← Chapters

အခန်း (၃၃၀)

Vol. 24 Ch. 330

အခန်း (၃၃၀)

Vol. 24 Ch. 330

တင်းချွန်ကန်းနှင့်လီရှီရှီတို့တွင် မည်သူပြန်လာမည်လဲ မသိပေ။

သို့မဟုတ် သူတို့ ပြန်လာနိုင်ခြင်းလည်း ဖြစ်နိုင်သည်။

“နှုတ်ဆက်ပါတယ်ဂိုဏ်းချုပ်။ နှုတ်ဆက်ပါတယ် မဟာအကြီးအကဲ”

“တိုက်ပွဲမှာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းအနိုင်ရအောင် ကူညီပေးခဲ့ပါ”

တောင်ပေါ်တွင် သိန်းချီသောတပည့်များရှိနေသည်။ ယခုအချိန်တွင် ဂိုဏ်း၏အရှိန်အဝါသည် ကောင်းကင်ကိုထိုးခွဲတော့မည့် ဓားအလင်းတစ်ခုအဖြစ် ကောင်းကင်ပေါ်သို့ ထိုးတက်သွားသည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏အရှိန်အဟုန်သည် စုစည်းနေခဲ့ပြီဖြစ်သည်။

အရာအားလုံးသည် ဂိုဏ်းကိုးဂိုဏ်းပြိုင်ပွဲအပေါ်တွင် မူတည်နေသည်။

သင်္ဘောပျံဆယ်စင်းသည် တိမ်တိုက်များကိုထိုးခွဲ၍ ပျံသန်းသွားသည်။

အံ့ဖွယ်ကိုးပါးတောင်ခြေတွင် လူတချို့ပျံသန်းလာသည်။

သူတို့သည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏လက်အောက်တွင်ရှိသော ဂိုဏ်းအသီးသီးမှ ကျွမ်းကျင်သူများဖြစ်သည်။

သူတို့က သင်္ဘောပျံများနောက်မှ ကျားလင်မြစ်ဆီသို့ လိုက်လာလိမ့်မည်။

ပထမအချက်အနေဖြင့် သူတို့က အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို အားပေးရမည်။ ဒုတိယအချက်အနေဖြင့် သူတို့က အနောက်ဘက်နယ်စပ်ကုန်းမြေ၏ အဓိကပွဲကြီးတစ်ခုကို စောင့်မကြည့်ဘဲ မနေနိုင်ပေ။

ပြိုင်ဘက်ကင်းလက်ရွေးစင်များ၏တိုက်ပွဲကို ကြည့်ရှုနိုင်လျှင် သူတို့၏ကျင့်ကြံခြင်းအတွက် အထောက်အကူဖြစ်လိမ့်မည်။

“လင်ကြွယ်ဂိုဏ်းရဲ့ကျန်းရှီယန်က ဂိုဏ်းချူပ်ကျင်းကျီကိုအရိုအသေးပေးဖို့ ရောက်လာပါတယ်”

“ဝူယန်ဓားဂိုဏ်းရဲ့ရှန်းဝူက စီနီယာအစ်ကိုထို့ပါ့ချန်ကိုတွေ့ဖို့အတွက် ရောက်လာပါတယ်”

“ဓားအင်မော်တယ်ရှိနေပါသလား။ ဟယ်ရီရှောင်က အရိုအသေပေးဖို့ ရောက်လာပါတယ်”

သင်္ဘောပျံဆယ်စင်း၏ရှေ့တွင် အမျိုးမျိုးသောအသံများ ပဲ့တင်ထပ်လာသည်။

သင်္ဘောပျံများ၏နောက်တွင် ဓားအလင်းတစ်ခုကို ထုတ်ဖော်ထားသည်။ ဓားအလင်းသည် မိုင်ဒါဇင်ချီသည်အထိ ရှည်လျားပြီး နဂါးတစ်ကောင်အသွင်ပြောင်း၍ ကောင်းကင်ထက်တွင် ဟိန်းဟောက်နေသည်။

ထိုခမ်းနားမှုသည် အဓိကဂိုဏ်းကြီးတစ်ဂိုဏ်း ထွက်ခွာလာခြင်းကို ဖော်ပြသည်။

“ဒီနေ့မှာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ခွန်အားကို ထပ်ပြီးမြင်ရပြန်ပြီ။ ဂိုဏ်းကိုးဂိုဏ်းပြိုင်ပွဲမှာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့အဆင့်အတန်းက ခိုင်မြဲနေမှာပဲ”

သင်္ဘောပျံတစ်စင်း၏ကုန်းပတ်ပေါ်တွင် အစိမ်းရောင်ဝတ်စုံနှင့်လူအိုကြီးတစ်ယောက်က မုတ်ဆိတ်များကိုပွတ်သပ်၍ ပြုံးသည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ ခမ်းနားမှုတင်မကဘဲ လက်ရွေးစင်တပည့်များ၏ အရှိန်အဝါနှင့် တိုက်ခိုက်နိုင်စွမ်းကိုလည်း အကြည့်တစ်ချက်နှင့် မြင်နိုင်သည်။

ထိုလက်ရွေးစင်တပည့်များသည် ဂိုဏ်းကိုးဂိုဏ်းပြိုင်ပွဲတွင် သေချာပေါက်ထင်ပေါ်လာလိမ့်မည်။

“ဟုတ်တယ်။ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှာ ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူတစ်ယောက်ရှိလာရင် ထိပ်ဆုံးသုံးနေရာကို ဝင်နိုင်လိမ့်မယ်”

သင်္ဘောပျံ၏အပြင်ဘက်တွင် အစိမ်းရောင်ဝတ်စုံနှင့်ဓားကျင့်ကြံသူတစ်ယောက်၏ပုံရိပ်က ဖျတ်ခနဲပေါ်လာပြီး သင်္ဘောပျံပေါ်သို့ ဆင်းသက်လာသည်။

“စီနီယာအစ်ကိုကျင်းပဲ”

စကားပြောခဲ့သောလူအိုကြီးက ရယ်လိုက်ပြီး ပြောသည်။

“အဲဒါဆိုရင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှာ ဘယ်သူက ကောင်းကင်အထိ ပျံသန်းနိုင်မယ်ထင်လဲ”

စောစီးစွာရင်းနှီးမြှုပ်နှံခြင်းသည် လုပ်သင့်သောနည်းလမ်းတစ်ခုဖြစ်သည်။

လက်ရွေးစင်တပည့်တစ်ရာထဲတွင် မည်သူ့ကို ရင်းနှီးမြှုပ်နှံသင့်သနည်း။ သူတို့က မကြာခင် ဆုံးဖြတ်ရလိမ့်မည်။

ထိုရင်းနှီးမြှုပ်နှံခြင်းသည် သူတို့ရွေးချယ်ထားသောလူ အထွတ်အထိပ်သို့မရောက်ခင်အထိ နှစ်ပေါင်းရာချီကြာမြင့်နိုင်သည်။

“တကယ်လို့ ဂိုဏ်းတူညီလေးဟူက ငါ့ကိုယုံရင် ငါတို့က အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ တိုက်ရိုက်တပည့်တွေနဲ့ ဆက်ဆံရေးတည်ဆောက်ထားသင့်တယ်”

ဓားကျင့်ကြံသူကျင်း၏မျက်လုံးများ တောက်ပသွားသည်။

ကုန်းပတ်ပေါ်တွင်ရှိသောလူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်သည်။

“ဂိုဏ်တူအစ်ကို၊ ဓားအင်မော်တယ်က ဘယ်မှာလဲ”

လူတစ်ယောက်က တီးတိုးမေးသည်။

အနောက်ဘက်နယ်စပ်ကုန်းမြေ၏ လူငယ်မျိုးဆက်သစ်များထဲတွင် ဓားအင်မော်တယ်နှင့်ယှဉ်နိုင်သောလူ မရှိပေ။

သူတို့ ရင်းနှီးမြှုပ်နှံချင်လျှင် ထိုလူကို အရင်ဆုံး ရင်းနှီးမြှုပ်နှံသင့်သည်။

ထိုစကားကိုကြားလိုက်ရသောအခါတွင် ဓားကျင့်ကြံသူကျင်းက တစ်ဖက်သို့လှည့်ကြည့်သည်။ သူ့မျက်လုံးထဲတွင်ရှိသော အလင်းရောင်များ ပျောက်ကွယ်သွားပြီး တီးတိုးပြောသည်။

“အခုလေးတင် အင်မော်တယ်ဟန်ကို အဝေးကနေ မြင်လိုက်ရတယ်”

သူက ခေါင်းခါလိုက်ပြီး ညင်သာစွာပြောသည်။

“ချီစွမ်းအင်အလင်းက မသိသာဘူး။ ဓားအလင်းကို မြင်နိုင်ဖို့ ခက်ခဲတယ်”

“ငါစိုးရိမ်မိတာက ....”

ဓားအင်မော်တယ်၏ကျင့်ကြံခြင်းသည် လုံလောက်မှုမရှိပေ။

၂နှစ်အချိန်အတွင်း၌ သူက အရာအားလုံးကို ပြန်လည်စတင်ရန်လိုအပ်သည်။ သူက ပါရမီရှင်တစ်ယောက်ဖြစ်နေလျှင်ပင် အရေးမပါချေ။

“ဒီတစ်ကြိမ်မှာ အင်မော်တယ်ဟန်က သူ့ကိုမတိုက်ခိုက်ဖို့ ကတိပေးခဲ့တဲ့ ဂိုဏ်းအသီးသီးကကျွမ်းကျင်သူတွေအတွက် ကျားလင်မြစ်ကို လိုက်လာခဲ့တယ်”

ဓားကျင့်ကြံသူကျင်းက ခေါင်းမော့လိုက်ပြီး ရှေ့သို့ကြည့်သည်။ သူက ညင်သာစွာသက်ပြင်းချလိုက်ပြီး ပြောသည်။

“ငါ ကျင်းရီထန်ကတောင် သူ့ကို လေးစားမိတယ်”

“လောကမှာရှိတဲ့ ဓားကျင့်ကြံသူတွေထဲမှာ မိစ္ဆာကိုသတ်ဖြတ်ပြီး လူတွေကိုကယ်တင်ဖို့ လူဘယ်နှယောက်ကများ လုပ်နိုင်မှာလဲ”

သူ့စကားကို ကြားလိုက်ရသောအခါ ကျန်လူများက ခေါင်းညိတ်သည်။

သင်္ဘောပျံများ ခရီးရောက်လာသောအခါတွင် ပိုမိုများပြားသောကျွမ်းကျင်သူများ နောက်မှလိုက်လာသည်။

သူတို့က အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ လက်ရွေးစင်တပည့်များ၏အခြေအနေကို ဖြည်းဖြည်းချင်းနားလည်လာသည်။

တိုက်ရိုက်တပည့်အနည်းငယ်သည် အလွန်သန်မာသည်။

အတွင်းစည်း၏ ထိပ်တန်းတပည့်အများစုသည် ကမ္ဘာမြေ သွေးကြောဖွင့်အဆင့်နှင့် ဝိညာဉ်နိုးထခြင်းအဆင့်တွင် ရှိကြသည်။

ထိုကျင့်ကြံဆင့်သည် ဂိုဏ်းငယ်များ၏ အကြီးအကဲနှင့် အဆင့်တူသည်။

သူတို့၏ဆွေးနွေးမှုထဲတွင် အများဆုံးပါဝင်နေသောလူသည် တိတ်ဆိတ်နေပုံရသော အင်မော်တယ်ဟန်ဖြစ်သည်။

လွန်ခဲ့သော၂နှစ်အတွင်း၌ အင်မော်တယ်ဟန်သည် တစ်ခါမှမတိုက်ခိုက်ခဲ့ပေ။ သူနှင့်ပတ်သတ်သော သတင်းနှင့် ပုံပြင်များကိုလည်း မကြားရပေ။ သူ့ကျင့်ကြံခြင်းနှင့်ပတ်သတ်၍လည်း မည်သည့်အရာကိုမှ မသိနိုင်ပေ။

ထိုကြောင့် အရာအားလုံးသည် ရှင်းလင်းသွား၏။

လူအများအပြားတွင် စိတ်ကူးယဉ်ဆန်သောအတွေးများ ရှိနေခြင်းသာဖြစ်သည်။

လွန်ခဲ့သောရက်အနည်းငယ်အတွင်း၌ မနက်ခင်းအလင်းရောင်အောက်တွင် စာအုပ်ဖတ်နေသော သာမန်လူသားတစ်ယောက်နှင့်တူသည့် ဟန်မူယဲ့ကို မြင်လိုက်ရသောအခါ သူတို့အားလုံးက နှလုံးသားထဲတွင် သက်ပြင်းချမိသည်။

အံ့ဖွယ်တစ်ခု ဖြစ်မလာခဲ့ပေ။

“ငါက လွန်ခဲ့တဲ့၂နှစ်အတွင်းမှာ အင်မော်တယ်ဟန်ဆီကနေထွက်လာတဲ့ ဝိညာဉ်ဆေးလုံးတွေကို မမြင်ခဲ့ရဘူးဆိုရင် အင်မော်တယ်ရဲ့ကျင့်ကြံခြင်းက တကယ်ပျောက်ဆုံးသွားပြီလို့ ထင်မိလိမ့်မယ်”

သင်္ဘောအခန်းအတွင်း၌ ကျင်းမိသားစုခေါင်းဆောင်၊ ရွှေနဂါးကုန်သွယ်ရေးအဖွဲ့အစည်း၏ခေါင်းဆောင်ဖြစ်သော ကျင်းကျားလင်းက ဟန်မူယဲ့ကိုကြည့်လိုက်ပြီး ရယ်သည်။

“အင်မော်တယ်ဟန်က အရှေ့ပင်လယ်ဓားကျင့်ကြံသူတွေလိုမျိုး ထင်ပေါ်နေတာမဟုတ်ဘူး။ ပြီးတော့ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ ကျွမ်းကျင်သူတွေလိုမျိုး ကြမ်းတမ်းနေတာလည်း မဟုတ်ဘူး”

ကျင်းကျားလင်းက ခဏတာရပ်တန့်လိုက်ပြီး ဟန်မူယဲ့ကို စိုက်ကြည့်သည်။

“အင်မော်တယ်ဟန်က ငါတွေ့ဖူးခဲ့တဲ့ ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူတွေနဲ့ တူနေတယ်”

‘သူ့အမြင်အာရုံက တကယ်ကောင်းတာပဲ။ ဒီလိုမျိုး စီးပွားရေးတစ်ခုကိုဦးဆောင်နိုင်တာ မထူးဆန်းတော့ပါဘူး’

ဟန်မူယဲ့က သူ့ကိုကြည့်လိုက်ပြီး တည်ငြိမ်စွာပြောသည်။

“ခေါင်းဆောင်ကျင်း၊ အရှေ့ပင်လယ်ရဲ့သတင်းတွေက ဘယ်လိုလဲ”

ဟန်မူယဲ့၏မေးခွန်းကို ကြားလိုက်ရသောအခါတွင် ကျင်းကျားလင်းက ခေါင်းညိတ်လိုက်ပြီး ကျောက်စိမ်းပေလွှာတစ်ခုကို ထုတ်ပေးသည်။

ဟန်မူယဲ့က ကျောက်စိမ်းပေလွှာကို နတ်အာရုံနှင့် စစ်ဆေးကြည့်လိုက်သည်။

“အရှေ့ပင်လယ် တိမ်တိုက်ဓားဂိုဏ်းရဲ့ နံပတ်တစ်တိုက်ရိုက်တပည့် ကောထျန်းကျင်း”

“ဖုန်းလင်ဓားဂိုဏ်းက ဘယ်လိုတန်ဖိုးမျိုး ပေးခဲ့တာလဲ”

“လင်တောက်တာအိုဂိုဏ်းက အရှေ့ပင်လယ်မိစ္ဆာတွေနဲ့ တကယ်ပူးပေါင်းထားတာပဲ”

ကျောက်စိမ်းပေလွှာအတွင်း၌ အရှေ့ပင်လယ်၏ သတင်းအမျိုးမျိုးရှိနေသည်။

တောင်ပိုင်းကုန်းမြေမှ မဟာမိစ္ဆာတစ်ယောက်၏သတင်းလည်း ပါနေသည်။

ဤကျောက်စိမ်းပေလွှာသည် အဖိုးမဖြတ်နိုင်ပေ။

“ကျေးဇူးပါပဲခေါင်းဆောင်ကျင်း”

ဟန်မူယဲ့က ကျောက်စိမ်းပေလွှာကိုသိမ်းလိုက်ပြီး ညင်သာစွာပြောသည်။

ကျင်းကျားလင်းက ခေါင်းခါလိုက်ပြီး တည်ငြိမ်စွာပြောသည်။

“အင်မော်တယ်ဟန်က ကျင်းမိသားစုရဲ့ အရေးအကြီးဆုံးစီးပွားဖက်တစ်ယောက်ပဲ။ အချက်အလက်တချို့ထောက်ပံ့ပေးတာက ပုံမှန်ပါပဲ”

“ဒီတိုက်ပွဲပြီးသွားရင် အနောက်ဘက်နယ်စပ်ကုန်းမြေက ပြောင်းလဲသွားလိမ့်မယ်။ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက အားလုံးကိုဆန့်ကျင်ပြီး အနောက်ဘက်နယ်စပ်ကုန်းမြေကို ဖိနှိပ်ထားတာမျိုး ဖြစ်လာနိုင်တယ်လေ”

ကျင်းကျားလင်းက ထူးဆန်းသောမျက်နှာထားဖြင့် တီးတိုးပြောသည်။

“လင်တောက်တာအိုဂိုဏ်းက ဆုလာဘ်အနေနဲ့ ဓားတစ်လက်ထုတ်ယူလာခဲ့တာကို ငါသိထားတယ်”

သူက ထိုသတင်းမျိုးကိုလည်း ရနိုင်သည်။

ဟန်မူယဲ့က နက်ရှိုင်းသောမျက်လုံးများဖြင့် ခေါင်းညိတ်သည်။

“အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ခွန်အားက မလုံလောက်ဘူး။ ငါတို့က အာရုံစိုက်ခံရပြီး ပြဿနာများတဲ့နေရာကို မလိုချင်ဘူး”

“ဒါပေမဲ့ အခုတော့ ငါတို့က တိုက်ခိုက်ရတော့မယ်”

သူက ဂရုမစိုက်စွာပြောသည်။

“အဲဒီတော့လည်း တိုက်ခိုက်ပေးရမှာပေါ့”

“ဓားကျင့်ကြံသူတွေက လောကကို ဆန့်ကျင်တိုက်ခိုက်နိုင်တယ်။ အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ နံပတ်တစ်ဂိုဏ်းနေရာအတွက် တိုက်ခိုက်ရုံပဲမဟုတ်လား”

သူ့စကားများကို ကြားလိုက်ရသောအခါ ကျားကျင်းလင်က ကျယ်လောင်စွာရယ်သည်။

ရှေ့တွင် တိမ်တိုက်များတုန်ခါသွားသည်။

ရေခိုးရေငွေ့လှိုင်းတစ်ခု ပြေးဝင်လာသည်။

သူတို့သည် ကျားလင်မြစ်သို့ ရောက်လာခဲ့သည်။

ဟန်မူယဲ့က အခန်းထဲမှထွက်သွားသည်။

ပထမဆုံးသင်္ဘောပျံတွင် ဂိုဏ်းချုပ်ကျင်းကျီနှင့် ထို့ပါ့ချန်က လေထုထဲတွင် ရပ်နေသည်။

“အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက ဂိုဏ်းကိုးဂိုဏ်းပြိုင်ပွဲမှာ ပါဝင်ဖို့အတွက် ရောက်လာပါတယ်”

ထို့ပါ့ချန်က အော်ဟစ်လိုက်သည်။ သူ့နောက်တွင် ပေတစ်သောင်းမြင့်သော ကျားဖြူပုံရိပ်ပေါ်ထွက်လာပြီး ဦးမော့၍ ဟိန်းဟောက်ခဲ့သည်။

သင်္ဘောပျံဆယ်စင်းပေါ်တွင် ဓားအလင်းများပေါ်ထွက်လာပြီး ကျားဖြူ၏အတောင်ပံအဖြစ် ပြောင်းလဲသွားသည်။

အားကောင်းလှသောဓားဆန္ဒတစ်ခု ပြေးထွက်သွားသည်။

“ဘုန်း ....”

ကျားလင်မြစ်ပေါ်တွင်ရှိသောတိမ်တိုက်များ လွင့်စင်သွားသည်။

“အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို မူယန်ဂိုဏ်းက စောင့်ကြိုနေပါတယ်”

ထိုအသံနှင့်အတူ ချီစွမ်းအင်အလင်းများက စေတီအသွင်ပြောင်း၍ ကျားဖြူကို တားဆီးလိုက်သည်။

“တာအိုရှာဖွေခြင်းဓားဂိုဏ်းက ဒီနေရာမှာ အချိန်အတော်ကြာအောင် စောင့်နေခဲ့ရတယ်”

ကောင်းကင်ထက်တွင် ဓားအလင်းတစ်ခု ပေါ်ထွက်လာသည်။

“အဆုံးမဲ့တာအိုဂိုဏ်းက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို ကြိုဆိုပါတယ်”

ဓားအလင်းများက လည်ပတ်နေသောဘီးလုံးများအဖြစ်ပြောင်းလဲသွားပြီး ကောင်းကင်ကိုဖုံးအုပ်လိုက်သည်။

“လင်တောက်တာအိုဂိုဏ်းက တာအိုရောင်းရင်းကျင်းကျီတို့ကို ကြိုဆိုလိုက်ပါတယ်။ ပြိုင်ပွဲမှာ ပါဝင်ပေးပါ”

ရွှေရောင်ချိပ်စည်းတစ်ခုက ကျားဖြူ၏ခေါင်းကို ရိုက်ချလိုက်သည်။

ထို့ပါ့ချန်က ကျယ်လောင်စွာရယ်မောပြီး လက်နှစ်ဖက်ကို လှုပ်ခါသည်။

“ဘုန်း ....”

ကျားဖြူ၏ဓားအရှိန်အဝါသည် ပေါက်ကွဲထွက်လာပြီး ရွှေရောင်ကျားတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။ ရွှေရောင်ကျားသည် အတားအဆီးများအားလုံးကို ကျော်ဖြတ်သွားခဲ့သည်။

“ဝေါင်း ....”

ကျားဟိန်းသံသည် တောင်နှင့်မြစ်များကို တုန်ခါသွားစေသည်။ ကျားလင်မြစ်တွင် လှိုင်းထလာသည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်း ရောက်ရှိလာခဲ့သည်။

ယခုအချိန်တွင် ကျားဟိန်းသံနှင့် ဓားမြည်သံကိုပဲ ကြားနိုင်သည်။

ရွှေရောင်ကျားပုံရိပ်သည် လမ်းတစ်လျှောက်တားဆီးထားသော မန္တန်နှင့်ဓားအလင်းများကို တွန်းထုတ်၍ မယိုင်လဲနိုင်သောအရှိန်အဟုန်ဖြင့် ကျားလင်ဖြစ်ပေါ်တွင် ပြေးလွှားနေသည်။

ကျားသည် ခေါင်းမော့၍ဟိန်းဟောက်လိုက်ပြီး ထပ်မံလှုပ်ရှားသည်။

ကောင်းကင်ထက်တွင် ဓားအလင်းအများစုသည် ပျောက်ကွယ်သွားခဲ့သည်။

ယခုအချိန်တွင် ဓားအလင်းများ တစ်ဒါဇင်ခန့်သာ ကျန်တော့သည်။

တားဆီးမှုများသည် ပြိုင်ပွဲတွင်ပါဝင်နိုင်ရန် အရည်အချင်းပြည့်မီကြောင်း ဖော်ပြခြင်းသာဖြစ်သည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို အမှန်တကယ်တိုက်ခိုက်ရန် မလိုအပ်ပေ။

တားဆီးခဲ့သောဂိုဏ်းများထဲတွင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ မဟာမိတ်များလည်း ပါနေသည်။

သို့သော် ကျား၏ရှေ့တွင် ဓားအလင်းနှင့်ပုံရိပ်များ ရှိနေသေးသည်။ သူတို့က ခွန်အားထုတ်ပြရုံတင်မကဘဲ ဂိုဏ်းကိုးဂိုဏ်း၏အဆင့်အတန်းအတွက် တိုက်ခိုက်ချင်နေသည်။

ရွှေရောင်ကျားက ကြမ်းတမ်းသောမျက်လုံးများနှင့်အတူ ဟိန်းဟောက်သည်။ ရွှေရောင်ကျားသည် နောက်တွင်ရှိသောသင်္ဘောပျံဆယ်စင်းကိုဦးဆောင်၍ ရှေ့တက်သွားသည်။

“အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက တကယ်အားကောင်းတာပဲ”

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းနှင့်အတူပါလာသော ကျွမ်းကျင်သူများ၏မျက်နှာပေါ်တွင် ပျော်ရွှင်မှုများဖြတ်ပြေးသွားသည်။

သူတို့၏ဂိုဏ်းများသည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ အုပ်ချုပ်မှုအတွင်း၌ ရှိနေသည်။ သူတို့နှင့် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် တိုးတက်မှုနှင့်ဆုံးရှုံးမှုကို မျှဝေခံစားရလိမ့်မည်။

ထို့ပါ့ချန်၏ကျားပုံရိပ်သည် အလွန်အားကောင်းနေသောကြောင့် သူတို့က ပျော်ရွှင်သွားခဲ့သည်။

“ဟုတ်တယ်။ အကြီးအကဲထို့ပါ့ချန်က ဘဝတစ်လျှောက်လုံး လွှမ်းမိုးနိုင်စွမ်းရှိခဲ့တဲ့ ကျွမ်းကျင်သူတစ်ယောက်ပဲ”

လူတစ်ယောက်က ကျယ်လောင်စွာပြောသည်။

ထိုအရာသည် စိတ်ခွန်အားဖြစ်သည်။ စိတ်ခွန်အားမြင့်တက်လာလျှင် တိုက်ခိုက်လိုစိတ် သန်မာလာလိမ့်မည်။

All Chapters