← Chapters

ပြည်ထောင်စုကြီးအား ပြန်လည်ဖွဲ့စည်းခြင်း

Vol. 72 Ch. 994

ပြည်ထောင်စုကြီးအား ပြန်လည်ဖွဲ့စည်းခြင်း

Vol. 72 Ch. 994

ဝမ်ပေါင်လဲ့ ထိုသို့ အရိုအသေပေးလိုက်သောအခါမှ သူ၏ဘေးတွင် ရှိနေသည့် မမလေးမှာ စိတ်အေးသွားပြီး သက်ပြင်းချနိုင်သွား၏။ သူမသည် အခက်တွေ့နေခဲ့ရပါသော်လည်း ဝမ်ပေါင်လဲ့မှာ ဤ ကိစ္စအား ကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်ထားခဲ့သည်။ သူမ သိသလောက်ဆိုလျှင် ဝမ်ပေါင်လဲ့မှာ လူများနှင့် ပြောဆိုဆက်ဆံရာတွင် ကျွမ်းကျင်လိမ္မာသည့် လူတစ်ယောက် မဟုတ်ပါလော။

တစ်ချိန်ထဲမှာပင် သူမသည် ဝမ်ပေါင်လဲ့မှာ ပြည်ထောင်စုကြီးနှင့် တာအိုနန်းတော်တို့မှာ မဟာမိတ်များသာ ဖြစ်သင့်ကြောင်း နားလည်ထားပြီးသား ဖြစ်ရမည်ဟု ယုံကြည်နေ၏။ အဘယ်ကြောင့်ဆိုသော် သူတို့ဆီတွင် ဘုံရန်သူတစ်ယောက် ရှိနေသည့်အပြင် သူမကိုယ်တိုင်သည်လည်း အဖွဲ့အစည်း နှစ်ခုစလုံးနှင့် ပတ်သက်နေသည်မဟုတ်ပါလော။

ထို့ကြောင့်လည်း သူမသည် အစကတည်းက ဝင်ရောက်စွက်ဖက်ခဲ့ခြင်း မရှိဘဲ အခြေအနေများကိုသာ စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။ ယခုတွင် လူတိုင်းမှာ ပျော်ရွှင်ကျေနပ်သွားရပြီဖြစ်ရာ မမလေးမှာလည်း ပြုံးမိသွား၏။

ဝမ်ပေါင်လဲ့မှာလည်း မမလေး၏ အပြုံးကို မြင်လိုက်ရသောအခါ ပြုံးလိုက်၏။ သူသည် သူမအား မျက်နှာဖုံးထဲသို့ ချက်ချင်းပြန်ဝင်ခိုင်းခဲ့ခြင်း မရှိဘဲ အပြန်အလှန် ဆွေးနွေးလိုက်ပြီးနောက် တာအိုနန်းတော် ခေါင်းဆောင်ကြီးနှင့် ရှေးဟောင်းနှောင်းဖြစ်အကြောင်းများ ပြန်ပြောနိုင်ရန် အလို့ငှာ ဤနေရာ၌ နေရစ်ခဲ့ခိုင်းလိုက်၏။ ထို့နောက် သူသည် ရှေးဟောင်းဓားကြီးပေါ်မှ ထွက်ခွာသွားသည်။

သူသည် အာကာသထဲသို့ ရောက်သွားသည်နှင့် သူ၏ ညာဘက်လက်အား ဝှေ့ယမ်းလိုက်၏။ ထိုအခါ ဓားထိပ်ပိုင်းတွေရှိနေသည့် အမှောင်အဆောင်ပစ္စည်းသုံးခုမှာ သူ့ဆီသို့ ချက်ချင်း ရောက်ရှိလာကြသည်။ ထို အမှောင်အဆောင်ပစ္စည်းသုံးခုမှာ ပြီးပြည့်စုံခြင်း မရှိသေးပါသော်လည်း ၎င်းတို့၏ ကိုယ်ထည်များမှာ ရုပ်လုံးပေါ်နေပြီဖြစ်သည်။ သို့ဖြစ်ရာ ၎င်းတို့အား အင်္ဂါဂြိုဟ်ပေါ်၌သာ ချန်ရစ်ထားခြင်းမှာ အကျိုးမရှိပေ။ ထိုသို့ဖြင့် ဝမ်ပေါင်လဲ့မှာ ထို အမှောင်အဆောင်ပစ္စည်းများအား လက်ဖြင့် လှမ်း၍ ဖမ်းဆုပ်လိုက်ချိန်တွင် ၎င်းတို့မှာ သူ၏ ခန္ဓာကိုယ်နှင့် တစ်သားတည်း ပေါင်းစည်းသွားတော့သည်။

၎င်းတို့မှာ သူ၏နဖူးပေါ်၌ အနက်ရောင် အစက်အပြောက်သုံးခုအသွင် ပြောင်းလဲသွားပြီး အစအန ရှာမရလောက်အောင် ပျောက်ကွယ်သွား၏။ သို့သော် သူ တစ်ချက်တွေးလိုက်ရုံနှင့် ၎င်းတို့မှာ သူ၏ ခန္ဓာကိုယ်ပေါ်၌ ပြန်လည်ပေါ်ပေါက်လာမည်ဖြစ်ပြီး သူ့အား အမှောင်ကလေးငယ် တစ်ယောက်အဖြစ် ပြောင်းလဲပေးလိုက်မည်သာ ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ထို အမှောင်အဆောင်ပစ္စည်းသုံးခုနှင့် ပေါင်းစည်းလိုက်ပြီးနောက် နေအဖွဲ့အစည်းအား ငေးကြည့်နေလိုက်၏။ သူသည် အချိန်သိပ်မကျန်တော့ကြောင်း နားလည်ထားသည်။ ကျင့်ကြံခြင်းဆိုသည့် ခရီးစဉ်မှာ ရေဆန်၌ ရွက်လွှင့်ရသကဲ့သို့ပင်။ အမြဲတစေ ရှေ့သို့လှမ်းနေခြင်း မရှိပါက နောက်တွင်ကျန်ရစ်ခဲ့မည်သာဖြစ်သည်။

ထို လမ်းစဉ်ပေါ်၌ လျှောက်ရန် ဆုံးဖြတ်ပြီးသည်နှင့် အမြဲတမ်း ရှေ့သို့ ပြေးလွှားနေရမည်သာဖြစ်သည်။ သို့မှသာ မိမိ တန်ဖိုးထားရသည့် လူများအား ကာကွယ်ပေးနိုင်မည်ဖြစ်သလို မိမိ၏ အိပ်မက်များကိုလည်း အကောင်အထည် ဖော်နိုင်မည်ဖြစ်သည်။

" ပြည်ထောင်စုဥက္ကဋ္ဌကြီး ဖြစ်လာဖို့က ငါ့ရဲ့ ဘဝရည်မှန်းချက်ပဲ... အခု အဲဒီရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်စွမ်း ရှိနေပြီဆိုပေမဲ့ ပြည်ထောင်စုကြီးက သေးလွန်းနေတယ်... ပြည်ထောင်စုကြီးကို ပိုပြီးတော့ ကြီးမားလာအောင် လုပ်ပြီး ငါတို့ လူမှုအဖွဲ့အစည်းရဲ့ အဆင့်အတန်းကို အမြင့်ဆုံးအထိရောက်အောင် မြှင့်တင်ရမယ်။ အဲဒီအချိန်ရောက်မှ ငါ့ရဲ့ ပြည်ထောင်စုဥက္ကဋ္ဌကြီးဆိုတဲ့ ရာထူးက ငါနဲ့ ထိုက်တန်မှု ရှိသွားမှာ " ဝမ်ပေါင်လဲ့မှာ သူ့ကိုယ်သူ ဂုဏ်ယူမဆုံးဖြစ်နေ၏။ တစ်ချိန်ထဲမှာပင် သူသည် ထွက်ခွာသွားရမည့်အတွက် ချီတုံချတုံ ဖြစ်နေရသည်။

သူ၏ အိပ်မက်များအား အကောင်အထည်ဖော်လို့ပါက နတ်မျက်လုံးလူမှုအဖွဲ့အစည်းနှင့် ပေါင်းစည်းပြီးသွားချိန်တွင် သူသည် နေအဖွဲ့အစည်းထဲမှ ထွက်ခွာသွားရမည် ဖြစ်သည်။ ထို့ကြောင့်လည်း ယခုတွင် သူ၏ ကိုယ်ပွားမှာ သူ၏ ခန္ဓာကိုယ်အစစ်ထဲမှ နောက်ထပ်တစ်ကြိမ် ပြန်ထွက်လာပြီး အင်္ဂါဂြိုဟ်ဆီသို့ ဦးတည်သွားလိုက်၏။ သူသည် သူ၏ မိသားစုနှင့် အချိန်အနည်းငယ်ခန့် အတူတူ ထပ်ရှိနေဦးမည်ဖြစ်သည်။

သူ၏ ခန္ဓာကိုယ်အစစ်မှာမူ နေအဖွဲ့အစည်းထဲမှ ထွက်ခွာသွားပြီး နတ်မျက်လုံးလူမှုအဖွဲ့အစည်းထဲမှ ထာဝရကြယ်ကြီး၏ စွမ်းအားများကို အသုံးချကာ တည်နေရာပြောင်းရွှေ့သွားသည်။ သူသည် လိုအပ်သည့် မန္တန်အစီအရင်များ တပ်ဆင်ရန်နှင့် ပြင်ဆင်မှုများ ပြုလုပ်ရန် ပြန်ရောက်လာခဲ့ခြင်း ဖြစ်သည်။

ဝမ်ပေါင်လဲ့ အင်္ဂါဂြိုဟ်ဆီသို့ ပြန်ရောက်လာပြီးနောက် အချိန်များ ဖြည်းညင်းစွာ ကုန်လွန်သွား၏။ ထိုသို့ဖြင့် တစ်ပတ်တိတိ ကုန်ဆုံးသွားသည်။ ထို တစ်ပတ်အတွင်းတွင် ဝမ်ပေါင်လဲ့ ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုဝင်များအား အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည့် သတင်းများနှင့် တာအိုနန်းတော်မှ ဂြိုဟ်အဆင့်ကျင်ကြံသူများ သေဆုံးသွားခဲ့သည့်သတင်းများမှာ ပြည်ထောင်စုကြီးထဲ၌ တောမီးကဲ့သို့ ပျံ့နှံ့သွားခဲ့သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့၏ ဂုဏ်သတင်းမှာလည်း ပြည်ထောင်စုကြီးထဲ၌ မဟုတ်ချင်း ထိုးတက်သွား၏။

ထိုသို့ဖြင့် လူတိုင်း စိတ်ဓာတ်များ တက်ကြွနေကြစဉ် လီရှင်းဝမ် ပြန်ရောက်လာခဲ့ပြီး ပြည်ထောင်စုကြီးအား ပြန်လည်ဖွဲ့စည်းရန် ပြင်ဆင်ခဲ့၏။ အမိန့်များ တစ်ခုပြီးတစ်ခု ထုတ်ပြန်ခဲ့ပြီးနောက် အင်္ဂါဂြိုဟ်ပေါ်မှ ကျင့်ကြံသူ အမြောက်အမြားမှာလည်း ပြန်ရောက်လာခဲ့သည်။ သို့ဖြစ်ရာ ပြည်ထောင်စုကြီးမှာ ခြောက်သွေ့ညှိုးနွမ်းနေခဲ့ရာမှ နတ်ရေကန်ထဲမှ ရေများဖြင့် ပတ်ဖျန်းခံလိုက်ရသဖြင့် ပြန်လည်ဖူးပွင့်လာတော့မည့် ပန်းလေးတစ်ပွင့်ကဲ့သို့ပင်။

ပထမဦးဆုံးအနေနှင့် ပြည်ထောင်စုဥက္ကဋ္ဌအသစ်အား ရွေးချယ်ရမည်ဖြစ်သည်။ သူတို့မှာ ဝမ်ပေါင်လဲ့ဆီမှ အကြံတောင်းခံလိုက်ပြီးနောက် လွှတ်တော်အမတ်အသစ်များကို ရွေးချယ်လိုက်၏။ နောက်ဆုံးတွင် ကျောက်ယမုန့်၏ မိခင်ဖြစ်သူ အင်္ဂါဂြိုဟ်ဘုရင်ခံမှာ ပြည်ထောင်စုဥက္ကဋ္ဌအသစ်အဖြစ် ရွေးချယ်ခံလိုက်ရသည်။

ကျောက်ယမုန့်၏ ဖခင်ဖြစ်သူမှာမူ ဝိညာဉ်သိပ္ပံဌာနအား ဆက်လက်ဦးစည်းနေဦးမည် ဖြစ်သလို လွှတ်တော်အမတ်များထဲတွင်လည်း ပါဝင်လာ၏။

လီရှင်းဝမ်မှာမူ ယခင်တုန်းကအတိုင်း အင်္ဂါဂြိုဟ်ဘုရင်ခံအား ပြည်ထောင်စုကြီးနှင့် ပတ်သတ်သည့် ကိစ္စများအတွက် ဆက်၍ အကူအညီပေးနေဦးမည် ဖြစ်သည်။

ကျောက်ယမုန့်၏ မိခင်ဖြစ်သူမှာ ပြည်ထောင်စုဥက္ကဋ္ဌရာထူးအတွက် အရည်အချင်းပြည့်မီသည့် လူတစ်ယောက်ဖြစ်ရာ ပြည်ထောင်စုကြီးထဲမှ မည်သူကမှ ကန့်ကွက်နေခဲ့ခြင်း မရှိပေ။

သူမ၏ ရာထူးတိုး အခမ်းအနားသို့ ဝမ်ပေါင်လဲ့ကိုယ်တိုင် တက်ရောက်ခဲ့၏။ သူသည် သူ၏ ဆံပင်ထဲ၌ ဆံထိုးအဖြစ် ထိုးထားသည့် နတ်ဘုရားလက်နက်ဖြစ်သော ကြက်သွေးရောင်ဓားမြှောင်လေးအား သူမ၏ လက်ထဲသို့ အပ်ကာ ပြည်ထောင်စုကြီး၏ ထုံးတမ်းအစဉ်အလာအား ဆက်လက် ထိန်းသိမ်းစေခဲ့သည်။ ထို့အပြင် သူသည် ကျောက်ယမုန့်ကိုလည်း ဖြစ်ကြောင်းကုန်စင် ပြောပြခဲ့သေးသည်။ လစ်ဟင်းသွားသည့် အင်္ဂါဂြိုဟ်ဘုရင်ခံ ရာထူးကိုမူ လက်ရှိ လက်ထောက် လွှတ်တော်အမတ်ခေါင်းဆောင်ဖြစ်သည့် လင်းယုံက ဆက်ခံသွားမည် ဖြစ်သည်။

သူသည် လက်ထောက် လွှတ်တော်အမတ်ခေါင်းဆောင်အဖြစ် သတ်မှတ်ခံခဲ့ရရုံသာမက ပြည်ထောင်စုကြီး၏ ဒုဥက္ကဋ္ဌအဖြစ်လည်း သတ်မှတ်ခံခဲ့ရသေးသည်။ သို့ဖြစ်ရာ ရာထူးသုံးခုအား ပိုင်ဆိုင်ထားသည့် လင်းယုံမှာ ပြည်ထောင်စုကြီး၏ အနာဂတ်ကြယ်ပွင့်အဖြစ် သတ်မှတ်ခံထားရသည်မှာ မလွဲဧကန်ပင်။

လင်းယုံသည်လည်း အများပြည်သူအား စိတ်မပျက်စေခဲ့ပေ။ သူသည် လုပ်ရည်ကိုင်ရည်ရှိသည့် ဝါရင့်သဘာရင့် လူတစ်ယောက်ဖြစ်ရုံသာက လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်းတွင်လည်း ကျင့်ကြံခြင်းအဆင့် ဖောက်ထွက်နိုင်ခဲ့သည် မဟုတ်ပါလော။ သူသည် ဝိညာဉ်ကြားခံနယ်အဆင့်သို့ ရောက်နေပြီဖြစ်ရာ တိုးတက်မှုနှုန်း အလွန်အင်မတန်မှ မြန်ဆန်သည်ဟု ဆိုနိုင်ပေသည်။ ထို့အပြင် သူသည် နှောင်းပိုင်း ဝိညာဉ်ကြားခံနယ်အဆင့်သို့ ဖောက်ထွက်နိုင်ရန်ပင် သိပ်မလိုတော့ပေ။

တစ်ချိန်ထဲမှာပင် ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စု၏ ဘေးအန္တရာယ်ကြီး ကင်းရှင်းသွားပြီးနောက် သောကြာဂြိုဟ်စီမံကိန်းအား ပြန်လည်စတင်ခဲ့၏။ သူတို့မှာ ဝမ်ပေါင်လဲ့၏ အကူအညီဖြင့် ကျယ်ပြန့်တာအိုနန်းတော်ဆီမှ ကြယ်တာရာရင်းမြစ်များကို ပြန်ယူကာ သောကြာဂြိုဟ်အား ပြန်လည်တည်ဆောက်ခဲ့သည်။

၎င်းအား ဒုတိယမြောက် အင်္ဂါဂြိုဟ် ဖြစ်လာအောင် တည်ဆောက်မည်ဖြစ်ပြီး နေအဖွဲ့အစည်း မန္တန်အစီအရင်၏ ဗဟိုချက်အဖြစ် သတ်မှတ်မည်ဖြစ်သည်။ သောကြာဂြိုဟ် ဘုရင်ခံအဖြစ် တာဝန်ထမ်းဆောင်ရမည့် လူမှာ ယခင်တုန်းက အင်္ဂါဂြိုဟ် လက်ထောက်ဘုရင်ခံအဖြစ် ဆောင်ရွက်ခဲ့သည့်... ဧရာမသစ်ပင်ကြီး ဖြစ်ပေသည်။

ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုကြောင့် ပေါ်ပေါက်လာခဲ့ရသည့် ပရမ်းပတာ အချိန်ကာလအတွင်းတွင် ဧရာမသစ်ပင်ကြီးမှာ သူ၏ လုပ်ရပ်များကြောင့် လီရှင်းဝမ်နှင့် အခြားသူများ၏ ယုံကြည်မှုနှင့် အသိအမှတ်ပြု ထောက်ခံချက်များကို ရရှိခဲ့၏။ ထို့ကြောင့်လည်း ယခုတွင် သူသည် ထိုကဲ့သို့သော အရေးပါသည့် ရာထူးတစ်ခု အပ်နှင်းခံလိုက်ရခြင်း ဖြစ်သည်။

တစ်ချိန်ထဲမှာပင် ကြာသာပတေးဂြိုဟ်နှင့် အခြားဂြိုဟ်များလည်း ကျန်ရှိနေသေးသည်။ ကျောက်ယမုန့်၏ မိခင်ဖြစ်သူ ဝူမုန့်လင်းမှာ ပြည်ထောင်စုဥက္ကဋ္ဌကြီးဖြစ်လာပြီးနောက် ထို ဂြိုဟ်များပေါ်၌ အရာရှိများ တစ်ယောက်ပြီးတစ်ယောက် ရွေးချယ်ခဲ့၏။ ထို့ကြောင့် နေအဖွဲ့အစည်း မန္တန်အစီအရင်ကြီးမှာ ပို၍ ကြီးကျယ်ခမ်းနားလာတော့သည်။ ဝိညာဉ်ချီအမြောက်အမြား ပေါ်ပေါက်လာသည့်နှင့် ထို မန္တန်အစီအရင်ကြီးမှာလည်း ကြီးမားလာမည် ဖြစ်သည်။

ဤ ပြင်ဆင်မှုများအားလုံးမှာ ပြည်ထောင်စုကြီးအတွက် အလွန်အင်မတန်မှအရေးပါသည့် ဖြစ်ရပ်ကြီးတစ်ခုအတွက်ဟု ဆိုနိုင်ပေသည်။

၎င်းမှာ... နတ်မျက်လုံးလူမှုအဖွဲ့အစည်းနှင့် ပေါင်းစည်းရန် ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ထိုကိစ္စအကြောင်း လီရှင်းဝမ်နှင့် အခြားသူများအား အသိပေးထားပြီးသား ဖြစ်သည်။ ၎င်းမှာ လျှို့ဝှက်ချက်တစ်ခု ဖြစ်နေဆဲဖြစ်ပါသော်လည်း ရာထူးအကြီးပိုင်းမှ လူများမှာ သိရှိထားကြပြီး ဖြစ်သည်။ ထိုအကြောင်းအား သိလိုက်ရသည့် လူတိုင်းမှာ အလွန်အမတန်မှ စိတ်လှုပ်ရှားသွားကြသည်သာ ဖြစ်သည်။ နေမင်းကြီး နတ်မျက်လုံး လူမှုအဖွဲ့အစည်း၏ ထာဝရကြယ်ကြီးနှင့် ပေါင်းစည်းသွားသည်နှင့် ပြည်ထောင်စု လူမှုအဖွဲ့အစည်းမှာ အဆင့်အတန်း မြင့်မားလာမည်ဖြစ်ကြောင်း သူတို့အားလုံးက သိရှိထားသည်မဟုတ်ပါလော။ တစ်ချိန်ထဲမှာပင် နေအဖွဲ့အစည်းထဲ၌ မွေးဖွားလာသည့် သက်ရှိများမှာလည်း နေမင်းကြီး၏ ကောင်းချီးပေးမှုကိုလည်း ရရှိပိုင်ဆိုင်သွားဦးမည်ဖြစ်သည်။

ထို ကောင်းချီပေးမှုမှာ အလွန်အင်မတန်မှ ရှားပါးသည့် အကျိုးကျေးဇူးတစ်ခု ဖြစ်ပေသည်။ ၎င်းမှာ သာမန်လူများ၏ ပင်ကိုစွမ်းရည်များနှင့် ကျင့်ကြံသူများ၏ ကျင့်ကြံခြင်းအဆင့်များကို မြှင့်တင်ပေးနိုင်မည် ဖြစ်သည်။ ကျင့်ကြံခြင်းအဆင့်တစ်ခုတွင် ရပ်တန့်နေသည့် လူများမှာဆိုလျှင် ထိုအခွင့်အရေးကို အသုံးချကာ ဖောက်ထွက်ရန် ကြိုးစားနိုင်ပေသည်။

သို့ဖြစ်ရာ သူတို့အားလုံး စိတ်လှုပ်ရှားနေကြသည်မှာ မထူးဆန်းပေ။ ထို့အပြင် ဂြိုဟ်အသီးသီး၏ အရာရှိကို ခန့်အပ်ခဲ့ရုံသာမက ပြည်ထောင်စုကြီးထဲတွင်လည်း ရာထူးပြောင်းလဲမှုအမြောက်အမြား ပေါ်ပေါက်လာခဲ့သေးသည်။ ဥပမာပြရလျှင် ကျင့်သိုမင်မှာ ကျင့်မိသားစု၏ ခေါင်းဆောင်ရာထူးအား တရားဝင် ရရှိပိုင်ဆိုင်သွားခဲ့ပြီးနောက် လသုံးစင်းမဟာမိတ်အဖွဲ့၏ ထိပ်သီးခေါင်းဆောင်ကြီး ဖြစ်လာခဲ့၏။ သူသည် ထိုရာထူးအား ရရှိပိုင်ဆိုင်သွားသည်နှင့် ဝိညာဉ်သိပ္ပံဌာနှင့် အတူတကွ လက်တွဲကာ ပို၍အစွမ်းထက်သည့် ဝိညာဥ်သိပ္ပံ ဓမ္မအဆောင်ပစ္စည်းများ ဖန်တီးနိုင်ရန် လိုအပ်သည့် အစီအစဉ်များ ချက်ချင်း ရေးဆွဲခဲ့သည်။

လျှိုတောက်ပင်းသည်လည်း ရာထူးအဆင့်အတန်း မြင့်မားလာခဲ့၏။ သူသည် ဝမ်ပေါင်လဲ့နှင့် ခင်မင်ရင်းနှီးသော ဆက်ဆံရေးတစ်ခု ပိုင်ဆိုင်ထားပြီး အလုပ်ကြိုးစားသည့် လူတစ်ယောက်လည်း ဖြစ်သည့်အပြင် လွန်ခဲ့သည့် နှစ်ပေါင်းများစွာတွင်းတွင် ပြည်ထောင်စုကြီး၏ အကျိုးကိုလည်း စွမ်းစွမ်းတမံ သယ်ပိုးခဲ့သည်ဖြစ်ရာ အင်္ဂါဂြိုဟ်၏ လက်ထောက်ဘုရင်ခံအဖြစ် ရာထူးတိုးခံလိုက်ရ၏။

ပြည်ထောင်စုကြီးထဲမှ အခြေအနေများ ပြန်လည်ငြိမ်သက်သွားသောအခါ တာအိုကျောင်းလေးကျောင်းအား ပြန်လည်တည်ဆောက်ခဲ့၏။ ကောင်းကင်တာအိုကျောင်း၏ ပြန်လည်တည်ဆောက်မှုလုပ်ငန်းအား တာဝန်ယူရသည့်လူမှာ ကျိုးရှောင်ရဖြစ်သည်။ သူမသည် ကောင်းကင်တာအိုကျောင်း၏ ဂိုဏ်းချုပ်ကြီးအဖြစ် သတ်မှတ်ခံခဲ့ရ၏။

ထိုအခြင်းအရာများ ဖြစ်ပျက်နေစဉ် ဝမ်ပေါင်လဲ့မှာ အားလပ်နေသောကြောင့် သူ၏ မိဘများနှင့်သာ အတူတူ အချိန်ကုန်ဆုံးစေခဲ့သည်။ သူသည် သူ၏မိဘများနှင့်အတူ ရှိနေစဉ် သူ၏ မိခင်ဖြစ်သူ၏ ဒဏ်ရာများကို ပျောက်ကင်းအောင် ကုသပေးခဲ့၏။ တစ်ချိန်ထဲမှာပင် သူသည် သူ၏မိဘများ၏ ခန္ဓာကိုယ်များထဲမှ အသက်မီးတောက်များအား တဟုန်းဟုန်း လောင်ကျွမ်းနေအောင် အားဖြည့်ပေးထားသဖြင့် သူတို့၏ ရုပ်ရည်များမှာ ပို၍ ငယ်ရွယ်နုပြုလာတော့သည်။

ထိုသို့ဖြင့် အချိန်များကုန်လွန်းသွားပြီး နတ်မျက်လုံး လူမှုအဖွဲ့အစည်းနှင့် ပေါင်းစည်းရန် လဝက်သာ လိုတော့သည့်အချိန်တွင် ဝမ်ပေါင်လဲ့မှာ လက်ထပ်မင်္ဂလာပွဲ ဖိတ်စာတစ်စောင် လက်ခံရရှိလိုက်၏။

၎င်းမှာ လင်းတျန်ဟောက်နှင့် တုမင်တို့၏ လက်ထပ်မင်္ဂလာပွဲဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ထို ဖိတ်စာအား မြင်လိုက်ရသည်နှင့် မျက်နှာအမူအရာ အထူးတဆန်းဖြစ်သွားပြီး စိတ်ထဲမှနေ၍ လင်းတျန်ဟောက်အတွက် ဆုတောင်းပေးမိလိုက်တော့သည်။

သူသည် တုမင်နှင့် အတန်းဖော်ဟောင်းများ ဖြစ်ကြပါသော်လည်း ဘယ်သောအခါမှ သင့်မြတ်ခဲ့ခြင်း မရှိပေ။ သူမသည် အလွန်အင်မတန်မှ စိတ်ဆတ်သူတစ်ယောက်ဖြစ်ရာ ဤဘဝတွင် အလွယ်တကူ အိမ်ထောင်ကျနိုင်လိမ့်မည်မဟုတ်ဟု သူက မှတ်ယူထားခဲ့၏။

" တျန်ဟောက်ရေ တျန်ဟောက်... မင်းတော့ ဘုရားသာ တပေတော့ကွာ " ဝမ်ပေါင်လဲ့မှာ ထိုသို့ရေရွတ်ကာ ချောင်းဟန့်မိလိုက်၏။ သို့သော် သူသည် စိတ်ထဲတွင်မူ သူတို့အတွက် ပျော်ရွှင်ကျေနပ်နေဆဲပင်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ထို ဖိတ်စာအား ရှိလိုက်ပြီးနောက် လင်းတျန်ဟောက်ဆီသို့ အသံလွှင့်အကြောင်းကြားစာတစ်စောင် ပေးပို့ကာ သူတို့၏ လက်ထပ်ပွဲသို့ တက်ရောက်မည့်အကြောင်း အသိပေးလိုက်၏။ သူသည် ပြန်ရောက်လာစဉ်ကတည်းက ကျောက်ယမုန့်၏ မိခင်ဖြစ်သူ၏ ရာထူးတိုး အခမ်းအနားသို့ တက်ရောက်ခဲ့ရုံမှအပ အိမ်ထဲမှအိမ်ပြင် မထွက်ခဲ့သလို ဧည့်သည့်များနှင့်လည်း အတွေ့မခံဘဲ ငြင်းဆန်ခဲ့သည်သာ မဟုတ်ပါလော။ ထို့ကြောင့် လင်းတျန်ဟောက်မှာ သူ မင်္ဂလာပွဲသို့ တက်ရောက်မည့်အကြောင်း ကြားသိလိုက်ရသောအခါ အလွန်အင်မတန်မှ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွား၏။ တစ်ချိန်ထဲမှာပင် ထိုသတင်းများ ပျံ့နှံ့သွားသည်နှင့် ဝမ်ပေါင်လဲ့ဆီသို့ လာရောက်လည်ပတ်လိုသည့် လူများမှာလည်း ထိုကိစ္စအကြောင်း သတိထားမိသွားကြတော့သည်။

ထိုသို့ဖြင့် ရက်အနည်းငယ်ခန့် အကြာတွင် အင်္ဂါဂြိုဟ်ပေါ်၌ ကျင်းပသည့် လင်းတျန်ဟောက်နှင့် တုမင်တို့၏ လက်ထပ်ပွဲတွင် မိတ်ဆွေများနှင့်သာမက ရာထူးအကြီးပိုင်းမှ လူများနှင့်ပါ ပြည့်နှက်နေတော့သည်။ ထို မင်္ဂလာပွဲမှာ စည်ကားသိုက်မြိုက်လွန်းလှသောကြောင့် ဤရာစုနှစ်၏ မင်္ဂလာပွဲဟုပင် ခေါ်ဆိုနိုင်ပေသည်။

All Chapters