← Chapters

လင်းဖန်ရဲ့ ပိုင်ဆိုင်မှုက ဘီလီယံ ၁၀၀ ကျော်လောက်တယ်

Vol. 17 Ch. 243

လင်းဖန်ရဲ့ ပိုင်ဆိုင်မှုက ဘီလီယံ ၁၀၀ ကျော်လောက်တယ်

Vol. 17 Ch. 243

နောက်တစ်နေ့...

ရှားဝမ်ချွေ့၏ တက္ကသိုလ်အတန်းဖော် များစွာက Group တစ်ခု ဖွဲ့ပြီးကြပါပြီ။

"သူငယ်ချင်းတို့ ငါတို့ တက္ကသိုလ်ကနေ ဘွဲ့ရပြီးကတည်းက တစ်ယောက်နဲ့ တစ်ယောက် မတွေ့ရတာ ၃ နှစ်ကျော်ကြာပြီ။ ခေတ်သစ်ဟိုတယ်မှာ ဒီနေ့ညနေ တွေ့ကြရအောင်။"

"ဟုတ်ပြီ။ ငါတို့ စူပါစတား ရှားဝမ်ချွေ့ကိုလည်း တွေ့လို့ရမှာပေါ့။ ရှားဝမ်ချွေ့က ကောင်လေးတောင် ရသွားပြီလို့ ကြားတယ်။ ဝမ်ချွေ့ကောင်လေးက ဘယ်လိုပုံစံလဲမသိဘူးနော်။ သူချမ်းသာလားမသိဘူး။ ဝမ်ချွေ့ကိုကော ကောင်းကောင်း ဆက်ဆံရဲ့လား။"

"နင်တို့တွေ အခုမှ အင်တာနက်သုံးကြတာလား။ ရှားဝမ်ချွေ့ရဲ့ ကောင်လေးက လင်းဖန်လေ သူက အရမ်းချောတာ~"

"လင်းဖန်ကလည်း ကြယ်ပွင့်ကြီးတစ်ယောက်ပဲ။ ရှားဝမ်ချွေ့နဲ့အတူ ဒရမ်မာ ၂ ခုတောင် ရိုက်ထားသေးတယ်။ 'ဘဝရဲ့ပျော်ရွှင်မှု'နဲ့ 'ဓားနှင့်နတ်သမီးဒဏ္ဍာရီ' တဲ့။"

"ဒါဆိုရင်တော့ ငါတို့လင်းဖန်ကို တွေ့မှဖြစ်မယ်။ လင်းဖန်က ကြယ်ပွင့်ကြီးဆိုတော့ ပိုက်ဆံတွေလည်း အများကြီး ရှိမှာပဲနော်။"

"အဲ့တာ မသိသာလွန်းဘူးလား။ ဝမ်ချွေ့ကြိုက်တဲ့ ကောင်လေးက ညံ့ပါ့မလား။"

အတန်း Group Chat ထဲတွင် ဆွေးနွေးမှုများ ပြင်းထန်နေပါသည်။

ရှားဝမ်ချွေ့၏ တက္ကသိုလ်က နာမည်ကျော် တက္ကသိုလ်တစ်ခု ဖြစ်သည်။

သူမ၏ အတန်းဖော် အများစုက နိုင်ငံခြားမှာ အလုပ်လုပ်ကြသည်။ ထိုပါရမီရှင်များက တရုတ်ကို ပြန်လာဖြစ်ပြီး အတန်းပြန်လည်တွေ့ဆုံပွဲတစ်ခု ကျင်းပမိခြင်း ဖြစ်ပါသည်။

ရှားဝမ်ချွေ့၏ အတန်းဖော်များစွာက အလွန် အလုပ်များကြသည်။ ထို့ကြောင့် ရှားဝမ်ချွေ့ ကောင်လေးက လင်းဖန် ဖြစ်သည်ဆိုတာကိုပဲ သိထားကြပါသည်။

လင်းဖန်၏ အကြောင်းကိုတော့ အများကြီး မသိထားကြပေ။

တကယ်တော့ ဖြစ်သင့်ပါသည်။ ဥပမာအားဖြင့် အတန်းဖော်တစ်ယောက်က ကောင်မလေး ရသွားပါက သူမ နာမည်နဲ့ သူမ ပုံစံ ဘယ်လိုလဲဆိုတာ ဘယ်သူက အာရုံလိုက်စိုက်နေမည်နည်း။

ရှားဝမ်ချွေ့က နာမည်ကြီးလွန်းပြီး တက္ကသိုလ်က လူတွေနဲ့လည်း ခင်မင်ရင်းနှီးသောကြောင့် အားလုံးက သူမ၏ ကောင်လေးကို အာရုံစိုက်နေကြခြင်းဖြစ်ပါသည်။

အားလုံးက လင်းဖန် အကြောင်း ကောင်းကောင်း မသိကြပေ။ လင်းဖန်က စူပါစတား တစ်ယောက်ဖြစ်တာကိုသာ သိထားပါသည်။

လင်းဖန်ပါ လိုက်လာမည်ဖြစ်ကြောင်း သိလိုက်ရသောအခါ Class Chat ထဲ ပို၍ပင် ဗြောင်းဆန်သွားခဲ့ပါသည်။

ရှားဝမ်ချွေ့၏ တက္ကသိုလ် အတန်းဖော် အများစုက မိန်းကလေးများသာဖြစ်သည်။ သူ မိန်းကလေးများကလည်း သူမနဲ့ ဆက်ဆံရေး ကောင်းကြပါသည်။

ထို့အပြင် သူမ အတန်းထဲမှာ မိန်းမလှလေးများစွာ ရှိသည်။

စုရှောင်းယွီကလည်း ရှားဝမ်ချွေ့၏ အတန်းဖော် ဖြစ်ခဲ့ပြီး သူမနဲ့ အတူတူ ကြယ်ပွင့်တစ်ယောက် ဖြစ်လာသူ ဖြစ်သည်။

ကောင်မလေးများစွာက လင်းဖန်ကို တွေ့ရဖို့ မျှော်လင့်နေကြပါသည်။

သို့သော်လည်း အတန်းထဲက ကောင်လေးတချို့ကတော့ ဒီလို မဟုတ်လောက်ပေ။

အဆင့်မြင့် အနောက်တိုင်း စားသောက်ဆိုင် တစ်ခုတွင် နေကာမျက်မှန်တပ်ထားသည့် ယောက်ျားလေးတစ်ဦးက သူ့ Ferrari ကားကို ကဖေး၏ ဝင်ပေါက်နားတွင် ရပ်လိုက်သည်။

ထိုယောက်ျားလေး၏ ပါးစပ်ထဲတွင် စီးကရက်ကို ကိုက်ထားပြီး ဘေးမှာလည်း ၁၉၈၂ ခုနှစ်ထုတ် Lafite ဝိုင် တစ်ပုလင်း ရှိသည်။ ဘရန်းဒက် အဝတ်အစားများကိုသာ ဝတ်ဆင်ထားပြီး ဖက်ရှင်ကျသည့် ဆံပင်ပုံစံလည်း ရှိသည်။

သူ့ကို ဖော်ပြဖို့ စကားလုံးတစ်လုံးသာ ရှိပါသည်။

ချမ်းသာလွန်းသည်။

ရှားဝမ်ချွေ့၏ တက္ကသိုလ်အတန်းဖော်တစ်ယောက်ဖြစ်သည့် ဝမ်ကျစ်ဝမ်းမှာ ပိုင်ဆိုင်မှု ဘီလီယံချီပြီး ရှိပါသည်။

ဝမ်ကျစ်ဝမ်းက နိုင်ငံတော်ထဲက ထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်သည့် ဝမ်ကော်ပိုရေးရှင်း၏ စီအီးအို ဖြစ်သည်။

ဝမ်ကျစ်ဝမ်း၏ အဖေက လက်ရှိ ဝမ်ကော်ပိုရေးရှင်း၏ ဥက္ကဌကြီး ဖြစ်သည်။

ဝမ်ကော်ပိုရေးရှင်း၏ ကြွယ်ဝမှုများက တိုင်းတာ၍ မရနိုင်အောင် ရှိလှသည်။

ဝမ်ကျစ်ဝမ်း၏ ဇကလည်း မသေးလှပါ။

ဝမ်ကျစ်ဝမ်း၏ ဘေးတွင် ရှားဝမ်ချွေ့၏ အတန်းဖော်များဖြစ်သော လီလုံနှင့် ကျောင်းမင်တို့ ရှိနေပါသည်။

အလှအပများဖြင့် ပြည့်နှက်နေသည့် အတန်းထဲတွင် ရှားဝမ်ချွေ့၏ အလှကတော့ ပထမ ဖြစ်သည်။

သူမက တစ်ချိန်တုန်းက တက္ကသိုလ်၏ Queen ဖြစ်ခဲ့ဖူးပြိး မိန်းကလေးများစွာကို အနိုင်ယူခဲ့သူ ဖြစ်သည်။

ရှားဝမ်ချွေ့ကို သဘောကျသည့် ကောင်လေးများစွာ ရှိပါသည်။

ဝမ်ကျစ်ဝမ်းက တစ်ချိန်တုန်းက ရှားဝမ်ချွေ့ကို ပိုးပန်းခဲ့သူ ဖြစ်သည်။

လီလုံနဲ့ ကျောင်းမင်တို့လည်း ထိုနည်းလည်းကောင်း ဖြစ်ပါသည်။

"ဟူး ငါ နိုင်ငံခြားက ပြန်လာတာတောင် မကြာသေးဘူး။ ဝမ်ချွေ့က ကောင်လေးတောင် ရသွားပြီလား။ မင်းတို့တွေ အဲ့ဒီ လင်းဖန် အကြောင်း ဘာသိထားသေးလဲ" ဝမ်ကျစ်ဝမ်းက မေးလိုက်ပါသည်။

"အစ်ကိုဝမ် လင်းဖန်က နာမည်ကျော် ဇာတ်ညွှန်းရေးဆရာ တစ်ယောက်ဖြစ်ပြီး ယွဲ့ဟွာဖျော်ဖြေရေးရဲ့ ကြယ်ပွင့်တစ်ယောက်လည်း ဟုတ်တယ်။ သူ့ပိုင်ဆိုင်မှုက အရမ်းမြင့်မားတာ။ သူ့နှစ်စဥ် ဝင်ငွေက သန်းဆယ်ဂဏန်းလောက်ရှိမယ်လို့ ခန့်မှန်းမိတယ်။ အရမ်းလည်း အစွမ်းအစရှိတယ်။ ပြီးတော့ လင်းဖန်က အဆိုတော်တစ်ယောက်လည်း ဟုတ်သေးတယ်။ သူ ဆိုထားတဲ့ သီချင်းတွေက လူတွေကြားထဲမှာ အရမ်း နာမည်ကြီးတာ" ကျောင်းမင်က ပြောလိုက်၏။

"နှစ်စဥ်ဝင်ငွေ သန်း ဆယ်ဂဏန်းလောက်နဲ့ ဘာသွားလုပ်လို့ ရမှာလဲ။ အစ်ကိုဝမ်ကို ယှဥ်နိုင်လို့လား။ အစ်ကိုဝမ် မောင်းတဲ့ကားတောင် သန်းဆယ်ချီတန်တဲ့ Ferrari ပြိုင်ကားနော်" လီလုံက ချက်ချင်းပဲ ဝမ်ကျစ်ဝမ်းကို ဖားလိုက်ပါသည်။

ဘာပဲဖြစ်ဖြစ် ဝမ်ကျစ်ဝမ်းက အနာဂတ်မှာ ဝမ်ကော်ပိုရေးရှင်း၏ ဆက်ခံသူ သေချာပေါက် ဖြစ်လာမှာ ဖြစ်သည်။ ဝမ်ကျစ်ဝမ်းနှင့် ဆက်ဆံရေးကောင်းမွန်စွာ တည်ဆောက်နိုင်ပါက သူ့အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် အလွန် အကူအညီဖြစ်ပါလိမ့်မည်။

"နှစ်စဥ်ဝင်ငွေ သန်း ဆယ်ဂဏန်းရှိတယ် ဟုတ်လား။ အဲ့ဒီလင်းဖန်က ဘယ်ဆိုးလို့လဲ။ ဝမ်ချွေ့ရဲ့ကောင်လေးဖြစ်ဖို့ သိပ်မညံ့ရှာပါဘူး" ဝမ်ကျစ်ဝမ်းက ချီးကျူးလိုက်သည်။

တစ်နှစ်ကို သန်းဆယ်ဂဏန်း ဝင်ငွေရှိသူများက သေချာပေါက် အားမနည်းကြလောက်ပါ။

လင်းဖန်၏ သရုပ်နဲ့ နောက်ခံဇာတ်ကြောင်းက ချက်ချင်းပဲ ဝမ်ကျစ်ဝမ်း၏ အာရုံစိုက်မှုကို ရရှိခဲ့ပါသည်။

"အစ်ကိုဝမ် ကိုယ့်ကိုယ်ကို မနှိမ်စမ်းပါနဲ့။ အနုပညာရှင်တစ်ယောက်က ပိုက်ဆံဘယ်လောက် ရှာနိုင်မှာလဲ။ အစ်ကိုဝမ်ရဲ့ ကုမ္ပဏီကတော့ အစ်ကိုဝမ် ဝမ်ကော်ပိုရေးရှင်းကို ဆက်ခံပြီးတာနဲ့ ပိုပြီးတောင် ဖွံ့ဖြိုးတိုးတက်လာမှာ သေချာတယ်" လီလုံက အပြုံးဖြင့် ပြောလိုက်ပါသည်။

"ဟုတ်ပါတယ်။ အနုပညာရှင်တစ်ယောက် ရှာနိုင်တဲ့ ငွေက အကန့်အသတ်ရှိတယ်...."

"ဒါပေမယ့် လင်းဖန်က ရှားဝမ်ချွေ့ရဲ့ ကောင်လေးတောင် ဖြစ်လာတာဆိုတော့ ဒီကိစ္စလောက်နဲ့ လင်းဖန်ကို ငါအာရုံစိုက်ဖို့အတွက် လုံလောက်သွားပြီ။ ငါလည်း ရှားဝမ်ချွေ့ကို အရမ်းသဘောကျတာ။ ငါ သူ့ကို ၄ နှစ်လောက် ပိုးပန်းခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး။ အခုတော့ လင်းဖန်ရဲ့ ကောင်မလေး ဖြစ်သွားပြီ..."

"လင်းဖန်က ရှားဝမ်ချွေ့ရဲ့ မိသားစုနောက်ခံအကြောင်းကိုတော့ မသိလောက်သေးဘူးထင်တယ်။ ရှားဝမ်ချွေ့ရဲ့ မိဘနှစ်ပါးစလုံးက အရမ်းတော်ကြတယ်။ လင်းဖန်က တစ်နှစ်ကို သန်းဆယ်ဂဏန်း ဝင်တယ်ဆိုရင်တောင် သူ့မိသားစု နောက်ခံက အဆင်မပြေဘူး။ လင်းဖန်ကို သူ့မိဘတွေက လက်မခံလောက်ဘူး။ အဲ့တော့ ငါ့မှာ အခွင့်အရေး ရှိသေးတယ်" ဝမ်ကျစ်ဝမ်းက ပြုံးလိုက်သည်။

"လင်းဖန်က အနုပညာရှင်လေးတစ်ယောက်ပါပဲ။ လင်းဖန်ကို ဖိနှိပ်ဖို့ ငါ့အာဏာကို မသုံးပါဘူး။"

"ရှားဝမ်ချွေ့မှာ ကောင်လေးရှိနေရင်တောင် ပိုးပန်းလို့ရတယ်ဆိုရင် ငါ့ကိုယ်ပိုင်အစွမ်းအစနဲ့ငါ ပိုးပန်းမှာပါ" ဝမ်ကျစ်ဝမ်းက တည်ငြိမ်စွာဖြင့် ပြုံးလိုက်၏။

နေကာမျက်မှန်ကို ချွတ်လိုက်ပြီး Ferrari ကားထဲ ပြန်ဝင်ကာ ယွဲ့ဟွာဖျော်ဖြေရေးထံသို့ မောင်းထွက်သွားခဲ့ပါသည်။

မိန်းမလှလေးများကို သဘောကျတာ ယောက်ျားသဘာဝဖြစ်သည်။

ဝမ်ကျစ်ဝမ်း၏ အမြင်မှာတော့ လင်းဖန်ကို ပြိုင်ဘက်တစ်ယောက်လို သဘောထားသည်။

သို့သော်လည်း လင်းဖန်လို အနုပညာရှင်လောက်ကို ဖိနှိပ်ဖို့အတွက် သူ့အာဏာကို အသုံးပြုမည် မဟုတ်ပါ။ အနုပညာရှင်တစ်ယောက်ကို သူ ဖိနှိပ်ချင်ပါက အလွန်လွယ်ကူပါသည်။

သူက ရှားဝမ်ချွေ့ကို ပွင့်ပွင့်လင်းလင်း ပိုးပန်းချင်သည်။

ဝမ်ကျစ်ဝမ်း၏ မျက်လုံးထဲတွင် လင်းဖန်က တကယ်ပဲ အလွန်ထူးချွန်ပါသည်။

သို့သော်လည်း လင်းဖန်၏ မိသားစုနောက်ခံက ရှားဝမ်ချွေ့၏ မိသားစုနောက်ခံနဲ့ မသင့်တော်ဖို့ အကြောင်းဖန်လာခဲ့သည်။

သူက နိုင်ငံခြားမှ ပြန်လာပြီဖြစ်ကာ ဝမ်ကော်ပိုရေးရှင်းကို တရားဝင် လွှဲပြောင်းယူဖို့ ပြင်ဆင်ထားပြီးပြီဖြစ်သည်။

ဝမ်ကျစ်ဝမ်းက ယုံကြည်ချက်ပြည့်ဝနေပါသည်။

သူပြန်လာပြီး ရှားဝမ်ချွေ့ကို ပိုးပန်းမည်ဆိုလျှင် လုံလရှိရှိကြိုးစားပါက ပိုင်ဆိုင်နိုင်ပါလိမ့်မည်။

ထိုအချိန်ကျလျှင် သူ ကုမ္ပဏီတစ်ခုကို ထောင်ပေးကာ သူမက ကြယ်ပွင့်တစ်ပွင့် ဖြစ်လာစေရမည်။ ဒီလိုဆို မကောင်းဘူးလား။

ဝမ်ကော်ပိုရေးရှင်း၏ ဆက်ခံသူဖြစ်နေဖို့ သူ မတောင်းဆိုခဲ့ပါ။ သူ့မိသားစုက ရှားဝမ်ချွေ့၏ မိသားစုနဲ့ အဆင့်အတန်းချင်း ကိုက်ညီမှု ရှိသည်။ ဒါကလည်း သူ့အတွက် အခွင့်အရေးတစ်ခုဖြစ်ပါသည်။

သူ ယွဲ့ဟွာဖျော်ဖြေရေးကို ရောက်ရှိသွားတော့ သူ့ Ferrari ကားကို မြင်ပြီး လူတွေ အံ့သြကုန်ကြလိမ့်မည်ဟု ဝမ်ကျစ်ဝမ်း ထင်ခဲ့မိသည်။

ဘာပဲဖြစ်ဖြစ် Ferrari ပြိုင်ကားများက အလွန်ရှားပါးသည်။

ရှန်ဟိုင်းမြို့ လမ်းမများပေါ်တွင် သူ့ကို ချီးကျူးသည့်လူတွေလည်း အများကြီးရှိသည်။

သို့သော်လည်း ယွဲ့ဟွာဖျော်ဖြေရေး ဝင်ပေါက်တွင် ဝမ်ကျစ်ဝမ်း၏ ပြိုင်ကားကို မြင်သောအခါ ဘယ်သူမှ သိပ်ပြီး ဂရုမစိုက်ကြပါ။ ထို့ကြောင့် ဝမ်ကျစ်ဝမ်း အနည်းငယ် ဇဝေဇဝါဖြစ်သွားသည်။ သို့သော်လည်း ဘာမှတော့ ထုတ်မပြောတော့ပေ။

နောက်ဆုံးတော့ ရှားဝမ်ချွေ့ ထွက်လာခဲ့၏။

ဝမ်ကျစ်ဝမ်းက ရှေ့လျှောက်လာပြီး ပြုံးပြလိုက်သည်။ "ဝမ်ချွေ့ မတွေ့တာတောင်ကြာပြီ။ ငါ့ကို မှတ်မိသေးလား။"

ရှားဝမ်ချွေ့လည်း သူမ၏ လှပသော မျက်လုံးလေးများဖြင့် မော့ကြည့်လိုက်ပြီး ဝမ်ကျစ်ဝမ်းကို မြင်သွားပါသည်။ သူမ ယဥ်ယဥ်ကျေးကျေးသာ ပြုံးပြလိုက်၏။ "မတွေ့ရတာ ကြာပြီနော်။"

ဝမ်ကျစ်ဝမ်းက သူ့ Ferrari ကားကို ညွှန်ပြလိုက်၏။ "နင် အတန်းပြန်လည်တွေ့ဆုံပွဲကို သွားမလို့မလား။ ကားပေါ်တက်။ ငါလိုက်ပို့ပေးမယ်။ တက္ကစီ ငှားစရာ မလိုဘူး။"

ရှားဝမ်ချွေ့က နူးညံ့စွာ ခေါင်းခါလိုက်ပြီး ပြောလိုက်ပါသည်။ "ကျေးဇူးပါ ဒါပေမယ့် နေပါစေ ငါ့ကောင်လေး ကားနဲ့ပဲ သွားလိုက်ပါ့မယ်။"

ကောင်လေး ဟူသော စကားလုံးကို ကြားလိုက်ရသောအခါ ဘာကြောင့်မှန်းမသိဘဲ ဝမ်ကျစ်ဝမ်း အနည်းငယ် ခါးသက်သွားပါသည်။

သူက ရှားဝမ်ချွေ့ကို တွေ့ချင်ပြီး သူမကို ထပ်ပြီး ပိုးပန်းနိုင်ဦးမလား သိချင်ရုံသာဖြစ်သည်။ နောက်ဆုံးတော့လည်း ရှားဝမ်ချွေ့က သူ့ကို အခွင့်အရေးတောင်မပေးဘဲ ရိုက်ချက်ပြင်းပြင်းနဲ့ ငြင်းလိုက်ပါသည်။

ရှားဝမ်ချွေ့ ဝမ်ကျစ်ဝမ်းကို ငြင်းပြီးနောက် ကုမ္ပဏီဲထဲ ပြန်ဝင်သွားခဲ့သည်။

လင်းဖန်၏ ကောင်မလေးတစ်ယောက်အနေဖြင့် ရှားဝမ်ချွေ့ ဘယ်လို ယောက်ျားလေး သူငယ်ချင်းမျိုးရဲ့ ကားထဲကိုမဆို ဝင်မည်မဟုတ်ပါ။

ရှားဝမ်ချွေ့ထွက်သွားတာကို မြင်ပြီးနောက် ဝမ်ကျစ်ဝမ်းတစ်ယောက် ကမ္ဘာကြီး၏ စွန့်ပစ်မှုကို ခံလိုက်ရသလိုမျိုး ခံစားလိုက်ရပါသည်။

ရှားဝမ်ချွေ့ကို သဘောကျသော်လည်း သူမကို အတန်းပြန်လည်တွေ့ဆုံပွဲကို လိုက်ပို့ပေးချင်ရုံသက်သက် ဖြစ်ပါသည်။

လင်းဖန်ကားက... သူ့ကားထက် ပိုကောင်းနိုင်ပါ့မလား။

သူ့ပြိုင်ကားစျေးနဲ့တင် လင်းဖန်၏ နှစ်ပေါင်းများစွာ ဝင်ငွေနဲ့ ညီမျှနေပါပြီ။

ထိုအချိန်တွင် ရှုယန်နဲ့ လင်းကျင်းကျင်းတို့က လက်တွဲလျက်သား ထွက်လာကြပါသည်။

"ဟေး ရှုယန်" ဝမ်ကျစ်ဝမ်းက ရှုယန်ကို ကြည့်ကာ နှုတ်ဆက်လိုက်၏။

"ဝမ်ကျစ်ဝမ်းလား" ရှုယန်ကလည်း ပြန်ပြုံးပြလိုက်သည်။ ဝမ်ကျစ်ဝမ်းကို သူသိပါသည်။

"မင်းဒီမှာ ဘာလုပ်နေတာလဲ။ ရှားဝမ်ချွေ့ကို စောင့်နေတာလား" ရှုယန်က မေးလိုက်သည်။

"ထင်တာပဲ..." ဝမ်ကျစ်ဝမ်းက ခေါင်းငြိမ့်လိုက်ပါသည်။

"ညီအစ်ကို၊ စောင့်မနေနဲ့တော့ ရှားဝမ်ချွေ့က လင်းဖန်ကားထဲမှာပဲ ထိုင်မှာ" ရှုယန်က သူ့အတိတ်ကိုသူ ပြန်မြင်ယောင်နေသလိုမျိုး ဝမ်ကျစ်ဝမ်း၏ ပခုံးကို ပုတ်ပေးလိုက်ပါသည်။

ရှားဝမ်ချွေ့ကို ကြိုက်တဲ့လူတစ်ယောက် ထပ်ပေါ်လာပြန်ပြီ။

နောက်ဆုံးတော့ သူ့နေရာကို ဝင်နိုင်တော့မယ့်လူတစ်ယောက်ပေါ်လာပြီ။

"ငါ့မှာ မဟုတ်တဲ့အကြံ မရှိပါဘူးကွာ..." ဝမ်ကျစ်ဝမ်းက ပြောလိုက်၏။

"မင်းမှ မဟုတ်တဲ့ အကြံမရှိပေမယ့် ဝမ်ချွေ့က လင်းဖန်ရဲ့ ကောင်မလေးဖြစ်နေပြီ။ အဲ့တာကြောင့် လင်းဖန်ရဲ့ ကားထဲမှာပဲ သူထိုင်လိမ့်မယ်" ရှုယန်က ပြုံးလိုက်ပြီး ဝမ်ကျစ်ဝမ်းကို ပိုပြီး သနားသလိုလေး ကြည့်လိုက်ပါသည်။ သူက အသိစိတ် နည်းနည်းလေးတောင် မဝင်သေးဘဲ အခုထိ ရှားဝမ်ချွေ့ကို ပိုးပန်းချင်နေဆဲ ဖြစ်သည်။။

"လင်းဖန်က ဘာကားမောင်းတာမို့လို့လဲ" ဝမ်ကျစ်ဝမ်းက အနည်းငယ် မယုံကြည်စွာဖြင့် မေးလိုက်ပါသည်။

"လင်းဖန် ဘာကားမောင်းလဲ အရေးမကြီးဘူး။ သူ သုံးဘီးမောင်းနေတာဆိုရင်တောင် ရှားဝမ်ချွေ့က သူနဲ့ပဲလိုက်လိမ့်မယ်။"

"ပြီးတော့ လင်းဖန်ရဲ့ ကားက Bugatti Veyron Ettore Bugatti နော်" ရှုယန်က ပြုံးကာ ပြောလိုက်သည်။ ထို့နောက် လင်းကျင်းကျင်း လက်ကိုဆွဲပြီး ထွက်သွားသည်။ ကျန်တာ ဘာမှ မပြောတော့ပါ။ ဝမ်ကျစ်ဝမ်းကို ကိုယ်တိုင်သာ ခံစားခွင့်ပြုလိုက်ပါမည်။

"Bugatti Veyron Ettore Bugatti ဟုတ်လား။"

ဝမ်ကျစ်ဝမ်း မြေပေါ်တွင် ရပ်တန့်သွားပြီး အကြာကြီး မလှုပ်မရှားနိုင်ခဲ့ပေ။

သူမှတ်မိတာသာ မမှားပါက Bugatti Veyron Ettore Bugatti ကားကြီးက Limited Edition ပြိုင်ကားကြီး ဖြစ်ပါသည်။

စျေးနှုန်းက... ဝမ်ကျစ်ဝမ်း ချက်ချင်းပဲ Baidu တွင် ရိုက်ရှာလိုက်သည်။

သူ မရှာခဲ့လျှင် ပိုကောင်းပေမည်။ သို့သော် ရှာကြည့်လိုက်တာနဲ့ သူ တုန်လှုပ်သွားရ၏။

Bugatti Veyron Ettore Bugatti ပြိုင်ကားကြီးက ၂၂၃ သန်း တန်ဖိုး ရှိသည်။

ထိုပြိုင်ကားကြီးက Limited Edition လည်း ဖြစ်သည်။

လခွမ်း...

ဝမ်ကျစ်ဝမ်း ကြက်သေသေသွားသည်။

ဒါ... လုံးဝ အဓိပ္ပာယ် မရှိဘူး။

လင်းဖန်ရဲ့ နှစ်စဥ်ဝင်ငွေက သန်း ဆယ်ဂဏန်းလို့ ဘယ်ကောင်ပြောလိုက်တာလဲ။

နှစ်စဥ်ဝင်ငွေ သန်းဆယ်ဂဏန်းရှိတဲ့ လူက ၂၂၃ သန်းတန် ပြိုင်ကားကြီးကို မောင်းနိုင်ပါ့မလား။

လင်းဖန်က Bugatti ကော်ပိုရေးရှင်းကို သူ့အတွက် ပြိုင်ကားတစ်စီး သီးသန့်ထုတ်ပေးအောင်တောင် လုပ်နိုင်သည်။

တစ်နည်းအားဖြင့်... သူ ရထားသည့် သတင်းများက မှားယွင်းနေသည်။

လင်းဖန်၏ နှစ်စဥ်ဝင်ငွေက သန်းဆယ်ဂဏန်း မဖြစ်နိုင်ပါ။ သန်း ရာဂဏန်းဖြစ်နေရင်တောင် ဝမ်ကျစ်ဝမ်း မယုံနိုင်သေးပါ။

သန်း ၂၀၀ တန်ပြိုင်ကား တစ်စီးကို ဝယ်နိုင်ဖို့ လင်းဖန်၏ ပိုင်ဆိုင်မှုက အနည်းဆုံး ဘီလီယံ ဆယ်ဂဏန်းလောက် ရှိရမည်။

လင်းဖန်ရဲ့ ပိုင်ဆိုင်မှုက ဝမ်ကော်ပိုရေးရှင်းထက်တောင် များနိုင်ပါသေးသည်။

ဝမ်ကျစ်ဝမ်း သဘောပေါက်သွားပြီး လင်းဖန်အကြောင်း သေချာ သွားစုံစမ်းလိုက်၏။

ထိုအခါမှ Bugatti Veyron Ettore Bugatti က လင်းဖန်ရဲ့ ကားတွေထဲက တစ်စီးသာ ဖြစ်နေသေးတာကို သိလိုက်ရပါသည်။

ဒီပြိုင်ကားကြီးအပြင် လင်းဖန်မှာ သန်းရာဂဏန်း တန်ဖိုးရှိသည့် Bugatti La Voiture Noire နဲ့ Koenigsegg One တို့ကိုလည်း ပိုင်ဆိုင်ထားသည်။

ပြိုင်ကားနှစ်စီးစလုံးက သန်းရာဂဏန်းတန်ဖိုးရှိပါသည်။

ထို့ကြောင့် ဝမ်ကျစ်ဝမ်း၏ ခန့်မှန်းမှုက ပိုပြီး ခိုင်လုံသွားသည်။

ထို့ကြောင့်လည်း ယွဲ့ဟွာဖျော်ဖြေရေးမှ လူတွေက သူ့ပြိုင်ကားကို မြင်တုန်းက ဘာမှ မတုန့်ပြန်ခဲ့ကြတာ ဖြစ်နိုင်သည်။

ဖြစ်ချင်တော့ လင်းဖန်က နေ့တိုင်း သူ့ပြိုင်ကားထက် ၁၀ ပိုစျေးကြီးသည့် ကားကို နေ့စဥ် မောင်းနေခဲ့သူ ဖြစ်၏။

ဝမ်ကျစ်ဝမ်း နားလည်သွားခဲ့ပါသည်။

လင်းဖန်ကမှ တကယ့် ချမ်းသာသူ ဖြစ်သည်။

လခွမ်းထဲမှ။ သူ့လက်အောက်ငယ်သားက သူ့ကို ချောက်ချခဲ့သည်။

ဝမ်ကျစ်ဝမ်း လင်းဖန်ကို တိုက်ခိုက်မိတော့မလိုတောင် ဖြစ်သွား၏။

သူတို့ လင်းဖန်ကိုသာ စော်ကားမိပါက အကျိုးဆက်က ဘာတွေဖြစ်လာနိုင်မလဲ။

လင်းဖန်မှာ အနည်းဆုံး ဘီလီယံ ဆယ်နဲ့ချီပြီး ပိုင်ဆိုင်မှုရှိပါသည်။

လင်းဖန်မှာသာ ပိုင်ဆိုင်မှု ဘီလီယံ ရာဂဏန်းရှိပါက သူ့နောက်ခံမှာ ဝမ်ကော်ပိုရေးရှင်း တစ်ခုလုံးထက်တောင် ပိုပြီး ကြောက်ဖို့ကောင်းသွားနိုင်ပါသည်။

All Chapters