခဲ့ပေ။
ဓားကျင့်ကြံသူများက သတ်ဖြတ်ခြင်းကိုအာရုံစိုက်၍ တိုက်ခိုက်နိုင်စွမ်းတိုးလာရန် မပြုလုပ်သော်လည်း ယန်မင်ရွှမ်က ခြွင်းချက်ဖြစ်သည်။
ယန်မင်ရွှမ်က ဂိုဏ်းကိုးဂိုဏ်းပြိုင်ပွဲတွင် ထင်ရှားလာပြီး ယန်တင်းရှန်၏ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးချင်လျှင် အရူးတစ်ယောက်၏ဆုံးဖြတ်ချက်နှင့် နည်းလမ်းများကို ပိုင်ဆိုင်ထားရန်လိုအပ်သည်။
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး အောက်တွင်ရှိသောလူများကို ကြည့်သည်။
“အားလုံးပဲ မင်းတို့က ဂိုဏ်းကိုးဂိုဏ်းပြိုင်ပွဲမှာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ဂုဏ်သတင်းကို မြှင့်တင်ဖို့အတွက် အလုပ်ကြိုးစားခဲ့တယ်”
“၂နှစ်ကြာသွားပြီ။ အခု ထွက်သွားဖို့ အချိန်ကျလာပြီ”
ဟန်မူယဲ့၏အသံကို ကြားလိုက်ရသောအခါတွင် သူတို့အားလုံး၏မျက်နှာထားက ရှုပ်ထွေးသွားသည်။
‘၂နှစ်ကြာသွားပြီလား’
‘ငါတို့က အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ အံ့ဖွယ်ကိုးပါးတောင်ကို ပြန်ရတော့မှာလား’
‘ငါတို့က ဒီဆန်းကြယ်နယ်မြေမှာ ရှင်သန်နိုင်ခဲ့ပြီပဲ’
ထူးဆန်းသောခံစားချက်များ ပျံ့နှံ့လာသည်။
ထိုအရာသည် မဖော်ပြနိုင်လောက်သော ခံစားချက်တစ်ခုဖြစ်သည်။ ထိုခံစားချက်က မျှော်လင့်ခြင်း၊ ဖိနှိပ်ခြင်း၊ ကောင်းကင်ထက်တွင် ပျံသန်းလိုခြင်း၊ ဓားနှင့်အတူ သောင်းကျန်းလိုခြင်းဖြစ်သည်။
၂နှစ်ကြာအောင် ကြိုးစားလေ့ကျင့်ပြီး အဆုံးမရှိသောသတ်ဖြတ်မှုများ ပြီးသွားသောအခါတွင် ဂိုဏ်းကိုးဂိုဏ်းကို ပြန်လည်ဖွဲ့စည်းတော့မည်ဖြစ်သည်။
ဓားဆန္ဒများ ရုတ်တရက်ပေါ်ထွက်လာသည်။
ဓားအလင်းက တိမ်တိုက်များကို ပြန့်ကျဲသွားစေသည်။
ဟန်မူယဲ့က တစ်ဖက်သို့လှည့်ပြီး ခေါင်းဆောင်တောက်ရင်ကို ခေါင်းညိတ်ပြသည်။
တိုက်ခိုက်လိုစိတ်များကို အသုံးပြုနိုင်သည်။
ဟန်မူယဲ့က အဝေးတစ်နေရာတွင် ဦးညွှတ်နေသော နန်းတော်သခင်၊ အကြီးအကဲနှင့် တခြားလူများကိုကြည့်လိုက်ပြီး လက်မြှောက်သည်။ ချီစွမ်းအင်အလင်းက အောက်တွင်ရှိသောလူအားလုံးကို လွှမ်းခြုံသွားသည်။
သူတို့ ပြန်ပေါ်လာသောအခါတွင် နေမင်းရောင်ဝါနန်းတော်ဟောင်းသို့ ရောက်နေသည်။
ဤနေရာက ပြောင်းလဲသွားခဲ့သည်။
ဝင်္ကပါ၏ကာကွယ်မှုကြောင့် နီရဲနေသောတောင်တန်းများသည် အစိမ်းရောင်သန်းလာခဲ့သည်။
ပျက်စီးနေသောနံရံများကို သန့်ရှင်းထားပြီး ခန်းဆောင်အများအပြားကို ပြန်လည်တည်ဆောက်ခဲ့သည်။
ပန်းပွင့်ရွက်ကြွေခန်းဆောင်က သူတို့၏လုပ်ငန်းကို ပြောင်းလဲလိုက်ပြီး စီးပွားရေးလုပ်ခဲ့သည်။
မူလမီးတောက်ကမ္ဘာ၏ဓားအများစုကို ခုန်းချောင်တိလွှတ်လိုက်သောလူက ယူသွားလိမ့်မည်။ သို့သော် ဓားတချို့ ကျန်ရစ်နေသေးသည်။
နှစ်စဉ်နှစ်တိုင်း ဒါဇင်ချီသော သို့မဟုတ် ရာချီသော ဝိညာဉ်တစ်ဝက်အဆင့်လက်နက်များကို ထုတ်လုပ်ပေးသည်။ ထိုလက်နက်များသည် ဝိညာဉ်ကျောက်တုံး နှစ်သန်း၊ သုံးသန်းခန့် တန်ကြေးရှိသည်။
အနောက်ဘက်နယ်စပ်ကုန်းမြေသည် ထိုသို့ ဈေးမကြီးသောဓားများကို လိုအပ်သည်။
သန်းအနည်းငယ်ရှိသော ဝိညာဉ်ကျောက်တုံးများက ထန်ယွမ်ဟောင်၏ ပန်းပွင့်ရွက်ကြွေခန်းဆောင်မှ ခေါင်းဆောင်ရာထူးကို တည်မြဲနေစေသည်။
ပန်းပွင့်ရွက်ကြွေခန်းဆောင်ကို နေမင်းရောင်ဝါနန်းတော်၏အမွေအနှစ်အား လက်ဆင့်ကမ်းနိုင်ရန်အတွက် ဆည်းဆာနေမင်းဂိုဏ်းဟု အမည်ပေးခဲ့သည်။
ဟန်မူယဲ့နှင့်တခြားလူများက တည်နေရာရွှေ့ပြောင်းခြင်းနေရာမှ ထွက်လာသောအခါတွင် ထန်ယွမ်ဟောင်က သူတို့ကို နှုတ်ဆက်လိုက်သည်။
တစ်နာရီအကြာတွင် သင်္ဘောပျံသုံးစင်းက တိတ်ဆိတ်စွာထွက်ခွာသွားသည်။
သင်္ဘောပျံများက လမ်းတွင် မရပ်နားခဲ့ပေ။ ငါးရက်အကြာတွင် သူတို့က အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသို့ ပြန်ရောက်လာသည်။
လက်ရွေးစင်တပည့်များက ကိုယ်ပိုင်နေရာများတွင် အနားယူလိုက်ကြသည်။ ဟန်မူယဲ့က လုကောနှင့် ယန်မင်ရွှမ်ကိုဦးဆောင်၍ ဓားစံအိမ်သို့ ပြန်လာသည်။
လျှိုဟုန်နှင့် တခြားလူများက လုကောတို့ကို ၂နှစ်ကြာသည်အထိ မတွေ့ခဲ့ရပေ။ ထို့ကြောင့် သူတို့က ညစာစားပွဲကြီးတစ်ခု ကျင်းပရမည်။
လုကောနှင့်လျှိုဟုန်က ဂိုဏ်း၏ အပြင်စည်းညစာခန်းဆောင်သို့ သွားလိုက်ပြီး လမ်းတစ်လျှောက်တွင် နှုတ်ဆက်ခံခဲ့ရသည်။
လုကောက ပြုံးနေသည်။
သူတို့က လမ်းလျှောက်လာသောအခါတွင် လူတစ်ယောက်က စပ်စုလိုစိတ်များနှင့် တီးတိုးမေးသည်။ “စီနီယာအစ်ကို၊ အဲဒီမျက်စိကန်းနေတဲ့လူက ဘယ်သူလဲ။ သူက ဘာဖြစ်လို့ စီနီယာအစ်ကိုလျှိုဟုန်နဲ့ ရှိနေတာလဲ”
သူ့စကားကို ကြားလိုက်ရသောအခါတွင် အစိမ်းရောင်ဝတ်စုံနှင့်လူငယ်၏မျက်နှာထားက ပြောင်းလဲသွားသည်။
“မျိုးမစစ်၊ မင်းက စီနီယာအစ်ကိုလုကောကိုတောင် မသိဘူးလား။ မင်းက စီနီယာအစ်ကိုလုကို မျက်စိကန်းနေတယ်လို့ ပြောရဲတယ်ပေါ့လေ”
“စီနီယာအစ်ကိုလုက ဓားစံအိမ်ရဲ့ ဂိတ်စောင့်တစ်ယောက်ပဲ။ သူက ဓားဂိုဏ်းရဲ့အစေခံတွေကြားမှာ ဒဏ္ဍာရီလာပုဂ္ဂိုလ်ပဲ”
လက်ထဲတွင် ပေါက်စီတချို့ကိုင်ထားသော မီးခိုးရောင်ဝတ်စုံနှင့်တပည့်က ပြောလိုက်သည်။
“စီနီယာအစ်ကိုလုက အသက်စွန့်ပြီး ဓားစံအိမ်ကို ကာကွယ်ခဲ့တယ်။ သူ့မျက်လုံးတွေ ထိုးဖောက်ခံလိုက်ရပေမဲ့ တစ်လှမ်းမှ နောက်မဆုတ်ခဲ့ဘူး။ ဂိုဏ်းတပည့်တွေအားလုံးက သူရဲ့သစ္စာတရာကို လေးစားကြတယ်”
“ဓားစံအိမ်ရဲ့အကြီးအကဲဟန်က ဓားအင်မော်တယ်ပဲ။ သူက နတ်တစ်ပါးလိုပဲ”
“စီနီယာအစ်ကိုဟွမ်လောင်လျှိုက သဘောကောင်းတယ်”
“စီနီယာအစ်ကိုလုရဲ့ သစ္စာတရားနဲ့ သတ္တိရှိစိတ်က ပြိုင်ဘက်ကင်းတယ်”
“ပြီးတော့ လေ့ကျင့်ရေးမှူးလင်း၊ စီနီယာအစ်ကိုလျှို ....”
ထမင်းစားခန်းဆောင်တွင် စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်နေသည်။
လုကော၏ခြောက်ယောက်မြောက်အစ်ကိုက တိမ်မြုံကမ်းပါးတိုက်ပွဲတွင် မိစ္ဆာအဖြစ် ပြောင်းလဲသွားသည်။ အကြီးအကဲဟန်က ကောင်းကင်မိစ္ဆာကို တစ်ယောက်တည်းသတ်ဖြတ်ခဲ့သည်။
တပည့်အသစ်များက ထိုပုံပြင်များကို ကြားဖူးသော်လည်း ထပ်ကြားလိုက်ရသောအခါတွင် သွေးများဆူပွက်လာသည်။
“ဓားစံအိမ်ကို သွားချင်လိုက်တာ ....”
တပည့်အသစ်တစ်ယောက်က ရှေ့တွင်ရှိသော ပေါင်းခံထားသည့်ပေါက်စီကို ပွတ်သပ်လိုက်ပြီး တီးတိုးပြောသည်။
“ဓားစံအိမ်ကို သွားချင်တာလား”
မျက်နှာချင်းဆိုင်တွင်ရှိနေသော အပြင်စည်းတပည့်က ရယ်လိုက်သည်။
“ကောင်းပြီလေ။ အပြင်စည်းတပည့်ရဲ့ ထိပ်ဆုံးတစ်ရာထဲကို ဝင်အောင်ကြိုးစားပြီး ဓားစံအိမ်ကို ဓားလက်ခံဖို့ သွားလိုက်လေ။ ကံကောင်းရင် မင်းက အကြီးအကဲဟန်ရဲ့လမ်းညွှန်မှုကိုရပြီး ကောင်းကင်ပေါ်မှာ တစ်ခါတည်းပျံသန်းနိုင်လိမ့်မယ်”
အပြင်စည်းတပည့် ထိပ်ဆုံးတစ်ရာ။
တပည့်အသစ်များ၏မျက်လုံးထဲတွင် မီးတောက်များပေါ်ထွက်လာသည်။
လက်ရွေးစင်တပည့်များပြန်လာသောကြောင့် တိတ်ဆိတ်နေသော အံ့ဖွယ်ကိုးပါးတောင်သည် အသက်ဝင်လာခဲ့သည်။
အတွင်းစည်းနှင့် အပြင်စည်း၏ အမျိုးမျိုးသောဒဏ္ဍာရီပုံပြင်များကို ကြားနိုင်သည်။
“မင်းကြားပြီးပြီလား။ အတွင်းစည်းရဲ့ ၃၇ယောက်မြောက်တပည့်တောက်ရှစ်ဟယ်က ကမ္ဘာမြေအဆင့်ကို ရုတ်တရက်ရောက်သွားခဲ့တယ်။ သူ့ဓားပညာရပ်ကလည်း ဓားဆန္ဒအငွေ့အသက်တစ်ခုအဖြစ် ပြောင်းလဲနေပြီ”
တပည့်တစ်ယောက်က အပြင်စည်း၏ သင်ကြားရေးခန်းဆောင်သို့ စိတ်လှုပ်ရှားစွာပြေးဝင်လာပြီး သူရထားသောသတင်းကို ပြောလိုက်သည်။
“ဘယ်လိုလုပ်ပြီး သိလာတာလဲ”
“ငါက သစ်သားမျိုးဆက် နွယ်စိမ်းဂိုဏ်းရဲ့ တပည့်ပဲ။ ငါတို့ဂိုဏ်းမှာ စီနီယာအစ်ကိုတောက်ရဲ့ ညီလေးရှိတယ်။ အဲဒါကြောင့် ငါသိလာတာပေါ့”
ထိုတပည့်က ဂုဏ်ယူနေသောမျက်နှာထားဖြင့် ပြောလိုက်သည်။
ထိုတပည့်၏စကားသည် အားကျသောအကြည့်များကို ဆွဲဆောင်လိုက်သည်။
“သတင်းကြီးပဲ၊ အတွင်းစည်းရဲ့ ဆယ်ယောက်မြောက်တပည့် စီနီယာအစ်ကိုရွှမ်ချီက တိုက်ရိုက်တပည့်အဖြစ် အဆင့်တက်သွားပြီ”
သင်ကြားရေးခန်းဆောင်ထဲတွင် တပည့်တစ်ယောက်က အော်ဟစ်လိုက်သည်။
“တိုက်ရိုက်တပည့်”
“သူက ဘယ်လိုလုပ်ပြီး တိုက်ရိုက်တပည့်ဖြစ်သွားတာလဲ။ အတွင်းစည်းတပည့်တွေက အရင်ဆုံး အဓိကတပည့်ဖြစ်လာရမှာမဟုတ်လား”
“မဖြစ်နိုင်ဘူး။ ဂိုဏ်းက တိုက်ရိုက်တပည့်တွေကို သုံးနှစ်ကြာအောင် လက်မခံခဲ့ဘူး။ နောက်ဆုံးလက်ခံခဲ့တဲ့တိုက်ရိုက်တပည့်က ဓားစံအိမ်ရဲ့ အကြီးအကဲဟန်ပဲ”
သင်ကြားရေးခန်းဆောင်ထဲတွင် ဆွေးနွေးသံများပေါ်ထွက်လာသည်။
လတ်တစ်လောတွင် ဂိုဏ်း၏တိုက်ရိုက်တပည့်များသည် ပြင်းထန်သောမတော်တဆမှုများကို ကြုံတွေ့ခဲ့ရသည်။ သို့သော် သူတို့ကို လွယ်ကူစွာအစားထိုးမည်မဟုတ်ပေ။
“အဲဒီသတင်းက အမှန်ပဲ။ စီနီယာအစ်ကိုဟယ်ရွှမ်ချီက အတွင်းစည်းရဲ့ သိုင်းပညာခန်းဆောင်ကို တိုက်ခိုက်ပြီး ဉာဏ်အလင်းပြအကြီးအကဲသုံးယောက်ကို ဓားချက်တစ်ချက်တည်းနဲ့ အနိုင်ယူခဲ့တယ်။ သစ်သားမျိုးဆက်ရဲ့မဟာအကြီးအကဲ ကျန်းကျစ်ဟယ်က သူ့ကို တိုက်ရိုက်တပည့်အဖြစ် ကိုယ်တိုင်လက်ခံခဲ့တယ်”
သူစကားပြောပြီးသွားသောအခါတွင် သင်ကြားရေးခန်းဆောင်သည် တိတ်ဆိတ်သွားသည်။
သူက ဂိုဏ်း၏ဉာဏ်အလင်းပြအကြီးအကဲသုံးယောက်ကို ဓားချက်တစ်ချက်နှင့် အနိုင်ယူခဲ့သည်။
ထိုသို့ ကောင်းမွန်လှသောတိုက်ခိုက်နိုင်စွမ်းကို ပိုင်ဆိုင်ထားသည့်အတွက် တိုက်ရိုက်တပည့်တစ်ယောက်ဖြစ်လာရန် အရည်အချင်းပြည့်မီသည်။
“ငါတို့ဂိုဏ်းက တိုးတက်လာတော့မှာလား ....”
အချိန်အတော်ကြာသွားသောအခါတွင် တပည့်တစ်ယောက်က တီးတိုးရေရွတ်လိုက်သည်။
ထိုအချိန်တွင် အကြီးအကဲတစ်ယောက်က အံ့ဖွယ်ကိုးပါးတောင်ထွတ်၏ ခန်းဆောင်အတွင်း၌ ထိုင်နေသည်။
ဟန်မူယဲ့က ခန်းဆောင်၏ ကိုယ်ပိုင်ထိုင်ခုံတွင် ထိုင်နေသည်။
ခန်းဆောင်၏အလယ်တွင် ရာချီနေသော လက်ရွေးစင်တပည့်များက ဦးညွှတ်ထားပြီး လေးနက်စွာစောင့်ဆိုင်းနေသည်။
ခဏအကြာတွင် ခရမ်းရောင်ဝတ်စုံကိုဝတ်ဆင်ထားသော ထို့ပါ့ချန်နှင့် ငွေရောင်ဆံပင်များရှိနေသော ဂိုဏ်းခေါင်းဆောင်ကျင်းကျီက ခန်းဆောင်အတွင်းသို့ဝင်လာပြီး အမြင့်တစ်နေရာတွင်ရှိနေသောခုံပေါ်၌ ထိုင်လိုက်သည်။
ကျင်းကျီက လက်ကိုဝှေ့ယမ်လိုက်သည်။ ထို့ပါ့ချန်က အသာအယာခေါင်းညိတ်ပြီး ရှေ့သို့တစ်လှမ်းတိုးသည်။
“မင်းတို့က ၂နှစ်ကြာအောင် ကြိုးစားလေ့ကျင့်ခဲ့ကြတယ်။ မင်းတို့ရဲ့ဓားတွေက လုံလောက်အောင် ထက်မြက်နေပြီလား”
သူ့အသံက အေးစက်နေပြီး ကျင့်ကြံသူကြီးတစ်ယောက်၏ဖိအားများကို ထုတ်ပေးနေသည်။
ခန်းဆောင်အတွင်း၌ ဖိအားကြီးတစ်ခုသည် လူတိုင်း၏အပေါ်သို့ ကျဆင်းလာသည်။
သို့သော် ထိုဖိအားအောက်တွင် လက်ရွေးစင်တပည့်များက မျက်မှောင်ကြုတ်သွားခြင်းတောင် မရှိခဲ့ပေ။
ဓားအလင်းများပေါ်ထွက်လာပြီး ထို့ပါ့ချန်၏ဖိအားကို ခုခံလိုက်သည်။
‘ဒီဓားအလင်းတွေက လုံလောက်အောင်သန်မာရဲ့လား’
ကျင်းကျီ၏မျက်လုံးထဲတွင် ကျေနပ်မှုများဖြတ်ပြေးသွားသည်။
သူတို့၏ပတ်ပတ်လည်တွင်ရှိသော အမူအယာကင်းမဲ့နေသည့် ဂိုဏ်းအကြီးများတွင် မတူညီသောမျက်နှာထားများ ဖြစ်ပေါ်လာသည်။
မူလမီးတောက်ကမ္ဘာတွင် လက်ရွေးစင်တပည့်များ ကျင့်ကြံနေခဲ့သောသတင်းသည် ဂိုဏ်း၏ အဆင့်မြင့်ပုဂ္ဂိုလ်များကြားတွင် လျှို့ဝှက်ချက်မဟုတ်ပေ။
လျှို့ဝှက်ချက်အကြောင်း ပြောရမည်ဆိုလျှင် လေ့ကျင့်ရေးအစီအစဉ်ကို ထို့ပါ့ချန်နှင့် မဟာအကြီးအကဲနှစ်ယောက်က ကိုယ်တိုင်စီမံခဲ့သည်။ တခြားလူများသည် ဟန်မူယဲ့ပါဝင်နေကြောင်း မသိကြပေ။
သို့သော် လက်ရွေးစင်တပည့်များသည် ခန်းဆောင်အတွင်း၌ရှိသော ဂိုဏ်းအကြီးအကဲများ၏ တပည့်ဖြစ်သည်။ အကြီးအကဲများက သူတို့ထွက်သွားသောနေရာကို သေချာပေါက်သိလာလိမ့်မည်။
တပည့်များပြန်လာသောအခါတွင် လွန်ခဲ့သော၂နှစ်အတွင်းမှ အတွေ့အကြုံများကို ပြန်လည်တင်ပြခဲ့သည်။
ခေါင်းဆောင်တောက်ရင်၏ဦးဆောင်မှုအောက်တွင် သူတို့က ပြင်ပဘုံကျင့်ကြံသူများကို မူလမီးတောက်ကမ္ဘာထဲတွင် သတ်ဖြတ်ခဲ့သည်။
၂နှစ်ကြာသွားသောအခါ လက်ရွေးစင်တပည့်ငါးရာကျော်တွင် သုံးရာပဲ ပြန်လာနိုင်ခဲ့သည်။
ထိုတပည့်သုံးရာသည် ဂိုဏ်း၏ ထိပ်တန်းကျွမ်းကျင်သူဖြစ်သော ထို့ပါ့ချန်၏အရှိန်အဝါကို လှုပ်ရှားခြင်းမရှိဘဲ တည်ငြိမ်စွာတောင့်ခံနိုင်သည်။
လက်ရွေးစင်တပည့်များ၏ ကျင့်ကြံခြင်းနှင့် တိုက်ခိုက်နိုင်စွမ်းအရ ဂိုဏ်း၏ ထောက်တိုင်များဖြစ်လာသည်။
ဓားအလင်းကိုအသုံးပြု၍ တိတ်ဆိတ်စွာခုခံနေသော တပည့်များကို မြင်လိုက်ရသောအခါတွင် ထို့ပါ့ချန်၏ဖိအားသည် ပျောက်ကွယ်သွားသည်။
သူက တောက်ပနေသောမျက်လုံးများနှင့်အတူ တပည့်များကိုငုံ့ကြည့်သည်။
“လက်ရွေးစင်ငါးရာထဲမှာ မင်းတို့ပဲ ပြန်လာနိုင်ခဲ့တယ်”
“မင်းတို့က ကျဆုံးသွားတဲ့လူတွေရဲ့မျှော်လင့်ချက်ကို သယ်ဆောင်ထားတယ်”
“ငါတို့ရဲ့ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက လှောင်ပြောင်မှုတွေကို နှစ်ထောင်ချီကြာအောင် သည်းခံခဲ့ရတယ်။ မျိုးဆက်တစ်လျှောက်မှာ ဓားစံအိမ်ရဲ့အကြီးအကဲတွေ သေဆုံးသွားခဲ့တယ်။ ဂိုဏ်းအကြီးအကဲအနည်းငယ်ကပဲ ငြိမ်းငြိမ်းချမ်းချမ်းသေသွားနိုင်ခဲ့တယ်”