← Chapters

မိစ္ဆာစက်ကွင်းတိုက်ကို နောက်ထပ်တစ်ကြိမ်

Vol. 36 Ch. 489

မိစ္ဆာစက်ကွင်းတိုက်ကို နောက်ထပ်တစ်ကြိမ်

Vol. 36 Ch. 489

" သြော် ...ဘဝ …ဘဝ။ ငါ့ဆီမှာ ထောက်ပံ့ရေးရမှတ် ၁၀၀ပဲ ကျန်တော့ပါလား။ သည်အတိုင်း ဆိုရင်တော့ တာဝန်တွေ ထမ်းဆောင်ရဦးမှာပဲ "

မျောလွင့်ဖုန်မှုန့် တောင်ထိပ်ရဲ့ တစ်နေရာမှာတော့ လီဖူချန်းတစ်ယောက် စိတ်ပျက်လက်ပျက် ညည်းတွားနေပါတယ်။နဂိုမူလတုန်းကတော့ သူဟာ အဆိပ်နဂါး လက်သီးသိုင်းရဲ့ ဒုတိယပိုင်း ဒါမှမဟုတ် မီးတိမ်တိုက်တစ်ထောင် လောင်ကျွမ်းခြင်း ဓားသိုင်းရဲ့ ဒုတိယပိုင်းကို ရယူဖို့အတွက် ထောက်ပံ့ရေးရမှတ်တွေ စုထားမယ်ဆိုပြီး စဉ်းစားထားခဲ့တာပါ။ ဒါပေမဲ့လည်း အခုတော့ သူဟာ သူ့မှာ ရှိသမျှ ထောက်ပံ့ရေး အမှတ်တွေ အကုန်လုံး နီးပါးကို နဂါးရေကန်မှာ သုံးမိလိုက်ပါပြီ။ အဲသည်အတွက် သူဟာ ထောက်ပံ့ရေးရမှတ်တွေကို ကုန်းရုန်းပြီး ပြန်ရှာရပါတော့မယ်။

ကုန်ဆုံးသွားတဲ့ ထောက်ပံ့ရေး ရမှတ်တွေ အတွက်တော့ လီဖူချန်းဟာ နောင်တ မရပါဘူး။ အဲဒါက သုံးရတာနဲ့ တန်ပါတယ်။ အခုဆိုရင် သူ့ရဲ့ ခန္ဓာကိုယ် အပြင်အားတွေက မိစ္ဆာစက်ကွင်းတိုက်ကို သွားတုန်းကထက် နှစ်ဆကျော် ပိုကောင်းနေပြီ မဟုတ်ပါလား။

သည်တစ်ခါ မိစ္ဆာဖြူနဲ့ ထပ်တွေ့မယ်ဆိုရင် လီဖူချန်းက သူ့ရဲ့ ခန္ဓာကိုယ် အပြင်အားချည်း သက်သက်နဲ့တင် မိစ္ဆာဖြူကို ဖိနှိပ်နိုင်စွမ်း ရှိနေပါပြီ။ တကယ်လို့ အဆိပ်နဂါး လက်သီးပါ တွဲသုံးလိုက်မယ် ဆိုရင်တော့ သူဟာ မိစ္ဆာဖြူကို တစ်ချက်တည်းနဲ့တောင် ဇီဝိန်ခြွေနိုင်မယ်လို့ ယုံကြည်ပါတယ်။

" သည်တစ်ခေါက်တော့ ငါတစ်ယောက်တည်းပဲ သွားတော့မယ် "

သည်တစ်ကြိမ်မှာတော့ လီဖူချန်းဟာ မိစ္ဆာစက်ကွင်းတိုက်ကို တစ်ယောက်တည်း သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။

သူ့ရဲ့ အခုလက်ရှိ ခန္ဓာကိုယ် အပြင်အားဟာ သူ့ရဲ့ ဝှက်ဖဲတွေထဲက အားအကောင်းဆုံး တစ်ချပ်ဖြစ်တဲ့အတွက် သူဟာ တခြားလူတွေကို မသိစေချင်ပါဘူး။ပြီးတော့ သူက သူ့ရဲ့ ဝှက်ဖဲတွေ အကုန်လုံးကို စိတ်အနှောင့်အယှက် ကင်းကင်းနဲ့  တစ်ယောက်တည်း စိတ်တိုင်းကျ   သုံးကြည့်ချင်ပါသေးတယ်။

နောက်တစ်နေ့မှာတော့ လီဖူချန်းဟာ တည်နေရာရွှေ့ပြောင်း ခန်းမကို တစ်ယောက်တည်း ရောက်ချလာပြီး မိစ္ဆာစက်ကွင်းတိုက်ကို ထွက်သွားခဲ့ပါပြီ။

သူ့ရဲ့  သည်တစ်ခါ ပစ်မှတ်ကတော့ ကမ္ဘာဦးမိစ္ဆာသစ်သီး သီးသန့်ပါပဲ။ မိစ္ဆာစက်ကွင်းတိုက်ကနေ သူတို့ပြန်လာတာက တစ်လကျော်လောက်သာ ရှိသေးတဲ့အတွက် ကမ္ဘာဦးမိစ္ဆာသစ်ပင်အနေနဲ့  နေရာပြောင်းသွားရင်တောင်မှ သိပ်ပြီး ဝေးဝေးလံလံကို ရောက်ဦးမှာ မဟုတိပါဘူး။

ချွမ် ...

အလင်းရောင်တစ်ချက် တောက်ပအပြီးမှာတော့ လီဖူချန်းဟာ မိစ္ဆာစက်ကွင်းတိုက်ရဲ့ ပဉ္စမ စက်ကွင်းမှာ ပေါ်လာခဲ့ပါပြီ။

" ကမ္ဘာဦးမိစ္ဆာသစ်ပင်  ... ငါလာပြီကွ။ မင်းပြေးနိုင်ရင် ပြေးစမ်း "

အဲသည်နောက်မှာတော့ လီဖူချန်းက သူ့ရဲ့ မှတ်ဉာဏ်ထဲမှာ ရှိနေတဲ့    တည်နေရာကို  တစ်ဟုန်ထိုး ပြေးပါတော့တယ်။

" လခွီး. ... ငါထင်တဲ့အတိုင်းပဲ။ အဲသည် ငကြောက်သစ်ပင်က သည်မှာ မရှိတော့ဘူး "

လီဖူချန်း ထင်ထားခဲ့တဲ့အတိုင်းပါပဲ။ ကမ္ဘာဦးမိစ္ဆာက တခြားတစ်နေရာကို ထွက်သွားခဲ့ပါပြီ။

"  မင်းပြေးလွတ်မယ် ထင်နေတာလား "

လီဖူချန်းက မျက်မှောင်ကြုတ်လိုက်ပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို သူ့ရဲ့ အသိစိတ်အာရုံနဲ့ စစ်ဆေးကြည့်ရှု လိုက်ပါတယ်။

သိပ်ကြာကြာတော့ မစစ်ဆေးလိုက် ရပါဘူး။ သိပ်မကြာခင်မှာပဲ လီဖူချန်းဟာ ကမ္ဘာဦးမိစ္ဆာသစ်ပင်ရဲ့ ချီအရှိန်အဝါတွေကို အာရုံခံလိုက် မိပါတော့တယ်။

လီဖူချန်းရဲ့ အသိစိတ်အာရုံက မူလပင်လယ် နယ်ပယ်က ဘုရင်တွေနဲ့တောင် ယှဉ်နိုင်လုနီးပါး ဖြစ်နေတာပါ။ ကမ္ဘာဦးမိစ္ဆာသစ်ပင်က   သူ့ရဲ့ချီအရှိန်အဝါတွေကို အစွမ်းအထက်ဆုံး တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင်တွေ  အရုံခံလို့ မရအောင် ဖုံးကွယ်ထားနိုင်ရင် ထားနိုင်ပါမယ်။ ဒါပေမဲ့ လီဖူချန်း အာရုံခံလို့ မရအောင်တော့ ဖုံးကွယ်ထားနိုင်မှာ မဟုတ်ပါဘူး။

ဟူး ...

လီဖူချန်းက သူ့ရဲ့ ပြေးနှုန်းကို မြှင့်တင်လိုက်ပြီး ကမ္ဘာဦးမိစ္ဆာသစ်ပင်  ထွက်သွားရာနောက်ကို လိုက်သွားပါတော့တယ်။

" အဲဒါက ဟိုခွေးသူခိုး လူသားပဲ။ အဲကောင်ကို အမြန်သတ်ကြစမ်း "

တတိယ စက်ကွင်းထဲမှာ ရှိနေတဲ့ မိစ္ဆာတွေကတော့ လီဖူချန်းကို ဟိုးအဝေးကြီးကတည်းကနေ မှတ်မိနေကြပါတယ်။သူတို့က လီဖူချန်းကို အာရုံခံလိုက်မိတာနဲ့ တစ်ပြိုင်နက် အချင်းချင်း သတိပေးပြီး လီဖူချန်းကိုသတ်ဖို့ ပြေးလာနေကြပါပြီ။ အဲသည်မိစ္ဆာအုပ်ထဲမှာတော့ ကြက်သွေးရောင် မဟာမိစ္ဆာ ပါနေပါတယ်။ သူက လီဖူချန်းဆီကို ရှေ့ဆုံးကနေ ပြေးလာနေတာပါ။လီဖူချန်း ခိုးယူသွားတဲ့ ခုနစ်စင်ကြယ် မြေနတ်ဆိုး ဆေးပင်ကို စောင့်ကြပ်တဲ့ မိစ္ဆာဖြူကလည်း အဲသည် မိစ္ဆာအုပ်ထဲမှာပါပဲ။

ပြီးတော့ သူတို့နှစ်ယောက်ထက် ပိုအစွမ်းထက်ပုံရတဲ့ မိစ္ဆာတစ်ကောင်လည်း ပါနေပါသေးတယ်။ အဲသည်မိစ္ဆာရဲ့ ခန္ဓာကိုယ် တစ်ခုလုံးကိုတော့ သွေးရောင် အကြေးခွံတွေက ဖုံးအုပ်ထားပေးပါတယ်။ အဲသည်မိစ္ဆာက အရှေ့ယူနီကွန်းမှာ ရှိတဲ့ သွေးနတ်ဆိုးဘုရင်နဲ့တောင် ခပ်ဆင်ဆင်ပါပဲ။ ကြည့်ရတာတော့ သူတို့က မျိုးနွယ်တစ်ခုတည်းကပဲ ဖြစ်ရပါမယ်။

" မင်းတို့နှစ်ကောင်ကို အနိုင်ယူသွားတယ်ဆိုတာ အဲသည်လူသားလား"

သွေးရောင်အကြေးခွံတွေနဲ့ မိစ္ဆာက ပြေးနေရင်းနဲ့ မေးလိုက်ပါတယ်။

" ဟုတ်ပါတယ် ... အရှင် သွေးဗိုလ်ချုပ်။ အဲသည်လူသားပါပဲ "

ကြက်သွေးရောင် မဟာမိစ္ဆာက ဖြေလိုက်ပါတယ်။

မိစ္ဆာစက်ကွင်းတိုက်က ရာထူးအဆင့်အတန်း အဆင့်လိုက် ခွဲပြီး အုပ်ချုပ်တဲ့ တိုက်တစ်ခုပါပဲ။ သည်တိုက်ထဲမှာ နေထိုင်ကြတဲ့ အဆင့်၅ မိစ္ဆာအချင်းချင်းမှာတောင်မှ အစွမ်းထက်မြက်မှု အပေါ်မှာ မူတည်ပြီး အဆင့်အတန်းတွေ ကွဲသွားပါတယ်။

သည်ရာထူးအဆင့်အတန်း သတ်မှတ်မှုရဲ့ အောက်ဆုံးမှာ ရှိနေတာကတော့ သာမန် အဆင့်၅ မိစ္ဆာတွေပါ။ သူတို့ရဲ့ အထက်မှာတော့ လက်ရွေးစင် အဆင့်၅ မိစ္ဆာတွေ ရှိပြီး နောက်တစ်ဆင့်မှာတော့ မဟာ မိစ္ဆာတွေရှိပါတယ်။

ကြက်သွေးရောင် မိစ္ဆာနဲ့ မိစ္ဆာဖြူတို့ နှစ်ဦးစလုံးဟာ မဟာ မိစ္ဆာတွေပါ။ ဒါပေမဲ့လည်း သူတို့ထက် အဆင့်မြင့်တဲ့ အဆင့်အတန်း တစ်ခု ရှိပါသေးတယ်။ အဲဒါကတော့ မိစ္ဆာဗိုလ်ချုပ်တွေပါပဲ။

ယျေဘုယျအားဖြင့် ပြောရမယ် ဆိုရင်တော့ မိစ္ဆာဗိုလ်ချုပ်ဆိုတာဟာ အဆင့်၆ မိစ္ဆာတွေကိုသာ ခေါ်တာပါ။ ဒါပေမဲ့လည်း မိစ္ဆာစက်ကွင်းတိုက်မှာက အဆင့်၆ မိစ္ဆာတွေ မရှိပါဘူး။ အဲသည်အတွက် ကောင်းကင်ဘုံက ကောင်းချီးပေးခြင်း ခံထားရတဲ့ အဆင့်၅ မိစ္ဆာတွေက သူတို့ကိုယ်သူတို့ မိစ္ဆာဗိုလ်ချုပ်တွေ အဖြစ် ခံယူလိုက်ကြပါတယ်။

မိစ္ဆာဗိုလ်ချုပ်တွေရဲ့ အစွမ်းကတော့ တိုက်ပွဲဝိညာဉ်နယ်ပယ် အဆင့်နိမ့်ပိုင်းက ပညာရှင်တွေနဲ့ ညီမျှပါတယ်။ ပုံမှန်အားဖြင့် ဆိုရင်တော့ သူတို့ဟာ တတိယစက်ကွင်းထဲကို လာလေ့ မရှိပါဘူး။ သူတို့တွေက ပထမ စက်ကွင်းထဲမှာသာ နေကြတာပါ။

ဒါပေမဲ့ အခုရောက်လာတဲ့ မိစ္ဆာဗိုလ်ချုပ်က ကမ္ဘာဦးမိစ္ဆာသစ်ပင်ကို စောင့်ကြပ်နေတဲ့ ကြက်သွေးရောင် မိစ္ဆာနဲ့ ခုနစ်စင်ကြယ် မြေနတ်ဆိုး ဆေးပင်ကို စောင့်ကြပ်နေတဲ့ မိစ္ဆာဖြူကို အနိုင်သွားတဲ့ လူသား အကြောင်းကို ကြားမိလိုက်တဲ့အတွက် စိတ်ဝင်စားသွားပြီး သည်တတိယ စက်ကွင်းထဲကို ရောက်လာတာ ဖြစ်ပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက်ကတော့ အဲသည်လူသားကို အရှင်ဖမ်းပြီး သွေးအဆီအနှစ်ကို စုပ်ယူဖို့ပါပဲ။

" သွေးမိစ္ဆာလား  ...။ သည်ကောင့်ရဲ့ မျိုးဆက်သွေးက ဘယ်လောက်အထိ သန့်စင်မလဲ။ သွေးသန့် သွေးမိစ္ဆာတွေနဲ့ကော ဘယ်လောက် ခြားနားလောက်မလဲ "

လီဖူချန်းရဲ့ အတွေးထဲမှာတော့ မေးခွန်းတွေ ပလုံစီနေခဲ့ပါပြီ။

မိစ္ဆာမျိုးနွယ်တိုင်းမှာဆိုရင် သွေးသန့်နဲ့ သွေးနှောဆိုပြီး နှစ်မျိုး ရှိပါတယ်။

သွေးမိစ္ဆာအမျိုးအနွယ်ထဲက သွေးသန့် မိစ္ဆာတွေကတော့ မိစ္ဆာဧကရာဇ် အဆင့်အထိတောင် ရောက်နိုင်တဲ့ သူတွေပါ။ သူတို့တွေဟာ  မိစ္ဆာအချင်းချင်း ထဲမှာတောင်မှ ထိပ်ဆုံးမှာ ရပ်တည်နိုင်တဲ့သူတွေ   ဖြစ်ပါတယ်။

အခု သူ့ရှေ့မှာ ရောက်နေတဲ့ သွေးမိစ္ဆာကတော့ သွေးသန့် သွေးမိစ္ဆာ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း အရှေ့ယူနီကွန်းက သွေးနတ်ဆိုး ဘုရင်ထက် အများကြီး အစွမ်းထက်ပါတယ်။ ဒါကြောင့်လည်း လီဖူချန်းက သည်သွေးမိစ္ဆာဟာ သန့်စင်တဲ့ သွေးမျိုးဆက် ဘယ်လောက်ကို ပိုင်ဆိုင်ထားသလဲ ဆိုတာကို သိချင်နေတာပါ။

" ငါကလည်း ငါ့ရဲ့ အဆိပ်နဂါး လက်သီး နဲ့ ခန္ဓာကိုယ်အပြင်အားကို စမ်းကြည့်ချင်နေတာနဲ့ ကွက်တိပဲ။ သည်ကောင့်ကို အသုံးပြုပြီး ငါ့ရဲ့ လက်ရှိအစွမ်းကို စမ်းသပ်ရမယ် "

လီဖူချန်းက အသင့်အနေအထား ပြင်ထားလိုက်ပါတယ်။သူ့ရဲ့မျက်လုံးထဲမှာတော့ တိုက်ပွဲကို ဆာလောင်တပ်မက်မှု အငွေ့အသက်တွေ အပြည့်ပါပဲ။

" သတ်ကြ "

ကြက်သွေးရောင် မိစ္ဆာနဲ့ မိစ္ဆာဖြူတို့ ဦးဆောင်လာတဲ့ မိစ္ဆာအုပ်ကြီးကလည်း ရောက်ရှိလာခဲ့ပါပြီ။ သူတို့ရဲ့ နောက်မှာတော့ ထောင်နဲ့ချီတဲ့ မိစ္ဆာ္တတွေ လိုက်ပါလာခဲ့ပါတယ်။ ထောင်နဲ့ချီတဲ့ မိစ္ဆာအုပ်ကြီးက လူသားတစ်ယောက်ကို သတ်ဖြတ်ဖို့ ကြိုးပမ်းနေတဲ့ မြင်ကွင်းဟာ တကယ့်ကို ကျောချမ်းစရာပါပဲ။

" သေချင်တဲ့ကောင်တွေ  ...လာကြစမ်း "

" အဆိပ်နဂါးကိုဖူးမြော်ခြင်း "

ဒါပေမဲ့လည်း လီဖူချန်းကတော့ ကြောက်ရွံ့မနေပါဘူး။ သူက အဆိပ်နဂါး လက်သီးသိုင်းကို ထုတ်ပြီး မိစ္ဆာအုပ်ကြီးကို အရင် ဦးအောင်တောင် တိုက်ခိုက်လိုက်ပါသေးတယ်။

ကျွီး ...

ဂါး ...ဂရား ...

ဆင်တစ်ကောင်ရဲ့ ကျယ်လောင်စွာ အော်ဟစ် မြည်ကြွေးသံ နဲ့ စူးရှတဲ့ နဂါးဟိန်းသံ တစ်ခုဟာ လေထုကို ပဲ့တင်ထပ် အထပ်ထပ် တုန်ဟီးသွားစေခဲ့ပါပြီ။

တစ်ဆက်တည်းမှာပဲ ကြီးမားလှတဲ့ ရွှေရောင် ဆင်ဝိညာဉ် နဲ့ အနက်ရောင် နဂါးဝိညာဉ်တို့ဟာ လေထုထဲမှာ ဖြစ်ပေါ်လာခဲ့ ပါသေးတယ်။

ရွှေရောင်ဆင်ဝိညာဉ်ကတော့ ပတ်ဝန်းကျင် တစ်ခုလုံးကို ဖိနှိပ်ထားပြီး နဂါးနက် ဝိညာဉ်ကတော့ ကမ္ဘာကြီးတစ်ခုလုံးကိုတောင် ဖျက်ဆီးပစ်တော့မလိုပါပဲ။

ဘန်း ...ဘန်း ...ဘန်း ...

ပတ်ဝန်းကျင် တစ်ခုလုံးကတော့ မိစ္ဆာတွေရဲ့ သွေးတွေကြောင့် ရွှဲရွဲစိုသွား ခဲ့ပါပြီ။ လီဖူချန်းရဲ့ သည်လက်သီးချက်ဟာ မိစ္ဆာတစ်ထောင်နီးပါးကို သွေးအိုင်ဘဝကို ပြောင်းသွားစေပါတယ်။ ကြက်သွေးရောင် မိစ္ဆာ နဲ့ မိစ္ဆာဖြူတို့ဟာလည်း လီဖူချန်းရဲ့ လက်သီးအားကို တောင့်မခံနိုင်ကြပါဘူး။ သူ့တို့ရဲ့ ခန္ဓာကိုယ်ပေါ်မှာတော့ ဒဏ်ရာ ဗရပွနဲ့ပါပဲ။ သူတို့က အသက်ဘေးကနေ လက်မတင်လေး လွတ်သွားကြတာပါ။

" သေကြစမ်း "

ဒါပေမဲ့လည်း လီဖူချန်း အလွတ်မပေးပါဘူး။ သူက နောက်ထပ် လက်သီးတစ်ချက်ကို ထုတ်လိုက်ပြီး မိစ္ဆာဖြူ နဲ့ ကြက်သွေးရောင် မိစ္ဆာတို့ကို တိုက်လိုက်ပြန်ပါတယ်။

ဘန်း ...

အနက်ရောင် နဂါးဝိညာဉ်က မိစ္ဆာဖြူ နဲ့ ကြက်သွေးရောင်မိစ္ဆာ တို့ကို တစ်စစီ ဖြစ်သွားစေခဲ့ပါပြီ။ ဒါက တကယ့်ကို သွေးပျက်စရာ တိုက်ခိုက်မှုပါပဲ။

" တောက်  ... ပထမ လက်သီးချက် ကတည်းက သည်ကောင်နှစ်ကောင် သေသွားရမှာကို။  အဆိပ်နဂါး လက်သီးသိုင်းကို ပိုကျွမ်းကျင်အောင် လေ့ကျင့်ဖို့ လိုနေပြီ "

လီဖူချန်းက မကျေမချမ်း ရေရွတ်လိုက်ပါသေးတယ်။

" ဘာ ...ဘာဖြစ်သွားတာလဲ "

သွေးမိစ္ဆာက မျက်လုံးပြူးနေခဲ့ပါပြီ။

ကြက်သွေးရောင် မိစ္ဆာ သေသွားတာက လက်သင့်ခံလို့ ရပါတယ်။ ဒါပေမဲ့ မိစ္ဆာဖြူ သေသွားတာကိုတော့ သူဘယ်လိုမှ လက်သင့် မခံနိုင်ပါဘူး။ မိစ္ဆာဖြူက မဟာမိစ္ဆာတွေထဲမှာတောင် အစွမ်းအထက်ဆုံးလို့ ပြောလို့ရတဲ့ မိစ္ဆာပါ။

ကုန်ကုန်ပြောရမယ်ဆိုရင်တော့ သူကိုယ်တိုင်တောင်မှ မိစ္ဆာဖြူကို သည်လိုအချိန်တိုလေး အတွင်းမှာ မသတ်နိုင်ပါဘူး။ သည်လူသားက မိစ္ဆာဖြူထက်ကို အများကြီး  အစွမ်းထက်နေပြီဆိုတာ အသိသာကြီးပါပဲ။

သည်လူသားက အချိန်လေး တစ်လကျော် အတွင်းမှာ ဘယ်လိုလုပ်ပြီး သည်လောက်အထိ အစွမ်းထက်လာ ရတာလဲ။

" သွေးလှံ "

သွေးမိစ္ဆာက သက်ပြင်းချလိုက်ပြီး သူ့လက်ထဲက သွေးအလင်းတန်းတွေနဲ့ လှံတစ်လက်ကို ဖန်ဆင်းလိုက်ပါတယ်။

သည်လံှံတံရဲ့  အငွေ့အသက်တွေကတော့ တကယ့်ကို မနှစ်မြို့စရာပါပဲ။ အဲသည်လှံတံက သွေးညှီနံ့တွေ နဲ့ သတ်ဖြတ်ချင်း အငွေ့အသက်တွေကို ထုတ်လွှတ်နေပါတယ်။

" သွားစမ်း "

ရွှီး ...

သွေးအလင်းတန်း တစ်ချက် တောက်ပပြီးသွားတဲ့ အခါမှာတော့ လှံတဲ့ဟာ လီဖူချန်းဆီကို တိုးဝင်သွားခဲ့ပါပြီ။

" မင်းကများ "

လီဖူချန်းက  သွေးလှံတံကို လက်သီးနဲ့ ကြုံးပြီး ထိုးထည့်ပစ်လိုက်ပါတယ်။

ဘန်း ...

သွေးလှံတံကတော့ တစ်စစီ ဖြစ်သွားခဲ့ပါပြီ။

" သွေး ချပ်ဝတ်တန်ဆာ "

အော်သံအဆံုံးမှာတော့ သွေးနီရောင် ချပ်ဝတ်တန်ဆာ တစ်ခုဟာ သွေးမိစ္ဆာရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဖြစ်တည်လာခဲ့ပါတယ်။ အဲသည်နောက်မှာတော့ သွေးမိစ္ဆာဟာ လီဖူချန်းဆီကို ခုန်ဝင်လာပါတော့တယ်။ သွေးမိစ္ဆာက အနီးကပ် တိုက်ခိုက်ချင်နေတဲ့ ပုံပဲ။

" လာစမ်းပါ။ မင်းကို ငါက ကြောက်နေရမှာလား "

လီဖူချန်းက အနီးကပ် တိုက်ရတာကို ကြောက်တဲ့လူမျိုး မဟုတ်ပါဘူး။

ဝုန်း ...ဝုန်း ...ဝုန်း ...

ဘန်း ... ဘန်း ...

မျက်စိတစ်မှိတ် အတွင်းမှာပဲ လီဖူချန်း နဲ့ သွေးမိစ္ဆာဟာ လက်သီးချင်း ရှစ်ကြိမ်တိတိ ထိုးလိုက်ကြပါတယ်။

ဝေါ့ ...

ကိုးကြိမ်မြောက် လက်သီးချင်း ရင်ဆိုင်အတွေ့မှာတော့ သွေးမိစ္ဆာဟာ လီဖူချန်းရဲ့ လက်သီးအားကို တောင့်မခံနိုင်တော့ပါဘူး။သွေးမိစ္ဆာက သွေးတစ်လုတ်အန်ပြီး အနောက်ကို ဆုတ်သွားခဲ့ပါတယ်။

ဒါပေမဲ့လည်း လီဖူချန်းက သွေးမိစ္ဆာကို  လွတ်လွတ်လပ်လပ် နောက်ဆုတ်ခွင့် မပေးပါဘူး။ သူက သွေးမိစ္ဆာဆုတ်တဲ့အတိုင်း ကပ်လိုက်သွားပြီး လက်သီးချက်တစ်ချက် ထုတ်လိုက်ပြန်ပါတယ်။

ဘန်း ...

လီဖူချန်းရဲ့ လက်သီးက သွေးမိစ္ဆာရဲ့ ရင်ဘတ်ပေါ်ကို မိမိရရကြီး ထိသွားခဲ့ပါတယ်။ အဲသည်လက်သီးချက်က သွေးချပ်ဝတ်တန်ဆာကို   ချိုင့်ဝင်သွားစေရုံမက သွေးမိစ္ဆာကိုပါ မြောက်တက်သွားစေပါသေးတယ်။

" ပြန်လာခဲ့စမ်း "

လီဖူချန်းကို မြောက်တက်သွားတဲ့ သွေးမိစ္ဆာကို ခြေထောက်ကနေ ဆွဲဖမ်းလိုက်ပြီး နောက်ထပ် တစ်ခေါက် ထိုးပြန်ပါတယ်။

ဘန်း ...

သည်တစ်ခါမှာတော့ သွေးချပ်ဝတ်တန်ဆာဟာ တစ်စစီ ပျက်စီးသွားခဲ့ပါပြီ။

" ပြေးမှ "

သွေးမိစ္ဆာက လီဖူချန်းကို မယှဉ်နိုင်ဘူးဆိုတာကို ကောင်းကောင်းကြီး သိသွားပြီ ဖြစ်တဲ့အတွက် ဆက်ပြီး မတိုက်ရဲတော့ပါဘူး။ သူက လီဖူချန်းကို ကျောပေးပြီး ဖနောင်နဲ့တင်ပါး တစ်သားတည်းကျအောင် ပြေးပါတော့တယ်။

" မပြေးနဲ့။ လာအသေခံစမ်း "

လီဖူချန်းကလည်း သွေးမိစ္ဆာနောက်ကို လိုက်ပြီး လက်သီးနဲ့ တရကြမ်း လိုက်ထိုးပါသေးတယ်။ သွေးမိစ္ဆာကတော့ ပြေးနေတာကို တစ်ချက်တောင် မတုံ့ဆိုင်းသွားခဲ့ပါဘူး။ သူက လီဖူချန်းရဲ့ လက်သီးချက်တွေကို ဥပေက္ခာပြုပြီး အသက်ဘေးက လွတ်အောင်သာ ပြေးပါတော့တယ်။

" မင်းနောက်တစ်ခါလာရင် အသေပဲမှတ်လိုက် "

" ငကြောက် "

လက်သီးချက် ရှစ်ချက်လောက် ထိုးပြီးတဲ့အခါမှာတော့ လီဖူချန်းဟာ သွေးမိစ္ဆာကို လိုက်မမီတော့ပါဘူး။အဲသည်အတွက် သူက ပါးစပ်ကနေ ကြိမ်းမောင်းတာကိုပဲ လုပ်နိုင်ပါတော့တယ်။

မိစ္ဆာတစ်ထောင်ကို လက်သီးနှစ်ချက်နဲ့ သတ်ပစ်လိုက်တဲ့အပြင် မိစ္ဆာဗိုလ်ချုပ် တစ်ပါးကိုပါ အမြီးကုပ်ပြီး ထွက်ပြေးအောင် လုပ်ပြလိုက်ပြီးတဲ့ နောက်မှာတော့ ဘယ်မိစ္ဆာကမှ လီဖူချန်းရှိနေတဲ့ နေရာမှာ မနေရဲကြတော့ပါဘူူ။ အဲသည်အတွက် တတိယစက်ကွင်းထဲမှာ နေကြတဲ့ မိစ္ဆာတွေဟာ အရိပ်အယောင်တောင် မပေါ်စေဘဲ အခြားစက်ကွင်းတွေဆီကို ထွက်ပြေးတိမ်းရှောင် သွားကြပါတော့တယ်။

လီဖူချန်းကတော့ ကမ္ဘာဦး မိစ္ဆာသစ်ပင်ကို ရှာဖွေဖို့အတွက် အလုပ်များနေပါတော့တယ်။

နေ့ဝက်အကြာမှာတော့ လီဖူချန်းဟာ ကမ္ဘာဦး မိစ္ဆာသစ်ပင်ကို တွေ့သွားခဲ့ပါပြီ။

ကမ္ဘာဦး မိစ္ဆာသစ်ပင်ကလည်း လီဖူချန်းရဲ့ ချီအရှိန်အဝါကို ကောင်းကောင်းကြီး မှတ်မိနေပုံပါပဲ။ သူက လီဖူချန်းကို အနားကပ်ခွင့်  လုံးဝ မပေးပါဘူး။

ကမ္ဘာဦး မိစ္ဆာသစ်ပင်က ကမ္ဘာဦး မိစ္ဆာသစ်သီးတွေရဲ့ စွမ်းအင်တွေကို စုပ်ယူကာ သစ်ကိုင်းတစ်ကိုင်းဆီကို ပို့လိုက်ပြီး လီဖူချန်းကို ရိုက်ချလိုက်ပါတယ်။

" ငါ့ကောင်ကြီး ဘယ်လိုဖြစ်နေတာလဲ။ ငါက အသီးနည်းနည်းပါးပါးပဲ ခူးမှာပါကွ "

လီဖူချန်းကလည်း  လက်သီးနဲ့ ပြန်ခုခံလိုက်ပါတယ်။

ဝုန်း ...

လီဖူချန်းကတော့ နဂိုမူလ နေရာမှာ မတုန်မလှုပ် ဆက်ရှိနေပြီး သစ်ကိုင်းကတော့ တစ်စစီ ဖြစ်သွားခဲ့ပါတယ်။

ဖတ်…ဖတ် ...ဖတ် ...

လီဖူချန်းက သည်တိုက်ခိုက်မှုကို အခွင့်အရေး ရယူပြီး ကမ္ဘာဦး မိစ္ဆာသစ်သီး ရှစ်လုံးကို ခူးယူသွားပါသေးတယ်။

ဝူး ...ဝူး ...ဝူး ...

ကမ္ဘာဦး မိစ္ဆာသစ်ပင်ကတော့ သွေးရူးသွေးတန်း ဖြစ်သွားတဲ့ပုံပါပဲ။ သူက  ကမ္ဘာဦး မိစ္ဆာသစ်သီး တစ်ရာလောက်ရဲ့ စွမ်းအားတွေကို စုပ်ယူပြီး  နောက်ထပ် သစ်ကိုင်းတစ်ခုဆီကို ပို့ဆောင်ကာ လီဖူချန်းကို ရိုက်ချက်လိုက်ပြန်ပါတယ်။

" ဟေ့ကောင်ကြီး  ... ဘာလို့ အဲသည်လို ဖြုန်းတီးပစ်လိုက်တာလဲ။ တကယ်လို့ မင်းသာ  အဲသည်သစ်သီး အလုံး၁၀၀ကို ငါ့ကို ပေးလိုက်မယ် ဆိုရင် ငါက ချက်ချင်းပဲ ထွက်သွားမှာကွ "

လီဖူချန်းကတော့ ကမ္ဘာဦး မိစ္ဆာသစ်ပင်ရဲ့ လုပ်ရပ်အပေါ်မှာ အတော်လေး နှမြောတသ ဖြစ်နေမိပါပြီ။  သည်မိစ္ဆာသစ်ပင်က တကယ်ကို ဆက်ဆံရတာ လက်ပေါက်ကပ်တဲ့ ဖြစ်တည်မှု တစ်ခုပါပဲ။ သူက လီဖူချန်းကို သစ်သီးတွေ ပေးမယ့်အစား သူ့ဘာသာသူ ပြန်သုံးပစ်မယ် ဆိုတဲ့ အချိုးမျိုး ချိုးနေပါတယ်။

ဘန်း ...ဘန်း ...ဘန်း ...

ဝုန်း ...ဝုန်း ...

လူသား နဲ့ သစ်ပင်ရဲ့ တိုက်ပွဲကတော့ စတင်နေခဲ့ပါပြီ။

တိုက်ပွဲအတွင်းမှာတော့ လီဖူချန်းဟာ ကမ္ဘာဦး မိစ္ဆာသစ်သီးကို ခူးနိုင်မယ့် အရာအားလုံးကို လုပ်ပါတယ်။ သူက ဘယ်အခွင့်အရေးကိုမှ လက်လွှတ်မခံပါဘူး။

ဂျွတ် ...ဂျွတ် ...ဂျွတ် ...

နောက်ဆုံးမှာတော့ ကမ္ဘာဦး မိစ္ဆာသစ်ပင်ရဲ့ အမြစ်တွေကပါ မြေကြီးထဲကနေ ထွက်လာခဲ့ပါပြီ။ အဲသည်အမြစ်တွေက ခြေထောက်တွေ အများကြီးလိုပါပဲ။ အဲသည်နောက်မှာတော့ ကမ္ဘာဦး မိစ္ဆာသစ်ပင်ဟာ လီဖူချန်းဆီကို မယုံနိုင်တဲ့ အလျင်နဲ့ ပြေးဝင်လာပါတော့တယ်။

" ဘာ ...ဘာကြီးလဲ "

လီဖူချန်းက တဒင်္ဂလောက်တော့ ခေတ္တခဏ ကြောင်အသွားခဲ့ပါတယ်။ ကမ္ဘာဦး မိစ္ဆာသစ်ပင်က သည်လိုမျိုး လုပ်လာလိမ့်မယ်လို့ သူလုံးဝ မထင်ခဲ့မိတာ အမှန်ပါပဲ။

ဒါပေမဲ့လည်း သူက ကမ္ဘာဦး မိစ္ဆာသစ်ပင်ကို သူ့အနား လုံးဝ အရောက်မခံပါဘူး။ ကမ္ဆာဦးသစ်ပင် သူ့အနားကို ရောက်လာခဲ့မယ်ဆိုရင် သူ့အနေနဲ့  မရေမတွက်နိုင်တဲ့ သစ်ကိုင်းလက်တံတွေနဲ့ တိုက်ခိုက်ခြင်းကို ခံရတော့မှာပါ။

မရေမတွက်နိုင်တဲ့သစ်ကိုင်း လက်တံတွေရဲ့ တိုက်ခိုက်မှုကို ခံရရင်တော့ အစွမ်းထက်လှပါတယ်ဆိုတဲ့ တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင်တွေလည်း ဘာမှ တတ်နိုင်မှာ မဟုတ်ပါဘူး။

ဟူး ...

ခန္ဓာကိုယ်တစ်ချက် လှုပ်လိုက်တဲ့ အခါမှာတော့ လီဖူချန်းဟာ  ကမ္ဘာဦး မိစ္ဆာသစ်ပင်ရဲ့ သစ်ကိုင်းလက်တံတွေ လက်လှမ်းမီတဲ့ နေရာအထိကို ရောက်သွားခဲ့ပါပြီ။အဲသည်နောက်မှာတော့ သူဟာ ကမ္ဘာဦး မိစ္ဆာသစ်ပင်ကို ပတ်ပြေးပါတော့တယ်။

ကံကောင်းတာ တစ်ခုကတော့ ကမ္ဘာဦး မိစ္ဆာသစ်ပင်ရဲ့ လှုပ်ရှားမှုတွေဟာ မမြန်တာပါပဲ။ မဟုတ်လို့ကတော့ လီဖူချန်းဟာ သေပြေးရှင်ပြေး ပြေးနေရမှာပါ။

သစ်သီးတွေ အလုံး၁၀၀ကျော် ပါသွားပြီးတဲ့ နောက်မှာတော့ အသိဉာဏ် နည်းလှတဲ့ ကမ္ဘာဦး မိစ္ဆာသစ်ပင်က သူဟာ လီဖူချန်းကို ဘာမှ မလုပ်နိုင်ဘူး ဆိုတာကို သိသွားခဲ့ပါပြီ။

အဲသည်အတွက် သူဟာ လီဖူချန်းနဲ့ ဝေးရာကို ပြေးပါတော့တယ်။

လီဖူချန်းကတော့ ကမ္ဘာဦး မိစ္ဆာသစ်ပင်ရဲ့ အနောက်ကို တကောက်ကောက်လိုက်ပြီး သစ်သီးတွေ ခူးဖို့ ကြိုးစားနေဆဲပါပဲ။

သည်လိုနဲ့ပဲ ပြေးတမ်း၊လိုက်တမ်း ကစားနေကြတဲ့ သစ်ပင် နဲ့ လူသားဟာ ဒုတိယ စက်ကွင်းထဲကို ရောက်လာမှန်းမသိ ရောက်လာခဲ့ပါပြီ။

ရွှီး ...ရွှီး ...ရွှီး ...

လီဖူချန်းတစ်ယောက် ဒုတိယစက်ကွင်းထဲကို ရောက်လာပြီး သိပ်မကြာခင်မှာပဲ အလင်းတန်း သုံးခုဟာ သူ့ရဲ့ အရှေ့ကို ရောက်လာခဲ့ပါတယ်။

" အဲသည်လူသားက အရမ်းအစွမ်းထက်တယ်။ ငါတို့သုံးယောက်လုံး ပူးပေါင်းပြီး တိုက်ခိုက်မှ ရမယ် "

အဲသည်အလင်းတန်း သုံးခုကတော့ သွေးမိစ္ဆာ နဲ့ သူ့ရဲ့ အပေါင်းအပါ မိစ္ဆာဗိုလ်ချုပ် နှစ်ဦးပါပဲ။

သွေးမိစ္ဆာက ဒုတိယစက်ကွင်းထဲကို ရောက်လာတဲ့ လီဖူချန်းရဲ့ ချီအရှိန်အဝါကို အာရုံ ခံမိလိုက်တဲ့အတွက် သူ့ရဲ့ မိတ်ဆွေနှစ်ဦးကို ခေါ်ပြီး ရောက်ချလာခဲ့တာပါ။

" ဟမ့် ...မင်းတို့ သုံးယောက်တည်းနဲ့ လောက်မယ်လို့ ထင်နေတာလား "

လီဖူချန်းကတော့  ထွက်မပြေးဘဲ ပြန်ပြီးတောင် နှာခေါင်းရှုံ့နေ လိုက်ပါသေးတယ်။

သွေးမိစ္ဆာရဲ့ အပေါင်းအပါနှစ်ဦးကတော့ တောင်ပံမိစ္ဆာမျိုးနွယ် နဲ့ စွမ်းအင်မိစ္ဆာ္တမျိုးနွယ်ထဲက ဖြစ်ပုံရပါတယ်။

" သတ် "

ဟူး ...ဟူး ...

ဘန်း ...ဘန်း ...ဘန်း ...

မိစ္ဆာဗိုလ်ချုပ် သုံးဦးနဲ့ လူသားတစ်ယောက်ရဲ့ တိုက်ပွဲကတော့ စတင်ခဲ့ပါပြီ။

တောင်ပံမိစ္ဆာကတော့ လှုပ်ရှားပုံ အင်မတန်မှ မြန်ဆန်လှပြီး လီဖူချန်းကို စက်ဝိုင်းပတ် ပတ်ကာ တိုက်ခိုက်နေပါတယ်။ သူ့ကိုကြည့်ရတာက အရိပ်တစ်ခုလိုပါပဲ။

စွမ်းအင်မိစ္ဆာကတော့ သူ့ရဲ့ မာကျောကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ကို ယုံကြည်စိတ်ချပြီး လီဖူချန်းနဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့ပါတယ်။ အဲသည်အတွက် သူ့ရဲ့ ခန္ဓာကိုယ်ဟာ သွေးသံ တရဲရဲ ဖြစ်နေခဲ့ပါပြီ။ ဒါပေမဲ့ သူ့ရဲ့ ဒဏ်ရာတွေက သိပ်ပြီးတော့ မပြင်းထန်လှပါဘူး။

သွေးမိစ္ဆာကတော့ လီဖူချန်း အကြောင်းကို ကောင်းကောင်းသိနေပြီ ဖြစ်တဲ့အတွက် အနားမကပ်ဘဲ အဝေးကနေသာ သွေးလှံတံတွေနဲ့ ပစ်ခတ်နေပါတယ်။

ကမ္ဘာဦး မိစ္ဆာသစ်ပင်ကလည်း ပြေးနေတာကို ရပ်လိုက်ပါပြီ။ သူကလည်း မိစ္ဆာဗိုလ်ချုပ်သုံးဦးဘက်ကနေ ဝင်ပါပြီး လီဖူချန်းကို သစ်ကိုင်းလက်တံတွေနဲ့ ဝင်ရိုက်နေပါတယ်။

" သွားကြစမ်း "

လီဖူချန်းက မဟာဆင်ဝိညာဉ်နဲ့ နဂါးနက် ဝိညာဉ်ကို ထုတ်လိုက်ပြီး တောင်ပံမိစ္ဆာ နဲ့ စွမ်းအင် မိစ္ဆာကို ရိုက်ထုတ်ပစ်လိုက်ပါတယ်။ ပြီးတာနဲ့ တစ်ပြိုင်နက် သူက သွေးမိစ္ဆာ္တဆီကို လျှပ်ပြက်သလို ခုန်ဝင်သွားပြီး လက်သီး နဲ့ ထိုးထည့်လိုက်ပါတယ်။

ဘန်း ...ဘန်း ...ဘန်း ...

မိစ္ဆာဗိုလ်ချုပ် သုံးဦးစလုံးဟာ လွင့်ထွက်သွားကြပါပြီ။

ဂျွတ် ...

အခွင့်အရေး ရသွားပြီဖြစ်တဲ့ လီဖူချန်းဟာ ကမ္ဘာဦး မိစ္ဆာသစ်ပင်ရဲ့ သစ်ကိုင်းတစ်ကိုင်းကို အကိုင်းလိုက် ချိုးယူသွားပါသေးတယ်။ အဲသည်သစ်ကိုင်းပေါ်မှာ သီးနေတဲ့ ကမ္ဘာဦး မိစ္ဆာသစ်သီးတွေကတော့ အနည်းဆုံး အလုံး၃၀ ပါပဲ။

" ဘယ်လိုလုပ်ပြီး သည်လူသားက သည်လောက်အထိ အစွမ်းထက်နေတာလဲ "

တောင်ပံမိစ္ဆာက စိတ်ရှုပ်ထွေးစွာနဲ့ ပြောလိုက်ပါတယ်။

" ကြည့်ရတာ ထိပ်တန်း မိစ္ဆာဗိုလ်ချုပ် ဆယ်ပါးပဲ  သည်ကောင့်ကို ဆုံးမနိုင်တော့မယ် ထင်ပါရဲ့  "

သွေးမိစ္ဆာကလည်း အတော်လေး စိတ်ပျက်အားလျော့ နေခဲ့ပါပြီ။

" တောင်ပံမိစ္ဆာ ... မင်းသည်ကနေ ထွက်သွားပြီး တခြားမိစ္ဆာဗိုလ်ချုပ်တွေကို သွားခေါ်ခဲ့လိုက်။ များလေ ပိုကောင်းလေပဲ "

နောက်ဆုံးမှာတော့  အကြံကုန်နေပြီ ဖြစ်တဲ့ သွေးမိစ္ဆာဟာ တခြားမိစ္ဆာဗိုလ်ချုပ်တွေကို သွားခေါ်လာဖို့အတွက် တောင်ပံမိစ္ဆာကို လျှို့ဝှက်အသံ ပေးပို့ပြီး ပြောလိုက်ပါတော့တယ်။

သူတို့သုံးယောက်ထဲမှာတော့ တောင်ပံမိစ္ဆာက သွားလာ လှုပ်ရှားတာ အမြန်ဆုံးပါပဲ။

" အေး "

အဲသည်နောက်မှာတော့ တောင်ပံမိစ္ဆာဟာ ကောင်းကင်ထဲကို တိုးဝင်ပျံသန်းပြီး ပျောက်ကွယ်သွားခဲ့ပါပြီ။

***

All Chapters