လင်းဖန်ကို အဖေတွေ့ရင်တောင် ဘော့စ်လင်းလို့ ခေါ်ရမယ်
Vol. 17 Ch. 244
"အဖေ လင်းဖန်ရဲ့ သရုပ်မှန်နဲ့ နောက်ကြောင်းရာဇဝင်က ဘယ်လိုရှိလဲ။ ကျွန်တော့်ကို ကူစုံစမ်းပေးပါလား" ဝမ်ကျစ်ဝမ်းက သူ့အဖေကို ဖုန်းဆက်လိုက်သည်။
လင်းဖန် ဒီလို ကားကောင်းကြီး မောင်းနေတာကို မြင်ရသဖြင့် ဝမ်ကျစ်ဝမ်း မှင်သက်သွားခဲ့ရပါသည်။
သူ့မိသားစုမှာ ပိုင်ဆိုင်မှု ဘီလီယံဆယ်ချီပြီးရှိသည်။ Ferrari ပြိုင်ကားတစ်စီးကို မောင်းလာတာနဲ့ သူ အလွန်ချမ်းသာမှန်း ကြွားဖို့ လုံလောက်ပါသည်။
သို့သော်လည်း ဒီနေ့တော့ သူ့ထက်ချမ်းသာသည့် လူတစ်ယောက် ပေါ်လာခဲ့သည်။
ဝမ်ကျစ်ဝမ်းတစ်ယောက် လင်းဖန်ကို သွားရှုပ်ဖို့ နည်းလမ်း မရှာခဲ့မိတာ အနည်းငယ် ဝမ်းသာမိပါသည်။
အတန်းပြန်လည်တွေ့ဆုံပွဲမတိုင်ခင် ဝမ်ကျစ်ဝမ်းမှ လင်းဖန်၏ နောက်ကြောင်းရာဇဝင်ကို သိရှိခဲ့ပါပြီ။
ဒီလို သန်းရာကျော်တန်ဖိုးရှိတဲ့ ပြိုင်ကားမျိုးကို ဘယ်လိုလူက မောင်းနိုင်မှာလဲ။
သူမိသားစု ပိုင်ဆိုင်မှုက ဘီလီယံ ဆယ်ချီပြီး သို့မဟုတ် ရာချီပြီးတောင် ရှိနိုင်ပါသည်။
ဝမ်ကော်ပိုရေးရှင်းတောင် သူ့ကိုမြင်ပါက လင်းဖန်ကို ဘော့စ်လင်းဟု ခေါ်ဆိုရမည်။
"လင်းဖန် ဟုတ်လား" ဝမ်ကျစ်ဝမ်းဟု အဖေက မေးလိုက်၏။
"ဟုတ်ကဲ့" ဝမ်ကျစ်ဝမ်းက ခေါင်းငြိမ့်လိုက်ပါသည်။
"ငါအရင်စုံစမ်းကြည့်လိုက်ဦးမယ်။ နောက်မှ ပြန်ဆက်မယ်။ ခဏနေဦး" ဝမ်ကျစ်ဝမ်း၏ အဖေက ပြောလိုက်သည်။
နာရီဝက်ခန့်ကြာသောအခါ ကားထဲတွင် ဝမ်ကျစ်ဝမ်းတစ်ယောက် သူ့အဖေထံမှ ဖုန်းလက်ခံရရှိခဲ့ပါသည်။
"ငါသိသွားပြီ။ စူပါစတား တစ်ယောက်ဖြစ်တဲ့အပြင် လင်းဖန်၏ ဒါရိုက်တာကော ဇာတ်ညွှန်းရေးဆရာကော လုပ်သေးတယ်။"
"ပြီးတော့ လင်းဖန်က လှိုင်းပြာပင်လယ်အော် အိမ်ရာမှာ နှလုံးသားရေကန်ဗီလာကြီးကို ပိုင်တယ်။ အဲ့ဒါက သန်း ၂၀၀ ကျော်တောင်တန်တာကွ။ ပြီးတော့ လင်းဖန်က ဘီဂိုးနီးယားဥယျာဥ်မှာလည်း ကျောင်းနယ်မြေ အိမ် ၂ လုံးကို ပိုင်ထားသေးတယ်။ အဲ့တာတွေရဲ့ တန်ဖိုးက အနည်းဆုံး သန်း ၄၀ ရှိမယ်လို့ ခန့်မှန်းရတယ်။ လင်းဖန်က ကြယ်ဥယျာဥ် ဘလော့ A1 ရဲ့ ပိုင်ရှင်လည်း ဖြစ်တယ်။ အဲ့မှာ ကျောင်းနယ်မြေအိမ် အလုံး ၂၀၀ လောက် ပိုင်တယ်။ အနည်းဆုံး ၁.၆ ဘီလီယံလောက် တန်မယ်လို့ ထင်တာပဲ။”
"အဲ့ဒီအပြင် လင်းဖန်က ခေတ်သစ်လီရှန်းဟိုတယ်ရဲ့ ဒုတိယအများဆုံး ရှယ်ယာဝင်လည်း ဟုတ်တယ်။ တစ်ချိန်တည်းမှာပဲ နည်းပညာ အဆောက်အဦးရဲ့ အထပ် ၇ ထပ်ကိုလည်း ပိုင်ဆိုင်ထားသေးတယ်။ လင်းဖန်က ယွမ်ဟန်း နည်းပညာရဲ့ ဘော့စ် ယွမ်ချမ့်နဲ့ ရင်းနှီးတယ်။"
"တခြား သရုပ်နဲ့ နောက်ကြောင်းရာဇဝင်တွေတော့ လောလောဆယ် ငါလည်း စုံစမ်းလို့ မရသေးဘူး။ ဒါပေမယ့် လင်းဖန်ရဲ့ Bugatti Veyron Ettore Bugatti ကားကြီးကို Bugatti ကော်ပိုရေးရှင်းက သူ့အတွက် သီးသန့် ပြင်ဆင်ပေးထားတာကိုတော့ ငါသိတယ်။"
"ပြီးတော့ လင်းဖန်က LV နဲ့ Chanel တို့ရဲ့ အထက်လူကြီးတွေနဲ့ အရမ်းရင်းနှီးတဲ့ပုံပဲ။ ရှားဝမ်ချွေ့ကိုလည်း တရုတ်နိုင်ငံမှာရှိတဲ့ အဲ့ဒီကုမ္ပဏီ ၂ ခုရဲ့ အန်ဒိုဆာဖြစ်လာအောင် လင်းဖန် ကူညီပေးခဲ့သေးတယ်" ဝမ်ကျစ်ဝမ်း၏ အဖေက လေးနက်စွာဖြင့် ပြောလိုက်ပါသည်။
သူ့အဖေ၏ ဖုန်းထဲက စကားသံကိုကြားပြီး ဝမ်ကျစ်ဝမ်းတစ်ယောက် ပါးစပ်အဟောင်းသား ဖြစ်သွားရပါသည်။
ဘုရား ဘုရား....
အဲ့တာကြောင့်လည်း လင်းဖန်က သန်း ၂၀၀ ကျော်တန်တဲ့ ပြိုင်ကားကြီးကို မောင်းနိုင်တာကိုး။
လင်းဖန်က ယွမ် သန်း ၂၀၀ ကျော်တန် ဗီလာကြီးတစ်လုံးမှာနေပြီး သန်းရာကျော်တန်သည့် ပြိုင်ကားတွေကို မောင်းသည်။ ကျောင်းနယ်မြေမှာ အိမ်တွေကို ရာနဲ့ချီပြီးတောင် ပိုင်ဆိုင်ထားသေးသည်။ နိုင်ငံတော်ထဲက ကုမ္ပဏီများစွာ၏ အဓိက ရှယ်ယာဝင်တစ်ယောက်လည်း ဖြစ်ပါသည်။ ဒါက လင်းဖန်၏ အပေါ်ယံသရုပ်သာ ရှိသေးသည်။
သူဌေးလင်းဖန်က အပေါ်ပိုင်းမှာသာ နာမည်ကျော်ကြယ်ပွင့် တစ်ပွင့် ဖြစ်သည်။
လင်းဖန်မှာ ဒီလောက် အံ့သြဖို့ကောင်းသည့် လျှို့ဝှက်ချက်များ ရှိနေတာကိုတော့ ဘယ်သူမှ သိမည် မထင်ပါ။
"အဖေ၊ လင်းဖန်က Bugatti ကော်ပိုရေးရှင်း ဒါမှမဟုတ် LV နဲ့ Chanel တို့ရဲ့ အဓိက ရှယ်ယာဝင် ဖြစ်တယ်လို့ကော ထင်လား" ဝမ်ကျစ်ဝမ်းက တံတွေးမျိုချပြီး မေးလိုက်သည်။
"မဖြစ်နိုင်ပါဘူး။ သူသာ အဲ့ဒီ တန်ဖိုးကြီး ကုမ္ပဏီတွေရဲ့ အဓိက ရှယ်ယာဝင်တစ်ယောက်သာဆို လင်းဖန်က အရမ်းတော်လွန်းသွားပြီ။"
"လင်းဖန် ဘယ်လောက်တော်လဲ မပြောနဲ့။ ငါမင်းကို ပြောထားမယ်။ လင်းဖန်ကို သွားမစော်ကားနဲ့နော်။ လင်းဖန်ကို ငါတွေ့ရင်တောင် သူ့ကို တလေးတစားနဲ့ ဘော့စ်လင်းလို့ ခေါ်ရမှာ" ဝမ်ကျစ်ဝမ်း၏ အဖေက ပြောလိုက်သည်။
ဝမ်ကျစ်ဝမ်းက ခေါင်းငြိမ့်လိုက်သည်။ "အဖေ စိတ်မပူပါနဲ့ဗျာ။ ကျွန်တော် နားလည်ပါတယ်။"
ဖုန်းချပြီးနောက် ဝမ်ကျစ်ဝမ်းက သူ့ Ferrari ကားကိုကြည့်ကာ လင်းဖန်၏ အနိုင်ယူခြင်းကို လုံးဝ ခံလိုက်ရပြီဟု ချက်ချင်း ခံစားလိုက်ရပါသည်။
သူတို့ နှစ်ယောက်စလုံးက အသက် ၂၀ ဝန်းကျင်သာရှိသေးသည်။ သို့သော်လည်း ဝမ်ကော်ပိုရေးရှင်း၏ စီအီးအိုဖြစ်လာနိုင်တာတောင် အတော်လေး အံ့သြဖို့ကောင်းနေပါပြီ။
သို့သော် လင်းဖန်နဲ့ ယှဥ်ရင်တော့ နှိုင်းယှဥ်စရာတောင် မရှိတော့ပါ။
လင်းဖန်၏ နောက်ကြောင်းရာဇဝင်ကြေင့် ဝမ်ကျစ်ဝမ်း တုန်လှုပ်သွားခဲ့လေပြီ။
လင်းဖန်၏ လျှို့ဝှက် နောက်ကြောင်းရာဇဝင်ကို သူ တကယ်တမ်း ထုတ်ပြောလိုက်ပါက သာမန်လူတွေ ခံနိုင်ရည်ရှိမှာ မဟုတ်လောက်ပါ။
ကြယ်ဥယျာဥ်တွင် ကျောင်းနယ်မြေအိမ် ရာနဲ့ချီပြီး ပိုင်ဆိုင်ထားသဖြင့် လင်းဖန်က အိမ်ရာမြေလုပ်ငန်းမှာလည်း အတွေ့အကြုံ အများကြီး ရှိသည့်သဘောပင်။
ကုမ္ပဏီများစွာ၏ အဓိက ရှယ်ယာဝင်ဖြစ်သဖြစ်သဖြင့် အဆက်အသွယ်လည်း အမြောက်အများရှိသည့် သဘောပင်။
လင်းဖန်က ကျောင်းနယ်မြေအိမ်များမှ အိမ်ငှားခ ကောက်ခံနိုင်ရုံသာမကဘဲ နည်းပညာ အဆောက်အဦးတွင်လည်း ပိုင်ဆိုင်မှုများ ရှိပါသေးသည်။
နည်းပညာအဆောက်အဦးက ရှန်ဟိုင်းအစိုးရ ကိုယ်တိုင် တည်ဆောက်ဖို့ ဆုံးဖြတ်ခဲ့သည့် အဆောက်အဦးတစ်ခု ဖြစ်ပါသည်။
ဘယ်သူက ဒီနည်းပညာ အဆောက်အဦး၏ ပိုင်ဆိုင်မှုကို ရနိုင်မှာလဲ။
နည်းပညာအဆောက်အဦး၏ ပိုင်ဆိုင်မှုကို ရရှိဖို့က ငွေတစ်ခုတည်းနဲ့ လုပ်နိုင်သည့် အရာမျိုး မဟုတ်ပေ။
လင်းဖန်က အနုပညာလောကထဲကိုလည်း ဝင်လာပြီး အလွန်ကောင်းမွန်သည့် ရလဒ်များ ရရှိနေပါသေးသည်။
ဖျော်ဖြေရေး ကုမ္ပဏီများစွာက လင်းဖန်ကို ခေါ်ယူချင်ကြသည်။
လင်းဖန်၏ လက်ရှိလုပ်ငန်းခရီးလမ်းကြောင်းက အထွတ်အထိပ်ကို ရောက်ရှိနေပါပြီ။
ဝမ်ကျစ်ဝမ်း ချက်ချင်းပဲ အရေးကြီးသည့် ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ပါသည်။
ဒီအတန်းပြန်လည်တွေ့ဆုံပွဲက သာမန် အတန်းပြန်လည်တွေ့ဆုံပွဲတစ်ခုသာ။
သူ ရှားဝမ်ချွေ့အပေါ် ဘာအကြံမှ မထုတ်ရဲတော့ပါ။
ရှားဝမ်ချွေ့ကို သူအလွန်သဘောကျဆဲဖြစ်သော်လည်း ဘယ်လိုပဲယှဥ်ပြိုင်ပါစေ လင်းဖန်ကိုတော့ သူ မယှဥ်နိုင်ပေ။
နေ့လည် ၃ နာရီအချိန်...
မင်းဆက်သစ် ကြယ်ငါးပွင့် ဟိုတယ်တွင် ရှားဝမ်ချွေ့၏ တက္ကသိုလ်အတန်းဖော်များစွာ ရောက်ရှိနေကြပြီဖြစ်သည်။
ရောက်လာသည့် လူအများစုက မိန်းကလေးများဖြစ်ကြပြီး ၁၅ ယောက်ခန့်ရှိသည်။
ကျောင်းမင်နဲ့ လီလုံတို့အပါအဝင် ယောက်ျားလေး ၄ - ၅ ယောက်သာလာပါသည်။
"နေ့လည် ၃ နာရီတောင် ကျော်နေပြီ။ လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ မရောက်သေးဘူးလား" ကျောင်းမင်က မေးလိုက်၏။
"မရောက်သေးဘူး။ လင်းဖန်က ကြယ်ပွင့်ကြီးဖြစ်နေပြီပဲကို နောက်ကျတာ ပုံမှန်ပါပဲ" လီလုံက ရယ်မောလိုက်သည်။
ကျောင်းမင်နဲ့ လီလုံတို့ကို ကောင်မလေးများ မြင်သွားကြတော့ နွေးနွေးထွေးထွေး လာနှုတ်ဆက်ပါသည်။
"ကျောင်းမင်၊ လီလုံ နင်တို့တွေ တော်တော် အဆင်ပြေနေကြတယ်ပေါ့။ နှစ်ယောက်စလုံး ဘရန်းဒက် အဝတ်အစားတွေ ဘာတွေ ဝတ်ထားလို့ပါလား" ချန်းကျင်းဟု ခေါ်သည့် မိန်းကလေးတစ်ယောက်က ပြောလိုက်ပါသည်။
"ဟဲ့ အပိုတွေ ပြောမနေစမ်းပါနဲ့။ ငါတို့အတန်းထဲက ဘယ်သူက အခုချိန် အဆင်မပြေတာရှိလို့လဲ။ နင်တို့ မိန်းကလေးတွေလည်း ပိုပိုလှလာတယ်" ကျောင်းမင်က ပြုံးကာ ပြောလိုက်ပါသည်။
"ဟုတ်တယ်။ ငါက ဘီလီယံတန်တဲ့ ကုမ္ပဏီတစ်ခုကိုပဲ တည်ထောင်ထားတာပါ။ ပုံမှန်ပါပဲ။ အစ်ကိုဝမ်နဲ့ ယှဥ်ရင် ချက်ချင်းရှုံးသွားလိမ့်မယ်။” လီလုံက ပြောလိုက်သည်။ သူ့ Rolex နာရီကို ကြည့်လိုက်ပြီး မျက်နှာကလည်း နှိမ့်ချမှုများဖြင့် ပြည့်နေပါသည်။
အခုခေတ် အတန်းပြန်လည်တွေ့ဆုံပွဲတွေမှာ ဘယ်သူမှ တမင်သက်သက် မကြွားဝါကြတော့ပါ။
အလွန် ထင်ပေါ်ချင်ရာ ကျလွန်းပြီး အရူးတစ်ယောက်လို အလွယ်လေး အထင်ခံရနိုင်သည်။
လီလုံကတော့ မတူပေ။ တမင်သက်သက် ဆင်းရဲချင်ယောင်ဆောင်ပြီး သူ တကယ်ဆင်းရဲမှန်း ပြသဖို့အတွက် ဝမ်ကျစ်ဝမ်းကိုတောင် ဒိုင်းအဖြစ် အသုံးပြုခဲ့ပါသေးသည်။
သို့သော်လည်း စကားပြောရာမှာတော့ ဘီလီယံချီကာ ပိုင်ဆိုင်ထားပြီး သူ့နာရီက Rolex ဖြစ်မှန်းတောင် ထုတ်ကြွားလိုက်ပါသည်။
"ဝိုး Rolex ကြီးပါလား။ ပြီးနော့ နင့်ပိုင်ဆိုင်မှုက ဘီလီယံချီပြီးရှိတယ် ဟုတ်လား။ လီလုံ နင်က အရမ်းတော်တာပဲ" ချန်းကျင်းက ပြောလိုက်ပါသည်။
"ငါ့ကောင်လေး ရှုယောင်ထျင်ကတောင် တစ်နှစ်ကို ယွမ် သိန်းဂဏန်းလောက်ပဲ ဝင်တာ။ ငိုတောင် ငိုချင်သွားပြီ" ချန်းကျင်းက သက်ပြင်းချလိုက်ပါသည်။ တခြားသူတွေရဲ့ ကောင်လေးကို ကြည့်ပြီး သူမကောင်လေး ရှုယောင်ထျင်ကို ပြန်ကြည့်လိုက်၏။ သူမ သူ့ကို ကြည့်တောင် မကြည့်ချင်တော့ပါ။
"လီလုံ နင်က အခု ရှားဝမ်ချွေ့ထက်တောင် ပိုအဆင်ပြေနေတာပဲ။ ရှားဝမ်ချွေ့က ကြယ်ပွင့်တစ်ယောက်ဖြစ်ပြီး အလုပ်တွေအများကြီး ရှိပေမယ့် နင့်လို ဘော့စ်ကြီး တစ်ယောက်လောက်တော့ ငွေများများ ဘယ်ဝင်မှာလဲ" ချန်းကျင်းက ပြောလိုက်သည်။
ကျောင်းသားများစွာ စုဝေးပြီး စကားပြောမိကြသည်။
ကောင်မလေးတစ်ယောက်က ပြောလိုက်သည်။ "လင်းဖန်ကော အခုဘယ်လိုနေလဲမသိဘူး။ လင်းဖန်က ကြယ်ပွင့်ဖြစ်လာတာ ၃ လလောက်ပဲရှိသေးတယ်ထင်တယ်။ အနုပညာရှင်တစ်ယောက် လုပ်ရတာ အရမ်းခက်ခဲတယ်။ ယွဲ့ဟွာဖျော်ဖြေရေးက သူ့ကို အနိုင်တောင် ကျင့်နေမလားမသိဘူး။ သူတို့ အနိုင်ကျင့်ရင် လီလုံ နင်ကူညီပေးရမယ်နော်။"
ထိုစကားကို ကြားသောအခါ လီလုံ သူ့ရင်ဘတ် သူ ပုတ်လိုက်ပြီး ပြုံးပြလိုက်ပါသည်။
လင်းဖန်က ရှားဝမ်ချွေ့၏ ကောင်လေး တကယ်ဖြစ်နေပါပြီ။
တချို့လူတွေရဲ့ မျက်လုံးထဲမှာတော့ နာမည်ကျော်တွေက သူ့လို ဘော့စ်တစ်ယောက်ကို ဘယ်လိုလုပ်ပြီး ယှဥ်နိုင်ပါမည်နည်း။
လင်းဖန်သာ တကယ်တမ်း အခက်အခဲတစ်ခုခု ကြုံလာပါက သူ ထုတ်ကြွားဖို့ အချိန်ကျပါပြီ။
လင်းဖန်က အခုဘယ်လောက်ပဲ တော်နေပါစေ။ သူ့ကိုတော့ မယှဥ်နိုင်သေးပါ။
ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့လို ကောင်မလေးများက လင်းဖန်နဲ့ ရင်းနှီးနေတာတော့ နှမြောဖို့ ကောင်းပါသည်။
ဒီလို ကောင်မလေးများနဲ့ ထိုက်တန်သည့် လူများက သူ့ ဝမ်ကျစ်ဝမ်းတို့လို အောင်မြင်သည့် လူများဖြစ်သည်။
လီလုံ ဂုဏ်ယူနေတာလည်း ဒါပဲဖြစ်၏။
လင်းဖန်ဘေးမှာ ဒီလို လှပသည့် ကောင်မလေးမျိုးရှိနေသဖြင့် ဘယ်သူမဆို အားကျလောက်ပါသည်။
ယခင်တုန်းက သူတို့ မရှိခဲ့တာကြောင့် လင်းဖန်က ကောက်ယူနိုင်ခဲ့ခြင်း ဖြစ်ပါသည်။
အခုတော့ သူတို့ ပြန်ရောက်လာပါပြီ...။
သူတို့လင်းဖန်နဲ့ တိုက်ခိုက်နိုင်ပြီ။
ဒီအတန်းပြန်လည်တွေ့ဆုံပွဲတွင် လီလုံက ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့ကို ထူးချွန်တဲ့ ယောက်ျားတစ်ယောက်ဆိုတာ ဘယ်လိုမျိုးလဲ မြင်စေချင်ရုံသာ ဖြစ်ပါသည်။