ကောင်းကင် လမ်းစဥ် ပြောင်းလဲခြင်း
Vol. 48 Ch. 672
တိမ်ပြာမှာ အရူးတစ်ယောက် မဟုတ်ရာ ဝေ့ဝူယင်၏ ရည်ရွယ်ချက် တစ်စိတ်တစ်ပိုင်းကို ရိပ်မိပြီး ဖြစ်သည်။ ဝေ့ဝူယင် သူတို့ကို လွတ်လပ်စွာဖြင့် သွားခွင့်ပြုခဲ့သည်မှာ ပြန်လာလိမ့်မည်ဟု ယုံကြည်၍ပင် ဖြစ်သည်။ သေမျိုး အဂ္ဂိရတ် အာဏာရှင်များမှာ သူတို့ကို ထောက်ပံ့ပေးနိုင်သည့် အင်အားစုများကို စည်းရုံး သိမ်းသွင်းလေ့ ရှိကာ အပြန်အလှန်အားဖြင့် ထိုအင်အားစု အကျိုးအတွက် ပြန်လည် ပံ့ပိုးပေးသည်။
ဝေ့ဝူယင်မှာ အဆုံးမဲ့ အလားအလာများဖြင့် ပြည့်နှက်နေသည့် သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက် ဖြစ်သည်။ သူက ထာဝရ ဧကရာဇ်၏ ခြေရာကိုပင် နင်းနိုင်ချေရှိသူ ဖြစ်သည်။ ထိုလူငယ်၏ ပံ့ပိုးမှုကို ရရှိသည့် အင်အားစု တစ်ခုက မည်သည့် အတိုင်းအတာ ပမာဏ အထိ တိုးတက်နိုင်ကြောင်း သူ သိပေသည်။
"ဂူး... ဂယ်...”
ခုတ်ပိုင်းခြင်းဓားမှာ ငယ်ရွယ်ကာ အလားအလာကောင်းများကို ပိုင်ဆိုင်ထားရာ ထိုကဲ့သို့ အခွင့်အရေးမျိုး ရှေ့တွင် ကိုယ့်ကိုယ်ကို ထိန်းချပ် မထားတော့ချေ။ သူက ခန္ဓာကိုယ်ကို ဝေ့ဝူယင်၏ အရှေ့ မြေပြင်တွင် ပစ်ချကာ ဝိညာဥ်အာရုံဖြင့် သူ့ ရည်ရွယ်ချက်ကို ဖော်ပြလိုက်တော့၏။
ဝေ့ဝူယင်က ခေါင်းတစ်ချက် ညိတ်လိုက်၏။ ထို့နောက် သူက လေးနက်သော အမူအရာဖြင့် တိမ်ပြာနှင့် ခွန်ရီမင်တို့ကိုပါ ကြည့်လိုက်သည်။
“ကျုပ် ရည်ရွယ်ချက်ကို ကွယ်ဝှက် မထားတော့ဘူး... အခု ကျုပ်ဆီမှာ သေမျိုး အကန့်အသတ်ကို ကျော်တဲ့ လက်အောက်ငယ်သားတွေ ပြတ်လပ်နေတယ်... တကယ်လို့ ခင်ဗျားတို့ နေချင်တယ် ဆိုရင် ကျုပ်ဘက်က လက်ခံဖို့ ငြင်းဆိုမှာ မဟုတ်ဘူး... ဝူယုက ခင်ဗျားတို့ သိပ်မဆိုးဘူးလို့ ကျုပ်ကို ပြောတယ်”
ခွန်ရီမင်နှင့် တိမ်ပြာတို့က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်၏။ ထို့နောက် ဝူယုကို ကြည့်ကာ နောက်ဆုံးတွင် ဝေ့ဝူယင်ဘက်ကို ပြန်လှည့်လိုက်သည်။
တာရာ လျှို့ဝှက် မိုင်းတွင်းမှာ အဖိုးထိုက်တန်သည့်တိုင် ဝူယု ဤနေရာတွင် ရှိနေပြီ ဖြစ်ရာ သူတို့ အတွက် အခွင့်အရေး မရှိတော့ချေ။ ဝေ့ဝူယင်၏ လက်အောက်သို့ ခိုဝင်ခြင်းကသာလျှင် ရေရှည်အတွက် ပိုမို အကျိုးဖြစ်ထွန်းမည့် ရွေးချယ်မှု ဖြစ်ပေသည်။ သူတို့၏ မျက်လုံးများက ကြည်လင် ပြတ်သားမှုများနှင့် ပိုမို၍ ပြည့်နှက်လာနေခဲ့၏။
ဝူယုမှာ ဖြစ်စဥ် တစ်ခုလုံးကို တိတ်တဆိတ်ပင် လေ့လာနေခဲ့၏။ အချိန်တိုင်း၌ ဝေ့ဝူယင်က သူ့အတွက် ပိုမို ကြောက်မက်ဖွယ် ကောင်းလာနေခဲ့သည်။
သိမ်းသွင်းမှု၏ အရေးအကြီးဆုံး အစိတ်အပိုင်းက သူတို့ ကံကြမ္မာကို လွတ်လပ်စွာ ရွေးချယ်နိုင်သည်ဟု ခံစားစေခြင်း ဖြစ်ကာ... တစ်ချိန်တည်း၌ သူက သူ၏ အရေးပါမှုကို သူတို့ နှလုံးသား အတွင်း ဖြည်းညင်းစွာ ထည့်သွင်းခဲ့သည်။
ထို့နောက်... သူတို့အားလုံး သူ့ထံသို့ ရောက်ရှိလာခဲ့ပြီ။ ထို့အပြင် ၎င်းက သူတို့၏ ကိုယ်ပိုင် ရွေးချယ်မှု ဖြစ်ပေသည်။
တစ်ခဏ ကြာပြီးနောက်၌ ရေခဲကဲ့သို့ အေးစက်သည့် အငွေ့အသက် တစ်ခုမှာ ဝူယု၏ ကျောရိုးထဲ စိမ့်ဝင် လာခဲ့၏။ အကယ်၍ သူတို့သာ နေဖို့ ငြင်းဆန်ခဲ့ပါက... ကျိန်းသေပင် သူတို့ သေဆုံးရလိမ့်မည် ဖြစ်သည်။ ဝေ့ဝူယင်၏ ဟင်းလင်းပြင် ဝင်ပေါက် ဖန်တီးခြင်းမှာ အလွန် ကြောက်မက်ဖွယ် ကောင်းသည့် စွမ်းရည် တစ်ခု ဖြစ်သည်။ အကယ်၍ သူသာ ပိတ်ဆို့လိုက်ပါက သူတို့ ဘယ်တော့မှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပါချေ။
သို့သော်လည်း... ခွန်ရီမင်တို့ တစ်သိုက်ကတော့ ထိုအရာကို သတိပင် မပြုမိကြပါချေ။ သူတို့က ဝေ့ဝူယင်မှာ မျှတကာ ရိုးသားသူ ဟုသာ ခံစားနေရသည်။ သို့သော်လည်း... ထိုမသိခြင်းကပင်လျှင် သူတို့ အနာဂတ် အတွက် ကြီးကျယ်ခမ်းနားမှုနှင့် ကံကောင်းမှုများကို ယူဆောင်လာခဲ့လေသည်။
...
အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ၌ ဟင်းလင်းပြင် သင်္ဘော တစ်ခုမှာ ကြိုတင် သတ်မှတ်ထားသည့် လမ်းကြောင်း အတိုင်း ပျံ့သန်း နေခဲ့၏။ ထိုဟင်းလင်းပြင် သင်္ဘောထက်တွင်တော့ တိတ်တဆိတ် တရား ကျင့်ကြံနေသည့် စန်းယွန်းလီ ရှိနေခဲ့ပေသည်။
ရုတ်တရက်ဆိုသလိုပင် သူမ၏ မျက်ခုံး နှစ်ခုကြား နေရာမှာ ရွှေရောင် တလက်လက် တောက်ပလာခဲ့၏။ မိန်းကလေး၏ မျက်လုံးများက ပွင့်လာကာ ကောင်းကင်ဘုံ လမ်းစဉ်ကျမ်းကို လျှင်မြန်စွာပင် စစ်ဆေးလိုက်၏။ ထိုအခါ ၎င်းအတွင်းရေးထားသည့် အသေးစိတ် အချက်များအားလုံး ရုတ်တရက် ပြောင်းလဲသွားသည်ကို သူမ သတိထားလိုက်မိသည်။ မကြာခင်မှာပင် သူမ၏ မျက်လုံးများက မယုံကြည်နိုင်မှုများဖြင့် ပြူးကျယ် သွားခဲ့တော့၏။
“ဘာလို့ ဒီလောက်တောင် ပြောင်းလဲသွားတာလဲ... နေဦး အဆုံးမဲ့ သိုင်းအုပ်စိုးသူက ဘာဖြစ်သွားတာလဲ... နောက်ပြီး အကြွင်းမဲ့လောက မူလလှံတံကရော... ဗာမီလီယံ မီးတောက် ကြာပန်း... နောက်ပြီး လမ်းစဥ်ခြောက်သွယ် ကောင်းကင် ထိုးဖောက်ခြင်းဓား... ဘာတွေ ဖြစ်ကုန်တာလဲ...”
နောင်တစ်ချိန်တွင် အစစ်အမှန်သိုင်း လောကဧကရာဇ်၊ အစစ်အမှန် ဒြပ်စင် အင်ပါယာ၊ လမ်းစဥ်ခြောက်ခု ဧကရီတို့ ကဲ့သို့သော ထိပ်တန်း ပုဂ္ဂိုလ်ကျော်ကြီးများ ကိုင်တွယ်မည့် ဒဏ္ဍာရီလာ လက်နက်များနှင့် ရတနာများ အားလုံးမှာ ကောင်းကင် လမ်းစဥ် စာအုပ် အတွင်းမှ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်လေသည်။ ၎င်းတို့ကို ဘယ်တော့မှ ထုလုပ်တော့မည် မဟုတ်ချေ။
တစ်ခဏကြာပြီးနောက် အတိတ်ဘဝမှ အချက်အလက် အချို့ကို ပြန်လည် တွေးတောကာ သူမ၏ မျက်လုံးများက ကျဥ်းမြောင်း သွားခဲ့သည်။
“ပြည်ထောင်စု - ရတနာ စစ်ပွဲမှာ ဖျက်ဆီး ခံရမယ့် လျှို့ဝှက်တာရာ မိုင်းတွင်းက တစ်ခုခု ဖြစ်သွားတာများလား...”
သူမ၏ မှတ်ဉာဏ်များ အရဆိုလျှင် ယခုနှစ်ပိုင်းလောက်တွင် ပြည်ထောင်စု ရင်းမြစ် ကြယ်တာရာ နယ်မြေနှင့် ရတနာ အလင်း ကြယ်တာရာ နယ်မြေတို့ အကြားတွင် တာရာ လျှို့ဝှက် ဂြိုဟ်တစ်ခုကို ရှာဖွေ တွေ့ရှိလိမ့်မည် ဖြစ်သည်။
မကြာခင်မှာပင် ထိုသတင်းက ပေါက်ကြားသွားက ပြည်ထောင်စု ရင်းမြစ် ကြယ်တာရာ နယ်မြေနှင့် ရတနာ အလင်း ကြယ်တာရာ နယ်မြေ အကြားတွင် ရင်းမြစ်လု စစ်ပွဲကြီး တစ်ခု ဖြစ်ပေါ်လာပေလိမ့်မည်။ နောက်ပိုင်း အမျိုးမျိုးသော ပြင်ပ အင်အားစုများ၏ လောဘတကြီး ပါဝင် တိုက်ခိုက်မှုတွင် ကြယ်တာရာ နယ်မြေ နှစ်ခုစလုံး ပျက်စီးရပေလိမ့်မည်။
သို့သော်လည်း အဆုံးသတ်တွင်တော့ ထိုမိုင်းတွင်းမှာ သမိုင်းထဲမှ လုံးဝ ပျောက်ကွယ် သွားခဲ့သည်။ အချို့ကတော့ စစ်ပွဲကြီးကြောင့် ဂြိုဟ်မှာ အစိတ်စိတ် အမွှာမွှဦ ကွဲကာ အင်အာစုကြီးများ၏ အညီအမျှ ခွဲဝေ သိမ်းပိုက် ခံလိုက်ရသည်ဟု ဆိုသည်။
စန်းယွန်းလီမှာ ထိုအဖြစ်အပျက် အပေါ် အခြေခံကာ ကံကြမ္မာ တစ်စိတ်တစ်ပိုင်းကို ခိုးယူဖို့ အစီအစဥ် ချခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း ယခုတွင်တော့....
ကောင်းကင်လမ်းစဥ် စာအုပ်ထဲမှ ဒဏ္ဍာရီလာ လက်နက်များ ပျောက်ဆုံးသွားခြင်းနှင့် အတူ မိုင်းတွင်းမှာ တစ်ခုခု ဖြစ်နေပြီ ဖြစ်ကြောင်း သူမ သဘောပေါက်ခဲ့ပြီ ဖြစ်သည်။ သို့ပေမဲ့ ထိုအရာက အဘယ်နည်း။
...
ဝေ့ဝူယင်မှာ လျှို့ဝှက် အာဏာရှင် သုံးယေက်နှင့် ကိစ္စကို ကိုင်တွယ် ပြီးစီးခဲ့ပြီ ဖြစ်ကာ အခြေခံ အကျိုးအမြတ်နှင့် သဘောတူညီမှုများ ရရှိပြီး ဖြစ်သည်။ သူက သူတို့ အပေါ် မည်သည့် ကန့်သတ်ချက်မှ မထားကာ ကျိန်ဆိုမှု ပြုခိုင်းရန်ပင် ငြင်းဆိုခဲ့သည်။ သူ့စကားအရ ၎င်းက အရေးမကြီးချေ။
သို့သော်လည်း... လျှို့ဝှက် အာဏာရှင် အဆင့် သုံးယောက်ကတော့ သူတို့ အပေါ် ဝေ့ဝူယင် ပိုမို၍ ယုံကြည်စေရန် အတွက် ယနေ့ ကိစ္စနှင့် ပတ်သက်၍ တိတ်တိတ် နေပါမည့် အကြောင်း အလိုက်တသိ လျှို့ဝှက်ကျိန်စာ ကျိန်ဆို ခဲ့ကြသည်။
ဝူယုကတော့ ထိုလူများမှာ လောဘကြီးသည့်တိုင် အတော်အသင့် ဉာဏ်ကောင်းသည်ဟု စိတ်ထဲမှ ချီးကျူး လိုက်မိသည်။ ထိုအခွင့်အရေးကို ဆုပ်ကိုင်ထားနိုင်သမျှ ကာလပတ်လုံး သူတို့၏ အနာဂတ်များက ထွန်းတောက် ပေလိမ့်မည်။
ခြေလှမ်း အနည်းငယ် အတွင်းမှာပင် ဝေ့ဝူယင်မှာ တန်ခိုးရှင် အဆင့် အင်အားစု သုံးခုကို သိမ်းသွင်း နိုင်လိုက်ပြီ ဖြစ်သည်။ ခွန်ကလန်နှင့် တိမ်တိုက်ကျယ် နန်းတော်တို့မှာ သူ့လက်အောက်သို့ အပြည့်အဝ မရောက်သေးသည့် တိုင်အောင် တည်ထောင်သူများကတော့ သူ့ ခြေထောက်အောက် ရောက်နေကြပြီ ဖြစ်သည်။ အနှေးနှင့် အမြန် ဆိုသလို ၎င်းတို့ကို သိမ်းသွင်းနိုင်ရန် သူ ယုံကြည်ချက် ရှိပေသည်။
သို့သော်လည်း လောလောဆယ်တွင်တော့ ဝေ့ဝူယင် ထိုကိစ္စကို ခဏ မေ့ဖျောက် ထားသည်။ ဝူယု၏ လက်စလက်နက အတော်လေး ပြင်းထန်လှရာ လက်ရှိ အချိန်တွင် လျှို့ဝှက် ဝိညာဥ် အဆင့် သုံးယောက်၏ ဒဏ်ရာများက အတာ်လေး ကြီးမားလှပေသည်။ သူတို့က ပြန်လည် ကုစားဆဲ အခြေအနေတွင်ပင် ရှိနေပေသေးသည်။
ဝူယုကတော့ လျှို့ဝှက် အာဏာရှင် အဆင့်များ အတွက် အချိန် ပြိုကွဲခြင်းမှာ အလျှင်မြန်ဆုံး ပြန်လည် သက်သာစေသည့် နည်းလမ်း ဖြစ်ကြောင်း ပြောပြခဲ့သည်။ သို့သော်လည်း ၎င်းက သက်တမ်းကိုတော့ ရင်းရသည်ဟု ဆိုသည်။ ကျင့်ကြံသူမှာ ပိုမို အစွမ်းထက်လေလေ ကုန်ကျမှုက ပိုမို ကြီးမားလေလေ ဖြစ်သည်။
ဝေ့ဝူယင်မှာ ထိုကိစ္စကို အတော်လေး စိတ်ဝင်စားသွားခဲ့သည်။ ထိုနည်းလမ်းက အစွန်းလေးဖက် ကုန်းမြေတိုက်ကြီးတွင် ပိန်လှီသည့် အဘိုးအို ဟယ်ယန်းလဲ့ကို ကယ်တင်ခဲ့သည့် နည်းလမ်းပင် ဖြစ်ပေလိမ့်မည်။ ဝေ့ဝူယင်က သက်တမ်းကို ပြန်ဖြည့်နိုင်သလော မေးသော အခါ၌ ဝူယုက ဖြစ်နိုင်ကြောင်း ပြောပြခဲ့သည်။ သို့သော်လည်း ထိုကဲ့သို့ ပြုလုပ်လိုက်ပါက ကျင့်ကြံခြင်း ဝိညာဥ်၏ အစိတ်အပိုင်း တစ်ချို့ ဆုံးရှုံးသွားလိမ့်မည် ဖြစ်သည်။ ၎င်းကို သာမန် ရင်းမြစ်များဖြင့်ပင် ပြန်လည် ကုစား ပေးနိုင်စွမ်း မရှိချေ။
လျှို့ဝှက် အာဏာရှင် အဆင့်များ၏ စွမ်းရည် အချို့ကို ဆက်လက် မေးမြန်းပြီးနောက် ဝေ့ဝူယင်က ဝူယုကို လျှို့ဝှက် အာဏာရှင်များအား လေ့လာရန် စေလွှတ်လိုက်သည်။ သူတို့ အကြောင်း အသေးစိတ် အချက်အလက် များနှင့် ကျင့်ကြံခြင်း လိုအပ်ချက်များကို သူ သိရှိဖို့ လိုအပ်သည်။ သို့သော်လည်း လောလောဆယ်တွင်တော့ သူတို့၏ အမြင့်ဆုံး ခံစားခွင့်ကို အဆင့်ကိုး အဆင့်နိမ့် အဂ္ဂိရတ် ထုတ်ကုန် အဖြစ် သူ ကန့်သတ်ထားသည်။
အခြားလူများအား ထောက်ပံ့ရန် ရှိသည့် အချိန်တွင် ထိုလျှို့ဝှက် အာဏာရှင် အဆင့်များ အပေါ် ဝေ့ဝူယင် အချိန် သိပ်မဖြုန်းလိုချေ။ သူတို့၏ ကျင့်ကြံခြင်း လိုအပ်ချက်များက တကယ့်ကို ကြောက်ဖို့ ကောင်းလွန်းသည်။
သို့သော်လည်း ဝူယုက ဝေ့ဝူယင်အား အချက်အလက် အချို့ ပြောပြကာ ပိုမို၍ တုန်လှုပ်စေခဲ့သည်။ သူ့ အဆိုအရ ဆိုလျှင် ဝေ့ဝူယင်မှာ အဆုံးမဲ့ ကောင်းကင်တွင် အလွန် ကြွယ်ဝချမ်းသာ နေပြီ ဖြစ်သည်။ ဝူယုမှာ ပမာဏ အတိအကျကိုပင် သိရှိကာ ဝိညာဥ်ကျောက်တုံး ၂၁၆၇ နှင့် ကြယ်တာရာ ကျောက်တုံး ၆၆၅၇၂၅ ဖြစ်ကြောင်း ပြောပြခဲ့သည်။ ထိုအရာထဲတွင် နာ့ရှင်းရီ အတွက် ဖယ်ထုတ်ထားသည့် ၁၃.၂ ရာခိုင်နှုန်း မပါရှိပါချေ။
ဝေ့ဝူယင်မှာ ထိုအကြောင်းအရာကို ကြားကြားချင်း အလွန်ပင် အံ့အားသင့် သွားခဲ့သည်။ လျှို့ဝှက် ကျောက်တုံး တစ်တုံး၏ တန်ဖိုးက ကြယ်တာရာ ကျောက်တုံး တစ်သန်းနှင့် ညီမျှသည်။ ၎င်းက သေးငယ်သော ပမာဏ မဟုတ်ချေ။
ဝူယု၏ အဆိုအရ ဆိုလျှင်... ရွှေအဆင့် အင်အားစု အများစု၏ တန်ဖိုးက လျှို့ဝှက် ကျောက်တုံး ဆယ်တုံးပင် မကျော်ချေ။ သာမန် တန်ခိုးရှင် အဆင့် အင်အားစုများ ပင်လျှင် တစ်ရာမှ တစ်ထောင် ဆိုသော အတိုင်းအတာ အတွင်းသာလျှင် ကြွယ်ဝကြသည်။
ရွှေရောင် အသက် နန်းတော်မှာ ရောင်းချရသမျှ အကျိုးအမြတ် အားလုံး နီးပါးကို သူ့အား ပေးခဲ့ခြင်း ဖြစ်သည်။ သူတို့က သူနှင့် ဆက်ဆံရေးကောင်း တစ်ခု တည်ဆောက်ရန် အရာအားလုံးကို ရင်းနှီးထားပုံ ပေါ်သည်။ အတန်ကြာ စဥ်းစားပြီးနောက်... ဝေ့ဝူယင်က ဝူယုကို သူ့ကိုယ်စား ထိုပိုင်ဆိုင်မှုများကို အသုံးပြုခွင့်၊ ခွဲဝေခွင့် ပေးရန် ဆုံးဖြတ်ထားသည်။
ဝူယု ထွက်ခွာသွားသည့် နောက်တွင် ဝေ့ဝူယင်က အောက်ရှိ ဂြိုဟ်သိမ်၊ ဂြိုဟ်မွှား၏ မြေပြင်ကို ထိလိုက်၏။ ၎င်းက ဂြိုဟ်တစ်ခုလုံးရှိ မြေကြီးခဲများကို ဖယ်ထုတ်ကာ သူ သိမ်းပိုက်ထားသည့် တာရာ လျှို့ဝှက် မိုင်းတွင်းကြီးပင် ဖြစ်သည်။ မြေကြီးကို ထိတွေ့လိုက်သည်နှင့် ဝေ့ဝူယင်မှာ အထဲရှိ တုန်ခါမှုများကို ခံစား လိုက်ရ၏။
“မင်း မပြီးသေးဘူးလား...”
ခရက်... ခရက်... ခရက်...
မကြာခင်မှာပင် ဝေ့ဝူယင် အရှေ့ရှိ မြေပြင်မှာ အက်ကွဲလာကာ ပိုင်လင်၏ ခေါင်း ထွက်ပေါ်လာ၏။ ထိုကြိုးကြာမှာ သူ မိုင်းတွင်းကို သန့်စင် သိမ်းပိုက်ပြီးသည့် အချိန်ကတည်းက တာရာ လျှို့ဝှက် သတ္တုရိုင်းများကို စားသောက် နေခဲ့ခြင်း ဖြစ်သည် မဟုတ်ပါလား။