← Chapters

အဆိပ်နဂါး လက်သီးရဲ့ ပြီးပြည့်စုံခြင်းအဆင့်

Vol. 36 Ch. 487

အဆိပ်နဂါး လက်သီးရဲ့ ပြီးပြည့်စုံခြင်းအဆင့်

Vol. 36 Ch. 487

" အင်း. ... ငါ သည်ဟာကိုပဲ ယူတော့မယ် "

အနည်းငယ် တွေဝေနေပြီးတဲ့ နောက်မှာတော့ လီဖူချန်းက အဆိပ်နဂါး လက်သီးသိုင်းကိုပဲ ရွေးလိုက်ပါတော့တယ်။

သည်လက်သီးသိုင်းက အဆိပ်နဂါး လက်သီးသိုင်းလို့ အမည်ရပေမယ့်လည်း တကယ့်တကယ်မှာတော့ အဆိပ်ကို အသုံးပြုပြီး တိုက်ခိုက်ရတဲ့ လက်သီးသိုင်း မဟုတ်ပါဘူး။ သည်လက်သီးသိုင်းရဲ့ လက်သီးအားက အညှာအတာ ကင်းမဲ့ပြီး ရက်စက်လွန်းတဲ့ အတွက်ကြောင့်သာ အဆိပ်နဂါး လက်သီးလို့ အမည်ရနေတာပါ။

လီဖူချန်းက ကျန်ရှိနေသေးတဲ့ ထောက်ပံ့ရေးရမှတ် ၇၁၀၀ကိုတော့  အလောတကြီး မသုံးသေးဘဲ ချန်ထားဖို့အတွက် ဆုံးဖြတ်လိုက်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူက နောက်တစ်ခါ သည်လျှို့ဝှက်ကျမ်းစာဆောင်ကိုလာရင် မီးတိမ်တိုက်တစ်ထောင် လောင်ကျွမ်းခြင်း ဓားသိုင်းရဲ့ ဒုတိယပိုင်း ဒါမှမဟုတ် အဆိပ်နဂါး လက်သီးသိုင်းရဲ့ ဒုတိယပိုင်းကို လဲလှယ် ရဖို့ဖို့ စဉ်းစားထားလို့ပါပဲ။

" အကြီးအကဲ ... သည်မှာထောက်ပံ့ရေး ဒင်္ဂါး ၈၀၀၀ ပါ။ ကျွန်တော်က သည်အဆိပ်နဂါး လက်သီးသိုင်းကို ယူပါမယ် "

" ဟုတ်ပြီ "

လျှို့ဝှက်ကျမ်းစာဆောင် အကြီးအကဲဆီမှာ စာရင်းပေးသွင်းပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ အဆိပ်နဂါး လက်သီးသိုင်းရဲ့ ပထမပိုင်းမူပွားကို ရယူပြီး လျှို့ဝှက်ကျမ်းစာဆောင်ထဲကနေ ထွက်သွားခဲ့ပါပြီ။

***

အဆိပ်နဂါးလက်သီးသိုင်းက စုစုပေါင်းမှ သိုင်းကွက်၂ကွက်ပဲ ရှိတာပါ။ လီဖူချန်း ယူလာတဲ့ ပထမပိုင်းမှာတော့ အဆိပ်နဂါးကို ဖူးမြော်ခြင်း ဆိုတဲ့ သိုင်းကွက် တစ်ကွက်ပဲ ပါရှိပါတယ်။

သည်သိုင်းကွက်က သိုင်းကွက်တစ်ကွက်တည်း ဖြစ်ပေမယ့်လည်း သိုင်းဟန် ၉မျိုးနဲ့ အလှည့်အပြောင်း ၇၃၆မျိုး ပါတဲ့အတွက် လေ့ကျင့်ရတာ သိပ်မလွယ်လှပါဘူး။

သိုင်းဟန် တစ်မျိုးနဲ့ သိုင်းကွက်အလှည့်အပြောင်း တစ်မျိုးစီက မတူညီတဲ့ အပြင်အားတွေ နဲ့ သွေးလည်ပတ်ခြင်းကို ဖြစ်ပေါ်စေပါတယ်။အဲသည်သိုင်းဟန် ၉မျိုး နဲ့ သိုင်းကွက်အလှည့်အပြောင်း ၇၃၆မျိုးလုံးကို ကျင်ကျင်လည်လည် အသုံးပြုနိုင်ရင်တော့ သည်သိုင်းကွက်ဟာ အင်မတန် ကြောက်စရာ ကောင်းသွားမှာ အသေအချာပါပဲ။ လက်သီးချက် ထုတ်လိုက်တိုင်းမှာ အဆိပ်နဂါးဝိညာဉ် ကပ်ပါလာမှာ ဖြစ်ပြီး အဲဒါက လက်သီးချက်ရဲ့ အစွမ်းကို သိသိသာသာကြီး တိုးမြှင့်သွားစေမှာပါ။

လီဖူချန်းကတော့ သူ့ရဲ့ ထိုးထွင်းသိမြင်မှု အားကိုးနဲ့ သိုင်းဟန်၃မျိုး နဲ့ အလှည့်အပြောင်း ၂၄၆မျိုးကို တစ်နေ့တည်းမှာ နားလည်အသုံးပြုနိုင် ခဲ့ပါတယ်။

သူ့ရဲ့ လက်သီးချက် ထုတ်လိုက်တဲ့ အခါမှာဆိုရင် သူ့ရဲ့ အပြင်အားတွေနဲ့ သွေးတွေဟာ ရေဝဲတစ်ခုလို လည်သွားပြီး ထိန်းမနိုင်၊သိမ်းမရတဲ့ လက်သီးအားတစ်ခု ဖြစ်ပေါ်လာအောင်  ထောက်ပံ့ပေးပါတယ်။ အဲသည်အချိန်မျိုးမှာဆိုရင် နဂါးတစ်ကောင်ရဲ့ ဟိန်းသံကလည်း လေထုထဲမှာ အထပ်ထပ် မြည်ဟီးနေတာပါပဲ။

လီဖူချန်းတစ်ယောက် အဆိပ်နဂါး လက်သီးသိုင်းကို လေ့ကျင့်နေစဉ်မှာတော့ အရှေ့ယူနီကွန်းတိုက်ရဲ့ အတွင်းတစ်နေရာမှာ မထင်မှတ်ထားတဲ့ ပြောင်းလဲမှုကြီးတစ်ခု ဖြစ်ပေါ်လာခဲ့ပါပြီ။

အဲဒါကတော့ မြူခိုးတို့ရဲ့မြေက မြူခိုးတွေဟာ အကြောင်းအရင်း တစ်စုံတရာ မသိရဘဲ တဖြည်းဖြည်း ပျောက်ကွယ်ကုန်တာပါပဲ။ အဲသည် မြူခိုးတွေ ပျောက်ကွယ်ကုန်တဲ့အတွက် မြူခိုးတို့ရဲ့ မြေမှာ ရှိနေတဲ့ လျှို့ဝှက်ချက် တချို့ဟာလည်း ပေါ်လာခဲ့ပါတယ်။ အဲသည်ပေါ်လာတဲ့ လျှို့ဝှက်ချက်တွေ ထဲမှာတော့  တောင်ကြားချိုင့်ဝှမ်းတစ်ခု အတွင်းမှာရှိတဲ့ တည်နေရာရွှေပြောင်း စင်မြင့်လည်း အပါအဝင်ပါပဲ။

အဲသည်တည်နေရာရွှေ့ပြောင်း စင်မြင့် ပေါ်လာပြီးကတည်းက အရှေ့ယူနီကွန်းတိုက်က ပညာရှင်တွေဟာ အရှေ့ယူနီကွန်းတိုက်ကနေပြီး နေ့စဉ်နဲ့အမျှ ထွက်ခွာကုန်ကြပါတယ်။အဲသည်ထွက်ခွာသွားကြတဲ့ ပညာရှင်တွေထဲမှာဆိုရင် ဂိုဏ်းအသီးသီးက အထွတ်ခေါင်ချုပ် အကြီးအကဲတွေ နဲ့ ထွတ်ခေါင်ပါရမီရှင်တွေက အများဆုံးပါပဲ။

" လီဖူချန်း ... ဒါက မင်းရဲ့ လျှို့ဝှက်ချက်ပေ့ါလေ "

လူတွေအားလုံးကတော့ သည်တည်နေရာရွှေ့ပြောင်း စင်မြင့်ဟာ လီဖူချန်းရဲ့ လျှို့ဝှက်ချက်ပဲ ဖြစ်ရမယ်လို့ တစ်ထစ်ချ ယုံကြည်လိုက်ကြ ပါတော့တယ်။

လီဖူချန်းတစ်ယောက်  အချိန်တိုအတွင်းမှာ ကြောက်စရာ ကောင်းလောက်အောင် အစွမ်းထက်လာတဲ့အပေါ်မှာလည်း  သူတို့က မအံ့သြတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လီဖူချန်းက သည်တည်နေရာရွှေ့ပြောင်းစင်မြင့်ကို ရှာဖွေ့တွေ့ရှိသွားခဲ့ပြီး တခြားတိုက်ကြီးတွေဆီကို ကူးသွားခဲ့တာ မဟုတ်ပါလား။

အရှေ့ယူနီကွန်းရဲ့ ကောင်းကင်နဲ့မြေကြီးမှာ ရှိတဲ့ ချီစွမ်းအင်တွေဟာ အကြောင်းတစ်စုံတရာကြောင့် ပါးလျသွားပြီး ရှေးခေတ်တုန်းကလို သိပ်သည်းခြင်း မရှိတော့ဘူး ဆိုတာကို သည်တိုက်မှာရှိတဲ့  လူတိုင်းလိုလို သိထားပြီးသား ဖြစ်ပါတယ်။ တကယ်လို့သာ သူတို့ အနေနဲ့  အခြားအဆင့်မြင့် တိုက်ကြီးတစ်ခုဆီကို တည်နေရာရွှေပြောင်းပြီး သွားနိုင်မယ်ဆိုရင်တော့ ပိုပြီး ကျင့်ကြံရ လွယ်ကူသွားမှာ အသေအချာပါပဲ။

ပြန်လည်ဝင်စားခြင်းနယ်ပယ် အထွတ်အထိပ်မှာ နှစ်ပေါင်းများစွာ ရပ်တန့်နေတဲ့ ပညာရှင်တွေ ဆိုရင်တော့ အဆင့်မြင့် တိုက်ကြီးတစ်ခုခုကို ရောက်ရောက်ချင်းမှာပဲ တိုက်ပွဲဝိညာဉ် နယ်ပယ်ကို ချိုးဖောက်ဝင်ရောက် နိုင်လောက်ပါသေးတယ်။

တစ်နေ့မှာတော့ သွေးဘိုးဘိုးနဲ့ ရှင်တိကောဝမ်ဟာ တောင်ကြားချိုင့်ဝှမ်းထဲမှာရှိတဲ့ တည်နေရာရွှေ့ပြောင်း စင်မြင့်ဆီကို ရောက်လာခဲ့ကြပါပြီ။

" ရှင်းတိကောဝမ်  ... ကျုပ်တို့သည်က ထွက်သွားပြီးရင်တော့ အနာဂတ်မှာ လက်တုံ့ပြန်ဖို့ ခက်ခဲသွားလိမ့်မယ်နော့ "

သွေးဘိုးဘိုးကြီးက သွားကို ကျစ်ကျစ်ပါအောင် စေ့ထားရင်းနဲ့ ပြောလိုက်ပါတယ်။

သည်အရှေ့တိုင်းယူနီကွန်း တိုက်ကနေ ထွက်သွားပြီးရင်တော့ သူတို့နှစ်ယောက်ဟာ သေချာပေါက် တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင်တွေ ဖြစ်လာကြမှာပါ။ တကယ်လို့ သူတို့အနေနဲ့ လီဖူချန်း ထွက်သွားတဲ့ တိုက်ကို ရောက်သွားခဲ့ရင်တော့ လက်တုံ့ပြန်ဖို့အတွက် အခွင့်အရေး ရနိုင်ပါတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်က လီဖူချန်း ထွက်သွားတဲ့ တိုက်ကို မရောက်ဘဲ တခြားတိုက်တစ်ခုကို ရောက်သွားရင်တော့ လီဖူချန်းကို လက်တုံ့ပြန်ဖို့ အခွင့်အရေး ရဖို့ မဖြစ်နိုင်သလောက် ဖြစ်သွားတော့မှာပါ။ ဘာဖြစ်လို့လည်း ဆိုတော့ တိုက်တစ်ခုနဲ့ တစ်ခုကြားမှာ အပြောကျယ်တဲ့ ပင်လယ်ပြင်ကြီးတွေ ခြားနားထားလို့ပါပဲ။ သူတို့နှစ်ယောက် အနေနဲ့  တည်နေရာရွှေ့ပြောင်း အစီအရင်တွေကို သုံးတာမျိုး ဒါမှမဟုတ်  မူလပင်လယ်နယ်ပယ်ကို ရောက်ရင်ရောက်မှပဲ တိုက်တစ်ခုကနေ တစ်ခုကို သွားလာနိုင်မှာ ဖြစ်ပါတယ်။

လက်တစ်ဖက် ပြတ်နေတဲ့ ရှင်းတိကောဝမ်ကတော့ လီဖူချန်းကို လက်တုံ့ပြန်ဖို့အတွက် မေ့ထားလိုက်ပုံပါပဲ။ သူက လေသံ တည်တည်ငြိမ်ငြိမ်နဲ့ ပြောလိုက်ပါတယ်။

" လက်တုံ့ပြန်တာက ကျင့်ကြံခြင်းနယ်ပယ် တစ်ခု အဆင့်တက်တာထက် ပိုကောင်းတယ်လို့ မင်း ထင်နေတာလား"

အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ ရှင်းတိကောဝမ်ဟာ အရှေ့ယူနီကွန်း တိုက်တစ်ခုလုံးကို လွှမ်းမိုးချုပ်ကိုင်ချင်လို့ နယ်ချ့ဲခဲ့တာ   မဟုတ်ပါဘူး။ သူက အရှေ့ယူနီကွန်းတိုက် တစ်ခုလုံးရဲ့ အရင်းအမြစ်တွေကို လိုချင်လို့သာ သိမ်းပိုက်ဖို့ ကြိုးစားခဲ့တာပါ။

ဘာဖြစ်လို့လဲဆိုတော့ တိုက်ပွဲဝိညာဉ်နယ်ပယ်ကို ချိုးဖောက်ဝင်ကေ်ဖို့ဆိုရင် အရှေ့ယူနီကွန်း တိုက်တစ်ခုလုံးရဲ့ အရင်းအမြစ်တွေကို သုံးစွဲနိုင်မှသာ ရမယ်လို့ သူက တွက်ဆမိလို့ပါပဲ။

အခုချိန်မှာတော့ သူဟာ တိုက်ပွဲဝိညာဉ်နယ်ပယ်ကို ချိုးဖောက်ဝင်ရောက်ဖို့အတွက် အရှေ့ယူနီကွန်းတိုက်ကို သိမ်းပိုက်စရာ မလိုတော့ပါဘူး။ သူက သည်တည်နေရာရွှေ့ပြောင်း စင်မြင့်ကနေ တခြားတိုက်ကြီး တစ်ခုဆီကို ကူးသွားနိုင်ဖို့ပဲ လိုပါတယ်။ အဲသည်အတွက် သူက လက်တုံ့ပြန်ဖို့ကို အာရုံ မရှိတော့ပါဘူး။

ဒါပေမဲ့လည်း အခွင့်အရေး ရခဲ့မယ် ဆိုရင်တော့ သူက သေချာပေက် လီဖူချန်းကို လက်တုံ့ပြန်မှာပါ။

"ကဲ ... သွားကြရအောင် "

ချွမ် ...

တည်နေရာ ရွှေ့ပြောင်းစင်မြင့်က အလင်းရောင်တစ်ချက် တောက်ပအပြီးမှာတော့ သွေးဘိုးဘိုးကြီးနဲ့ ရှင်းတိကောဝမ်တို့ဟာ ပျောက်ကွယ်သွားကြပါပြီ။

အခြားတိုက်ကြီးတွေကို တည်နေရာရွှေ့ပြောင်းလို့ ရတယ်ဆိုတဲ့ အရာကြီးက  တကယ့်ကို မဟာ အခွင့်အရေးကြီးပါပဲ။ အဲဒါက အရှေ့ယူနီကွန်းတိုက်က ကျင့်ကြံသူတွေ အကုန်လုံးကို အရူးအမူး ဖြစ်စေပါတယ်။

ထိပ်တန်းအင်အားစုတွေကတော့ ဝိညာဉ်ကျောက်တုံးတွေ လုံလောက်တဲ့အတွက် တည်နေရာရွှေ့ပြောင်း ဝင်္ကပါကို အသက်သွင်းဖို့အတွက် ပူစရာ မလိုကြပါဘူး။ ဒါပေမဲ့ ဝိညာဉ်ကျောက်တုံးတွေ မလုံလောက်တဲ့  သာမန် အင်အားစုလေးတွေ အတွက်ကတော့ အဲဒါက စိတ်ပူစရာပါပဲ။ အဲသည်အတွက် အရှေ့ယူနီကွန်းတိုက်မှာ လုယက်သတ်ဖြတ်ပြီး ဝိညာဉ်ကျောက်တုံးစုတဲ့ အဖွဲ့ငယ်လေးတွေ အများကြီး ပေါ်လာကြပါတယ်။ အဲသည်ဝိညာဉ်ကျောက်တုံး မလုံလောက်မှုကပဲ အရှေ့ယူကွန်း တိုက်ကြီးကို သွေးချောင်းစီးတဲ့ တိုက်တစ်ခု ဖြစ်သွားစေခဲ့ပါပြီ။

လီဖူချန်းကတော့ အရှေ့ယူနီကွန်းတိုက်မှာ ဘာတွေ ဖြစ်ပျက်နေသလဲ ဆိုတာကို လုံးဝ မသိပါဘူး။ သူက သူ့ရဲ့ လက်သီးသိုင်း ကမ္ဘာငယ်လေး ထဲမှာပဲ ပျော်မွေ့နေပါတယ်။

ဂါး ... ဂရား ...

စူးရှပြီး ရက်စက်ကြမ်းကြုတ်တဲ့ နဂါးဟိန်းသံ တစ်ခု ...

မျောလွင့်ဖုန်မှုန့် တောင်ထိပ်ပေါ်မှာတော့ အနက်ရောင် နဂါးဝိညာဉ်တစ်ခုဟာ ခေါက်တုံ့ခေါက်ပြန် လူးလာပျံသန်း နေပါတယ်။ အဲသည်နဂါးဝိညာဉ်ကနေ ထွက်ပေါ်လာတဲ့ ဖိအားတွေဟာ မျောလွင့်ဖုန်မှုန့် တောင်ထိပ်တစ်ခုလုံးကို မုန်တိုင်းတစ်ခု တိုက်ခတ်နေတဲ့ အလားပါပဲ။

တကယ်လို့ အကာအကွယ် ဝင်္ကပါ အစီအရင်သာ မရှိလို့ကတော့ သည်အနက်ရောင် နဂါးဝိညာဉ်ဟာ   မျောလွင့်ဖုန်မှုန့် တောင်ထိပ်တစ်ခုလုံးကိုပါ ဖျက်ဆီးသွားမလား မသိပါဘူး။

"မြေကမ္ဘာအလယ်အလတ်အဆင့် ခန္ဓာကိုယ်အပြင်အား သိုင်းပညာက တကယ်ကို ကြောက်စရာ ကောင်းတာပဲ။ သည်အဆိပ်နဂါး လက်သီးသိုင်းက ပြီးပြည့်စုံခြင်း အဆင့်မှာ ဆိုပေမယ့် ကျားဝိညာဉ်လက်သီးရဲ့ တစ်ဖက်ကမ်းခတ် တတ်မြောက်ခြင်း အဆင့်ထက်တောင် အားကောင်းနေပြီ "

လီဖူချန်းက ခပ်တိုးတိုး ရေရွတ်လိုက်ပါတယ်။ သူ့ရဲ့ မျက်လုံးထဲမှာတော့ အားရကျေနပ်မှုတွေ အပြည့်ပါပဲ။

ကျားဝိညာဉ် လက်သီးကနေ ထွက်တဲ့ လက်သီးအားက မြေကမ္ဘာ အလယ်အလတ်အဆင့် ချီသိုင်းပညာတွေကို ယှဉ်နိုင်ပါတယ်။ ဒါပေမဲ့ အဆိပ်နဂါး လက်သီးသိုင်းရဲ့ လက်သီးအားကိုတော့  မြေကမ္ဘာ အလယ်အလတ်အဆင့် ချီသိုင်းပညာတွေ မယှဉ်နိုင်ပါဘူး။

အဆိပ်နဂါး လက်သီးသိုင်းရဲ့ ပြီးပြည့်စုံခြင်း အဆင့်ဟာ မီးတိမ်တိုက်တစ်ထောင် လောင်ကျွမ်းခြင်းရဲ့ အလုံးစုံ တတ်သိနားလည်ခြင်း အဆင့်ကိုတောင် မီလုမီခင် ဖြစ်နေပါပြီ။

ဒါတောင်မှ ဒါက မြေကမ္ဘာ အလယ်အလတ်အဆင့် ခန္ဓာကိုယ် အပြင်အား သိုင်းပညာပဲ ရှိပါသေးတယ်။ တကယ်လို့သာ  မြေကမ္ဘာ အဆင့်မြင့် ခန္ဓာကိုယ် အပြင်အား သိုင်းပညာ ဆိုရင်တော့ ကောင်းကင်အဆင့်နိမ့် ချီအတွင်းအား သိုင်းပညာကိုတောင် ယှဉ်နိုင်မလား မသိပါဘူး။

လီဖူချန်း မသိတာကတော့ ခန္ဓာကိုယ် သန့်စင်ခြင်း လမ်းစဉ်ဆိုတာက ကောင်းကင်ဘုံကို ဆန့်ကျင့်တဲ့ လမ်းစဉ်ဆိုတာပါပဲ။ လူသားတွေရဲ့ ခန္ဓာကိုယ်ဟာ အားနည်းပြီး မိစ္ဆာသားရဲတွေ နဲ့ မိစ္ဆာတွေရဲ့ ခန္ဓာကိုယ် တောင့်တင်းကြံ့ခိုင်မှုကို မယှဉ်နိုင်ပါဘူး။ ဒါပေမဲ့လည်း ခန္ဓာကိုယ် သန့်စင်ခြင်း လမ်းစဉ်ကို လျှောက်လမ်းတဲ့ သူတွေရဲ့ ခန္ဓာကိုယ်ကတော့ မိစ္ဆာသားရဲတွေ နဲ့ မိစ္ဆာတွေကို ယှဉ်နိုင်ရုံမက သာတောင် သာသွားနိုင်ပါသေးတယ်။ ခန္ဓာကိုယ် သန့်စင်ခြင်း လမ်းစဉ်ကို အဆုံးထိ လျှောက်လမ်းနိုင်ခဲ့မယ် ဆိုရင်တော့ အဲသည်လူဟာ ဘယ်တိုက်ခိုက်မှု မျိုးကိုမှ ကြောက်စရာ မလိုတဲ့ လူတစ်ဦး ဖြစ်သွားမှာပါ။

ဒါကြောင့်လည်း ခန္ဓာကိုယ် သန့်စင်ခြင်း လမ်းစဉ်ရဲ့ သိုင်းပညာတွေနဲ့ ကျင့်စဉ်တွေဟာ အလွန် ရှားပါးပြီး အစွမ်းထက်နေတာ ဖြစ်ပါတယ်။ အခုမျက်မှောက်ခေတ်မှာတော့ ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်တဲ့ ခန္ဓာကိုယ် သန့်စင်ခြင်း လမ်းစဉ်ကို လျှောက်လမ်းသူ အရေအတွက်ဟာ ချီအတွင်းအား ကျင့်ကြံခြင်း လမ်းစဉ်ကို လျှောက်လမ်းသူတွေထက် နည်းနေပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ ချီအတွင်းအား ကျင့်ကြံခြင်း လမ်းစဉ်က ခန္ဓာကိုယ် သန့်စင်ခြင်း လမ်းစဉ်ထက် ပိုလွယ်ကူနေလို့ပါပဲ။

ဒါပေမဲ့လည်း အဲဒါက ချီအတွင်းအား ကျင့်ကြံခြင်း လမ်းစဉ်ဟာ ခန္ဓာကိုယ် သန့်စင်ခြင်း လမ်းစဉ်ထက် အားနည်းတယ်လို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။

ဘယ်လမ်းစဉ်ကို လျှောက်လမ်းတာပဲ ဖြစ်ဖြစ် လမ်းဆုံးကို လျှောက်နိုင်ရင်တော့ အတူတူပါပဲ။

မိုးကောင်းကင် တာအိုဆိုတာက လမ်းစဉ်အားလုံး ဒါမှမဟုတ် တာအိုအားလုံးကို ခွင့်ပြုထားပါတယ်။

အဆိပ်နဂါး လက်သီးရဲ့ ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်ပြီးသွားပေမယ့်လည်း လီဖူချန်းက သူ့ရဲ့ လေ့ကျင့်မှုကို မရပ်ပါဘူး။သူက သည်အဆိပ်နဂါး လက်သီးသိုင်းကို  ပထမပိုင်းနဲ့တင် အလုံးစုံတတ်သိနားလည်ခြင်း အဆင့် ရောက်အောင် လေ့ကျင့်နိုင်မယ်လို့ ယုံကြည်နေပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ သူက အကြံတစ်ခု ရထားလို့ပါပဲ။ သူ့ရဲ့ အကြံကတော့ အဆိပ်နဂါး လက်သီးသိုင်းရဲ့ ပထမ သိုင်းကွက်မှာ ရှိတဲ့ သိုင်းကွက် အလှည့်အပြောင်းကို လျော့ချလိုက်ဖို့ ဖြစ်ပါတယ်။

အဆိပ်နဂါး လက်သီးသိုင်းက အလှည့်အပြောင်း ၇၃၆မျိုး ရှိပါတယ်။ ဒါပေမဲ့ အဲသည်အလှည့်အပြောင်း အကုန်လုံးက တစ်ခုနဲ့တစ်ခု ချိတ်ဆက်နေတာပါ။  အဲသည်အတွက် အဲသည်အလှည့်အပြောင်း   ၇၃၆မျိုးစလုံးကို အလှည့်အပြောင်း တစ်ခုတည်းဖြစ်အောင် ပေါင်းထည့်လို့ မရစရာ အကြောင်းမရှိပါဘူး။ ဒါပေမဲ့ အဲသည်လို လုပ်ဖို့ဆိုတာက  သူထင်ထားတာထက် ပိုခက်လောက်ပါတယ်။

လီဖူချန်း အထင်အရ ဆိုရင်တော့ အဆိပ်နဂါး လက်သီးသိုင်းပညာကို တီထွင်ခဲ့တဲ့ ဆရာကြီးက  နောင်လာနောင်သားတွေကို လေ့ကျင့်ရ လွယ်ကူစေလိုတဲ့ ရည်ရွယ်ချက်နဲ့ သိုင်းကွက် အလှည့်အပြောင်းတွေကို မလျော့ချဘဲ သည်အတိုင်း ထားခဲ့တာ ဖြစ်ရပါမယ်။

သိုင်းပညာ တစ်ခုဟာ အစကတည်းက ရှုပ်ထွေးပြီး နားလည်ရ ခက်နေရင်တော့ ဘယ်သူမှ အောင်မြင်အောင် ကျင့်နိုင်တော့မှာ မဟုတ်ပါဘူး။

လီဖူချန်းဟာ အဆိပ်နဂါး လက်သီးသိုင်းရဲ့  အလုံးစုံ တတ်သိနားလည်ခြင်း အဆင့်ကို ရောက်ဖို့အတွက် အချိန်၇ရက်သာ ယူခဲ့ရတာပါ။

ဒါပေမဲ့လည်း လီဖူချန်းက လဝက်အထိ ကြိုးစားခဲ့တာတောင်မှ သိုင်းကွက်အလှည့်အပြောင်းကို ၇၃၆မျိုးကနေ  ၆၂၅မျိုးအထိ လျော့ကျသွားအောင် တတ်နိုင်ခဲ့ပါတယ်။

အခုသူ့ရဲ့ အဆိပ်နဂါး လက်သီးသိုင်းဟာ အလှည့်အပြောင်း ပိုနည်းသွားပြီ ဖြစ်တဲ့အတွက် ပိုအကွက်စိပ်လာပြီး ပိုတိကျ သေသပ်လာတာ မှန်ပေမယ့် အလုံးစုံ တတ်သိနားလည်ခြင်း အဆင့်ကို ရောက်ဖို့အတွက်ကတော့ အလှမ်းကွာဟ နေဆဲပါပဲ။

" တော်ပြီ  ...တော်ပြီ။ ငါ့အနေနဲ့ အရမ်း လောကြီးနေလို့ မဖြစ်သေးဘူး။သည်သိုင်းကွက်ကို အလှည့်အပြောင်း လျော့နည်းအောင် လုပ်မယ့်အစား  ငါ့ရဲ့ ခန္ဓာကိုယ် အပြင်အားကို မြှင့်တာက ပိုကောင်းဦးမယ် "

တစ်နေ့မှာတော့ လီဖူချန်းဟာ သူ့ရဲ့ နှလုံးသားမှာ ရှိနေတဲ့ ဆင်အသေးစားလေးရဲ့ ပြောင်းလဲမှုကို သတိပြုမိ လိုကိပါတယ်။အဲသည် ဆင်အသေးစားလေးက အရင်ကထက် အနည်းငယ် ကြီးလာပြီး မသိမသာလေး ပိုသန့်စင်နေသလိုပါပဲ။

နောက်တစ်နေ့မှာတော့ လီဖူချန်းဟာ ဘုရင့်နယ်မြေ ထဲမှာရှိတဲ့ နဂါးရေကန်ကို ရောက်လာခဲ့ပါပြီ။

နဂါးရေကန် ဆိုတာကတော့ ချီစွမ်းအားတွေနဲ့ သွေးတွေကို သန့်စင်ပေးတဲ့  ရေကန်တစ်ခုဖြစ်ပြီး သက်တံနီဂိုဏ်းဟာ အဲသည်ရေကန်ထဲကို မရေမတွက်နိုင်တဲ့ ခန္ဓာကိုယ်သန့်စင်ခြင်း ပစ္စည်းတွေ ထည့်ထားပါတယ်။ အဲဒါက ယုံဝူးမြို့မှာ လီဖူချန်း ဝင်ခွင့်မရခဲ့တဲ့ ဆေးပေါင်းတစ်ထောင် ရေကန်နဲ့ သဘောတရားချင်း အတူတူပါပဲ။

ဒါပေမဲ့ ရေကန်နှစ်ခုရဲ့ လုပ်ဆာင်နိုင်စွမ်းကတော့ မိုးနဲ့မြေလို ကွာခြားပါတယ်။ ဆေးပေါင်းတစ်ထောင် ရေကန်ကတော့ လူတစ်ယောက်ရဲ့ ခွန်အားကို ကီလိုဂရမ် ရာပိုင်းအနည်းငယ်မျှသာ တိုးမြှင့်စေနိုင်ပြီး နဂါးရေကန်ကတော့ လူတစ်ယောက်ရဲ့ ခွန်အားကို ကီလိုဂရမ် သောင်း၊သိန်း၊သန်း လောက်အထိ တိုးမြှင့်စေနိုင်ပါတယ်။

ငါးကြင်းတစ်ကောင်ကိုတောင်  နဂါးတစ်ကောင်လို ဖြစ်သွားစေနိုင်တယ် ဆိုတဲ့ သဘောမျိုး သက်ရောက်စေလိုတဲ့အတွက်  သည်ရေကန်ကို နဂါးရေကန်လို့ အမည်ပေးထားတာ ဆိုရင်လည်း မမှားပါဘူး။

***

All Chapters