အခန်း (၃၂၈)
Vol. 24 Ch. 328
“အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ တခြားဂိုဏ်းကြီးတွေက စိုးရိမ်စိတ်နဲ့ ကြောက်ရွံ့စိတ်တွေ ဖြစ်လာမှာကို ရှောင်ရှားဖို့အတွက် ခေါင်းဆောင်တောက်ရင်က ဆယ်စုနှစ်ချီအောင် ဂိုဏ်းကနေ ထွက်သွားခဲ့တယ်”
“အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ ဂိုဏ်းကြီးသုံးဂိုဏ်းက ဖိအားပေးနေတဲ့အတွက် ဓားစံအိမ်ရဲ့အကြီးအကဲ ကောင်းချန်ကုန်းက ဝိညာဉ်လိပ်ပြာဓားကို စတေးခဲ့တယ်”
“အံ့ဖွယ်ကိုးပါးတောင်ရှေ့မှာ”
ထို့ပါ့ချန်က လောင်ကျွမ်းနေသောဖိအားများနှင့်အတူ ပြောလိုက်သည်။
“ဂိုဏ်းခေါင်းဆောင်ကျင်းကျီက ရွှေအမြုတေကို ဖျက်ဆီးခဲ့ရတယ်”
အောက်တွင်ရှိနေသော လက်ရွေးစင်တပည့်များကိုကြည့်လိုက်ပြီး ထို့ပါ့ချန်က စကားတစ်လုံးချင်းစီပြောသည်။
“မင်းတို့ အဲဒါတွေအားလုံးကို မှတ်မိရဲ့လား”
‘မှတ်မိရဲ့လား’
သူတို့ သေချာမှတ်မိသည်။
လက်ရွေးစင်တပည့်များအားလုံးသည် ဂိုဏ်း၏တိုးတက်မှုကို မြင်တွေ့ခဲ့သည်။
ဂိုဏ်း၏ တိုက်ရိုက်မျိုးဆက်များ၊ ဂိုဏ်း၏ ဂုဏ်ကျက်သရေနှင့် အရှက်ရခြင်းကို ဝေမျှထားသော တိုက်ရိုက်တပည့်များသည် ဂိုဏ်း၏ရှင်သန်ခြင်းနှင့်ပတ်သတ်သော တိုက်ပွဲအချို့တွင် ပါဝင်ခဲ့ဖူးသည်။
အံ့ဖွယ်ကိုးပါးတောင်ပေါ်တွင် ခေါင်းလောင်းသံက မကြာခဏ မြည်ဟီးခဲ့သည်။
တိုတောင်းပြီး ဝမ်းနယ်ဖွယ်ကောင်းသောခေါင်းလောင်းသံသည် ဂိုဏ်းတပည့်များ၏ နောက်ဆုံးဂုဏ်ကျက်သရေဖြစ်သည်။
ဓားတစ်လက်ကျိုးပဲ့ခဲ့ပြီး သူတို့၏ဘဝက အဆုံးသတ်သွားသည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်းနှင့် ဓားစံအိမ်ရှိနေလျှင် သူတို့၏ သူရဲကောင်းဆန်သောဝိညာဉ်များသည် အိမ်တစ်လုံးကို ရှာတွေ့နိုင်လိမ့်မည်။
ခန်းဆောင်အတွင်းမှ ကျယ်ပြန့်သောအရှိန်အဝါတစ်ခု ပေါ်ထွက်လာသည်။
တိုက်ခိုက်လိုစိတ်ဖြစ်သည်။
ဓားကျင့်ကြံသူများဖြစ်နေသောကြောင့် သူတို့တွင် တိုက်ခိုက်လိုစိတ်များရှိသည်။
တက်ကြွနေသောတိုက်ခိုက်လိုစိတ်က ပြင်းထန်ပြီး ကျယ်ပြန်သည်။ ခန်းဆောင်၏ခေါင်မိုးကို ထိုးဖောက်သွားမည့်ပုံပေါ်သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါတွင် ခန်းဆောင်အတွင်းရှိအကြီးအကဲများက အပြုံးတစ်ခုနှင့်အတူ ခေါင်းညိတ်သည်။
ဓားကျင့်ကြံသူများသည် သွေးပူနေသင့်သည်။
ထို့ပါ့ချန်က လက်နှစ်ဖက်ကိုနောက်ပစ်ထားပြီး သူတို့ကိုကြည့်သည်။
“ဂိုဏ်းရဲ့ဝိညာဉ်နယ်မြေကို ခုနစ်ရက်ဖွင့်ထားမယ်။ ဆေးခန်းဆောင်ရဲ့ဆေးလုံးတွေကိုလည်း စိတ်ကြိုက်အသုံးပြုနိုင်တယ်”
“ခုနစ်ရက်ကြာရင် ဂိုဏ်းကိုးဂိုဏ်းပြိုင်ပွဲမှာယှဉ်ပြိုင်ဖို့အတွက် မင်းတို့ထဲက ၉၅ယောက်ကို ရွေးချယ်မယ်”
‘၉၅ယောက်တည်းလား’
တပည့်အများအပြားက ထိတ်လန့်စွာမော့ကြည့်သည်။
မူလမီးတောက်ကမ္ဘာတွင် ပိုမိုသန်မာသောလူကို သူတို့အားလုံး သိထားသည်။
တပည့်၉၅ယောက်ကို ရွေးချယ်မည်ဖြစ်သောကြောင့် တပည့်၆၀%ကျော်သည် ထုတ်ပယ်ခံရလိမ့်မည်။
သူတို့က ၂နှစ်ကြာသည်အထိ အသက်လုတိုက်ပွဲများနှင့် ရုန်းကန်ခဲ့ရသော်လည်း ဂိုဏ်းကိုးဂိုဏ်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရခဲ့ပေ။
“ဂိုဏ်းကိုးဂိုဏ်းပြိုင်ပွဲအတွက် ဂိုဏ်းအသီးသီးက တပည့်တစ်ရာကိုပဲ ပို့လိမ့်မယ်”
ထိပ်ဆုံးထိုင်ခုံတွင်ထိုင်နေသော ဂိုဏ်းချုပ်ကျင်းကျီက ပြောလိုက်သည်။
တပည့်များ နားလည်သွားသည်။
ဂိုဏ်းကိုးဂိုဏ်းပြိုင်ပွဲတွင် စည်းကမ်းချက်ရှိနေသည်။
တပည့်အများစုသည် နောင်တရနေပုံပေါ်သည်။
“ဂိုဏ်းကိုးဂိုဏ်းပြိုင်ပွဲမှာ မပါဝင်ရတဲ့အတွက် အခွင့်အရေးတစ်ခုဆုံးရှုံးသွားတယ်လို့ မထင်ကြပါနဲ့”
ထို့ပါ့ချန်က တပည့်များကိုငုံ့ကြည့်လိုက်ပြီး အေးစက်စွာပြောသည်။
“ဒါက မင်းတို့ရဲ့အသက်ကို ကာကွယ်ဖို့အတွက်ပဲ”
သူစကားပြောပြီးသောအခါ ဘေးတွင်ရပ်နေသော အစိမ်းရောင်ဝတ်စုံနှင့်အကြီးအကဲတစ်ယောက်က ထရပ်လိုက်သည်။
ဟန်မူယဲ့က ထိုအကြီးအကဲကို သိနေသည်။ သူသည် ဓားစစ်ပွဲခန်းဆောင်၏အကြီးအကဲ ရှုလင်းကျင်းဖြစ်သည်။
“မင်းတို့က လျှို့ဝှက်နယ်မြေမှာ ၂နှစ်ကြာအောင် လေ့ကျင့်နေခဲ့တယ်။ ဓားစစ်ပွဲခန်းဆောင်က အများအပြားအကုန်အကျခံပြီး တခြားဂိုဏ်းတွေရဲ့အကြောင်းကို စုံစမ်းခဲ့တယ်”
ရှုလင်းကျင်း၏မျက်နှာထားသည် လေးနက်နေသည်။
“ဒီသတင်းအချက်အလက်တွေကိုရဖို့အတွက် ဓားစစ်ပွဲခန်းဆောင်ရဲ့ တပည့်နဲ့လျှို့ဝှက်သူလျှို ၃၂၀ကျော် သေဆုံးသွားခဲ့တယ်။ ငါက သူတို့ရဲ့နာမည်တွေကို မရှင်းလင်းပေးနိုင်ခဲ့ဘူး”
ရှုလင်းကျင်းက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး လက်ထဲတွင်ရှိသောစာလိပ်ကို ဖြန့်သည်။
“ထိုက်ရီဓားဂိုဏ်းရဲ့နံပတ်တစ်တိုက်ရိုက်တပည့် ဖုန်းယွမ်ကော၊ သူက ဓားနည်းစနစ်ကို ဓားမာန်ဟုန်တစ်ဝက်အဆင့်အထိရောက်အောင် လေ့ကျင့်ထားနိုင်တယ်။ သူ့ချီစွမ်းအင်ကျင့်ကြံခြင်းက ဝိညာဉ်နိုးထခြင်း အဌမအဆင့်မှာ ရှိနေတယ်”
ဓားမာန်ဟုန်တစ်ဝက်အဆင့် …
ချီစွမ်းအင်ကျင့်ကြံခြင်းတွင် ဝိညာဉ်နိုးထခြင်း အဌမအဆင့် …
ခန်းဆောင်အတွင်းရှိလေထုသည် လေးလံသွားသည်။
ထိုစွမ်းရည်အရ ရွှေအမြုတေပဥ္စမအဆင့်နှင့်အထက် ကျွမ်းကျင်သူများကို တိုက်ခိုက်နိုင်သည်။
ခန်းဆောင်အတွင်းရှိတပည့်များထဲတွင် ထိုတိုက်ခိုက်နိုင်စွမ်းမျိုး ပိုင်ဆိုင်ထားသည်ဟု မည်သူပြောရဲသနည်း။
ရှေ့ဆုံးတွင်ရပ်နေသော တိုက်ရိုက်တပည့်တချို့၏မျက်နှာထားများသည် လေးနက်သွား၏။
“ဖုန်းယွမ်ကောရဲ့တိုက်ခိုက်နိုင်စွမ်းကို စမ်းသပ်ဖို့အတွက် ငါတို့ဓားစစ်ပွဲခန်းဆောင်ရဲ့ ဝိညာဉ်နိုးထခြင်းနဝမအဆင့်အကြီးအကဲတစ်ယောက် သေဆုံးသွားခဲ့တယ်။ သူနဲ့ပတ်သတ်တဲ့သတင်းတွေကို ပေးပို့လိုက်တဲ့တပည့်သုံးယောက်နဲ့ အဆက်အသွယ်ပြတ်သွားတယ်”
ရှုလင်းကျင်းက ခန်းအတွင်းရှိလူများကို ကြည့်လိုက်ပြီး လက်ထဲရှိစာလိပ်ကို ပြန်ကြည့်သည်။
“လင်တောက်တာအိုဂိုဏ်းရဲ့ တပည့်ခုနစ်ယောက်ကို ငါတို့က စမ်းသပ်နိုင်ခဲ့တယ်”
“ငါတို့ ရှုံးနိမ့်သွားတယ်”
ရှုလင်းကျင်း၏အသံက တုန်ခါနေသည်။
“တပည့်၃၂ယောက် သေသွားတယ်”
“လုချင်းချန်ရဲ့မန္တန်နဲ့နည်းစနစ်တွေက မြေဓာတ်အမျိုးအစားနဲ့ ဖုန်မှုန့်အဖြစ်ပြောင်းလဲခြင်းကို အသားပေးတယ်။ သူ့နည်းစနစ်တွေက ထူးခြားတယ်။ သူက ရွှေအမြုတေအဆင့်ကို ရောက်နေပြီ”
“လုချင်းယွမ်ရဲ့ သစ်သားဓာတ်မန္တန်တွေက အားကောင်းတယ်။ သူက တောအုပ်အလွှာနည်းစနစ်နဲ့ ဂိုဏ်းရဲ့တပည့်ကိုးယောက်ကို သတ်ဖြတ်ခဲ့တယ်”
“လုချင်းရှောင်၊ မီးအမျိုးအစားကျွမ်းကျင်သူ၊ ရွှေအမြုတေတစ်ဝက်အဆင့်ကို ရောက်နေပြီ”
....
လင်တောက်တာအိုဂိုဏ်း၏တပည့်ခုနစ်ယောက်သည် နဂါးများသဖွယ်ဖြစ်သည်။ သူတို့ခုနစ်ယောက်ပူးပေါင်းပြီး မိစ္ဆာကျင့်ကြံသူသုံးယောက်ကို သတ်ဖြတ်ခဲ့သည်။
အဆုံးမဲ့တာအိုဂိုဏ်း၏သွမ့်ရီဟုန်က ထမ်းရွက်ထားသောတာဝန်များနှင့်အတူ တိုက်ခိုက်နေသည်။ သူက မိုင်သုံးထောင်ခရီးသွားခဲ့ပြီး အနောက်ဘက်နယ်စပ်ကုန်းမြေသို့ ခိုးဝင်လာသော ရွှေအမြုတေအဆင့်မိစ္ဆာကို သတ်ဖြတ်ခဲ့သည်။
ဖုန်းလင်ဓားဂိုဏ်း၏တုဖုန်းက ဓားကို လေပြင်းအဖြစ်ပြောင်းလဲ၍ မိုင်ထောင်ချီအကွာကိုကျော်ဖြတ်ပြီး ကမ္ဘာမြေအဆင့်သို့ရောက်နေသော မိစ္ဆာကျင့်ကြံသူ၃၂ယောက်ကို သတ်ဖြတ်ခဲ့သည်။
အဖြူရောင်မိစ္ဆာသားတော်ချိုက်ဖန်းက မြို့နှစ်မြို့ကိုသန့်စင်ပြီး ဂိုဏ်းသုံးဂိုဏ်းကို သတ်ဖြတ်ခဲ့သည်။
လအနှစ်သာရဓားဂိုဏ်းမှ ဝမ်ယွဲ့၏ဓားနည်းစနစ်သည် ကောင်းကင်တွင်ပြည့်နှက်နေသော လပြည့်ဝန်းအဆင့်သို့ ရောက်သွားသည်။ သူမက ဓားတစ်ချက်နှင့် လောကတစ်ခုလုံးကို လွှမ်းမိုးနိုင်သည်။
....
အနောက်ဘက်နယ်စပ်ကုန်းမြေမှ လူငယ်ကျွမ်းကျင်သူများ၏တိုက်ခိုက်နိုင်စွမ်းနှင့် ကျင့်ကြံဆင့်များကို ရှုလင်းကျင်း၏လက်ထဲတွင်ရှိသော စာရွက်ထဲတွင် မှတ်သားထားသည်။
ထိုစာရွက်ကို ဓားစစ်ပွဲခန်းဆောင်၏ ရာချီနေသောအကြီးအကဲနှင့်တပည့်များကိုစတေး၍ ရရှိလာခဲ့သည်။
ထိုအရာသည် ခန်းဆောင်အတွင်းရှိ လူငယ်လက်ရွေးစင်များကို ပိုမိုယုံကြည်ချက်ရှိလာစေရန်ဖြစ်သည်။
ထိုအရာသည် ဂိုဏ်းကိုးဂိုဏ်းပြိုင်ပွဲအတွင်း၌ ရှင်သန်နိုင်ခွင့်ရှိလာစေရန်ဖြစ်သည်။
ထိုအရာသည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ နှစ်ပေါင်းများစွာကြာအောင် ကြိုးစားမှုများအတွက်ဖြစ်သည်။ အသက်များစတေးခဲ့ခြင်းကို အလဟဿအဖြစ်မခံနိုင်ပေ။
ရှုလင်းကျင်းက စာလိပ်ထဲရှိအချက်အလက်များကို ရှင်းပြရန်အတွက် တစ်နာရီအချိန်ယူခဲ့သည်။
အကြီးအကဲနှင့်တပည့်များအားလုံးက ခန်းမထဲမှ တိတ်ဆိတ်စွာထွက်သွားကြသည်။
ဖိနှိပ်ထားခဲ့သောတိုက်ခိုက်လိုစိတ်များ ဖြည်းဖြည်းချင်းဆူပွက်လာသည်။
ဟန်မူယဲ့သည် ခန်းဆောင်အတွင်း၌ ကျန်ရစ်ခဲ့သည်။
ထို့ပါ့ချန်က အသံပို့လွှတ်၍ ပြန်မသွားရန် တောင်းဆိုခဲ့သည်။
“ဒီတစ်ကြိမ်မှာ ငါတို့အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက ဂိုဏ်းကိုးဂိုဏ်းပြိုင်ပွဲရဲ့ နံပတ်တစ်နေရာကို ရမှဖြစ်မယ်”
ဗလာဖြစ်နေသောခန်းဆောင်အတွင်း၌ ထို့ပါ့ချန်က ဟန်မူယဲ့ကိုကြည့်လိုက်ပြီး တီးတိုးပြောသည်။
နံပတ်တစ် …
ဟန်မူယဲ့က မော့ကြည့်သည်။
ဆံပင်ဖြူနေသောဂိုဏ်းချုပ်ကျင်းကျီက ထရပ်လိုက်ပြီး ညင်သာစွာပြောသည်။
“လင်တောက်တာအိုဂိုဏ်းက နံပတ်တစ်နေရာရတဲ့ဂိုဏ်းကို ဓားတစ်လက်ဆုချီးမြှင့်လိမ့်မယ်”
ကျင်းကျီက ဟန်မူယဲ့ကိုကြည့်လိုက်ပြီး မျက်လုံးထဲတွင် မထိန်းချုပ်နိုင်သောခံစားချက်များ ဖြတ်ပြေးသွားသည်။
“အဲဒါက ဓားစစ်သည်နည်းစနစ်ကို လေ့ကျင့်ခဲ့တဲ့ ဓားစံအိမ်အကြီးအကဲကျူးရှန် ပေါင်းစပ်ထားခဲ့တဲ့ဓားပဲ”
ဟန်မူယဲ့က ဖြည်းဖြည်းချင်းထရပ်ပြီး မျက်လုံးများမှေးကျဉ်းလိုက်သည်။
ဓားစံအိမ်အကြီးအကဲကျူးရှန်က ဓားစစ်သည်နည်းစနစ်တစ်ဝက်ကို တောင်အောက်သို့ယူသွားခဲ့ပြီး အဆုံးတွင် သေဆုံးသွားခဲ့သည်။
သူပေါင်းစပ်ထားခဲ့သော အလယ်အလတ်အဆင့်ဝိညာဉ်ဓားဖြစ်သည့် ဗလာဆန္ဒဓားက သူနှင့်အတူ ပျောက်ကွယ်သွားခဲ့သည်။
အကြီးအကဲကျူးရှန်သေဆုံးသွားသောကြောင့် ဓားလည်း ပျက်စီးသွားသည်ဟု တွေးခဲ့ကြသည်။
ထိုဓားက လင်တောက်တာအိုဂိုဏ်းတွင်ရှိနေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
အနောက်ဘက်နယ်စပ်ကုန်းမြေ၏ နံပတ်တစ်ဂိုဏ်း
“ကျန်းချန်က လူတစ်ယောက်လွှတ်ပြီး ဓားစစ်သည်နည်းစနစ်တစ်ဝက်ကို လင်တောင်တာအိုဂိုဏ်းကနေ လက်ဆောင်အဖြစ်ပေးခဲ့တာလို့ ပြောတယ်”
ကျင်းကျီက ဟန်မူယဲ့ကိုကြည့်လိုက်ပြီး တီးတိုးပြောသည်။
“သတင်းပို့လိုက်တဲ့လူက ယုံကြည်ရတယ်”
ယုံကြည်နိုင်သည်။
တစ်နည်းပြောရလျှင် ကျန်းချန်သည် မလိမ်ညာခဲ့ပေ။
ယခင်က ဓားစံအိမ်အကြီးအကဲကျူးရှန်ကို လင်တောက်တာအိုဂိုဏ်းက လုပ်ကြံသတ်ဖြတ်ခဲ့သည်။
ထိုဖြစ်ရပ်သည် အရိုးဆွေးနေခဲ့သည်။
ကျန်းချန်သည် ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူ ဖြစ်လာခဲ့သည်။ ထို့နောက် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းနှင့် ဖုန်းလင်ဓားဂိုဏ်းသည် သူသေကိုယ်သေ ရန်သူများဖြစ်လာသည်။ ထိုအရာသည် လင်တောက်တာအိုဂိုဏ်း၏ အကြံအစည်ဖြစ်သည်။
အစပိုင်းတွင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက ဂိုဏ်းကိုးဂိုဏ်းပြိုင်ပွဲတွင် နံပတ်လေးနေရာကိုရလျှင် ကျေနပ်လိမ့်မည်။
သူတို့က ရှေ့တစ်လှမ်းတိုးပြီး ထိုက်ရီဓားဂိုဏ်းကိုအစားထိုး၍ အနောက်ဘက်နယ်စပ်ကုန်းမြေ၏ နံပတ်တစ်ဓားဂိုဏ်းဖြစ်လာနိုင်လျှင် ကောင်းချီးတစ်ခုဖြစ်လိမ့်မည်။
သူတို့က နံပတ်တစ်နေရာကို မလိုချင်ခဲ့ပေ။
ဂိုဏ်းကိုကာကွယ်ပေးမည့် ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူတစ်ယောက်၊ မျက်နှာတစ်ထောင်သူတော်စင်နှင့် လီမူပိုင်တို့အားယှဉ်ပြိုင်နိုင်သော ကျွမ်းကျင်သူတစ်ယောက် မရှိခဲ့လျှင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ နံပတ်တစ်ဂိုဏ်း ဖြစ်မလာနိုင်ပေ။
သို့သော် လင်တောက်တာအိုဂိုဏ်းက နံပတ်တစ်ဂိုဏ်းအတွက် ဆုကြေးအဖြစ် ဗလာဆန္ဒဓားကို ထုတ်ပေးခဲ့သည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် ထိုဓားအတွက် တိုက်ခိုက်ရမည်။
သေဆုံးသည်အထိ တိုက်ခိုက်ရမည်။
“တပည့်တစ်ရာထဲကငါးယောက်ကို ချန်ထားခဲ့မယ်”
ထို့ပါ့ချန်က မီးတောက်နေသောမျက်လုံးများနှင့် ဟန်မူယဲ့ကိုကြည့်သည်။
“ထန်တောင်ကုန်းဓားဂိုဏ်းရဲ့ အတွင်းစည်းနံပတ်တစ်တပည့် ကူယွမ်လုံက တစ်နေရာယူထားတယ်”
“နေရာလေးခုကျန်တယ်။ လီရှီရှီနဲ့ တင်းချွန်ကန်းပြန်လာနိုင်ရင် ငါတို့က မင်းရဲ့ဓားစံအိမ်ကိုပဲ အားကိုးရလိမ့်မယ်”
တင်းချွန်ကန်းက မြောက်ပိုင်းကုန်းမြေ၏ နှင်းတောင်ဓားဘုရင်ဖြစ်လိမ့်မည်။
ဘုန်းကြီးက တိမ်မြူရွှေကြာစေ့ဆေးလုံးယူရန်အတွက် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသို့ ရောက်လာသောအချိန်တွင် မြောက်ပိုင်းကုန်းမြေသို့ပြန်ပြီး နှင်းတောင်ဓားဘုရင်ကို ဂိုဏ်းကိုးဂိုဏ်းပြိုင်ပွဲအကြောင်း သတင်းပို့လိုက်မည်ဟု ကတိပေးခဲ့သည်။
တင်းချွန်ကန်းပြန်လာနိုင်လျှင် သူတို့က သေချာပေါက်အနိုင်ရလိမ့်မည်။
သို့သော် မြောက်ပိုင်းတွင် နှင်းမိစ္ဆာများကိုဖိနှိပ်ခဲ့သော နှင်းတောင်ဓားဘုရင်က တင်းချွန်ကန်းဖြစ်လိမ့်မည်ဟု သေချာပေါက်မပြောနိုင်ပေ။ အကယ်၍ သူဖြစ်နေလျှင်ပင် အချိန်မီပြန်လာနိုင်ရန် လိုအပ်သည်။
လီရှီရှီက အလယ်ပိုင်းကုန်းမြေသို့သွားခဲ့ပြီး ဂိုဏ်းက သူမကိုဆက်သွယ်ရန်အတွက် အကြီးအကဲတစ်ယောက် စေလွှတ်ခဲ့သည်။
သူမပြန်လာနိုင်ရန် မသေချာပေ။
သူတို့ပြန်မလာခဲ့လျှင် ဓားစံအိမ်ရှိတပည့်များကိုပဲ အားကိုးနိုင်လိမ့်မည်။
“ယန်မင်ရွှမ်က အလင်းတောင်ကုန်းဓားဂိုဏ်းရဲ့ကိုယ်စား တိုက်ခိုက်လိမ့်မယ်။ ဒါပေမဲ့ စည်းကမ်းချက်တွေအရ မဟာမိတ်ဖွဲ့တာကို ခွင့်မပြုဘူးမဟုတ်လား”
ဟန်မူယဲ့၏မျက်နှာထားသည် ပြောင်းလဲမသွားဘဲ ထို့ပါ့ချန်ကို ကြည့်သည်။
“ဟုတ်တယ်”
ထို့ပါ့ချန်က လေးနက်သောမျက်နှာထားဖြင့် ခေါင်းညိတ်သည်။
“အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ နံပတ်တစ်ဓားဂိုဏ်းဖြစ်လာချင်ရင် လူငယ်လက်ရွေးစင်တွေအားလုံးကို တိုက်ခိုက်ရလိမ့်မယ်”
ဂိုဏ်းကိုးဂိုဏ်းအတွင်းသို့ဝင်ရောက်ချင်သောဂိုဏ်းများက တခြားဂိုဏ်းများနှင့် မဟာမိတ်ဖွဲ့ထားကြသည်။ ဂိုဏ်းတစ်ဂိုဏ်းက ဂိုဏ်းအများအပြားနှင့် ဒါဇင်နှင့်ချီသောလက်ရွေးစင်တပည့်များ၏ ပူးပေါင်းတိုက်ခိုက်ခြင်းကို ခံရလိမ့်မည်။
အနောက်ဘက်နယ်စပ်ကုန်းမြေတွင်ရှိသော မည်သူကမှ အနိုင်ရလိမ့်မည်ဟု သေချာပေါက်မပြောရဲပေ။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက ခေါင်းဆောင်ကျူးရှန်၏ဓားကို ပြန်ရချင်လျှင် ဂိုဏ်းကိုးဂိုဏ်းပြိုင်ပွဲတွင် နံပတ်တစ်နေရာအတွက် တိုက်ခိုက်ရလိမ့်မည်။
နံပတ်တစ်နေရာကို ရရှိနိုင်ရန်အတွက် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ နံပတ်တစ်ဂိုဏ်းဖြစ်သော လင်တောက်တာအိုဂိုဏ်းကို ဆန့်ကျင်ရမည်။ အနောက်ဘက်နယ်စပ်ကုန်းမြေ၏ နံပတ်တစ်မိစ္ဆာဂိုဏ်းဖြစ်သော ရှန့်ယန်မိစ္ဆာဂိုဏ်းကို ဖိနှိပ်ရမည်။ အနောက်ဘက်နယ်စပ်ကုန်းမြေ၏ နံပတ်တစ်ဓားဂိုဏ်းဖြစ်သော ထိုက်ရီဓားဂိုဏ်းကို အနိုင်ယူရမည်။ သူတို့က ဂိုဏ်းအားလုံးနှင့် ရန်သူဖြစ်လာရလိမ့်မည်။
သို့သော် ဤတိုက်ပွဲတွင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှာ ရွေးချယ်စရာမရှိပေ။
သူတို့မတိုက်ခိုက်ခဲ့လျှင် အကြီးအကဲကျူးရှန်၏ဓားကို မည်သို့ပင်အသုံးပြုသည်ဖြစ်စေ အံ့ဖွယ်ကိုးပါးတောင်တွင်စုဆောင်းထားသော နှလုံးသားစွမ်းအင်များ တစ်ညအတွင်း ကုန်ဆုံးသွားလိမ့်မည်။
ထို့ပါ့ချန်က လေးနက်သောမျက်နှာထားဖြင့် ဟန်မူယဲ့ကိုကြည့်သည်။
“ဟန်မူယဲ့၊ တိုက်ပွဲမှာ ဘယ်သူပဲနိုင်နိုင် ဘယ်သူပဲရှုံးရှုံး မင်းပြန်လာတဲ့အချိန်မှာ ဂိုဏ်းခေါင်းဆောင်ငယ်ဖြစ်လာလိမ့်မယ်”