← Chapters

အဆုံမဲ့ ကောင်းကင်မှ အပြောင်းအလဲများ

Vol. 48 Ch. 668

အဆုံမဲ့ ကောင်းကင်မှ အပြောင်းအလဲများ

Vol. 48 Ch. 668

ဆေးလုံးကို စတင် မိတ်ဆက်သည့် နေ့၌ ထာဝရ အစည်းအရုံးက ထာဝရ နယ်မြေဆေးလုံးကို အာရုဏ်ဦး နေမီးတောက်ဆေးလုံး၏ အကျိုးအာနိသင်များကို အတုယူ၍ အလားတူ အကျိုးကျေးဇူးများ ရရှိအောင် ဖန်တီးထားကြောင်း ကြေညာခဲ့သည်။

ပထမ၌ ထိုသတင်းမှာ ကြယ်တာရာ နယ်မြေ တစ်ခုလုံးကို ပေါက်ကွဲသွားကာ အားလုံးအတွက် ပျော်ရွှင်မှုများကို ယူဆောင်လာခဲ့သည်။ အထူးသဖြင့်... ကြွယ်ဝ ချမ်းသာကာ နောက်မဆုတ်ချင်သည့် ပါရမီရှင် လူငယ်များ အတွက်ပင်။ ထိုနေ့ရက်များ၌ အဆုံးမဲ့ ကောင်းကင် တစ်ခုလုံးမှာ ထာဝရ အစည်းအရုံးကို အကောင်းဆုံး အဂ္ဂိရတ် ပညာရှင်များဖြင့် ဖွဲ့စည်းထားသည့် အကြီးကျယ်ဆုံး အဂ္ဂိရတ် အဖွဲ့အစည်း ဖြစ်ကြောင်းပင် ကြွေးကြော်ခဲ့ကြသည်။

သို့သော်လည်း ထိုအရာက လအနည်းငယ်မျှသာ ဖြစ်ကာ ဆေးလုံး စျေးကွက်ထဲ စတင် ရောက်ရှိသည့် နေ့မှ စတင်၍ အားလုံး၏ ပျော်ရွှင်မှုများမှာ ပျက်စီးသွားခဲ့သည်။ ဆေးလုံးမှာ အမှန်တကယ် နယ်မြေမျိုးစေ့ တစ်ခုကို မွေးဖွားပေးနိုင်ကာ အတုအယောင် လောကနယ်မြေကို ဖန်တီးပေးနိုင်ပါသည်။

သို့သော်လည်း... ၎င်းက ကျင့်ကြံသူ၏ ကြယ်တာရာ ဝိညာဥ်နှင့် လုံးဝ ကိုက်ညီခြင်း မရှိကာ ကျင့်ကြံခြင်း အစိတ်အပိုင်း တစ်ခုထက် ပြင်ပ ရုပ်ဝတ္ထု တစ်ခုလိုသာ ပြုမူနေပေသည်။ ထို့အပြင်... ၎င်းတွင် နယ်မြေမျိုးစေ့ ပိုင်ရှင်ကို အာကာသ ပဲ့တင်သံ အဆင့်၊ အလင်းပြန်ခြင်း အဆင့်၊ မြေဆွဲအား လွတ်မြောက်ခြင်း အဆင့်များအား နားလည်အောင် ကူညီပေးနိုင်သည့် စွမ်းရည် ကင်းမဲ့နေသည်။

သူတို့က လိမ်ညာခဲ့ခြင်းသာ ဖြစ်သည်။ အားလုံး၏ မျှော်လင့်ချက်များက ဖန်များလို ကွဲကြေခဲ့ရပေသည်။ ၎င်းက ကျင့်ကြံသူ၏ တိုက်ပွဲဝင် စွမ်းအားကို အနည်းငယ် တိုးတက်စေသည့် ဆေးတစ်မျိုးသာ ဖြစ်ပေသည်။

ထာဝရ အစည်းအရုံး အပေါ် ချီးကျူးမှုများ တိတ်ဆိတ်သွားခဲ့သည်။ လူများမှာ ထာဝရ အစည်းအရုံးကို လူသိရှင်ကြား မလှောင်ပြောင်ခဲ့ကြသော်လည်း သူတို့ ဂုဏ်သိက္ခာ ကျဆင်းခဲ့ရသည်ကတော့ ရှက်ဖွယ် ဖြစ်သည်။

ဘယ်လိုပဲ ဖြစ်ဖြစ်... ဝေ့ဝူယင်ကတော့ နှစ်နှစ်ဆိုသည့် အချိန်တို အတွင်း ထိုမျှ တုပနိုင်ခြင်း အတွက် ထာဝရ အစည်းအရုံး အပေါ် အထင်ကြီး မိပေသည်။

နောက်ပိုင်းတွင် ထာဝရ အစည်းအရုံးမှာ သူတို့၏ ကျဆင်းနေသည့် ဂုဏ်သိက္ခာကို ပြန်လည် ဆည်ယူရန် အတွက် ထိုဆေးလုံးများကို အလွန် များပြားသော အရေအတွက် ပမာဏ အထိ ထုတ်ယူ၍ စျေးပေါပေါဖြင့် ရောင်းချကာ စျေးကွက်ကို ပြန်လည် လွှမ်းမိုးရန် ကြိုးပမ်းခဲ့သည်။ ဘယ်လိုပဲ ဖြစ်ဖြစ်... ၎င်းမှာ မြေဆွဲအား လွတ်မြောက်ခြင်း အဆင့် တစ်ယောက်ကို လောကသခင် အဆင့်ရောက်အောင် အခွင့်လမ်းများ ပေးနိုင်စွမ်း ရှိရာ ပေါချောင်ကောင်း လူကြိုက်များခဲ့ပေသည်။

ဝူယုက ရယ်ရယ်မောမောပင် လွန်ခဲ့သည့် တစ်နှစ်ခန့်က ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်ကို ဆက်လက် ပြောပြ၏။

ထိုနေ့၌... ထာဝရ နယ်မြေဆေးလုံး သောက်သုံးထားသည့် ကျင့်ကြံသူ တစ်ယောက်မှာ လောကနယ်မြေ အဆင့် ကပ်ဘေးကို စိန်ခေါ်ဖို့ ကြိုးစားခဲ့သည်။ သူက ထာဝရ နယ်မြေ ဆေးလုံးကို ပုံအောကာ ကြယ်တာရာ ကပ်ဘေးကို ကျော်လွှားပြမည်ဟု ကြွေးကြော်ထားသူ ဖြစ်သည်။ သို့သော်လည်း ကံဆိုးစွာပင် သူ၏ ကျင့်ကြံခြင်း အခြေခံက ကပ်ဘေးကို ကျော်လွန်နိုင်သည် အထိ မခိုင်မာခဲ့သလို အတုအယောင် လောကနယ်မြေမှာလည်း သူ့ ထိုအားနည်းချက်ကို ဖြည့်ဆည်းပေးနိုင်စွမ်း မရှိခဲ့ပါချေ။

နောက်ဆုံး၌ သူ သေဆုံးခဲ့သည်။ ထာဝရ နယ်မြေ မျိုးစေ့မှာ တိုက်ခိုက်မှု စွမ်းရည်ကို တိုးတက်စေနိုင်သည့် တိုင်အောင် ပါရမီကို ပြောင်းလဲပေးနိုင်စွမ်း မရှိကြောင်း သက်သေပြခဲ့သည်။ ထာဝရ နယ်မြေ ဆေးလုံးအား သောက်သုံးထားသူများထဲတွင် ကပ်ဘေးကို ကျော်လွှားနိုင်ခဲ့သူ များစွာ ရှိသည့်တိုင် ထိုအရာက သူတို့၏ ပင်ကိုယ် ပါရမီ မြင့်မားမှုကြောင့် ဖြစ်ကြောင်း ရှင်းလင်း စေခဲ့သည်။

ထိုအဖြစ်အပျက်က အာရုဏ်ဦး နေမီးတောက် ဆေးလုံး၏ အကျိုးသက်ရောက်မှုကို ပိုမို၍ပင် မီးမောင်း ထိုးပြခဲ့သည်။

လွန်ခဲ့သည့် ငါးနှစ်ခန့်က မဟာ သရုပ်ဖော် ပြသပွဲတွင် ဆေးလုံးကို သောက်သုံးခဲ့သော မာ့လုလင်မှာ ယခုဆိုလျှင် ပြီးပြည့်စုံသည့် ကွင်းကိုးကွင်း၊ အာကာသ ပဲ့တင်သံလှိုင်း ကိုးခု၊ အဖြူရောင် အလင်းတို့နှင့် အတူ မြေဆွဲအား လွတ်မြောက်ခြင်း အဆင့်ကို ရောက်ရှိခဲ့ပြီ ဖြစ်သည်။

ငါးနှစ်...

သူမက အနည်းဆုံး အနှစ်တစ်ရာ၊ နှစ်ရာခန့် ယူရမည့် အချိန်ကို ငါးနှစ်ဆီသို့ လျှော့ချနိုင်ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် သူမက အပြီးပြည့်စုံဆုံသော ကျင့်ကြံခြင်း အခြေခံဖြင့် ထိုအဆင့်ကို ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ လောကသခင် အဆင့် ကပ်ဘေးကိုလည်း လွယ်ကူစွာ ဖြတ်ကျော်နိုင်မှာ သံသယ ရှိစရာ မလိုပါချေ။

တဖြည်းဖြည်းနှင့် ဝေ့ဝူယင်မှာ မဟာစက်ဝန်း ကြယ်ကွင်းပြင်နှင့် ပတ်သက်နေသည့် အချက်အလက်များကို ဖမ်းဆုပ် လာနိုင်ခဲ့လေသည်။ မဟာစက်ဝန်း ကြယ်ကွင်းပြင်တွင် ကြယ်တာရာ နယ်မြေ နှစ်ဆယ့်တစ်ခု ရှိသည် ဆိုတာက အစ... အဆုံးမဲ့ ကောင်းကင်ရှိ အင်အားစုများ အကြောင်း အဆုံး သူ အားလုံးကို သိရှိလာခဲ့၏။ ဝူယုမှာ လွန်ခဲ့သည့် ခြောက်နှစ်အတွင်း သူ့အစီအစဥ်များ အတွက် အထောက်အပံ့ ဖြစ်စေဖို့ ရည်ရွယ်၍ အချက်အလက်များကို တမင် စုဆောင်းထားခဲ့ကြောင်း ရှင်းလင်းလှပေသည်။

“မာ့ကျန်းနဲ့ သူ့မျိုးနွယ်က အတော်လေး တက်ကြွတာပဲ...”

ဝေ့ဝူယင်က မှတ်ချက်ချ၏။ သူတို့က နတ်ဆိုးများ ခွဲခြား ဆက်ဆံခြင်း ခံရမှုမှ ကင်းလွတ်ရန် အတွက် ဂြိုဟ်အသစ် တစ်ခုကိုပင် ဖန်တီးပေးခဲ့သည်။ ထိုအချက်က သူ့ကို အထင်ကြီးစေ၏။

“သခင်လေးက တကယ့် ကြီးကျယ်ခမ်းနားတဲ့ အရာတွေကို လုပ်ခဲ့တာ”

ဝူယုက ရယ်မောလိုက်သော်လည်း သူ့အပြုံးက သုန်မှုန်မှုများနှင့် ပြည့်နှက်နေသည်။ ဝေ့ဝူယင်မှာ ရောက်ရှိ မလာခင်တည်းက အဆုံးမဲ့ ကောင်းကင်ကို ကိုင်လှုပ်ခဲ့သူ ဖြစ်သည်။ သူက ငါးနှစ်ဆိုသော ကာလအတွင်းမှာပင် ကြယ်ကွင်းပြင် တစ်ခုလုံး၌ အချိုးအကွေ့များကို ဖြစ်ပေါ်စေကာ မရေမတွက်နိုင်သော လူများကို နဖူး ချွေးစိုစေခဲ့သည်။

ရုတ်တရက် ဝူယုမှာ တစ်စုံတစ်ရာကို သတိရသွားဟန် ရကာ အမူအရာမှာ ပြောင်းလဲသွား၏။

“ဒါနဲ့ သခင်လေး... ခင်ဗျားက ကြယ်တာရာ တစ်ခုလုံးကို ကိုယ်တိုင် ကိုင်လှုပ်ခဲ့ရုံတင် မကဘူး... မွန်းစတား တစ်ချို့ကိုပါ ဖန်တီးခဲ့တာပဲ... ပြဿနာ တစ်ချို့လည်း အပါအဝင် ပေါ့လေ”

“ဟုတ်လား...”

ဝေ့ဝူယင်မှာ နောက်ဆုံး စကားကို စိတ်ဝင်စားသွား၏။ ဝူယုက လေးနက်သည့် အမူအရာဖြင့် ခေါင်းတစ်ချက် ညိတ်လိုက်သည်။

“သခင်လေးရဲ့ ဇနီးလောင်းက တကယ့်ကို တစ်ခုခုပဲ... အဆုံးမဲ့ ကောင်းကင်မှာ မိန်းကလေး ကျင့်ကြံသူတွေကို သူတို့ရဲ့ အလှအပ၊ ပါရမီ၊ အလားအလာ၊ ခွန်အားနဲ့ နောက်ခံတွေနဲ့ အကဲဖြတ်ပြီး စာရင်း တစ်ခု လုပ်ထားတာ ရှိတယ်... အဲဒါကို တန်ခိုးရှင် နတ်မိမယ် သတ်မှတ်ချက်လို့ ခေါ်တယ်... တစ်နည်း ပြောရရင် ရွှေရောင် ဂိတ်တံခါး နန်းတော်က သုံးနှစ်တစ်ကြိမ် ထုတ်ပြန်တဲ့ သတ်မှတ်ချက်ပေါ့... လွန်ခဲ့တဲ့ နှစ်နှစ်က ထုတ်ပြန်တဲ့ စာရင်းမှာ သူက ထိပ်ဆုံး ဆယ်ယောက်စာရင်းမှာ ပါလာခဲ့ပြီ”

“ဟုတ်လား...”

ဝေ့ဝူယင်၏ မျက်လုံးများမှာ တောက်ပသွား၏။ ဝူယုက ပြုံးရင်း ဆက်ပြောလိုက်သည်။

“အဲဒါတင် မကသေးဘူး... သခင်လေးရဲ့ ကိုယ်လုပ်တော်ကလည်း မာ့မျိုးနွယ်ရဲ့ ပံ့ပိုးမှုနဲ့ သားရဲတွေ ပါဝင်တဲ့ ကိုယ်ပိုင် အင်အားစု တစ်ခုကို တည်ထောင်ထားတယ်... သူက အဆုံးမဲ့ ကောင်းကင်မှာ နဂါး နတ်မိမယ် ဆိုပြီး ကျော်ကြားနေတဲ့ အပြင် တန်ခိုးရှင် နတ်မိမယ် သတ်မှတ်ချက် ထိပ်ဆုံး ဆယ်နေရာမှာ နေရာ တစ်ခု ယူထားပြီးပြီ”

“နောက်ပြီး စုမေ့ကလည်း ထိပ်သီး ပါရမီရှင် ဆိုတဲ့ လူတိုင်းကို အနိုင်ယူနေတာ... အဲဒီ ကောင်မလေးက အခုဆိုရင် ရွှေအဆင့် အင်အားစု တစ်ခုဖြစ်တဲ့ တစ်ကိုယ်တော် ဆေဘာဂိုဏ်းရဲ့ ရွေးချယ်ခံ ဖြစ်နေပြီ... သူက ဆေဘာ နှလုံးသား ရည်ရွယ်ချက်ကို နားလည်ရုံတင် မကဘူး.. သူ့ရဲ့ ကျင့်ကြံခြင်း အခြေခံကလည်း အတော်လေး ကြောက်ဖို့ ကောင်းတယ်”

“သခင်လေးရဲ့ နတ်ဆိုး ချစ်သူကလည်း...”

“နောက်ပြီး...”

ဝူယုမှာ ဆက်လက်၍ အာဏာရှင် အဖွဲ့ဝင်များ၏ အောင်မြင်မှုများကို အားတက်သရော ဆက်လက် ရှင်းပြနေ၏။

အချိန်တိုင်း၌ ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများက ပိုမို တောက်ပလာနေကာ သူ့နှုတ်ခမ်းထက်၌ အပြုံးမှာလည်း ပိုမို၍ ပြန့်ကားလာနေခဲ့သည်။

ဝူယု၏ ရှင်းပြမှု အဆုံးသတ်တွင်တော့ ဝေ့ဝူယင်မှာ စိတ်လှုပ်ရှားစွာဖြင့် ကျယ်လောင်စွာ အော်ဟစ် ရယ်မောလိုက်တော့သည်။ အတန်ကြာပြီးနောက်မှ သူက ရယ်မောခြင်းကို ရပ်တန့်ကာ ဝူယုကို ပြန်လည် ကြည့်လိုက်၏။

“ခင်ဗျားက မွန်းစတားတွေ အကြောင်းပဲ ကျုပ်ကို ပြောသွားတာ... ပြဿနာတွေ ဆိုတာကရော ဘာတွေလဲဗျ”

ထိုအခါတွင်မှ ဝူယုမှာ သူ “ပြဿနာ” ဆိုသည့် စကားလုံးကို သုံးနှုန်းခဲ့ကြောင်း ပြန်လည် သတိရသွား၏။ သူ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားကာ ပင့်သက်တစ်ချက် ရှိုက်လိုက်သည်။

“လွန်ခဲ့တဲ့ နှစ်တွေ အတွင်းမှာ သခင်လေး တစ်ယောက်တည်း နာမည် ကြီးနေခဲ့တာ မဟုတ်ဘူး... အချို့ အာဏာရှင်နဲ့ ဗာကီရီ အဖွဲ့ဝင်တွေဟာလည်း အဆုံးမဲ့ ကောင်းကင်မှာ သူ့နည်းသူ့ဟန်နဲ့ အတန်အသင့် နာမည် ကျော်ကြားလာခဲ့တယ်လေ... အဲဒီမှာ အရှက်မဲ့တဲ့ အင်အားစုတွေက သူတို့ကို စည်းရုံး သိမ်းသွင်းဖို့ ကြိုးစားကြတော့တာပဲ”

“ရှောင်ပင်းနှင့် ဟုန်ယုတို့ကို တော်ဝင်ကလန် နှစ်ခုဖြစ်တဲ့ ပင်းကလန်နဲ့ ထန်ကလန်တို့က တိုက်ရိုက် သိမ်းသွင်းသွားတယ်... လွန်ခဲ့တဲ့ နှစ်နှစ်က တန်ခိုးရှင် နတ်မိမယ် သတ်မှတ်ချက်မှာ သူတို့က ထိပ်ဆုံး ဆယ်ယောက် စာရင်းထဲ မဝင်သေးပေမဲ့ ထိပ်ဆုံး တစ်ရာစာရင်းထဲကို ပါလာခဲ့တယ်”

“ရှောင်ပင်းနဲ့ ဟုန်ယု...”

ဝေ့ဝူယင်က မျက်မှောင်ကြုတ် လိုက်၏။ ရှောင်ပင်းနှင့် ဟုန်ယုတို့ နှစ်ယောက် မည်မျှ ထူးချွန်ကာ ပါရမီ မြင့်မားကြောင်း သူ သိပေသည်။ သို့သော်လည်း... ထိုပါရမီကြောင့်ပင် တော်ဝင်မျိုးနွယ် နှစ်ခု ကိုယ်တိုင် စည်းရုံး သိမ်းသွင်းခဲ့သည် ဆိုသည့် သတင်းကတော့ အနည်းငယ် ယုတ္တိ ကင်းမဲ့နေသည်။

“ပြဿနာက ပြိုင်စံရှား ရုပ်ခန္ဓာ တစ်ခုဖြစ်တဲ့ ထာဝရ ရေခဲ အမတေ ခန္ဓာကို ရှောင်ပင် နိုးထနိုင်ခဲ့တာကနေ စတာပဲ”

ဝူယုက အစချီကာ အဖြစ်အပျက် အလုံးစုံကို ဝေ့ဝူယင်အား ရှင်းပြတော့၏။ ထိုလူအိုကြီး၏ အဆိုအရ ဆိုလျှင်... ရှောင်ပင်းမှာ ပင်းမျိုးနွယ်ကို ဝင်ရောက်ပြီး မကြာခင်မှာပင် ဝေ့ဝူယင် ပေးအပ်ထားသည့် အထောက်အပံ့များနှင့် ပင်းမျိုးနွယ်၏ ထူးဆန်းသော ပတ်ဝန်းကျင် အခြေအနေကို အသုံးပြုကာ ထာဝရ ရေခဲ အမတေ ခန္ဓာကို နိုးထနိုင်ခဲ့သည်။ ထို့နောက်တွင်ကား သူမ၏ ကံကြမ္မာ တစ်ခုလုံးက လုံးဝ ပြောင်းလဲသွားခဲ့တော့သည်။

မျိုးနွယ်တစ်ခုကို ဝင်ရောက်ပြီးသည် ဆိုကတည်းက ထိုမျိုးနွယ်နှင့် တစ်သားတည်း ဖြစ်သွားသည်က အစဥ်အလာပင် ဖြစ်သည်။ ရှောင်ပင်း၏ ပြင်းထန်သည့် ကန့်ကွက်မှုများ ကြားကပင် ပင်းမျိုးနွယ်မှာ ရှောင်ပင်းနှင့် သူတို့မျိုးနွယ် သခင်လေးတို့ကို လက်ထပ် ထိမ်းမြားပေးရန် ကြိုးပမ်း ခဲ့သည်။ ရှောင်ပင်းမှာ မူလယင် မပျက်စီးသေးသည့် အပျိုစင် တစ်ယောက် ဖြစ်ရာ သူတို့က နှစ်ကိုယ့်တစ်စိတ် ကျင့်ကြံခြင်းဖြင့် ပြိုင်စံရှား ခန္ဓာကိုယ်ကို လွှဲပြောင်းပေးဖို့ ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။

တင်းမာမှုများ မြင့်တက်နေသည့်တိုင် ပင်းမျိုးနွယ်မှာ လက်ထပ်ပွဲကို စီစဥ်ခဲ့ပြီး ဖြစ်သည်။ သူတို့က ဝေ့ဝူယင်၏ နာမည်နှင့် ဂုဏ်သတင်းကိုပင် ကြောက်လန့်ဟန် မရချေ။

“ပင်းမျိုးနွယ်...”

ဝေ့ဝူယင်က မျက်မှောင်ကြုတ် လိုက်မိ၏။ ပင်းမျိုးနွယ်မှာ နှစ်ပေါင်း သောင်းချီ သက်တမ်း ရှိသည့် မျိုးနွယ်ကြီး တစ်ခု ဖြစ်ရာ သူ့အား ဂရုမစိုက်သည်က ပမွှားကိစ္စ ဖြစ်ပေသည်။

သို့သော်လည်း ပြဿနာက ထိုမျှနှင့် အဆုံးသတ် မသွားချေ။ ဝူယုမှာ မောက်မာ ဝင့်ကြွားကာ အမြဲတမ်း လိုလို စိတ်အလိုကို လိုက်၍ လုပ်ဆောင်တတ်သူ ဖြစ်ရာ ယခုတစ်ကြိမ်တွင်လည်း ထိုကဲ့သို့ပင် ပြုမူခဲ့သည်။ သူက အစစ်အမှန် အေးခဲခြင်း နယ်မြေတွင် ပုန်းအောင်း စောင့်ဆိုင်းကာ ထိုသခင်လေး အပြင်သို့ ထွက်အလာကို ချောင်းနေခဲ့သည်။ ထို့နောက် ကြယ်တာရာ သခင် အချို့ ကာကွယ်ထားသည့် ကြားမှပင် သူ့ကို ရအောင် သတ်ပစ်ခဲ့သည်။

သူ၏ ထိုလုပ်ဆောင်ချက်ကြောင့်ပင် ပင်းမျိုးနွယ်၏ လျှို့ဝှက် အာဏာရှင်များစွာမှာ နယ်မြေများကိုပင် ဖြတ်သန်းကာ သူ့ကို အမဲလိုက်ခဲ့ခြင်း ဖြစ်သည်။

ဝေ့ဝူယင်မှာ မျက်လုံးများပင် ပြူးကျယ်ကာ အားရ ဝမ်းသာ ဖြစ်သွားခဲ့၏။ မည်မျှ သတ္တိရှိလိုက်သနည်း။ မည်မျှ ရဲတင်းလိုက်သနည်း။

ထိုအရာက သူကြားဖူးသည့် ဒဏ္ဍာရီထဲမှ မဟာ ဧကရာဇ်ပင် ဖြစ်လေသည်။

All Chapters