အခန်း (၃၃၅)
Vol. 24 Ch. 335
ဓားချက်ပြီးသွားသောအခါ မြစ်ရေသည် တည်ငြိမ်နေသည်။ နဂါးလှေရှစ်ရာကျော်သည် မိုင်တစ်ထောင်အကွာအထိ ဆန်တက်လာခဲ့သည်။
ဓားတစ်ချက်၏ခွန်အားသည် အလွန်ကြောက်မက်ဖွယ်ကောင်းခဲ့သည်။
မိုင်တစ်ထောင်အကွာတွင် မြစ်ပြင်သည် ကျဉ်းမြောင်းလာသည်။ ကျောက်ဆောင်များ၊ ရေဝဲနှင့် ရေအောက်စီးကြောင်းများသည်လည်း နေရာအနှံ့တွင် ရှိနေသည်။
“ကျားလင်မြစ်ရဲ့ အန္တရာယ်အများဆုံးနေရာတွေထဲက တစ်ခုပဲ။ လောယန်ချောက်နက်”
မြစ်ကမ်းပါးတွင် အရင်ဆုံးတိုးဝင်လာသောနဂါးလှေကို ကျင့်ကြံသူများစောင့်ကြည့်နေသည်။
“ဘမ်း ...”
ကျောက်ဆောင်များနှင့်တိုက်မိသွားသော နဂါးလှေနှစ်စီးသည် ချက်ချင်းပျက်စီးသွားခဲ့သည်။
လေထုထဲတွင် ပုံရိပ်များပျံသန်းနေပြီး ဘေးတစ်ဖက်သို့ဆင်းသွားသည်။ သူတို့၏နဂါးလှေ ပျက်စီးသွားသောကြောင့် တခြားတစ်ခုကို လုယူရမည်။
“ဟမ် ....”
ဓားအလင်းနှင့် ချီစွမ်းအင်အလင်းများ ပေါက်ကွဲထွက်လာသည်။
ဂိုဏ်းကိုးဂိုဏ်းပြိုင်ပွဲအတွင်း၌ လုကော၏တိုက်ခိုက်မှုပြီးသွားသောအခါ သွေးစွန်းနေသောတိုက်ပွဲတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
နဂါးလှေလုယူခြင်း …
နဂါးလှေရှစ်ရာကျော်သည် ကျဉ်းမြောင်းသောလောယန်ချောက်နက်ဆီသို့ ရောက်လာသည်။ နဂါးလှေပျက်စီးသွားသော ဂိုဏ်းတပည့်များသည် ဘေးတွင်ရှိသောလှေများဆီသို့ ပျံသန်းသွားသည်။
သူတို့က ကမ်းစပ်သို့ပြန်ခွင့်မရှိသောကြောင့် နဂါးလှေတစ်စီးကို လုမယူနိုင်လျှင် သေဆုံးရလိမ့်မည်။
“ထွက်သွားစမ်း”
နဂါးလှေပေါ်တွင်ရှိသောလူအချို့က အော်ဟစ်လိုက်သည်။ ထို့နောက် လေထုထဲတွင် မှော်စွမ်းအင်အလင်းများ ပေါ်ထွက်လာသည်။
ရေနဂါးများပျံသန်းနေပြီး ကောင်းကင်ထက်တွင် လေဓားသွားများဖြင့် ပြည့်နှက်နေသည်။
ဥက္ကာခဲများကျဆင်းလာပြီး မီးနှင့်တိမ်များ ရစ်ဝဲနေသည်။
တာအိုနည်းစနစ်များနှင့် ဓားအလင်းများ ထိတွေ့သွားပြီး တိမ်နှင့်ရေလှိုင်းများ ဖြစ်ပေါ်လာစေသည်။
ပြင်းထန်သောလှိုင်းများပေါ်ထွက်လာပြီး နဂါးလှေအများအပြား သက်ရောက်ခံလိုက်ရသည်။ ကျောက်ဆောင်များနှင့်တိုက်မိသွားသောလှေများက တစ်ပိုင်းတစ်စစီဖြစ်သွားသည်။
အချိန်ခဏအတွင်း ထောင်ချီနေသောလက်ရွေးစင်တပည့်များ လေထုထဲတွင်ပျံသန်းနေသည်။
လက်ရွေးစင်တပည့်အများအပြားသည် နဂါးလှေတစ်စင်း၏ရှေ့သို့ ရောက်သွားသည်။
လှေဦးထိပ်တွင် တင်ပျဉ်ခွေထိုင်နေသော အစိမ်းရောင်ဝတ်စုံနှင့် တာအိုတန်ခိုးရှင်၏မျက်လုံးထဲတွင် အေးစက်မှုများဖြတ်ပြေးသွားသည်။
“ငါ့ရဲ့ ရွှမ်ရှန်းတာအိုဂိုဏ်းလှေကို ဘယ်သူတိုက်ခိုက်ရဲတာလဲ”
သူစကားပြောပြီးသွားသောအချိန်တွင် သူ့နောက်မှ ဓားအလင်းနှစ်ခုပေါ်ထွက်လာသည်။
ဓားအလင်းသည် အစိမ်းရောင်နဂါးတစ်ကောင်အဖြစ်ပြောင်းလဲသွားပြီး နေရာတိုင်းတွင် မီးတောက်များရှိနေသည်။
ဓားအလင်းနှစ်ခုဖြတ်သန်းသွားပြီး နဂါးလှေဆီသို့တိုးဝင်လာသောတပည့်များကို ဖျက်ဆီးလိုက်သည်။
ရွှမ်ရှန်းတာအိုဂိုဏ်းသည် အဓိကဂိုဏ်းကိုးဂိုဏ်းထဲမှ မဟုတ်သော်လည်း ဂိုဏ်းကိုးဂိုဏ်းအဆင့်အတန်းအတွက် ယှဉ်ပြိုင်နေသော ဂိုဏ်းတစ်ဂိုဏ်းဖြစ်သည်။
လွန်ခဲ့သော၂နှစ်အတွင်း၌ ရွှမ်ရှန်းတာအိုဂိုဏ်း၏ လူငယ်ကျွမ်းကျင်သူများသည် နာမည်ကြီးလာခဲ့သည်။
လှေဦးထိပ်တွင်ထိုင်နေသောတာအိုတန်းခိုးရှင်သည် ရွှမ်ရှန်းတာအိုဂိုဏ်း၏ ဝမ်ရွှမ်ဂျိဖြစ်သည်။ သူ၏ကျင့်ကြံဆင့်နှင့် တိုက်ခိုက်နိုင်စွမ်းသည် အလွန်မြင့်သည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ ဓားစစ်ပွဲခန်းဆောင်၏ သတင်းအချက်အလက်များအရ ဝမ်ရွှမ်ဂျိ၏ကျင့်ကြံခြင်းသည် ရွှေအမြုတေတစ်ဝက်အဆင့်သို့ ဝင်ရောက်နေပြီး လေအမျိုးအစား နတ်ဘုရားစွမ်းရည်သုံးခုကို ကျွမ်းကျင်သည်။
“ဝီ”
လှေဦးထိပ်တွင်ထိုင်နေသော ဝမ်ရွှမ်ဂျိ၏ကိုယ်ပေါ်တွင် အစိမ်းရောင်ချီစွမ်းအင်အလင်းများ ပေါ်ထွက်လာပြီး နဂါးလှေ၏ကောင်းကင်ထက်တွင် လေဓားသွားများအဖြစ် ပြောင်းလဲသွားသည်။
အနက်ရောင်ဝတ်စုံနှင့်လူငယ်တစ်ယောက်သည် ဓားတစ်လက်ကိုကိုင်ဆောင်၍ ရောက်လာခဲ့သည်။ သူ့အရှိန်အဝါသည် သွေးကြောဖွင့်ပဥ္စမအဆင့်နှင့်အထက်တွင် ရှိသည်။ သူက ဂိုဏ်းတစ်ခု၏ လက်ရွေးစင်တပည့်တစ်ယောက်ဖြစ်သည်။
လူငယ်သည် လေဓားသွားများကို ဓားဖြင့်ခုတ်ချသည်။
“ဝီ”
ဓားသည် တုန်ခါသွားပြီး တစ်ပိုင်းတစ်စစီ ကျိုးပဲ့သွားခဲ့သည်။
လူငယ်သည် လေဓားသွားများ၏ဝိုင်းရံမှုကိုခံရပြီး သေဆုံးသွားခဲ့သည်။
လေဓားသွားများ၏ရှေ့တွင် ကမ္ဘာမြေအဆင့်ကျွမ်းကျင်သူသည် စာရွက်တစ်ရွက်ကဲ့သို့ ကျိုးပဲ့လွယ်၏။
လူအများအပြားရှိနေသော်လည်း ရွှမ်ရှန်းတာအိုဂိုဏ်း၏လှေကို ပစ်မှတ်မထားရဲတော့ပေ။
သို့သော် အသက်ရှူကြိမ်တစ်ရာကြာလာလျှင် တန်ချိန်တစ်ထောင် အလေးချိန်တိုးလာလိမ့်မည်။ ထိုအချိန်သို့ရောက်လျှင် မည်သို့လုပ်မည်နည်း။
“ဘုန်း”
ချီစွမ်းအင်အလင်းများဖြင့် ရစ်ပတ်ထားသော နဂါးလှေတစ်စင်းသည် ကျောက်ဆောင်များကိုထိုးခွဲ၍ လောယန်ချောက်ထဲသို့ တိုးဝင်သွားခဲ့သည်။
“လင်တောက်တာအိုဂိုဏ်းက တကယ်ထူးခြားတာပဲ”
ရွှေအလင်းဖြင့်ဖုံးလွှမ်းထားသော နဂါးလှေကိုမြင်လိုက်ရသောအခါတွင် မြစ်ကမ်းပါးတွင် ကျင့်ကြံသူတစ်ယောက်က တီးတိုးပြောသည်။
လင်တောက်တာအိုဂိုဏ်း၏နဂါးလှေသည် ရှေ့ဆုံးမှဦးဆောင်နေသည်။
“သူတို့က အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ နံပတ်တစ်ဂိုဏ်းပဲလေ။ သူတို့ရဲ့ကြီးကျယ်ခမ်းနားမှုကို နံပတ်တစ်နေရာအတွက်တိုက်ခိုက်ရင် မြင်ရလိမ့်မယ်”
လေထုထဲတွင် ရွှေအမြုတေအဆင့်ကျွမ်းကျင်သူတစ်ယောက်က မုတ်ဆိတ်မွေးကိုပွတ်သပ်ပြီး ရယ်လိုက်သည်။
ထိုလူက တာအိုဝတ်စုံကို ဝတ်ဆင်ထားသောကြောင့် တာအိုဂိုဏ်းမှဖြစ်နိုင်သည်။
အနောက်ဘက်နယ်စပ်ကုန်းမြေ၏ တာအိုဂိုဏ်းများသည် လင်တောက်တာအိုဂိုဏ်းကို လေးစားသည်။
သူပြောလိုက်သောအခါ ဘေးတွင်ရှိနေသောတာအိုတန်ခိုးရှင်များက ရယ်လိုက်သည်။
လူအများအပြာားသည် ထို့ပါ့ချန်ကို လှည့်ကြည့်သည်။
‘အံ့ဖွယ်ကိုးပါးဓားဂိုဏ်းလေးကများ လင်တောက်တာအိုဂိုဏ်းနဲ့ ယှဉ်ပြိုင်ချင်တယ်ပေါ့’
‘အဓိပ္ပာယ်မဲ့လိုက်တာ’ သူတို့တွေးသည်။
“ခလွမ် ....”
အောက်တွင် ဓားမြည်သံပေါ်ထွက်လာသည်။ ပေတစ်ထောင်ရှိသောဓားအလင်းသည် ဖျတ်ခနဲပေါ်လာပြီး ပေတစ်သောင်းအကွာအဝေးကို ပြန့်ပြူးသွားအောင်လုပ်ခဲ့သည်။
လှိုင်းထမလာခင် နဂါးလှေတစ်စီးသည် ဖြတ်ပြေးသွားပြီး လောယန်ချောက်နက်ကို ဖြတ်ကျော်ခဲ့သည်။
ထိုက်ရီဓားဂိုဏ်း …
“နံပတ်တစ်ဓားဂိုဏ်းက တကယ်သန်မာတာပဲ”
လူတစ်ယောက်က အော်ဟစ်လိုက်ပြီး လှိုင်းမထခင်ဖြတ်သန်းသွားသော နဂါးလှေကို ကြည့်နေသည်။
“ဓားချက်ထုတ်လိုက်တဲ့လူက ထိုက်ရီဓားဂိုဏ်းရဲ့ နံပတ်တစ်တိုက်ရိုက်တပည့် ဖုန်းယွမ်ကောလား”
လူတစ်ယောက်က နဂါးလှေကိုစိုက်ကြည့်ပြီး တီးတိုးပြောသည်။
“ငါမသိဘူး။ ဖုန်းယွမ်ကောရဲ့တိုက်ခိုက်နိုင်စွမ်းက ရွှေအမြုတေပဥ္စမအဆင့်နဲ့ယှဉ်နိုင်တယ်လို့ ပြောကြတယ်။ အခု သူတိုက်ခိုက်လိုက်တာဆိုရင် ခွန်အားပြည့်ထုတ်မသုံးထားဘူး”
“ဘုန်း”
ထိုအချိန်တွင် ထိုက်ရီဓားဂိုဏ်း၏ဓားအလင်းကြောင့် တည်ငြိမ်နေခဲ့သောရေပြင်သည် လှိုင်းပြန်ထလာခဲ့သည်။ နောက်တွင်ပါလာသော နဂါးလှေအများအပြားသည် မတည်မငြိမ်ဖြစ်သွားပြီး မှောက်သွားခဲ့သည်။
ရေထဲသို့ ကျင့်ကြံသူများကျလာသောအခါ အနက်ရောင်ပုံရိပ်များကူးခပ်လာပြီး တိုက်ခိုက်လိုက်ကြသည်။
ဟိန်းဟောက်သံ၊ အော်ဟစ်သံ၊ ဓားမြည်သံနှင့် မန္တန်အလင်းများ ပေါ်ထွက်လာသည်။
ဤနေရာသည် ကျဉ်းမြောင်းပြီး ကြေးခွံနက်ငါးများ စုစည်းနေကြသည်။
ကြေးခွံနက်ငါးများ၊ ပျက်စီးနေသောလှေများ၊ ရေထဲသို့ပြုတ်ကျသွားသော ကျင့်ကြံသူများ။ ဤနေရာတွင် ဖရိုဖရဲဖြစ်နေသည်။
သူတို့၏နောက်တွင် ရေလှိုင်းများထလာသည်။
ပိုမိုများပြားသော ကြေးခွံနက်ငါးများသည် ရေလှိုင်းနှင့်အတူ ဆက်တိုက်တိုးဝင်လာသည်။
ထိုငါးများသည် ကမ္ဘာမြေအဆင့်ကျွမ်းကျင်သူနှင့် ယှဉ်နိုင်သည်။
သူတို့က လောယန်ချောက်နက်ကိုမဖြတ်ကျော်နိုင်ဘဲ ကြေးခွံနက်ငါးများ၏ဝိုင်းရံခြင်းကိုခံရလျှင် သေဆုံးသွားလိမ့်မည်။
ရှေ့တွင် ဖုန်းလင်ဓားဂိုဏ်း၊ ယွမ်ထိုက်တာအိုဂိုဏ်း၊ ရှန့်ယန်မိစ္ဆာဂိုဏ်းနှင့် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ တခြားအဓိကဂိုဏ်းများသည် ချီစွမ်းအင်အလင်းများနှင့်အတူ မျဉ်းဖြောင့်အတိုင်း ရှေ့တက်သွားကြသည်။ သူတို့က လှိုင်းလုံးများကိုချိုးဖျက်၍ လောယန်ချောက်နက်ထဲသို့ဝင်သွားသည်။
သူတို့၏နောက်တွင် ခွန်အားမလုံလောက်သောလူများက နဂါးလှေ၏အမြန်နှုန်းကို အဆုံးစွန်အထိတွန်းပို့လိုက်ပြီး ရေပြင်ထက်တွင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
“ပထမအချီမှာ အားနည်းသူနဲ့ သန်မာသူကို ခွဲထုတ်နိုင်လိမ့်မယ်လို့ ထင်မထားခဲ့ဘူး”
ကောင်းကင်ထက်တွင် ရွှေအမြုတေအဆင့်ကျွမ်းကျင်သူတစ်ယောက်က ညင်သာစွာသက်ပြင်းချသည်။
“ငါတို့ရဲ့ သစ်သားဝိညာဉ်တာအိုဂိုဏ်းက အားနည်းနေသေးတယ်။ လက်ရွေးစင်တပည့်၃၁ယောက်ပဲ လောယန်ချောက်ထဲကို ဝင်သွားနိုင်တယ်”
လောယန်ချောက်ထဲသို့ဝင်ရောက်နိုင်ခြင်းသည် ခွန်အားကို အပြည့်အဝမဆုံးဖြတ်နိုင်သော်လည်း အားကောင်းသူများက လုံခြုံစွာဖြင့် အရင်ဝင်ရောက်နိုင်သည်။
ဂိုဏ်းကိုးဂိုဏ်းအဆင့်အတန်းအတွက် ယှဉ်ပြိုင်လိုသောဂိုဏ်းအများစုသည် ပထမတန်းတွင်ရှိနေသည်။
သစ်သားဝိညာဉ်တာအိုဂိုဏ်း၏ ရွှေအမြုတေအဆင့်ကျွမ်းကျင်သူသည် ခံစားချက်များပြည့်နှက်နေပုံပေါ်သော်လည်း အမှန်တော့ ကြွားဝါနေခြင်းသာဖြစ်သည်။
ယခုအချိန်တွင် လောယန်ချောက်နက်၏အပြင်ဘက်တွင် နဂါးလှေခုနစ်ရာကျော်ကျန်နေသေးသည်။ သစ်သားဝိညာဉ်တာအိုဂိုဏ်းသည် အရင်ဝင်ရောက်နိုင်သောကြောင့် ခွန်အားပြသနိုင်ခဲ့သည်။
သူစကားပြောပြီးသွားသောအခါတွင် မနာလိုသောအကြည့်များကို လက်ခံလိုက်ရသည်။
“အမ်၊ အဲဒါက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမဟုတ်လား ....”
လူတစ်ယောက်က တီးတိုးရေရွတ်လိုက်ပြီး မျက်နှာထားပြောင်းလဲခြင်းမရှိသော ထို့ပါ့ချန်ကို တစ်ချက်ကြည့်သည်။
ယခုအချိန်တွင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ နဂါးလှေက လှိုင်းများတွင်ကျန်ရစ်ခဲ့သည်။
ထူးချွန်သောနည်းစနစ်များမရှိသလို ချီစွမ်းအင်အလင်းကိုလည်း မမြင်ရပေ။
‘ဒီပုံစံမျိုးနဲ့ လင်တောက်တာအိုဂိုဏ်းကိုစိန်ခေါ်ပြီး အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ နံပတ်တစ်နေရာကို ယှဉ်ပြိုင်ရဲတယ်လား’ သူတို့ တွေးမိသည်။
ထို့ပါ့ချန်က ထိုလူများ၏အကြည့်ကို အပြည့်အဝလျစ်လျူရှုထားပြီး အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏နဂါးလှေကိုပဲ စောင့်ကြည့်နေသည်။
လှိုင်းများမြင့်တက်လာသောအချိန်တွင် လှေဦးထိပ်တွင်ထိုင်နေသောဟန်မူယဲ့က ရုတ်တရက် လက်မြှောက်လိုက်သည်။
ဖြောင့်မတ်စွာသွားနေသောနဂါးလှေသည် အနည်းငယ်ရပ်တန့်သွားပြီး မြစ်လယ်တွင်ရှိသော အကြီးဆုံးကျောက်ဆောင်ဆီသို့ ဦးတည်လိုက်သည်။
နဂါးလှေက ကျောက်ဆောင်ဆီသို့ ရောက်သွားသောအခါတွင် ဟန်မူယဲ့က လက်မြှောက်လိုက်သောကြောင့် နးဂါးလှေသည် ရပ်တန့်သွားသည်။ သူက ကျောက်ဆောင်ပေါ်သို့ ပျံတက်သွားသည်။
ကျောက်ဆောင်သည် ပေခြောက်ဆယ်မြင့်ပြီး ပေသုံးရာကျယ်သည်။
ဟန်မူယဲ့က ကျောက်ဆောင်ပေါ်သို့ရောက်လာသောအခါတွင် ဖိအားကိုမခံစားနိုင်သော လက်ရွေးစင်တပည့်များကလည်း ကျောက်ဆောင်ပေါ်သို့ ရောက်လာသည်။
“အမ်၊ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့လှေက ဘာဖြစ်လို့ ဒီကိုရောက်လာတာလဲ”
မြစ်ကမ်းပါးတွင် ပွဲကြည့်နေသောကျင့်ကြံသူများက နားမလည်နိုင်ခဲ့ပေ။
‘လောယန်ချောက်နက်ကို ဖြတ်မသွားဘဲ ကျောက်ဆောင်မှာ ရပ်နေတယ်။ သူက ဂိုဏ်းကိုးဂိုဏ်းအဆင့်အတန်းကို မလိုချင်တော့ဘူးလား’
‘သူက လက်လျော့လိုက်တာလား’
‘သူလက်လျောလိုက်တယ်ဆိုရင် ကိုယ့်အကန်အသတ်ကိုယ် သိနေတာပဲ’
“ဒါပေမဲ့ အခုအချိန်မှာတော့ လက်လျော့ချင်ရင်တောင် လက်လျော့လို့မရဘူး’
ဟန်မူယဲ့က ပြည့်ညပ်နေသောနဂါးလှေများကိုလှည့်ကြည့်သည်။ ထို့နောက် အနက်ရောင်လှိုင်းလုံးများကို မော့ကြည့်သည်။
သူ၏ ရေဓာတ်လိုက်ဖက်ညီမှုအာရုံခံနိုင်စွမ်းအရ မြစ်ထဲတွင် ကြေးခွံနက်ငါးများ တစ်သောင်းခန့်ရှိနေသည်။
ထိုငါးများသည် ပေတစ်သောင်းရှည်သော ငါးဆယ်ကောင်၏ဦးဆောင်မှုအောက်တွင် ကြမ်းတမ်းစွာပြေးဝင်လာသည်။
ထိုငါးများဆီမှ နဂါးလှေတစ်ဝက်ခန့် မလွတ်မြောက်နိုင်ပေ။
နဂါးလှေတစ်စင်းပေါ်တွင် လက်ရွေးစင်တပည့်တစ်ရာရှိသည်။
ဤလောယန်ချောက်နက်သည် ကျင့်ကြံသူသုံးသောင်းကို တစ်ချိန်တည်းတွင်တားဆီးလိမ့်မည်။
ထိုလူများသည် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ လက်ရွေးစင်တပည့်များဖြစ်သည်။
ဟန်မူယဲ့က ထိုအကြောင်းကို မတွေးမိခဲ့ပေ။
သို့သော် မြစ်ထဲသို့ ဖက်ထုပ်များသဖွယ်ပြုတ်ကျသွားသော ကျင့်ကြံသူများကိုမြင်ရသောအခါတွင် သူက ရုတ်တရက် နားလည်သွားခဲ့သည်။
ဤပြိုင်ပွဲသည် လင်တောက်တာအိုဂိုဏ်း၏ဦးဆောင်မှုအောက်တွင် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ကျွမ်းကျင်သူများအားလုံး ဖန်တီးထားသော ကစားပွဲတစ်ခုဖြစ်သည်။
ထိုဂိုဏ်းများသည် တခြားဂိုဏ်းများ၏လက်ရွေးစင်တပည့်များကိုရှင်းထုတ်နိုင်ရန်အတွက် ဤနည်းလမ်းကို အသုံးပြုခဲ့သည်။
ဤပြိုင်ပွဲပြီးသွားလျှင် သန်မာပြီးသားဂိုဏ်းများသည် ပိုမိုသန်မာလာလိမ့်မည်။
သို့သော် တခြားဂိုဏ်းများ၏ လက်ရွေးစင်တပည့်အများစုသည် သေဆုံးသွားရလိမ့်မည်။
အကယ်၍ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ နံပတ်တစ်ဂိုဏ်းဖြစ်လာရန် ရည်ရွယ်မထားလျှင် ဤကိစ္စသည် သူနှင့်မဆိုင်ပေ။
ဤပြိုင်ပွဲပြီးသွားသောအခါ လင်တောက်တာအိုဂိုဏ်းသည် နံပတ်တစ်ဂိုဏ်းဆက်ဖြစ်နေလျှင် တခြားဂိုဏ်းများ၏ခွန်အားကို လျော့ချလိုက်ခြင်းက ကောင်းမွန်သည်။
အဓိကဂိုဏ်းကြီးများကလည်း ထိုဖြစ်ရပ်ကို မြင်ချင်ကြသည်။
အနောက်ဘက်နယ်စပ်ကုန်းမြေတွင် အရင်းအမြစ်များ အကန့်အသတ်ရှိသည်။ ကျွမ်းကျင်သူတစ်ယောက်ပေါ်လာလျှင် အရင်းအမြစ်များ ပိုကုန်လိမ့်မည်။
ခွန်အားကောင်းသောဂိုဏ်းတစ်ဂိုဏ်းပေါ်လာလျှင် ဒါဇင်နှင့်ချီသောကျွမ်းကျင်သူများ၏ ကျင့်ကြံခြင်းအရင်းအမြစ်များကို ထောက်ပံ့ပေးရလိမ့်မည်။
အနောက်ဘက်နယ်စပ်ကုန်းမြေကို လင်တောက်တာအိုဂိုဏ်းက ဆက်လက်စိုးမိုးနိုင်လျှင် ထိုသို့ဖြစ်လာလိမ့်မည်။ လင်တောက်တာအိုဂိုဏ်း၏စည်းမျဉ်းများကို အမြဲတမ်းလိုက်နာခဲ့ကြသည်။
သို့သော် ဤတစ်ကြိမ်တွင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက နံပတ်တစ်နေရာကိုရသွားလျှင် မည်သို့ဖြစ်မည်နည်း။
လင်တောက်တာအိုဂိုဏ်းနှင့် တခြားဂိုဏ်းကြီးများ ဆုတ်ယုတ်သွားလိမ့်မည်။ အနောက်ဘက်နယ်စပ်ကုန်းမြေ၏ဂိုဏ်းများသည် ဆုံးရှုံးမှုကြီး ခံစားရလိမ့်မည်။ အနောက်ဘက်နယ်စပ်ကုန်းမြေသို့ ပြောင်းရွှေ့လာသော တောင်ပိုင်းမိစ္ဆာများနှင့်သဘောတူညီချက်သည် ချက်ချင်းပျက်စီးသွားလိမ့်မည်။
လင်တောက်တာအိုဂိုဏ်းတွင် ဖုံးကွယ်ထားသောအစီအစဉ်တစ်ခု ရှိနေလိမ့်မည်။ သို့သော် ဂိုဏ်းကိုးဂိုဏ်းပြိုင်ပွဲသည် လင်တောက်တာအိုဂိုဏ်း၏ ပွင့်လင်းသောအကြံအစည်ဖြစ်သည်။
ပြိုင်ပွဲမှတစ်ဆင့် အနောက်ဘက်နယ်စပ်ကုန်းမြေမှ ဂိုဏ်းအသီးသီး၏ခွန်အားကို လျော့နည်းသွားအောင်လုပ်နိုင်လိမ့်မည်။ သူတို့၏စည်းကမ်းများကလည်း ပိုမိုခိုင်မာလာမည်။ ထိုသို့မဟုတ်လျှင် အနောက်ဘက်နယ်စပ်ကုန်းမြေတွင် အရှုပ်အထွေးများဖြစ်လာလိမ့်မည်။
လင်တောက်တာအိုဂိုဏ်းသည် ဤပြိုင်ပွဲအတွက် စည်းကမ်းသတ်မှတ်ခဲ့သည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် နံပတ်တစ်နေရာကိုယူပြီး လင်တောက်တာအိုဂိုဏ်း၏စည်းမျဉ်းများကို အဆုံးသတ်ပစ်မည်။
အနာဂတ်တွင် လင်တောက်တာအိုဂိုဏ်းသည် စည်းမျဉ်းများချမှတ်နိုင်တော့မည်မဟုတ်သောကြောင့် ယခုအချိန်တွင် သူတို့၏စည်းကမ်းချက်များကို လိုက်နာရန်မလိုတော့ပေ။