← Chapters

အခန်း (၃၂၉)

Vol. 24 Ch. 329

အခန်း (၃၂၉)

Vol. 24 Ch. 329

“မင်းက အံ့ဖွယ်ကိုးပါးတောင်ရဲ့အရေးကိစ္စတွေကို စကားတစ်ခွန်းနဲ့ ဆုံးဖြတ်နိုင်တယ်”

‘ဒါက ဆုလာဘ်လား ကတိစကားလား’

ထိုအရာသည် သူ၏အနာဂတ်နှင့်ပတ်သတ်၍ ပထမဆုံးရှင်းလင်းစွာကြားခဲ့ရသော စီမံမှုဖြစ်သည်။

သူက အံ့ဖွယ်ကိုးပါးတောင်သို့ အသက်ရှင်လျက်ပြန်ရောက်လာနိုင်လျှင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ အနာဂတ်ဂိုဏ်းချုပ်ဖြစ်လာလိမ့်မည်။

ဟန်မူယဲ့က ထို့ပါ့ချန်နှင့် နောက်တွင်ရပ်နေသောကျင်းကျီကိုကြည့်သည်။ သူက ခေါင်းညိတ်လိုက်ပြီး လှည့်ထွက်သွားသည်။

ဟန်မူယဲ့၏နောက်ကျောကိုကြည့်လိုက်ပြီး ကျင်းကျီက ညင်သာစွာသက်ပြင်းချသည်။

“ဂိုဏ်းရဲ့အခြေခံအုတ်မြစ်က မလုံလောက်သေးဘူး။ မျိုးဆက်သစ်တပည့်တွေအတွက် နစ်နာရတယ်”

သူ့စကားကိုကြားလိုက်ရသောအခါတွင် ထို့ပါ့ချန်က နောက်သို့လှည့်လာသည်။

“ဂိုဏ်းချုပ်၊ ဓားကျင့်ကြံသူတစ်ယောက်အနေနဲ့ ကျွန်တော့်လက်ထဲမှာရှိတဲ့ဓားကို မကြာခဏသွေးမပေးရင် သံချေးတက်သွားမှာပေါ့”

“ကျွန်တော်တို့က သူ့ကို အများကြီးမျှော်လင့်ထားတယ်။ သူက ကျွန်တော်တို့ကို စိတ်ပျက်စေမှာမဟုတ်ပါဘူး”

ကျင်းကျီက ခေါင်းညိတ်လိုက်ပြီး ခန်းဆောင်အတွင်းမှ ထွက်သွားသည်။

သူ့ပုံစံသည် အနည်းငယ်ခါးကုန်းနေပြီး ဝတ်စုံသည် ဖောင်းကြွနေသည်။

ထို့ပါ့ချန်၏မျက်လုံးများက တောက်ပသွားပြီး သူ့နောက်သို့ ခြေလှမ်းကျဲကြီးများနှင့်အတူ လိုက်သွားသည်။

....

ဓားစံအိမ်သို့ရောက်လာသောအခါတွင် တိတ်ဆိတ်နေသောယန်မင်ရွှမ်က ရှေ့တက်လာသည်။

“စီနီယာအစ်ကိုဟန်၊ ကျွန်တော်က ....”

သူက ဟန်မူယဲ့ကိုမော့ကြည့်သည်။

“မင်းက အလင်းတောင်ကုန်းဓားဂိုဏ်းကို ပြန်သွားမလို့မဟုတ်လား”

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ညင်သာစွာပြောသည်။

“မင်းပြန်သွားတဲ့အချိန်မှာ လူမသတ်ရင် အကောင်းဆုံးပဲ”

သူ့စကားကိုကြားလိုက်ရသောအခါ ယန်မင်ရွှမ်၏တစ်ကိုယ်လုံး တုန်ခါသွားသည်။ သူ့မျက်လုံးထဲတွင် အနီရောင်အလင်းတစ်ခု ဖြတ်ပြေးသွားသည်။

ယန်မင်ရွှမ်က အကြည့်လွှဲလိုက်ပြီး ညင်သာစွာခေါင်းညိတ်သည်။

“မင်းလိုအပ်တဲ့ဆေးတွေအားလုံး ယူသွားလိုက်။ ဓားကောင်းတစ်လက်ကိုလည်း ရွေးလိုက်”

“ပြိုင်ပွဲစတဲ့အချိန်မှာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို ကူညီဖို့အတွက် မင်းကို လိုအပ်နိုင်တယ်”

ဟန်မူယဲ့က ရယ်လိုက်ပြီး ယန်မင်ရွှမ်၏ပခုံးကို ပုတ်ပေးသည်။

ဂိုဏ်းကိုးဂိုဏ်းပြိုင်ပွဲစတင်ချိန်တွင် ဂိုဏ်းများက မဟာမိတ်ဖွဲ့နိုင်သည်။ ယန်မင်ရွှမ်ရှိနေသော အလင်းတောင်ကုန်းဓားဂိုဏ်းသည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ မဟာမိတ်ဖြစ်သည်။

ယန်မင်ရွှမ်က လေးနက်စွာခေါင်းညိတ်ပြီး ဟန်မူယဲ့ကို ဦးညွှတ်သည်။

ဟန်မူယဲ့နှင့် ဓားစံအိမ်ကြောင့်သာမဟုတ်လျှင် သူက သေဆုံးမသွားခဲ့လျှင်ပင် မသန်စွမ်းတစ်ယောက်ဖြစ်နေလိမ့်မည်။

သူက ကောင်းမွန်စွာမလေ့ကျင့်လျှင် ယန်တင်းရွှမ်၏အလောင်းကို ကောက်ယူရန်အတွက် အရည်အချင်းမရှိကြောင်း ကျန်းမင်က ပြောခဲ့သည်။

ယခု သူက ယန်တင်းရွှမ်၏ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းရန်အတွက် အလင်းတောင်ကုန်းဓားဂိုဏ်းကို ဂိုဏ်းကိုးဂိုဏ်းထဲမှတစ်ဂိုဏ်း ဖြစ်လာစေရန် ကူညီရမည်။

ထိုရည်မှန်းချက်အတွက် သူက ....

ကျန်းမင်၊ လုကောနှင့် တခြားလူများက ယန်မင်ရွှမ်ကို တောင်အောက်သို့ လိုက်ပို့ခဲ့သည်။ ဟန်မူယဲ့က ဓားစံအိမ်၏ပထမထပ်တွင်ထိုင်ပြီး ရှေ့တွင်ရှိသောစာအုပ်ကို ဖွင့်လိုက်သည်။

“စီနီယာအစ်ကိုဟန်”

ဓားစံအိမ်၏တံခါးဝဆီမှ အသံတစ်သံထွက်လာသည်။

ဟန်မူယဲ့က ခေါင်းမော့ကြည့်လိုက်သောအခါ လရောင်ဖြူဝတ်စုံနှင့်ပိုင်စုကျန်းကို ဓားစံအိမ်၏အရှေ့တွင် မြင်လိုက်ရသည်။

သူမက အပြင်တွင်ရပ်မနေဘဲ ဓားစံအိမ်ထဲသို့ ဖြည်းဖြည်းချင်းဝင်လာခဲ့သည်။

“ဟမ် ....”

ပိုင်စုကျန်းက ဓားစံအိမ်ထဲသို့ ခြေချလိုက်သောအခါ ပထမထပ်တွင်ရှိနေသော ဓားများအားလုံး တုန်ခါလာပြီး ထက်မြိသောဓားချီကို ထုတ်လွှတ်လိုက်သည်။

အေးစက်သောဓားချီကြောင့် ပိုင်စုကျန်း၏ခန္ဓာကိုယ်က တုန်ခါသွားပြီး မျက်နှာတစ်ခုလုံ ဖြူဖျော့သွားသည်။

ဟန်မူယဲ့က မျက်နှာထားပြောင်းလဲခြင်းမရှိဘဲ နေရာတွင်ထိုင်နေသည်။

ပိုင်စုကျန်းက ရှေ့တက်လာပြီး ဟန်မူယဲ့၏ရှေ့တွင် အဝတ်အိတ်လေးတစ်အိတ်ကို ချပေးခဲ့သည်။

“စီနီယာအစ်ကိုဟန်၊ ကျွန်မက ပဥ္စမအဆင့်ဆေးလုံးအတွက် လိုအပ်တဲ့ဝိညာဉ်ဆေးပင်တွေအားလုံးကို ရလာခဲ့ပြီ”

ပိုင်စုကျန်းက ကျောက်စိမ်းအရိုးဆေးလုံးသန့်စင်ရန်အတွက် ဟန်မူယဲ့ကို တောင်းဆိုခဲ့သည်။ သုံးနှစ်ကြာသောအခါ သူမက ဝိညာဉ်ဆေးပင်များအားလုံးကို စုစည်းနိုင်ခဲ့သည်။

ဟန်မူယဲ့က ဝိညာဉ်ဆေးပင်များကိုမယူဘဲ ပိုင်စုကျန်းကိုမော့ကြည့်သည်။

ပိုင်စုကျန်း၏မျက်လုံးထဲတွင် မဖော်ပြနိုင်သောခံစားချက်များရှိနေသည်။ သူမက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ဟန်မူယဲ့ကိုကြည့်သည်။

“စီနီယာအစ်ကိုဟန်၊ ကျွန်မက ဓားစံအိမ်ရဲ့ပစ္စည်းတစ်ခုကိုယူသွားရင် ကျွန်မကို တိုက်ခိုက်မှာလား”

သူမက နှုတ်ခမ်းကိုက်ထားပြီး စားပွဲပေါ်တွင်ထင်ထားသောလက်များသည် ဖြူဖျော့နေသည်။

“လီမူပိုင်က မင်းကို ရှန့်ယန်မိစ္ဆာဂိုဏ်းဆီပြန်လာဖို့ ပြောလိုက်တာလား”

ဟန်မူယဲ့က ရုတ်တရက်မေးသည်။

ပိုင်စုကျန်းက ခေါင်းညိတ်သည်။

ဟန်မူယဲ့က လက်မြှောက်လိုက်ပြီး သူ့ဆံပင်ကြားရှိ အနက်ရောင်ဓားလေးကို ထုတ်ယူသည်။ ထို့နောက် စားပွဲပေါ်သို့ တင်ပေးလိုက်သည်။

“ဒါက မင်းလိုချင်တဲ့ပစ္စည်းမဟုတ်လား”

ပိုင်စုကျန်းက ရပ်တန့်သွားပြီး ခေါင်းညိတ်သည်။

“ကျွန်မ အခုလေးတင် သိခဲ့ ....”

သူမက ဟန်မူယဲ့နှင့် အကြည့်ချင်းမဆုံရဲပေ။

သူမ၏စကားကို ကြားလိုက်ရသောအခါ ဟန်မူယဲ့က ရှေ့သို့ညင်သာစွာတိုးလာပြီး ပြောသည်။

“ယူလိုက်ပါ”

ယူလိုက် …

ပိုင်စုကျန်း၏ပခုံးများက တုန်ခါသွားပြီး မျက်လုံးအပြူးသားနှင့် ဟန်မူယဲ့ကိုကြည့်နေသည်။

“တကယ်လား”

ဟန်မူယဲ့က ခေါင်းညိတ်ပြီး တည်ငြိမ်စွာပြောသည်။

“တစ်နေ့မှာ ငါက မင်းကိုသတ်ချင်တယ်ဆိုရင် လွှတ်ပေးမယ်လို့ ပြောခဲ့တယ်”

“မင်းက ဓားစံအိမ်ကိုဝင်ရောက်လာဖို့အတွက် ဒီအခွင့်အရေးတစ်ခုပဲရှိတယ်”

ပိုင်စုကျန်းက ပန်းများပွင့်လာသကဲ့သို့ ပျော်ရွှင်စွာပြုံးသည်။

သူမက စားပွဲခုံကိုကျော်ဖြတ်၍ ဟန်မူယဲ့၏မျက်နှာနှင့် နီးကပ်လိုက်သည်။

“စီနီယာအစ်ကိုဟန်၊ ဒါဆိုရင် ကျွန်မ တကယ်ထွက်သွားတော့မယ်”

ဟန်မူယဲ့၏ အမူအယာမဲ့သောမျက်နှာထားကို မြင်လိုက်ရသောအခါတွင် ပိုင်စုကျန်းက အနက်ရောင်ဓားလေးကိုကောက်ယူ၍ ဆံပင်ကြားတွင် ထိုးစိုက်လိုက်သည်။ ထို့နောက် သူမက ညင်သာစွာပြောသည်။

“အဲဒါဆိုရင် နောက်တစ်ခါ ကျွန်မတို့တွေ့ရင် စီနီယာအစ်ကိုဟန်ကို လွှတ်ပေးပါ့မယ်”

ထိုသို့ဖြင့် သူမက ဓားစံအိမ်ထဲမှ လှည့်ထွက်သွားသည်။ သူမက အပြင်သို့ရောက်သွားသောအခါတွင် ဟန်မူယဲ့ကို ပြန်လှည့်ကြည့်သည်။

အဆုံးတွင် သူမ ထွက်သွားခဲ့သည်။

ထွက်ခွာသွားသော ပိုင်စုကျန်းကိုကြည့်လိုက်ပြီး ဟန်မူယဲ့က ဖြောင့်မတ်စွာထိုင်လိုက်သည်။

သူက လက်မြှောက်လိုက်သောအခါ အနက်ရောင်ဓားလေးသည် သူ့ဆံပင်ကြားသို့ ပြန်ရောက်လာသည်။

ထိုအရာသည် ရတနာရှစ်မျိုးယုရီ၏ ပုံစံပြောင်းလဲခြင်းဖြစ်သည်။

သူက အနက်ရောင်ဓားလေးကို ပိုင်စုကျန်းဆီသို့ အမှန်တကယ်ပေးခဲ့သည်။

ထိုဓားလေးကို အထူးသတ္တုများဖြင့်ပြုလုပ်ထားပြီး အလွန်အဖိုးတန်သည်။

သို့သော် ထိုဓားနှင့်ပတ်သတ်၍ အဖိုးအတန်ဆုံးအရာသည် ချိပ်စည်းအမှတ်တံဆိပ်နှင့် လေဟာနယ်စွမ်းအားဖြစ်သည်။

ဟန်မူယဲ့က ဓားလေးအတွင်း၌ရှိသော ချိပ်စည်းအမှတ်တံဆိပ်နှင့် လေဟာနယ်စွမ်းအားကို ရတနာရှစ်မျိုးယုရီထဲသို့ ပြောင်းထည့်ခဲ့သည်။

ထိုဓားလေးသည် အနက်ရောင်ဓားလေးတစ်ချောင်းသာ ဖြစ်သွားခဲ့သည်။

ပိုင်စုကျန်းကိုပေးလိုက်လျှင်လည်း ပြဿနာမရှိပေ။

ထို့အပြင် ဓားလေးအတွင်း၌ရှိသော ဖုံးကွယ်ထားသည့်လေဟာနယ်စွမ်းအားကို အာရုံခံ၍ ဟန်မူယဲ့က ဓားလေး၏တည်နေရာကို သိနိုင်သည်။

ရှန့်ယန်မိစ္ဆာဂိုဏ်းတွင် အနက်ရောင်ဓားလေးကိုလိုချင်ပြီး အသုံးပြုနည်းကိုသိနေသောလူသည် သေချာပေါက် လီမူပိုင်ဖြစ်သည်။

လီမူပိုင်က အနက်ရောင်ဓားလေးအား အသုံးပြုမည့်ကိစ္စကို ဟန်မူယဲ့ကလည်း သိချင်မိသည်။

ဟန်မူယဲ့၏ဘေးတွင် ဖျတ်ခနဲ လူနှစ်ယောက်ပေါ်လာသည်။

“သခင်လေး၊ ကျွန်တော့်ရဲ့ဝိညာဉ်ကို ဓားထဲမှာ ပြုပြင်ရမယ်။ သခင်လေးဆင့်မခေါ်ရင် ကျွန်တော်က နိုးလာမှာမဟုတ်ပါဘူး”

ကျိုးယွင်လုံက ဟန်မူယဲ့ကိုဦးညွှတ်လိုက်ပြီး တီးတိုးပြောသည်။

ဟန်မူယဲ့က သူ့ကိုလှည့်ကြည့်ပြီး သိချင်စိတ်များနှင့်အတူ မေးသည်။

“ဘာဖြစ်လို့လဲ”

ကျိုးယွင်လုံမပြောခင်မှာ တာအိုဆရာတယန်က အပြုံးကြီးတစ်ခုနှင့်အတူ ပြောလိုက်သည်။

“ဒီမှာ ငါတို့နှစ်ယောက်မရှိခဲ့ရင် မင်းက အဲဒီစုန်းမလေးနဲ့ တစ်ခုခုလုပ်ပြီးပြီလို့ ပြောချင်တာ”

“အမှန်အတိုင်းပြောရရင် ငါတို့လက်နက်ဝိညာဉ်တွေက အဲဒီကိစ္စတွေကို သိပ်ပြီးစိတ်မဝင်စားဘူး။ ငါတို့က မကြည့်ချင်ဘူး”

ဟန်မူယဲ့က သူ့ကိုကြည့်သည်။

‘မင်းက မကြည့်ချင်ဘူးလား။ အဲဒါဆိုရင် ဘာဖြစ်လို့ ယုနျန်းကို ရှာနေတာလဲ’

ဟန်မူယဲ့က ဓားဝိညာဉ်နှစ်ယောက်ကို လျစ်လျူရှုထားပြီး သူတို့ကို အနောက်တွင်ရှိသောဓားစင်ပေါ်သို့ တင်ထားလိုက်သည်။

တံခါးဝတွင် လုကောနှင့်တခြားလူများ ပြန်လာခဲ့သည်။

ဟန်မူယဲ့က ထရပ်လိုက်ပြီး ဓားစံအိမ်၏တတိယထပ်ဆီသို့ ပြန်သွားသည်။ သူက စားပွဲခုံရှေ့တွင် တင်ပျဉ်ခွေထိုင်နေသည်။

သူ့ခန္ဓာကိုယ်ထဲမှ မဖော်ပြနိုင်သော ထူးခြားသည့်အငွေ့အသက်တစ်ခု ဖြည်းဖြည်းချင်းပေါ်ထွက်လာသည်။

ထိုအငွေ့အသက်ပေါ်လာသောအခါ တတိယထပ်တစ်ခုလုံးတွင် လောင်ကျွမ်းနေသောခံစားချက်များနှင့် ပြည့်နှက်သွားသည်။

လောင်မီးနေမင်းနည်းစနစ်…

နေကိုးစင်းနည်းစနစ်ကို ချီစုစည်းခြင်းတာအို၏ အခြေခံအုတ်မြစ်အဆင့်တွင် ကျင့်ကြံနိုင်သည်။

ကမ္ဘာမြေအဆင့်သို့ရောက်သွားလျှင် ရွှေနေမင်းနည်းစနစ်ကို ကျင့်ကြံနိုင်သည်။

ယခင်က ဟန်မူယဲ့သည် ရွှေနေမင်းနည်းစနစ်ကို ရရှိခဲ့ပြီး လေးနက်မှုများကို သဘောကျသောကြောင့် နေကိုးစင်းနည်းစနစ်ကို ရှာဖွေခဲ့သည်။

ရွှေနေမင်းနည်းစနစ်ကို ကျင့်ကြံပြီးသောအခါ ကျင့်ကြံခြင်းအဆင့်တက်သွားပြီး လောင်မီးနေမင်းအဆင့်သို့ ရောက်သွားသည်။

နေမင်း၏စွမ်းအားသည် အလွန်ခမ်းနားသောကြောင့် ခုခံနိုင်ရန် ခက်ခဲသည်။

ဟန်မူယဲ့က လောင်မီးနေမင်းနည်းစနစ်ကို ကျင့်ကြံနေသည်။

လွန်ခဲ့သော၂နှစ်တွင် အင်မော်တယ်အဆင့်ဝိညာဉ်အမြစ်၊ မရေမတွက်နိုင်လောက်သော ဝိညာဉ်ကျောက်တုံးနှင့် ဆေးလုံးများကြောင့် သူ့ကျင့်ကြံဆင့်သည့် ကမ္ဘာမြေဝိညာဉ်နိုးထခြင်းအဆင့်သို့ ရောက်လာခဲ့သည်။

ကမ္ဘာမြေအဆင့်သို့ ဝင်ရောက်လာသောအခါ သူက ဝိညာဉ်သွေးကြောများကို စုစည်း၍ ကောင်းကင်နှင့်မြေကြီး၏ မဟာတာအိုကို လိမ်းညွှန်ပြီး သန့်စင်ခဲ့သည်။ သွေးကြောဖွင့်အဆင့်တွင် ဟန်မူယဲ့က မိုင်ငါးထောင်အတွင်း၌ရှိသော ကမ္ဘာမြေစွမ်းအားများကို နေ့တိုင်းသယ်ဆောင်ထားသည်။

မြေဓာတ်လိုက်ဖက်ညီမှုနှင့် ရေဓာတ်လိုက်ဖက်လိုက်ဖက်ညီမှုသည် အဆုံးစွန်အထိ ရောက်နေသည်။ ရေနှင့်မြေစွမ်းအားသည် တစ်ခုနှင့်တစ်ခု အထောက်အပံ့ပေးပြီး ပိုမိုအားကောင်းလာသည်။ ကမ္ဘာမြေစွမ်းအားစွမ်းကို သန့်စင်ပြီး ရေစွမ်းအားက သူ့ကို ဆေးကြောသွားသည်။

၂နှစ်အချိန်အတွင်း၌ ဟန်မူယဲ့က သွေးကြောဖွင့်အဆင့်ကို ကျော်ဖြတ်ခဲ့သည်။ သူ့ကိုယ်ထဲတွင်ရှိသော ဝိညာဉ်သွေးကြောများသည် မြစ်တစ်စင်းသဖွယ် တည်ငြိမ်နေသည်။

သူက မူလမီးတောက်ကမ္ဘာ၏အပြင်သို့သွားပြီး ဝိညာဉ်ကိုသန့်စင်ရန်နှင့် ဝိညာဉ်နိုးထခြင်းနည်းစနစ်ကို ကျင့်ကြံရန်အတွက် လေဟာနယ်စွမ်းအားကိုစုစည်းခဲ့သည်။

ကွန်ဖြူးရှပ်တာအိုမန္တန်ဖြစ်သော လူသားလောကမန္တန်နှင့် ဆရာသခင်တစ်ယောက်၏ ဝိညာဉ်ဖိအားကြောင့် သူ့ကျင့်ကြံခြင်းသည် အလွန်ချောမွေ့ခဲ့သည်။

ယခု သူက ကျင့်ကြံခြင်းအမြန်နှုန်းကိုလျော့ချ၍ အခြေခံအုတ်မြစ်ခိုင်မာစေရန် ကြိုးစားနေသည်။

ကျင့်ကြံခြင်းသည် အဆင့်တက်မြန်ခြင်းမဟုတ်ပေ။

ကျင့်ကြံခြင်းသည် တောင်ထွတ်တစ်ခုကို ရှာဖွေခြင်းနှင့်ဆင်တူသည်။ လမ်းတစ်လျှောက်တွင်ရှိသောရှုခင်းများကို ချန်မထားခဲ့နိုင်ပေ။

ထို့အပြင် သူတိုက်ခိုက်နိုင်စွမ်းသည် ကျင့်ကြံဆင့်နှင့် မကိုက်ညီပေ။

ယခုအချိန်တွင် သူက ကိုယ်ပိုင်တိုက်ခိုက်နိုင်စွမ်းကို တွေးမကြည့်ရဲတော့ပေ။

ဆယ်ရက်အကြာတွင် အံ့ဖွယ်ကိုးပါးတောင်၌ ခေါင်းလောင်းသံမြည်လာသည်။

ဂိုဏ်း၏ အကာအကွယ်အစီအရင်သည် အသက်ဝင်လာခဲ့သည်။

အဆုံးမရှိသော သဘာဝစွမ်းအင်အလင်းများ ပေါ်ထွက်လာပြီး အံ့ဖွယ်ကိုးပါးတောင်တစ်ခုလုံးကို အင်မော်တယ်နယ်မြေအဖြစ် ပြောင်းလဲပေးခဲ့သည်။

ခရမ်းရောင်ဝတ်စုံနှင့် ဂိုဏ်းချုပ်ကျင်းကျီ၊ ဂိုဏ်းကိုတာဝန်ယူထားသော အကြီးအကဲထို့ပါ့ချန်၊ ရေဓာတ်မျိုးဆက်၏အကြီးအကဲ ကျန်းကျစ်ဟယ်တို့က လက်ရွေးစင်တပည့်တစ်ရာကိုဦးဆောင်၍ သင်္ဘောပျံဆယ်စင်းပေါ်သို့ တက်သွားသည်။

ယခုအချိန်တွင် ရွေးချယ်ထားသောတပည့် ၉၈ယောက်ရှိသည်။

ဓားစံအိမ်မှ ဟန်မူယဲ့၊ လင်းရှန်နှင့် လုကောတို့ လိုက်လာသည်။

ယန်မင်ရွှမ်က အလင်းတောင်ကုန်းဓားဂိုဏ်းသို့ ပြန်သွားသောကြောင့် သူ့အတွက် နေရာမရှိပေ။

ကူလုံဟု နာမည်ပြောင်းထားသော ထန်တောင်ကုန်းဓားဂိုဏ်း၏ နံပတ်တစ်အတွင်းစည်းတပည့်ကူယွမ်လုံက ကျားလင်မြစ်ကမ်းသို့ သွားနှင့်ပြီဖြစ်သည်။

All Chapters