လင်းဖန်ရဲ့ တစ်လဝင်ငွေ
Vol. 17 Ch. 241
တစ်ချိန်တည်းမှာပင် QQ Music ကလည်း အံ့သြတုန်လှုပ်လျက်ရှိနေပါသည်။
ကျွန်တော့်ရဲ့အတန်းဖော်ဟောင်း သီချင်း၏ ရောင်းအားများ ထိုးတက်သွားခဲ့သည်။
ဒီသီချင်း၏ ရောင်းအားကက QQ Music ၏ သမိုင်းဝင်စံချိန်ကို ချိုးဖောက်သွားခဲ့ပါပြီ။
ပထမဆုံး သမိုင်းဝင် စံချိန်သစ်တစ်ခု မွေးဖွားလာခဲ့သည်။
တစ်ရက်တည်းနဲ့ 'ကျွန်တော့်ရဲ့အတန်းဖော်ဟောင်း' သီချင်းက စုစုပေါင်း ရောင်းအား ၅ သန်းကျော်သွားခဲ့ပါသည်။
တစ်နည်းအားဖြင့် QQ Music တစ်ခုတည်းတွင် ဒီသီချင်းကို ငွေဖြင့်ဝယ်ပြီး ဒေါင်းလုတ်ဆွဲသူ ပရိတ်သတ် ၂.၅ သန်းရှိနေခဲ့ပါသည်။
NetEase Music နဲ့ ပေါင်းလိုက်ပါက ပရိတ်သတ် ၅ သန်းရှိသွားပြီဖြစ်သည်။
"ဘုရား... လင်းဖန်ရဲ့ သီချင်းက စံချိန်ချိုးသွားတာပဲ။ တစ်ရက်အတွင်း ရေပန်းစားမှုက 'အချစ်ကိုဝန်ခံချက်' သီချင်းထက်တောင် ပိုများနေသေးတယ်။ ကြမ်းလိုက်တာကွာ။"
"မဖြစ်နိုင်တာ ဒါဆို မင်းဆိုလိုတာက ဒီသီချင်းက တစ်ရက်တည်းနဲ့ ဝင်ငွေ ယွမ် ၁၀ သန်း ရှာပေးနိုင်ခဲ့တာပေါ့။"
"ငါတို့ လင်းဖန်ကို ယွမ် ၆ သန်းကျော်ပေးလိုက်မယ်ဆို ငါတို့ ကုမ္ပဏီ ၂ ခုက ယွမ် ၃ - ၄ သန်းလောက် ခွဲယူလို့ရတယ်..."
...
"လင်းဖန်ရဲ့ သီချင်းက ကောင်းလိုက်တာ။ ထွက်ထားတာတောင် မကြာသေးဘဲ ပရိုမိုးရှင်းလည်း နည်းနည်းပဲ ဆင်းရသေးတယ်။ ပရိုမိုးရှင်းတောင် သေချာမဆင်းရသေးဘဲနဲ့ ဒီလောက်ထိ ရောင်းအား ရှိတယ်ဆိုတော့ ကြောက်ဖို့တောင် ကောင်းတယ်။"
"အဓိက အချက်ကတော့ လင်းဖန်ရဲ့ သီချင်းက အရမ်းကောင်းလို့ပေါ့။ ပြီးတော့လည်း ဒီသီချင်းက အရင်တုန်းကလို ခံစားချက်တွေ ရောနှောနေတာမျိုးမဟုတ်ဘူး။ စတိုင်အသစ်စက်စက်တစ်မျိုးပဲ။ 'အချစ်ကိုဝန်ခံချက်' လိုမျိုး ပျော်ဖို့ကောင်းသလို နည်းနည်းလည်း ဝမ်းနည်းဖို့ကောင်းတယ်။"
"လင်းဖန်ရဲ့ သီချင်းက အခု လက်ရှိ ကျောင်းသားတွေနဲ့ကော လုပ်ငန်းခွင်ဝင်နေပြီဖြစ်တဲ့ လူငယ်တွေနဲ့ကော ဆက်နွယ်မှု ရှိနေတယ်။ အခုခေတ် ဘယ်ကျောင်းသားမှာ အတန်းဖော်မရှိခဲဲ့ဖူးလို့လဲ။ သူတို့သဘောမကျတဲ့လူမျိုးကော မရှိဘဲ နေပါ့မလား။"
"လင်းဖန်က ဒီအချက်ကို အမိအရဆုပ်ကိုင်ပြီး ဒီသီချင်းကို ရေးခဲ့တာပေါ့။ သူ့ရဲ့ ပြီးပြည့်စုံတဲ့ အဆိုစွမ်းရည်နဲ့ ပေါင်းလိုက်တော့ ပြီးပြည့်စုံတဲ့ သီချင်းတစ်ပုဒ် ဖြစ်လာတာပဲ။"
"မဖြစ်နိုင်တာ 'ကျွန်တော့်ရဲ့အတန်းဖော်ဟောင်း' သီချင်းရောင်းအားက 'အချစ်ကိုဝန်ခံချက်' သီချင်းထက်တောင် ပိုများသွားမှာလား။"
QQ Music ဝန်ထမ်းများ အတူတူ စုစည်းလိုက်ကြပြီး သီချင်း ၂ ပုဒ်စလုံး၏ ဒေတာများကို တိုက်ကြည့်လိုက်ကြသည်။
QQ Music တွင် သီချင်းကောင်းများ စာရင်းဟူသော စာရင်းတစ်ခု ရှိပါသည်။
စာရင်းထဲရှိ ပထမနေရာမှာ လင်းဖန်၏ 'အချစ်ကို ဝန်ခံချက်' ရှိနေပြီး ဒုတိယနေရာမှာတော့ 'ကျွန်တော့်ရဲ့အတန်းဖော်ဟောင်း' ရှိနေပါသည်။
သီချင်းကောင်းများ စာရင်းမှာ နေရာဝင်ဖို့အတွက် ပြိုင်ဆိုင်ရတာ အလွန်ခက်ခဲလှပါသည်။ သီချင်းကောင်းများ စာရင်းမှာ နေရာရဖို့ဆို လူငယ်တွေ အကြိုက်ဆုံး သီချင်းမျိုး ဖြစ်ရမည်။
ထို့အပြင် အခမဲ့သီချင်းများက သီချင်းကောင်းများ စာရင်းဝင်ဖို့အတွက် ပိုပြီးလွယ်ကူပါသည်။ လူတွေက ငွေပေးဝယ်ချင်ကြသော်လည်း ဒီသီချင်းအတွက် ပိုက်ဆံ မသုံးချင်ကြသည့် လူတွေလည်း ရှိပါသေးသည်။
စာဖတ်သူများက တရားဝင်ဝတ္ထုများကို ဖတ်ရတာ သဘောမကျကြသလိုမျိုး ဖြစ်သည်။ ခိုးကူးဝတ္ထုနဲ့ တရားဝင်ဝတ္ထုတို့အကြားက အချိုးမှာ ၉ : ၁ လောက် ရှိပါသည်။
ဒီလိုဆိုရင်တောင် 'ကျွန်တော့်ရဲ့အတန်းဖော်ဟောင်း' နဲ့ 'အချစ်ကို ဝန်ခံချက်' သီချင်းတို့က ရေပန်းစားမှုအရ ပေါက်နေကြပြီဖြစ်သည်။
ထိုအခကြေးငွေဖြင့် ဝယ်ရသည့် သီချင်းနှစ်ပုဒ်က အခမဲ့သီချင်းပေါင်းများစွာကို အနိုင်ယူသွားခဲ့ပါပြီ။
ကောင်းကင်ဘုံ ဘုရင်ကြီးကျိုးကိုတောင် အနိုင်ထပ်ယူသွားသေးသည်။
ကောင်းကင်ဘုံ ဘုရင်ကြီး ကျိုးဆိုတာ ဘယ်လိုလူမျိုး မို့လို့လဲ။ သူက ဂီတလောကမှာ စူပါစတားတစ်ယောက်ဖြစ်ကာ သီချင်းပေါင်း ၁၀၀ ကျော်အထိ ထုတ်လုပ်ထားပြီးဖြစ်သည်။ တစ်ချိန်တုန်းက တရုတ်ဂီတ ရေပန်းစားမှုများ၏ ခေါင်းဆောင်ဖြစ်ခဲ့ကာ လူပေါင်းများစွာ၏ အိုင်ဒေါလည်း ဖြစ်ပါသည်။ အလွန်နာမည်ကြီးသည့် အဆိုတော်တစ်ယောက်လည်း ဖြစ်သည်။
ဒီနှစ်ပိုင်းတွေထဲ ကောင်းကင်ဘုံဘုရင်ကြီး ကျိုးက လူထုရှေ့ပေါ်မလာခဲ့သော်လည်း တစ်ခါတစ်လေတော့ သီချင်း ၁ ပုဒ် ၂ ပုဒ်လောက် ထုတ်နေဆဲ ဖြစ်ပါသည်။
ကောင်းကင်ဘုံ ဘုရင်ကြီး ကျိုး၏ သီချင်းသစ်ကို လင်းဖန်၏ သီချင်း ၂ ပုဒ်က လုံးဝ အနိုင်ယူသွားခဲ့လေပြီ။
လျို့ဟောက်ရန် ထိုဒေတာကို မြင်သောအခါ မျက်လုံးများ ဝိုင်းစက်သွား၏။ "လင်းဖန်က ဂီတလောကထဲမှာ တကယ့် ဉာဏ်ကြီးရှင် တစ်ယောက်ပါပဲလား။ 'အချစ်ကိုဝန်ခံချက်' က အတော်လေး ရေပန်းစားနေပြီးသား။ 'ကျွန်တော့်ရဲ့အတန်းဖော်ဟောင်း' သီချင်းက 'အချစ်ကိုဝန်ခံချက်' သီချင်းရဲ့ ပထမနေ့တုန်းကထက်တောင် အရေအတွက်တွေ ပိုမြင့်နေတာပဲ။ မကြာခင် 'ကျွန်တော့်ရဲ့အတန်းဖော်ဟောင်း' သီချင်းရဲ့ အနှစ်ချုပ် အရေအတွက်တွေက သေချာပေါက် 'အချစ်ကိုဝန်ခံချက်' သီချင်းကို ကျော်လွန်သွားမှာပဲ။"
"လင်းဖန်ရဲ့ သီချင်းတိုင်းက QQ Music ရဲ့ အချက်အချာ ပါတနာတွေပဲ။ ဟုတ်သားပဲ ငါတို့ ဒီသီချင်း ၂ ပုဒ်ကို ပရိုမိုးရှင်းဆင်းပြီးတော့ ကြော်ငြာရဦးမယ်လေ။"
"လင်းဖန်ကို ဆက်သွယ်ပြီး သူ ဂီတဗီဒီယီု ရိုက်ကူးနိုင်မလား မေးကြည့်ပါ။ သူရိုက်ကူးမယ်ဆိုရင် ဒီသိချင်းရဲ့ ရောင်းအားက ပိုပြီးတောင် မြင့်တက်သွားနိုင်တယ်။ လင်းဖန်က သရုပ်ဆောင်တစ်ယောက်ဆိုတာလည်း မမေ့ကြနဲ့ဦး" လျို့ဟောက်ရန်က အပြုံးဖြင့် ပြောလိုက်ပါသည်။
ဒီသီချင်းကို ပိုကောင်းမွန်စွာ ပရိုမိုးရှင်း ဆင်းပေးနိုင်ဖို့အတွက် ဂီတဗီဒီယိုတစ်ပုဒ်ကိုသာ ထုတ်လုပ်နိုင်လျှင် ဂီတလောကထဲက လင်းဖန်၏ အဆင့်အတန်းကို ပိုမိုကောင်းမွန်စွာ ဖော်ပြနိုင်ပါလိမ့်မည်။
လင်းဖန်က ဒီသီချင်းကို ရှားဝမ်ချွေ့အတွက် ရေးခဲ့တာဟု ယခင်က ပြောဖူးသည်။
ထိုအချိန်တုန်းက လင်းဖန် ဒီသီချင်းကို ရေးခဲ့စဥ်က လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ မတွဲကြသေးပါ။
အခုတော့ သူတို့နှစ်ယောက် အတူတူ ရှိနေကြပါပြီ။
သူတို့နှစ်ယောက်ကိုသာ ဖိတ်ကြားပြီး ဂီတဗီဒီယို ရိုက်ကူးနိုင်ပါက ဘယ်လောက်ကောင်းတဲ့ မြင်ကွင်း ဖြစ်လိုက်မလဲ။
ဒီလိုရလဒ်မျိုးတွေကို မြင်ပြီး QQ Music ၏ စီအီးအိုလည်း ပျော်ရွှင်သွားခဲ့ပါသည်။
စီအီးအိုက လျို့ဟောက်ရန်ကို ပခုံးပုတ်လိုက်ပြီး ပြောလိုက်ပါသည်။ "လင်းဖန်က နောက်ကို ငါတို့ရဲ့ အကြီးစား ဧည့်သည်တစ်ယောက်ပဲ။ မင်း လင်းဖန်နဲ့ အလုပ်ကောင်းကောင်းလုပ်ရမယ်။ စျေးကို ညှိနှိုင်းလို့ရတယ်။ ဘာမှ မမှားဘူးဆိုရင် ဂီတလောကထဲ လင်းဖန်ရဲ့ အနာဂတ် အောင်မြင်မှုတွေက လက်ရှိစူပါစတားတွေထက် မနိမ့်နိုင်ဘူး။"
လျို့ဟောက်ရန်က ခေါင်းငြိမ့်လိုက်သည်။ စီအီးအိုကလည်း သူ့လိုပဲ တွေးနေပါသည်။
လင်းဖန်က သီချင်း ၂ ပုဒ်သာ ရေးရသေးသော်လည်း ၂ ပုဒ်စလုံးက အလွန်ရေပန်းစားလာခဲ့လေပြီ။
လင်းဖန်သာ ဂီတလမ်းကြောင်းကို အာရုံစိုက်ထားပါက သူ ဘယ်လို ရလဒ်မျိုး ဖန်တီးနိုင်မလဲ ဘယ်သူမှ မပြောနိုင်ပါ။
လင်းဖန်၏ သီချင်းနှစ်ပုဒ်က ဂီတလောကကို လှုပ်ခါသွားစေခဲ့ပြီဆိုတာ အားလုံးသိကြသည်။
ဂီတ လောက၏ လက်ရှိ စူပါစတားများလည်း လင်းဖန်၏ သီချင်းကို နားထောင်ပြီးကြပြီဖြစ်သည်။
Weibo ပေါ်တွင် နာမည်ကျော်များစွာက ဒီသီချင်းကို ပြန်တင်ပြီး လင်းဖန်ကို ကူညီကာ ပရိုမိုးရှင်း ဆင်းပေးကြပါသည်။
ပြောရမည်ဆိုလျှင် Weibo ပေါ်မှာ နာမည်ကျော်တွေက ပို့စ်တင်ပေးဖို့အတွက်ဆို ပိုက်ဆံပေးရသည်။
အထူးသဖြင့် တချို့ အန်ဒိုဆာများ ဖြစ်သည်။ နာမည်ကျော်များက ၎င်းတို့ထံမှ ငွေများစွာကို ရရှိတတ်ပါသည်။
သို့သော်လည်း လင်းဖန်၏ 'အချစ်ကို ဝန်ခံချက်' ကိုတော့ နာမည်ကျော်အားလုံးက ချီးကျူးပြီး ပြန်တင်ပေးကြသည်။
ပြန်တင်ပေးကြသည့်အထဲ လင်းကျင်းကျင်း၊ ရှုယန်၊ ရှားဝမ်ချွေ့၊ စုရှောင်းယွီ၊ လင်းခဲ့ရှင်း၊ ချူးယောင်ယောက်နဲ့ တခြားသူတွေလည်း ပါဝင်ပါသည်။
ကောင်းကင်ဘုံ ဘုရင်ကြီး ကျိုးကတောင် လင်းဖန်၏ သီချင်းကို သဘောကျခဲ့ပါသည်။
လင်းဖန်က ဂီတလောက၏ အာရုံစိုက်မှုကို ရရှိသွားခဲ့လေပြီ။
လူများစွာက လင်းဖန်ကို ဂီတလောကထဲ တရားဝင် ဝင်စေချင်နေသော်လည်း လင်းဖန်ကတော့ ငြင်းလိုက်ပါသည်။
လက်ရှိ လင်းဖန်က ဂီတလောကထဲဝင်ဖို့ အချိန်မရှိပါ။
သူက ရှားဝမ်ချွေ့အဖေကို အနိုင်ယူနိုင်ဖို့အတွက် တရုတ်စစ်တုရင်ကို သင်ယူကစားရင်း အလုပ်များနေပါသည်။
ဘဝရဲ့ပျော်ရွှင်မှု Season 2 နဲ့ ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 တို့၏ ဇာတ်သိမ်းများကိုလည်း လင်းဖန် ရေးသားရဦးမည်။
ယခု ရှားဝမ်ချွေ့ အိမ်ပြန်ရောက်လာပြီဖြစ်ကာ ထွက်သွားချင်နေသည့် စုရှောင်းယွီကိုလည်း ဆက်နေအောင် စိတ်ပြောင်းနိုင်ခဲ့သည်။
စုရှောင်းယွီ စိတ်ထပ်မပြောင်းခင် လင်းဖန် ရုပ်သံဒရမ်မာ ၂ ခုကို အမြန်ရိုက်ကူးရပါမည်။
အိမ်တွင် လင်းဖန်က တရုတ်စစ်တုရင် ကစားနေပါသည်။
စုရှောင်းယွီက ဘေးမှာ သခွားသီးနဲ့ ငှက်ပျောသီးများ ကိုင်ကာ လင်းဖန် တရုတ်စစ်တုရင် ကစားတာကို ထိုင်ကြည့်နေပါသည်။
ရှားဝမ်ချွေ့ကတော့ Gym ထဲမှာ လေ့ကျင့်ခန်း လုပ်နေ၏။
"ဝါး ငါ့ဆရာ နိုင်သွားပြန်ပြီ။ ၂၃ ပွဲတောင် ဆက်တိုက်နိုင်သွားပြီ" စုရှောင်းယွီက တခစ်ခစ် ရယ်မောလိုက်ပါသည်။
"၂၃ ပွဲတည်းရှိပါသေးတယ်" လင်းဖန်က ပြုံးလိုက်၏။ သူက အပျော်တမ်းကစားသမား အဆင့် ၄ မှာသာ ရှိသေးပြီး အပျော်တမ်းကစားသမား အဆင့် ၉ ရောက်ဖို့ အဝေးကြီး လိုပါသေးသည်။ ရှားဝမ်ချွေ့၏ အဖေကို ကျော်လွန်နိုင်ဖို့အတွက်က သူ အပျော်တမ်း ကစားသမား အဆင့် ၉ကို ရောက်မှ ဖြစ်ပါမည်။
ထိုအချိန်တွင် ဖုန်းသံမြည်လာ၏။
QQ Music မှ လျို့ဟောက်ရန် ဖြစ်သည်။
"မင်္ဂလာပါ မစ္စတာလင်း 'ကျွန်တော့်ရဲ့အတန်းဖော်ဟောင်း' သီချင်းအတွက် ပထမနေ့ ရောင်းအား ရလဒ်တွေ ထွက်ပါပြီ..."
"QQ Music မှာ စုစုပေါင်း ရောင်းအား ၅ သန်း ရှိပြီး NetEase Music မှာ စုစုပေါင်း ရောင်းအား ၅ သန်း ရှိပါတယ်။ ကုမ္ပဏီ ၂ ခုပေါင်း စုစုပေါင်း ရောင်းအား ၁၀ သန်း ရှိပါတယ်။ အမြတ်ကိုခွဲပြီးတဲ့နောက် ကျွန်တော်တို့ ခင်ဗျားကို ၆.၃၈ သန်းပေးလို့ရပါတယ်။"
"သက်ဆိုင်ရာ ငွေပမာဏကို ခင်ဗျားရဲ့ အကောင့်ထဲ လွှဲပေးလိုက်ပါပြီ။ အရင်လက 'အချစ်ကိုဝန်ခံချက်'အတွက် ရောင်းအားလည်း ပါပါတယ်။ ကျေးဇူးပြုပြီး စစ်ကြည့်ပါဦး" လျို့ဟောက်ရန်က ပြုံးကာ ပြောလိုက်ပါသည်။
ပထမနေ့ ရောင်းအားကလွဲပြီး ကျန်ရောင်းအားများကို လစဥ် ရှင်းပေးသွားမည်ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ပရိတ်သတ်အများစုက ပထမနေ့မှာင် သီချင်းကို ဒေါင်းလုတ်ဆွဲလေ့ ရှိကြသည်။ ထို့ကြောင့် ပထမနေ့အတွက် ပမာဏများက အလွန်မြင့်မားလွန်းသည်။ ထို့နောက် 'အချစ်ကိုဝန်ခံချက်' အတွက် လစဥ် ရောင်းရငွေများကို လင်းဖန်၏ အကောင့်ထဲ လွှဲပြောင်းပေးမည်ဖြစ်သည်။
လင်းဖန်က ဖုန်းကို ဖွင့်လိုက်ပြီး ဆောက်လုပ်ရေးဘဏ်မှ မက်ဆေ့ကို ကြည့်လိုက်သည်။
စုရှောင်းယွီ၏ လှလှပပ မျက်လုံးလေးများ မယုံကြည်နိုင်စွာဖြင့် ကျယ်ဝန်သွားရသည်။
သူမ၏ မျက်လုံးထဲတွင် လေးစားအားကျမှုများ ထင်ဟပ်နေ၏။
လင်းဖန်၏ 'ကျွန်တော့်ရဲ့ အတန်းဖော်ဟောင်း' သီချင်းက ဂီတ ပလက်ဖောင်း နှစ်ခုပေါ်တွင် တစ်နေ့တာ ရောင်းရငွေ ၆.၃၈ သန်း ရှိသည်။
လင်းဖန်၏ 'အချစ်ကို ဝန်ခံချက်' သီချင်း လစဥ် ရောင်းရငွေက ၁၂.၄၆ သန်းအထိ ရှိသွားပြီဖြစ်သည်။
တစ်နည်းအားဖြင့် လင်းဖန်၏ သီချင်းနှစ်ပုဒ်က သူ့ကို ၁၈.၈၄ သန်း ရှာပေးနိုင်ခဲ့သည်။
ဘဝရဲ့ပျော်ရွှင်မှု ဇာတ်ဝင်တေး "ထာဝရဆန္ဒ" ဖြင့် ပေါင်းလိုက်ပါက ဘယ်သူမှ ဒီလိုရလဒ်မျိုးကို ယုံနိုင်မှာ မဟုတ်တော့ပါ။
လင်းကျင်းကျင်းလို အဆိုတော်မျိုးတောင် ဒီလောက်ငွေတွေ အများကြီး မရနိုင်လောက်ပါ။
တခြားအဆိုတော်တွေလည်း ထိုနည်းလည်းကောင်းပင်။
လင်းဖန်ကတော့... တစ်လတည်းနဲ့ သန်း ၂၀ တောင် ရရှိသွားခဲ့ပါသည်။